← Chapters

အခန်း (၂၀၆)

Vol. 15 Ch. 206

အခန်း (၂၀၆)

Vol. 15 Ch. 206

ချောင်ဖုန်းရေရွတ်လိုက်တဲ့အခါ အနီရောင်ဝိညဥ်စွမ်းအင်ရှိသော ခြင်္သေ့ကြီးထွက်ရှိလာပြီး မာန်ဖီ ဟိန်းဟောက်လိုက်သည်။ ထိုအခါ ချောင်ဖုန်းအနားကို ရောက်ရှိလာသည့် ရေခဲစိမ်းရောင်ရှိသော ဆူးချွန်ချောင်းများနဲ့အတူ လူ၁၀ယောက်သည် နောက်သို့ လွင့်ပြန်ထွက်သွားကြ၏။

ဧရာမခြင်္သေ့ကြီးသည် အချိန်ဆွဲမနေဘဲ လျှပ်စီးထက်ပင် မြန်သော အရှိန်ဖြင့် ပြန်ထဖို့ ကြိုးစားနေသော လူ၁၀ယောက်အား

တစ်ချိန်ထဲမှာပင် သတ်ပစ်လိုက်သည်။

ဟန်ရှောင်းသည် သူ့လက်သပ်မွေးထားသော တပည့်၁၀ယောက်လုံး သေဆုံးသွားတဲ့အတွက် စိတ်ညစ်သွား၏။ ထိုချိန်မှာပဲ ဧရာမ အနီရောင်ဝိညဥ်ခန္ဓာကိုယ်ရှိသော ခြင်္သေ့ကြီးသည် စွမ်းအားများကို စုစည်းလိုက်ပြီး သူ့ပါးစပ်အတွင်းမှ အနီရောင်စွမ်းအင်အလင်းတန်းကြီးဖြင့် မိုးကြိုးနတ်ဆိုးအစီအရင်ကြီးအား တိုက်ခိုက်လိုက်သည်။

ထိုအခါ အလွန်ပင် ခုခံအားကောင်းလှသော မိုးကြိုးနတ်ဆိုးအစီအရင်ကြီးသည် ချက်ချင်းပင် စွမ်းအားလျော့ကျသွားပြီး ကွဲအက်ရာများ စတင်ဖြစ်ပေါ်လာခဲ့၏။

ဟန်ရှောင်းသည် အခြေအနေ မဟန်တဲ့အခါ "အကြီးအကဲတို့......ငါနဲ့အတူ မိုးကြိုးနတ်ဆိုးအစီအရင်ကို အားဖြည့်လိုက်ကြ " လို့ ပြောလိုက်သည်။ ထိုအခါ ဟန်ရှောင်းနဲ့အတူ ကျန်သော အကြီးအကဲများသည် သူတို့စွမ်းအားများဖြင့် မိုးကြိုးနတ်ဆိုးအစီအရင်ကို ထပ်မံ အားဖြည့်လိုက်ကြ၏။

ချောင်ဖုန်းသည် သူ့မိန်းမနှစ်ယောက်အား ကြည့်လိုက်ပြီး "မထူးပါဘူး......ငါ့ဘဲ အဆုံးသတ်လိုက်တာ ကောင်းပါတယ် " ဟု ပြောလိုက်သည်။ ကြယ်တစ္ဆေဂိုဏ်းရှိ လူများအားလုံးသည် ရုတ်တရက် တိတ်ဆိတ်သွားခြင်းကို ခံစားလိုက်ရသလို ဖြစ်သွားတဲ့အတွက် ထူးဆန်းသလို ဖြစ်သွားကြ၏။

ထို့နောက် သဏ္ဍာန်မဲ့သော လေဟာနယ်ကြီးသည် သူတို့အားလုံး၏ လည်ပင်းအား လှီးဖြတ်သွားလေသည်။ ဟန်ရှောင်းသည် ဘာမှန်းမသိလိုက်ရတဲ့အတွက် "ဒါဘယ်လိုစွမ်းအင်ကြီးလဲ.... "လို့ တချက်ပြီး ရေရွတ်လိုက်ပြီး မြေပြင်သို့ ပစ်လဲကျသွား၏။

