← Chapters

ဒီနေရာကသူရဲကောင်းတွေ ဘယ်လောက်တော်လဲ ကြည့်ကြတာပေါ့

Vol. 69 Ch. 971

ဒီနေရာကသူရဲကောင်းတွေ ဘယ်လောက်တော်လဲ ကြည့်ကြတာပေါ့

Vol. 69 Ch. 971

အခန်း (၉၇၁) ဒီနေရာကသူရဲကောင်းတွေ ဘယ်လောက်တော်လဲ ကြည့်ကြတာပေါ့

သူ့လမ်းကိုပိတ်ဆို့သူများ၏အလောင်းများကို ရန်ကျောက်ကဲက လက်နှစ်ဖက်ဆုပ်ဂါရဝပြုလိုက်ပြီးနောက် အားဟူထံမှသတင်းအား ကြားသည့်အခါ သူက ရယ်မောလိုက်သည်။

“ဒီလူက တည်တည်ငြိမ်ငြိမ်ရှိပြီး ကိစ္စတစ်ခုရဲ့အရေးပါတဲ့သူကို ချိန်ဆနိုင်တဲ့သူတစ်ယောက်ပဲ ၊ ဘာလို့လဲဆိုတော့ အရှေ့တောင်ဘက်က ထိပ်တန်းသိုင်းသမားတွေလည်း နယ်ခြားမှာ စောင့်ကြပ်နေကြတာပဲ မဟုတ်လား”

တောင်ပိုင်းထိပ်တန်းအရှင်သခင် ကျွမ်းရှန်သည် အလယ်ပိုင်းကျွင်းထျန်းကောင်းကင်ပြည်နယ်သို့ရောက်ရှိနေပြီး သတင်းလည်း မရရှိနိုင်သလို ပြန်လာနိုင်မည်လည်း မဟုတ်ပေ။

ထို့ကြောင့် အန္တရယ်ကင်းစေရန်အတွက် ဇာမဏီရိုးရာတောင် ၊ ဝူထုန်တောင်စောင်းက ဤနေရာတွင် ဝါရင့်အကြီးအကဲတစ်ယောက်စေလွှတ်ထားခဲ့သည်။

ထိုအကြီးအကဲက သတိကြီးကြီးထားရာတွင် နာမည်ကျော်ကြားသည့် 'ဘဏ္ဍာတော်ထိန်းတောင်ထိပ်’ မှ အကြီးအကဲ ကျန်းစုရန် ဖြစ်၏။

ယခု ကျန်းစုရန်က ရန်ကျောက်ကဲကို စတင်ရှာဖွေမည်ဆိုလျှင် တောင်ပိုင်း၏ ခံစစ်စည်းချို့ယွင်းသည်ကို အရှေ့တောင်ပိုင်းမှ သိရှိသွားပြီး တောင်ပိုင်း မီးတောက်ကောင်းကင်နယ်မြေကို တိုက်ခိုက်မည် ဖြစ်သည်။

ရန်ကျောက်ကဲက အတွင်းမှပူးပေါင်းဆောင်ရွက်မည်ဆိုပါက နယ်စပ်တိုက်ပွဲတွင် တောင်ပိုင်း ‌မီးတောက်ကောင်းကင်ပြည်နယ်၏ ခံစစ်စည်း တိုက်ရိုက်ပြိုကျမည် ဖြစ်သည်။

ကျန်းစုရန်က တည်ငြိမ်သူဖြစ်သလို ရပ်တည်ချက် မပြောင်းလဲသူဖြစ်သဖြင့် ပြောင်းလဲမှုများကို တတ်နိုင်သမျှ ရင်ဆိုင်မည် ဖြစ်၏။ သူက ရှေးရိုးဆန်ပြီး ပျော့ပြောင်းဟန်ရှိသော်လည်း ဖြစ်နိုင်ခြေရှိသော ဆိုးရွားသည့်အမှားများ မဖြစ်ပွားစေရန် သေချာစွာတားဆီးနိုင်မည်ဖြစ်သည်။

