အခန်း (၅၈၆)
Vol. 40 Ch. 586
“အား..အား..အား..အား..အား.”
ဝမ့်ကုန်း နာကျင်စွာဖြင့် ငယ်သံပါအောင်အော်ဟစ်လိုက်သည်။ စင်မြင့်နံပါတ်တစ်ဆယ်ထက်တွင်
ဝမ့်ကုန်း၏ ဝိညာဉ်မှာ အဆက်မပြတ် ထပ်ကာတလဲလဲထိုးနှက်
တိုက်ခိုက်ခံနေရသည်။
ရှစ်ဖုန့်၏ ငရဲဘုံကိုးခု ဝိညာဉ်တုန်လှုပ်ဆီးလ် အဆက်မပြတ်တိုက်ခိုက်မှုအောက်တွင် ဝမ့်ကုန်းမှာ ဖိနှိပ်ခံနေရသည်။ လေထဲ၌ပျံသန်းနေသောသူ၏ကိုယ်မှာ ယခုအခါ၌ အတင်းအကျပ် နောက်သို့ဆုတ်နေရ၏။
ရှစ်ဖုန့်က လေထဲ၌ဝင့်ကြွားစွာရပ်နေပြီး အောက်၌ရှိနေသောဝမ့်ကုန်းအား ငုံ့ကြည့်လိုက်သည်။ သူကအေးစက်စွာပြောလိုက်သည်။
“ ဒီသခင်လေး မင်းနဲ့ကစား
တာလုံလောက်ပြီ. အခု ဒီသခင်လေးမင်းကို မင်းညီနဲ့တွေ့ရအောင်လုပ်ပေးမယ်”
ရှစ်ဖုန့်စကားပြောပြီးနောက် ငရဲဘုံကိုးခု စွမ်းအင်တို့အားပေါင်းထည့်ထားသော လပြည့်ဓားကို အောက်သို့
ပစ်လွှတ်လိုက်သည်။
ဆန်းကြယ်ပြီးစွမ်းအားကြီးမားအသောစွမ်းအင်တို့ကို သယ်ဆောင်ထားသည့်လပြည့်ဓားမှာ နောက်တစ်ကြိမ်တဝှီဝှီလည်ပတ်ပြီး အောက်၌ရှိနေသောဝမ့်ကုန်းအား ခုတ်ပိုင်းလိုက်သည်။
ဝမ့်ကုန်း၏ ဝိညာဉ်က နာကျင်မှုမှပြန်လည်သက်သာလာသည်။ ဤအချိန်တွင် ဝမ့်ကုန်းမှာ လပြည့်ဓားက သူ့ထံသို့ပျံသန်းလာသည်ကို ရုတ်တရက်မြင်တွေ့လိုက်ရသည်။ လျှင်မြန်စွာသူ၏လက်သီး
ကိုဆုပ်လိုက်ပြီးအော်ပြောလိုက်၏။
“နဂါးလက်သီးထွက်ပေါ်ခြင်း”
ဝမ့်ကုန်း၏ အော်သံထွက်ပေါ်လာသကဲ့သို့ သူ၏လက်သီးပေါ်၌ နဂါးတစ်ကောင်၏ ဦးခေါင်းပုံရိပ်တစ်ခုကလည်းပေါ်လာသည်။ သို့သော် လပြည့်ဓားထံသို့ ဝမ့်ကုန်း ပြင်းထန်သော လက်သီးတစ်လုံးအားပစ်သွင်း
တော့မည့်အချိန်တွင် ဝမ့်ကုန်း၏လှုပ်ရှားမှုတို့ ရုတ်တရက်တန့်သွားသည်။ သူ၏ပါးစပ်မှ နောက်ထပ်တစ်ကြိမ် ခက်ထန်စွာဖြင့် ယခင်က အဆက်မပြတ်အော်ဟစ်သကဲ့သို့ပင် အော်ဟစ်နေသည်။
ဝမ့်ကုန်းက လပြည့်ဓားအားတိုက်ခိုက်တော့မည့်အချိန်တွင် ရှစ်ဖုန့်က နောက်ထပ်တစ်ကြိမ် ဝိညာဉ်တိုက်ခိုက်မှုအားထုတ်ဖော်လိုက်သည်။
“ငရဲဘုံကိုးခု ဝိညာဉ်တုန်လှုပ်ဆီးလ်”
ဝမ့်ကုန်း၏ ဝိညာဉ် ထိခိုက်သွားသည့် အချက်ကို အခွင့်ကောင်းရယူပြီး တဝှီဝှီလည်ပတ်နေသောလပြည့်ဓားမှာ ရုတ်တရ် ဝမ့်ကုန်း၏ လည်ပင်းအားခုတ်ဖြတ်သွား၍ လတ်ဆတ်သော သွေးတို့အား ပန်းထွက်သွားစေသည်။
