အခန်း (၂၁၁)
Vol. 15 Ch. 211
ရီရှလင်းဟု မိန်းမငယ်လေးသည် ထိုစာကို တွေ့တဲ့အခါ သူ့မျက်နှာမှာ ဒေါသအရိပ်များ ထွက်ပေါ်လာခဲ့သည်။ ရီရှလင်းသည် "မောင်လေးလုဖုန်း.......နင်က ဒီကိစ္စကို စိတ်ပူနေတာလား " လို့ ပြောလိုက်၏။
ရီလုဖုန်းသည် "အမရှလင်း........ငါက ဒီလူကိုတွေကို ရှုံးမှာကြောက်လို့ စိတ်ပူနေတာမဟုတ်ဘူး ၊ ငါ့စိတ်ပူတာက ပြည်သူတွေ အပြစ်မဲ့သက်သက်ထိခိုက်မှာကိုပဲ " လို့ ပြောလိုက်သည်။ ရွယ်ချင်းနဲ့ရှယုသည် အောက်နယ်မြေတွင် ပျောက်ဆုံးသွားသည်မှာ အနှစ်၅၀ပင် ကြာသွားခဲ့ပြီ ဖြစ်၏။
ရီလုဖုန်းနဲ့ ရီရှလင်းရှိနေသော အခန်းထဲသို့ လူတစ်ယောက်သည် လျှပ်တစ်ပြက်ရောက်ရှိလာခဲ့ပြီး ဒူးတစ်ဖက်ထောက်ကာ "ခေါင်းဆောင်......ကျွန်တော်တို့ အားလုံး စီစဥ်စရာရှိတာ ပြင်ဆင်ပြီးပါပြီ " လို့ ပြောလိုက်သည်။
ရီလုဖုန်း ထိုင်နေရာမှ ထလိုက်ပြီး "ကောင်းပြီ......ဒီလူတွေကို ငါတို့အကြောင်း သိသွားအောင် ပြရသေးတာပေါ့ " လို့ အေးစက်စွာဖြင့် ပြောလိုက်ပြီး ထိုနေရာမှ ပျောက်ကွယ်သွားကြ၏။ ရွယ်အင်ပါယာနဲ့ ဝေးကွာသော နေရာတစ်ခု ဖြစ်သည့် အာမန်တောင်ထိပ်၏ ကောင်းကင်ယံအထက်တွင် အင်အားတောင့်တင်းသော အင်ပါယာ၄ခု၏ အဖွဲ့သားများသည် တည်ရှိနေခဲ့သည်။
ရီလုဖုန်းသည် ထိုလူအားလုံးရဲ့ ရှေ့တွင် ပေါ်ထွက်လာခဲ့ပြီး တည်ငြိမ်စွာဖြင့် "အာမန်တောင်ထိပ်ကို လုယူဖို့ ကြိုးစားနေတာ မင်းတို့တွေလား " လို့ မေးလိုက်၏။
ထိုအခါ ရွှေရောင်စုတ်တံကြီးကို ကိုင်ဆောင်ထားသော နင်ချန်ဖန်သည် "မင်းကရောဘယ်သူလဲ.......မင်းတို့ခေါင်းဆောင် ငကြောက်ရော ခုချိန်ထိ ထွက်မလာသေးဘူးလား...ဟားဟား " လို့ ရယ်မောကာ ပြောလိုက်သည်။
ရီလုဖုန်းအနားမှာ ရှိနေသောလူသည် "တိတ်စမ်း......မင်းအဆင့်နဲ့အင်ပါယာခေါင်းဆောင်ကို စော်ကားခွင့် မရှိဘူး " လို့ ပြောလိုက်၏။
ရီလုဖုန်းအနားတွင် ရှိနေသော ရီရှလင်းသည် ရီလုဖုန်းရဲ့ ပုခုံးအား ကိုင်ထားပြီး နင်ချန်ဖန်ကို ကြည့်ကာ "သေချာတာ တစ်ခုကတော့ ငါ့မောင်လေးကို စော်ကားတဲ့အတွက် နင်အသက်ကတော့ အာမန်တောင်ထိပ်မှာပဲ ချန်ထားခဲ့ရလိမ့်မယ်ထင်တယ် " လို့ ပြောလိုက်လေသည်။
