← Chapters

အခန်း (၂၁၂)

Vol. 15 Ch. 212

အခန်း (၂၁၂)

Vol. 15 Ch. 212

ထိုလူကတော့ တခြားလူမဟုတ်လဲ နတ်ဘုရားနယ်ပယ်အဆင့်ကို ရောက်ရှိသွားသော တုရွန်းပင် ဖြစ်နေခဲ့၏။ တုရွန်းသည် နတ်ဘုရားနယ်ပယ်အဆင့်ကို ချိုးဖြတ်ပြီးတဲ့နောက် အောက်နယ်မြေကို ဆင်းသက်ကာ ချောင်ဖုန်းတို့ကို ရှာဖွေနေခြင်းပင် ဖြစ်သည်။

နတ်ဘုရားနယ်ပယ်အဆင့် ရောက်ရှိသွားသော တုရွန်းကို မြင်တဲ့အခါ ရွယ်ချင်းနဲ့ ရှယုသည် မကောင်းသော အငွေ့အသက်များကို ခံစားလိုက်ရပြီး သူတို့အသက်ကို စတေးကာ သူတို့သားသမီးကို ကာကွယ်ဖို့ ဆုံးဖြတ်လိုက်၏။

တုရွန်းသည် ချောင်ဖုန်းကို မတွေ့ရှိသေးသဖြင့် စိတ်ပျက်စွာဖြင့် ခေါင်းခါလိုက်ပြီး သဏ္ဍာန်မဲ့ သွေးစွမ်းအင်ကြီးဖြင့် ရွယ်ချင်းနဲ့ ရှယု အား တိုက်ခိုက်လိုက်သည်။ အလွန်ပင် ဖျက်စီးမှုအားကောင်းသော သွေးစွမ်းအင်ကြီးသည် လမ်းတစ်ဝက်မှာပင် မီးတောက်စွမ်းအားနဲ့ ရေခဲစွမ်းအင်တို့၏ ခုခံတိုက်ခိုက်မှုကြောင့် အရှိန်ပင် နှေးသွားခဲ့၏။

ထိုချိန်မှာပဲ ရွယ်ချင်းနဲ့ရှယုသည်လည်း သူတို့လက်ချောင်းများကို လှုပ်ရှားကာ အနီရောင်သွေးစွမ်းအင်ကြီးအား တိုက်ခိုက်လိုက်ကြသည်။ရီချုံနဲ့ရန်ယိုသည် အနှိုင်းမဲ့နယ်ပယ်အထွဋ်အထိပ်အဆင့်ထိ ရောက်ရှိခဲ့သော်လည်း နတ်ဘုရားနယ်ပယ်အဆင့်ရောက်ရှိနေသော တုရွန်း၏ တိုက်ခိုက်မှုအား ခုခံဖို့ပင် အလွန်ခက်ခဲနေခဲ့၏။

တုရွန်းသည် သူ့စွမ်းအားများကို ထပ်မံတိုးမြှင့် လိုက်ပြီး "အနိူင်းမဲ့နယ်ပယ်အဆင့်စွမ်းအားတွေလောက်နဲ့ ငါ့စွမ်းအားကို အံတုနိုင်မယ် ထင်နေတာလား " လို့ ပြောလိုက်သည်။ ထိုအခါ အနီရောင်သွေးစွမ်းအင်ကြီးသည် နဂိုထက်ပိုမို အားကောင်းလာပြီး ခုခံနေသော စွမ်းအားလေးခုအား တစ်ချက်ထဲနဲ့ပင် ဖျက်ဆီးပစ်လိုက်၏။

ထိုအခါ ရီချုံ၊ ရန်ယို ၊ ရှယုနဲ့ရွယ်ချင်းတို့သည် လွင့်ပြန်ထွက်သွားကြ၏။ စစ်သည်တော်များနှင့် ပြည်သူအားလုံးသည် တုရွန်းကိုကြည့်ကာ ကြောက်ရွံတုန်လှုပ်နေကြလေသည်။

