← Chapters

အခန်း (၂၀၅)

Vol. 15 Ch. 205

အခန်း (၂၀၅)

Vol. 15 Ch. 205

ပင်လယ်မီးလှိုင်းနယ်မြေတို့ ရောက်ရှိသွားတဲ့အခါ {ပင်လယ်မီးလှိုင်းနယ်မြေရဲ့ အရှင်သခင်အား ကြိုဆိုပါတယ်ရှင့် } ဟု ချိုသာသော အသံလေးကို ချောင်ဖုန်းသည် ကြားလိုက်ရ၏။ တသ်ချိန်ထဲမှာပဲ ချောင်ဖုန်းရဲ့ စွမ်းအားများသည် လုံးဝ ပျောက်ကွယ်သွားခဲ့သည်။

ချောင်ဖုန်းသည် "ရွယ်ချင်း၊ ရှယု......ကိုယ်တို့ လမ်းလျှောက်သွားကြရအောင် " လို့ ပြောလိုက်တဲ့အခါ မိန်းမပျိုနှစ်ယောက်လုံးသည် ပြိုင်တူ ခေါင်းငြိမ့်ပြလိုက်၏။ သူတို့နှစ်ယောက်၏ စိတ်ထဲတွင် ချောင်ဖုန်းနဲ့အတူ နေနေရတဲ့အတွက် အလိုလို ပျော်ရွင်နေလေသည်။

ထိုချိန်မှာ လူ၅ယောက်သည် ချောင်ဖုန်းတို့အား ဝိုင်းကား "ရပ်လိုက်ကြစမ်း.....ဒီနေရာကို ဖြတ်သန်းခွင့် မရှိဘူးဆိုတာ မင်းတို့ မသိကြဘူးလား " လို့ ပြောလိုက်၏။

မိကျောင်းသွားပုံစံပါရှိသော ကြီးမားသောကတ်ကြေးလက်နက်ကို ကိုင်ဆောင်ထားသူသည် "အကိုယွန်......ခေါင်းဆောင်ကြီးက အမေးအမြန်းမရှိ သတ်လို့ အမိန့်ပေးထားတယ်လေ ၊ ဘာလို့ အချိန်ဆွဲနေတာလဲ ကျွန်တော်ပဲ ရှင်းလိုက်ရမလား " လို့ ပြောလိုက်သည်။

ယွန်ပင်းလို့ ခေါ်သောသူသည် ခေါင်းခါလိုက်ပြီး " ရှီဟွမ်......မင်းက တကယ်ခေါင်းမပါတဲ့ကောင်ပဲ ၊ ဒီလောက်လှတဲ့ မိန်းမလေးနှစ်ယောက်ကို သတ်ပစ်မယ်ဆိုတော့ နှမြောဖို့ မကောင်းဘူးလား " ဟု ရယ်မောစွာ ပြောလိုက်၏။

ယွန်ပင်း ပြောလိုက်တဲ့အခါ ကျန်၄ယောက်သည် သဘောပေါက်သွားပြီး ရှီဟွမ်သည် လက်မထောင်ပြကာ "အကိုယွန်......မင်းက ငါတို့ထဲမှာ ကျင့်ကြံမှုအဆင့်တင်မဟုတ်ဘဲ အရာတိုင်းမှာ ငါတို့ထက် သာလွန်နေတာပဲ " လို့ ချီးကျူးလိုက်သည်။

ယွန်ပင်းသည် ရွယ်ချင်းနဲ့ရှယုကို ကြည့်ကာ "မိန်းမလှလေးနှစ်ယောက် ဘာလို့ အဲ့ဒီအသုံးမကျတဲ့ကောင်နားမှာ ရှိနေရတာလဲ ၊ ကျွန်တော်အနားမှာသာ နေရင် မင်းတိုနှစ်ယောက်ရဲ့ တစ်ဘဝလုံး လိုချင်ဖြည့်ဆည်းပေးဖို့ ကျွန်တော်အာမခံတယ် " လို့ ပြောလိုက်၏။

ရွယ်ချင်းနဲ့ရှယု သည် ဒေါသထွက်သွားသည် ထိုလူ၅ယောက်ကို သတ်ပစ်လို့ ဟန်ပြင်လိုက်သည်။ ထိုချိန်မှာ ချောင်ဖုန်းသည် သူ့မိန်းမနှစ်ယောက်လုံးရဲ့ လက်ကို ဆွဲကိုင်လိုက်ပြီး "ဒီဆောက်ရူးကောင်တွေအတွက်နဲ့ ကိုယ့်မိန်းမနှစ်ယောက် လက်သွေးစွန်းစရာမလိုပါဘူး " လို့ ပြောလိုက်၏။

ထိုအခါ ယွန်ပင်းသည် သူ့တို့၅ယောက်အား ဆောက်ရူးကောင်လို့ ခေါ်တဲ့အတွက် ဒေါသထွက်သွားပြီး "မင်းကသေချင်နေတာပဲ......" ဟု ပြောကာ လျှပ်စီးအလျင်ဖြင့် ချောင်ဖုန်းအား ပြေးဝင်တိုက်လေသည်။

