← Chapters

သတ်ဖြတ်ခြင်း

Vol. 30 Ch. 401

သတ်ဖြတ်ခြင်း

Vol. 30 Ch. 401

" အဖေ  ... ကျွန်တော်တို့ ဘယ်လို လုပ်ကြမလဲ။ မဟူရာတောင် နတ်ဆိုးအဘိုးအိုက သည်ကောင်လေးကို မယှဉ်နိုင်ဘူး "

ကျန်းကလန်ရဲ့ လက်ရှိခေါင်းဆောင်ဖြစ်တဲ့ ကျန်းယွန်းက သူ့ရဲ့ ဖခင်ဖြစ်သူ ကျန်းခွန်းကို ကြည့်ပြီး အကြံဉာဏ် တောင်းလိုက်ပါတယ်။

ကျန်းခွန်းကလည်း ကြံရာမရတဲ့ပုံပါပဲ။ သူက သက်ပြင်းတစ်ချက် ချလိုက်ပြီး

"  မဟူရာတောင် နတ်ဆိုးအဘိုးအိုက  မဟူရာတောင်ရဲ့ မဟာ နတ်ဆိုးတွေထဲက တစ်ယောက်ပဲ။ သူ့မှာလည်း ဝှက်ဖဲတွေ ရှိဦးမှာပါကွာ။ အရင်ဆုံး အခြေအနေကို စောင့်ကြည့်ကြတာပေါ့ "

သည်တစ်ကြိမ်မှာတော့ ကျန်းကလန်ဟာ  အတိအလင်း လျိုကလန်ကို ဖိနှိပ်ဖို့ ကြိုးစားခဲ့တာပါ။ တကယ်လို့သာ မဟူရာတောင် နတ်ဆိုးအဘိုးအို ရှုံးသွားလို့ကတော့ ကျန်းကလန်ဟာ  ရေစီးကြောင်းမြို့ထဲမှာ နေရာမရတော့မှာ  အသေအချာပါပဲ။ သူတို့နှစ်ယောက်လုံးတောင်မှ  သည်နေရာကနေ အသက်ရှင်လျက် ထွက်ခွာခွင့် ရမလားဆိုတာ မသိနိုင်တော့ပါဘူး။

ရွှမ်း ... ရွှမ်း ... ရွှမ်း ... ရွှမ်း ...

မဟူရာတောင် နတ်ဆိုးအဘိုးအိုရဲ့ခန္ဓာကိုယ် တစ်ခုလုံးမှာတော့ ဓားဒဏ်ရာ ဗရပွ ဖြစ်ပေါ်နေခဲ့ပါပြီ။ သူက လီဖူချန်းရဲ့ ခရမ်းရောင် ဓားအလင်းတန်းတွေကို  ခုခံနိုင်စွမ်း မရှိခဲ့ပါဘူး။ ပြီးတော့ သူ့ရဲ့ ခန္ဓာကိုယ် တစ်ခုလုံးဟာလည်း အရှင်လတ်လတ် မိုးကြိုး ပစ်ခံထားရသလို မည်းတူးချိတ်နေပါတယ်။

ကံကောင်းတာ တစ်ခုကတော့ သူဟာ ဒဏ်ရာကြီးကြီးမားမား မရခဲ့တာပါပဲ။ လီဖူချန်းရဲ့ ဓားအလင်းတန်း တွေဟာ သူ့ကို အပေါ်ယံ ဒဏ်ရာတွေသာ ပေးစွမ်းနိုင်ခဲ့တာပါ။

ဒါကတော့ မဟူရာတောင် နတ်ဆိုးအဘိုးအိုရဲ့ ဝှက်ဖဲကြောင့်ဆိုရင်လည်း မမှားပါဘူး။

" မူလအတိုင်း ပြန်ဖြစ်စမ်း "

ကျယ်လောင်စွာ အော်ဟစ်လိုက်ပြီးတဲ့ နောက်မှာတော့ မဟူရာနတ်ဆိုး အဘိုးအိုရဲ့ ခန္ခာကိုယ်ပေါ်က ဓားဒဏ်ရာတွေဟာ လျင်မြန်စွာ ပြန်ကောင်းလာခဲ့ပါပြီ။ မည်းတူးချိတ်နေတဲ့ သူ့ရဲ့ ခန္ဓာကိုယ်ဟာလည်း နဂိုအတိုင်း ပြန်ဖြစ်လာခဲ့ပါတယ်။

အစောပိုင်းတုန်းက သည်မဟူရာတောင် နတ်ဆိုးအိုဟာ  ဒဏ်ရာ ရခဲ့ပါတယ်လို့ ကျိန်ပြောရင်တောင် ဘယ်သူမှ ယုံမှာ မဟုတ်ပါဘူး။

" ဒါ ...  ဒါက  ...   "

အကာအကွယ် အစီအရင်ထဲမှာ ရှိနေတဲ့ လျိုကျန်းကတော့ ပါးစပ်အဟောင်းသား ဖြစ်နေခဲ့ပါပြီ။

ရောင်စဉ်ခုနစ်ဖြာ တိုက်ကြီးမှာဆိုရင် ဒဏ်ရာတွေကို ချက်ချင်းပျောက်ကင်းစေတဲ့ ကျင့်စဉ်တွေ အများကြီး ရှိပါတယ်။ ဒါပေမဲ့လည်း မဟူရာတောင် နတ်ဆိုးအဘိုးအိုလို အဆင့်မျိုးနဲ့ သည်လို ကျင့်စဉ်မျိုးကို ပိုင်ဆိုင်ထားနိုင်စရာ အကြောင်းမရှိပါဘူး။

