အခန်း (၂၀၇)
Vol. 15 Ch. 207
ထိုကျွဲကြီး၏ စွမ်းအားသည် အနိူင်းမဲ့နယ်ပယ်အစောပိုင်းအဆင့်ထက်သာလွန်နေသောကြောင့် ချောင်ဖုန်းသည် ရွယ်ချင်းနဲ့ ရှယုရဲ့ စွမ်းအားကို အကုန်မခံချင်၍ သူ့မိန်းမနှစ်ယောက်အား တားလိုက်၏။
ချောင်ဖုန်းသည် သူ့စွမ်းအားအရှိန်အဝါကို ထုတ်ကာ လေဟာနယ်သို့ တက်သွားပြီး "မင်းတို့က ကစားချင်မှာတော့ ၊ ငါက ခဏ ကစားပေးရမှာပေါ့ " လို့ ပြောလိုက်ပြီး ချန်ကျွင်းအတိုင်းပင် သူ့လက်ချောင်းများကို လှုပ်ရှားလိုက်သည်။
ဟွမ်ကန်သည် ချောင်ဖုန်းရဲ့ စွမ်းအားကို ကြည့်ကာ" မင်း.....မင်းလဲ အနိူင်းမဲ့နယ်ပယ်အဆင့်ကလား....." ဟု ကြောက်လန့်တကြား မေးလိုက်၏။ သူတို့ရှေ့ရှိ ကာကွဟ်စောင့်ရှောင်သူ ၃ယောက်သည် အနိူင်းမဲ့နယ်ပယ်အဆင့်ကျင့်ကြံသူများ ဖြစ်နေလိမ့်မည်ဟု ဘယ်သူမှ မထင်ထားခဲ့ပေ။
ဟွမ်ကန်ပြောပြီးတဲ့နောက် ချန်ကျွင်းသည် "မဟုတ်ဘူး ၊ ...... အဲ့တာ အနိူင်းမဲ့နယ်ပယ်အလယ်အလတ်အဆင့်စွမ်းအားအရှိန်အဝါမျိူးလား " လို့ ထပ်မံပြောဆိုလိုက်၏။ အားလုံးသည် ခြေဖျားလက်ဖျားများပင် အေးစက်သွားခဲ့ပြီး ဘာလုပ်လို့ ဘာကိုင်ရမှန်း မသိဖြစ်သွားကြပေသည်။
ထိုချိန်မှာပဲ ချောင်ဖုန်းရှေ့ရှိ အနက်ရောင်စက်ဝိုင်းထဲမှ အလွန်ပင် ရှည်လျားသော မြွေနဂါးသားရဲကောင်ကြီး ထွက်ပေါ်လာခဲ့၏။ ချန်ကျွင်းသည် ကျွဲသားရဲကြီးအား တိုက်ခိုက်ဖို့ ညွန်လိုက်သည်နဲ့ ချောင်ဖုန်းသည်လည်း မြွေနဂါးသားရဲအား တိုက်ခိုက်ဖို့ ညွန်လိုက်သည်။
ချန်ကျွင်းတို့သည် သူတို့စွမ်းအားများကို ချန်မထားဘဲ ကျွဲသားရဲကြီးပို့လွှတ်နေခဲ့၏။ ဒါပေမယ့် ကျွဲသားရဲနဲ့ မြွေနဂါးသားရဲတို့ ထိပ်တိုက်ဆုံတဲ့အခါ ကျွဲသားရဲကြီးသည် မြွေနဂါးသားရဲကြီး၏ မီးလှိုင်းဖြင့် မှုတ်ထုတ်မှု အောက်မှာပင် ပျောက်ကွယ်သွားလေသည်။
ချန်ကျွင်းတို့သည် တစ်စုံတစ်ရာမှားယွင်းသွားပြီဆိုတာ သိလိုက်ရ၍ နောက်လှည့်ကြည့်ရာတွင် ဟွမ်ကန်သည် မရှိတော့ပေ။ ချန်ကျွင်းသည် "သေစမ်း.......ဒီကောင်ငါ့တို့ကို လှည့်စားသွားပြီ "လို့ ဒေါသထွက်စွာ ရေရွတ်လိုက်၏။
ဒါပေမယ့် ထိုချိန်မှာပဲ အသက်မဲ့သော ခန္ဓာကိုယ်အလောင်းတစ်ခုသည် ကောင်းကင်အထက်မှ ပြုတ်ကျလာခဲ့သည်။အားလုံးသည် ထိုလူအား ကြည့်လိုက်တဲ့အခါ ဟွမ်ကန်ဖြစ်နေလိမ့်မယ်လို့ မထင်ထားခဲ့ပေ။
