လှည့်ကွက်လေးများ၏ရလဒ်
Vol. 69 Ch. 974
အခန်း (၉၇၄) လှည့်ကွက်လေးများ၏ရလဒ်
တာအိုဆရာတုန်းချန် မျက်မှောင်ကြုံ့လိုက်သည်။
ဟောက်လင်တောင် ပင်မအစီအရင်ကြီးက အနည်းငယ်တုန်လှုပ်လာသည်ဟု သူ အာရုံခံလိုက်မိသည် မဟုတ်ပါလား။
ဘေးနားတွင် တစ်ချိန်လုံးနှုတ်ဆိတ်နေသည့် ခရီးရောင်ဓားဂိုဏ်းချုပ်’ကျောက်ကျန်’ က ဝူထုန်တောင်စောင်းမှ ယွမ်ရှန်းချန်ကို လှည့်ကြည့်ရင်း...
စက်ဝန်းတောင်ရဲ့ နယ်နိမိတ်ကိုဖြတ်ပြီး အရှေ့တောင်ပိုင်းကလူတွေ ထိုးဖောက်တိုက်ခိုက်လာပြီလား”
အခြားသူများအားလုံးသည်လည်း ယွမ်ရှန်းချန်ကို လှမ်းကြည့်လိုက်ကြသည်။
အပြင်ဘက်မှရောက်လာသူက အမှန်တကယ် ရန်ကျောက်ကဲ ဖြစ်မည်ဆိုလျှင် သူက ဤမျှလောက် မာနကြီးစွာဖြင့် ဟောက်လင်တောင်သို့ မည်သို့မည်ပုံ ရောက်ရှိလာပါသနည်း။
တစ်ခုတည်းသောအကြောင်းရင်းမှာ အရှေ့တောင် နေဝန်းကောင်းကင်ပြည်နယ်မှ သိုင်းသမားများ နယ်စပ်တွင် တိုက်ပွဲစတင်ခြင်းကြောင့်သာ ဖြစ်နိုင်သည်။
ရန်ကျောက်ကဲက ဤသတင်းကိုတစ်နေရာမှရရှိသွားသဖြင့် သတ္တိရှိစွာဖြင့် ဟောက်လင်တောင်သို့ လာရောက်ခြင်း ဖြစ်နိုင်သည်။
ထိုသို့တွေးမိတော့ လူတိုင်း၏မျက်နှာထက်မှ အံ့အားသင့်သည့်အမူအရာများ တဖြည်းဖြည်းပျောက်ကွယ်သွားပြီး စိုးရိမ်ပူပန်စ ပြုလာသည်။
သိ့သော် သူတို့က ရန်ကျောက်ကဲကိုတိုက်ခိုက်ရန် စိတ်ပူပန်ခြင်းမဟုတ်ဘဲ စက်ဝန်းတောင်ကို ဖြတ်ကျော်တိုက်ခိုက်လာမည့် အရှေ့တောင်ပိုင်းမှ သိုင်းသမားများကို စိတ်ပူပန်ခြင်း ဖြစ်သည်။
“မဖြစ်နိုင်ဘူး ၊ ဆရာဦးလေး ကျန်းစုရန်က စက်ဝန်းတောင်ကို ထိန်းချုပ်ထားတယ် ၊ အရှေ့တောင်ပိုင်းကလူတွေ တိုက်ခိုက်မယ်ဆိုရင်တောင် ထိုးဖောက်ဝင်ရောက်လို့တော့ ရမှာမဟုတ်ဘူး”
ယွမ်ရှန်းချန်က အေးဆေးတည်ငြိမ်စွာ ပြောလိုက်သည်။
“မဟုတ်ရင် ငါတို့တွေ အစောကြီးကတည်းက သတင်းရမှာပေါ့”
ခရမ်းရောင်ဓားဂိုဏ်းချုပ် ကျောက်ကျန်က ခေါင်းညိတ်ရင်း...
“ဒါဖြင့် ဒီ ‘ရန်’ မျိုးနွယ်ကောင်စုတ်လေးက ဒီအတိုင်း တစ်ယောက်တည်း ရောက်လာတာလား”
လူတိုင်း၏မျက်နှာအမူအရာများ ထူးဆန်းသွားကြသည်။
လူတစ်ယောက်က မယုံကြည်နိုင်စွာဖြင့်...
