← Chapters

အခန်း (၂၀၃)

Vol. 15 Ch. 203

အခန်း (၂၀၃)

Vol. 15 Ch. 203

ယန်ခဲ့သည် သူ့စွမ်းအားများကို အသုံးပြုလိုက်တဲ့အခါ စိမ်းလဲ့လဲ့တောက်ပနေသော အတောင်ပံတစ်စုံသည် သူနောက်ကျောတွင်

ထွက်ပေါ်လာခဲ့၏။

ယန်ခဲ့သည် ရှုယန်အား လက်ညိုးထိုးကာ" သွားသေလိုက်တော့......"လို့ ပြောလိုက်တဲ့အခါ အတောင်ပံထဲမှ အစိမ်းရောင်စွမ်းအင်အလင်းတန်းကြီးသည် ရှုယန်ရှိသို့ တရှိန်ထိုး ပြေးဝင်သွားလေသည်။

သို့သော် ထိုစွမ်းအင်အလင်းတန်းကြီးသည် ရှုယန်ရှိသို့ မရောက်ခင်မှာပဲ ကြောက်မက်ဖွယ်ကောင်းသော အနက်ရောင်စွမ်းအင်အခိုးအငွေ့နဲ့ ထိပ်တိုက်ဆုံသွားတဲ့အခါ ချက်ချင်းအားလျော့သွားကာ ပျောက်ကွယ်၍ သွားခဲ့၏။

ထို့အပြင် အနက်ရောင်စွမ်းအင်အငွေ့အတန်းကြီးသည် ယန်ခဲ့တို့ အဖွဲ့ရှိသို့ ဦးတည်၍ လာလေသည်။ မော့ဘိုင်သည် အနက်ရောင်ချီစွမ်းအင်အခိုးအငွေ့မှ ကြောက်စရာကောင်းသော စွမ်းအားအရှိန်အဝါကို ခံစားရလိုက်သဖြင့် "သုံးရောင်ခံတပ်အစီအရင် ဖွင့်လိုက်တော့ " လို့ ကြောက်လန့်တကြားဖြင့် ပြောလိုက်၏။

အားလုံးသည် လက်ချောင်းများကို တူညီစွာလှုပ်ရှားလိုက်ကြသည်။ထို့နောက် လျင်မြန်သော အရှိန်ဖြင့် ဦးတည်လာနေသော အနက်ရောင်ချီစွမ်းအင်အခိုးအငွေ့အသက်အား သူတို့ရဲ့စွမ်းအားများဖြင့် ပစ်သွင်းလိုက်ကြ၏။

ပိုဖန်ဂိုဏ်းသားများ ပစ်သွင်းလိုက်သော စွမ်းအားများသည် စုစည်း၍ သွားပြီး အလွန်ပင်ကြီးမားသော ခရမ်းရောင်ပန်းပွင့်ပုံစံရှိသောဒိုင်းကာကြီးအဖြစ်သို့ ပြောင်းလဲသွားသည်။

မော့ဘိုင်သည် ဒိုင်းကာကြီးပေါ်လာမှသာ စိတ်အေး၍ သွားပြီး " ယန်ခဲ့.......ကာကွယ်စောင့်ရှောက်သူအဖွဲ့ထဲမှာ မင်းထက်တော်တဲ့လူရှိနေတာလား...." လို့ မေးလိုက်၏။

ယန်ခဲ့သည် မော့ဘိုင်အား ခေါင်းခါပြလိုက်ပြီး သူစိတ်ထဲမှာတော့

"ဖြစ်နိုင်တာသူလား....." ဟု တွေးတောနေလေသည်။ ထိုချိန်မှာပဲ

အနက်ရောင်ချီစွမ်းအင်အခိုးအငွေ့ကြီးသည် ခရမ်းရောင်ပန်းပွင့်ဒိုင်းကာ ပေါ်သို့ ကျရောက်သွားတဲ့အခါ အလွန်ပင်ခံနိုင်ရည်အားကောင်းပုံပေါ်သော ခရမ်းရောင်ပန်းပွင့် ဒိုင်းကာကြီးသည် တစ်စစီ ပျက်စီး၍ သွား၏။

ထို့အပြင် အနက်ရောင်ချီစွမ်းအင်အခိုးအငွေ့ကြီးသည် ရပ်တန့်ခြင်းမရှိသေးပေ။ မော့ဘိုင်သည် "သေစမ်း..... အဲ့တာဘယ်လိုစွမ်းအားမျိုးလဲ " လို့ ရေရွတ်လိုက်ပြီး သူရှိနေသော နေရာမှ ရှောင်ပြေးလိုက်လေသည်။

ကျင့်ကြံမှု စွမ်းအား နိမ့်နေသော ပိုဖန်ဂိုဏ်းသားများသည် အနက်ရောင်ချီစွမ်းအင်အခိုးအငွေ့၏ ဖျက်စီးမှုအောက်မှာ ပျောက်ကွယ်သွား၏။ ပိုဖန်ဂိုဏ်း၏ လူအနည်းငယ်လောက်သာ လွတ်မြောက်သွားခဲ့သည်။