ရန်ကျောက်ကဲ  အရှေ့တောင်နေဝန်းကောင်းကင်ပြည်နယ်သို့ ပြန်လိုလျှင် နယ်စပ်ကို တစ်ချိန်လုံးစောင့်ကြည့်နေသည့် ကျန်းစုရန်နှင့် အနှေးနှင့်အမြန်ဆိုသလို ထိပ်တိုက်ရင်ဆိုင်ရပေမည်။

တောင်ပိုင်းနှင့်အရှေ့တောင်ပိုင်းသာမက အထက်ဘုံကမ္ဘာ နယ်မြေ (၉)ခု၏ နယ်နိမိတ်များသည် အမှန်တကယ်ပင် ရှည်လျားလွန်းလှသဖြင့် သာမန်လူများ စိတ်ကူးကြည့်ရင်ပင် ခဲယဉ်းလှသည်။

သို့သော် မတူညီသောနယ်မြေ (၂)ခုကြားတွင် အတားအဆီးများစွာ ရှိလေသည်။ သာမန်လူများမဆိုထားနှင့် ၊ သိုင်းကျင့်ကြံသူများသည်ပင် ထိုအတားးအဆီးများကို ကျော်ဖြတ်ရန် ခဲယဉ်းသည်။

တစ်ဖက်မှတစ်ဖက်သို့ လူသွားလာနိုင်သည့်နေရာ အနည်းငယ်မျှသာ ရှိ၏။

အရှေ့တောင် နေဝန်းကောင်းကင်ပြည်နယ်နှင့် တောင်ပိုင်းမီးတောက်ကောင်းကင်ပြည်နယ်အကြား ၊ အရှောင်တောင်မှ ကျူတောပင်လယ်ဒေသနှင့် တောင်ပိုင်းမှ စက်ဝန်းတောင် အကြားတွင် ဝင်ရောက်ရန် အဆင်ပြေသော နေရာတစ်ခု ရှိသည်။

နယ်စပ်မျဉ်းကအလွန်ရှည်လျားသည့်တိုင် သိုင်းသူတော်စင် နဝမအဆင့်ရှိသော ကျန်းစုရန်ကတော့ ဤနေရာကို စောင့်ရှောက်ရန် လုံလောက်သည်။

ရန်ကျောက်ကဲ မည်သည့်နေရာသို့ သွားရောက်သည်ဖြစ်စေ သူက ကြားဖြတ်တားဆီးနိုင်မည် အမှန်ပင်။

ကျန်းစုရန်က ရန်ကျောက်ကဲ၏လမ်းကြောင်းကိုပိတ်ဆို့ထားစဉ် အရှေ့တောင်ပိုင်းမှ တောင်ပိုင်းသို့ ချိုးဖျက်ဝင်ရောက်တိုက်ခိုက်လာမည့် သိုင်းသမားများကိုလည်း တားဆီးရမည် ဖြစ်၏။

ဖန်ဟယ်တို့အုပ်စုရောက်လာသည့်အခါ ရန်ကျောက်ကဲကို ပိတ်ဆို့ဖမ်းဆီးနိုင်မည်ဖြစ်ပြီး တစ်ဆက်တည်းပင် ကျန်းစုရန်က အရှေ့တောင်ပိုင်းမှ သိုင်းသမားများကို တိုက်ခိုက်ရန် သူ့အတွက် ပြဿနာ မရှိတော့ပေ။

"ဒီအဘိုးကြီးက ဇာမဏီရိုးရာတောင် ၊ ဝူထုန်တောင်စောင်းမှာ အတော်ခေါင်းကိုက်အောင်လုပ်တဲ့သူပဲ ၊ အရမ်းလည်းခေါင်းမာတယ်လို့ သတင်းကြားဖူးတယ်"

ရန်ကျောက်ကဲက ပြုံးရင်း....

