← Chapters

အခန်း (၂၀၁)

Vol. 15 Ch. 201

အခန်း (၂၀၁)

Vol. 15 Ch. 201

လီရှုဟွာရဲ့ အော်သံကို ကြားတဲ့အခါ ချူလေလံစံအိမ်ရဲ့ အကြီးအကဲများ အဖွဲ့သည် လီရှုဟွာ ရဲ့ နောက်သို့ ရောက်ရှိလာကြ၏။ လီရှုဟွာသည် ချောင်ဖုန်းအား လက်ညိုးထိုးကာ ကြောက်လန့်စွာ ထစ်ထစ်ငေါ့ငေါ့ဖြင့် " သူ့ကို သတ်လိုက်ကြ....." ဟု ပြောလိုက်သည်။

လေလံပွဲအတွင်းတွင် ချောင်ဖုန်းကို မှတ်မိသွားသော လူများသည် "အဲ့တာသက်တမ်း၈၅၀၀ရှိတဲ့ ဆေးအမယ်နဲ့ လေလံဝင်ဆွဲသွားတဲ့ကောင်လေးမလား ၊ သူက ဘယ်လိုလုပ် ဒီကို ရောက်လာတာလဲ " ဟု အံ့အားသင့်စွာဖြင့် ပြောလိုက်၏။

ထိုချိန်မှာ လီရှုဟွာသည် ထွက်ပြေးဖို့ ကြံရွယ်စဥ်မှာ ချောင်ဖုန်းသည် သူ့ရှေ့ကို ရောက်ရှိလာခဲ့ပြီး "ခင်ဗျားက ခုမှ ဘယ်ထွက်သွားချင်လို့လဲ "လို့ အေးစက်သော အသံဖြင့် ပြောလိုက်သည်။ လီရှုဟွာသည် ကြောက်ကြောက်လန့်လန့်ဖြင့် နောက်သို့ ပစ်လဲကျသွား၏။

ချူလေလံစံအိမ်တွင် လီရှုဟွာထက်ပင် အာဏာရှိသော ဟူချင်းဖန်လို့ ခေါ်သည့် အကြီးအကဲတစ်ယောက်သည် သူ့ရဲ့ လက်နက်ဖြစ်သော ဆေးမီးဖိုးအိုးကို မီးတောက်ဝိညဥ်အသက်သွင်းလိုက်ပြီး "မင်းက ငါတို့ကို ရှိတယ်မထင်ဘူးပဲ ၊ ငါရဲ့နတ်ဆိုးဆေးမီးဖိုရဲ့ စွမ်းအားကို ခံစားကြည့်လိုက်စမ်း " လို့ ပြောလိုက်ပြီး ချောင်ဖုန်းကို တိုက်ခိုက်လိုက်သည်။

ချောင်ဖုန်းသည် တည်ငြိမ်စွာနဲ့ပဲ "လစ်...... " လို့ ပြောလိုက်တဲ့အခါ ပြင်းထန်သော စွမ်းအားအရှိန်အဝါသည် ဆေးမီးဖိုအိုးအပါအဝင် အခန်းအတွင်းရှိ လူများအားလုံးကို ရိုက်ခတ်၍ သွားခဲ့၏။

အားလုံးသည် တစ်ချက်ထဲနဲ့ စွမ်းအားအရှိန်အဝါ၏ ရိုက်ခတ်မှုကြောင့် လွင့်ပြန်ထွက်သွားကြ၍ တချို့မှာ သေဆုံးသွားပြီး တချို့မှာ ဒဏ်ရာအပြင်းအထန် ရရှိသွားကြလေသည်။ချောင်ဖုန်းရဲ့စွမ်းအားသည် သူ့တို့၏ အသက်များကို နှုတ်ယူနိုင်မည်လို့ ဘယ်သူမှ မထင်ထားခဲ့ပေ။

ဟူချင်းဖန်သည် တစ်ကိုယ်လုံးမှာ သွေးများထွက်ရှိနေပြီး ချောင်ဖုန်းအား လက်ညိုးထိုးကာ "အနိူင်းမဲ့နယ်ပယ်အဆင့်လား....."ဟု ပြောနေရင်း သေဆုံးသွားကြ၏။

ချောင်ဖုန်းသည် လက်ဖြောက်တစ်ချက်တီးလိုက်တဲ့အခါ အားလုံးသည် ပြာမှုန့်အဖြစ်သို့ ပြောင်းလဲသွားပြီး ချောင်ဖုန်းတစ်ယောက်ထဲသာ အခန်းအတွင်းတွင် ကျန်ခဲ့လေသည်။ချူလေလံစံအိမ်ရဲ့ အဓိကအင်အားစုများ ပျက်စီးသွားတဲ့အခါ ချောင်ဖုန်းသည် ယွီရှန်ဟွာနဲ့ တွေ့ဆုံဖို့ ပြန်လာခဲ့၏။