တကယ်လို့ မဟူရာတောင် နတ်ဆိုးအဘိုးအိုဟာ သစ်သားစိမ်း အရိုးတည်ဆောက်ပုံကို ပိုင်ဆိုင်ထားတယ် ဆိုရင်တောင်မှ  သစ်သားစိမ်း စွမ်းအားကို အသက်သွင်းရဦးမှာပါ။

ဒါမှမဟုတ်  သူ့အနေနဲ့  ဒဏ်ရာ ပြန်လည် ကောင်းမွန်စေတဲ့ ကျင့်စဉ်အမျိုးအစားကို ကျင့်ထားတယ် ဆိုရင်လည်း  ကျင့်စဉ်ကို အသက်သွင်းရဦးမှာပါပဲ။

ဒါပေမဲ့ လျိုကျန်း သိထားသလောက် ဆိုရင်တော့ မဟူရာတောင် နတ်ဆိုးအဘိုးအိုဟာ  သစ်သားစိမ်း အရိုးတည်ဆောက်ပုံကို ပိုင်ဆိုင်ထားခြင်း မရှိသလို  ဒဏ်ရာ ပြန်လည် ကောင်းမွန်စေတဲ့ ကျင့်စဉ် အမျိုးအစားကိုလည်း ကျင့်ကြံထားခြင်း မရှိပါဘူး။

" ဒါက ကုသမှု အမျိုးအစားထဲက လျှို့ဝှက်နည်းစနစ်လား "

လီဖူချန်းကတော့ ဒါဟာ လျှို့ဝှက်နည်းစနစ် ဖြစ်ရမယ်လို့ တွေးထင်နေခဲ့ပါတယ်။

ဘာဖြစ်လို့ သည်လို ထင်နေရလဲဆိုတော့ အရင်တုန်းက သူဟာ  သင်္ချိုင်းဂူတစ်ခုထဲက နေပြီး မူလ အသက်ရင်းမြစ်ဆိုတဲ့ ကြယ်၃ပွင့်အဆင့်  ကုသမှုအမျိုးအစား လျှို့ဝှက်နည်း စနစ်တစ်ခုကို ရခဲ့ဖူးလို့ပါပဲ။ ဒါပေမဲ့လည်း အဲဒါက အသုံးပြုသူရဲ့ အသက်ဓာတ်ကို ကုန်ဆုံးစေတဲ့အတွက် သူ့အနေနဲ့ အဲသည်နည်းစနစ်ကို တစ်ခါမှ အသုံးမပြုခဲ့ပါဘူး။

ကြည့်ရတာတော့ မဟူရာတောင် နတ်ဆိုး အဘိုးအိုရဲ့ လျှို့ဝှင်နည်းစနစ်က  မူလအသက်ရင်းမြစ် ပိုပြီး ကောင်းမယ့်ပုံပါပဲ။ဒါက အနိမ့်ဆုံး ကြယ်၄ပွင့်အဆင့် လျှို့ဝှက်နည်းစနစ် ဖြစ်ရပါမယ်။ လီဖူချန်းအနေနဲ့ သေတော့ မသေချာပါဘူး။ ဒါက ကြယ်၅ပွင့်အဆင့် လျှို့ဝှက်နည်းစနစ်လည်း ဖြစ်ရင် ဖြစ်နေမှာပါ။

" ဟီး ... ဟီး ...  ။ မင်းငါ့ကို  ဒါဇင်နဲ့ချီပြီး ဒဏ်ရာရအောင် လုပ်နိုင်ရင်တောင်မှ  ငါ့ကိုသတ်ဖို့ မဖြစ်နိုင်သေးဘူးကွ "

မယူရာတောင် နတ်ဆိုးအဘိုးအိုက လီဖူချန်းကို လှောင်ပြောင် ရယ်မောနေပါတယ်။

သူ့သုံးလိုက်တဲ့ ပညာရပ်က လီဖူချန်း ထင်ထားတာနဲ့ ကွက်တိပါပဲ။ ဒါက  ကပ်ကမ္ဘာ သွေးဆိုး လည်ပတ်ခြင်း လို့ အမည်ရတဲ့ ကြယ်၅ပွင့်အဆင့် လျှို့ဝှက် နည်းစနစ်တစ်ခုပါ။

သည်နည်းစနစ်မှာလည်း အားနည်းချက် တစ်ခု ရှိပါတယ်။ အဲဒါကတော့ သည်နည်းစနစ်ကို ထုတ်သုံးလိုက်တိုင်းမှာ ချီအပြင်အားတွေ အများကြီး ကုန်ဆုံးသွားတာပါပဲ။

ဒါပေမဲ့လည်း သူက အဆင့်၅ ပြန်လည် ဝင်စားခြင်းနယ်ပယ် ပညာရှင် တစ်ယောက် ဖြစ်နေတဲ့အတွက် သည်ကိစ္စကို သိပ်ပြီး မမှုပါဘူး။ ပြီးတော့ သူက ဆန်းကြယ် အထွတ်အထိပ်အဆင့် ခန္ဓာကိုယ် အပြင်အား ပညာရပ်တစ်ခုကိုလည်း လေ့ကျင့် ထားပါသေးတယ်။  ဒါကြောင့်သူက ချီအပြင်အား ကုန်ဆုံးမှုကို စိုးရိမ်စရာမလိုဘဲ  ကပ်ကမ္ဘာ သွေးဆိုးလည်ပတ်ခြင်း လျှို့ဝှက်နည်းစနစ်ကို ဖောဖောသီသီ အသုံးပြုနိုင်ပါတယ်။