တုရွန်းသည် ဧရာမသွေးလက်ဖဝါးကြီးဖြင့် ရွယ်ချင်းကို အရင်တိုက်ခိုက်လိုက်၏။ ရွယ်ချင်းသည် သူ့စွမ်းအားများဖြင့် လေဟာနယ် အကာအကွယ်ဖန်တီးဖို့ ကြိုးစားလိုက်ပင်မယ့် ဒဏ်ရာအရှိန်ကြောင့် မဖန်တီးနိုင်တော့ပေ။

သွေးလက်ဖဝါးကြီးသည် ရွယ်ချင်းနားရောက်ခါနီးမှာတော့ လျင်မြန်သော အရှိန်နှုန်းတစ်ခုနဲ့ အတူ လူတစ်ယောက်သည် ရွယ်ချင်းရှေ့မှ ဝင်ကာ သွေးလက်ဖဝါးကြီးအား သူ့စွမ်းအားဖြင့် ခုခံလိုက်၏။

ထိုလူကတော့ ရွယ်အင်ပါယာ၏ အရှင်သခင် ချောင်ဖုန်းပင် ဖြစ်သည်။ ချောင်ဖုန်းသည် သွေးဖဝါးကြီးအား ခုခံနေရင်း ရွယ်ချင်းအား အမြန်ဆုံး ထွက်ခွာဖို့ ပြောလိုက်၏။

ရွယ်ချင်းသည် "ကိုကိုချောင်ဖုန်း.......ရှင်ဂရုစိုက်နော် " ဟု ပြောကာ ထိုနေရာမှ ပျောက်ကွယ်၍ သွားသည်။တုရွန်းသည် ချောင်ဖုန်းကို မြင်တဲ့အခါ ဝမ်းသာသွားလေသည်။တုရွန်းသည် နောက်ထပ်သွေးလက်ဖဝါးတစ်ခုအား ပစ်လွှတ်လိုက်ပြီး "မင်းကသေဖို့ ရောက်လာမှာတော့ ငါက ဖြည့်ဆည်းပေးရမှာပေါ့" ဟု ပျော်ရွင်စွာဖြင့် ပြောလိုက်၏။

ချောင်ဖုန်းသည် မျက်နှာမပျက်ဘဲ တုရွန်းအား အနိုင်တိုက်နိုင်ဖို့ ယုံကြည်ချက်အပြည့်ရှိနေခဲ့သည်။ချောင်ဖုန်းသည် တုရွန်းကို ရင်ဆိုင်နိုင်ဖို့အတွက် လက်ချောင်းများလှုပ်ရှားလိုက်ပြီး ဧရာမနတ်ဘုရား ခန္ဓာကိုယ်အား ဖန်တီးလိုက်သည်။

ချောင်ဖုန်းဖန်တီးထားသော နတ်ဘုရားခန္ဓာကိုယ်သည် စွမ်းအင်ဖြင့် ဖန်တီးထာသော ကျင့်စဥ်တစ်ခုသာ ဖြစ်၍ တုရွန်းသည် လှောင်ပြောရယ်မောကာ "နတ်ဘုရား ခန္ဓာကိုယ်အစစ်ရဲ့ စွမ်းအားက ဘယ်လိုလဲဆိုတာ မင်းအမြင်ကျယ်အောင် ငါပြရသေးတာပေါ့ " လို့ ပြောကာ ချောင်ဖုန်းအား သွေးလက်သီးကြီးဖြင့် ထိုးလိုက်၏။

ချောင်ဖုန်းသည် တည်ငြိမ်အေးစက်စွာဖြင့် "ရေခဲမီးတောက်နတ်ဘုရားရဲ့ တိုက်စားခြင်း" လို့ ရေရွတ်လိုက်သည်။ ထိုအခါ ချောင်ဖုန်း ဖန်တီးထားသော ရေခဲမီးတောက်နတ်ဘုရားကြီး၏ မျက်စိအတွင်းမှ ရေခဲမီးတောက်စွမ်းအင် အလင်းတန်းကြီးသည် တုရွန်း၏ နတ်ဘုရားသွေးလက်သီးကြီးရှိသို့ ကျရောက်သွား၏။