စနစ်သည် ဒီတစ်ခါမှတော့ အသံလုံးဝထွက်မလာခဲ့ပေ။

ယွီရှန်သည် ချောင်ဖုန်းကို တွေ့တဲ့အခါ အလောတကြီးဖြင့်"ကောင်လေး......မင်းရရှိထားတဲ့ သတင်းက အမှန်ပဲလား " လို့ မေးလိုက်သည်။ ချောင်ဖုန်းသည် ခေါင်းငြိမ့်ပြလိုက်တဲ့အခါ ယွီရှန်ဟွာသည် စိတ်ပျက်စွာဖြင့် နောက်မှ ထိုင်ခုံပေါ်သို့ ထိုင်ချ၍ သွား၏။

နတ်ဘုရားနယ်ပယ်အဆင့်ကို ထိုးဖောက်နေသော ကျင့်ကြံသူတစ်ယောက်သည် အားလုံးရဲ့ နောက်ကွယ်မှာ ရှိနေသော ကြိုးကိုင်သူတစ်ယောက်ဖြစ်နေလိမ့်မည်ဟု မမျှော်လင့်ထားခဲ့ပေ။

ယွီရှန်ဟွာသည် အနိူင်းမဲ့နယ်ပယ်အလယ်အလတ်အဆင့်ကို ထိုးဖောက်ဖို့ စွမ်းအား လုံလောက်ဖြစ်တဲ့အတွက် မကြာခင်ဂူအောင်း၍ ကျင့်ကြံတော့မည် ဖြစ်သည်။

ယွီရှန်ဟွာသည် ချောင်ဖုန်းအား စာအိတ်နီတစ်ခုကို ထုတ်ပေးလိုက်ပြီး သူ့ရဲ့ဇနီးအားတွေ့ရှိခဲ့လျှင် ပေးဖို့ စေခိုင်းလိုက်သည်။ ယွီရှန်ဟရဲ့ ဇနီးသည် အနိူင်းမဲ့နယ်ပယ်အဆင့်ကို ရောက်ရန် ကျင့်ကြံနေသူတစ်ယောက်ပင် ဖြစ်၏။

ယွီရှန်ဟွာသည် စွမ်းအင်လုံးတစ်ခုအား ချောင်ဖုန်းအား ပေးလိုက်ပြီး ထိုနေရာမှ ပျောက်ကွယ်၍ သွားလေသည်။ ထိုချိန်မှာ ရှုယန်နဲ့ ရွှီးချန်းရောက်ရှိလာပြီး "ဂုဏ်ယူပါတယ်စီနီယာအကို....." ဟု ဒူးထောက်ကာ ပြိုင်တူ ပြောလိုက်၏။

ရှုယန်နဲ့ ရွှီးချနနောက်တွင်လဲ ဝိညဥ်နယ်ပယိအဆင့် ကျင့်ကြံသူ အများအပြား ရောက်ရှိလာခဲ့ပြီး "ခေါင်းဆောင်ကို အရိုအသေပေးပါတယ် " ဟု ပြောလိုက်သည်။ ယွီရှန်ဟွာသည် သူ့အား ယုံကြည်စိတ်ချ၍ ခေါင်းဆောင်ရာထူးကို ပေးသွားလိမ့်မယ်လို့ ချောင်ဖုန်းသည် မထင်ထားပေ။

ချောင်ဖုန်းသည် အားလုံးကို ထခိုင်းလိုက်ပြီး ကျင့်ကြံရေးကို ဦးစားပေးဖို့ ပြောလိုက်ပြီး လူစုကြီးကို ပြန်ခွဲခိုင်းလိုက်၏။ ချောင်ဖုန်းသည် သူ့အတွက် စီစဥ်ပေးထားသော အခန်းထဲသို့ ဝင်လိုက်ပြီး အရေးကြီးကိစ္စမရှိဘဲ သူ့ကို လာမနှောက်ယှက်ဖို့ ပြောလိုက်သည်။

အခန်းထဲသို့ ရောက်တဲ့အခါ ချောင်ဖုန်းသည် ချူလေလံစံအိမ်မှ ရလာသော ရုပ်အလောင်းတစ်ခုကို ထုတ်လိုက်၏။ ရုပ်အလောင်းအပေါ်တွင် ရှိနေသော အစီအရင်အား ချောင်ဖုန်းသည် စစ်ဆေးကြည့်လိုက်သည်။