" ဒါဇင်နဲ့ချီပြီး ဟုတ်လား ... ။ သည်တစ်ခါကော ပြန်ကောင်းလာဦးမလား ဆိုတာ ကြည့်ကြ သေးတာပေါ့ "

" နေဝန်းစိမ်းဓားဆန္ဒ ... ။ အကြွင်းမဲ့ ... "

ဝုန်း ...

ဓားအလင်းတန်းကြီး တစ်ခုကတော့ ဖြစ်တည်လာခဲ့ပါပြီ။ သည်ဓားအလင်းတန်းက လျင်မြန်လွန်းလှတဲ့ အတွက် မဟူရာတောင် နတ်ဆိုး အဘိုးအိုဟာ  ခုခံဖို့မပြောနဲ့။ လက်တစ်ချောင်း လှုပ်ချိန်တောင် မရလိုက်ပါဘူး။

ရွှမ်း ... ရွှမ်း ... ရွှမ်း ...

မဟူရာတောင် နတ်ဆိုးအဘိုးအိုရဲ့ အသားစတွေကတော့ ဖွာလန်ကြဲပြီး လေထဲမှာ ပြန့်ကျဲ ကုန်ပါတယ်။

သည်ဓားအလင်းတန်းရဲ့  ဖျက်ဆီး နိုင်စွမ်းကတော့ အတိုင်းထက်အလွန်ပါပဲ။

အား ...  ...

မဟူရာတောင် နတ်ဆိုးအဘိုးအိုက အသံနက်ကြီးနဲ့ အော်ဟစ် လိုက်ရပါတယ်။

လီဖူချန်းရဲ့ သည်ဓားကွက်က ဘာမှန်းကို မသိတော့ပါဘူး။ ဒါက ဓားအလင်းတန်း တစ်ခုလို့ သူထင်မှတ် ထားပေမယ့်လည်း အဲသည် ဓားအလင်းတန်းထဲမှာ နောက်ထပ် ဓားအလင်းတန်း ငယ်လေးတွေ မြောက်များစွာ ပါဝင်နေပါသေးတယ်။

ဓားအလင်းတန်းကြီး ပျောက်ကွယ်သွားတဲ့ အခါမှာတော့  မဟူရာတောင် နတ်ဆိုးအဘိုးအိုရဲ့ ခန္ဓာကိုယ်က လူသားတစ်ယောက်ရဲ့ ခန္ဓာကိုယ်လို့တောင် ပြောရခက်တဲ့ အနေအထားကို ရောက်သွားခဲ့ပါပြီ။ သူ့ရဲ့ ခန္ဓာကိုယ်တစ်ခုလုံးဟာ  သွေးသံ တရဲရဲဖြစ်နေပြီး မီးသွေးတုံးတမျှ မည်းနက် နေခဲ့ပါတယ်။ ပြီးတော့ အသားစတွေဟာလည်း  မရှိတော့သလောက်ပါပဲ။

" ကပ်ကမ္ဘာ သွေးဆိုးလည်ပတ်ခြင်း "

အော်ဟစ်သံကြီး တစ်ခုကို ကြားလိုက်ပြီးတဲ့ နောက်မှာတော့ မဟူရာတောင် နတ်ဆိုးအဘိုးအိုရဲ့ ခန္ဓာကိုယ်ပေါ်မှာ အသားစတွေ ပြန်လည်ဖြစ်တည်လာပြီး  နဂို မူလအတိုင်း ပြန်ဖြစ် သွားခဲ့ပါတယ်။  ဒါပေမဲ့ သည်တစ်ခါမှာတော့  သူဟာ အရင်တစ်ခါလို မရယ်နိုင်တော့ပါဘူး။

သည်တစ်ခါ ကပ်ကမ္ဘာ သွေးဆိုးလည်ပတ်ခြင်းကို အသုံးပြုဖို့ ရင်းနှီးလိုက်ရတဲ့  ချီအပြင်အားတွေဟာ အရင်တစ်ခါကထက် အဆပေါင်းများစွာ ပိုများနေပါတယ်။ သည်လိုသာ ဆက်ဖြစ်နေမယ်ဆိုရင်တော့ သူဟာ မသေပေမယ့်လည်း အတော်ခက်ခဲတဲ့ အခြေအနေတစ်ခုကို ရောက်သွားတော့မှာပါ။

" မင်းကငါ့ကို သည်လိုလုပ်ဖို့ ဖိအားပေးခဲ့တာပဲ။ ငါ့ကို အပြစ်မတင်နဲ့တော့ "

မဟူရာတောင် နတ်ဆိုးအဘိုးအိုက သူ့ရဲ့ သိုလှောင်အိတ်ထဲက လက်သီးဆုပ်အရွယ် သတ္တုလုံးတစ်ခု ထုတ်ယူကာ ချီအတွင်းအားတွေ ထည့်သွင်းလိုက်ပြီး လီဖူချန်းကို ပစ်ပေါက် လိုက်ပါတယ်။