နတ်ဘုရားသွေးလက်သီးကြီးသည် ရေခဲမီးတောက်အလင်းတန်းကြီးရဲ့ တိုက်စားခြင်းကြောင့် စွမ်းအင်များကျဆင်းသွားလေသည်။

တုရွန်းသည် သူ့ရဲ့နတ်ဘုရားအစစ်ခန္ဓာကိုယ်ကြီးရဲ့ စွမ်းအားအစစ်အမှန်အား ချောင်ဖုန်းဖန်တီးထားသော ရေခဲမီးတောက်နတ်ဘုရားစွမ်းအင်က အနိုင်ယူနိုင်လိမ့်မည်လို့ မမျှော်လင့်ထားခဲ့ပေ။

ဧရာမသွေးလက်သီးကြီးသည် လုံးဝပျောက်ကွယ်သွားတဲ့အခါ တုရွန်းသည် " မဖြစ်နိုင်တာ မင်းလိုအနိူင်းမဲ့နယ်ပယ်အဆင့်က ငါ့လိုနတ်ဘုရားနယ်ပယ်အဆင့် စွမ်းအားကို ဘယ်လိုလုပ် ဖျက်ဆီးနိုင်မှာလဲ " လို့ ကြောင်အစွာဖြင့် ပြောလိုက်၏။

ချောင်ဖုန်းသည် ပြုံးလိုက်ပြီး "ငါရဲ့ကျင့်ကြံမှုစွမ်းအားက အနိူင်းမဲ့နယ်ပယ်အထွဋ်အထိပ်အဆင့်ဆိုပေမယ့် ၊ ငါပိုင်ဆိုင်ထားတဲ့ စွမ်းအားတွေနဲ့ ပေါင်းစပ်လိုက်မယ်ဆိုရင်တော့ သာမန်နတ်ဘုရားတစ်ပါးက ငါ့ကို ရင်ဆိုင်နိုင်မှာ မဟုတ်ဘူး " လို့ ပြောလိုက်သည်။

ချောင်ဖုန်းသည် ပြုံးနေရင် ပြန်တည်သွားတဲ့အခါ ခန္ဓာကိုယ်ဘယ်တစ်ခြမ်းသည် ရွှေဝါရောင်မီးတောက်အဖြစ်သို့ ပြောင်းလဲသွားပြီး ညာတစ်ခြမ်းကတော့ ရေခဲစိမ်းရောင် အဖြစ်သို့ ပြောင်းလဲသွားကာ နတ်ဘုရားတစ်ပါးမှာ ရှိနေသော စွမ်းအား အရှိန်အဝါများ ပေါ်ထွက်လာခဲ့၏။

တုရွန်းသည် ပြောင်းလဲသွားသော ချောင်ဖုန်းအား ကြည့်လိုက်ပြီး

"မင်း.....မင်းက......နတ်ဘုရားအဆင့်မီးတောက်နဲ့ နတ်ဘုရားအဆင့်ရေခဲစွမ်းအားကို ဘယ်ချိန်က ရရှိသွားတာလဲ " ဟု မယုံနိုင်စွာဖြင့် မေးလိုက်သည်။

ချောင်ဖုန်းသည် အထက်နယ်မြေ ၇ခုအား သန့်စင်အောင် ဆောင်ရွက်ပေးပြီးနောက် စနစ်မှ ဆုပေးခဲ့ရာတွင့် ကျင့်ကြံရေးစွမ်းအားများတင်မက နတ်ဘုရားအဆင့်မီးတောက်နဲ့ နတ်ဘုရားအဆင့်ရေခဲကို ပေးအပ်ခဲ့ခြင်းပင်ဖြစ်၏။

