အခန်း (၂၀၉)
Vol. 15 Ch. 209
ချောင်ဖုန်းသည် ဧကရာဇ်နယ်မြေသို့ ရောက်ရှိလာတာနဲ့ သူ့စွမ်းအားများစုပ်ယူခဲ့လိုက်ရတဲ့အတွက် လပြည့်မျက်ဝန်းဂိုဏ်းသို့
ခြေကျင်သာ လမ်းလျှောက်၍ သွားနေခဲ့သည်။ ချောင်ဖုန်းကို တွေ့တဲ့အခါ လူတစ်ယောက်သည် ဝမ်းသာအားရဖြင့် ပြေးလာခဲ့၏။
ထိုလူကတော့ ချောင်ဖုန်းရဲ့ တပည့်ဖြစ်သော ချင်ဖီးရှောင်ပင် ဖြစ်သည်။ ချင်ဖီးရှောင်သည် ကာကွယ်စောင့်ရှောက်သူ ရာထူးမှ နှုတ်ထွက်ထားခြင်းပင် ဖြစ်၏။ ချင်ဖီးရှောင်သည် "ဆရာ.......ဧကရာဇ်နယ်မြေကို လာတာ လပြည့်မျက်ဝန်းဂိုဏ်းအကြောင်း စုံစမ်းမလို့လား...." လို့ မေးလိုက်သည်။
ချောင်ဖုန်းသည် ခေါင်းခါလိုက်ပြတဲ့အခါ ချင်ဖီးရှောင်သည် စိတ်အေးသွားရ၏။ ထိုချိန်မှာပဲ ချောင်ဖုန်းသည် "အပြတ်ရှင်းမလို့ " ဟု ပြောလိုက်တဲ့အခါ ချင်ဖီးရှောင်သည် သွေးပျက်သွားခဲ့၏။
ထိုချိန်မျက်ဝန်းနဲ့တူသော တံဆိပ်ကို ဝတ်ဆင်ထားသော လူ၁၀ယောက်အဖွဲ့သည် ချောင်ဖုန်းတို့ကို မြင်တဲ့အခါ ရှေ့ဆက်မသွားဘဲ ချောင်ဖုန်းတို့ ရှိကို ဦးတည်လာခဲ့သည်။ ချင်ဖီးရှောင်သည် ထိုလူများကို မြင်တဲ့အခါ ကြောက်ကြောက်လန့်လန့်ဖြင့် "ဆရာ......သူတို့က လပြည့်မျက်ဝန်းဂိုဏ်းက သက်တော်စောင့်အဖွဲ့ပဲ " ဟု တုန်တုန်ရီရီပြောလိုက်သည်။
လပြည့်မျက်ဝန်းဂိုဏ်းမှ ဟုန်စန်းလို့ ခေါ်သော လူတစ်ယောက်သည် ချင်ဖီးရှောင်၏ ပုခုံးကို ကိုင်ပြီး "ဖီးရှောင်......မင်းက ဘာမဟုတ်တာတွေ လုပ်ထားလို့ ဒီလောက်တုန်လှုန်နေရတာလဲ ၊ နောက်ပြီး သူကရော ဘယ်သူလဲ "ဟု ချောင်ဖုန်းကို ကြည့်ကာမေးလိုက်၏။
ချင်ဖီးရှောင်သည် တံတွေးပင်မျိုချလိုက်ပြီး အားတင်းကာ ဟုန်စန်းဘက်သို့ လှည့်ကာ လက်နှစ်ဖက်ဆုပ်ကာ "စီနီယာအကိုဟုန်စန်းပါလား......ဘာကိစ္စရှိလို့ပါသလဲ " ပြောလိုက်သည်။ဟုန်စန်းသည် ချောင်ဖုန်းခန္ဓာကိုယ်မှ စွမ်းအားအငွေ့အသက်မခံစားသဖြင့် "အထက်နယ်မြေမှာ သုံးစားမရတဲ့အမှိုက်က ရှိနေသေးတာလား " လို့ ပြောလိုက်၏။
