← Chapters

ပုံမှန်မဟုတ်သောလမ်းကြောင်းအတိုင်းလိုက်သည့်’ရန်ကျောက်ကဲ’

Vol. 69 Ch. 969

ပုံမှန်မဟုတ်သောလမ်းကြောင်းအတိုင်းလိုက်သည့်’ရန်ကျောက်ကဲ’

Vol. 69 Ch. 969

အခန်း (၉၆၉) ပုံမှန်မဟုတ်သောလမ်းကြောင်းအတိုင်းလိုက်သည့်’ရန်ကျောက်ကဲ’

ဤကိစ္စမတိုင်ခင်က ချင်းယွမ်ဧကရာဇ်က တောင်ပိုင်းထိပ်တန်းအရှင်သခင်နှင့် သိပ်ပြီးမရင်းနှီးခဲ့ပေ။

သို့သော် သူတို့ရင်ဆိုင်ရသည့်ရန်သူက တစ်ယောက်တည်းဖြစ်သွားသည့်အခါ မကြာသေးမီနှစ်များအတွင်း သူတို့အချင်းချင်း ပိုမိုရင်းနှီးလာခဲ့သည်။

ထိပ်တန်းအကြီးအကဲ (၂)ယောက်သာမက တပည့်များအချင်းချင်းသည်ပင် ရင်းနှီးလာကြသည်။

ထို့ကြောင့် ဝူထုန်တောင်စောင်းမှတပည့်များက အရှေ့တောင်ထိပ်တန်းအရှင်သခင်နှင့် ချင်းယွမ်ဧကရာဇ်ကြား ဆက်ဆံရေး ယိုယွင်းလာရခြင်းအကြောင်းရင်းကို လေ့လာရန် ကြိုးစားခဲ့ကြသည်။

အကြောင်းပြချက်က ယုံနိုင်စရာမရှိခဲ့ပေ။

ချင်းယွမ်ဧကရာဇ်က သူ၏အကြံအစည်များကို ဖျက်ဆီးနေသော အရှေ့တောင်ပိုင်းမှ လူတစ်ယောက်ကို လက်စားချေလိုသည်ဟု ဆိုသည်။

ချင်းယွမ်ဧကရာဇ်က ‘မြေကမ္ဘာဘုရင်မ’ တည်နေရာကို ရှာဖွေရန်အတွက် ကျူတောပင်လယ်ဒေသတွင် ‘ကောင်းကင်စွမ်းအားအစီအရင်’ ကိုတည်ဆောက်ခဲ့သော်လည်း ထိုအစီအရင် ပျက်ဆီးခဲ့ကြောင်း သတင်းများရရှိခဲ့သည်။

အထက်ဘုံကမ္ဘာတစ်ခုလုံးက ဤသတင်းနှင့်ပတ်သက်ပြီး ကိုယ့်အတွေးနှင့်ကိုယ် ရှိကြသည်။

သို့သော် ချင်းယွမ်ဧကရာဇ်ကတော့ ကျင်းထင်တောင်နှင့် ဝါဒတောင်ကို ရန်သူများအဖြစ် သတ်မှတ်ခဲ့သည်။

သူက ဤသတင်းကို အခြားသူများမသိစေချင်သည်မှာ အမှန်ဖြစ်သည်ဆိုလျှင် လက်စားချေရန် လွန်လွန်ကဲကဲ ပြုလုပ်ခြင်းက ပုံမှန်မဟုတ်ရာရောက်သည်။

အထူးသဖြင့် ဧကရာဇ် (၃)ပါး ၊ အုပ်စိုးရှင် (၅)ပါး ၊ နယ်မြေ (၁၀)ခုအရှင်သခင်များက ဤကိစ္စနှင့်ပတ်သက်ပြီး မည်သည့်သဘောထားကိုမှ ထုတ်ဖော်ပြသခြင်း မရှိခဲ့ကြပေ။

