← Chapters

အခန်း (၂၀၈)

Vol. 15 Ch. 208

အခန်း (၂၀၈)

Vol. 15 Ch. 208

တုရွန်းသည်လည်း ချောင်ဖုန်းရဲ့စွမ်းအားကို ခံစားလိုက်ရတဲ့အခါ "ကောင်းတယ်.......သိပ်ကောင်းတယ် " လို့ ပြုံးစွာ ရေရွတ်လိုက်သည်။ ထိုချိန်မှာ ရီချုံနဲ့ ရန်ယိုသည် သူတို့ရဲ့စွမ်းအားများဖြင့်

တုရွန်းကို တိုက်ခိုက်လိုက်၏။

တုရွန်းသည် လက်ချောင်းများကို လှုပ်ရှားပြီး သူ့လက်ဖဝါးကို ဖြန့်လိုက်သောအခါ ရွှေဝါရောင်အခိုးအငွေ့များ ထွက်ပေါ်လာခဲ့သည်။ ထိုအဝါရောင်အခိုးအငွေ့များသည် ချက်ချင်းပင် အလွန်ပင် ကြီးမားသော နတ်ဘုရားတစ်ပါးဝိညဥ်အဖြစ် ပြောင်းလံသွားပြီး တုရွန်းနဲ့ နောက်တွင် ပေါ်လာခဲ့၏။

တုရွန်းသည် လက်ချောင်းများနဲ့ ညွှန်လိုက်တဲ့အခါ နတ်ဘုရားဝိညဥ်ကြီးသည် သူ့လက်သီးဖြင့် ရီချုံနဲ့ ရန်ယိုရဲ့ တိုက်ခိုက်မှုကို တန်ပြန်လိုက်လေသည်။

ချောင်ဖုန်းသည် တုရွန်းရဲ့ လက်ရှားမှုများကို မျက်ခြေမပြတ်စောင့်ကြည့်နေခဲ့၏။ ဧရာမနတ်ဘုရားဝိညဥ်ကြီးရဲ့ တိုက်ခိုက်မှုသည် သူတို့၏ စွမ်းအင်များကို ဖျက်ဆီးနိုင်ယုံသာမကဘဲ သူတို့ကိုပါ ထိခိုက်နိုင်လိမ့်မည်ဟု ရီချုံနဲ့ ရန်ယိုသည် မမျှော်လင့်ထားခဲ့ပေ။

ရီချုံသည် "အကိုကြီး.......မင်းတို့ ဒီနေရာက အမြန်ဆုံး ထွက်ပြေးသင့်တယ် ၊ မဟုတ်ရင် ငါတို့ အားလုံး လွတ်မြောက်မှာ မဟုတ်ဘူး" လို့ ပြောလိုက်၏။ စကားဆုံးသည်နှင့် ရီချုံတို့သည် မီးတောက်နဲ့ရေခဲ ပေါင်းစပ်ထားသော စွမ်းအင်လုံးကြီးဖြင့် တုရွန်းအား ထပ်မံတိုက်ခိုက်လိုက်သည်။

ချောင်ဖုန်းသည် ရွယ်ချင်းနဲ့ရှယုအား အောက်နယ်မြေကို အမြန်ဆုံး ပြန်ဖို့ စေခိုင်းလိုက်၏။ ရွယ်ချင်းနဲ့ ရှယုသည် မသွားချင်သော်များလည်း ချောင်ဖုန်းအတွက် ဝန်ထုတ်ဝန်ပိုး ဖြစ်မည်ဆိုး၍ ထွက်ခွာဖို့ ဆုံးဖြတ်လိုက်ကြသည်။

တုရွန်းသည် ပြုံးလိုက်ပြီး "ခုချိန်မှ ထွက်ပြေးဖို့ ဆိုတာ နောက်ကျမနေလွန်းဘူးလား......" လို့ ပြောကာ နတ်ဘုရားလက်သီးကြီးဖြင့် ချောင်ဖုန်းသို့ ရှိရာသို့ ထိုးချလိုက်၏။ ထိုအခါ ချောင်ဖုန်းသည် ရေခဲမီးတောက်ခန္ဓာကိုယ်အဖြစ်သို့ ပြောင်းလဲသွားပြီး ဧရညမ နတ်ဘုရား လက်သီးကြီးအား ခုခံကာကွယ်လိုက်ပြီး "အမြန်သွားကြတော့ " လို့ ပြောလိုက်သည်။