ထိုအခါ နင်ချန်ဖန်သည် "မင်းတို့ နှစ်ယောက်က ရွယ်အင်ပါယာရဲ့ ခေါင်းဆောင်လုဖုန်းနဲ့ကာကွယ်စောင့်ရှောက်သူ ရှလင်း ဆိုတဲ့ နှစ်ယောက်လား " လို့ မေးလိုက်၏။ ရီလုဖုန်းသည် "မင်းတို့ကို ကြည့်ရတာ သေချာမစုံစမ်းထားဘူးပဲ " လို့ ပြောလိုက်လေသည်။
နင်ချန်ဖန်သည် ပြန်ပြောရခက်နေချိန်တွင် သူ့ရဲ့နောက်တွင် ရှိသော ဘူဖေးရန်လို့ ခေါ်သောလူသည် "ဟားဟားဟား......အဲ့တာဆို အတော်ပဲ ၊ ငါတို့က မင်းတို့နှစ်ယောက်ကို လိုက်ရှာပြီး သတ်စရာမလိုတော့ဘူးပေါ့...."လို့ ပြောကာ အော်ဟစ်ရယ်မော နေလေ၏။
ချီအင်ပါယာ ၊ တန်အင်ပါယာ ၊ ချင်လန်အင်ပါယာ ၊ ဟုန်အင်ပါယာလေးခုသည် အရာရာမှာ အလွန်သာမွန်နေသော ရွယ်အင်ပါယာကို သိမ်းပိုက်နိုင်ရန်အတွက် ပူးပေါင်း၍ ကြံစည်လာသည် နှစ်ပေါင်းမနည်းတော့ပေ။
ထိုအင်ပါယာလေးခုသည် အာမန်တောင်နဲ့ ပက်သက်ပြီး ရန်စ၍ ရွယ်အင်ပါယာကို သိမ်းပိုက်နိုင်ရန် အကောင်အထည် ဖော်လာခဲ့ခြင်း ဖြစ်၏။ ရွယ်အင်ပါယာတွင် ရှိနေသော အဆင့်မြင့်ကျင့်ကြံသူအများစုမှာ ဂူအောင်း၍ ကျင့်ကြံနေပြီဖြစ်ကြောင်း နင်ချန်ဖန်တို့သည် စုံစမ်း သိရှိပြီးသားပင် ဖြစ်သည်။
ထို့ကြောင့် နင်ချန်ဖန်တို့သည် ထိုအခွင့်အရေးကို လက်လွတ်မခံဘဲ ရွယ်အင်ပါယာကို တိုက်ခိုက်ဖို့ ဆုံးဖြတ်လိုက်ခြင်းပင် ဖြစ်၏။
ဘူဖေးရန်သည် မျက်လုံးများပင် မှိတ်လိုက်ပြီး "ဘိုးဘေးထန်ရီ......ဘိုးဘေးရဲ့အစွမ်းကို သူ့တို့အမြင်ကျယ်သွားအောင် ပြသလိုက်ပါအုံး " လို့ ပြောလိုက်သည်။
ချီထန်းရီသည် ချီအင်ပါယာ၏ ဘိုးဘေးတစ်ယောက်ပင်ဖြစ်၏။ ချီထန်းရီသည် သူ့ရဲ့ ကျင့်ကြံမှုစွမ်းအား အရှိန်အဝါကို ထုတ်လွင့်လိုက်ပြီး နက်ရှိုင်းသော အသံဖြင့် "ငါကျင့်ကြံနေတဲ့အချိန်အတွင်းမှာ အင်ပါယာအသစ်ထွက်ရှိလာခဲ့ပြီး အဲ့အင်ပါယာက ငါတို့ချီအင်ပါယာထက် သာလွန်နေလိမ့်မယ်လို့ မမျှော်လင့်ထားဘူး " လို့ ပြောလိုက်ပြီး ဘူဖေးရန်တို့ အနားကို ရောက်ရှိလာခဲ့၏။
