အခန်း (၅၈၇)
Vol. 40 Ch. 587
ဝမ့်ကုန်း၏ ဖခင်ဖြစ်သူ လုံဟူဂိုဏ်း၏ ခေါင်းဆောင် ဝမ့်ကျုံးမှာ ထျန်းလျန်အင်ပါယာ၏ ထိပ်တန်းကျွမ်းကျင်သူများစာရင်းတွင် ဒုတိယအဆင့်ချိတ်သူဖြစ်သည်။ သူက ကောင်းကင်ထဲ၌ ဝင့်ကြွားစွာရပ်နေသောမင်းသား
ကွမ်းထက်တစ်ဆင့်မြင့်မား၏။
ထျန်းလျန်အင်ပါယာက အရှေ့ပိုင်းဒေသကြီးအတွင်း အင်အားကြီးမားသော
နိုင်ငံတစ်ခုဖြစ်သော်လည်း ကျင့်ကြံသူများ၏နှလုံးသားထဲ၌ ဤလူများကသာ အထွတ်အထိပ်အဖြစ် ရောက်ရှိနေရာယူထားသူများဖြစ်ကြသည်.
ယခုထိုကဲ့သို့သောသူ၏ သားဖြစ်သူက တစ်စုံတစ်ယောက်၏ သတ်ဖြတ်ခြင်းအားခံခဲ့ရ၏။
ထျန်းလျန်အင်ပါယာအတွင်းတွင် တောင်တန်းတစ်ခု၏ ပြန့်ပြူးသောနေရာတစ်ခုပေါ်၌ ရှေးကျသောအဆောက်အဦးများရှိနေသည်။ တောင်တန်း၏အလယ်တွင် ဧရာမမိုးပြာရောင်ရောင်နဂါးရုပ်ထု
ကြီးတစ်ခုရှိနေပြီး ပုံစံတူ ကြီးမားသော အဖြူရောင်ကျားရုပ်ထုတစ်ခုလည်းရှိနေ၏။ ဤတောင်တန်းဒေသနေရာက လုံဟူဂိုဏ်းတည်ရှိရာနေရာဖြစ်သည်။
ထိုအခိုက်အတန့်တွင် တောင်တန်းတစ်ခုလုံးနှင့်လုံဟူဂိုဏ်း၏ရုပ်ထုတိုရှိရာတောင်တန်းအလယ်ဗဟို၌ပါ ရုတ်တရက်ပြင်းထန်စွာစတင်လှုပ်ခါသွား၏။ ၎င်းမှာ ဤဧရိယာ၌ ဧရာမ မြေငလျှင်ကြီးတစ်ခုလှုပ်ခတ်နေ
သကဲ့သို့ပင်ဖြစ်သည်။
“ဝုန်း..ဝုန်း.ဝုန်း..”
လုံဟူဂိုဏ်းအတွင်း၌ ကိုယ်ကျပ်ဝတ်ရုံများဖြင့် ကျင့်ကြံသူများမှာချက်ချင်းပဲ ရှေးကျသောအဆောက်အဦးများထံမှ ပျံသန်းထွက်လာကြသည်။ အားလုံးက တောင်တန်း၏ အလယ်ဗဟိုချက်ရှိရာသို့ကြည့်လိုက်ကြ၏။ ၎င်းမှာ တောင်တန်းတစ်ခုလုံးအား
မြေငလျှင်လှုပ်ခတ်မှုဖြစ်ပေါ်စေသည့် စွမ်းအားကြီးမားသောစွမ်းအင်လာရာ အရင်းအမြစ်ဖြစ်သည်။
“ဂိုဏ်းခေါင်းဆောင်”
“ဆရာ”
………………..