ထိုအခါ ရွယ်ချင်းနဲ့ ရှယုသည် လေဟာနယ်ထဲတွင် အလိုအလျောက်ပျောက်ကွယ်သွားခဲ့၏။ တုရွန်းသည် စိတ်ပျက်စွာဖြင့် "သူတို့ကို သတ်ပြီးတဲ့အချိန်ကြ......နင်တို့နှစ်ယောက်ကို ငါအမြန်ဆုံး လာရှာဖွေမယ်" လို့ ပြောရင်း လက်သီးကြီးအားအဆုံးထိ ထိုးချလိုက်သည်။

တုရွန်းသည် သူ့ရဲ့ နတ်ဘုရားလက်သီးစွမ်းအားကြောင့် ချောင်ဖုန်းသည် ကြီးမားသော ဒဏ်ရာရှိသွားပြီလို့ ထင်သွားခဲ့၏။ သို့သော်များလည်း ချောင်ဖုန်းသည် ရီချုံနဲ့ရန်ယို အနားတွင် ပြန်လည် ပေါ်လာခဲ့ပြီး ရီချုံနဲ့ရန်ယိုအား သူ့ခန္ဓာကိုယ်အတွင်းသို့ ပြန်လည်ဝင်ခိုင်းလိုက်သည်။

ရီချုံနဲ့ရန်ယိုသည် အမှန်တကယ်ပဲ စွမ်းအားများ ကုန်ဆုံးနေပြီဖြစ်တဲ့အပြင် ဒဏ်ရာများမှာလဲ ပြောပြမတက်နိုင်ပေ။ ရီချုံနဲ့ ရန်ယိုသည် အဆုံးထိ တိုက်ဖို့ ဆုံးဖြတ်ထားပေမယ့် ချောင်ဖုန်းစကားအား နားထောင်လိုက်ကြ၏။

တုရွန်းသည် ရေခဲမီးတောက်ခန္ဓာကိုယ်ရှိနေသော ချောင်ဖုန်းအား "ကောင်လေး.......မင်းက တကယ်ပါရမီရှင်တစ်ယောက်ပဲ ၊ ငါရဲ့နတ်ဘုရားလက်သီးကတောင် မင်းအပေါ်မတက်ရောက်ဘူးဆိုတော့ ငါမင်းကို အနှေးနဲ့အမြန် သတ်ပစ်ရလိမ့်မယ်" လို့ ပြောလိုက်သည်။

ထိုအခါ ချောင်ဖုန်းသည် "ခင်ဗျားမှာ အဲ့လိုအရည်အချင်းမျိုး ရှိဖို့ မျှော်လင့်ပါတယ် " လို့ ပြောလိုက်ပြီး သူ့လက်ချောင်းများကို လှုပ်ရှားလိုက်၏။

ထိုအခါချောင်ဖုန်းရဲ့လက်ဖဝါးထဲမှ မီးတောက်စွမ်းအားနဲ့ရေခဲစွမ်းအားသည် ပေါင်းစပ်၍ သွားကာ ဧရာမ ရေခဲမီးတောက်နတ်ဘုရားဝိညဥ်ခန္ဓာကိုယ်ကြီးအဖြစ်သို့ ပြောင်းသွားပြီး ချောင်ဖုန်းနောက်တွင် ပေါ်လာလေသည်။

တုရွန်းသည် ရေခဲမီးတောက်နတ်ဘုရားခန္ဓာကိုယ်ကြီးအား ကြည့်ကာ ဆွံ့အသွားပြီး "မဖြစ်နိုင်တာ......နတ်ဘုရားခန္ဓာကိုယ်ကျင့်စဥ်ရဲ့ ကို မင်းလိုလူငယ်တစ်ယောက်က အချိန်တိုအတွင်းမှာ ဘယ်လို လုပ်ကျင့်နိုင်မှာလဲ "လို့ ပြောလိုက်၏။