“ဒီမှာ လူတွေအများကြီးစုရုံးနေတာ သူ မသိဘူးလား”
ဟုတ်ပေ၏။
မဟာမိတ်အဖွဲ့များမရှိဘူးဆိုလျှင်တောင်မှ ဟောက်လင်တောင်သည် ငြိမ်းချမ်းရေးတောင်တန်းဒေသတွင် စွမ်းအားအကြီးဆုံး သိုင်းဂိုဏ်း (၂)ခုအနက်မှ တစ်ခု ဖြစ်သည်။
ရန်ကျောက်ကဲသည် သူတို့မှန်းဆထားသလို ငြိမ်းချမ်းရေးတောင်တန်းဒေသသို့ဝင်ရောက်ပြီး ကြမ်းတမ်းသည့်မြေပြင်အနေအထားကို အသုံပြုကာ ပုန်းအောင်းနေခြင်းမရှိဘဲ ပြောင်ပြောင်တင်းတင်းပင် ဟောက်လင်တောင်သို့ ရောက်ရှိလာခဲ့သည်။
ဤသို့သောအပြုအမူက အလွန်တရာ မောက်မာလှပေသည်။
တာအိုဆရာတုန်းချန်က စကားမပြောတော့ဘဲ ပင့်သက်တစ်ချက်ရှိုက်လိုက်ပြီး လေထဲသို့ လက်ဖဝါးတစ်ဖက် တွန်းထုတ်လိုက်သည်။
သူ့လက်ဖဝါးထက်မှ ဝိညာဉ်သင်္ကေတများရောယှက်ထွက်ပေါ်လာပြီး အလင်းရောင်များ တောက်ပလာသည်။
ဟောက်လင်တောင် အပြင်ဘက် ပတ်ပတ်လည်တွင် အလင်းတန်းများ စီးဆင်းထွက်ပေါ်လာပြီး အင်းသင်္ကေတများ ပြန်လည်ပေါင်းစည်းသွားကာ ပင်မအစီအရင်ကြီး မူလအတိုင်း ပြန်လည်ကောင်းမွန်သွားသည်။
ယွမ်ရှန်းချန်က...
“တောင်ပေါ်ကိုလာရဲရင် လာစမ်းပါစေ”
ယွမ်ရှန်းချန်က မလှုပ်မယှက်ထိုင်နေပြီး သူ၏မျက်ဝန်းများမှ ဇာမဏီအလင်းရောင်က ပိုမိုတောက်ပလျှက် ရှိသည်။
ဤစကားကြာတော့ တာအိုဆရာတုန်းချွမ်က...
“ဆရာယွမ်ပြောတာ ဆီလျော်ပါတယ် ၊ ဒီတာအိုဆရာက အမြင်ကျဉ်းလို့ မစဉ်းစားမိဘူး”
ထို့နောက် တာအိုဆရာတုန်းချွမ်က သူ၏လက်ဖဝါးကို ပြန်လည်ရုတ်သိမ်းလိုက်ရာ ဟောက်လင်တောင်ကို လွှမ်းခြုံထားသည့် ပင်မအစီအရင်ကြီး ပျောက်ကွယ်သွားသည်။
“မင်း ဒီကိုရောက်လာပြီဆိုမှတော့... တောင်ပေါ်တက်လာရဲသလား”
ပြောပြီးသည်နှင့် သူက ထိုင်ခုံတွင် ပြန်ထိုင်လိုက်သည်။
ရန်ကျောက်ကဲက ရယ်မောရင်း...
“အိမ်ရှင်ကဖိတ်ခေါ်ရင်တော့ အကောင်းဆံးပေါ့ ၊ ဒီ ‘ရန်’ က ဖိတ်မထားဘဲလာတဲ့ဧည့်သည်ဖြစ်မှာစိုးလို့ တောင်ပေါ်တက်မလာသေးတာပါ”
ထိုစကားကိုကြားတော့ ခန်းမအတွင်းမှ တောင်ပိုင်းကျင့်ကြံသူများအားလုံး မျက်လုံးများ ကျဉ်းမြောင်းလိုက်ကြသည်။
ရန်ကျောက်ကဲက ဖိတ်ကြားထားသော ဧည့်သည်မဟုတ်ဘူးဆိုပါက မည်သူက ဖိတ်ကြားထားသည့်ဧည့်သည် ဖြစ်ပါသနည်း။
သို့သော်...