အရှေ့တောင်ထိပ်တန်းအရှင်သခင်ကို ကူညီခဲ့သော ပိုးသားဧကရာဇ်သည်ပင် သူတို့ကြားမှ ရင်းနှီးသော ဆက်ဆံရေးကြောင့်သာ ကူညီခဲ့ခြင်းဖြစ်ပြီး ချင်းယွမ်ဧကရာဇ်၏ ကောင်းကင်စွမ်းအားအစီအရင်အကြောင်း ဘယ်တုန်းကမှ ထုတ်ဖော်မပြောခဲ့ဖူးပေ။

ဝူထုန်တောင်စောင်းအနေဖြင့် ဤအကြောင်းက မသေချာလှသော်လည်း ရန်သူ၏ရန်သူမှာ မိတ်ဆွေဖြစ်သဖြင့် ချင်းယွမ်ဧကရာဇ်နှင့် တောင်ပိုင်းထိပ်တန်းအရှင်သခင်ကြားမှ ဆက်ဆံရေးက များစွာတိုးတက်ကောင်းမွန်လာခဲ့သည်။

တာအိုဆရာ ‘ချန်းလန်’ ကိုတွေ့ရသည့်အခါ ဖန်ဟယ်က အံ့အားသင့်သွားခြင်း မရှိပေ။

“ဘာလို့ဒီကိုရောက်လာတာလဲ တာအိုဆရာ ‘ချန်းလန်”

ဖန်ဟယ်က ယဉ်ကျေးစွာမေးလိုက်သည်။

တာအိုဆရာ ‘ချန်းလန်’ က အမတကူးပြောင်းခြင်းအဆင့် သိုင်းသူတော်စင်ဖြစ်ရုံသာမက ချင်းယွမ်ဧကရာဇ်၏ တပည့်ရင်းတစ်ယောက်လည်း ဖြစ်သည်။

တာအိုဆရာချန်းလန်က ချင်းယွမ်ဧကရာဇ်၏ တာအိုတရာကိုနားထောင်ပြီး သူ့အတွက် အလုပ်များလုပ်ဆောင်ပေးကြသော ရှန်လင်ကျီ ၊ ဧကရာဇ် ရွှမ်ဝမ် ၊ တာအိုဆရာရှီတို့နှင့် တူညီခြင်းမရှိပေ။

ရှန်လင်ကျီတို့အုပ်စုနှင့် ချင်းယွမ်ဧကရာဇ်ကြားဆက်ဆံရေးကို လူအနည်းငယ်သာ သိရှိကြပြီး တာအိုဆရာချန်းလန်ကတော့ ချင်းယွမ်ဧကရာဇ်၏ တပည့်ရင်းအဖြစ် အထက်ဘုံကမ္ဘာတစ်ခုလုံးက သိရှိကြသည်။

ချင်းယွမ်ဧကရာဇ်တွင် ကိုယ်ပိုင်တပည့်အနည်းငယ်သာရှိသော်လည်း ၎င်းတို့အားလုံးသည် အထက်ဘုံကမ္ဘာတွင် ကြီးကျယ်သောကျော်ကြားမှုကိုရရှိထားသည့် ထူးခြားသော ကျင့်ကြံသူများ ဖြစ်ကြသည်။

“မီးတောက်ဘုရင်ကို နှုတ်ဆက်ပါတယ်”

တာအိုဝတ်စုံဝတ်ဆင်ထားသည့် ပိန်ပိန်ပါးပါးလူရွယ်က လေဟုန်စီးကောင်းကင်ရွက်လှေပေါ်သို့တက်လာပြီး နှုတ်ဆက်စကားဆိုလိုက်သည်။

“အစကတော့ ဒီတာအိုဆရာက ဇာမဏီရိုးရာတောင် ၊ ဝူထုန်တောင်စောင်းမှာ မင်းတို့အဆက်အနွယ်နဲ့ကိစ္စတချို့ဆွေးနွေးဖို့ သွားမလို့ပဲ”

သူက ဆက်ပြောသည်။

“ဒါနဲ့... လမ်းမှာသတင်းကြားတာ မင်းတို့တောင်ပိုင်းဒေသ မအေးချမ်းဘူးဆို...”

