← Chapters

အခန်း (၂၁၀)

Vol. 15 Ch. 210

အခန်း (၂၁၀)

Vol. 15 Ch. 210

လုံရှန်းသည် သူ့ဘဝအတွက် အလွန်ပင်တန်ဖိုးရှိသော ရတနာကို ဆုံးရှုံးလိုက်ရတာ ဒေါသမီးများ တောက်လောက်သွားခဲ့ပြီး အနိူင်းမဲ့နယ်ပယ်အဆင့်စွမ်းအားကို ထုတ်လွှင့်လိုက်လေသည်။ လုံရှန်းသည် အနိူင်းမဲ့နယ်ပယ်အထွဋ်အထိပ်အဆင့်ကို ရောက်ရှိခဲ့ခြင်းမှာ နှစ်အနည်းငယ်ကြာသေး၏။

သို့သော် ထွက်ပေါ်လာသော စွမ်းအားအရှိနိအဝါကြောင့် အနားရှိလူများသည် လွင့်ပြန်ထွက်သွားပြီး မုဖုံကိုယ်တိုင်တောင် သူ့စွမ်းအားဖြင့် ထိန်းထားရသည်။ လုံရှန်းသည် အနီရောင်မီးတောက်မျက်လုံးကြီးများဖြင့် ချောင်ဖုန်းကို ကြည့်ကာ "ငါမင်းကို သတ်ပစ်မယ် ၊ ငါမင်းကို သတ်ပစ်မယ် " လို့ နှစ်ကြိမ်အော်ဟစ်လိုက်ပြီး ကောင်းကင်ယံအထက်မှ ပျောက်ကွယ်သွား၏။

လုံရှန်းသည် ချောင်ဖုန်း၏ ခေါင်းတည့်တည့်ပေါ်မှ လျှပ်တစ်ပြက်ပေါ်လာခဲ့ပြီး လျှပ်စီးလက်ဝါးကြီးဖြင့် "သေပေတော့......" လို့ ပြောကာ ချောင်ဖုန်းအား တိုက်ခိုက်လိုက်လေသည်။ အားလုံးသည် ချောင်ဖုန်း အမှန်တကယ် သေသွားမည်ဟု ထင်သွားကြ၏။

သို့သော် သူထင်ထားသလို ဖြစ်မသွားဘဲ လုံရှန်း၏ လျှပ်စီးလက်ဝါးကြီး ခေါင်းပေါ်ရှိ လေဟာနယ်အကာအကွယ် တစ်ခုကို မထိုးဖောက်နိုင်ခဲ့ပေ။ ရုတ်တရက် လေဟာနယ်ပြောင်းလဲမှုကို ခံစားလိုက်ရတဲ့အခါ လုံရှန်းသည် နောက်ပြန်ဆုတ်ဖို့ သူ့ခန္ဓာကိုယ်အား လေဟာနယ်ထဲသို့ ပြန်တိုးဝင်လိုက်၏။

သို့သော် လုံရှန်းသည် စက်ဝိုင်းအသွင် လေဟာနယ်တစ်ခုအတွင်း ချုပ်နှောင်ခံလိုက်ရပြီး ထိုနေရာမှ ထွက်ခွာ၍မရတော့ပေ။ လုံရှန်း သည် လေဟာနယ်ကို ထိန်းချုပ်၍ မရတော့တဲ့အပြင် သူ့စွမ်းအင်များမှာ တဖြည်းဖြည်း ပျောက်ကွယ်သွားတဲ့အတွက် ရူးခါ၍ သွားလေသည်။

လုံရှန်းသည် သူသေရတော့မည်ကို ကြိုသိနေသဖြင့် တုန့်လှုပ်စွာဖြင့် "မင်းက....ဘယ်လိုမကောင်းဆိုးဝါးမျိုးလဲ "လို့ ချောင်ဖုန်းအား အော်ဟစ်ကာ ကျန်ရှိသေးသောစွမ်းအားဖြင့် ပိတ်နှောင်ခံထားရသော လေဟာနယ်စက်ဝိုင်းအတွင်းမှ ထိုးဖောက်ဖို့ ကြိုးစားပါတော့သည်။

