← Chapters

အခန်း (၂၀၄)

Vol. 15 Ch. 204

အခန်း (၂၀၄)

Vol. 15 Ch. 204

ချောင်ဖုန်းသည် စိတ်ပျက်စွာသော လေသံဖြင့် အထက်နယ်မြေတွင် ဖြစ်ပျက်နေသော အရာများအားလုံးကို ရှင်းပြလိုက်၏။ နတ်ဘုရားနယ်ပယ်ဟု ကြားလိုက်တဲ့အခါ ရွယ်ချင်းနဲ့ရှယုသည် သူတို့ကလေးများအတွက် စိုးရိမ်ပူပန်စိတ်များ ဖြစ်ပေါ်သွားခဲ့သည်။

ရှယုသည် မပြောရဲပြောရဲဖြင့် အားတင်းကာ "ယောကျာ်း.... အဲ့တာဆို ရှယုတို့ ဘယ်လိုဆက်လုပ်ကြမလဲ "လို့ ပြောလိုက်၏။ ချောင်ဖုန်းသည် ရွယ်ချင်းနဲ့ ရှယုအား အချိန်ရှိသေးတဲ့အတွက် စိတ်မပူဖို့ ပြောလိုက်သည်။

လောလောဆယ်တွင် နယ်မြေ ၇ ခုတွင် ရှိနေသော သောင်းကျန်းသူများကို အရင်ဖြေရှင်းရန် ချောင်ဖုန်းသည် ဆုံးဖြတ်လိုက်၏။နတ်ဆိုးနယ်မြေ၏ တောက်ပသော ကျောက်စိမ်းပလ္လင်တွင် လူတစ်ယောက်သည် မှေးထောက်ကာ ထိုင်နေခဲ့သည်။ ထိုလူသည် သူ့စိတ်ထဲတွင် နာကျဥ်းမုန်းတီးစိတ်များ ပြင်းထန်နေခဲ့၏။

ထိုချိန်လူတစ်ယောက်သည် အမြန်ပြေးဝင်လာပြီး ကြောက်ရွံစွာ တုန်တုန်ချီချီဖြင့် "ခေါင်းဆောင်........ချန်ဟွားနန်းတော်ကို သွားတဲ့မော့ဘိုင်တို့ တစ်ဖွဲ့လုံး ပြန်လာနိုင်တော့မှာ မဟုတ်ဘူး " လို့ ပြောလိုက်သည်။

ထိုအခါ ပိုဖန်ဂိုဏ်း၏ ခေါင်းဆောင်သည် ထိုသတင်းကြောင့် တုန်လှုပ်သွားပြီး မတ်တပ်ထရပ်ကာ "ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ........ချန်ဟွားနန်းတော်မှာ မော့ဘိုင်ကို သတ်ဖြတ်နိုင်တဲ့လူက ဘယ်လိုလုပ်ရှိလာတာလဲ " လို့ စိတ်ပျက်စွာပြောပြီး ပလ္လင်ပေါ်သို့ ပြန်ထိုင်ချလိုက်၏။

ဒူးထောက်နေသောလူသည် "ခေါင်းဆောင်.......ကျွန်တော် နောက်ထပ် သတင်းရရှိထားတာကတော့ ချန်ဟွားနန်းတော်ရဲ့ ကာကွယ်စောင့်ရှောက်သူတွေက နယ်မြေ၇ခုမှာရှိတဲ့ ကျွန်တော်တို့ရဲ့လက်အောက်ခံတွေကို အမြစ်ပြတ်ရှင်းလင်းသုတ်သင်ဖို့ စီစဥ်နေတဲ့အကြောင်း ကြားသိရထားပါတယ် " ဟု ပြောလိုက်သည်။

ပလ္လင်ပေါ်မှာ ထိုင်နေသောလူသည် "ကောင်းပြီလေ.......ငါတို့ရဲ့စွမ်းအားအစစ်အမှန်ကို ပြရသေးတာပေါ့ " လို့ ပြောလိုက်ပြီး အားလုံးကို အဆင့်သင့် ပြင်ထားဖို့ အမိန့်ပေးလိုက်၏။

