အခန်း (၂၀၀)
Vol. 15 Ch. 200
ထိုချိန်မှာပဲ ရှေ့ဆုံးမှ လူတစ်ယောက်သည်လည်း ချူလေလံစံအိမ်မှာ ၂နှစ်အထိ သက်တော်စောင့်တာဝန်ကို ထမ်းဆောင်ဖို့ ပြောလိုက်သည်။ နောက်ထပ် အသံများမကြားရတဲ့အခါ စင်ပေါ်ရှိလူသည် အဆင့်ခြောက်ဆေးလုံးထည့်ထားသော ကျောင်စိမ်းဘူးအား လေလံဆွဲထားသော လူအား ပေးလိုက်၏။
ထို့နောက် စင်ပေါ်ကလူသည် သိုလှောင်ကွင်းလက်စွပ်ထဲမှ အစီအရင်စက်ဝိုင်းအတွင်းတွင်ရှိနေသော အလောင်းတစ်ခုအား ထုတ်လိုက်လေသည်။ အစီအရင်အတွင်းရှိ ထိုအလောင်းသည် သေဆုံးနေတာ အလွန်ကြာပြီဖြစ်သော်လည်း မပုပ်မသိုးဘဲ မူလအတိုင်းပဲ ရှိနေခြင်းဖြစ်ဖြစ်၏။
ချောင်ဖုန်းသည် သူခန္ဓာကိုယ်ထဲရှိ နတ်ဘုရားသွေးစက်သည် ရုတ်တရက် လှုပ်ရှားလာတာကို ခံစားလိုက်ရတဲ့အခါ အံ့အားသင့်သွားလေသည်။
စင်ပေါ်ရှိလူသည် "အားလုံးပဲ ဒီအလောင်းကတော့ အလွန်တန်ဖိုးရှိလိမ့်မယ်လို့ ငါထင်တယ် ၊ ဒါပေမယ့် ဒီအလောင်းပေါ်က အစီအရင်က ဖျက်ဆီးလို့မရတဲ့အတွက် ငါတို့ စစ်ဆေးလို့ မရနိုင်ခဲ့ဘူး စိတ်ဝင်စားတဲ့လူရှိရင်တော့ ကြမ်းခင်းတန်ဖိုးက နှစ်၅၀၀ အထက် ဆေးအမယ်၂မျိုး ဒါမှမဟုတ် ချူလေလံစံအိမ်ရဲ့ သက်တော်စောင့်အဖြစ် ၃နှစ်တာဝန် ထမ်းဆောင်ရမယ်" ဟု ပြောလိုက်၏။
လူတချို့သည် ချူလေလံစံအိမ်က သူ့တို့ကို ရူးနေသလားဟု ထင်သွားကြမိလေသည်။ သို့သော် စိတ်ဝင်စားတဲ့လူတစ်ချို့ထဲမှ ရန်ပ ဟု ခေါ်သောလူသည် "နှစ်၅၅၀ဆေးအမယ် ၂မျိုးနဲ့ ငါပဲ ယူလိုက်တော့မည် " ဟု ပြောလိုက်၏။
ထိုချိန်မှာ ရှရှန်းယွမ်ဟု ခေါ်သောလူသည် "နှစ်၆၀၀ ဆေးအမယ် ၂မျိုး " ဟု အော်လိုက်ပြီး ရန်ပဟုသော လူအား လှောင်ပြောင်အကြည့်ဖြင့် ကြည့်လိုက်သည်။ ထိုချိန်မှာ "နှစ်ငါးထောင်ဆေးအမယ် ၂မျိုး " လို့ အသံထွက်လာတဲ့အခါ အားလုံးသည် တံတွေးပင် သီးသွားကြပြီး လေလံတင်လိုက်သော လူအား ကြည့်လိုက်၏။
ရှုယန်နဲ့ရွှီးချန်းသည် ချောင်ဖုန်းမှာ နှစ်၅ထောင်သက်တမ်းရှိသော
ဆေးအမယ် အမှန်တကယ်ရှိနေတာလားလို့ သိချင်သွားကြသည်။
လေလံစံအိမ်အတွင်းမှာ ရှိနေသောလူများသည် ချောင်ဖုန်းမှာလေလုံးထွားတဲ့လူများ ဖြစ်နေမလားဟု ပြောဆိုနေကြ၏။
စင်ပေါ်ရှိလူသည် "ဒီကမိတ်ဆွေ မင်းမှာတကယ်ပဲ နှစ်၅ထောင်သက်တမ်းရှိတဲ့ ဆေးအမယ်ရှိနေတာလား ၊ အမှန်မဟုတ်ရင်တော့ လေလံပွဲကို နှောက်ယှက်မှုနဲ့ ငါတို့ မင်းကို ဆောင်ရွက်စရာရှိတာ ဆောက်ရွက်ရလိမ့်မယ် " လို့ ခြိမ်းခြောက်သော လေလံဖြင့် ပြောဆိုလိုက်လေသည်။
