အခန်း (၂၀၂)
Vol. 15 Ch. 202
ယဲ့ထုန်အပိုင်ရယူထားသော ခန္ဓာကိုယ်ပိုင်ရှင်သည် နတ်ဘုရားသွေးစက်၏ အစိတ်အပိုင်းတစ်ခုကို ရရှိထားသော လူတစ်ယောက်ပင် ဖြစ်ပေ၏။ ယဲ့ထုန်ရဲ့ သူငယ်ချင်းဆိုသောသူမှာ နတ်ဘုရားအဆင့်ကို ထိုးဖောက်နေသော လူဖြစ်နေမလား လို့ ချောင်ဖုန်းသည် ခန့်မှန်းလိုက်သည်။
ထိုချိန်မှာပဲ ယဲ့ထုန်သည် သူ့ရဲ့ ကျင့်ကြံမှုစွမ်းအားများကို လောက်ကျွမ်းခံ၍ အစီအရင်ကို ထိုးဖောက်ပြီး ချောင်ဖုန်းအလစ်အား တိုက်ခိုက်ဖို့ လုပ်လိုက်၏။ဒါပေမယ့် ယဲ့ထုန်သည် သူမျှော်လင့်ထားသလို ဖြစ်မလာခဲ့ပေ။
သူသည် အစီအရင်အတွင်းမှ ထိုးဖောက်လာနိုင်သော်လည်း ချောင်ဖုန်းအနားကို ကပ်ဖို့ပင် ခက်ခဲနေခဲ့၏။ ယဲ့ထုန်သည် အံ့အားသင့်စွာဖြင့် " မဖြစ်နိုင်တာ.......မင်းဘယ်လိုလှည့်ကွက်တွေ သုံးနေတာလဲ " ဟု ချောင်ဖုန်းအား ပြောလိုက်သည်။
ချောင်ဖုန်းသည် ယဲ့ထုန်ရဲ့ အကြံအစည်ကို အစောထဲကပင် ကြိုသိနေသောကြောင့် ဂရုမစိုက်သလို ဟန်ဆောင်၍ နေခဲ့ခြင်းဖြစ်၏။ ချောင်ဖုန်းသည် ကြောက်စရာကောင်းသော မျက်လုံးဖြင့် ကြည့်ကာ"သွားသေလိုက်တော့....." လို့ ပြောလိုက်ပြီး ယဲ့ထုန်ရဲ့ စုန့်ဝိညဥ်စွမ်းအင်ထဲမှ ကျင့်ကြံမှု စွမ်းအားများကို စုပ်ယူပါတော့သည်။
ယဲ့ထုန်သည် ခန္ဓာကိုယ်ပျက်စီးခဲ့သော်လည်း အလောင်းအတွင်းမှ နေ၍ ကျင့်ကြံခဲ့သည်မှာ နှစ်ပေါင်းများစွာ ကြာနေပြီဖြစ်တဲ့အတွက် အနိူင်းမဲ့နယ်ပယ်အဆင့်ကို ပြန်လည်ရောက်ရှိနေခြင်းဖြစ်၏။
ထို့ကြောင့် သူ့ကိုယ်သူ ယုံကြည်ချက်အပြည့်ဖြင့် ချောင်ဖုန်းအား တိုက်ခိုက်ဖို့ ကြံစည်ခဲ့ခြင်းဖြစ်သည်။ ယဲ့ထုန်သည် သူ့ရဲ့ ကျင့်ကြံမှု စွမ်းအားများစုပ်ယူခံရတဲ့အခါ "မလုပ်နဲ့.......မလုပ်နဲ့ " လို့ နာကျင်စွာ အော်ဟစ်သံ တစ်ခုသည် ထွက်ပေါ်လာခဲ့၏။
ခဏအကြာမှာတော့ ယဲ့ထုန်ရဲ့ စုန့်ဝိညဥ်စွမ်းအင်ကြီးသည် လုံးဝပျောက်ကွယ်သွားခဲ့ပြီ ဖြစ်သည်။ချူလေလံစံအိမ်မှ အကျိုးမြတ်ကြီးကြီး ရရှိလိမ့်မည်ဟု မမျှော်လင့်ထားပေ။ ချောင်ဖုန်းသည် ဒီတစ်ကြိမ်မှာတော့ နတ်ဘုရားသွေးစက်အစိတ်အပိုင်းတစ်ခုကို ထပ်မံသန့်စင်ဖို့ ဟန်ပြင်လိုက်၏။