ချောင်ဖုန်းသည် လွန်ခဲ့သော ၂၅နှစ်ကတည်းကပင် အနိူင်းမဲ့နယ်ပယ်အထွဋ်အထိပ်အဆင့်ကို ရောက်ရှိနေခဲ့ခြင်း ဖြစ်ပြီး ကျန်ရှိသော ၂၅နှစ်တွင် နတ်ဘုရားမီးတောက်နဲ့နတ်ဘုရားရေခဲစွမ်းအားတို့ကို တစ်သားထဲကျအောင် ကျင့်ကြံနေခြင်းပင် ဖြစ်သည်။

ထို့အပြင် ချောင်ဖုန်းသည် မယုံနိုင်စရာကောင်းသော စွမ်းအားတစ်ခုကို ခံစားမိသွားတဲ့နောက် တုရွန်းကို သတ်ဖြတ်နိုင်ဖို့ ယုံကြည်ချက် ပိုရှိသွားခဲ့သည်။

တုရွန်းသည် သူရဲ့စိတ်ဝိညဥ်စွမ်းအားကို ခွဲထွက်ကာ ဒဏ်ရာရရှိနေသော ရွယ်ချင်းတို့ကို အရင်သတ်ဖြတ်ဖို့ ဆုံးဖြတ်လိုက်၏။ တုရွန်း၏ စိတ်ဝိညဥ်စွမ်းအားသည် ရွယ်ချင်းတို့ရှိ ဦးတည်သွားနေတာတောင် ချောင်ဖုန်းသည် မလှုပ်ရှားခဲ့ပေ။

ထိုချိန်မှာပဲ လျူဖုန်း နဲ့ ယွီရှန်ဟွာတို့သည် ပေါ်ထွက်လာခဲ့ပြီး တုရွန်း၏ စိတ်ဝိညဥ်စွမ်းအားကို တိုက်ခိုက်လိုက်ကြ၏။ လျူဖုန်းနဲ့ ယွီရှန်ဟွာသည် ချောင်ဖုန်းနဲ့ အတူရောက်ရှိလာခြင်းပင် ဖြစ်ပြီး အခြေအနေကို ကြည့်နေခြင်းပင် ဖြစ်သည်။

တုရွန်းသည် ဒေါသထွက်စွာဖြင့် သူ့စွမ်းအားများကို စုစည်းလိုက်ပြီး "ဘယ်လိုပဲဖြစ်ဖြစ်.......အနိူင်းမဲ့နယ်ပယ်အဆင့်ကျင့်ကြံသူ တစ်ယောက်က နတ်ဘုရားနယ်ပယ်အဆင့်ကို သတ်နိုင်မှာလား " လို့ ပြောလိုက်ပြီး ချောင်ဖုန်းအား တိုက်ခိုက်ရန် ဟန်ပြင်လိုက်၏။

ချောင်ဖုန်းသည် ပြုံးလိုက်ပြီး "မင်းက နတ်ဘုရားနယ်ပယ်အဆင့်ကို ရောက်ရှိချင်ယုံနဲ့ အပြစ်မဲ့တဲ့လူတွေအားလုံးကို သတ်ဖြတ်ခဲ့တယ် ၊ အဲ့ဒီအတွက် ငါကိုယ်တိုင် မင်းကို နိဂုံးချုပ်ပေးမယ် " လို့ ပြောလိုက်ပြီး လက်ဖဝါးနှစ်ဖက်ကို ဖြန့်လိုက်သည်။

ထိုအခါ လေဟာနယ်အက်ကွဲကြောင်းများစွာထဲမှ မီးတောက်စွမ်းအားများနဲ့ ရေခဲစွမ်းအားများသည် ချောင်ဖုန်း လက်ဖဝါးအတွင်းသို့ စီးဝင်လာကြ၏။