ချောင်ဖုန်းသည် နယ်မြေ၇ခုလုံးအား သူကိုယ်တိုင် ရှင်းလင်းမည် ဖြစ်တဲ့အတွက် ရွယ်ချင်း ၊ ရှယုတို့နဲ့အတူ ချန်ဟွား နန်းတော်မှ ထွက်ခွာလာခဲ့သည်။ ချောင်ဖုန်းသည် နယ်မြေ၇ခုအား မလာခင်မှာ သတင်းအချက်အားလုံးကို စုံစမ်း ပြီးပြီ ဖြစ်၏။

ရေခဲစွယ်နယ်မြေရှိ ဖူယဲ့လေလံစံအိမ်တော်ကြီး၏ ခြံဝန်းထဲတွင် လူများစွာ အုံခဲ၍ နေလေသည်။ဖူယဲ့အိမ်တော်သည် ၁၀နှစ်အတွင်းမှာပဲ ရေခဲစွယ်နယ်မြေ၏ အလွန်ပင် အင်အားကောင်းသော စံအိမ်တစ်ခုပင် ဖြစ်လာခဲ့ခြင်း ဖြစ်၏။

ဖူယဲ့လေလံစံအိမ်တော်၏ တံခါးစောင့်သည် ချောင်ဖုန်းတို့ကို တွေ့တဲ့အခါ တားလိုက်ပြီး ဝင်ခွင့်မပေးခဲ့ချေ။ ထိုလူသည် ချောင်ဖုန်းအား "ကောင်စုတ်လေး........ဒီနေရာက ဘယ်လိုနေရာလဲ မင်းသိရဲ့လား ၊ နောက်ပြီး ဒီနေ့မှာ သခင်မလေး ကျောက်ယွီရဲ့ စံအိမ်သခင်ဆက်ခံပွဲရှိတဲ့အတွက် အရေးကြီးပုဂ္ဂိုလ်က လွဲရင် တခြားလူကို ဝင်ခွင့်ရမှာမဟုတ်ဘူး " လို့ လေသံမာမာဖြင့် ပြောလိုက်၏။

ရှယုသည် ထိုလူအား အဝေးကပင် သူ့ရဲ့စွမ်းအားဖြင့် ပါးရိုက်ချလိုက်တဲ့အခါ ထိုလူသည် တံခါးနဲ့စောင့်ကာ လွင့်ပြန်ထွက်သွားသည်။ ရှယုသည် သူ့စွမ်းအားအနည်းငယ်လေးတောင် တစ်ဖက်လူမှာ ခံနိုင်ရည် မရှိလိမ့်မည်လို့ မထင်ထားခဲ့ပေ။

ဖူယဲ့အိမ်တော်ရဲ့ တံခါးစောင့်သည် ခြံဝန်းထဲသို့ လွင့်ပြန်၍ ဝင်လာတဲ့အခါ ကျန်ရှိသော အစောင့်များသည် ရှိသော နေရာများမှာ တံခါးပေါက်နားသို့ လျင်မြန်စွာ ရောက်ရှိလာကြ၏။

ဖူယဲ့အိမ်တော်၏ အစောင့်ခေါင်းဆောင် ယွဲ့ချန်သည် သူ့ဓားအား လေဝိညဥ်စွမ်းအင် အသက်သွင်း၍ ခြံဝန်းအတွင်းသို့ ဝင်လာသော ချောင်ဖုန်းတို့အား ရွယ်လိုက်ပြီး "မင်းတို့က ဘယ်သူလဲ.......ဖူယဲ့အိမ်တော်ကို ပြသာနာရှာရဲတဲ့အတွက် မင်းတို့သုံးယောက်ကို ဖမ်းဆီးစစ်ဆေးရလိမ့်မယ် " လို့ ပြောလိုက်သည်။

ထိုချိန်မှာ ကျောက်ရန်နဲ့ကျောက်ယွီသည် လူအုပ်ကြီးကြားမှ ထွက်ပေါ်လာပြီး ကျောက်ရန်သည် ဒေါသသံဖြင့် "ဖူယဲ့စံအိမ်မှာ ဘယ်သူက လာပြီး ပြသာနာရှာရဲတာလဲ" ပြောကာ ယွဲ့ချန်ရဲ့ နောက်ကို ရောက်ရှိလာခဲ့၏။