ချောင်ဖုန်းသည် စစ်ဆေးကြည့်ပြီးနောက် "ဒြပ်စင်ငါးပါးအစီအရင်လား....." လို့ ရေရွတ်လိုက်၏။ အစီအရင်ဖွဲ့စည်းပုံထဲတွင် အားအကောင်းအစီအရင်ထဲတွင် ပါဝင်သော ဒြပ်စင်ငါးပါးအစီအရင် ဖြစ်နေလိမ့်မယ်လို့ ချောင်ဖုန်းသည် မမျှော်လင့်ထားပေ။

ဒြပ်စင်ငါးပါးအစီအရင်သည် မီးဒြပ်စင် ၊ ရေခဲဒြပ်စင် ၊ လေဒြပ်စင် ၊ လျှပ်စီးဒြပ်စင်နဲ့ မြေကြီးဒြပ်စင် များဖြင့် ဖွဲ့စည်းထားသော အစီအရင်တစ်ခုဖြစ်၏။

ရုပ်အလောင်းအား အလွန်ပင် အင်အားကောင်းသော အစီအရင်ဖြင့် ကာကွယ်ထားတဲ့အတွက် ရတနာတစ်ခုဖြစ်နိုင်မည်ဟု ချောင်ဖုန်းသည် ယူဆနေခဲ့သည်။ အလွန်ပင်အားကောင်းသော အစီအရင်မျိုးဖြစ်နေပါစေ ချောင်ဖုန်းအတွက်တော့ ကလေးကစားစရာလိုပင် လွယ်ကူနေခဲ့၏။

ချောင်ဖုန်းသည် မှင်စုတ်တံတစ်ခုကို လက်ချောင်းလေးထဲတွင် လှည့်ပတ်၍ ကစားလိုက်ပြီး လေဟာနယ်ထဲတွင် အရောင်မတူညီသော အစီအရင်စက်ဝိုင်း ၅ခုအား ရေးဆွဲလိုက်သည်။ထို့နောက် ချောင်ဖုန်းသည် လက်ချောင်းများကို လှုပ်ရှားလိုက်တဲ့အခါ အစီအရင်ငါးခုလုံးသည် ဒြပ်စင်ငါးပါးအစီအရင်ရဲ့ မျက်နှာပြင်များပေါ်သို့ ကျရောက်သွားကြ၏။

စက္ကန့်ပိုင်းအတွင်းမှာပဲ ဒြပ်စင်ငါးပါးအစီအရင်သည် ကွဲအက်ကာ လုံးဝပျောက်ကွယ်သွားခဲ့သည်။ ထိုချိန်မှာပဲ ရုပ်အလောင်းအတွင်းမှ အနီရောင် စုန့်ဝိညဥ်စွမ်းအင်လုံးကြီး ထွက်ရှိလာပြီး ချောင်ဖုန်းအခန်းအတွင်းတွင် ပျံဝဲ၍ "ဟားဟားဟား......နောက်ဆုံးတော့ ငါနောက်ထပ်တစ်ကြိမ် ပြန်လည် မွေးဖွားခွင့်ရတော့မှာပါလား " ဟု အသံတစ်ခုသည် ထွက်ပေါ်လာခဲ့၏။

ထို့အပြင် ရုပ်အလောင်းအတွင်းမှ နတ်ဘုရားသွေးစက် စွမ်းအင်လုံးတစ်ခုသည်လည်း ထွက်ပေါ်လာခဲ့သည်။ ချောင်ဖုန်းသည် "ခင်ဗျားက....... ဘယ်သူလဲ" လို့ အနီရောင်စုန့်ဝိညဥ်စွမ်းအင်လုံးကို မေးမြန်းလိုက်၏။

အနီရောင်စုန့်ဝိညဥ်စွမ်းအင်လုံးကြီးသည် ချောင်ဖုန်းရဲ့ အနားသို့ ရောက်ရှိလာခဲ့ပြီး "ကောင်စုတ်လေး........မင်းငါနဲ့ပူးပေါင်းပြီး အားလုံးကို အုပ်ချုပ်ဖို့ ဆန္ဒရှိလား " လို့ မေးမြန်းလိုက်သည်။

ချောင်ဖုန်းသည် စိတ်ပျက်စွာဖြင့် ခေါင်းခါလိုက်ပြီး "ငါနဲ့ပူးပေါင်းချင်တာလား ၊ ခင်ဗျားမှာ အဲ့လောက်ထိအစွမ်းအစရှိမယ်မထင်ဘူး " ဟု ပြတ်သားစွာ ပြောလိုက်၏။

အနီရောင် စုန့်ဝိညဥ်စွမ်းအင်ကြီးသည် နောက်ဆုတ်သွားပြီး "ဒီကောင်လေးက ငါလွယ်လွယ်နဲ့ လှည့်စားလို့ မရဘူးပဲ ဘာပဲဖြစ်ဖြစ် ဒီကောင်လေးရဲ့ ခန္ဓာကိုယ်ကို ငါရအောင် ယူရလိမ့်မယ် " လို့ တွေးတောနေခဲ့သည်။