အားလုံးငြိမ်သက်သွားတဲ့အခါ ချန်ဟွားနန်းတော်၏ ကာကွယ်စောင့်ရှောက်သူများအဖွဲ့ရှေ့တွင် မျက်နှာအောက်ပိုင်းကို ပန်းရောင်ဇာပုဝါဖြင့် ဖုံးအုပ်ထားသော မိန်းမပျိူတစ်ယောက်သည် ထွက်ပေါ်လာခဲ့၏။

မော့ဘိုင်သည် အလွန်ပင် ချောမောလှပသော မိန်းမပျိူတစ်ယောက်ကို တွေ့တဲ့အခါ "ယန်ခဲ့....... သူက မင်းတို့ ချန်ဟွားနန်းတော်က လူလား " ဟု မေးမြန်းလိုက်သည်။ယန်ခဲ့သည် မော့ဘိုင်အား ဂရုမစိုက်ပဲ ကြောင်အစွာဖြင့် မိန်းမပျိုအားကြည့်ကာ "နင်က ဘယ်သူလဲ......." လို့ မေးမြန်းလိုက်၏။

ထိုအခါ မိန်းမပျိုသည် "သေရတော့မယ့် လူတွေက ကျွန်မအကြောင်းကို သိချင်နေတာလား....." လို့ ပြတ်သားစွာပြောလိုက်သည်။ ယန်ခဲ့သည် မိန်းမသားတစ်ယောက်က သူ့အား သတ်မည်ပြောဆိုနေသောကြောင့် ဒေါသပင်ထွက်သွား၏။

သို့သော် ယန်ခဲ့သည် မလှုပ်ရှားရဲခဲ့ပေ။ ထိုချိန်မှာ မော့ဘိုင်သည် "ယန်ခဲ့.......မင်းနဲ့ငါ ပေါင်းရင်တော့ ဒီမိန်းမကို ကျိန်းသေနိုင်လောက်မှာပါ " လို့ ပြောလိုက်သည်။ ယန်ခဲ့သည် မော့ဘိုင်းအား ခေါင်းငြိမ့်ပြလိုက်၏။

ယန်ခဲ့နဲ့ မော့ဘိုင်သည် ဝိညဥ်နယ်ပယ် အထွဋ်အထိပ် စွမ်းအားအရှိန်အဝါများ ထုတ်ကာ "ကောင်မစုတ်......ငါ့လက်အောက်မှာ သေပေတော့ " လို့ ကြိမ်းဝါးလိုက်သည်။ရုတ်တရက် နှစ်ယောက်လုံးသည် နောက်ကွယ်မှ စွမ်းအားများဖြာထွက်နေသောပန်းရောင်စွမ်းအင်လုံး၏ တိုက်ခိုက်ခြင်းကို ခံလိုက်ရပြီး မြေပြင်ပေါ်သို့ ပြုတ်ကျသွားခဲ့၏။

မော့ဘိုင်နဲ့ ယန်ခဲ့သည် မြေကြီးအတွင်းမှ မနည်းပင်ပြန်ထလိုက်ပြီး

ကောင်းကင်ယံကို ပြန်ကြည့်လိုက်တဲ့အခါ ပန်းရောင်စွမ်းအားအရှိန်အဝါများဖြာထွက်နေသော မိန်းမပျိုတစ်ယောက်နဲ့ အနက်ရောင်စွမ်းအင်များ ဖြာထွက်နေသော မိန်းမပျို တစ်ဦးအား တွေ့လိုက်ရလေသည်။

နှစ်ယောက်လုံးသည် သေမတက်ကြောက်ရွံသွားကြပြီး " အနိူင်းမဲ့နယ်ပယ်အဆင့်လား....." ဟု ပြိုင်တူရွတ်လိုက်မိ၏။ ထိုချိန်မှာပဲ သူတို့ အသက်အား သတ်ဖြတ်နှုတ်ယူတော့မည့် စွမ်းအင်အလင်းတန်းများ ကျလာတဲ့အခါ မော့ဘိုင်နဲ့ ယန်ခဲ့သည် ကြောက်လန့်စွာအော်ဟစ်လိုက်ကြသည်။

ထိုချိန်မှာပဲ လေဟာနယ်အက်ကွဲကြောင်းထဲမှ လူတစ်ယောက်သည် ထွက်ပေါ်လာခဲ့ပြီး သေဆုံးသွားသော မော့ဘိုင်းနဲ့ယန်ခဲ့ကို ကြည့်ကာ "ငါလာတာ နောက်ကျသွားပြီပဲ " ဟု တိုးတိုးလေး ရေရွတ်လိုက်၏။

ချန်ဟွားနန်းတော်မှ များစွာသော ကာကွယ်စောင့်ရှောက်သူများသည် အနက်ရောင်ဝတ်စုံဖြင့် လူငယ်ကို မြင်တဲ့အခါ ချက်ချင်းပင် ဒူးထောက်သွားကြပြီး "စီနီယာခေါင်းဆောင်ကို အရိုအသေ ပြုပါတယ် " လို့ ပြောကာ ဂါဝါရ ပြုလိုက်ကြသည်။