ချီထန်းရီကို တွေ့တဲ့အခါ ရွယ်အင်ပါယာရှိလူများ၏ မျက်နှာများမှာ ညိုးမှိန်သွားလေသည်။ အကြောင်းမှာ ချီထန်းရီသည် အနိူင်းမဲ့နယ်ပယ်အဆင့် ကျင့်ကြံသူတစ်ယောက်ပင် ဖြစ်ပေ၏။
ချီထန်းရီသည် ပြုံးလိုက်ပြီး "ဘာပဲဖြစ်ဖြစ်......ငါထွက်လာပြီဆိုတော့ မင်းတို့ ရွယ်အင်ပါယာက ဒီကမ္ဘာမြေပေါ်က အပြီး ပျောက်ကွယ်သွားသင့်ပြီ " လို့ ပြောလိုက်ပြီး သူ့လက်ချောင်းများဖြင့် ရီလုဖုန်းတို့ ရှိသို့ ညွှန်လိုက်သည်။
ထိုအခါ ဧရာမလက်ညိုးဝိညဥ်စွမ်းအင်ကြီးသည် ရီလုဖုန်းတို့ ရှိသို့ တဖြည်းဖြည်း ရောက်ရှိလာခဲ့၏။ ချီထန်းရီသည် ထပ်မံပြီး သူလက်ချောင်းများကို လှုပ်ရှားလိုက်တဲ့အခါ ရီလုဖုန်းတို့ အဖွဲ့သည် လေဟာနယ်တစ်ခုအတွင်းသို့ ပိတ်မိသွားလေသည်။
စွမ်းအားများသည်လည်း ချိတ်ပိတ်ခံလိုက်ရသောကြောင့် ရီလုဖုန်းနဲ့ သူတို့ရှိလာနေသော ဧရာမလက်ညိုးဝိညဥ်စွမ်းအင်ကြီးကို ကြည့်ကာ စိတ်ပျက်စွာပဲ "အဖေ.....အမေ ၊ ရွယ်အင်ပါယာကို မစောင့်ရှောက်နိုင်တဲ့အတွက် သားကို ခွင့်လွှတ်ပါ " လို့ ပြောလိုက်ပြီး မျက်လုံးစုံမှိတ်ထားလိုက်၏။
ထိုချိန်မှာပဲ ဧရာမလက်ညိုးဝိညဥ်စွမ်းအင်ကြီး အနက်ရောင်ချီစွမ်းအင်များ၏ ဝါးမျိုခြင်းကို ခံလိုက်ရပြီး ရီရှလင်းတို့အဖွဲ့ပိတ်မိနေသော လေဟာနယ်ကြီးသည်လည်း ပျက်စီးသွားလေသည်။
ထို့နောက် အနက်ရောင်ဝတ်စုံကို ဝတ်ဆင်ထားသော မိန်းမပျိုသည် ကောင်းကင်ယံအထက်မှ လမ်းလျှောက်လာခဲ့ပြီး "နင်တို့အဆင့်နဲ့ ရွယ်အင်ပါယာကို သိမ်းပိုက်ဖို့ စဥ်းစားနေတာလား"လို့ ပြောကာ သူလက်ဖဝါးထဲမှ အနက်ရောင်ချီးစွမ်းအင်များဖြင့် ချီထန်းရီအား တိုက်ခိုက်လိုက်၏။
ချီထန်းရီသည် ရေလှိုင်းအသွင်သဏ္ဍာန် သူ့ရှိလာနေသော အနက်ရောင်ချီစွမ်းအင်များထံမှ ဖျက်စီးစွမ်းအားမှုအရှိန်အဝါကို ခံစားရသဖြင့် အခြေအနေ မဟန်မှန်း သိရှိလိုက်ပြီး လေဟာနယ်ဒိုင်းကာ တစ်ခုအား လျင်မြန်စွာ ဖန်တီးလိုက်သည်။