လပြည့်ဓားကပျံသန်း၍ ဝမ့်ကုန်း၏လည်ချောင်းအား
ဟက်တက်ခွဲသွားသည်။ အကျည်းတန်သော ဒဏ်ရာတစ်ခုက ဝမ့်ကုန်း၏လည်ပင်းထက်၌ ပေါ်လာ၏။ ဝမ့်ကုန်း လည်ပင်းက ကွဲထွက်သွားသော ရေပိုက်တစ်ခုကဲ့သို့ပင်ဖြစ်သည်။ လတ်ဆတ်သောသွေးတို့က သူ၏ အကျည်းတန်သော ဒဏ်ရာမှ အဆက်မပြတ်ပန်းထွက်နေသည်။
မသိလိုက်ပါဘဲဝမ့်ကုန်း၏စိတ်က လျှင်မြန်စွာနိုးထလာ၏။ ဤအချိန်တွင် ဝမ့်ကုန်း၏မျက်လုံးတို့က ပြူးကျယ်စွာပွင့်နေသည်။ သူကခေါင်းကိုငုံ့လိုက်ပြီး သွေးများ အဆက်မပြတ်ပန်းထွက်နေသော သူ၏ကိုယ်အားကြည့်လိုက်သည်။
သူ၏ရှေ့ရှိ လိမ္မော်ရောင်အဝတ်အစားတို့က နီရဲသောသွေးတို့ စွန်းထင်းနေပြီးဖြစ်သည်။
“အား….ငါရှုံးသွားပြီ.. ငါ…ဝမ့်ကုန်း.. ….ငါ….ရှုံးသွား.”
ဝမ့်ကုန်းက ကြက်သေသေသေစွာ
ဖြင့်ပြောလိုက်သည်။ သူ၏မျက်နှာထက်တွင်လက်သင့်မခံနိုင်မှုများ၊ မယုံကြည်နိုင်မှုများဖြင့်ပြည့်နှက်နေသည်။ သို့သော် လက်ရှိ အရှိတရားက ဤကဲ့သို့ပင်ဖြစ်သည်။ သူ့တွင်ယုံကြည်ရန်မှလွဲပြီး ရွေးချယ်စရာမရှိချေ။
သူသိုင်းပညာလမ်းစဉ်အပေါ်
စတင်လျှောက်လှမ်းစဉ်ကတည်းက ဝမ့်ကုန်းမှာ ပြိုင်ဘက်များအားတစ်ယောက်ပြီးတစ်ယောက်အနို်ငယူခဲ့ပြီး ကျင်ကြံသူများအားတစ်ယောက်ပြီးတစ်ယောက်သူ၏ခြေဖဝါးအောက်၌ နင်းခြေခဲ့သည်။ ယခုချိန်ထိတိုင် သူအနိုင်ယူခဲ့သော အားကောင်းသည့်ပြိုင်ဘက်မည်မျှရှိခဲ့သည်နှင့် သူ၏လက်အတွင်း၌ ပါရမီရှင်မည်မျှအထိသေဆုံးခဲ့သည်တို့ကိုပင် မမှတ်မိနိုင်တော့ချေ။ အဆုံးသတ်တွင် သူ၏ အကြွင်းမဲ့ခွန်အားကိုအသုံးပြု၍ ထျန်းလျန်အင်ပါယာ၏ ထိပ်တန်းကျွမ်းကျင်သူဆယ်ယောက်ထဲသို့ဖျစ်ညှစ်ဝင်ရောက်လာနိုင်ခဲ့သည်။
သို့သော် သူကဲ့သိုပါမီရှင်တစ်ဦး
ဖြစ်သောဝမ့်ကုန်းက အသက်ဆယ့်ခြောက်ဆယ့်
ခုနှစ်အရွယ်ကောင်းလေးတစ်ယောက်ကို တကယ်ကြီးရှုံးနိမ့်ခဲ့ရသည်။
“ဟင့်အင်း.. ငါမရှုံးသေးဘူး.ငါမရှုံး’’”
ဝမ့်ကုန်းရုတ်တရက် သူ၏ခေါင်းအားမော့လိုက်သည်။ သူ၏မျက်လုံးတို့က ပြူးကျယ်နေပြီး လေထဲအရှိ အနက်ရောင်ပုံရိပ်အားခက်ထန်မှု
တို့ဖြင့်စိုက်ကြည့်နေသည်။ ဒေါသများ၊လက်သင့်မခံနိုင်မှုတို့အပြည့်ဖြင့်
ထို့နောက်ချက်ချင်း ဝမ့်ကုန်း၏ လက်သီးပေါ်တွင် ပျောက်ကွယ်သားပြီးဖြစ်
သောနဂါးဦးခေါင်းက ထပ်မံပေါ်လာ၏။ ဝမ့်ကုန်းက ထပ်မံကြုံးဝါးလိုက်သည်။
“နဂါး..”