"မကောင်းတော့ဘူး "

လီဖူချန်းက  သတ္တုလုံးထဲမှာ ခိုဝင်ကိန်းအောင်းနေတဲ့ ဖျက်ဆီးနိုင်စွမ်းကို ခံစားလိုက်မိပါတယ်။ တကယ်လို့ သည်သတ္တုလုံးသာ ပေါက်ကွဲသွားခဲ့မယ် ဆိုရင် ပြန်လည် ဝင်စားခြင်းနယ်ပယ် ပညာရှင် အုပ်လိုက်ကြီးတောင် ခံနိုင်မှာ မဟုတ်ပါဘူး။ အကုန်လုံး တစ်စစီဖြစ်ပြီး သေကုန်မှာ အသေအချာပါပဲ။

လီဖူချန်းက သူ့ရဲ့ အသိစိတ်အာရုံကို ဖြန့်ကြက်လိုက်တဲ့အခါမှာတော့ လျိုယန်နဲ့ ယူနီကွန်း မြင်းနှစ်ကောင်ဟာ လျိုကလန်ရဲ့ အကာအကွယ် အစီအရင်ထဲကို ရောက်သွားပြီ ဆိုတာကို သတိပြုမိ လိုက်ပါတယ်။

" သွားစမ်း "

သူ့အတွက် နောက်ဆံတင်းစရာ မရှိတော့တဲ့ နောက်မှာတော့ လီဖူချန်းဟာ သတ္တုစက်လုံးကို ဓားနဲ့ ခုတ်ပိုင်း ပစ်လိုက်ပါတယ်။

ဝုန်း ...

ပေါက်ကွဲသံကြီးနဲ့အတူ မျက်စိကျိန်းလောက်အောင် တောက်ပလှတဲ့ အလင်းတန်းတွေဟာ ထွက်ပေါ် လာခဲ့ပါပြီ။  အဲသည် အလင်းတန်းတွေကတော့ သတ္တုလုံးထဲကနေ ထွက်ပေါ်လာခဲ့တာပါ။

သည်အလင်းတန်းတွေက ကြောက်စရာ ကောင်းလှတဲ့ ဖျက်ဆီး နိုင်စွမ်းတွေကို ကိုယ်စား ပြုနေပါတယ်။

" အား "

လီဖူချန်းကလည်း သည်အလင်းတန်းတွေကို တောင့်မခံနိုင်ခဲ့ပါဘူး။ သူက အနောက်ကို အရှိန်အဟုန် ပြင်းစွာနဲ့ လွင့်ထွက် သွားခဲ့ပါပြီ။

ဒါပေမဲ့လည်း အလင်းတန်းတွေက လီဖူချန်းကို လုံးဝအလွတ်မပေးပါဘူး။ သည်အလင်းတန်းတွေက လီဖူချန်းကို တစ်စစီ ဖျက်ဆီးပစ်နိုင်မှ ရပ်တန့်မယ့် ပုံပါပဲ။

" ဒါ ... ဒါက  ဥက္ကာပျံဗုံးပဲ။ ပြန်လည်ဝင်စားခြင်းနယ်ပယ် အဆင့်မြင့်ပိုင်းက ပညာရှင်တွေတောင်မှ  သည်ဗုံးရဲ့ စက်ကွင်းကနေ လွတ်အောင် မပြေးနိုင်ဘဲ သေသွားကြတာ။ သည်ကလေးကတော့ သေချာပေါက် သေပြီဟေ့  "

ကျန်းယွန်းက  ဝမ်းသာအားရစွာနဲ့ ကြွေးကြော် လိုက်ပါတယ်။

ဥက္ကာပျံ ဗုံးဆိုတာက အင်မတန် ပေါက်ကွဲအားကောင်းတဲ့ လက်နက်ပုန်း တစ်ခုပါ။  သည်ဗုံးရဲ့ တန်ဖိုးကလည်း မနည်းလှပါဘူး။ ဥက္ကာပျံ ဗုံးတစ်လုံးဟာ အနည်းဆုံး အဆင့်နိမ့် ဝိညာဉ်ကျောက်တုံး ၁၀၀၀၀ ပေးရပါတယ်။

ကျန်းယွန်းက မဟူရာတောင် နတ်ဆိုး အဘိုးအိုဆီမှာ သည်လိုဗုံးတစ်လုံး ရှိမယ်လို့ လုံးဝကို မမျှော်လင့် ထားခဲ့ပါဘူး။ ကြည့်ရတာတော့ ကံကြမ္မာက ကျန်းကလန်ဘက်မှာ ရှိနေပုံပါပဲ။

" အရမ်းပျော်မနေနဲ့။ ငါတို့က မဟူရာတောင် နတ်ဆိုးအဘိုးအိုကို ကတိပေးထားတာထက် နှစ်ဆ ပေးရတော့မှာ "

ကျန်းခွန်းကတော့ ခေါင်းကိုက်နေပါပြီ။ သူက ဘာဖြစ်လို့ လျိုကလန်ကို ပေါ်ပေါ်တင်တင် တိုက်ခိုက်ဖို့ သဘောတူလိုက် မိပါလိမ့်ဆိုပြီး  တွေးနေမိပါတယ်။