ထျန်းလျန်အင်ပါယာ တော်ဝင်မြို့တော်၏ စင်မြင့်နံပါတ်တစ်ဆယ် ကောင်းကင်ထဲတွင် ဒိုင်ဖြစ်သူ၏ အသံရိုက်ခတ်ထွက်ပေါ်လာသည်။
“စင်မြင့်နံပါတ်တစ်ဆယ် ချန်ပီယံ အမှတ်စဉ်တစ်ဆယ်နဲ့ ချန်ပီယံအမှတ်စဉ်သုံးဆယ့်လေးတို့ကြားက တိုက်ပွဲမှာ အမှတ်စဉ်တစ်ဆယ်အနိုင်ရရှိတယ်”
ဒိုင်ဖြစ်သူ၏ အသံပျောက်ကွယ်မသွားခင် လေထဲ၌ လွင့်မျောရပ်တည်နေသော
ရှစ်ဖုန့်ထံမှ ပြင်းထနသော သွေးနီရောင်မီးတောက်တစ်ခု ထွက်ပေါ်လာသည်။ လှိုင်းတစ်ခုကဲ့သို့ ၎င်းက ဝမ့်ကုန်း၏အလောင်းထံ ဦးတည်သွားသည်။
သွေးနီရောင်မီးတောက်များက ဝမ့်ကုန်း၏ကိုယ်အား ရုတ်ခြည်းဝါးမျိုသွားပြီး ရှစ်ဖုန့်ထံသို့ပြန်လည်လှိမ့်ဝင်လာသည်။ သွေးနီရောင်မီးတောက်တို့ ရှစ်ဖုန့်၏ကိုယ်သို့ပြန်ရောက်လာချိန်တွင် ပိုင်ကျွင်းရွှမ်း၊ဝူကန်းနှင့်ဝေ့ဝူကျိတို့ကဲ့သို့ပင် ဝမ့်ကုန်း၏ကိုယ်မှာလည်း ပျောက်ကွယ်သွားသည်။ ၎င်းခန္ဓာကိုယ်၏ ဘာအစအနမှပင်ကျန်ရစ်နေခြင်းမရှိချေ။
ထို့နောက်ချက်ချင်း လူအုပ်၏အကြည့်များအောက်၌ပင် ကောင်းကင်ထဲရှိ အနက်ရောင်ပုံရိပ်၌ အဖြူရောင်အလင်းတစ်ခုလင်းလက်လာသည်။
“ဒါက ကျင့်ကြံမှုအဆင့်တက်တဲ့ အလင်းပဲ”
ကြယ်တစ်ပွင့် မဟာသူတော်စင်နယ်ပယ်ဝမ့်ကုန်း၏ သေခြင်းစွမ်းအင်၊ ဝိညာဉ်စွမ်းနှင့် သွေးတို့အားဝါးမျိုပြီးသည့်နောက် ရှစ်ဖု်န့မှာ ကြယ်ရှစ်ပွင့် သူတော်စင်နယ်ပယ်အဆင့်မှာ ကြယ်ကိုးပွင့် သူတော်စင်နယ်ပယ်အဆင့်သို့ အောင်မြင်စွာအဆင့်တက်လှမ်းနိုင်ခဲ့သည်။
“သူအဆင့်တက်သွားပြီ”
သူတကယ်ပီဒီလိုမျိုးအဆင့်တက်သွားတယ်”
“သူကအရမ်းအစွမ်းထက်နေပြီးနေပြီးတော့ ဝမ့်ကုန်းကိုတောင်သတ်နိုင်တဲ့စွမ်းအားရှိနေတာ.. အခုသူအဆင့်တက်သွားပြီး ပိုအစွမ်းထက်လာပြန်ပြီ. မိုးကောင်းကင်ရေ. မွန်းစတား.သူက မွန်းစတားတစ်ကောင်ပဲ”
“ဘယ်သူကမှသာသူ့ကို မဖိနှိပ်နိုင်ရင် ငါတို့ရဲ့မင်းသမီးလင်လုံလေးကတော့ ဒီသတို့သားစီးချင်းထိုးပွဲမှာသူနဲ့ ပက်သက်ဆိုင်တော့မယ်ဟ.. အား..ငါ့ရဲ့မင်းသမီးလင်လုံလေး”
“ငါမဟာသူတော်စင်နယ်ပယ်ဖြစ် လာဖို့ကြယ်တစ်ပွင့်စာပဲလိုတော့တယ်.. ကြယ်တစ်ပွင့်တည်းဆိုပေမဲ့.. လိုအပ်တဲ့စွမ်းအင်ပမာဏက အရမ်းများပြားတယ်..”