ရှယုသည် ချောင်ဖုန်းအနားမှ ပြန်ပေါ်လာခဲ့ပြီး သူ့လက်ဖဝါးများကို ခါလိုက်ပြီး ချောင်ဖုန်းကို ပြုံးပြလိုက်၏။ ချောင်ဖုန်းသည် ထပ်မံတိုက်ခိုက်တော့မည့်ချိန်မှာ အလွန်အေးစက်သော အသံကြီးဖြင့် "အကိုကြီး.......ဒီကိစ္စ ရီချုံတို့ တာဝန်ပဲ ထားလိုက်တော့ " ဆိုသော အသံကြီးနဲ့အတူ ကြောက်စရာကောင်းသော ခေါင်းနှစ်လုံးနတ်ဆိုးနဂါးကြီးသည် ထွက်ပေါ်လာခဲ့သည်။
ခေါင်းနှစ်လုံးနတ်ဆိုးနဂါးကြီး မာန်ဖီအော်ဟစ်လိုက်တဲ့အခါ သားရဲဗိမ္မာန်ဂိုဏ်များရှိ သားရဲလေးကောင်သည် ကြောက်လန့်တကြား ထွက်ပြေးပါတော့သည်။ ချန်ကျွင်းတို့သည် နတ်ဆိုးနဂါးညီနောင်ကို မြင်တဲ့အခါ ဘာမှ စဥ်းစားမနေဘဲ ထွက်ပြေးဖို့ ဆုံးဖြတ်လိုက်ကြ၏။
သို့သော် ခေါင်းနှစ်လုံးနတ်ဆိုးနဂါးဖြစ်ကြသော ရီချုံသည် မီးတောက်လှိုင်းကြီးဖြင့် တိုက်ခိုက်လိုက်ပြီး ရန်ယိုသည်လည်း ရေခဲလှိုင်းကြီးဖြင့် တိုက်ခိုက်လိုက်သည်။ ထိုအခါ သားရဲဗိမ္မာန်ဂိုဏ်း၃ဂိုဏ်းရှိ ဂိုဏ်းချုပ်များသည် စွမ်းအင်လှိုင်း နှစ်ခု၏ ထိုးဖောက်ခြင်းကို ခံလိုက်ရပြီး အသက်မဲ့စွာဖြင့် မြေပေါ်သို့ ပြုတ်ကျသွားကြ၏။
ထိုအခါ ကျန်ရှိသော နောက်လိုက်တပည့်များသည် ဒူးထောက် ငိုယိုကာ တောင်းပန်ပါတော့သည်။ သို့သော်များလည်း တစ်စုံတစ်ယောက်မှ မလွတ်မြောက်ခဲ့ပေ။ ချောင်ဖုန်းသည် အားလုံးကို သတ်ဖြတ်လိုက်ပြီး နောက်နယ်မြေတစ်ခုကို ချီတက်လာခဲ့၏။
ကောင်းကင်နန်းတော်နယ်မြေ နဲ့ မသေမျိူးနယ်မြေတို့ရှိ အင်အားအကြီးဆုံး ဖြစ်သည့် ပိုဖန်ဂိုဏ်းအဖွဲ့ဝင်များဖြစ်သော ချူဖုံ နဲ့ ချင်းလျိူတို့သည် နတ်ဆိုးနယ်မြေရှိ ပိုဖန်ဂိုဏ်းချုပ်နဲ့အတူ ရန်သူကို စောင့်ဆိုင်းနေကြ၏။
ချုဖုံသည် မျက်နှာမကောင်းစွာဖြင့် ပုလ္လင်ပေါ်ရှိလူအား " ခေါင်းဆောင်......ခင်ဗျားမှာ အဲ့၃ယောက်ကို ယှဥ်နိုင်မယ့် လို့ဝှက်ချက် တကယ်ပဲ ရှိနေတာလား " ဟု မေးလိုက်သည်။ ချင်းလျိုသည်လည်း ပုလ္လင်ပေါ်ရှိ လူပြောမည့် စကားကို မျက်တောင်မခတ် စောင့်ကြည့်နေလေ၏။