ထိုစကားကြားတော့ ဖန်ဟယ်က မျက်နှာပျက်သွားခြင်း မရှိပေ။

“တချို့လူရွှင်တော်တွေက ပြက်လုံးလာထုတ်နေကြတာ ၊ အမှန်တော့ ဒီအဘိုးကြီး သူတို့နဲ့တိုက်ခိုက်ဖို့ အခုပဲ လမ်းစရနေပါပြီ”

တာအိုဆရာ ချန်းလန်က...

“အဲဒီကောင်လေးက အောက်ဘုံကမ္ဘာကတက်လာတဲ့ ရန်ကျောက်ကဲလို့ သတင်းကြားတယ်”

ဖန်ဟယ်က...

“ဟုတ်တယ် သူပဲ”

သို့သော် သူက ကျွမ်းကျောင်းဟွေတို့ကိစ္စကိုတော့ ထုတ်ဖော်မပြောခဲ့ပေ။

“ကြည့်ရတာ... ဒီကောင်က သီးခြားကမ္ဘာတစ်ခုကနေ အထက်ဘုံကမ္ဘာကိုပြန်လာတာမှာ ငါတို့ တောင်ပိုင်း မီးတောက်ကောင်းကင်ပြည်နယ်ကို ရောက်လာတာ ဖြစ်ရမယ် ၊ ကံဆိုးတယ်လို့ပဲပြောရတော့မှာပေါ့... ငါတို့တွေ သူ့ကိုပြန်ခွင့်မပေးနိုင်ဘူးလေ”

တာအိုဆရာချန်းလန်က ခဏမျှစဉ်းစားရင်း...

“ဒီတာအိုဆရာသတင်းကြားတာတော့ အဆုံးမဲ့တောင်တန်းဒေသမှာ သူပေါ်လာတာတဲ့”

ဖန်ဟယ်က ခေါင်းညိတ်ရင်း...

“အမှန်ပါပဲ”

တာအိုဆရာချန်းလန်က...

“အဆုံးမဲ့တောင်တန်းဒေသက တောင်ပိုင်းမီးတောက်ကောင်းကင်ပြည်နယ်ရဲ့ မြောက်ဘက်မှာရှိတော့ ရေကန်တစ်ထောင်ဒေသကိုဖြတ်ကျော်ပြီးရင် အလယ်ပိုင်းကျွင်းထျန်းကောင်းကင်ပြည်နယ်ကို ဝင်လို့ရပြီ”

ထိုစကားကိုကြားတော့ ဖန်ဟယ်၏မျက်ဝန်းများ တည်ကြည်လေးနက်သွားသည်။

ဤသည်က သူ အစိုးရိမ်ဆုံးကိစ္စပင်။

ရန်ကျောက်ကဲတွင် အမတမှော်ဝင်ပစ္စည်းတစ်ခု ပိုင်ဆိုင်သည်ဟု ကောလဟလများထွက်ပေါ်နေသလို သိုင်းသူတော်စင် နဝမအဆင့်ရှိသေသာ ကွမ်းလီတဲ့သည်လည်း ဝါဒ‌တောင်တွင် သေဆုံးသွားခဲ့သည်။

ရန်ကျောက်ကဲ၏စွမ်းအားက ခန့်မှန်းချက်များအားလုံးထက် ကျော်လွန်နေသည့်တိုင် ဖန်ဟယ်က ထိုအချက်ကို စိုးရိမ်ခြင်း မရှိပေ။

သူက ဝူထုန်တောင်စောင်း အဆက်အနွယ်မှ ဆင်းသက်လာသူဖြစ်ပြီး ကမ္ဘာများစွာအလွန် အထက်ဘုံကမ္ဘာတွင် နှစ်ပေါင်းများစွာ စိုးစံခဲ့သော အမတကူးပြောင်းခြင်းအဆင့် သိုင်းသူ‌တော်စင်တစ်ယောက်ဖြစ်လေရာ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုနှင့် မာနအပြည့်ရှိသည်။