အနိူင်းမဲ့နယ်ပယ်အထွဋ်အထိပ်အဆက်ကို ရောက်ရှိနေသော လုံရှန်း၏ အဖြစ်အပျက်ကို မြင်လိုက်ရတဲ့အခါ ကောင်းကင်ယံအထက်တွင် ရှိနေသော မုဖုံသည် ချက်ချင်းပငိ နောက်သို့ ပြန်လည့်ကာ ထွက်ပြေးဖို့ ဟန်ပြင်လေ၏။ သို့သော် မုဖုံသည်လည်း လုံရှန်းအတိုင်းပင် လေဟာနယ်စက်ဝိုင်းအတွင်းတွင် ဖမ်းဆီး၍ ခံလိုက်ရလေသည်။

လုံရှန်းနဲ့မုဖုံသည် အစပိုင်းတွင် သူ့တို့ရဲ့စွမ်းအားဖြင့် လေဟာနယ်စက်ဝိုင်းအတွင်းမှ ထိုးဖောက်ဖို့ ကြိုးစားနေသော်လည်း နောက်ပိုင်းတွင် လုံးဝ လက်လျော့သွား၏။ ချောင်ဖုန်းသည် တုရွန်း၏ တည်နေရာအား လုံရှန်းနဲ့ မုဖုံအား မေးမြန်းလိုက်သည်။

လုံရှန်းသည် "လတ်စသတ်တော့ မင်းက ခေါင်းဆောင်ရဲ့ နေရာကို သိချင်နေတာလား ၊ အဲ့တာဆိုရင် မင်းငါတို့နှစ်ယောက်ကို သတ်ပစ်လိုက်တော့ " လို့ ပြတ်သားစွာ ငြင်းဆို ပြောလိုက်၏။ မုဖုံသည်လည်း "မကြာခင် ခေါင်းဆောင်ရဲ့လက်အောက်မှာ မင်းသေရမှာကို ငါတို့မမြင်နိုင်တော့တဲ့ စိတ်မကောင်းဖြစ်မိတယ် " လို့ ပြောကာ ခေါင်းခါ လိုက်သည်။

ရီချုံနဲ့ရန်ယိုသည် "အကိုကြီး......သူတို့နှစ်ယောက်ကို ထားလဲ ဘာမှထူးမှာ မဟုတ်ဘူး " လို့ ချောင်ဖုန်းအား အကြံပေးလိုက်၏။ ချောင်ဖုန်းသည် ခေါင်းငြိမ်လိုက်ပြီး " စိတ်မပူပါနဲ့......မကြာခင်မှာ မင်းတို့ရဲ့ ခေါင်းဆောင်ကိုလဲ မင်းတို့နဲ့တွေ့ရအောင် ငါဆောင်ရွက်ပေးမှာပါ " လို့ ပြောလိုက်ပြီး သတ်ပစ်လိုက်လေသည်။

တုရွန်းရဲ့ စိတ်ဝိညဥ်ခန္ဓာကိုယ်ကြီးရဲ့လက်ပတ်ရှိ အနက်ရောင် ဝိညဥ်ပုတီးစေ့များ ကွဲကြေသွားတဲ့အခါ တုရွန်း၏ စိတ်ဝိညဥ်ခန္ဓာကိုယ်ကြီးသည် "ဘာ.....သူတို့နှစ်ယောက်လုံးသေဆုံးသွားပြီလား " လို့ မယုံနိုင်စွာဖြင့် ရေရွတ်လိုက်၏။

တုရွန်းသည် သူကြံစည်ထားသလို မဖြစ်လာတဲ့အတွက် နတ်ဘုရားဖြစ်ဖို့သာ ဦးတည်လိုက်လေသည်။ တုရွန်းတွင် စိတ်ဝိညဥ်ခန္ဓာကိုခွဲထုတ်ထားနိုင်သော အလွန်အစွမ်းထက်သော ကျင့်စဥ်တစ်ခုပင် ရှိ၏။