ကြယ်တစ္ဆေဂိုဏ်းရှိ လူများအားလုံးသည် အသက်မဲ့ကာ မြေပြင်ပေါ်သို့ လဲကျသွားတဲ့အခါ ရွယ်ချင်းနဲ့ ရှယုသည် ကောင်းကင်ယံအထက်မှ ပြန်ဆင်းလာခဲ့သည်။

ရွယ်ချင်းနဲ့ ရှယုသည် သူတို့စွမ်းအား မလုံလောက်သေးသည်ကို သိရှိသွား၍ ချောင်ဖုန်းအား ပြုံးပြလိုက်၏။ များစွာသော ကျင့်ကြံရေးစွမ်းအားများသည် ချောင်ဖုန်း ခန္ဓာကိုယ်ထဲသို့ ရေတံခွန်ကဲ့သို့ပင် အဆက်မပြတ် စီးဝင်နေသလို ချောင်ဖုန်းသည် ခံစားလိုက်ရသည်။

ပင်လယ်မီးလှိုင်းနယ်မြေပြီးတဲ့နောက်မှာတော့ ချောင်ဖုန်းသည် နောက်ထပ်နယ်မြေတစ်ခု ဖြစ်သော ကန္တာရနယ်မြေကို ရောက်ရှိလာခဲ့ကြ၏။ ချောင်ဖုန်းတို့သည် ကန္တာရနယ်မြေသို့ ရောက်ရောက်ချင်းမှာပဲ များစွာသော မီးဝိညဥ်စွမ်းအင်လုံးများသည် ချောင်ဖုန်းတို့ ရှိကို ရောက်ရှိလာခဲ့သည်။

ချောင်ဖုန်းတို့သည် သူတို့၏ စွမ်းအင်များဖြင့် အကာအကွယ်ဖန်တီးလိုက်ပြီး ရှေ့သို့ တိုးလာခဲ့ကြ၏။ ထိုအခါ အဖြူရောင်မြွေသားရဲကြီးပေါ်တွင် စီးနင်းလာသော အဖွဲ့ထဲမှ ယက်တောင်ကိုင်ထားသော ဟွမ်ကန်လို့ ခေါ်သော လူသည် "မင်းတို့ သုံးယောက်က ငါတို့ကို သတ်ဖြတ်ဖို့ ချန်ဟွားနန်းတော်က စေလွှတ်လိုက်တဲ့ ကာကွယ်စောင့်ရှောက်သူတွေမလား " ဟု မေးလိုက်သည်။

အဖြူရောင်မြွေသားရဲပေါ်မှ လိုက်ပါလာသော လူများသည် ပိုဖန်ဂိုဏ်းအဖွဲ့ဝင်ဂိုဏ်းဖြစ်သော မြွေသားရဲဗိမ္မာန်ဂိုဏ်းပင် ဖြစ်ပြီး အင်အားကြီးသော ဂိုဏ်းတစ်ခုဆိုလဲ မမှားပေ။ ချောင်ဖုန်းသည် ပြုံးလိုက်ပြီး "မြွေသားရဲဗိမ္မာန်ဂိုဏ်းက ငါတို့မှာ ကြိုသိနေတာလားလား ၊ မဆိုးဘူး မဆိုးဘူး" လို့ ပြောလိုက်၏။

ဟွမ်ကန်သည် ယက်တောင်အား ပြန်သိမ်းလိုက်ပြီး "ငါတို့က ကြိုသိထားယုံပဲ မင်းက ထင်နေတာလား " လို့ ပြောကာ အချက်ပြသော အစီအရင်စာရွက်တစ်ခုကို အသက်သွင်းလိုက်သည်။ ထိုမြေကြီးအတွင်းမှ အဝါရောင်အခိုးအငွေ့များစွာ ထွက်နေသော ဧရာမကင်းခြေမြှားသားရဲကြီးပေါ်တွင် လူများစွာသည် ထွက်ပေါ်လာခဲ့၏။