ချောင်ဖုန်းသည် ခေါင်းငြိမ့်ပြလိုက်ပြီး ပိုဖန်ဂိုဏ်းမှ ကျန်ရှိသေးသော လူများအား သတ်ဖြတ်ဖို့ စေခိုင်းလိုက်၏။ ပိုဖန်ဂိုဏ်းရှိ လူများအားလုံးသည် သူတို့အဖွဲ့ရဲ့ ခေါင်းဆောင်သေဆုံးသွားတဲ့အခါ လျင်မြန်စွာ ထွက်ပြေးသွားကြလေသည်။

သို့သော်များလည်း တစ်စုံတစ်ယောက်ပင် မလွတ်မြောက်ခဲ့ပေ။ မိန်းမပျိုနှစ်ယောက်သည် ချောင်ဖုန်းကို တွေ့တဲ့အခါ ဝမ်းသာအားရဖြင့် ချောင်ဖုန်းအနားကို ပြေးသွားကြ၏။ ချောင်ဖုန်းသည် နှစ်ယောက်လုံးထဲမှ အနိူင်းမဲ့နယ်ပယ်အဆင့် စွမ်းအားအရှိန်အဝါများ ခံစားနေရသဖြင့် ဝမ်းသာနေခဲ့သည်။

မိန်းမပျိုနှစ်ယောက်သည် ချောင်ဖုန်းကို ဖက်ထားလိုက်ပြီး ချွဲနွဲ့သော အမူအယာအဖြစ်သို့ ပြောင်းလဲသွားကြ၏။ ဘေးက ကြည့်နေသော ကာကွယ်စောင့်ရှောက်သူများသည် ထိုအဖြစ်ပျက်ကို ကြည့်ကာ ရူးခါသွားကြသည်။

အလွန်ပင် ကြောက်မက်ဖွယ်ကောင်းသော အနိူင်းမဲ့နယ်ပယ်အဆင့်ကို ရောက်ရှိနေသော မိန်းမပျိုနှစ်ယောက်သည် သူတို့၏ စီနီယာခေါင်းဆောင်နဲ့တွေ့တဲ့ ကလေးလေးတစ်ယောက်လို ဖြစ်သွားလိမ့်မည်ဟု မထင်ထားခဲ့ချေ။

ချောင်ဖုန်းသည် ရွယ်ချင်း နဲ့ရှယုအား အထက်နယ်မြေကို ဘယ်လိုဖြစ်လို့ ရောက်ရှိလာကြောင်း မေးမြန်းလိုက်၏။ ထိုအခါ ရွယ်ချင်းနဲ့ ရှယုသည် သူတို့နှစ်ယောက်လုံးသည် အနိူင်းမဲ့နယ်ပယ်အဆင့်ကို

ရောက်ရှိသွားပြီ ဖြစ်၍ ချောင်ဖုန်းကို ကာကွယ်စောင့်ရှောက်ဖို့ ရောက်ရှိလာတဲ့အကြောင်း ပြောပြလိုက်သည်။

သူရဲ့မိန်းမနှစ်ယောက်သည် သူ့အားစိတ်ပူ၍ ကလေးတွေကို ပစ်ထားခဲ့ကာ အထက်နယ်မြေကိုတောင် လိုက်လာလိမ့်မည်လို့ မထင်ထားခဲ့ပေ။

ချောင်ဖုန်းသည် အားလုံးကို ရှင်းလင်းပြီး ကိုယ်နေရာကိုယ်ပြန်ဖို့ အမိန့်ပေးလိုက်၏။ ထို့နောက် သူ့မိန်းမနှစ်ယောက်အား ချန်ဟွားနန်းတော်ရှိ သူနေသော အခန်းထဲသို့ ခေါ်လာခဲ့၏။ ရွယ်ချင်းသည် ကိုကို ချောင်ဖုန်း ရှင်ဘာတွေ ကြံစည်နေတာလဲ " လို့ မေးလိုက်သည်။

ချောင်ဖုန်းသည် သူ့မိန်းမ နှစ်ယောက်မှ သူ့ကို တမျိုးထင်နေလိမ့်မည်လို့ မမျှော်လင့်ထားခဲ့ပေ။ချောင်ဖုန်းသည် ပြုံးလိုက်ပြီး နှစ်ယောက်လုံးရဲ့ခါးကို ဖက်ပြီး ကုတင်ပေါ်တွင် ထိုင်ချလိုက်၏။ မိန်းမပျိူနှစ်ယောက်လုံးသည် ရှက်ရှက်ဖြင့် ချောင်ဖုန်းကို မျက်နှာလွဲနေခဲ့သည်။

ချောင်ဖုန်းသည် သူတို့နှစ်ယောက်လုံးရဲ့ခါးများရှိ လက်များကို လွှတ်ချလိုက်ပြီး ကုတင်ပေါ်သို့ ပစ်လှဲချလိုက်၏။ ထိုအခါမှ ချောင်ဖုန်းသည် သူတို့နှစ်ယောက်ကို စနောက်နေမှန်း မိန်းမပျိုနှစ်ယောက်လုံးသည် သိရှိသွားခဲ့သည်။

All Chapters