တုရွန်းသည် သူ့၏ စွမ်းအားအစိတ်အပိုင်းတစအား စိတ်ဝိညဥ်ကိုယ်အဖြစ် ခွဲထုတ်ထားပြီး အဆင့်မြင့် ကျင့်ကြံသူတို့၏ ကျင့်ကြံခြင်း စွမ်းအားကို လိုက်လံစုပ်ယူနေခြင်းပင် ဖြစ်သည်။ တုရွန်း၏ ခန္ဓာကိုယ်အစစ်သည် ထိုနည်းလမ်းဖြင့် ကျင်ကြံခြင်းစွမ်းအားများမှာ တဖြည်းဖြည်း တိုးတက်လာခြင်းပင် ဖြစ်၏။

ယခုအခါမှာလဲ တုရွန်းသည် ချောင်ဖုန်း၏ ကျင့်ကြံခြင်းစွမ်းအားကို စုပ်ယူရန် ကြံစည်နေခြင်းပင် ဖြစ်ပေသည်။ ချောင်ဖုန်း၏ ကျင့်ကြံခြင်းစွမ်းအားများကိုသာ ရရှိမည်ဆိုလျှင် တုရွန်းသည် နတ်ဘုရားဖြစ်ရန် အလှမ်းမဝေးတော့ပေ။

တုရွန်းသည် သူ့ရဲ့ခန္ဓာကိုယ်အစစ်၏ တည်နေရာကို ရှာဖွေတွေ့ရှိမည်ကို စိုးရိမ်၍ စိတ်ဝိညဥ်ခန္ဓာကိုယ်စွမ်းအားနဲ့ ပြန်လည်ပေါင်းစည်းလိုက်ပြီး နတ်ဘုရားနယ်ပယ်အဆင့်ကိုသာ တက်လှမ်းနိုင်ဖို့သာ ကြိုးစားပါတော့သည်။

လုံရှန်းနဲ့ မုဖုံ သေဆုံးသွားသည်နှင့် ချောင်ဖုန်းသည် ကျန်ရှိသေးသော လပြည့်မျက်ဝန်းဂိုဏ်းမှ တပည့်သားများ အားလုံးကို သတ်ပစ်လိုက်၏။

ချောင်ဖုန်းသည် အားလုံးကို သတ်ဖြတ်ပြီးနောက် {အထက်နယ်မြေ ၇ခုအား သန့်စင်အောင်ပြုလုပ်ပေးနိုင်တဲ့အတွက် စနစ်ရှင်အား စွမ်းအားများ ပြန်လည်ပေးအပ်ခြင်းနဲ့အတူ စနစ်ရှင်သတ်ဖြတ်ထားသောလူများအားလုံး၏ ကျင့်ကြံခြင်းစွမ်းအားနှစ်ဆကို ဆုလာဒ်အဖြစ် ရရှိပါမည် } ဟု ချစ်စရာကောင်းသော အသံငယ်လေးကို ချောင်ဖုန်းသည် ကြားလိုက်ရ၏။

ချောင်ဖုန်း ခန္ဓာကိုယ်ကြီးမှ မျက်လုံးပင် စူးရှသော ရွှေဝါရောင်အလင်းတန်းများပေါ်ထွက်လာခဲ့ပြီး အမည်မသိစွမ်းအား အရှိန်အဝါများသည် ချောင်ဖုန်းခန္ဓာကိုယ်အတွင်းသို့ လျှပ်စီးအလျင်ကဲ့သို့ တိုးဝင်နေကြပေသည်။

အချိန်သည် နာရီဝက်နီးပါး ကြာပြီးတဲ့နောက် ချောင်ဖုန်း ခန္ဓာကိုယ်ရှိ ရွှေဝါရောင်အလင်းတန်းများ ပြန်လည် ပျောက်ကွယ်သွားပြီး ချောင်ဖုန်းသည် ပုံမှန်အတိုင်းပင် ပြန်ဖြစ်သွား၏။

ချောင်ဖုန်းသည် သူ့စွမ်းအားများ ပြန်လည်ရရှိလာတဲ့အတွက် နေသာထိုင်သာ ဖြစ်သွားတဲ့အပြင် အနိူင်းမဲ့နယ်ပယ်အထွဋ်အထိပ်ကိုပင် ထိုးဖောက်နိုင်တော့မည့်စွမ်းအားများ အလုံအလောက်ရရှိသွားပြီဖြစ်၍ အချိန်ဆွဲမနေတော့ဘဲ ထိုနေရာမှာပင် ပျောက်ကွယ်၍ သွားပါတော့သည်။