ထို့အပြင် လင်းယုန်ဌက်သားရဲကြီးနဲ့ လိပ်သားရဲကြီးတို့သည် တစ်ချိန်ထဲမှာ ထွက်ရှိလာခဲ့ပြီး ချောင်ဖုန်းတို့ သုံးယောက်အား ထွက်ရှိခဲ့သည်။ လင်းယုန်ဌက်သားရဲဗိမ္မာန်ဂိုဏ်းရှိ ချန်ကျွင်းလို့ဆိုသော သူသည် ချောင်ဖုန်းအား ကြည့်ကာ "မင်းတို့အဖွဲ့သားတွေဘယ်မှာလဲ

မှန်မှန်ပြောစမ်း ၊ မဟုတ်ရင်တော့ မင်းတို့အသက်ရှင်ရလိမ့်မယ်လို့ မထင်နဲ့" လို့ ခြိမ်းခြောက်ကာ ပြောဆိုလိုက်၏။

ကင်းခြေမြှားသားရဲဗိမ္မာန်ဂိုဏ်းမှ ဟောက်အန်ဂျီနဲ့ လိပ်သားရဲဗိမ္မာန်ဂိုဏ်းရှိ ယန်ယန်သည်လည်း ချန်ကျွင်းစကားကို ထောက်ခံလိုက်ကြ၏။ ချန်ဟွားနန်းဆောင်မှ ကာကွယ်စောင့်ရှောက် သူတို့သည် အဖွဲ့ခွဲ၍ ကန္တာရနယ်မြေကို ရောက်ရှိလာခြင်း ဖြစ်သည်ဟု သားရဲဗိမ္မာန်ဂိုဏ်းကြီး ၄ဂိုဏ်းသည် ထင်နေခြင်းပင် ဖြစ်သည်။

ရှယုနဲ့ ရွယ်ချင်းသည် အနိူင်းမဲ့နယ်ပယ်အစောပိုင်းအဆင့် စွမ်းအားအရှိန်အဝါကို ထုတ်ကာ "ရှင်တို့အဆင့်နဲ့ ကျွန်မတို့ကို သတ်နိုင်ဖို့ စဥ်းစားနေတာလား " လို့ အေးစက်သော အသံနဲ့ပင် ပြောလိုက်၏။

ရွယ်ချင်းတို့ ခန္ဓာကိုယ်များမှ ထွက်ပေါ်နေသော စွမ်းအားအရှိန်အဝါများကြောင့် သားရဲဗိမ္မာန်ဂိုဏ်းကြီး ၄ဂိုဏ်းမှ လူများသည် ကြောက်လန့်တကြား ဖြစ်သွားကြပေသည်။ ကာကွယ်စောင့်ရှောက်သူများထဲတွင် အနိူင်းမဲ့နယ်ပယ်အစောပိုင်းအဆင့်ကို ရောက်ရှိနေသောလူ နှစ်ယောက်တောင် ရှိနေလိမ့်မည်လို့ မမျှော်လင့်ထားခဲ့ပေ။

ဟွမ်ကန်သည် သွေးပျက်စွာဖြင့် "သေစမ်း.......အဲ့တာဆို ငါတို့ကြားထားတဲ့သတင်းက အမှန်အကန်ပဲပေါ့ " လို့ တစ်ယောက်ထဲ ရေရွတ်လိုက်သည် ။ ဟွမ်ကန်သည် ကောင်းကင်ယံအထက်သို့ ပျံတက်လိုက်ပြီး "စီနီယာအကိုတို့ ငါတို့အားလုံးပေါင်းတိုက်ရင်တော့ ဒီမိန်းမနှစ်ယောက်ကို ထိန်းထားနိုင်မှာပါ" လို့ ပြောလိုက်၏။