ချောင်ဖုန်းသည် သူ့ရှေ့တွင် ရှိနေသော စုန့်ဝိညဥ်စွမ်းအင်ကြီးထံမှ မူမမှန်တာကို ခံစားလိုက်ရတဲ့အတွက် လက်ချောင်းများလှုပ်ရှားလိုက်ပြီး အနီရောင် စုန့်ဝိညဥ်ကြီးအား အစီအရင်ဖြင့် ဖမ်းချုပ်ကာ မေးမြန်းလိုက်၏။

စုန့်ဝိညဥ်စွမ်းအင်ကြီးသည် သူ့စွမ်းအားများ ထုတ်သုံးကာ ရုန်းကန်နေသော်လည်း ချောင်ဖုန်းလက်အာက်မှ မလွတ်မြောက်နိုင်ခဲ့ပေ။ ချောင်ဖုန်းသည် သူ့လက်ဖဝါးမှ စွမ်းအားများကို ထုတ်လိုက်ပြီး "ခင်ဗျားက ဘယ်သူလဲ " လို့ အေးစက်၍ ကြောက်စရာကောင်းသော အသံဖြင့် ပြောလိုက်၏။

စုန့်ဝိညဥ်စွမ်းအင်ကြီးသည် ရွေးစရာမရှိတဲ့အကြောင်း အမှန်အတိုင်းပြောပြလိုက်သည်။ သူ့နာမည်သည် ယဲ့ထုန်ဖြစ်ပြီး အထက်နယ်မြေကို ရောက်ရှိလာတာ နှစ်ပေါင်းအတော်ကြာပြီဖြစ်၏။

ယဲ့ထုန်သည် အနိူင်းမဲ့နယ်ပယ်အလယ်အလတ်အဆင့်ကျင့်ကြံသူတစ်ယောက်ဖြစ်ပြီး အနိူင်းမဲ့နယ်ပယ်အထွဋ်အထိပ်အဆင့်ကို ထိုးဖောက်ရန် ကြိုးစားနေခဲ့သူ တစ်ယောက်ပင် ဖြစ်ပေသည်။

သို့သော် တစ်ရက်သော နေ့မှာ သူ့မျိူးနွယ်စုတစ်စုလုံးနဲ့ သူ့အား သတ်ဖြတ်ရန် များစွာသော ကျင့်ကြံသူတွေ ရောက်ရှိလာခဲ့၏။

ယဲ့ထုန်သည် သူ့ရန်သူမှာ သူ့ရဲ့သူငယ်ချင်းအရင်းကြီးဖြစ်နေလိမ့်မည်ဟု မထင်ထားခဲ့ပေ။

ယဲ့ထုန်ရဲ့ သူငယ်ချင်းသည် ယဲ့ထုန်အဆင့်တက်ဖို့ ထိုးဖောက်နေချိန်မှာ အခွင့်ကောင်းယူကာ လာရောက်တိုက်ခိုက်ခဲ့ခြင်းဖြစ်၏။ ယဲ့ထုန်သည် သူ့မျိုးနွယ်စုတစ်ခုလုံးကို ဆုံးရှုံးခဲ့ယုံတင်မက ဒဏ်ရာအကြီးအကျယ်ရကာ အောက်နယ်မြေကို ထွက်ပြေးသွားခဲ့ရသည်။

ယဲ့ထုန်သည် သူ့သူငယ်ချင်းအား ပြန်ကလဲ့စားချေရန် နည်းလမ်းတစ်ခုအား ကြံစည့်ခဲ့၏။ ထိုနည်းလမ်းကတော့ ယဲ့ထုန်သည် သွေးကြောများ ပျက်စီးနေသော သူ့ခန္ဓာကိုယ်အား ဖောက်ခွဲလိုက်ပြီး စုန့်ဝိညဥ်စွမ်းအားဖြင့် လူတစ်ယောက်၏ ခန္ဓာကိုယ်ကို ထိန်းချုပ်ဖို့ ကြိုးစားခဲ့သည်။

ထိုအချိန်မှ စ၍ ယဲ့ထုန်သည် ကံဆိုးမိုးမှောင်ကျသွားခဲ့၏။ သူပိုင်ဆိုင်ဖို့ ကြိုးစားသော ခန္ဓာကိုယ်၏ ပိုင်ဆိုင်မှာ ပြစ်မှုများစွာ ကျူးလွန်ထားသော လူတစ်ယောက်ဖြစ်သောကြောင့် လူအများ၏ လိုက်လံသတ်ဖြတ်ခြင်းကို ခံလိုက်ရပြီး ဒြပ်စင်ငါးပါးအစီအရင်၏ အချုပ်အနှောင်အောက်သို့ ရောက်ရှိသွားခဲ့ရသည်။

All Chapters