ကျန်းခွန်းရဲ့ စကားကို ကြားအပြီးမှာတော့ ကျန်းယွန်းရဲ့ အပျော်ကြီး ပျော်နေတဲ့ မျက်နှာဟာ  မျောက်အိုကြီး တစ်ကောင်လို ငိုင်ကျသွားခဲ့ပါပြီ။ သူတို့ကျန်းကလန်က မဟူရာတောင် နတ်ဆိုးအဘိုးအို  မိုးလောက်ကြီးမားတဲ့ တံစိုးလက်ဆောင်တွေ ပေးမယ်ဆိုပြီး ကမ်းလှမ်းခဲ့ရတာပါ။ တကယ်လို့သာ အဲသည် ပမာဏက နှစ်ဆ ဖြစ်သွားမယ်ဆိုရင် ကျန်းကလန်ကတော့ ရေတိမ်နစ်ပါပြီ။ ကျန်းကလန်ရဲ့ အိမ်တိုင်တွေ ချွတ်ရောင်းပြီး ပေးရင်တောင်မှ မဟူရာတောင် နတ်ဆိုးအဘိုးအိုကို ပေးရမယ့် ပမဏက ပြည့်ဦးမှာ မဟုတ်ပါဘူး။

ဥက္ကာပျံဗုံးရဲ့ ပေါက်ကွဲအားကတော့ တကယ့်ကို အံ့မခန်းပါပဲ။ ဥက္ကာပျံဗုံးရဲ့ ပေါက်ကွဲမှုကို ကိုယ်တိုင်ကိုယ်ကျ ကြုံတွေ့နေရတဲ့ လီဖူချန်းကတော့ ဘယ်လိုနေမယ် မသိပါဘူး။ အဲသည်ဗုံးရဲ့ ပေါက်ကွဲမှုက အကာအကွယ်အစီအရင်ထဲမှာ ရှိနေတဲ့ လျိူကလန်ကိုတောင်မှ သိမ့်သိမ့်တုန်သွားစေခဲ့ပါပြီ။

လျိုယန်ရဲ့ မျက်နှာကတော့ ဇီးရွက်သာသာမျှသာ ကျန်နေပါတော့တယ်။ သူက လီဖူချန်းဆီကို သွားပြီး  ကိုယ်တိုင်ကိုယ်ကျ အကူအညီ တောင်းခံခဲ့တဲ့သူပါ။ တကယ်လို့ လီဖူချန်းသာ သေသွားလို့ကတော့ လျိုယန်ဟာ သူ့ကိုယ်သူ ခွင့်လွှတ်နိုင်တော့မှာ မဟုတ်ပါဘူး။

" သူသေသွားပြီလား "

အလင်းတန်းတွေ ပြန်လည်မှိန်ဖျော့သွားပြီးတဲ့ အခါမှတော့ မဟူရာတောင် နတ်ဆိုးအဘိုးအိုဟာ သူ့ရဲ့ အသိစိတ် အာရုံကို အသုံးပြုပြီး လီဖူချန်းရဲ့ အသက်ဓာတ်ကို အာရုံခံလိုက်ပါတယ်။

သူက အဆင့်နိမ့် ဝိညာဉ်ကျောက်တုံး ၁၅၀၀၀၀ ကို သုံးပြီး သည်ဥက္ကာပျံဗုံးကို ဝယ်ခဲ့ရတာပါ။ အဲသည်အတွက် လီဖူချန်းဟာ မသေလို့ မဖြစ်ပါဘူး။

အဲသည်အချိန်မှာပဲ ကောင်းကင်ယံမှာ မီးလျှံ တစ်ခု ဖြစ်တည်လာခဲ့ပါတယ်။  အဲသည်မီးလျှံရဲ့ အလယ်မှာ ရှိနေသူကတော့ လီဖူချန်းပါပဲ။

ပြီးတော့ လီဖူချန်းဟာ ဒဏ်ရာတောင် ရခဲ့ပုံ မရပါဘူး။

" မဖြစ်နိုင်ဘူး။ မင်းက ဘယ်လိုလုပ်ပြီး ဥက္ကာပျံဗုံး ပေါက်ကွဲမှု ကနေ အသက်ရှင်ကျန် နေတာလဲ "

မဟူရာတောင် နတ်ဆိုးအဘိုးအိုကတော့ သွေးအန်မလို ဖြစ်နေပါပြီ။

" ခိခိ ...  ဘာလို့ မဖြစ်နိုင်ရမှာလဲ "

လီဖူချန်းက  ရယ်ကျဲကျဲနဲ့ ပြန်ပြော လိုက်ပါတယ်။

သူဝတ်ဆင်ထားတဲ့ ငွေရောင်ကြေးခွံ ချပ်ဝတ်တန်ဆာက နှယ်နှယ်ရမရ မဟုတ်ပါဘူး။ အဲဒါက မြေကမ္ဘာ အလယ်အလတ် အဆင့် ချပ်ဝတ်တန်ဆာ ဖြစ်ပါတယ်။