ထိုအခါ ချန်ကျွင်းသည် "ဆောက်ရူးကောင်......အနိူင်းမဲ့နယ်ပယ်အဆင့်၂ယောက်ကို ငါတို့က ဘယ်လိုလုပ်ပြီး သွားထိန်းနိုင်မှာလဲ " ဟု ဟွမ်ကန်အား ကျိန်ဆဲ၍ ပြောလိုက်သည်။ ထိုအခါ ဟွမ်ကန်သည် "စီနီယာအကို.......မင်းပြေးတော့တော့ လွတ်မှာလား " ဟု ပြောလိုက်၏။

ဟွမ်ကန်ရဲ့ စကားသည် မှန်ကန်နေသောကြောင့် ကျန်သောသုံးယောက်သည် မထူးတဲ့အဆုံး တိုက်ခိုက်ဖို့ ဆုံးဖြတ်လိုက်ကြသည်။

သားရဲဗိမ္မာန်ဂိုဏ်း ၄ဂိုဏ်းထဲတွင် ချန်ကျွင်းသည် အင်အားအကြီးမားဆုံးပင် ဖြစ်၏။

ချန်ကျွင်းသည် "မင်းတို့၃ယောက်ရဲ့ စွမ်းအားတွေ ငါ့ကို လွဲပြောင်းပေးကြ ၊ ငါတို့တစ်ယောက်ချင်းတိုက်မယ့်အစား သားရဲသခင်ကို ဆင့်ခေါ်သင့်တယ် " လို့ ပြောလိုက်သည်။ သားရဲသခင်လို့ ကြားလိုက်တဲ့အခါ ကျန်သော ဂိုဏ်းချုပ် ၃ဦးမှာ အံ့အားသင့်သွား၏။

ဟောက်အန်ဂျီသည် "ချန်ကျွင်း.......မင်းတကယ်ပဲ သားရဲသခင်ကို ဆင့်ခေါ်သွားနိုင်ပြီလား " လို့ ပြောလိုက်သည်။ ချန်ကျွင်းသည် ခေါင်းငြိမ့်ပြလိုက်ပြီး "မှန်တယ်......ငါသားရဲသခင်ကျင့်စဥ်ရဲ့ အခြေခံအဆင့်ကို ကျွမ်းကျင်သွားပြီ ၊ ဒါပေမယ့် ငါတစ်ယောက်ထဲစွမ်းအင်နဲ့ အသုံးပြုဖို့ မလုံလောက်သေးဘူး " လို့ ပြောလိုက်၏။

ထိုအခါ ကျန်သောသုံးယောက်သည် ဝမ်းသာ၍ သွားလေသည်။ သားရဲသခင်ကျင့်စဥ်မှာ အနိူင်းမဲ့နယ်ပယ်အဆင့် သားရဲကိုပင် ဆင့်ခေါ်နိုင်သော စွမ်းအားမျိုးရှိသည်။

ဟွမ်ကန် ၊ ဟောက်အန်ဂျီ နဲ့ ယန်ယန်တို့သည် သူ့တို့ရဲ့ စွမ်းအားများကို ချန်ကျွင်းရှိသို့ လွဲပြောင်းပေးလိုက်၏။ ထိုအခါ ချန်ကျွင်းသည် သူရဲ့လက်ချောင်းများကို လှုပ်ရှားလိုက်ပြီး "သားရဲတို့ရဲ့ အရှင်သခင်အား ဆင့်ခေါ်ခြင်းကျင့်စဥ်" လို့ ရေရွတ်လိုက်သည်။

ထိုအခါ ချန်ကျွင်းရှေ့ရှိ အနီရောင်စွမ်းအင်စက်ကွင်းထဲမှ ဦးဂျိုတစ်ချောင်းသာပါသော ရွှေရေုင်တန်ဆာပလာများပါရှိသည့် ဧရာမကျွဲနက်ကြီးတစ်ကောင်သည် ထွက်ပေါ်လာခဲ့၏။ ထိုကျွဲကြီးသည် ဝိညဥ်စွမ်းအင်ဖြင့် ဖန်တီးထားခြင်း မဟုတ်ဘဲ အစစ်အမှန်ကျွဲကြီးတစ်ကောင်နဲ့ပင် တူနေလေသည်။

All Chapters