တာအိုဆရာတုန်းချွမ်တွင် ကိုယ်ပိုင်စိတ်ကူးများရှိနေသည့်တိုင် ယနေ့မဟာမိတ်ဖွဲ့ရခြင်းအကြောင်းရင်းက ရန်ကျောက်ကဲကို သုတ်သင်ပစ်ရန် ဖြစ်သည်။
အားလုံး တိတ်ဆိတ်ငြိမ်သက်နေကြပြီး ခန်မအဝင်ဝသို့ လှမ်းကြည့်လိုက်ကြသည်။
မည်သို့ပင်ဖြစ်စေ သူတို့အားလုံး သတ္တိကောင်းပြီး ရဲရင့်သည့် အနှီလူငယ်အကြောင်း သိချင်နေကြသည်။
သူတို့ ရရှိခဲ့သော သတင်းများအရ...
ရန်ကျောက်ကဲ အဆုံးမဲ့တောင်တန်းမှထွက်ခွာလာပြီးနောက် အရှေ့တောင် မီးတောက်ကောင်းကင်ပြည်နယ် နေရာအတော်များများသို့ ဖြတ်ကျော်သွားလာခဲ့သည်။ သို့သော် ပြည်နယ်တစ်ဝှမ်းမှ သိုင်းသမားများ သူ့ကို မတားဆီးနိုင်ခဲ့ကြပေ။
ငြိမ်းချမ်းရေးတောင်တန်းနှင့်ကပ်လျှက်ဒေသဖြစ်သော ကွမ်းယွဲ့တောင်ကုန်းလွင်ပြင်ဒေသတွင်လည်း ရန်ကျောက်ကဲ အတော်လေး သောင်းကြမ်းခဲ့သည်။
သို့သော် လူအများက သူတို့မျက်စိဖြင့် ကိုယ်တိုင်ကိုယ်ကျ မတွေ့မြင်ရဘဲ ယုံကြည်ရန် ခက်ခဲလျှက် ရှိသည်။
တာအိုဆရာတုန်းချွမ်က ပင်မခန်းဆောင်တွင်ထိုင်နေပြီး တောင်ကိုကာကွယ်ရန် ပင်မအစီအရင်ကို အသက်သွင်းခြင်း မရှိပေ။
သို့သော် ဟောက်လင်တောင်မှ သိုင်းသမားများက ရန်ကျောက်ကဲကို အတားအဆီးမရှိ တောင်ပေါ်သို့ လွယ်လွယ်ကူကူ တက်ခွင့်မပြုခဲ့ပေ။
တောင်တက်လမ်းတစ်လျှောက် မြေပြင်အနေအထား အားသာချက်နှင့် အစီအရင်များစွာကိုအသုံးပြုကာ နည်းလမ်းပေါင်းစုံဖြင့် ရန်ကျောက်ကဲကို ထိုးနှက်ခဲ့ကြသည်။
တာအိုဆရာတုန်းချွမ်က ရန်ကျောက်ကဲကို စမ်းသပ်လိုသဖြင့် တပည့်များ၏ တိုက်ခိုက်မှုကို တိတ်တဆိတ်လျစ်လျူရှုရန် ရွေးချယ်ခဲ့သည်။
ရန်ကျောက်ကဲက သန်မာပြီး ရက်စက်လွန်းသဖြင့် သူ၏တပည့်များ မတားဆီးနိုင်လျှင်လည်း တာအိုဆရာတုန်းချွမ်က အချိန်မီ ကာကွယ်ပေးမည် ဖြစ်သည်။
သူ့စိတ်ထဲ ကောင်းစွာတွက်ချက်ထားသဖြင့် တာအိုဆရာတုန်းချွမ်က စိတ်ရှည်စွာ စောင့်ဆိုင်းနေခဲ့သည်။
တောင်ပေါ်တက်လာသည့်လမ်းတစ်လျှောက် ရန်ကျောက်ကဲ၏သိုင်းပညာနှင့်စွမ်းဆောင်ရည် မည်သို့ရှိသည်ကို ဟောက်လင်တောင်မှ သိုင်းသမားများက တာအိုဆရာတုန်းချွမ်ထံသို့ လာရောက်တင်ပြမည် ဖြစ်သည်။
သို့သော်...