ချောင်ဖုန်းသည် လက်နောက်ပစ်ကာ သူ့အား လပြည့်မျက်ဝန်းဂိုဏ်းကို ခေါ်ဆောင်သွားဖို့ ဟုန်စန်းတို့အား အေးဆေးပင် ပြောလိုက်သည်။ ချင်ဖီးရှောင်သည် ဘာပြောရမှန်းမသိ ဖြစ်သွားခဲ့၏။
ဟုန်စန်းနောက်မှ ခန်ယိုင်လို့ ခေါ်သောလူသည် သူတို့အား မရိုမသေဆက်ဆံတဲ့အတွက် သူ့ဓါးကို ထုတ်ကာ "သေချင်နေတာပဲ......" လို့ ရေရွတ်လိုက်ပြီး တိုက်ခိုက်ရန် စွမ်းအားများစုစည်းနေချိန်တွင် ခန္ဓာကိုယ်ကြီး ရုတ်တရက်ပေါက်ကွဲထွက်သွားပြီး အစအနပင် မကျန်တော့ပေ။
ချောင်ဖုန်းသည် "ငါ့ကို လပြည့်မျက်ဝန်းဂိုဏ်းကို ခေါ်သွားမလား ၊ ဒီမှာပဲ အသေခံမလား " လို့ မေးလိုက်၏။ဟုန်စန်းတို့သည် အချင်းချင်းကြည့်လိုက်ပြီး "အဲ့ကောင်စုတ်ကို ဝိုင်းသတ်ကြ" လို့ အော်ဟစ်လိုက်ပြီး သူတို့ရဲ့စွမ်းအားအရှိန်အဝါများထုတ်ကာ ချောင်ဖုန်းကို တိုက်ခိုက်လိုက်ကြသည်။
ချောင်ဖုန်းသည် စိတ်ပျက်စွာဖြင့် ခေါင်းခါလိုက်ပြီး "မင်းတို့က သေဖို့မစောင့်နိုင်တော့ဘူးဆိုတော့ ငါက ဖြည့်ဆည်းပေးရတာပေါ့ " လို့ ရေရွတ်လိုက်၏။ ချောင်ဖုန်းစကားဆုံးသည်နဲ့ ကျန်ရှိသော ဟုန်စန်းတို့ ၉ယောက်မှာ စွမ်းအင်များအားလုံး ချိတ်ပိတ်ခံလိုက်ရပြီး တစ်ခါထဲ ပေါက်ကွဲထွက်ကာ သေဆုံးသွားပါတော့သည်။
ချင်ဖီးရှောင်သည် သူမျက်လုံးကိုပင် မယုံကြည်နိုင်ပေ။ သူ့ရဲ့ဆရာချောင်ဖုန်းမှာ ကြောက်စရာကောင်းသော နတ်ဆိုးကြီးတစ်ကောင်ဖြစ်နေလိမ့်မယ်လို့ မထင်ထားခဲ့ခြင်း ဖြစ်၏။
ထိုချိန်မှာပဲ ကောင်းကင်ကြီးသည် ရုတ်တရက် မှောင်မဲသွားပြီး လျှပ်စီးတလက်လက်နဲ့ အတူ ကောင်းကင်ယံအထက်တွင် စစ်တပ်ကြီးတစ်စုသည် ထွက်ပေါ်လာခဲ့သည်။ ထို့နောက် ကောင်းကင်ယံအထက်ရှိ လူတစ်ယောက်သည် မျှော်စင်သဖွယ်ရတနာလက်နက်တစ်ခုအား ကိုင်ကာ "နောက်ဆုံးတော့ ငါတို့ထင်ထားတဲ့အတိုင်း မင်းက ဧကရာဇ်နယ်မြေကို ရောက်ရှိလာပြီပဲ " လို့ ရေရွတ်လိုက်၏။