ဖန်ဟယ်သည် ရန်ကျောက်ကဲနှင့် တိုက်ခိုက်ရန် မကြောက်ပေ။

တောင်ပိုင်းမှ သိုင်းသမားများအားလုံး၏အမြင်တွင် ရန်ကျောက်ကဲသည် တောင်ပိုင်းမီးတောက်ကောင်းကင်ပြည်နယ်မှ ဘေးကင်းစွာထွက်ခွာရန် နည်းလမ်းတစ်ခုသာ ရှိသည်။

ထိုနည်းလမ်းမှာ မြောက်ဘက်သို့ဦးတည်ပြီး အလယ်ပိုင်း ကျွင်းထျန်းကောင်းကင်ပြည်နယ်သို့သွားရေက်ကာ အလယ်ပိုင်းမှတစ်ဆင့် အရှေ့တောင်သို့ ပြန်ရန် ဖြစ်၏။

ဖန်ဟယ်နှင့် အခြားသူများသည်လည်း အလယ်ပိုင်းကျွင်းထျန်းကောင်းကင်ပြည်နယ်တွင် ရုန်းရင်းဆန်ခတ် ပြုမူဝံ့ကြမည် မဟုတ်ပေ။

တောင်ဘက်မှသိုင်းသမားများက အလယ်ပိုင်း ကျွင်းထျန်းကောင်းကင်ပြည်နယ်သို့ မသွားဲသောကြောင့်မဟုတ်ပေ။ သို့သော် မိမိတို့ကိုယ်ပိုင်နယ်မြေလောက် လှုပ်ရှားရန်လွယ်ကူမည် မဟုတ်ပေ။

အထူးသဖြင့် ရန်ကျောက်ကဲက အလယ်ပိုင်း ကျွင်းထျန်းကောင်းကင်ပြည်နယ်တွင် အဆက်အသွယ် များစွာရှိသည်။

ပိုးသားဧကရာဇ်၏အဆက်အနွယ်ဖြစ်သော မြောက်ဖေးတောင်ထွတ် ၊ ကြာပန်းနီကမ်းပါးမှတပည့်များနှင့် အတော်လေးခင်မင်သည်ဟု ဆိုကြသည်။

မြောက်ဖေးတောင်ထွတ်က ရန်ကျောက်ကဲရောက်ရှိလာကြောင်း သတင်းရရှိပြီး သူ့ကိုခေါ်ယူဖို့ တစ်စုံတစ်ယောက်ကို စေလွှတ်မည်ဆိုပါက ဖန်ဟယ်တို့အနေဖြင့် လှုပ်ရှားရန် မလွဲမသွေ ခက်ခဲသွားပေမည်။

ချင်းယွမ်ဧကရာဇ်က ပိုးသားဧကရာဇ်ကို ဟန့်တားနိုင်ပြီး တောင်ပိုင်းထိပ်တန်းအရှင်သခင်က အရှေ့တောင်ထိပ်တန်းအရှင်သခင်ကို ခုခံနိုင်သည်။

သို့သော် တောင်ပိုင်းထိပ်တန်းအရှင်သခင်အနေဖြင့် အခြားရွေးချယ်ခွင့်များရှိနေပါက ပိုးသားဧကရာဇ်နှင့် ထိပ်တိုက်တွေ့ဆုံရန် ဆန္ဒရှိမည် မဟုတ်ပေ။

ထိုသို့တွေးမိတော့ ဖန်ဟယ်က တာအိုဆရာချန်းလန်ကိုကြည့်ရင်း...