အားလုံးသည် လေဟာနယ်အက်ကွဲကြောင်းများထဲမှ ကြောက်စရာကောင်းသော မီးတောက်စွမ်းအားများနဲ့ ရေခဲစွမ်းအားများကို မြင်တွေ့လိုက်ရတဲ့အခါ ကြောက်လန့် အံ့အားသင့်သွားကြသည်။ ချောင်ဖုန်းရဲ့စွမ်းအားသည် တဖြည်းဖြည်းအင်အားကြီးလာမှန်း တုရွန်းသည် ခံစားလိုက်ရတဲ့အခါ အချိန်ဆွဲမနေတော့ဘဲ "ဒဏ္ဍာရီသွေးနတ်ဆိုးရဲ့အဆုံးမဲ့သတ်ဖြတ်ခြင်း " လို့ ရေရွတ်ကာ တိုက်ခိုက်လိုက်၏။

စွမ်းအားအရှိန်အဝါ ပြင်းထန်သော အနီရောင်သွေးစွမ်းအင်အလင်းတန်းကြီးသည် ချောင်ဖုန်းရှိသို့ တရှိန်ထိုး ပြေးဝင်လာလေသည်။

ချောင်ဖုန်းသည် သူ့လက်ဖဝါးနှစ်ဖက်သို့ စီးဝင်နေသော စွမ်းအားများကို ရပ်တန့်လိုက်ပြီး "ဒီလောက်ဆို မင်းက်ု သတ်ဖြတ် လုံလောက်ပြီ" လို့ ရေရွတ်လိုက်ပြီး လက်ဖဝါးနှစ်ဖက်ကို စုစည်း၍ မီးတောက်စွမ်းအားနဲ့ ရေခဲစွမ်းအားကို ပေါင်းစပ်လိုက်ပြီး အနီရောင်သွေးစွမ်းအင်အလင်းတန်းကြီးရှိသို့ ပစ်သွင်း တိုက်ခိုက်လိုက်၏။

ထိုအခါ စွမ်းအင်နှစ်မျိုးဖြစ်သည့် အသွင်သဏ္ဍာန်မဲ့သော ရေခဲမီးတောက်စွမ်းအင်တန်းကြီးသည် တုရွန်း၏ အနီရောင်သွေးစွမ်းအင်အလင်းတန်းကြီးနဲ့ ထိပ်တိုက်ဆုံသွားကာ ပေါက်ကွဲသွားလေသည်။

ထိုပေါက်ကွဲမှု စွမ်းအားဒဏ်ကြောင့် မြေပြင်တွင် ရှိနေသော လူများအားလုံးသည် လွင့်ပြန်ထွက်သွားကြ၏။ လျူဖုန်းနဲ့ယွီရှန်ဟွာတို့သည်လည်း သူတို့စွမ်းအားများဖြင့် အကာအကွယ် အမြန်ဖန်တီးလိုက်ကြရ၏။

ကောင်းကင်ယံအထက်တွင် ပေါက်ကွဲစွမ်းအားကြောင့် မြူမှုန်များအုပ်ဆိုင်းနေခဲ့ပြီး ဘာမှ မမြင်ရသေးပေ။ ရွယ်ချင်းနဲ့ ရှယုသည် စိုးရိမ် ပူပန်စွာဖြင့် အဝေးမှ လှမ်းကြည့်နေလသည်။

ကောင်းကင်ယံကြီးသည် တဖြည်းဖြည်းအလင်းရောင်များ ပြန်ထွက်လာခဲ့ပြီး မြူမှုန်များလဲ ပျောက်ကွယ်လာတဲ့အခါ ခန္ဓာကိုယ်များမှာ ဒဏ်ရာဗလပွ စုတ်ပြတ်သတ်နေသော လူရိပ်နှစ်ရိပ်သည် ထွက်ပေါ်လာပါတော့သည်။

ချောင်ဖုန်းသည် သူ့စွမ်းအားကို စုစည်းနေသော်လည်း သွေးများမှာ အဆက်မပြတ် အန်နေခဲ့၏။ ရွယ်ချင်းနဲ့ ရှယုသည် ချောင်ဖုန်းအနားကို သွားရန် လုပ်ပင်မယ့် အခြေအနေမှာ ဘာမှန်းမသိသေးတဲ့အတွက် လျူဖုန်းတို့သည် တားထားလေသည်။