"ဒါပေမဲ့ ငါကလည်း သူ့ကိုရှောင်ဖို့ ဘယ်တုန်းကမှ မရည်ရွယ်ခဲ့ပါဘူး"

ထို့နောက် ရန်ကျောက်ကဲက ပန်ပန်၏ခေါင်းကို အသာပုတ်လိုက်သည်။ ပန်ပန်က ပျင်းရိစွာတစ်ချက်သမ်းဝေရင်း ခြေသည်းများကိုဖြန့်ကာ ကောင်းကင်ထက် ဆက်လက်ထွက်ခွာသွားသည်။

ခရီးထွက်ရင်းနဲ့ ရှေ့မြင်ကွင်းများ ပြောင်းလဲသွားသည်။

ဝေးကွာသော မိုးကုတ်စက်ဝိုင်းတွင် တောင်ကြီးတစ်လုံး ပုံသဏ္ဌန်သည် တဖြည်းဖြည်း ပေါ်လာသည်။

ရှေ့သို့ ဦးတည်သွားရာ မကြာမီတွင် မူလမြေပြန့်လွင်ပြင်သည် မညီညာသော ကုန်းမြေများနှင့် ကြမ်းတမ်းသော တောင်ထွတ်များ ဖြစ်လာသည်။

တောင်ပိုင်း မီးတောက်ကောင်းကင်ပြည်နယ်အရှေ့ဘက်ရှိ ငြိမ်းချမ်းရေးတောင်တန်းသို့ ရောက်နေပြီဟု ရန်ကျောက်ကဲသိလိုက်သည်။

ကွမ်းယွဲ့တောင်ကုန်းလွင်ပြင်မှ ထွက်ခွာပြီး ငြိမ်းချမ်းရေးတောင်တန်းအားဖြတ်ကျော်နိုင်ပါက စက်ဝန်းတောင်သို့ရောက်ရှိမည် ဖြစ်သည်။

စက်ဝန်းတောင်က တောင်ပိုင်း မီးတောက်ကောင်းကင်ပြည်နယ် အရှေ့စွန်းစွန်းတွင်ရှိပြီး အရှေ့တောင် နေဝန်းကောင်းကင်ရှိရာသို့ ဦးတည်သည်။

ငြိမ်းချမ်းရေးတောင်တန်းက အဆုံးမဲ့တောင်တန်းထက် သေးငယ်သည့်တိုင် အလွန်တရာကျယ်ပြောသော နယ်မြေတစ်ခု ဖြစ်သည်။ အရှေ့တောင်ပိုင်းမှ ကျူတောပင်လယ်ဒေသ ၊ ဆည်းဆာကျွန်းစုတို့အောက် အရွယ်အစားနိမ့်ကျခြင်း မရှိပေ။

ငြိမ်းချမ်းရေးတောင်တန်းအရွယ်အစားက အစွန်းရောက်ရှစ်ပါးကမ္ဘာနှင့် မျောလွင့်ဝိညာဉ်ကမ္ဘာကဲ့သို့သော အောက်ဘုံကမ္ဘာများထက်ပင် ကြီးမားသည်။ ထို့ပြင် အဆုံးမဲ့တောင်တန်းထက်ပိုပြီး အန္တရယ်များသော အနေအထား ဖြစ်၏။

ပတ်ဝန်းကျင်ဆိုးရွားသဖြင့် သာမန်လူများနေထိုင်ရန်မဖြစ်လေရာ ရှေးယခင်ကပင် လူနေကျဲပါးသော ဒေသဖြစ်သည်။

သို့သော် သိုင်းကျင့်ကြံသူများက သိုင်းဂိုဏ်းများတည်ထောင်ပြီး တဖြည်းဖြည်း နယ်မြေသိမ်းပိုက်လာကြသည်။

တန်ခိုးစွမ်းအားမြင့်မားသူများက ဒေသတွင်းနယ်မြေကို စဉ်ဆက်မပြတ် ပြုပြင်ပြောင်းလဲမှုများ ပြုလုပ်ခဲ့ကြသဖြင့် ယနေ့ခေတ်မှာတော့ ဤဒေသတွင် နေထိုင်သူ ပိုမိုများပြားလာခဲ့သည်။