ချောင်ဖုန်းတွင် ရှိသောဆေးအမယ်ထဲတွင် ဆေးအမယ် ၁၀မျိူးသည်သာ နှစ်၁သောင်း မပြည့်သေးခြင်းဖြစ်ပြီး ကျန်သောဆေးအမယ်များမှာ နှစ်သိန်းချီနေပြီ ဖြစ်၏။
ချောင်ဖုန်းသည် သိုလှောင်ကွင်းလက်စွပ်ထဲမှ ဆေးအမယ် နှစ်ခုကို လက်မှ ထုတ်လိုက်ပြီး "ကျွန်တော်ပြောတာမှားသွားတာပဲ ဒါကနှစ်၅ထောင်သက်တမ်းဆေးအမယ်တွေမှ မဟုတ်ဘဲ နှစ်၈ထောင်သက်တမ်းရှိတဲ့ ဆေးအမယ်" ဟု သူ့ဆေးအမယ်ကို ကြည့်ကာ ပြောလိုက်၏။
နှစ်၈ထောင်ဟု ထပ်မံပြောလိုက်တဲ့အခါ အားလုံးသည် ရူးခါသွားကြလေသည်။ ချောင်ဖုန်းသည် ဆေးအမယ်နှစ်မျိုးအား စင်ပေါ်ရှိလူအား ပေးလိုက်၏။ ထိုအခါ စင်ပေါ်ရှိ လူသည် သူ့သို့လှောင်ကွင်းလက်စွပ်ထဲမှ ၆ပေခန့်ရှိသော ရတနာပစ္စည်းတစ်ခုကို ထုတ်လိုက်သည်။
ထိုလူသည် ချောင်ဖုန်း၏ ဆေးအမယ်အား သူ့ရတနာပစ္စည်းထဲသို့ ထည့်ကာ ဆေးအမယ်သက်တမ်းကို စစ်ဆေးကြည့်လိုက်၏။ ဆေးအမယ်၏ သက်တမ်းကို ဖော်ပြသောရတနာပစ္စည်းတွင် ၈၅၀၀ဟု ကိန်းဂဏန်း ပေါ်ထွက်လာတဲ့အခါ ရှိနေသော လူများအားလုံးသည် ချောင်ဖုန်းကို အံ့အားသင့်စွာဖြင့် ပြိုင်တူ ကြည့်လိုက်ကြလေသည်။
စင်ပေါ်ရှိလူသည် နှစ်၈၅၀၀သက်တမ်းရှိသော ဆေးအမယ်နှစ်မျိုးကို ရရှိသွားတဲ့အခါ ဝမ်းသာအားရဖြင့် ရုပ်အလောင်းကြီးအား ချောင်ဖုန်းကို ပေးလိုက်၏။ ထို့အပြင် ချူလေလံစံအိမ်ရဲ့ နံပါတ်၁ အထူးပုဂ္ဂိုလ်ကဒ်ပြားဖြစ်သော ရွှေရောင်ကဒ်ပြားတစ်ခုကို ချောင်ဖုန်းသည် ရရှိသွားခဲ့သည်။
ချောင်ဖုန်းသည် ပစ္စည်းများအားလုံးကို သိုလှောင်ကွင်းထဲသို့ ထည့်သိမ်းထားလိုက်၏။ ချောင်ဖုန်းသည် နောက်ထပ်စောင့်ဆိုင်းကြည့်သော်လည်း သာမန်ထက်မပိုတဲ့အတွက် လေလံစံအိမ်မှ ထွက်ခွာ၍ လာလေသည်။
ချူလေလံစံအိမ်၏ ဝေဟင်အထက်တွင် လူလေးယောက်သည် ခေါင်းစွပ်ပါရှိသော ခရမ်းပြာရောင်ဝတ်စုံကို ဝတ်လိုက်ပြီး မျက်နှာကို ဖုံးကွယ်နိုင်သော ခေါင်းစွပ်များကို ဝတ်လိုက်၏။ ထို့နောက် လေးယောက်လုံးသည် ချောင်ဖုန်းထွက်ခွာသွားသော အရပ်သို့ ဦးတည်စွာ ပျံသန်းသွားကြသည်။
ချူလေလံစံအိမ်ရဲ့ သစ်ပင်နောက်ကွယ်မှာ လူတစ်ယောက်သည် "တကယ်ပဲ ချူလေလံစံအိမ်က ကြားရတဲ့ သတင်းအတိုင်းပဲကို " ဟု ရေရွတ်ပြီး သစ်ပင်နောက်မှ ပျောက်ကွယ်သွားခဲ့၏။ ခရမ်းရောင် ဝတ်ရုံဝတ်ဆင်ထားသော လူလေးယောက်သည် လျင်မြန်သော အရှိန်နှုန်းဖြင့် ရှုယန်တို့သွားမည့်လမ်းအား ပိတ်ရပ်လိုက်သည်။