ပုလ္လင်ပေါ်ရှိလူသည် "မကြာခင်မင်းတို့ သိရပါလိမ့်မယ် " လို့ ပြောကာ လူသုံးယောက်အား တွေ့ရဖို့ မစောင့်ဆိုင်းချင်တော့ပေ။ ထိုချိန်မှာပဲ ဒဏ်ရာများစွာရနေပြီး တစ်ကိုယ်လုံး စုတ်ပြတ်သတ်နေသော ဝိညဥ်နယ်ပယ်အဆင့် ကျင့်ကြံသူတစ်ယောက်သည် ချူဖုံတို့ ခြေထောက်အနားရှိ ရောက်ရှိလာခဲ့ပြီး "ခေါင်းဆောင်......သူ ၊ သူတို့ ရောက်လာပြီ " လို့ ပြောကာ သေဆုံးသွား၏။
ထိုအခါ ပလ္လင်ပေါ်မှ လူသည် ထလိုက်ပြီး "နောက်ဆုံးတော့.......မင်းတို့ ရောက်လာကြပြီပဲ " လို့ ပြုံးစွာ ပြောလိုက်သည်။ ချူဖုံနဲ့ ချင်းလျိုတို့ကတော့ ကြောက်လန့်၍ နေကြသည်။
လေဟာနယ်အက်ကွဲကြောင်းထဲမှ လူသုံးယောက်သည် ချုဖုံတို့ ရှေ့သို့ ပေါ်ထွက်လာတဲ့အခါ ပိုဖန်ဂိုဏ်းချုပ်ဖြစ်သောသူသည် "ညီမလေး........နင်နင်လား " လို့ ပြောလိုက်၏။လွင်ကျန့်ချွင်သည် ချောင်ဖုန်းတို့ကို တွေ့တဲ့အခါ ရူးခါ၍ သွားပါတော့သည်။
ချန်ဟွားနန်းတော်မှ အနိူင်းမဲ့နယ်ပယ်အဆင့်တိုက်ခိုက်ရေးသမား သုံးယောက်သည် ချောင်ဖုန်းတို့ ဖြစ်နေလိမ့်မည်လို့ မထင်ထားခဲ့ပေ။ အောက်နယ်မြေကို ဖျက်စီးဖို့ ကြံရွယ်နေသော ပိုဖန်ဂိုဏ်းချုပ်မှာ သူ့အကို ဖြစ်နေတဲ့အတွက် ရွယ်ချင်းသည် ဘာလုပ်ရမှန်းမသိ ဖြစ်သွားခဲ့၏။
လွင်ကျန့်ချွေသည် လူဆိုးတစ်ယောက်ဖြစ်နေသော်များလည်း သူ့မိသားစုကိုတော့ အမြဲဂရုစိုက်နေခဲ့သည်။ လက်ရှိသူရဲ့ ရန်သူမှာ သူ့ညီမ ဖြစ်နေတဲ့အတွက် ရှေ့တိုးရခက် နောက်ဆုတ်ရခက် ဖြစ်နေ၏။
ချောင်ဖုန်းသည် လွင်ကျန့်ချွင်အား ပြန်လည်တွေ့ရှိလိုက်ရတဲ့အခါ အရာအားလုံး ဆက်စပ်၍ တွေးမိသွားလေသည်။ ဝတ်ရုံနီဂိုဏ်းပျက်စီးခန်းနီးအချိန်တွင် လွင်ကုံသွေအား ကယ်ထုတ်သွားသော အနီရောင်သွေးလက်ချောင်းပိုင်ရှင်မှာ နတ်ဘုရားနယ်ပယ်အဆင့်ကို ထိုးဖောက်နေသော သူပင် ဖြစ်မည်ဟု ခန့်မှန်းလိုက်၏။
လွင်ကျန့်ချွင်သည် "ညီမလေး......ဒီနေရာက နင်နဲ့ဘာမှ မဆိုင်ဘူး ၊ အဖေရှိတဲ့ အောက်နယ်မြေကိုပဲ နင်ပြန်သွားသင့်တယ် " လို့ ပြောလိုက်သည်။ ရွယ်ချင်းသည် " အကိုကျန့်ချွင်.......နင်ဘာလို့ အဲ့လူစေရာအတိုင်း လိုက်လုပ်နေတာလဲ " လို့ ဝမ်းနည်းစွာ အသံဖြင့် ပြောလိုက်၏။