မြေကမ္ဘာအလယ်အလတ်အဆင့် ချပ်ဝတ် တန်ဆာတွေဟာ အရမ်းကို ရှားပါးလှတဲ့ အရာတွေပါ။  ဘာစွမ်းရည်မှ ထုတ်သုံးလို့ မရတဲ့ ချပ်ဝတ်တန်ဆာ တစ်ခုကိုတောင်မှ အဆင့်နိမ့် ကျောက်တုံး ၁၀၀၀၀ နီးပါး ပေးပြီးမှ ဝယ်ယူရရှိ နိုင်မှာ ဖြစ်ပါတယ်။ လီဖူချန်းရဲ့ ငွေရောင်ကြေးခွံ ချပ်ဝတ်တန်ဆာလို  ချီအတွင်းအားတွေ ထည့်သွင်းပြီး ခံနိုင်ရည်ကို မြှင့်ပေးနိုင်တဲ့ ချပ်ဝတ်တန်ဆာမျိုးဆိုရင်တော့ ဘယ်လောက်တောင် ပေးရမယ် မသိပါဘူး။

ငွေရောင်ကြေးခွံ ချပ်ဝတ်တန်ဆာထဲကို ပြောင်းလဲခြင်းကိုးပါး  ခရမ်းရောင်ချီ နတ်ဘုရား အတွင်းအားတွေ ထည့်သွင်းလိုက်တဲ့ အခါမှာတော့ ချပ်ဝတ်တန်ဆာရဲ့ ခံနိုင်ရည်ဟာ ၅၀ရာခိုင်နှုန်းနီးပါး ပိုကောင်းမွန် သွားခဲ့ပါတယ်။

ပြီးတော့ ဥက္ကာပျံဗုံးက လီဖူချန်းရဲ့ အရှေ့တည့်တည့်မှာ ပေါက်ကွဲခဲ့တာ မဟုတ်ပါဘူး။ သူ့ရဲ ဓားချက်ကြောင့် ဥက္ကာပျံဗုံးဟာ လမ်းခုလတ်မှာတင် ပေါက်ကွဲသွားခဲ့တာပါ။ အဲသည်အတွက် သူဟာ ဒဏ်ရာ ကြီးကြီးမားမား မရခဲ့တာ ဖြစ်ပါတယ်။

" ဟင် ...  သည်ကောင်  ... ။ သူ မသေဘူးလား "

ကျန်းယွန်းနဲ့ ကျန်းခွန်းတို့ဟာလည်း ပါးစပ်အဟောင်းသား ဖြစ်နေခဲ့ပါပြီ။

" ဟေး  ... သူရဲကောင်းလေးလီ  မသေသေးဘူးကွ "

လျိုကလန်က လူတွေအားလုံးကတော့ အခုမှ ပျော်နိုင်ပါတော့တယ်။

" ထွက်ပြေးမှ "

မဟူရာတောင် နတ်ဆိုးအဘိုးအိုကတော့ အခြေအနေကို ကောင်းကောင်းကြီး သဘောပေါက်သူပါပဲ။ သူက အနောက်လှည့်ပြီး တစ်ချိုးတည်း ပြေးပါတော့တယ်။

" မင်းကို ဘယ်သူက ပြေးခွင့် ပေးလိုက်တာလဲ "

အမှန်ပြောရမယ်ဆိုရင်တော့ လီဖူချန်းဟာ ကောင်းကင်ပျက်သုဉ်းခြင်း ဓားအင်းကွက်ကို သိပ်ပြီး မသုံးချင်ပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ သူက သူ့နဲ့ မသက်ဆိုင်တဲ့ အစွမ်းတွေကို သိပ်ပြီး ထုတ်မပြချင်လို့ပါပဲ။

ဒါပေမဲ့လည်း အခုတော့ သူဟာ သည်ဓားအင်းကွက်ကို မသုံးမဖြစ် သုံးရပါတော့မယ်။ တစ်ဖက် လူကတောင်မှ အကောက်ကြံပြီး ဥက္ကာပျံဗုံးကို သုံးမှတော့ သူလည်း  ကောင်းကင် ပျက်သုဉ်းခြင်း ဓားအင်းကွက်ကို သိမ်းထားစရာ အကြောင်း မရှိတော့ပါဘူး။

" ကောင်းကင်ပျက်သုဉ်းခြင်း ဓားသိုင်း "

လီဖူချန်းက သူ့ရဲ့ ဓားကွက်ကို ထုတ်လိုက်တဲ့အခါမှာတော့  စွမ်းအင် စက်ကွင်းကြီး နှစ်ခု ဖြစ်တည် လာခဲ့ပါတယ်။ အဲသည် စွမ်းအင်စက်ကွင်း နှစ်ခုကတော့ ကောင်းကင်ပျက်သုဉ်းခြင်း ဓားစက်ကွင်းနဲ့  ပြောင်းလဲခြင်း ကိုးပါး ခရမ်းရောင်ချီ အတွင်းအားစက်ကွင်းတို့ပါပဲ။

အဲသည် စက်ကွင်းနှစ်ခုက  မဟူရာတောင် နတ်ဆိုးအဘိုးအိုကို ထွက်ပြေးလို့ မရအောင် ထိန်းချုပ် ပေးထားပါတယ်။

" သေစမ်း "

ထို့နောက်မှာတော့ ကြီးမြတ်လှတဲ့ အရှိန်အဝါတွေ ခိုဝင်ကိန်းအောင်း နေတဲ့ ဓားအလင်းတန်း တစ်ခုဟာ  ကောင်းကင်ပေါ်ကနေ ကျဆင်းလာပြီး မဟူရာတောင် နတ်ဆိုးအဘိုးအိုရဲ့ ခန္ဓာကိုယ်ကို နှစ်ပိုင်းဖြစ်အောင် တိတိရိရိ ပိုင်းဖြတ် သွားခဲ့ပါပြီ။