“ဒီအယုတ်တမာကောင်သာ အလယ်ပိုင်း ကျွင်းထျန်းကောင်းကင်ပြည်နယ်ကို ထွက်ပြေးသွားမယ်ဆိုရင် သူ့ကိုဖမ်းဖို့ အတော်ခက်ခဲသွားလိမ့်မယ် ၊ စိတ်မကောင်းစရာက ရေကန်တစ်ထောင်ဒေသမှာ ငါတို့လူတွေတစ်ယော်ကမှမရှိဘူး ၊ အဲဒီက ဒေသခံတွေက ရန်ကျောက်ကဲကိုတားဆီးဖို့ စွမ်းအားလုံလောက်မှာ မဟုတ်ဘူး”

ဖန်ဟယ်၏စကားကိုကြားတော့ တာအိုဆရာချန်းလန်က ခေါင်းညိတ်လိုက်ပြီး...

“ဒီတာအိုဆရာရဲ့ ဂိုဏ်းတူအစ်ကိုကြီးက ရေကန်တစ်ထောင်ဒေသနဲ့ သိပ်မဝေးတဲ့နေရာမှာ ရှိနေပါတယ် ၊ မင်းတို့တွေ စိတ်မရှိဘူးဆိုရင်... ဒီတာအိုဆရာက သူနဲ့ဆက်သွယ်ပြီး ရေကန်တစ်ထောင်ဒေသမှာ ရန်ကျောက်ကဲကိုတားဆီးပေးဖို့ ဖိတ်ခေါ်လိုက်မယ် ၊ ဒါဆို ရန်ကျောက်ကဲ မြောက်ပိုင်းကနေ အလယ်ပိုင်းကျွင်းထျန်းကောင်းကင်ပြည်နယ်ကို ထွက်ပြေးနိုင်မှာ မဟုတ်တော့ဘူး”

ဖန်ဟယ်၏မျက်ဝန်းများတောက်ပသွားပြီး...

“ချင်ရှုကျီလား... ၊ ဒါဆိုရင်တော့ အကောင်းဆုံးဖြစ်မှာပါ ၊ အချိန်မီမလုပ်နိုင်မှာကို စိုးရိမ်နေတာ”

တာအိုဆရာချန်းလန်က ဝါးပုလွေငယ်တစ်ခုကို ထုတ်ယူလိုက်ပြီး...

“ကိစ္စမရှိပါဘူး ၊ ငါ့ရဲ့ဂိုဏ်းတူအစ်ကိုကြီးကို ဒီရတနာပစ္စည်းနဲ့ဆက်သွယ်လိုက်မယ်ဆိုရင် ချက်ချင်း သတင်းရသွာမှာပါ ၊ သူသာ တားဆီးလိုက်ရင် ဘာပြဿနာမှရှိမှာ မဟုတ်ပါဘူး”

ဤဝါးပုလွေသည် တစ်ခါသာအသုံးပြု၍ရသော ရှားပါးရတနာတစ်ခုဖြစ်ပြီး တာအိုဆရာချန်းလန်မှာပင် များများစားစားရှိသည် မဟုတ်ပေ။

သို့သော် သူ၏ဆရာဖြစ်သူ အကြံအစည်များကို ဖျက်ဆီးခဲ့သော ရန်ကျောက်ကဲကို ဟန့်တားရန်အတွက် ဤရှားပါးပစ္စည်းကို အသုံးပြုခဲ့ခြင်း ဖြစ်၏။

“ဒါနဲ့... တာအိုဆရာချန်းလန် ဝူထုန်‌တောင်စောင်းကိုလာတာဆိုတော့ ကိစ္စတစ်ခုခုများ ရှိလို့လား”

ချင်ရှုကျီကိုဆက်သွယ်ပြီး အစီအစဉ်များချမှတ်ပြီးနောက် ဖန်ဟယ်က လေဟုန်စီးကောင်းကင်ရွက်လှေကို စီးနင်းလာရင်း ပေါ့ပေါ့ပါးပါးပင် မေးမြန်းလိုက်သည်။

တာအိုဆရာချန်းလန်က...