ထိုလူကတော့ လုံရှန်းပင် ဖြစ်သည်။ လုံရှန်းရဲ့ ရင်ထဲတွင် သူ့မျိုးဆက်ကို သတ်ထားသော ချောင်ဖုန်းအား အလွန်ပင် သတ်ဖြတ်ချင်သောစိတ် ပြင်းထန်နေ၏။ လုံရှန်းသည် လပြည့်မျက်ဝန်းဂိုဏ်းချုပ်ဟန်ဖူးအား ချောင်ဖုန်းရဲ့ ခေါင်းကိုယူလာရန် အမိန့်ပေးလိုက်သည်။
ဟန်ဖူးသည် ချောင်ဖုန်း၏ သတင်းကို သိရှိထားခြင်းပင် ဖြစ်၏။
လုံရှန်းသည် သူ့အား သေတွင်းထဲ ပို့မိဟု မမျှော်လင့်ထားခဲ့ပေ။ ဟန်ဖူးသည် တွေးတောနေသည့်အချိန်မှာ မုဖုံသည် "ဟန်ဖူး......မင်းက ဘာငိုင်နေတာလဲ " လို့ ဒေါသထွက်စွာဖြင့် အော်ဟစ်လိုက်သည်။
ဟန်ဖူးသည် ပိုဖန်ဂိုဏ်းနဲ့ ပူးပေါင်းခဲ့ခြင်းကို နောင်တပင် ရသွား၏။
လပြည့်မျက်ဝန်းဂိုဏ်းသည် ဧကရာဇ်နယ်မြေတွင် အင်အားကောင်းသော ဂိုဏ်းတစ်ခုဖြစ်သောကြောင့် ပိုဖန်ဂိုဏ်းရဲ့ ဖိအားပေးမှုကြောင့် ပူးပေါင်းရခြင်းပင်ဖြစ်သည်။
ဟန်ဖူးသည် ကောင်းကင်ယံအထက်မှ မြေပြင်ပေါ်ရှိ ချောင်ဖုန်းရှေ့သို့ လျှပ်တစ်ပြက်ရောက်ရှိလာခဲ့၏။ ဟန်ဖူးသည် ချောင်ဖုန်းအား ရုတ်တရက် ဒူးထောက်သွားပြီး "သခင်လေး.......ငါ့ကို ကျေးဇူးပြုပြီး ဒီလူယုတ်မာတွေ လက်ထဲကနေ ကယ်တင်ပေးပါ "ဟု မြေကြီးပေါ်သို့ ခေါင်းစိုက်၍ ပြောလိုက်သည်။
လျှပ်တစ်ပြက်အတွင်းမှာပဲ ဟန်ဖူးသည် မတ်တပ်ထရပ်လိုက်ပြီး သူ့ရဲ့ ရေခဲချွန်ဓားတစ်ခုဖြင့် ချောင်ဖုန်းအား တိုက်ခိုက်လိုက်၏။ရေခဲချွန်ထား ကိုင်ထားသည် ဟန်ဖူးရဲ့လက်သည် ချောင်ဖုန်းအား မထိခင်မှာ ရုတ်တရက် လှုပ်ရှား၍ မရတော့တဲ့အခါ ဟန်ဖူးသည် "သူ.......သူက......ငါလှုပ်ရှားမှာကို ကြိုသိနေတာလား " လို့ ကြောက်ရွံစွာဖြင့် ရေရွတ်လိုက်သည်။
ချောင်ဖုန်းသည် အေးစက်သော အပြုံးဖြင့် "မင်းရဲ့ အဆင့်လောက်နဲ့ ငါ့ကို ချောင်းတိုက်ချင်နေတာလား...." လို့ ပြောလိုက်ပြီး သတ်ပစ်ရန် တွေးတောလိုက်၏။ ထိုအခါ ဟန်ဖူးသည် သူ့ခန္ဓာကိုယ်တစ်ခုလုံးမှာ အေးခဲ၍ သွားပြီး ရေခဲတုံးများအဖြစ် ကွဲကြေကာ အားလုံးရှေ့မှာတင် သေဆုံး၍ သွားလေသည်။