" မဟူရာတောင် နတ်ဆိုးအဘိုးအိုက သည်လိုပဲ သေသွားရတာလား "

လျိုကလန်သားတွေကတော့ အဟောင်းသား ဖြစ်နေတဲ့ သူတို့ရဲ့ ပါးစပ်ကို ပိတ်ဖို့တောင် သတိ မရတော့ပုံပါပဲ။

ဒါကလည်း သူ့တို့ရဲ့ အမှားတော့ မဟုတ်ပါဘူး။လီဖူချန်းရဲ့ အစွမ်းက လွန်ကို လွန်လွန်းနေတာ မဟုတ်ပါလား။ဒါတောင်မှ သူက ကောင်းကင်နယ်ပယ်မှာသာ ရှိနေပါသေးတယ်။

တကယ်လို့ လီဖူချန်းသာ ပြန်လည် ဝင်စားခြင်းနယ်ပယ်ကို ရောက်သွားလို့ ကတော့ ဘယ်လောက်အထိ ကြောက်ဖို့ ကောင်းလာမယ် မသိပါဘူး။  သူဟာ ပြန်လည်ဝင်စားခြင်း နယ်ပယ် ပညာရှင်တွေကို ကြက်ကလေး၊ ငှက်ကလေးတွေကို သတ်သလို သတ်ရင် သတ်နေလောက်မှာပါ။

" ထူးဆန်းလိုက်တာ ... ။ လီဖူချန်းက ထိပ်တန်းကျောင်းသားစာရင်း ပြိုင်ပွဲမှာ ဘာဖြစ်လို့ သည်ဓားသိုင်းကို မသုံးခဲ့တာလဲ "

လျိုယန်ကတော့ အတော်လေး မတင်မကျ ခံစားနေရပါတယ်။

တကယ်လို့ လီဖူချန်းသာ  ထိပ်တန်းကျောင်းသားစာရင်း ပြိုင်ပွဲမှာ သည်ဓားသိုင်းကို သုံးခဲ့မယ်ဆိုရင်  သိကျွင်းနဲ့ အသည်းအသန် တိုက်လိုက်နေရာမှာ မဟုတ်ပါဘူး။

သည်ဓားသိုင်းက သိကျွင်း၁၀ယောက်ကိုတောင် အသာလေး အနိုင်ယူနိုင်မှာ အသေအချာပါပဲ။

" အင်း ... ဒါက သူ့ရဲ့ လျှို့ဝှက်ချက်ပဲ နေမှာပါလေ "

လျိုယန်က သူ့ရဲ့ အတွေးကို စိတ်ထဲမှာပဲ ထားလိုက်ပါတယ်။

" ပြေးတော့ ငါ့သား "

ကျန်းခွန်းကတော့  သူ့ရဲ့ သားဖြစ်သူကို သတိပေးပြီး ဖနောင်နဲ့တင်ပါး တစ်သားတည်းကျအောင် ပြေးထွက်သွားခဲ့ပါပြီ။

"စောင့်ပါဦး အဖေရ "

ကျန်းယွန်းကလည်း တုံ့ဆိုင်းနေခြင်း အလျင်း မရှိပါဘူး။ သူက သူ့ရဲ့အဖေနဲ့ ရင်ပေါင်တန်းပြီး ပြေးနေနိုင်ပါတယ်။

" ပို့မယ့်ပို့တော့ ကူးတို့ရောက်အောင် ပို့ပေးလိုက်မယ်။ ငရဲပြည်အထိ ပြေးကြပေတော့ "

ရွှမ်း ... ရွှမ်း ... ရွှမ်း ...

လီဖူချန်းက ကျန်းသားအဖကို အလွတ်မပေးပါဘူး။ သူ့ရဲ့ ဓားကနေ ထွက်လာတဲ့ ဓားအလင်းတန်းတွေက  ကျန်းယွန်းနဲ့ ကျန်းခွန်းရဲ့ ဇီဝိန်ကို အညှာအတာ ကင်းမဲ့စွာ ခြွေယူသွားခဲ့ပါပြီ။

ထို့နောက်မှာတော့ လီဖူချန်းဟာ သူ့ရဲ့ ချီအတွင်းအားတွေကို အသုံးပြုလိုက်ပြီး သိုလှောင်အိတ် သုံးအိတ်ကို ဆွဲယူလိုက်ပါတယ်။

သည်သိုလှောင်အိတ်တွေထဲမှာတော့ အဆင့်နိမ့်ဝိညာဉ် ကျောက်တုံးတွေ အနည်းအကျဉ်းတော့ ရှိနေမှာ အသေအချာပါပဲ။ သူက သည်ဝိညာဉ် ကျောက်တုံးတွေကို အလဟသ အဖြစ် မခံလိုပါဘူး။

သူ့အနေနဲ့ တစ်နေ့မှာ အရှေ့ယူနီကွန်း တိုက်ကို ပြန်ရပါဦးမယ်။ အဲသည်တိုက်ကို ပြန်ဖို့အတွက်ဆိုရင်  အနည်းဆုံး အဆင့်နိမ့်ဝိညာဉ် ကျောက်တုံး ၁၀၀၀၀၀ ရှိမှ ရမှာပါ။ ဘာဖြစ်လို့လဲဆိုတော့  တည်နေရာ ရွှေ့ပြောင်း ဘုတ်ပြားကို  အသက်သွင်းနိုင်ဖို့အတွက် အနည်းဆုံး အဆင့်နိမ့် ဝိညာဉ်ကျောက်တုံး ၁၀၀၀၀၀ လိုအပ်လို့ပါပဲ။