ဝမ့်ကုန်းမှာ “လက်သီး” ဟုအော်တော့မည့်အချိန်တွင် သူ၏ရှင်းလင်းသောအသံက ခွန်အားမဲ့သွားသည်။
သူတည်ဆောက်ထားခဲ့သော
ခန့်ညားသည့် အသွင်အပြင်မှာလဲ နောက်အခိုက်အတန့်၌ ပြိုလဲသွားသည်။ ဤအချိန်တွင် သူ၏ ကာယခန္ဓာကိုယ်က အရမ်းအားနည်းနေသည့်ပုံပေါ်သည်။ သူ၏မျက်နှာကစက္ကူကဲ့သို့ဖြူဖျော့နေ၏။
“ဘန်း” ဟူသောအသံနှင့်အတူ သူ၏ကိုယ်က ကြမ်းပြင်ပေါ်သို့ လဲပြိုကျသွားသည်။
“ငါ..ငါ.ရှုံးသွားတယ်..ငါ..”
ဝမ့်ကုန်းကောင်းကင်ထဲသို့ကြည့်လိုက်သည်။ အပြာရောင်ကောင်းကင်ထဲရှိ အဖြူရောင်တိမ်တိုက်တို့အားသူကြည့်နေ၏။ ယနေ့မှ ကောင်းကင်က အထူးတလည်ပြာနေပြီး တိမ်တိုက်တို့က အထူးတလည် ဖြူနေသည်ဟု ဝမ့်ကုန်းခံစားရသည်။
ပြန်တွေးကြည့်လျှင် သူ့အနေဖြင့် ကောင်းကင်အားအရမ်းဂရုတစိုက်နှင့်မကြည့်ဖြစ်ခဲ့သည်မှ မည်မျှပင်ကြာခဲ့ပြီဖြစ်ပါသနည်း။
အတိတ်၏ ဖြစ်ရပ်များ ၊ မှတ်ဉာဏ်များက ရုပ်ရှင်ပြကွက်များကဲ့သို့ ဝမ့်ကုန်း၏ စိတ်ထဲ၌ဖျက်ခနဲပေါ်ပေါ်လာသည်။
“ငါပိုသန်မာလာချင်တယ်…
ငါပိုသန်မာလရမယ်”
မိုးသက်မုန်တိုင်းအတွင်း သိုင်းလေ့ကျင့်ကွင်းပြင်၌ ကလေးငယ်တစ်ဦးက သစ်သားတိုင်အား အဆက်မပြတ်ထိုးနေသည်။ သူ၏လက်သီးများက ဆိုးရွားစွာရုပ်ပျက်ဆင်း
ပျက်ဖြစ်နေခဲ့ပြီးဖြစ်သည်။
သို့သော် ဤခေါင်းမာသော ကလေးက ၎င်းအားခံစားမိပုံမပေါ်ချေ။ပြင်းထန်သော မိုးသက်မုန်တိုင်းအတွင်းတွင် သစ်သားတိုင်ကိုသာ သူ၏လက်သီးများအဖြင့်
အဆက်မပြတ်ထိုးနှက်နေ၏။ သူ၏မျက်နှာထက်၌ စိတ်ပိုင်းဖြတ်ထားမှု၊ အလျှော့ မပေးမှုတို့ဖြည့်ပြည့် နှက်နေသည်။
ဤအခိုက်အတန့်တွင်ဝမ့်ကုန်း
ဘာကိုတွေးခဲ့သည်ဆိုသည်အားမည်သူကမျှမသိကြချေ။ ဝမ့်ကုန်း၏ မျက်လုံးများအတွင်းမှကြည်လင်သော မျက်ရည်စီးကြောင်းနှစ်ခုသာစီးကျလာသည်။ ဤစကားလုံးနှစ်လုံးအား ဝမ့်ကုန်းခက်ခဲစွာပြောလိုက်ချိန်တွင် သူ၏အသိက ဒီရေကဲ့သို့ စိတ်ထဲမှာ ရုတ်ခြည်းဆုတ်ယုတ်သွားသည်။