ရှစ်ဖုန့်က ကောင်းကင်မီးတောက်နှင့်ပေါင်းစပ်ထားသောသူ၏ဒန်တန်အားအာရုံခံရင်း တီးတိုးရေရွတ်လိုက်သည်။
အကယ်၍ မဟာသူတော်စင်နယ်ပယ်သို့တက်လိုလျှင် ကြယ်နှစ်ပွင့်မဟာသူတော်စင် နယ်ပယ်တစ်ဦးအားလိုအပ်မည်ဖြစ်သည်။ ကြယ်နှစ်ပွင့် မဟာသူတော်စင်နယ်ပယ်တစ်ဦး၏ သေခြင်းစွမ်းအင်နှင့် သွေးတို့အားဝါးမျိုရန်လိုအပ်လိမ့်မည်ဖြစ်သည်။
လုံလောက်သောစွမ်းအင်မရခင်သူ့အတွက် ဝမ့်ကုန်းကဲ့သို့ ကြယ်တစ်ပွင့်မဟာသူတော်စင်နယ်ပယ် ဆယ်ဦးခန့်ကို သတ်ဖို့လိုအပ်သည်ဖြစ်သည်။
ကြယ်တစ်ပွင့်မဟာသူတော်စင်နယ်ပယ်နှင့်ကြယ်နှစ်ပွင့်မဟာသူတော်စင်နယ်ပယ်ကြားက စွမ်းအင်ကွာခြားချက်က များစွာကြီးမားသည်ဖြစ်၏။
ထို့နောက်ရှစ်ဖုန့်က သူ၏ခေါင်းကိုလှည့်၍ အေးစက်သောအကြည့်တစ်ခု နှင့်ဆုံတွေ့လိုက်သည်။ ရုတ်ခြည်း ရှစ်ဖုန့်၏နှုတ်ခမ်းကလှောင်ပြုံးအဖြစ်တွန့်ကွေးသွားသည်။ ၎င်းကနောက်ထပ်ကြယ်တစ်ပွင့် မဟာသူတော်စင်နယ်ပယ်တစ်ဦးမဟုတ်လော။
ရှစ်ဖုန့်၏ထိုလူ၏အကြည့်နှင့်ဆုံတွေ့လိုက်သည်။ ၎င်းက ကျိရှောင်းပင်ဖြစ်၏။ ရှစ်ဖုန့်၏မျက်လုံးထဲ၌ ကျိရှောင်းမှာ စွမ်းအင်လုံးတစ်လုံးသာဖြစ်သည်။
ကျိရှောင်းမှာ ရှစ်ဖုန့်၏အကြည့်နှင့်ဆုံတွေ့ပြီး သူ့အားလှောင်ပြုံးဖြင့်ကြည့်နေသည်အားတွေ့ရသောအခါတွင် သူ၏ကိုယ်မှထွက်ပေါ်နေသောသတ်ဖြတ်ခြင်းစိတ်ဆန္ဒက ပို၍ သိပ်သည်းလာသည်။
မွန်းစတားတောင်တန်း၌သူအားမယှဉ်နိုင်ခဲ့သောဤလူက အချိန်တိုလေးအတွင်း ဤကဲ့သို့အဆင့်တစ်ခုသို့ရောက်ရှိလာပြီးသူ့ထက်အဆင့်တစ်ခုပိုမြင့်သောဝမ့်ကုန်းအား သတ်ပစ်နိုင်လိမ့်မည်ဟု မမျှော်လင့်ထားခဲ့ပေ။
“ဒီလူ.. ဘာတွေပဲဖြစ်နေပါစေ သတ်ပစ်ရမယ်..ငါဘာတွေပဲပေးဆပ်ရပါစေ သူ့ကိုဆက်ပြီးအသက်ရှင်ခွင့်ပေးလို့မဖြစ်ဘူး”
ကျိရှောင်းက ရှစ်ဖုန့်အားကြည့်၍ သူ၏လက်သီးတို့အားတင်း နေအောင်ဆုပ်လိုက်သည်။ သူဖာသူတွေးနေရင်း သူ၏လက်သည်းတို့ကသူ၏ လက်ဖဝါးအတွင်းပင်စိုက်ဝင်နေ၏။