" ကျေးဇူးအများကြီး တင်ပါတယ်  သူရဲကောင်းလေးလီ  ... ။ နောင်တစ်ချိန် သူရဲကောင်းလေး အကူအညီ လိုအပ်လာခဲ့ရင် လျိုကလန်တစ်ခုလုံးဟာ လုံးဝမငြင်းဘဲ အကူအညီ ပြန်ပေးပါ့မယ် "

အန္တရာယ်တွေ မရှိတော့တဲ့အတွက် လျိုကျန်းနဲ့ လျိုကလန်ရဲ့ အကြီးအကဲတွေ အားလုံးဟာ အကာအကွယ် အစီအရင်ထဲကနေ ထွက်လာခဲ့ကြပါပြီ။

လီဖူချန်းက လက်ကာပြလိုက်ပြီး

" ရတယ် ...  ရတယ်။ ကျွန်တော့်ကို အဲလောက်ကြီး ကျေးဇူး တင်မနေကြပါနဲ့။ အခုဆိုရင် ကျန်းကလန်က ပျက်စီးသလောက် ဖြစ်သွားပြီ။ ဦးလေးလျိုအနေနဲ့ ကျွန်တော့်ကို ကျန်းကလန်ရဲ့ ပိုင်ဆိုင်မှုတွေထဲက တစ်ဝက်ကို ခွဲပေးရင်ကို အဆင်ပြေပါတယ်။ ဝိညာဉ် ကျောက်တုံးတွေဆိုရင် ပိုအဆင်ပြေမယ်ဗျ  "

လီဖူချန်းက လုံးဝကို အရှက်တရား မရှိတော့ပါဘူး။ သူက လျိုကလန်ရဲ့ ကျေးဇူးတင်မှုကို အရေးမထားဘဲ ကျန်းကလန်ရဲ့ ပိုင်ဆိုင်မှုကို  တစ်ဝက်ခွဲပေးဖို့သာ တောင်းဆိုနေပါတယ်။

လျိုကလန်ရဲ့ ယခင်ခေါင်းဆောင် ဖြစ်ခဲ့တဲ့ အဘိုးအိုလျိုကတော့  လီဖူချန်းကို အပြစ်မမြင်ပါဘူး။ သူက ရဲရဲကြီး အာမခံလိုက်ပါတယ်။

"သူရဲကောင်းလေးလီ  ... ဒါကိုတော့ လုံးဝ စိတ်မပူပါနဲ့။  ကျန်းကလန်ရဲ့ ပိုင်ဆိုင်မှုအားလုံးက သူရဲကောင်းလေးလီ အတွက်သာ ဖြစ်စေရပါမယ်။ ပြီးတော့ အဘိုးတို့ရဲ့ လျိုကလန်ကနေလည်း သူရဲကောင်းလေးလီကို ထိုက်ထိုက်တန်တန် ကျေးဇူးဆပ်ပါဦးမယ် "

" ဟီး ... ဟီး ... ။ ဒါဆိုရင်လည်း ကျေးဇူးပါပဲဗျာ "

လီဖူချန်းက ဟန်ဆောင်ပန်ဆောင်လေးတောင် မငြင်းတော့ပါဘူး။

လျိုကလန်က ကမ်းလှမ်းလာတာကို ငြင်းလိုက်မယ် ဆိုရင် သူ့အနေနဲ့ ရိုင်းရာ ကျသွားပါလိမ့်မယ်။ သူက ရိုင်းစိုင်းတဲ့ လူတစ်ယောက်လို့ သတ်မှတ်ခံရမှာကို သေမတတ် ကြောက်တဲ့ လူတစ်ဦး ဖြစ်ပါတယ်။

ပြီးတော့ အဆင့်နိမ့်ဝိညာဉ်ကျောက်တုံး နည်းနည်းပါးပါး ပိုရတာက ကောင်းတဲ့ အရာတစ်ခုပင် မဟုတ်ပါလား။

" သူရဲကောင်းလေးလီ ... ။ ကျေးဇူးပြုပြီး ကလန်ထဲကို ကြွပါဦး။ ကျွန်တော်တို့ လျိုကလန်က သူရဲကောင်းလေးအတွက် လက်ဆောင်အဖြစ်  ရတနာပစ္စည်း နည်းနည်းပါးပါး ပြင်ဆင်ထားပါတယ် "

လျိကလန်ရဲ့  ယခင်ခေါင်းဆောင် ဖြစ်သလို ဘိုးဘေးကြီးလည်း ဖြစ်တဲ့ အဘိုးအိုလျိုက လီဖူချန်းကို ဖိတ်ခေါ်လိုက်ပါတယ်။

" ရတနာတွေလား "

လီဖူချန်းရဲ့ မျက်လုံးတွေကတော့ အရောင်တောက် သွားခဲ့ပါပြီ။

" အားနာစရာကြီးဗျာ။ ကျွန်တော်က ရတနာပစ္စည်းတွေကို သိပ်ပြီး မမက်ဘူးဗျ  "

ထို့နောက်မှာတော့ သူဟာ လျိုကလန်ထဲကို ဝင်သွားပါတော့တယ်။

***

All Chapters