သို့တိုင် အင်အားကြီးသိုင်းဂိုဏ်းများတည်ရှိရာ နေရာပ်ဝန်းကျင်မှာသာ လူအများနေထိုင်ကြပြီး အခြားနေရာများတွင် လူနေကျဲပါးနေဆဲပင်။

အခြားသောအနေရာများတွင် မြင့်မားသောတောင်များ ၊ အန္တရယ်ရှိသော ချောက်ကမ်းပါးများသာလျှင် ရှိသည်။

ကျူတောပင်လယ်ဒေသဆိုလျှင် လူအများစုအခြေချနေထိုင်နိုင်သည့် ကျွန်းတစ်ခု သို့မဟုတ် တိုက်ငယ်တစ်ခုပမာဖြစ်သည့်တိုင် ကြမ်းတမ်းသောပင်လယ်ဒေသအချို့မှာတော့ လူသားများနေထိုင်နိုင်ခြင်း မရှိပေ။

ငြိမ်းချမ်းရေးတောင်တန်း၏ အန္တရယ်ရှိသေနေရာများက ထိုကြမ်းတမ်းသောပင်လယ်ဒေသများနှင့် သိပ်ပြီးမကွာခြားလှပေ။

ရှေးဆိုရိုးတစ်ခုရှိသည်မှာ...

“မတ်ဆောက်သောတောင်တန်းများနှင့် ကြမ်းတမ်းသောရေများသည် လူအများနေထိုင်ရန်မဖြစ်နိုင်”

ဟူ၍ ဖြစ်၏။

သို့ပေသိ အရမ်းအလွန်အကျွံဖြစ်ခြင်းကို ဦးစွာမပြောဘဲ နေရာတစ်ခု၏ ဆိုးရွားသောအခြေအနေများက သတ္တိရှိပြီး ကြောက်မက်ဖွယ်ရာကောင်းသူများကို မွေးထုတ်ပေးရန် လွယ်ကူသည်ဟု ဆိုနိုင်သည်။

ဘေးဒုက္ခတစ်ခုခုရင်ဆိုင်ရပါက တောင်များအလယ်ပုန်းအောင်းနေပြီး သူတို့အတွက် ရန်သူများကိုရှာဖွေရန် အလွန်ခက်ခဲမည် ဖြစ်သည်။

ဝူထုန်တောင်စောင်းမှ ကျန်းစုရန်က ရန်ကျောက်ကဲကိုဖမ်းဆီးရန်အတွက် လူအများစေလွှတ်ခြင်း မရှိခဲ့ပေ။ အဘယ်ကြောင့်ဆိုသော် အရှေ့တောင်ပိုင်းမှ သိုင်းသမားများအန္တရယ်ကို ကာကွယ်နေရသလို ငြိမ်းချမ်းရေးတောင်၏ မြေပြင်အနေအထားပတ်ဝန်းကျင်ကလည်း အလွန်ရှုတ်ထွေးသောကြောင့် ဖြစ်၏။

နိယာမအရဆိုလျှင် ဤနေရာသည် တောင်ပိုင်း မီးတောက်ကောင်းကင်တစ်ခုလုံးတွင် ရန်ကျောက်ကဲအတွက် အသင့်တော်ဆုံးနေရာ ဖြစ်နိုင်သည်။

သူသာ ဤနေရာတွင်ပုန်းအောင်းနေပါက သိုင်းသူတော်စင် နဝမအဆင့် ကျင့်ကြံသူများသည်ပင် ရှာဖွေတွေ့ရှိရန် ခဲယဉ်းပေမည်။

သို့သော် ဤသို့သောအခြေအနေတွင် တောင်ပိုင်းမှ သိုင်းကျငင့်ကြံသူများ ပိုမိုစုရုံးများပြားလာသည်နှင့်အမျှ ရန်ကျောက်ကဲအနေဖြင့် ဤနေရာတွင်အဝိုင်းခံရပြီး ငြိမ်းချမ်းရေးတောင်တန်းမှ ထိုးဖောက်ထွက်ရန် ပိုမိုခက်ခဲလာပေမည်။

တောင်ပိုင်း မီးတောက်ကောင်းကင်ပြည်နယ်မှ အကြီးအကဲများ၏ ခန့်မှန်းချက်အရဆိုလျှင်တော့...