အချိန်ကြာမြင့်လာသည့်တိုင် မည်သူမှ လာရောက်သတင်းပို့ခြင်း မရှိကြပေ။
တာအိုဆရာတုန်းချွမ် အံ့အားသင့်နေစဉ် မလှုပ်မယှက်ထိုင်နေသော ယွမ်ရှန်းချန်၏မျက်တန်းများ ရုတ်တရက် တောက်ပလာသည်။
“အတော်ထူးခြားတာပဲ”
လူတိုင်း အံ့အားသင့်သွားသည့်အချိန် တာအိုဆရာတုန်းချွမ်နှင့် ခရမ်းရောင်ဓားဂိုဏ်းချုပ် ကျောက်ကျန်တို့သည်လည်း တစ်စုံတစ်ခုကို အာရုံခံမိသွားကြသည်။
တာအိုဆရာတုန်းချွမ် သိသိသာသာ မျက်နှာပျက်သွားပြီး ထိုင်ခုံမှမတ်တတ်ထရပ်ကာ အော်ဟစ်လိုက်သည်။
“ကောင်စုတ်လေး ၊ မင်းလုပ်ရဲသလား...”
ဟောက်လင်တောင်ကို လွှမ်းခြုံထားသော ပင်မအစီအရင်ကြီးက တစ်ဖန်ပြန်လည် လှည့်ပတ်လာသည်။
သို့သော်...
တစ်ချိန်တည်းမှာပင် တောက်ပသောနေရောင်ခြည်က တောင်တန်းများထက်တွင် ထွန်းလင်းလာပြီး ကောင်းကင်ထိတိုင် လင်းလက်လာသည်။
ဟောက်လင်တောင်၏တစ်ဝက်လောက်မှ ကောင်းကင်ထက်သို့မြင့်တက်လာသော ရွှေရောင်နေဝန်းကြီးတစ်ခုကို တွေ့မြင်ရ၏။
ကြီးကျယ်ခမ်းနားပြီး ကြီးမားကျယ်ပြန့်သော စွမ်းအားကြီးက ဟောက်လင်တောင် ပင်မအစီအရင်ကို တုန်လှုပ်သွားစေပြီး အစီအရင်က စတင်ပြိုကျလာသည်။
“ဟောင်လင်တောင်ကို ငြိမ်းချမ်းရေးတောင်တန်းဒေသရဲ့ ပင်မတောင်ထွတ်ကြီးတစ်ခုလို့ သတ်မှတ်တယ် ၊ ဒါက ဧည့်သည်ကို ကြိုဆိုတဲ့ပုံစံလား”
ရန်ကျောက်ကဲအသံက တည်ငြိမ်စွာ ထွက်ပေါ်လာသည်။
“မင်းတို့က တောင်တံခါးဖွင့်ပေးပြီး ငါ့ကိုတောင်ပေါ်တက်ဖို့ ဖိတ်ခေါ်ပြီးမှ ဘာဖြစ်လို့ တပည့်တွေကို လှည့်ကွက််သေးသေးလေးတွေသုံးပြီး တိုက်ခိုက်ခိုင်းရတာလဲ”
“တာအိုဆရာ တုန်းချွမ် ၊ ဟောက်လင်တောင်ရဲ့တောင်သခင်အနေနဲ့... မင်းရဲ့တပည့်တွေက အသုံးမကျဘူး ၊ ဒါကြောင့် ဒီ’ရန်’ က သူတို့ကို ဆုံးမပေးလိုက်တယ်”
တောင်ပိုင်းမှကျင့်ကြံသူအချို့ ခန်းမထဲမှ ထွက်ခွာသွားပြီး တောင်ထိပ်မှ အောက်သို့ ငုံ့ကြည့်လိုက်ကြသည်။
မြင်ကွင်းကိုတွေ့မြင်လိုက်ရတော့ သူတို့အားလုံး ပင့်သက်ရှိုက်လိုက်မိ၏။