တုရွန်းသည် "မင်း.....မင်း" က ပြောလိုက်ပြီး ခန္ဓာကိုယ်ကြီးသည် ပေါက်ကွဲ ထွက်ကာ သေဆုံး၍ သွားပါတော့သည်။ ချောင်ဖုန်း၏ နတ်ဘုရားအဆင့်ရေခဲမီးတောက်စွမ်းအင် အလင်းတန်းကြီးသည် တုရွန်း၏ နီရဲတောက်သွေးစွမ်းအင်အလင်းတန်းကြီးကို ဖျက်ဆီးယုံသာမက တုရွန်း၏ ခန္ဓာကိုယ်အတွင်းသို့ ထိုးဖောက်သွားခြင်းပင် ဖြစ်၏။ တုရွန်း သေဆုံးသွားတဲ့အခါ ချောင်ဖုန်းသည် ပြုံးလိုက်ပြီး သတိလစ်သွားကာ ကောင်းကင်ယံအထက်မှ ပြုတ်ကျ၍ သွားခဲ့၏။

ထိုအခါမှသာ ရွယ်ချင်းနဲ့ရှယုသည် ချောင်ဖုန်းအား အမြန်ပြေးဖမ်းလိုက်ပါတော့သည်။လျူဖုန်းနဲ့ ရှန်ယွီဟွာသည် ချောင်ဖုန်းကို ကြည့်ကာ " ဒီကောင်လေး တကယ်လုပ်နိုင်ခဲ့တာပဲ "ဟု ဝမ်းသာအားရစွာဖြင့် ပြောလိုက်၏။

ချောင်ဖုန်းတို့ တည်ရှိနေသော ကမ္ဘာမြေကြီးသည် မီးတောက်နှင့်ရေခဲစွမ်းအားဖြင့် တည်ဆောက်ထားသော ကမ္ဘာတစ်ခုပင် ဖြစ်ပေသည်။

နတ်ဘုရားအဆင့်မီးတောက်နဲ့ နတ်ဘုရားအဆင့်ရေခဲတို့သည် သူ့ခန္ဓာကိုယ်နဲ့ ပြီးပြည့်စုံအောင် ပေါင်းစပ်သွားတဲ့အခါ ချောင်ဖုန်းသည် သူ့စွမ်းအားများကုန်ခမ်းသွားရင်တောင် ကမ္ဘာမြေကြီးမှ တဆင့် ရေခဲနဲ့မီးတောက် စွမ်းအားများကို အလွယ်တကူ အသုံးပြုလို့ရနိုင်မှန်းသိရှိသွားခြင်းပင် ဖြစ်သည်။

တခြားသော စွမ်းအင်ကမ္ဘာမြေတစ်ခုဖြစ်နေလျှင် ချောင်ဖုန်းသည် အနိူင်းမဲ့နယ်ပယ်အဆင့်နဲ့ နတ်ဘုရားနယ်ပယ်ရောက်ရှိသွားသော တုရွန်းအား ထိခိုက်နိုင်အောင် လုပ်နိုင်မည် မဟုတ်ပေ။

ချောင်ဖုန်းသည် သတိရခန်းနီးအချိန်တွင် { ရေခဲမီးတောက်ကမ္ဘာမြေအား ကယ်တင်နိုင်သွားပြီဖြစ်တဲ့အတွက် စနစ်ရှင်အတွက် နှုတ်ဆက်ဂုဏ်ပြုပါတယ် ၊ မကြာခင်မှာ ယဲ့ရှာကို ရှာတွေ့နိုင်မယ်လို့ ယုံကြည်ပါတယ် တာ့တာ } လို့ ချစ်စရာကောင်းသော အသံငယ်လေးနဲ့အတူ အသန့်စင်ဆုံးစနစ်သည် ချောင်ဖုန်းခန္ဓာကိုယ်ထဲမှ ထွက်ခွာ၍ သွားပါတော့သည်။