ထို့နောက် ကျိရှောင်းလှည့်လိုက်ပြီး ခရမ်းရောင်အလင်းတစ်ခုအဖြစ်ပြောင်းလဲကာ လေကိုထိုးခွင်း၍ ထွက်ခွာသွားသည်။
ကျိရှောင်းထွက်ခွာသွားပြီးနောက် ရှစ်ဖုန့်က ထိုဦးတည်ချက်မှအကြည့်ကို ရုတ်သိမ်းလိုက်သည်။ ဤအချိန်တွင် စင်မြင့်အောက်ရှိလူအုပ်ထဲ၌ရှိနေသော ရှစ်ကျင်းရွှိုက်က ရုတ်တရက် သူ၏ပါးစပ်ကိုဖွင့်ဟပြီး စင်မြင့်ထက်ရှိရှစ်ဖုန့်အားပြောလိုက်သည်။
“ညီလေးရှစ်း.. မင်းငါ့ကိုဒီမနက်က ရှာဖို့ တောင်းဆိုထားတဲ့လူကိုတွေ့ပြီ”
“အိုး”
ဆူညံပွက်လောရိုက်မှုအလယ်မှ ရှစ်ကျင်းရွှိုက်၏အသံကို ရှစ်ဖုန့်ကြားလိုက်သည်။ ရှစ်ကျင်းရွှိုက်အဆိုအရ
မနက်ပိုင်းက သူရှာဖွေခိုင်းထားသောသူဆိုသည်မှာ ရှင်းယောင်မြို့ ချူးမိသားမှ သားအဖနှစ်ယောက်ဖြစ်သူ ချူးရှင်းနှင့်ချူးယွဲ့တို့ပင်ဖြစ်သည်။ ချူးရှင်းမှာအသင်ရှင်နေသေးသည်ဖြစ်၏။
သတင်းအားအရမ်းလျှင်မြန်စွာရရှိလိမ့်မည်ဟု ရှစ်ဖုန့် မမျှော်လင့်ထားခဲ့ပေ။ ရှစ်ကျင်းရွှိုက်ကအဖေနှင့်သမီးဖြစ်သူအားတွေ့သည်ဟုပြောလာသည်ဆိုသောကြောင့် ၎င်းတို့မှာ ချိတ်ပိတ်ကုန်းမြေမှထွက်လာ ခြင်းဖြစ်လိမ့်မည်ဖြစ်သည်။
ထို့နောက် ရှစ်ဖုန့်က ကောင်းကင်ထက်ရှိ စာပေသမား ဒိုင်ဖြစ်သူအားကြည့်လိုက်ပြီးပြောလိုက်သည်။
“ဒီနေ့တိုက်ပွဲမှာဒီသခင်လေး နည်းနည်းပင်ပန်းနေပြီ.. ဒီနေ့အတွက်ရပ်လိုက်ပြီးတော့ မနက်ဖြန်မနက်မှပဲ ပြန်လာတာပေါ့”
“ကောင်းပြီ”
ရှစ်ဖုန့်၏ စကားများအားကြားပြီးနောက် ဒိုင်ဖြစ်သူကခေါင်းညိမ့်ပြီးပြောလိုက်သည်။
ထို့နောက် ရှစ်ဖုန့်က အောက်ရှိလူအုပ်အားကြည့် လိုက်ပြီးလူအုပ်အတွင်းမှ ရှစ်ကျင်းရွှိုက်အားတွေ့လိုက်ရသည်။ သူကပြောလိုက်သည်။
“သွားစို့”
စကားပြောပြီးနောက် ရှစ်ဖုန့်၏ပုံရိပ်က ဖျက်ခနဲလှုပ်ရှားသွားပြီး စင်မြင့်နံပါတ်တစ်ဆယ် အောက်ရှိ အားလုံး၏အကြည့်အောက်မှ ပျံသန်းထွက်သွားသည်။
ရှစ်ဖုန့်က ပို့ဆောင်ရေးအစီအရင်သို့ဦး တည်ပျံသန်းသွားသည်ကိုတွေ့ရသောအခါတွင် ရှစ်ကျင်းရွှိုက်ကလည်း လူအုပ်ထဲမှပျံသန်းထွက်လာပြီး ရှစ်ဖုန့်၏နောက်သို့ အမှီလိုက်လာသည်။