“ဟုတ်ပါတယ် ၊ မင်းတို့အဆက်အနွယ်တွေနဲ့ အရင်ကပြောခဲ့ဖူးတဲ့ကိစ္စ တိုးတက်မှုရှိလား သိချင်လို့ပါ ၊ အခြေအနေဘယ်လိုလဲ ၊ မင်း အရင်ကပြောတဲ့အတိုင်းဆိုရင် (၇၀)ရာနှုန်းသေချာတယ် မဟုတ်လား”

ထိုးမေးခွန်းကိုကြားတော့ ဖန်ဟယ်၏မျက်နှာထက်တွင် ရှားရှားပါးပါး အပြုံးတစ်ခု ပေါ်လာသည်။

“အရင်တုန်းက အောင်မြင်ဖို့အတွက် (၇၀)ရာနှုန်းရှိတယ်ဆိုရင် အခု (၈၀)ရာနှုန်းကနေ (၉၀)ရာနှုန်းအထိ ရှိနေပါပြီ”

တာအိုဆရာချန်းလန်က ခေါင်းညိတ်ရင်း...

“အိုး... သိပ်ကိုသေချာပါလား ၊ ရှားပါးဖြစ်ရပ်ပဲ”

သူက ဆက်ပြောသည်။

“ဒါဆိုရင် ငါတို့ဆရာနဲ့ တောင်ပိုင်းထိပ်တန်းအရှင်သခင် ပြန်လာတာကို စောင့်ဖို့ပဲလိုတော့တာပေါ့”

ဖန်ဟယ်က...

“အမှန်ပါပဲ ၊ အခုတော့... ရန်ကျောက်ကဲကို အရင်ဆုံးအာရုံစိုက်လိုက်ကြရအောင်”

သူတို့ မြောက်ဘက်သို့ဦးတည်ပြီး အရှိန်အဟုန်ဖြင့် မိုင်သန်းပေါင်းများစွာ ခရီးနှင်ခဲ့ကြသည်။ ဇာမဏီမီးလျှံသည် တောင်တန်းနှင့်မြစ်များကိုဖြတ်ကျော်ကာ မိုးကုတ်စက်ဝိုင်းကိုကျော်လွန်ပျံသန်းလာသည်။

တောင်ပိုင်း မီးတောက်ကောင်းကင်ပြည်နယ် ၊ ရေကန်တစ်ထောင်ဒေသသို့ရောက်သည့်အခါ ရန်ကျောက်ကဲကို ဟန့်တားရန်ပြင်ဆင်နေသူများထံမှ သတင်းရရှိခဲ့သည်။

အားလုံးက ရန်ကျောက်ကဲကို ခြေရာခံ၍မရ ၊ သဲလွန်စမတွေ့ကြောင်း ဆိုကြသည်။

ထိုသတင်းကြားတော့ အားလုံးမှင်တက်သွားကြသည်။

***

ထိုအချိန်တွင်...

ရန်ကျောက်ကဲကတော့ အရှေ့တောင် နေဝန်းကောင်းကင်ပြည်နယ်ဆီသို့ အေးဆေးစွာပင် အရှိန်အဟုန်အပြည့်ဖြင့် ခရီးနှင်နေသည်။

ခရီးသွားနေရင်း ရန်ကျောက်ကဲက ရံဖန်ရံခါ နောက်သို့လှည့်ကြည့်ရင်း...

“တောင်ပိုင်းထိပ်တန်းအရှင်သခင် ကျွမ်းရှန် ဒီမှာမရှိပေမယ့် တောင်ပိုင်း မီးတောက်ကောင်းကင်ပြည်နယ်က သိုင်းသမားတွေလည်း သေကုန်ကြပြီလား မသိဘူး ၊ ငါ့နောက်ကိုလိုက်ဖို့ ထိပ်တန်းအဆင့် ကျင့်ကြံသူတွေ ဘာလို့မစေလွှတ်ကြတာပါလိမ့် ၊ တောင်ပိုင်းက သိုင်းသမားတွေအားလုံးက ငတုံးတွေချည်းပဲများလား”

All Chapters