ထိုလေးယောက်ထဲမှ ဂျန်မောက်ဟု ခေါ်သောလူသည် သူ့ရဲ့လက်ထဲမှ ဓားကို နဂါးဝိညဥ်စွမ်းအင် အသက်သွင်းလိုက်ပြီး "မင်းတို့ရဲ့သိုလှောင်ကွင်းလက်စွပ်ထဲကို ထားခဲ့ပြီး ၊ ဒီနေရာကနေ အမြန်ဆုံးထွက်ခွာသွားလိုက်တော့ " ဟု ပြောလိုက်၏။
ရုတ်တရက် ပြင်းထန်သော စွမ်းအားအရှိန်အဝါကို ခံစားလိုက်ရတဲ့အခါ ဂျန်မောက်သည် "ဘယ်သူလဲ.....သတ္တိရှိရင် ထွက်ခဲ့စမ်း " ဟု ဒေါသသံဖြင့် ပြောလိုက်သည်။ ထိုအခါ ချောင်ဖုန်းသည် သူတို့ အနားကို လျှပ်စီးအလျင်ဖြင့် ရောက်ရှိလာခဲ့၏။
ဂျန်မောက်တို့အဖွဲ့သည် ပြင်းထန်သော စွမ်းအား ပိုင်ရှင်မှာ ချောင်ဖုန်းဖြစ်နေလိမ့်မည်ဟု မမျှော်လင့်ထားပေ။ဂျန်မောက်တို့အဖွဲ့သည် ချူလေလံစံအိမ်ကို ကာကွယ်စောင့်ရှောက်ပေးနေသော ဝိညဥ်နယ်ပယ်အဆင့် ကျင့်ကြံသူများပင် ဖြစ်၏။
ဂျန်မောက်သည် သူ့နားကို ရောက်ရှိလာသော ချောင်ဖုန်းအား သူ့ဓားဖြင့် ခုတ်ချလိုက်လေသည်။ သူရဲ့ပြင်းထန်သော တိုက်ခိုက်ချက်သည် ချောင်ဖုန်းပေါ်အနည်းငယ်ပင် သက်ရောက်မှု မရှိတဲ့အခါ ဂျန်မောက်သည် အံ့အားသင့်စွာဖြင့် "မဖြစ်နိုင်တာ.......မင်းရဲ့ကျင့်ကြံမှုစွမ်းအားက ဘယ်လိုလုပ် ငါ့ထက်သာလွန်နိုင်မှာလဲ " ဟု ပြောလိုက်၏။
ချောင်ဖုန်းသည် လျှပ်တစ်ပြက် ဂျန်မောက်ရဲ့ နောက်ကို ရောက်ရှိသွားပြီး ချူလေလံစံအိမ်နဲ့ ပက်သက်သောအကြောင်းများကို မေးလိုက်သည်။ ဂျန်မောက်သည် စွမ်းအားများကို လက်သီးတွင် စုစည်းပြီး "သေပေတော့....." ဟု အော်ဟစ်ကာ နောက်လှည့်၍ ချောင်ဖုန်းအား လိုက်၏။
ဂျန်မောက်ဘေးအနားတွင် ရှိနေသော လူ၃ယောက်သည် မယုံနိုင်စရာမြင်ကွင်းကို တွေ့လိုက်ရတဲ့အခါ ချက်ချင်းပင် ဒူးထောက်ကာ ခေါင်းနဲ့ မြေကြီး ဆောင့်၍ ချောင်ဖုန်းကို အသက်ရှင်ဖို့ ခွင့်တောင်းပါတော့သည်။
ဂျန်မောက်သည် ချောင်ဖုန်းကို မတိုက်ခိုက်လိုက်ရခင်မှာပဲ ပြာမှုန့်အဖြစ်သို့ ပြောင်းလဲသွားသော မြင်ကွင်းသည် သူ့တို့အား ခြေဖျားလက်ဖျားများအေးစက်သွားစေပြီး သေမင်းကို မြင်နေရသကဲ့သို့ ဖြစ်သွားကြ၏။
ရှုယန်နဲ့ ရွှီးချန်းသည် သူတို့ရဲ့ စီနီယာအကိုဖြစ်သော ချောင်ဖုန်းရဲ့စွမ်းအားသည် သူတို့ထင်ထားသည်ထက် ပိုအစွမ်းထက်နေလိမ့်မည်ဟု မထင်ထားခဲ့ပေ။