သို့သော် အနက်ရောက်ချီစွမ်းအင်များသည် လေဟာနယ်ဒိုင်းကာကို အလွယ်တကူ ထိုးဖောက်သွားပြီး ချီထန်းရီရဲ့ အရေပြားပေါ်မှ တဆင့် ခန္ဓာကိုယ်အတွင်းသို့ ပြေးဝင်သွားခဲ့၏။ ချီထန်းရီသည် ကြောက်ကြောက်လန့်လန့်ဖြင့် "မလုပ်နဲ့......မလုပ်နဲ့" လို့ အော်ဟစ်လိုက်ပြီးနောက် ခန္ဓာကိုယ်တစ်ခုလုံး ပေါက်ကွဲကာ သေဆုံးသွားလေသည်။
အနိူင်းမဲ့နယ်ပယ်အဆင့်ကို ရောက်ရှိနေသော ချီထန်းရီသည် မိန်းမပျို၏ တိုက်ကွက်တစ်ကွက်ထဲမှာပင် သေဆုံးသွားတဲ့အခါ ဘူဖေးရန်တို့သည် ဘာမှတွေးတောမနေတော့ဘဲ နောက်ပြန်လှည့်ကာလေဟာနယ်အက်ကွဲကြောင်းမှ ထွက်ပြေးဖို့ ဟန်ပြင်ကြကုန်၏။
ထိုချိန်မှာပဲ ပန်းရောင်ဝတ်စုံဝတ်ဆင်ထားသော မိန်းမပျိုသည် ဘူဖေးရန်တို့ ရှေ့တွင် ပေါ်လာခဲ့ပြီး သူ့လက်ဖဝါးကို ဖြန့်လိုက်တဲ့အခါ
သေးငယ်သော စွမ်းအင်လှိုင်းများသည် ဘူဖေးရန်တို့ တစ်ယောက်ချင်းစီသို့ ပြေးဝင်သွားခဲ့၏။
ဘူဖေးရန်တို့သည် အမည်မသိစွမ်းအင်တစ်မျိူး သူတို့ခန္ဓာကိုယ်အတွင်း ရောက်ရှိလာခြင်းကို ခံစားလိုက်ရပြီး စက္ကန့်ပိုင်းအတွင်းမှာပဲ မီးလောင်သဖွယ် ပြာကျကာ သေဆုံးသွားပါတော့သည်။
အားလုံးသည် ထိုမိန်းမပျိုနှစ်ယောက်ကိုမြင်လိုက်ရတဲ့အခါ ဒူးများပင်ထောက်ကာ "ရွယ်အင်ပါယာ၏ သခင်မနှစ်ယောက်ကို အရိုအသေပြုပါတယ် "ဟု ပြောကာ ဂါဝါရပြုနေခဲ့ကြ၏။
ရွယ်ချင်းနဲ့ရှယုသည် အချင်းချင်းပြုံးပြလိုက်ပြီး ရီလုဖုန်းနဲ့ ရီရှလင်းတို့ အနားကို ရောက်ရှိသွားပြီး ဂါဝါရပြုနေသော သူတို့ကလေးများကို ထူလိုက်ကြသည်။ရွယ်ချင်းသည် ရီလုဖုန်းခေါင်းအား ပွတ်လိုက်ပြီး "မင်းတောင် ဒီအရွယ်ကို ရောက်လာပြီပဲ " လို့ ပြောလိုက်၏။
ရီရှလင်းနဲ့ ရှယုသည် ပျော်ရွင်ရယ်မောစွာ စကားများပြောနေခဲ့ကြသည်။ ထိုချိန်မှာပဲ ကောင်းကင်ကြီးသည် နီရဲတောက်သွားခဲ့ပြီး ကြောက်စရာကောင်းလွန်းသော စွမ်းအားအရှိန်ဖြင့် "နောက်ဆုံးတော့ ငါမျှော်လင့်စောင့်ဆိုင်းခဲ့တဲ့ နေ့တစ်နေ့ကို ရောက်ရှိလာပြီပဲ " ဟု အသံနဲ့အတူ နီရဲတောက်နေသော
တိမ်လွှာများကြားမှ လူတစ်ယောက်သည် ထွက်ရှိလာလေသည်။