မျိုးဆက်တစ်ခု၏ အထွတ်အထိပ်ပါရမီရှင်ဖြစ်သူ ထျန်းလျန်အင်ပါယာ၏ ထိပ်တန်းကျွမ်းကျင်သူဆယ်ယောက်တွင် နံပါတ်ရှစ်ချိတ်သော မဟာသူတော်စင်နယ်ပယ်ဖြစ်သူ လုံဟူဂိုဏ်း၏သခင်လေး ဝမ့်ကုန်းတစ်ယောက်ကျဆုံး
သွားခဲ့ပြီဖြစ်သည်။
ဝမ့်ကုန်းသေပြီးနောက်တွင်
သူ၏မျက်လုံးများက ပွင့်နေသေးဆဲဖြစ်သည်။ဝမ့်ကုန်းမှာ ကောင်းကင်ပြာအားကြည့်နေသေးဆဲဖြစ်သကဲ့သို့ပင်ဖြစ်သည်။
“သေပြီ.. ဝမ့်ကုန်းသေပြီ.. “
လူအုပ်ထဲတွင် မည်သူကအရင်ဆုံးထအော်လိုက်သည်မသိချေ။ ဤအော်သံပြီးနောက် မူလက တိတ်ဆိတ်နေသော လူအုပ်ကြီးမှာ ရုတ်ခြည်းအုတ်အော်သောင်းနင်းဖြစ်သွားသည်။
“ဝမ့်ကုန်း. ဒါက ထိပ်တန်းအဆင့်ကျွမ်းကျင်သူစာရင်းမှာအဆင့်ရှစ်ချိတ်တဲ့ဝမ့်ကုန်းလေ. ဒါက လုံဟူဂိုဏ်းရဲ့သခင်လေးလေ”
“ဒီလူငယ်လေး. ပိုင်ကျွင်းရွှမ်း ..ဝူကန်းနဲ့ ဝေ့ဝူကျိတို့ကိုသတ်ပြီးတဲ့နောက် ဝမ့်ကုန်းပါသူ့လက်ထဲသေသွားတယ်.. သူ..သူက ကောင်းကင်ဘုံကိုဆန့်ကျင်နေတာပဲ”
“ဒီလူငယ်. သူ တကယ်ကြီးဝမ့်ကုန်းကိုသတ်ပစ်ခဲ့တယ်. . ဒါက.. သူက ဧကရာဇ်ကျိုးယိုရဲ့ တရားမဝင်သားဆိုတာမအံ့ဩတော့ပါဘူး”
လူအုပ်ထဲတွင် တိုက်ပွဲအားစိုက်ကြည့်နေသော ရှစ်ကျင်းရွှိုက်ပင် လေးအေးတို့အားခပ်ပြင်းပြင်း
တစ်ချက်ရှိုက်သွင်းလိုက်မိသည်။
ရှစ်ဖုန့်နှင့်တဖြည်းဖြည်းသူထိတွော့လာရလေ. ရှစ်ကျင်းရွှိုက်မှာ ရှစ်ဖုန့်အတွက် ယုံကြည်မှုတို့သူ့ကိုယ်သူစတင်ရှိလာ လေဖြစ်သည်။ သို့သော် ရှစ်ဖုန့်တကယ်ကြီးဝမ့်ကုန်းအားသတ်ပစ်လိမ့်မည်ဟုတော့ သူမမျှော်လင့်ထားခဲ့ပေ။ ဝမ့်ကုန်းမှာ မဟာသူတော်စင်နယ်ပယ်ကျွမ်း ကျင်သူတစ်ဦးဖြစ်သည်။
ဤသည်ကား အဆင့်တစ်ခုပိုမြင့်မားသော တစ်စုံတစ်ယောက်အား ပေါ်တင်စိန်ခေါ်ခြင်းပင်ဖြစ်သည်။