နတ်ဘုရားသွေးစက်အစိတ်အပိုင်းတစ်ခုသည် ချောင်ဖုန်းတွင် ရှိနေသော နတ်ဘုရားသွေးစက်နဲ့ပေါင်းစပ်၍ သွားလေသည်။ ချောင်ဖုန်းသည် သူရရှိထားသော ကျင့်ကြံခြင်းစွမ်းအင်များအား သန့်စင်ကာ စုပ်ယူနေခဲ့၏။
နတ်ဘုရားသွေးစက်အစိတ်အပိုင်းလေးမှ ရရှိလာသော စွမ်းအင်များကြောင့်ချောင်ဖုန်းသည် အနိူင်းမဲ့နယ်ပယ်အလယ်အလတ်အဆင့်ကို ထိုးဖောက်ရန် စွမ်းအား အနည်းငယ်သာ လိုတော့တဲ့အတွက် ပျော်ရွင်နေခဲ့၏။
ရီချုံနဲ့ရန်ယိုသည်လည်း သိုင်းအဆင့်တက်ရန် ကျင့်ကြံနေပြီဖြစ်သည်။ နတ်ဆိုးနယ်မြေရှိ ကျင့်ကြံသူအများစုသည် အဖွဲ့အစည်းတစ်ခုအဖြစ် တည်ထောင်၍ တစ်စုံတစ်ရာကို ကြံစည်နေတဲ့အကြောင်း ချောင်ဖုန်းသည် သိရှိသွားခဲ့၏။
ရှုယန်သည် "စီနီယာအကို........ဆရာအကြီးအကဲတွေလဲ မရှိဘူးဆိုတော့ ကျွန်တော်တို့ ဒီကိစ္စကို ဝင်မပါရင်ကောင်းမလား " လို့ ချောင်ဖုန်းအား မေးလိုက်သည်။ ချောင်ဖုန်းသည် ထိုအခြေအနေကို စောင့်ကြည့်ဖို့ လူတချို့ကို စေခိုင်းထားလိုက်၏။
ထို့နောက် ချောင်ဖုန်းသည် အခြေအနေ မထူးသရွေ့ ကျင့်ကြံခြင်းကိုသာ အာရုံစိုက်ခိုင်းလိုက်သည်။ နတ်ဆိုးနယ်မြေတွင် များစွာသော လူများသည် အမှောင်ထုထဲတွင် မီးတုတ်များကိုင်ကာ စုဝေးနေကြ၏။
ထိုအဖွဲ့ထဲတွင် အဖြူရောင်ဝတ်စုံ ဝတ်ဆင်ထားသော လူတစ်ယောက်သည် ထိုအဖွဲ့ရဲ့ ခေါင်းဆောင်တစ်ယောက်ဖြစ်ပြီး အစီအစဥ်များကို မိန့်ကြားနေခဲ့သည်။ထိုလူသည် သူ့လက်ချောင်းများကို ဆုပ်လိုက်ပြီး " ဒီတာဝန်ပြီးရင် မကြာခင်မှာ ငါကိုယ်တိုင်မင်းကို လာသတ်မယ် " လို့ မကျေနပ်စွာဖြင့် ကြိမ်းဝါးနေခဲ့၏။
ချောင်ဖုန်းသည် အထက်နယ်မြေရှိ အလွန်ပင်ငြိမ်သက်လာသော တောင်ဂူလေးတစ်ခုအတွင်းတွင် အဆင့်၈ဆေးလုံးများကို ဖော်စပ်နေခဲ့သည်။ ဆေးလုံးများဖော်စပ်ပြီးတဲ့အခါ ချောင်ဖုန်းသည် တစ်လုံးချင်းစီ မျိုချလိုက်ပြီး ဆေးလုံးရဲ့ စွမ်းအားများကို စတင်စုပ်ယူပါတော့၏။