ဟောင်လင်တောင်စောင်းတွင် အမှောင်ထုက လွှမ်းခြုံထားသည်။
အမှောင်ထုက မတ်စောက်သော ဟောက်လင်တောင်ကို စီးကြောင်းတစ်ခုပမာ လှည့်ပတ်မြင့်တက်လာစဉ် အမှောင်ထဲမှ ရွှေရောင်နေရောင်ခြည်ကလည်း တဖြည်းဖြည်းတောက်ပလာသည်။ သို့သော် အလင်းနှင့်အမှောင်က တစ်ခုနှင့်တစ်ခု ထိခိုက်မှုမရှိဘဲ ကွဲပြားသည်။
အလင်းနှင့်အမှောင် စီးကြောင်းရောင်ဝါနှစ်ခု မြင့်တက်လာသည့်အရှိန်အဟုန်က မြန်သည်လည်းမဟုတ်နှေးသည်လည်းမဟုတ် ပုံမှန်အတိုင်း ဖြည်းဖြည်းမှန်မှန် မြင့်တက်လာခြင်းပင်။
တာအိုဆရာတုန်းချွမ်က ပင်မအစီအရင်ကို အသက်သွင်းလိုက်သော်လည်း ရွှေရောင်နေမင်း၏ တန်ခိုးစွမ်းအားက တားဆီးထားလိုက်သည်။
တာအိုဆရာတုန်းချွမ် ဒေါသအကြီးအကျယ်ထွက်သွားပြီး သူ၏တပည့်များကို နောက်ပြန်ဆုတ်ခိုင်လိုက်သည်။
အနက်ရောင်စီးကြောင်းကို ရှောင်ရှားရန်အမိန့်ပေးလိုက်ပြီး ရန်ကျောက်ကဲကို ဆက်လက်မတိုက်ခိုက်ဘဲ အနက်ရောင်အလင်းတန်း၏ ဝါးမျိုခြင်းမခံရစေရန် ပြောဆိုလိုက်သည်။
ဟောက်လင်တောင်မှ တပည့်များဆုတ်ခွာသွားသည်နှင့် အနက်ရောင်စီးကြောင်းသည်လည်း ပြန်လည်ဆုတ်ခွာသွားသည်။
ခဏအကြာမှာတော့ ကျော့ရှင်းသည့် ရန်ကျောက်ကဲ၏အသွင်အပြင်က တောင်ထိပ်သို့ရောက်ရှိလာပြီး လူတိုင်းရှေ့တွင် ပေါ်လာသည်။
“ဒါက မဟာကပ်ဘေးကြီးမတိုင်ခင်က ဒဏ္ဍာရီပညာရပ်တစ်ခုဖြစ်တဲ့ ကောင်းကင်ကိုးထပ်နတ်ဘုရားမိုးကြိုးထဲက ပညာရပ်တစ်ခုဖြစ်တဲ့ ‘ထာဝရညမိုးကြိုး’ စွမ်းအား မဟုတ်လား”
ဟောက်လင်တောင်သို့ ရောက်လာကတည်းက စကားတစ်ခွန်းမှမဆိုသည့် မဟူရာညဂိုဏ်းမှ အကြီးအကဲက ရုတ်တရက် မေးခွန်းထုတ်လိုက်သည်။
ထိုစကားကို တာအိုဆရာတုန်းချွမ်ကြားတော့ အနည်းငယ် အမူအရာပျက်သွားသည်။
သူက ထိုပညာရပ်ကိုသိရှိခြင်းမရှိဘဲ ရန်ကျောက်ကဲကို ပိတ်ဆို့တိုက်ခိုက်သူမှန်သမျှ အဆက်အသွယ်ပြတ်တောက်သွားသည်ကိုသာ သိရှိခဲ့သည်။