ယွဲ့ချန်သည် ကျောက်ရန်ကို အရိုအသေပြုကာ ချောင်ဖုန်းအား လက်ညိုးထိုးကာ "သူတို့သုံးယောက်ပဲ သခင်ကြီး ၊ ဒီကိစ္စ ယွဲ့ချန် တာဝန်ပဲ ထားလိုက်ပါ " လို့ ပြောလိုက်သည်။

ကျောက်ရန်သည် ချောင်ဖုန်းကိုတွေ့တဲ့အခါ အံ့အားသင့်သွားပြီး "သခင်လေး.....တကယ်ပဲ မင်းပဲကိုး ၊ သခင်လေးလာမှန်းမသိလို့ မကြိုဆိုမိလို့ ကျွန်တော်မျိုးကို ခွင့်လွတ်ပေးပါ " ဟု လက်နှစ်ဖက်ဆုပ်၍ ခေါင်းငုံကာ အရိုအသေပေးလိုက်၏။

ယွဲ့ချန်သည် သူနဲ့ ရွယ်တူပင် ရှိသော ချောင်ဖုန်းကို ကျောက်ရန်လို စံအိမ်သခင်ကြီးမှ ရိုရိုသေသေဆက်ဆံနေတဲ့အတွက် မယုံကြည်နိုင်ဖြစ်သွားပြီး "သခင်ကြီး......သူက "လို့ ပြောကာ မေးလိုက်သည်။

ထိုနေရာတွင် အံ့အားသင့်နေသည်မှာ ယွဲ့ချန်သည်မဟုတ်ပဲ ခြံဝန်းထဲမှ လူများ အားလုံးပင်ဖြစ်၏။ ကျောက်ရန်သည် ယွဲ့ချန်အား "တိတ်စမ်း......."ဟု ပြောလိုက်ပြီး မောင်းထုတ်လိုက်သည်။ ထို့နောက် ကျောက်ယွီ ရောက်ရှိလာပြီး "ကျောက်ယွီ.......သခင်လေးကို အရိုအသေပြုပါတယ် "ဟု ပြောကာ နှုတ်ဆက်လိုက်၏။

ကျောက်ရန်သည် "သခင်လေး......ဒီကို လာတာ တခြားကိစ္စရှိလို့လား " ဟု မေးမြန်းလိုက်သည် ။ချောင်ဖုန်းသည် ကျောက်ရန်ကို ခေါင်းငြိမ့်ပြလိုက်ပြီး ဖူယဲ့ခြံဝန်းထဲရှိ လူအုပ်စုကြီးကို ကြည့်လိုက်ကာ "ပိုဖန်ဂိုဏ်းနဲ့ပက်သက်တဲ့လူမှန်သမျှ ဒီခြံဝန်းဂိုဏ်းထဲက ထွက်ခွာဖို့ မစဥ်းစားနဲ့တော့ " လို့ ပြောလိုက်၏။

ထိုအခါ ခြံဝန်းထဲတွင် ရှိနေသော ပိုဖန်ဂိုဏ်းသားများသည် "သေစမ်း......အဲ့သုံးယောက်က ချန်ဟွားနန်းဆောင်ရဲ့ ကာကွယ်စောင့်ရှောက်သူတွေလား " လို့ စိတ်ပျက်စွာဖြင့် ရေရွတ်လိုက်သည်။

ထိုချိန်မှာ ခေါင်းမှာ သံခေါင်းစွပ်ကြီး ဝတ်ဆင်ထားပြီး တင်းပုတ်၂ချောင်း ကိုင်ထားသောလူသည် ချောင်ဖုန်းရှေ့သို့ ခုန်ချလာခဲ့ပြီး တင်းပုတ်ကြီးနဲ့ ရွယ်ကာ "ပိုဖန်နန်းတော်က ချန်ဟွားနန်းတော် ကို မသိမ်းပိုက်နိုင်ပေမယ့် ပိုဖန်ဂိုဏ်းက လူတွေကိုလဲ မင်းတို့ အနိုင်ကျင့်လို့ ရမယ်မထင်နဲ့" ပြောကာ ချောင်ဖုန်းအား တင်းပုတ်ဖြင့် ရိုက်ချလိုက်သည်။