ချောင်းဖုန်းသည် ဆေးလုံး၃၀ကျော်၏ စွမ်းအားများကို စုပ်ယူပြီးတဲ့နောက် မှာတော့ အနိူင်းမဲ့နယ်ပယ်အလယ်အလတ်အဆင့်ကို ထိုးဖောက်ရန် စွမ်းအားများမှာ လုံလောက်သွားပြီဖြစ်သည်။ ချောင်ဖုန်းသည် စကြာဝဠာအစီအရင်ကို ထုတ်ကာ သူနေသော တောင်တစ်ခုလုံးအား အကာအကွယ် အစီအရင် တစ်ခု ဖန်တီးလိုက်၏။
ထို့နောက် ချောင်ဖုန်းသည် အနိူင်းမဲ့နယ်ပယ်အလယ်အဆင့်ကို ထိုးဖောက်ကို စတင်၍ ကျင့်ကြံပါတော့သည်။
လအနည်းငယ်ကြာတဲ့အခါ မထင်မှတ်ထားသော သတင်းတစ်ခုကြောင့် ရှုယန်တို့သည် ကြောက်လန့်သွားကြရ၏။
အထက်နယ်မြေ၇ခုလုံးရှိ အင်အားကြီးသော မျိုးနွယ်စုများသည် ပိုဖန်ဟု ခေါ်သော ဂိုဏ်းအဖွဲ့အစည်းတစ်ခုကို တည်ထောင်လိုက်ခြင်းပင်ဖြစ်သည်။ ပိုဖန်ဂိုဏ်းရဲ့ ခေါင်းဆောင်သည် အကြီးအကဲ လျန့်ဖုန်၏ သားတပည့်တစ်ယောက်ပင် ဖြစ်၏။
လျန့်ဖုန်ဆိုသည်မှာ တခြားသူမဟုတ်ဘဲ နတ်ဘုရားနယ်ပယ်အဆင့်ကို ထိုးဖောက်ရန် ကျင့်ကြံနေသော အထက်နယ်မြေ၏ အုပ်ချုပ်နေသော ခေါင်းဆောင်တစ်ယောက်ပင် ဖြစ်ပေသည်။သို့သော် လျန့်ဖုန်သည် ပျောက်ကွယ်သွားသည်မှာ နှစ်ပေါင်းမရေတွက်နိုင်တော့ပေ။
အထက်နယ်မြေကို အုပ်ချုပ်နေသော အနိူင်းမဲ့နယ်ပယ်အဆင့် ဆရာကြီး၅ယောက်လုံးသည် ကျင့်ကြံဖို့ ထွက်ခွာသွားပြီဖြစ်၏။ ထို့ကြောင့် အင်အားကြီးသော မျိုးနွယ်စုဝင်များသည် ကာကွယ်စောင့်ရှောက်သူများအဖွဲ့ကို အလိုမရှိတော့ပေ။
ကာကွယ်စောင့်ရှောက်သူများအဖွဲ့များသည်လည်း ထိုသတင်းကို ကြားသိရတာနဲ့ ပူးပေါင်းလိုက်ကြပြီး ပိုဖန်ဂိုဏ်းလှုပ်ရှားလာမည့်အချိန်ကို စောင့်ဆိုင်းနေခဲ့၏။ ပိုဖန်ဂိုဏ်းအဖွဲ့အစည်းသည် အထက်နယ်မြေကို နှစ်ပေါင်းများစွာ စောင့်ကြည့်လာသော ကာကွယ်စောင့်ရှောက်သူများကို အထင်မသေးရဲပေ။
အထက်နယ်မြေတွင် မတည်ငြိမ်မှုများသည် နယ်မြေအနှံအပြားမှာ စတင်၍ ဖြစ်ပေါ်လာခဲ့၏။ ကာကွယ်စောင့်ရှောက်သူများထဲတွင် ယန်ခဲလို့ ခေါ်သော တစ်ယောက်သည် "ရှုယန်.......တကယ်ပဲ ဆရာက သူ့ကို အနိူင်းမဲ့သတ်ဖြတ်ခြင်းရတနာကို ပေးခဲ့တာလား...." လို့ မေးလိုက်သည်။