သူ့ကိုယ်သူ မချုပ်တည်းနိုင်ဘဲ ရန်ကျောက်ကဲကို စတင်တိုက်ခိုက်ခဲ့ခြင်းပဲဖြစ်ဖြစ် ၊ ရန်ကျောက်ကဲ၏အစွမ်းကို စုံစမ်းရန်အတွက် တိုက်ခိုက်ခဲ့သည်ပဲဖြစ်ဖြစ် ၊ ထိုအနက်ရောင်စီးကြောင်းနှင့် ထိတွေ့ခံရသူမှန်သမျှ သဲလွန်စမကျန် ပျောက်ကွယ်သွားပြီး မည်သူမှ သတင်းပြန်ပို့နိုင်ခြင်း မရှိတော့ပေ။
တာအိုဆရာတုန်းချွမ်က အခြေအနေကို စစ်ဆေးရန် တောင်ပေါ်မှ ဆင်းသွားခြင်းမရှိသော်လည်း သူ့ခြေထောက်အောက်မှ ဟောက်လင်တောင်တစ်ခုလုံး မရဏအငွေ့အသက်များဖြင့် ပြည့်နက်နေကြောင်း ရှင်းရှင်းလင်းလင်း ခံစားလိုက်ရသည်။
အနက်ရောင်စီးကြောင်း ဝါးမျိုခြင်းခံရသော ဟောက်လင်တောင်မှ တပည့်များအားလုံး သေကြေပျက်ဆီးသွားပြီး ဘယ်သောအခါမှ ပြန်ရောက်လာနိုင်ကြတော့မည် မဟတု်ပေ။
ရန်ကျောက်ကဲကတော့ ဘာမှမဖြစ်သလို အေးဆေးစွာ တောင်ပေါ်သို့တက်လာသည်။
“ဒီ’ရန်’ က လူစုံနေတယ်သတင်းကြားလို့ ဘာများပညာရမလဲလို့ ရောက်လာတာ ၊ မင်းတို့ဂိုဏ်းသားတွေက ဘာမဟုတ်တဲ့အကွက်လေးတွေနဲ့လာတိုက်ကြတာ ၊ ငါက သူတို့နဲ့ဘာလုပ်ရမှာတဲ့လဲ”
တာအိုဆရာတုန်းချွမ်က ရန်ကျောက်ကဲကို စူးစိုက်ကြည့်နေသော်လည်း မည်သည့်စကားမှ မဆိုပေ။
ထူးကဲယန်စည်းတံဆိပ်၏စွမ်းအားကိုမပြောနှင့် ထူးဆန်းသော အနက်ရောင်မိုးကြိုးစွမ်းအားသည်ပင် အလွန်တရာ ကြောက်မက်ဖွယ်ကောင်းနေပေပြီ။
ရန်ကျောက်ကဲကို တိုက်ခိုက်ကြသူများထဲတွင် အမြင့်ဆုံးကျင့်ကြံခြင်းအဆင့်မှာ ရန်ကျောက်ကဲနှင့် အဆင့်တူညီသော နတ်ဘုရားသိမြင်ခြင်းအဆင့် နှောင်းပိုင်းအဆင့် ၊ သိုင်းသူတော်စင် ဆဋ္ဌမအဆင့် ကျင့်ကြံသူများ ဖြစ်ကြသည်။
သို့သော် အသံတစ်စက်မထွက် သဲလွန်စမရှိဘဲ ပျောက်ကွယ်သွားခဲ့ရသည်။
အနက်ရောင်စီးကြောင်းများ ပျောက်ကွယ်သွားသည်နှင့် အချိန်မီဆုတ်ခွာနိုင်ကြသေသာ ဟောက်လင်တောင်မှ သိုင်းသမားများက အခြားလမ်းကြောင်းမှ တောက်အောက်သို့ဆင်းကာ အခြေအနေကို စုံစမ်းကြသည်။
ရန်ကျောက်ကဲအား တိုက်ခိုက်သူအားလုံး အသက်ပျောက်သွားပြီဆိုသော သတင်းရရှိသည့်အခါ တာအိုဆရာတုန်းချွမ်၏မျက်နှာက အိုးဖင်ကဲ့သို့ မည်းမှောင်သွားလေတော့၏။