တုရွန်းသည် နှစ်ပေါင်းများစွာကျင့်ကြံနေသော ဆရာကြီးတစ်ယောက်ဖြစ်တဲ့အတွက် နတ်ဘုရားနယ်ပယ်အဆင့်ကို နီးကပ်နေပြီဆိုတာ ချောင်ဖုန်းသည် သိရှိထား၏။ ချောင်ဖုန်းသည် အနိူင်းမဲ့နယ်ပယ်အလယ်အလတ်အဆင့်နဲ့ တုရွန်းကို တိုက်ခိုက်မည်ဆိုလျှင် အနားတောင်မကပ်နိုင်မှာကိုပင် စိုးရိမ်ရသည်။

ချောင်ဖုန်းသည် သူကျင့်ကြံမည့် အချိန်သည် ဒီတစ်ကြိမ်မှာ မခန့်မှန်းနိုင်တော့မည် ဖြစ်၍ ရီချုံနဲ့ ရန်ယိုအား အောက်နယ်မြေကို စောင့်ကြည့်ပေးထားဖို့ စေခိုင်းလိုက်၏။

ရီချုံနဲ့ရန်ယိုသည် "အကိုကြီး.......ငါတို့အတက်နိုင်ဆုံး လူသားမျိုးနွယ်ကို ကာကွယ်စောင့်ရှောက်ပါမည်" ဟု ပြောကာ ချောင်ဖုန်းခန္ဓာကိုယ်မှ ပျောက်ကွယ်သွားလေသည်။ချောင်ဖုန်းသည် သူ့ရရှိထားသော ကျင့်ကြံရေးစွမ်းအားများကို စတင်စုပ်ယူသန့်စင်ကာ အနိူင်းမဲ့နယ်ပယ်အထွဋ်အထိပ်ရောက်မှသာ ရပ်တန့်ဖို့ ဆုံးဖြတ်ချက် ချလိုက်ပြီး စတင်ကျင့်ကြံခဲ့၏။

ရွယ်အင်ပါယာတိုင်းပြည်၏ အခန်းတစ်ခန်းထဲတွင် ရှိနေသော ရွယ်ချင်းသည် ချောင်ဖုန်းအား ကူညီနိုင်ရန်အတွက် နောက်တစ်ဆင့်ကို ထိုးဖောက်နိုင်ရန် ကျင့်ကြံခြင်းကိုသာ အလေးထားနေခဲ့သည်။ ထို့အတူ ရှယုသည် အောက်နယ်မြေကို ရောက်ရှိစဥ်ကတည်းကပင်

ကျင့်ကြံခြင်းကိုသာ အာရုံစိုက်နေခဲ့၏။

ရွယ်ချင်းနဲ့ရှယုသည် အထက်နယ်မြေတွင် ဖြစ်ပျက်နေသော အကြောင်းအရာများကို ဘယ်သူမှ မပြောပြခဲ့ပေ။

နှစ်ပေါင်း ၅၀ခန့်ကြာပြီးတဲ့နောက်မှာတော့ ရွယ်အင်ပါယာသည်

ပိုပို၍ ကြောက်စရာကောင်းလာခဲ့သလို ရန်သူတော်များကလဲ တစတစနဲ့ မရေမတွက် နိုင်တော့ပေ။ ရွယ်အင်ပါယာ၏ အခန်းတစ်ခုထဲတွင် ယောကျာ်းလေးတစ်ယောက်သည် စိတ်ပျက်စွာဖြင့် ငေးမိုင်နေလေ၏။

ထိုချိန်မှာ မိန်းကလေးတစ်ယောက်ရောက်ရှိလာခဲ့ပြီး "မောင်လေးလုဖုန်း......နင်ရုပ်က ဘာဖြစ်နေတာလဲ " လို့ ပြုံးကာ မေးလိုက်သည်။ထိုအခါ ရီလုဖုန်းသည် စာတစ်စောင်အား မိန်းမငယ်လေးကို ပေးလိုက်၏။

All Chapters