ရွှီးချန်းသည် "စီနီယာအကို .......ဒီကိစ္စက ကာကွယ်စောင့်ရှောက်သူအားလုံးနဲ့ သက်ဆိုင်တဲ့အတွက် ကျွန်တော်တို့က ဘယ်လိုလုပ်လိမ်ညာရဲမှာလဲ " ဟု ပြန်ပြောလိုက်၏။ ယန်ခဲသည် သူ့လက်ဖမိုးပေါ်တွင် တပ်ဆင်ထားသော သံဆူးချွန်းကို ပွတ်သက်လိုက်ပြီး "ဒါဆိုလဲ သူထွက်လာတဲ့အချိန်ထိ ငါတို့ ဒီကောင်တွေကို သည်းခံပြီးနေရအုံးမှာပေါ့ " လို့ ပြောလိုက်သည်။
အချိန်သည် ၁၀နှစ်ခန့်ပင် ကြာတဲ့အခါ ဂူအတွင်းထဲရှိကောင်လေးတစ်ယောက်သည် တောက်ပသော မျက်လုံးတစ်စုံမှာ ပြန်ပွင့်လာခဲ့၏။ထိုလူကတော့ ချောင်ဖုန်းပင် ဖြစ်ပြီး သူ့ရဲ့စွမ်းအားအရှိန်အဝါများမှာ ခန္ဓာကိုယ်သွေးကြောများတစ်လျှောက် အသွင်သွင်စီးဆင်းနေခဲ့သည်။
ချောင်ဖုန်းသည် စကြာဝဠာအစီအရင်ရတနာအား ပြန်သိမ်းလိုက်ပြီး ကောင်းကင်ယံအထက်သို့ တက်သွားခဲ့၏။ ချောင်ဖုန်းသည် သူစွမ်းအားများကို စုစည်းလိုက်ပြီး ကြီးမားသောတောင်ကုန်းတစ်ခုအား တိုက်ခိုက်လိုက်သည်။
ထိုအခါ အလွန်ပင်မြန်ဆန်လှသော စွမ်းအင်အလင်းတန်းကြီးသည် တောင်ကုန်းပေါ်သို့ ကျရောက်သွားတဲ့အခါ ဧရာမတောင်ကုန်းတစ်ခုလုံးသည် တစ်စစီ ပေါက်ကွဲထွက်သွားခဲ့၏။ ချောင်ဖုန်းသည် စွမ်းအား၁၀ရာခိုင်နှုန်းတောင် အသုံးမပြုလိုက်ရပေ။
ပိုဖန်ဂိုဏ်း၏ ဝိညဥ်နယ်ပယ်အဆင့် တိုက်ခိုက်ရေးသမားများစွာသည် ကာကွယ်စောင့်ရှောက်သူများနေထိုင်သော ချန်ဟွားနန်းတော်၏ ကောင်းကင်ယံအထက်တွင် စွမ်းအားအရှိန်အဝါများထုတ်လွင့်၍ တိုက်ခိုက်ရန် စောင့်ဆိုင်းနေကြ၏။
ယန်ခဲ့သည် သူနေသောနေရာမှ ပျောက်ကွယ်သွားခဲ့ပြီး ပိုဖန်ဂိုဏ်းရှိ လူများရှေ့သို့ လျှပ်တစ်ပြက်အတွင်း ပေါ်လာခဲ့သည်။ ယန်ခဲ့သည် ဝိညဥ်နယ်ပယ်အထွဋ်အထိပ်ဖြစ်သော သူရဲ့စွမ်းအား အရှိန်အဝါကို ထုတ်လွင့်လိုက်ပြီး "နောက်ဆုံးတော့ မင်းတို့က သေဖို့ မစောင့်နိုင်တော့ဘူးပဲ " လို့ ပြောလိုက်၏။