ဝမ့်ကုန်း၏ သေဆုံးမှုနှင့် စင်မြင့်နံပါတ်တစ်ဆယ်ရှိ အခြေအနေများက မရေတွက်နိုင်သောလူများ၏အာရုံကိုစွဲဆောင်လိုက်သည်။ အခြားသောစင်မြင့်များထက်၌ တိုက်ခိုက်နေကြသော သူများလည်းရှိသည်။ “ဝမ့်ကုန်းသေပြီ” ဟူသော တုန်လှုပ်အံ့အားသင့်ဖွယ်စကားကြောင့် သူတို့၏ပြိုင်ဘက်ဖြစ်သူများ နှင့်တိုက်ခိုက်မှုကိုရပ်တန့်လိုက်ကြပြီး စင်မြင့်နံပါတ်တစ်ဆယ်သို့ကြည့်လိုသည်။ ၎င်းတို့က လေထဲ၌လွင့် မျောရပ်တည်နေသည့် အနက်ရောင်ပုံရိပ်နှင့် အနီတို့စွန်းထင်းနေသည့် အလောင်းအားကြည့်လိုက်သည်။
ထိုအလောင်းကတကယ့်ကိုဝမ့်ကုန်းဖြစ်သည်။ တကယ့်ကို မဟာသူတော်စင်နယ်ပယ် ထိပ်တန်းအဆင့်ကျွမ်းကျင်သူ လုံဟူဂိုဏ်း၏သခင်လေး ဝမ့်ကုန်းပင်ဖြစ်သည်။
“ငါ့ရဲ့ဦးလေးငယ်ကတကယ့်ကို ကောင်းကင်ဘုံကိုဆန့်ကျင်နေတာပဲ..”
အကွာအဝေးတစ်ခုတွင် ရွှယ်ဝူဟမ် သည်ပင် ကြည့်နေရင်း သက်ပြင်းချလိုက်မိသည်။ ကြယ်ရှစ်ပွင့်သူတော်စင်နယ်ပယ်တစ်ဦးက မဟာသူတော်စင်နယ်ပယ်အားသတ်ခြင်း ယင်းမှာ ငရဲဘုံကိုးခု ဧကရာဇ်ဘိုးဘေးပင် သူဤနယ်ပယ်၌ရှိစဉ်က ယခုကဲ့သို့လုပ်ဆောင်နိုင်လိမ့်မည်မဟုတ်ပေ။
“သူပဲ.. သူတကယ်ကြီးဝမ့်ကုန်းကိုသတ်ခဲ့တယ်”
အကွာအဝေးတစ်ခုတွင်သတ်ဖြတ်လိုသောစိတ်ဆန္ဒများဖြင့်ပြည့်နှက်နေသည့် အေးစက်သော အကြည့်နှစ်ခုက စင်မြင့်နံပါတစ်ဆယ်ရှိ အနက်ရောင်ပုံရိပ်ထံသို့ ကြည့်နေသည်။ ၎င်းတို့မှာ ယန်ကျုံးနှင့်ကျိရှောင်းတို့ပင်ဖြစ်သည်။
သူတို့စင်မြင့်နံပါတစ်ဆယ်သို့ရောက်ရှိချိန်တွင် စင်မြင့်နံပါတ်တစ်ဆယ်ထက်ရှိ အနက်ရောင်ပုံရိပ်က အာရုံစူးစိုက်ရာဗဟိုဖြစ်လာပြီးဖြစ်သည်။
ယနေ့ပြီးနောက် ရှစ်ဖုန့်၏နမည်က ထျန်းလျန်အင်ပါယာတစ်ခွင် ဖြတ်သန်း ပြန့်နှံ့သွားလိမ့်မည်ဖြစ်သည်။
သို့သော် ဝမ့်ကုန်းသေဆုံး
သွားသောကြောင့် လုံဟူဂိုဏ်းနှင့်ဝမ့်ကုန်း၏ အဖေဖြစ်သော ဝမ့်ကျုံးတို့က သေချာပေါက် ဒေါသထွက်လိမ့်မည်ဟု များစွာသောလူများကတွေးကြသည်။
ဝမ့်ကုန်းအားသတ်ပစ်ခဲ့သော ဤလူငယ်က ဤကမ္ဘာ၌ ဆက်ပြီးရှင်သန်နိုင်ပါမည်လော။