ဒါပေမယ့် ယွန်ပင်းသည် ခရီးတစ်ဝက်ပင် မရောက်ပဲ ရပ်တန့်သွားတဲ့အခါ ရပ်တန့်သွားခဲ့၏။ ဟွန်ထျန်းလို့ ခေါ်သောသူသည် "အကိုယွန်.......မင်းက အဲ့ကောင်လေးကို မသတ်သေးဘဲ အဲ့ဒီမှာ ဘာရပ်လုပ်နေတာလဲ " ဟု ပြောလိုက်သည်။

ယွန်ပင်းသည် ဒေါသထွက်စွာဖြင့် သူစွမ်းအားကို အသုံးပြုကာ ရုန်းကန်နေသော်လည်း ထူးခြားမှု မရှိလာသောကြောင့် တဖြည်းဖြည်း ကြောက်ရွံလာခဲ့၏။ ထိုချိန်မှာ ယွန်ပင်းသည် ရုတ်တရက် ဘာအသံမှ မကြားရတော့ပေ။

ထို့နောက် သူမျက်လုံးတစ်စုံရှိ မြင်ကွင်းမှာ မှောင်မဲ၍ သွားပြီ ကိုယ်ရှိန်ကိုယ်ဝါများ တောက်ပနေသော လူတစ်ယောက်သည် သူ့ရှေ့မှ ပေါ်လာခဲ့၏။ ထိုလူသည် ချောင်ဖုန်း ဖြစ်နေတဲ့အတွက် ယွန်ပင်းသည် နှလုံး ရပ်မတန့် ကြောက်ရွံ၍ သွားသည်။

ထိုချိန်မှာပဲ ကျန်သော လေးယောက်သည်လည်း ယွန်ပင်းအတိုင်းပင် ဖြစ်သွားခဲ့ပြီး လူမှားပြီး ရန်စမိသည်အား သိရှိသွားခဲ့၏။ သူတို့ရှေ့မှ ရွယ်တူကောင်ကလေးသည် ကြောက်ရွံဖွယ် ကောင်းသော မကောင်းဆိုးဝါးကြီး တစ်ကောင် ဖြစ်နေလိမ့်မယ်လို့ မထင်ထားခဲ့ပေ။

သတ်မယ်ဖြတ်မယ် အော်ဟစ်နေသော လူ၅ယောက်သည် ရုတ်တရက် မြေပြင်ပေါ်သို့ ပစ်လဲကျသွားတဲ့အခါ ရွယ်ချင်းနဲ့ ရှ

ယုသည် အံ့အားသင့်သွားခဲ့၏။ ချောင်ဖုန်းသည် အနည်းငယ်တောင် လှုပ်ရှားခဲ့ခြင်း မရှိပဲ ထိုလူ၅ယောက်လုံးသည် မည်သို့ သေဆုံးသွားရသည်အား သိချင်သွားခဲ့သည်။

ချောင်ဖုန်းသည် ရှေ့ဆက်သွားမည့်ချိန်မှာ လေဟာနယ်အက်ကွဲကြောင်းထဲမှ များစွာသော လူများသည် ရောက်ရှိလာခဲ့၏။ ထိုလူများထဲတွင် လူတစ်ယောက်၏ ခေါင်းသည် ကြယ်နဲ့ပင်တူပြီး ထိုလူသည် ကြယ်တစ္ဆေဂိုဏ်း၏ ခေါင်းဆောင်တစ်ယောက်ပင် ဖြစ်ပေသည်။

ကြယ်တစ္ဆေဂိုဏ်း၏ ခေါင်းဆောင်ဟန်ရှောင်းသည် လက်ခုပ်တီးကာ "မဆိုးဘူး မဆိုးဘူး.......သရဲငါးကောင် ညီကို ၅ယောက်ကိုတောင် သတ်နိုင်တယ်ဆိုတော့ မင်းတို့မှာ အရည်အချင်းရှိတယ် ပြောရမယ် " လို့ ပြောလိုက်သည်။

ချောင်ဖုန်းသည် "မင်းက........ဘယ်သူလဲ " လို့ မေးလိုက်၏။ ထိုအခါ ဟန်ရှောင်းသည် "ဟားဟား.......ငါဘယ်သူလဲတောင် မသိဘဲ ငါ့ကို သတ်ပစ်ဖို့ ပင်လယ်မီးတောက်လှိုင်းကို ရောက်ရှိလာတာလား " ဟု လှောင်ပြောင်စွာ ပြောလိုက်သည်။

ရွယ်ချင်းသည် "ကိုကိုချောင်ဖုန်း......ဒီတစ်ခေါက်တော့ ရွယ်ချင်းတို့ ဖြေရှင်းပါရစေ " ဟု ချောင်ဖုန်းအား ပြောလိုက်၏။ ရှယုသည် " ယောကျာ်း.......ရှင် အေးဆေးနေလိုက် ၊ ဒီလူတွေလောက်တော့