ပိုဖန်ဂိုဏ်းရှိ မော့ဘိုင်ဟု ခေါ်သောလူသည်လည်း ဝိညဥ်နယ်ပယ်အထွဋ်စွမ်းအားအရှိန်အဝါကို ထုတ်လွင့်ပြီး "ယန်ခဲ့.. ယန်ခဲ့.....မင်းဘာလို့ ငါတို့နဲ့ မပူးရတာလဲ ၊ ချန်ဟွားနန်းတော်မှာ နေတော့ရော မင်းအတွက် ဘာအကျိူးမြတ်ရမှာမို့လို့လဲ " ဟု အေးဆေးပင် ပြောလိုက်သည်။
မော့ဘိုင်၏ စကားကြောင့် ယန်ခဲ့သည် အနည်းငယ်တွေဝေ၍ သွားလေ၏။ မော့ဘိုင်ရဲ့ စကားမှာ အမှန်အကန်ပင် ဖြစ်သည်။
ကာကွယ်စောင့်ရှောက်သူများအဖွဲ့သည် စွမ်းအားအရင်းအမြစ်အနည်းကို ရရှိရုံက လွဲရင် ကျန်တာ ဘာမှ မရရှိပေ။
ကို့ယ်အစွမ်းစကိုသာ အားကိုး၍ ကျင့်ကြံမှုကို တိုးမြှင့်ရခြင်း ဖြစ်၏။ ထိုအားလုံးရဲ့ တရားခံကတော့ လျန့်ဖုန်ပင် ဖြစ်သည်။
လျန့်ဖုန်သည် အထက်နယ်မြေတွင် မှော်အဂ္ဂိရတ်ရှင်များအား နေခွင့်မပြုခြင်းပင် ဖြစ်သည်။
သို့သော် လျန့်ဖုန် မရှိတော့တဲ့အခါ အထက်နယ်မြေတွင် အဂ္ဂိရတ်အဖွဲ့အစည်းများသည် နေရာအနှံ့အပြားသို့ ရောက်ရှိလာခဲ့ခြင်းဖြစ်၏။ သို့သော် ထိုအဂ္ဂိရတ်အဖွဲ့အစည်းများသည် ချန်ဟွားနန်းတော်နဲ့ ပူးပေါင်းခြင်းဖြစ်ပေသည်။
ယန်ခဲ့သည် သူ့စွမ်းအားများကို ပြန်လည် ရုတ်သိမ်းလိုက်ပြီး "မော့ဘိုင်.......ပိုဖန်ဂိုဏ်းက ငါ့ကို တကယ်ပဲ လက်ခံမှာလား " လို့ ပြောလိုက်၏။
မော့ဘိုင်သည် ပြုံးပျော်စွာဖြင့် "ငါတစ်ယောက်လုံးရှိနေတာတောင် မင်းက မယုံတာလား...."လို့ ပြောလိုက်သည်။ မော့ဘိုင်သည် နဂိုက ကာကွယ်စောင့်ရှောက်သူတစ်ယောက်ပင် ဖြစ်၏။ ယန်ခဲ့သည် သူ့အား အလေးမထားသော ချန်ဟွားနန်းတော်ကို စွန့်ခွာဖို့ ဆုံးဖြတ်လိုက်ပြီး "ကောင်းပြီ.......ငါရဲ့ ကျန်ရှိတဲ့ဘဝကို ပိုဖန်ဂိုဏ်းတိုးတက်ဖို့ ကြိုးစားရမယ် " လို့ ရေရွတ်ကာ မော့ဘိုင်သို့ အနားသို့ ပျံသန်းကာ ရပ်လိုက်လေသည်။
ထိုအခါ ရှုယန်သည် "ဆောက်ရူး....လတ်စသတ်တော့ မင်းကသူရဲဘောကြောင်ပဲ " ဟု ပြောလိုက်၏။ ယန်ခဲ့သည် "မင်းတို့ကသာ ဆောက်ရူးတွေ " လို့ ပြောပြီး တိုက်ခိုက်ဖို့ ဟန်ပြင်လိုက်သည်။