ချူလေလံစံအိမ်၏ သတင်းကို သိရတဲ့အခါ ချောင်ဖုန်းသည် အစီအရင်သုံးခုအား ရေးဆွဲပြီး ထိုလူသုံးယောက်ရဲ့ နဖူးထဲသို့ ထည့်သွင်းလိုက်၏။ ချောင်ဖုန်းသည် သူရရှိထားသော သတင်းများကို
ပြန်သတင်းပို့ဖို့ ရှုယန်နဲ့ ရွှီးချန်းအား ပြန်ခိုင်းလိုက်သည်။
ရှုယန်တို့ နှစ်ယောက်လဲ ချောင်ဖုန်းအား အရိုအသေပြုကာ ချက်ချင်းပျံသန်းကာ ထွက်ခွာသွားခဲ့၏။ ချူလေလံစံအိမ်၏ ကုလားထိုင်တစ်ခုံပေါ်တွင် လူတစ်ယောက်သည် ဘေးကစားပွဲခုံပေါ်ရှိ ရေနွေးခွက်ကို ယူလိုက်သည်။
ခရမ်းရောင်အပေါ်ထပ် ဝတ်ရုံဝတ်ဆင်ထားသော လူ၄ယောက်ရောက်ရှိလာတဲ့အခါ ထိုလူသည် "ဘယ်လိုလဲ.......ဂျန်မောက် ၊ ဒီတစ်ခေါက်ရော အဆင်ပြေရဲ့လား....." လို့ မေးလိုက်၏။ ချောင်ဖုန်းသည် ခေါင်းငြိမ့်ပြလိုက်ပြီး ထိုလူသည် လက်ဖဝါးဖြန့်ကာ သိုလှောင်ကွင်းလက်စွပ်အားတောင်းလိုက်သည်။
ကုလားထိုင်ပေါ်တွင် ရှိနေသောလူသည် ရေနွေးကြမ်းလေးကို အေးအောင် မှုတ်နေတာကို ရပ်လိုက်ပြီး "မင်းကဘယ်သူလဲ....... ဂျန်မောက်က ဘယ်ရောက်သွားတာလဲ"လို့ ချောင်ဖုန်းအား မေးလိုက်၏။
ထိုအခါ ချောင်ဖုန်းသည် အပေါ်ထပ်ဝတ်ရုံကို ခွာချလိုက်သည်။
ကုလားထိုင်ပေါ်တွင် ရှိနေသော လူသည် ချောင်ဖုန်းကိုတွေ့တဲ့အခါ "လတ်စသတ်တော့ မင်းကို......" လို့ ပြောလိုက်ပြီး ရေနွေးကြမ်းအား တစ်ငုံသောက်လိုက်သည်။
ထိုလူသည် ချောင်ဖုန်းကို တွေ့တာတောင် အနည်းငယ်မျှ ဂရုမစိုက်ပေ။ ထိုလူသည် "ငါနာမည်က လီရှုဟွာပါ ၊.....မင်းရဲ့သိုလှောင်ကွင်းလက်စွပ်ကို ဒီမှာပဲ ထားခဲ့ဖို့ ငါအကြံပြုချင်တယ် " လို့ ခြိမ်းခြောက်ကာ ပြောဆိုလိုက်၏။
ထိုအခါ ချောင်ဖုန်းသည် ခေါင်းခါ၍ ငြင်းလိုက်တဲ့အခါ ထိုလူသည် လက်ဖျောက်တီးလိုက်တဲ့အခါ ဝိညဥ်နယ်ပယ်အဆင့် ကျင့်ကြံသူများသည် ချောင်ဖုန်းကို ဝိုင်းရံ၍ သွားကြသည်။ လီရှုဟွာသည် သူ့ရဲ့ရေနွေးကြမ်းကို သောက်နေရင်း "ဘယ်လိုလဲ........မင်းရဲ့ သိုလှောင်ကွင်း လက်စွပ်ကို ထားခဲ့မလား ၊ မင်းအသက် အသေခံမလား...." ဟု ပြောလိုက်၏။
ထိုချိန်မှာပဲ ချောင်ဖုန်းအား ဝိုင်းရံထားသော ဝိညဥ်နယ်ပယ်အဆင့် တိုက်ခိုက်ရေးသမားများသည် တစ်ပြိုင်နက် ပေါက်ကွဲထွက်၍ဘပြာမှုန့်အဖြစ်သို့ ပြောင်းလဲသွားလေသည်။
ထိုမြင်ကွင်းကို မြင်လိုက်ရသော လီရှုဟွာသည် သောက်နေသောရေနွေးပန်းကန်ခွက်အား လွတ်ကျသွားပြီး ကြောက်လန့်တကြားဖြင့် အော်ဟစ်လိုက်၏။