လူအုပ်ထဲ၌ပျံသန်းနေသော ရှစ်ဖုန့်မှာ တမင်တကာ အရှိန်လျော့ချလိုက်သည်။ ရှစ်ကျင်းရွှိုက်သူ၏ဘေးနားသို့ ရောက်လာသောအခါတွင် ရှစ်ဖုန့်ကမေးလိုက်သည်။
“သူတို့အခုဘယ်လိုနေလဲ”
ရှစ်ဖုန့်ညွှန်းဆိုသော “သူတို့”ဆိုသည်ကား ချိတ်ပိတ်ကုန်းမြေထဲမှထွက်လာသော ချူးမိသားစုမှသားအဖနှစ်ယောက်အား ဆိုလိုခြင်းဖြစ်သည်။
“သူတို့ အခြေအနေကောင်းပါတယ်”
ရှစ်ကျင်းရွှိုက် က ခေါင်းညိမ့်ပြီး ပြန်ဖြေလိုက်သည်။
ထို့နောက် ရှစ်ကျင်းရွှိုက်၏မျက်နှာထက်၌လေးနက်သောအမူအယာဖြစ်ပေါ်လာ၏။ သူကရှစ်ဖုန့်အားပြောလိုက်သည်။
“ဒါပေမဲ့ မကြာသေးခင်က လူသတ်သမားတစ်ဦး ရှင်းယောင်မြို့ထဲမှာပေါ်လာပြီးတော့ သူတို့မိသားစု က ကျွမ်းကျင်သူအားလုံးနီးပါးကိုသတ်ပစ်ခဲ့တယ်လို့ ငါကြားခဲ့တယ်.. အစက သူတို့မိသားစုက ရှင်းယောင်မြို့ထဲမှာ အင်အားအကြီးဆုံးမိသားစုပဲ.. ဒါပေမဲ့အခု လူသတ်သမားနတ်ဆိုးကြောင့် သူတို့မိသားစုက များပြားတဲ့ မိသားစုတွေရဲ့ တိတ်တဆိတ်ရော ဗြောင်ကျကျရောနှစ်ခုလုံး တိုက်ခိုက်ခံနေရတယ်”
“ပြီးတော့လူသတ်သမားနတ်ဆိုးက မင်းပုံစံနဲ့တစ်ထေရာတည်းပဲတဲ့..သူက မင်းရဲ့အမြွှာညီအကိုဖြစ်နိုင်လောက်တယ်”
ရှစ်ကျင်းရွှိုက်၏နောက်ဆုံး စာကြောင်းအားကြားလိုက်ရသောအခါတွင် ရှစ်ဖုန့်ကသူ့အားလှည့်ကြည့်လိုက်သည်။ ရှစ်ဖုန့်၏စိုက်ကြည့်ခြင်းအားခံလိုက်ရသောအခါတွင် ရှစ်ကျင်းရွှိုက်၏ လေးနက်သောမျက်နှာပေါ်၌ အပြုံးတစ်ခုပေါ်လာ၏။
ထိုအရာအားပြုလုပ်ခဲ့သည်က ရှစ်ဖုန့်ဖြစ်သည်ကို သူသိပြီးဖြစ်သည်။ ထို့ကြောင့် တမင်သက်သက်သွေးတိုးစမ်းခြင်းဖြစ်၏။
“သခင်လေးဖုန့် ဘယ်ကိုသွားမလို့လဲ”
ဤအချိန်တွင် ငယ်ရွယ်သောအသံတစ်ခုက ရှစ်ဖုန့်နှင့်ရှစ်ကျင်းရွှိုက်တို့၏ နောက်ဘက်မှထွက်ပေါ်လာသည်။ ရှစ်ဖုန့်နှင့်ရှစ်ကျင်းရွှိုက်တို့က လှည့်လိုက်ပြီး အဖြူရောင်ပုံရိပ်တစ်ခုအားတွေ့လိုက်ရ၏။