ကျောက်ရန် နဲ့ ကျောက်ယွီသည် ထိုလူကို တားဖို့ လုပ်လိုက်ချိန်မှာ

ရုတ်တရက် သူတို့ထင်မထားတာကို မြင်လိုက်ရတဲ့အတွက် တံတွေးများပင် မျိုချလိုက်ရ၏။ တင်းပုတ်ကိုင်ထားသော လူသည် ရွယ်ချင်းရဲ့ တိုက်ခိုက်မှု တစ်ချက်ထဲနဲ့ပင် ဖူယဲ့အိမ်တော်ဝန်းထဲမှ လွင့်ပြန်ထွက်သွားသောကြောင့် ပင်ဖြစ်သည်။

ထိုအခါ ကျန်ရှိသော ပိုဖန်ဂိုဏ်းသားများသည် ရရာ အပေါက်ကနေ လျင်မြန်စွာ ပြေးထွက်ဖို့ ကြိုးစားကြ၏။ ဒါပေမယ့် အားလုံးသည် အမည်မသိသော စွမ်းအင်ရဲ့ ထိန်းချုပ်မှုကို ခံလိုက်ရပြီး လှုပ်ရှားလို့ မရတော့တဲ့အပြင် ပတ်ဝန်းကျင်အား မမြင်ရတော့ပေ။

ပိုဖန်ဂိုဏ်းသားများအပြင် ကျန်ရှိသော လူများသည်လည်း အမှောင်ထုထဲကို ရောက်ရှိသွားတဲ့ တုန်လှုပ် ခြောက်ခြားကာ ကြောက်ရွံသွားကြသည်။ စက္ကန့်ပိုင်းအတွင်းမှာပဲ အလင်းရောင်ကို ပြန်မြင်ရတဲ့အခါ မြေပြင်ပေါ်တွင် အသက်မဲ့နေသော ပိုဖန်ဂိုဏ်းသားများစွာကို ပြန်မြင်ရတဲ့အခါ အားလုံးသည် ကြောက်ရွံသွားကြ၏။

ချောင်ဖုန်းသည် သူစွမ်းအင်အား တစ်စိတ်တစ်ပိုင်းလေးသာ အသုံးပြုလိုက်တဲ့အခါ မြေပြင်ပေါ်တွင် အသက်မဲ့နေသော အလောင်းများသည် ပျောက်ကွယ်သွားကြသည်။ အားလုံးသည် ရင်တထိပ်ထိပ်ဖြစ်သွားကြပြီး ပိုဖန်ဂိုဏ်းနဲ့မပက်သက်မိခဲ့တာကို ကံကောင်းသွားသည်ဟု ပြောဆိုနေကြ၏။

ရေခဲစွယ်နယ်မြေထဲတွင် ရှိနေသော နောက်ထပ်ပိုဖန်းဂိုဏ်းနဲ့ ပက်သက်သူများအား သတ်ပစ်ပြီးနောက် လေဟာနယ်ထဲတွင် ချောင်ဖုန်းတို့သုံးယောက်သည် ပြန်ပေါ်လာခဲ့ပြီး ရွယ်ချင်းသည် "ကိုကိုချောင်ဖုန်း......ရွယ်ချင်းတို့ ခုဘယ်ကို ဆက်သွားကြမှာလဲ " လို့ မေးလိုက်သည်။ ချောင်ဖုန်းသည် ရွယ်ချင်းအား ကြည့်လိုက်ပြီး "ပင်လယ်မီးလှိုင်းနယ်မြေ......ကြယ်တစ္ဆေဂိုဏ်း " လို့ ပြောလိုက်၏။

ကြယ်တစ္ဆေဂိုဏ်းသည် ပင်လယ်မီးလှိုင်းနယ်မြေ၏ တစ်ခုထဲသော ဂိုဏ်းတစ်ခုပင် ဖြစ်ပြီး ပိုဖန်ဂိုဏ်းရဲ့ လက်အောက်ခံဂိုဏ်းတစ်ခုပင် ဖြစ်သည်။

All Chapters