ချောင်ဖုန်းသည် သူ့လက်ချောင်းများကို လှုပ်ရှားလိုက်တဲ့အခါ ရေခဲမီးတောက်နတ်ဘုရားကြီးသည် ဧရာမလက်သီးကြီးဖြင့် တုရွန်းအား ထိုးချလိုက်သည်။ တုရွန်းသည် ယုံကြည်ချက်အပြည့်ဖြင့် " သေချင်နေတာပဲ......" လို့ ပြောကာ သူ့လက်ချောင်းများအား ညွန်လိုက်၏။

ထိုအခါ ဧရာမနတ်ဘုရားဝိညဥ်ကြီးများသည် လက်သီးများ ယှဥ်ထိုးလိုက်ကြသည်။ တုရွန်းသည် သူ့ဖန်တီးထားသော ဧရာမနတ်ဘုရားဝိညဥ်ကြီးမှာ အရေးနိမ့်လာသဖြင့် "အနိူင်းမဲ့နယ်ပယ်အလယ်အလတ်အဆင့်ကို ကျော်လွန်နေတာလား " ဟု မယုံနိုင်စွာဖြင့် ရေရွတ်လိုက်၏။

ချောင်ဖုန်းသည် သူ့စွမ်းအားများကို ရာနှုန်းပြည့် အသုံးပြုလိုက်ပြီး "သွားသေလိုက်တော့ ......."လို့ အားနဲ့မာန်ဖြင့် ပြောလိုက်သည်။

ထိုအခါ ဧရာမရေခဲမီးတောက်နတ်ဘုရားကြီးရဲ့လက်သီးကြီးသည် တဖက်မှ ဧရာမနတ်ဘုရားဝိညဥ်ကြီး၏ လက်သီးကြီးမှ တဆင့် ခန္ဓာကိုယ်တစ်ခုလုံးအား ထိုးချလိုက်၏။

တုရွန်နောက်မှ ဧရာမနတ်ဘုရားဝိညဥ်ကြီးသည် အစအနပင် လုံးဝပျောက်ကွယ်သွားတဲ့အခါ တုရွန်းသည် ပါးစပ်မှ သွေးများပင် ထွက်သွားခဲ့လေသည်။ တုရွန်းသည် သူ့ပါးစပ်မှ သွေးများကို သုတ်လိုက်ပြီး အနားမှ ရှိနေသော ချူဖုံနဲ့ ချင်းလျိူတို့၏ ကျင့်ကြံခြင်းစွမ်းအားများကို စုပ်ယူကာ သတ်ပစ်လိုက်ပြီး "မကြာခင်မှာ မင်းအသက်ကို ငါအမြန်ဆုံး လာနှုတ်ယူမယ် " လို့ ပြောကာ ပျောက်ကွယ်သွားခဲ့၏။

ချောင်ဖုန်းသည် တုရွန်းပျောက်ကွယ်သွားတဲ့အခါ "နတ်ဘုရားခန္ဓာကိုယ်ကျင့်စဥ်ကို ပေးဆပ်ရတဲ့ စွမ်းအားက အတော်ကြောက်စရာကောင်းတာပဲ " လို့ စိတ်ပျက်စွာဖြင့် ရေရွတ်လိုက်၏။

ပင်လယ်သမုဒ္ဒရာကြီး ရေအောက်ခြေတစ်ခုတွင် လူတစ်ယောက်သည် မျက်လုံးတစ်စုံ ပွင့်လာခဲ့၏။ ထိုလူသည် ရုတ်တရက် ပါးစပ်ထဲမှ သွေးများ ဒလဟော အန်လိုက်ရပြီး သူ့စွမ်းအားများဖြင့် ပြန်လည် ကုသနေခဲ့သည်။