မျှော်စင်သဏ္ဍာန်ရတနာလက်နက် ကိုင်ဆောင်ထားသော လုံရှန်းသည် "ငါ့မင်းကို တစ်စက္ကန့်လေးမှ အသက်ဆက်ရှင်ခွင့် မပေးနိုင်တော့ဘူး ၊ သွားသေလိုက်တော့ " လို့ ပြောကာ မျှော်စင်သဏ္ဍာန်ရတနာ၏ အစွမ်းကို ဖော်ထုတ်လိုက်သည်။
မျှော်စင်သဏ္ဍာန်ရတနာသည် လှံရှန်းလက်ထဲမှ ထွက်သွားသည်နှင့်တဖြည်းဖြည်းကြီး ကြီးမားလားပြီး ဧရာမ
မျှော်စင်အဖြစ်သို့ ပြောင်းလဲသွား၏။ လှံရှန်းသည် "မင်းရဲ့ ဘဝဒီနေ့မှာ ဇာတ်သိမ်းရမယ်လို့ မင်းမမျှော်လင့်ထားဘူးမလား.....ဟားဟားဟား " လို့ အော်ရယ်လိုက်သည်။
လုံရှန်းသည် သူ့လက်ချောင်းများကို လှုပ်ရှားလိုက်တဲ့အခါ ဧရာမမျှော်စင်သဏ္ဍာန်ရတနာသည် ချောင်ဖုန်းနဲ့ ချင်ဖီးရှောင်အား တစ်ချက်ထဲနဲ့ပင် အတွင်းသို့ စုပ်ယူသွား၏။ လုံရှန်းရတနာအတွင်းသို့ ချောင်ဖုန်းသို့ရောက်ရှိသွားတဲ့အခါ မုဖုံသည် "စီနီယာအကို....မင်းရဲ့ ရတနာက အရင်ကထက် ပိုစွမ်းအားကြီးတာပဲ " ဟု ပြောလိုက်သည်။
လုံရှန်းသည် ခေါင်းငြိမ့်လိုက်ပြီး "မင်းပြောတာမှန်တယ်......မုဖုံ ၊ ငါရဲ့ ရတနာလက်နက်က နဂိုကထက် ဖမ်းဆီးချုပ်နှောင်အားပိုကောင်းလာသလို စွမ်းအားစုပ်ယူမှု အားကလဲ ပိုမြန်ဆန်လာတဲ့အတွက် ဒီကောင်လေးနှစ်ကောင် ငါရဲ့ ရတနာအတွင်းမှာ အချိန်ကြာကြာအသက်ရှင်နိုင်လိမ့်မယ် မထင်ဘူး " လို့ ယုံကြည်ချက်အပြည့်ဖြည့် ပြောလိုက်သည်။
ထိုချိန်မှာပဲ မျှော်စင်သဏ္ဍာန်ရတနာအတွင်းမှ အပြာရောင်အလင်းတန်းထွက်ရှိလာပြီး ချောင်ဖုန်းနဲ့ ချင်ဖီးရှောင်သည် မြေပြင်ပေါ်သို့ ပြန်လည်ရောက်ရှိလာခဲ့၏။ လုံရှန်းသည် ရုတ်တရက် မျှော်စင်ရတနာကို ထိန်းချုပ်လို့ မရတော့တဲ့အခါ " မဖြစ်နိုင်တာ......မင်းငါ့ရဲ့ ရတနာကို ဘာလုပ်လိုက်တာလဲ " ဟု ကြောက်လန့်တကြီး ဖြင့် ပြောလိုက်သည်။
ဧကရာဇ်နယ်မြေအတွင်းကို ရောက်ရှိလာသော ရတနာလက်နက်များအားလုံးသည် ချောင်ဖုန်းရဲ့ လက်အောက်တွင်သာ တည်ရှိ၍ လုံရှန်းရဲ့ မျှော်စင်သဏ္ဍာန်ရတနာသည် မူလပုံစံအတိုင်း ပြန်လည်သေးငယ်၍ သွားပြီး မြေပြင်ပေါ်သို့ ပြုတ်ကျသွားခဲ့၏။