ရှယုတို့ ဖြေရှင်းလိုက်မယ် " လို့ ပြောလိုက်သည်။

ဟန်ရှောင်းသည် အရာရာကို ဝိရိယထားတက်သူဖြစ်၍ "မိုးကြိုးနတ်ဆိုးအကာအကွယ်ကို တည်ဆောက်လိုက်တော့ " လို့ အမိန့်ပေးလိုက်၏။

စကားဆုံးသည်နဲ့ မိန်းမပျိုနှစ်ယောက်သည်လည်း ကောင်းကင်ယံအထက်သို့ တက်သွားခဲ့ပြီး သူတို့၏ လက်ဖဝါးနှစ်ဖက်ကြားတွင်

အလွန်ပင်စွမ်းအားပြင်းထန်သော စွမ်းအင်လုံးကြီးအား ဖော်ထုတ်လိုက်ကြသည်။

ရွယ်ချင်းရဲ့ လက်ဖဝါးနှစ်ဖက်ကြားတွင် အမှောင်ထုအဆိပ်စွမ်းအင်လုံးကြီး ရှိနေခဲ့ပြီး ရှယုရဲ့ လက်ဖဝါးနှစ်ဖက်ကြားတွင် ပန်းရောင်စွမ်းအင်လုံးလေး ထွက်ပေါ်လာခဲ့၏။ ဟန်ရှောင်းသည် စွမ်းအင်လုံးများထံမှ ကြောက်စရာကောင်းသော အရှိန်အဝါကို ခံစားနေရသဖြင့် မိုးကြိုးနတ်ဆိုးအကာအကွယ်အစီအရင်ကို အမြန်ဖန်တီးခိုင်းလိုက်သည်။

မိုးကြိုးနတ်ဆိုးအစီအရင်သည် ကာကွယ်ရေးအတွက်သာမက တိုက်ခိုက်ရေးအတွက်ပါ အသုံးဝင်သော အစီအရင် တစ်ခုပင် ဖြစ်ပြီး အနိူင်းမဲ့နယ်ပယ်အဆင့် တိုက်ခိုက်ရေးသမားကိုတောင် တုံပြန့်နိုင်သော ကြောက်စရာကောင်းသော အစီအရင် တစ်ခုပင် ဖြစ်၏။

ချောင်ဖုန်းသည် သူရှေ့တွင် အစီအရင်ကို လာအသုံးပြုနေတဲ့အတွက် ပြုံလိုက်ပြီး "အတော်ပဲ ငါလဲခုချိန်စွမ်းအားအသုံးမပြုနိုင်ဘူးဆိုတော့ အစီအရင်စာလိပ်ရဲ့ စွမ်းအားကို စမ်းသပ်ရမယ် " ဟု တစ်ယောက်ထဲ ရေရွတ်လိုက်သည်။

ရွယ်ချင်းနဲ့ ရှယုသည် သူ့တို့ရဲ့ စွမ်းအားများဖြင့် မိုးကြိုးနတ်ဆိုးအစီအရင်ကြီးအား ဖျက်စီးနေခဲ့၏။ မိုးကြိုးနတ်ဆိုးအစီအရင်သည် ဝိညဥ်နယ်ပယ်အဆင့်တိုက်ခိုက်ရေးသမားအယောက်၁၀၀၏ စွမ်းအားကို အသုံးပြုထားတဲ့အတွက် သေးငယ်သော အစီအရင် တစ်ခု မဟုတ်ပေ။

အနိူင်းမဲ့နယ်ပယ်အဆင့်ကို ရောက်ရှိနေသော ရွယ်ချင်းနဲ့ရှယုပင် ခိုအစီအရင်ကြီးအား ဖျက်စီးဖို့ ခက်ခဲနေခဲ့၏။

ချောင်ဖုန်းသည် သူရေးဆွဲထားသော အစီအရင်စာလိပ်တစ်ခုကို ထုတ်လိုက်ပြီး လက်ချောင်းများကို လှုပ်ရှားလိုက်၏။ ဟန်ရှောင်းသည် ချောင်ဖုန်းပြုလုပ်နေသည်များကို မြင်တဲ့အခါ "အဲ့ကောင်လေးကို အမြန်တားလိုက်ကြ" ဟု အော်ဟစ်လိုက်သည်။

ထိုအခါ သံဆူးကြိုးများကိုင်ထားသော ကိုင်ထားသော လူ၁၀ယောက်သည် ချောင်းဖုန်းနားသို့ လျှပ်တစ်ပြက်ရောက်ရှိသွားပြီး "ကောင်စုတ်လေး ငရဲသွားပေတော့ " လို့ အော်ဟစ်လိုက်၏။

ထို့နောက် လူဆယ်ယောက်သည် ရေခဲစိမ်းရောင် ရှိသောသံဆူးကြိုးများဖြင့် ချောင်ဖုန်းအား ပစ်သွင်းလိုက်ကြသည်။ ရေခဲစိမ်းရောင် ရှိသောသံဆူးကြိုးများသည် ချောင်းဖုန်းအနားကို ရောက်ရှိခန်းနီးမှာတော့ ချောင်ဖုန်းသည် " ထွက်လာခဲ့လိုက်သော ရေရွတ်လိုက်၏။

All Chapters