ထိုလူကတော့ တခြားလူမဟုတ်ပေ တုရွန်းပင် ဖြစ်၏။ ချောင်ဖုန်းနဲ့ တိုက်ခိုက်ခဲ့သော သူမှာ တုရွန်း၏ စွမ်းအင်တစ်စိတ်တစ်ပိုင်းသာ ဖြစ်ပြီး အနိူင်းမဲ့နယ်ပယ်အလယ်အလတ်အဆင့်သာ ရှိသေးသည်။ ထို့ကြောင့် ချောင်ဖုန်းအား မယှဥ်နိုင်ခဲ့ပေ။

တုရွန်းသည် သူ့ရဲ့စိတ်ဝိညဥ်စွမ်းအားဖြင့် လူနှစ်ယောက်အား အမြန် ရှာဖွေလိုက်၏။ ထိုလူနှစ်ယောက်ကတော့ ချန်ဟွားနန်းတော်၏ အကြီးအကဲ နှစ်ယောက်ဖြစ်သော လုံရှန်း နှင့် မုဖုံ ပင် ဖြစ်ပေ၏။

လုံရှန်းတို့သည် တုရွန်း၏ စိတ်ဝိညဥ်စွမ်းအား ရောက်ရှိလာတာ သိသော်အခါ "ခေါင်းဆောင်......ငါတို့ကို အရေးကြီးခိုင်းစရာ ရှိလို့လား....." လို့ မေးမြန်းလိုက်သည်။ထိုအခါ တုရွန်းသည် သူ့အကြံအစည်များကို နှစ်ယောက်သားအား ပြောပြလိုက်၏။

လုံရှန်းနဲ့မုဖုံသည် "ခေါင်းဆောင်...... မင်းနတ်ဘုရားနယ်ပယ်အဆင့်ကို အေးဆေးထိုးဖောက်ပါ ၊ အဲ့ဒီကိစ္စ ကျွန်တော်တို့ နှစ်ယောက်တာဝန်ထားလိုက် " လို့ ယုံကြည်ချက်အပြည့်ဖြင့် ပြောလိုက်ကြသည်။

တုရွန်းသည် "ဘာပဲဖြစ်ဖြစ် မင်းတို့နှစ်ယောက် အဲ့ကောင်လေးကို အထင်မသေးမိစေနဲ့ " လို့ ပြောကာ မျက်လုံးပြန်မှိတ်၍ သွားခဲ့၏။

ချောင်ဖုန်းသည် သူ့စွမ်းအားများသည် ကုန်သလောက်နီးပါး ခန်းချောက်သွားတဲ့အတွက် နတ်ဆိုးနယ်မြေတွင် တစ်လပင် ကြာအောင် သူ့စွမ်းအားများ ပြန်လည်စုစည်းနေခဲ့ရသည်။

တစ်လခန့်ကြာသော်အခါ ချောင်ဖုန်းသည် နတ်ဆိုးနယ်မြေ၏ လုံခြုံသော နေရာမှ ပြန်လည် ထွက်ပေါ်လာခဲ့၏။ ချောင်ဖုန်းသည် သူ့စွမ်းအားများကို ပြန်လည်စစ်ဆေးကြည့်လိုက်ပြီး "ဒါတောင် ငါ့စွမ်းအားတွေ ပြည့်ဖို့ လိုသေးတာပဲ " လို့ ရေရွတ်လိုက်သည်။

ချောင်ဖုန်းသည် လေဟာနယ်အက်ကွဲကြောင်းမှ တဆင့် သူ့ရဲ့ကိုယ်ပိုင်နယ်မြေဖြစ်သော ဧကရာဇ်နယ်မြေသို့ စက္ကန့်ပိုင်းအတွင်းမှာပဲ ရောက်ရှိလာခဲ့၏။ ဧကရာဇ်နယ်မြေတွင် ရှိနေသော လခြမ်းမျက်ဝန်းဂိုဏ်းသည် ဧကရာဇ်နယ်မြေတစ်ခုလုံးအား သိမ်းပိုက်ဖို့ ကြိုးစားနေခြင်းပင် ဖြစ်သည်။

All Chapters