ရန်ကျောက်ကဲသည် ငြိမ်းချမ်းရေးတောင်တန်းတွင် ပုန်းအောင်းနေပြီး အခွင့်အရေးရရှိရန် စောင့်မျှော်နေဖွယ် ရှိသည်။

အရှေ့တောင်ပိုင်းမှ သိုင်းကျင့်ကြံသူများက ပတ်ပတ်လည်တောင်တန်းများကို အပြင်းအထန်တိုက်ခိုက်လာမည်ဆိုလျှင် ရန်ကျောက်ကဲက ထိုအခွင့်အရေးကိုအသုံးချကာ ငြိမ်းချမ်းရေးတောင်တန်းမှ ထွက်ပြေးပြီး အရှေ့တောင် နေဝန်းကောင်းကင်ပြည်နယ်သို့ ပြန်လည်ဝင်ရောက်သွားနိုင်၏။

ထို့ကြောင့် တောင်ပိုင်းမှ သိုင်းသမားများက ယင်းအတွက် တန်ပြန်အစီအစဉ်များရေးဆွဲရန် ကြိုးပမ်းခဲ့ကြသည်။

ရန်ကျောက်ကဲက ငြိမ်းချမ်းရေးတောင်တန်းဆီသို့ဝင်ရောက်ပြီးသည်နှင့် နယ်ခံသိုင်းသမားတစ်ယောက်ကို ဖမ်းဆီးလိုက်ပြီး သူ့ထံမှ သတင်းစုံစမ်းလိုက်သည်။

“ငြိမ်းချမ်းရေးတောင်တန်းက အထွတ်ထိပ်သိုင်းကျင့်ကြံသူတွေက မြောက်ပိုင်းတောင်ထွတ်ဖြစ်တော့ ဟောက်လင်တောင်မှာ မဟာမိတ်ဖွဲ့ လူအင်အားစုစည်းပြီး ငါ့ကိုဝိုင်းတိုက်ကြမလို့တဲ့လား”

ရန်ကျောက်ကဲက သူ့အရှေ့မှ နယ်ခံသိုင်းသမားကိုကြည့်ရင်း ရယ်မောလျှက် မေးလိုက်၏။

“ငြိမ်းချမ်းရေးတောင်တန်းက ထိပ်တန်းသိုင်းသမားတွေသာမက အနီးပတ်ဝန်းကျင်က တခြားသိုင်းသမားတွေပါ လာကြဦးမှာတဲ့လား”

ယခုအချိန်တွင် ကျန်းစုရန်က စက်ဝန်းတောင်မှ ထွက်ခွာမလာသေးသော်လည်း တောက်ပိုင်းမှ သိုင်းသမားများစွာက ရန်ကျောက်ကဲ၏လုပ်ရပ်ကြောင့် ဒေါသပေါက်ကွဲခဲ့ကြသည်။

အရှေ့တောင်ပိုင်းမှရောက်လာသော အနှီလူငယ်က မာနကြီးလှသည်ဖြစ်ရာ သင်ခန်းစာတစ်ခု ပေးလိုကြသည်။

ထို့ကြောင့် စက်ဝန်းတောင်အပါအဝင် ငြိမ်းချမ်းရေးတောင်တန်း ပတ်ဝန်းကျင်မှ သိုင်းကျင့်ကြံသူများက ဟောက်လင်တောင်တွင် စုစည်းပြီး ရန်ကျောက်ကဲကို ဝိုင်းဝန်းတိုက်ခိုက်ရန် ပြင်ဆင်ထားကြသည်။

ကျန်းစုရန်ကလည်း ဤသို့ပြုလုပ်သည်ကို တိတ်ဆိတ်စွာ ခွင့်ပြုခဲ့၏။

သူက နယ်စပ်တွင် အရှေ့တောင်ပိုင်းမှ သိုင်းသမားများကို ပိတ်ဆို့ထားရမည်ဖြစ်ရာ အတွင်းပိုင်းအင်အားစုများက ရန်ကျောက်ကဲကို သုတ်သင်နိုင်မည်ဆိုလျှင် ကျန်းစုရန် အလွန်တရာ ဝမ်းမြောက်ဝမ်းသာ ဖြစ်မိမည်ပင်။

တောင်ပိုင်းမှ နယ်ခံသိုင်းသမားက ပြင်းထန်သည့်မျက်နှာထားဖြင့်...