ချောင်ဖုန်းသည် မျက်လုံးများ ပြန်ပွင့်လာတဲ့အခါ "ယဲ့ရှာ....ယဲ့ရှာ "လို့ တိတ်တဆိတ် ရေရွတ်လိုက်၏။ ချောင်ဖုန်း ပြန်လည်သတိရလာတာကို မြင်တဲ့အခါ ရွယ်ချင်းနဲ့ ရှယုသည် ချောင်ဖုန်းအား ပြေးဖက်လိုက်ကြသည်။ ထို့နောက် ရွယ်ချင်းနဲ့ရှယုသည် ရီလုဖုန်းနဲ့ ရီရှလင်းတို့ နှစ်ယောက်ရှိနေတာကို ပြန်သတိရသွားပြီး ရှက်ရှက်နဲ့ နှစ်ယောက်သား ပြန်ထလိုက်ကြ၏။

ချောင်ဖုန်းသည် ပြုံးလိုက်ပြီး "နောက်ဆုံးတော့ ကိုယ်တို့မိသားစုတွေ စုံစုံလင်လင် ပြန်နေခွင့် ရသွားပြီပဲ " လို့ ဝမ်းသာအားရစွာဖြင့် ပြောလိုက်ပြီး ရွယ်ချင်းနဲ့ရှယုအား ဖက်ထားလိုက်လေသည်။ထိုအခါ ရီချုံနဲ့ ရန်ယိုသည် အကိုကြီး "မင်းကငါတို့နှစ်ယောက်ကို မေ့သွားပြီလား "လို့ ပြောလိုက်၏။

ချောင်ဖုန်းသည် ပြုံးလိုက်ပြီး မသိချင်ယောင်ဆောင်နေတဲ့အခါ ရီချုံနဲ့ ရန်ယိုသည် စိတ်ဆိုးသွားကြပြီး "အကိုကြီး....မင်းကို မခေါ်တော့ဘူး " လို့ ပြောလိုက်ပြီး အချင်းချင်း ရန်ဖြစ်နေပါတော့သည်။တုရွန်းသေဆုံးသွားမှသာ ရီချုံရဲ့ မှတ်ဉာဏ်စွမ်းအားများသည် ပြန်လည်ပွင့်သွားခဲ့ပြီး သူ့နဲ့ ရန်ဖြစ်ဖော်ညီကို ရန်ယိုကို မှတ်မိ၍ သွားခဲ့၏။

အဖြူရောင်ကြယ်မှုန့်လေးများဖြစ်သော အသန့်စင်ဆုံးစနစ်သည် ကမ္ဘာမြေအပြင်ဘက်ကို စက္ကန့်ပိုင်းအတွင်း ထိုးဖောက်၍ သွားပြီး နတ်ဘုရားပလ္လင်ပေါ်ရှိ လူတစ်ယောက်ခန္ဓာကိုယ်ထဲသို့ ပြန်လည်ရောက်ရှိသွားခဲ့သည်။

ရွှေဝါရောင်နတ်ဘုရားပလ္လင်ပေါ်တွင် ထိုင်နေသော နတ်ဘုရားတစ်ပါးသည် အသန့်စင်ဆုံးစနစ်ဖြစ်သော ယဲ့ရှာ ပြန်ရောက်လာသည်ကို မြင်တဲ့အခါ ပြုံးလိုက်ပြီး နောက်ထပ် လျှပ်စီးကမ္ဘာမြေတစ်ခုရှိကို ထပ်မံပို့လွှတ်လိုက်ပါတော့သည်။

ယဲ့ရှာသည် ပျော်ပျော်ရွင်ရွင်ဖြင့် "လျှပ်စီးကမ္ဘာမြေကြီးရေ......ငါလာနေပြီနော် " လို့ ပြောကာ ကမ္ဘာမြေတစ်ခုအတွင်းသို့ ဝင်သွားပါတော့သည်။

All Chapters