ထိုချိန်မှာပဲ "ဟားဟားဟား.......ငါကိုယ်တော်တော့ ဒီဘဝမှာ နတ်ဘုရားနယ်ပယ်အဆင့်ကို မထိုးဖောက်နိုင်ဘူးထင်ထားတာ ၊ နောက်ဆုံးတော့ ငါ့ကိုယ်တော်ကို ကူညီမယ့်လူတွေ ရောက်ရှိလာလိမ့်မယ်လို့ မထင်ထားဘူး " လို့ ပြောလိုက်သည်။
လေဟာနယ်ထဲမှ လူတစ်ယောက်သည် လွင်ကျန့်ချွင် နောက်မှ ထွက်ပေါ်၍ လာခဲ့၏။ ထိုလူကို မြင်တွေ့လိုက်ရတဲ့အခါ ရီချုံနဲ့ရန်ယိုသည် သူတို့ရင်ထဲမှ ဒေါသမီးများ တဟုန်းဟုန်းတောက်လောင်သွားပြီး ချောင်ဖုန်း ခန္ဓာကိုယ်ထဲမှ ထွက်ရှိလာပါတော့သည်။
ခေါင်းနှစ်လုံး နတ်ဆိုးနဂါးညီနောင်ကို တွေ့လိုက်ရတဲ့အခါ လွင့်ကျန့်ချွင် နောက်မှ လူသည် "အို......ငါကိုယ်တော်က မင်းတို့နှစ်ယောက်ခုချိန်သေနေလောက်ပြီ ထင်ထားတာ ၊ ခုလို နှစ်ပေါင်းများစွာ ကြာပြီးမှ ပြန်တွေ့ရလိမ့်မယ်လို့ မထင်ထားမိဘူး " လို့ ပြောလိုက်၏။
ရီချုံနဲ့ရန်ယိုသည် "အကိုကြီး......ဒီလူက ငါတို့နတ်ဆိုးသားရဲမျိုးနွယ်ကို သတ်ဖြတ်ခဲ့တဲ့လူပဲ ၊ ဒီနေ့မှာ ငါတို့အသက်ပေးဆပ်ရမယ်ဆိုရင်တောင် ဒီလူတစ်စုံတစ်ရာ ပြန်ပေးဆပ်စေရမယ် " ဟု ကြိမ်းဝါးကာ ချောင်ဖုန်းကို ပြောပြလိုက်သည်။
ထိုချိန်မှာ လွင်ကျန့်ချွင်သည် "ဆရာ.....ကျေးဇူးပြုပြီး ကျွန်တော်ညီမလေးရဲ့ အသက်ကို ချမ်းသာပေးပါ " လို့ ဒူးထောက်ကာ ပြောလိမ့်၏။
သို့သော် တုရွန်းလို့ ခေါ်သော လွင့်ကျန့်ချွင်ရဲ့ ဆရာသည်
"လစ်စမ်း......မင်းကခုချိန်ထိ ဘာမှအသုံးမကျတဲ့အတွက် သွားသေလိုက်တော့ " လို့ ပြောလိုက်ပြီး လွင့်ကျန့်ချွင် ခန္ဓာကိုယ်မှ စွမ်းအားများစုပ်ယူပြီး လွင်ကျန့်ချွင်အား သတ်ပစ်လိုက်သည်။
ရွယ်ချင်းသည် "မလုပ်နဲ့......." လို့ အော်ဟစ်လိုက်ပင်မယ့် လွင့်ကျန့်ချွင်သည် သူသေခန်းနီးအချိန်မှာ ရွယ်ချင်းအား ပြုံးပြလိုက်ပြီး အစအနပင် ပျောက်ကွယ်၍ သွားခဲ့၏။
တုရွန်းသည် "မိန်းကလေး.......ခုမင်းအလှည့်ပဲ " လို့ပြောကာ သူ့စွမ်းအားဖြင့် ရွယ်ချင်းအား ပစ်သွင်းလိုက်လေသည်။ချောင်ဖုန်းသည် သူ့စွမ်းအားများကို စုစည်းလိုက်ပြီး ရွယ်ချင်းရှေ့မှ ကာ၍ တုရွန်းရဲ့ စွမ်းအားကို တန်ပြန်တိုက်ခိုက်လိုက်၏။
ချောင်ဖုန်းသည် တုရွန်းရဲ့ စွမ်းအားကို ခံစားမိသွားတဲ့အခါ "သူက နတ်ဘုရားနယ်ပယ်အဆင့်ကို ထိုးဖောက်နေတဲ့လူပဲ ၊ ဒီကို ဘယ်လိုလုပ်ရောက်လာတာလဲ " ဟု ရေရွတ်လိုက်၏။