“’ရန်’မျိုးနွယ် ၊ မင်း သိပ်ပြီးမာနကြီးမနေနဲ့ ၊ ငြိမ်းချမ်းရေးတောင်တန်းရဲ့ ပထဝီဝင်အနေအထားက ရှုတ်ထွေးတယ် ၊ ငါတို့ဘိုးဘေးတွေက နှစ်ပေါင်းများစွာ ဒီနေရာမှာအခြေချပြီး သိုင်းဂိုဏ်းတည်ထောင်ခဲ့တာ”

သူက ဆက်ပြောသည်။

“တောင်ပိုင်း မီးတောက်ကောင်းကင်ပြည်နယ် တခြားဒေသကလူတွေတောင် ငြိမ်းချမ်းရေးတောင်ထဲကိုဝင်မလာရဲဘူး ၊ ငါတို့ခွင့်ပြုချက်မရှိဘဲ ဘယ်သူမှ မလှုပ်ရှားရဲကြဘူး”

“ဒီဒေသရဲ့ သိုင်းဂိုဏ်းအားလုံး တညီတညွတ်တည်းပိုက်ကွန်ဖြန့်လိုက်ရင် မင်းကို သေချာပေါက် ရှာတွေ့နိုင်မှာပဲ”

ထိုစကားကြားတော့ ရန်ကျောက်ကဲက မေးစေ့ကိုပွတ်သပ်ရင်း ပြုံးလိုက်သည်။

"ငါ့ကိုရှာဖို့အတွက် ဘာလို့ ဒီလောက် ဒုက္ခရှာနေမလဲ”

ထိုစကားကြားတော့ တောင်ပိုင်းနယ်ခံသိုင်းသမား တုန်လှုပ်သါားသည်။

“မင်က နယ်ခံဆိုတော့ မြောက်ပိုင်းပင်မတောင်ထွတ်ဖြစ်တဲ့ ဟောက်လင်တောင်ကို ဘယ်လိုသွားရမလဲဆိုတာ သိမှာပဲ ၊ ဟုတ်တယ်မလား”

တစ်ဖက်လူမှာ သူ့လျှာသူကိုက်မိမလိုပင်ဖြစ်သွားသည်။

“မင်း... မင်းဘာရည်ရွယ်ချက်နဲ့လဲ”

ရန်ကျောက်ကဲက ပေါ့ပါးသည့်လေသံဖြင့်...

“ငါ့ကိုရှာနေတဲ့သူတွေကို ဒုက္ခမပေးချင်လို့လေ ၊ မင်းလမ်းပြပါ... ငါ ဟောက်လင်တောင်ကိုသွားမယ်”

တောင်ပိုင်းနယ်ခံသိုင်းသမား အံ့အားသင့်သွားပြီး...

“မင်း ရူးနေတာလား...”

ရန်ကျောက်ကဲက ကျယ်လောင်ဟွာ အော်ဟစ်ရယ်မောရင်း...

“ငါ့ကို ဒုက္ခကနေကယ်တင်ခဲ့တဲ့အတွက် မင်းကိုကျေးဇူးတင်ရမယ်”

သူက ဆက်ပြောသည်။

“အဆုံးမဲ့တောင်တန်းကနေ ဒီနေရာအထိ အတော်ပျင်းစရာကောင်းနေတာ ၊ အခုတော့ ဒီနေရာက သူရဲကောင်းတွေ ဘယ်လောက်တော်လဲ ကြည့်ကြတာပေါ့”

All Chapters