အခန်း (၅၈၈)
Vol. 40 Ch. 588
ရွှယ်ဝူဟမ်ရောက်လာသည်အား တွေ့လိုက်ရသောအခါတွင် ရှစ်ဖုန့်ဘာမှမပြောခင်အရင် ရှစ်ကျင်းရွှိုက်ကပြောလိုက်သည်။
“ညီလေးရှစ်က ရှင်းယောင်မြို့မှာ ချစ်သူလေးတစ်ယောက်ရှိနေတယ်.. သူမကတော်တော်လေးငယ်ပေမဲ့ အရမ်းလှတယ်လို့ကျုပ်ကြားထားတယ်.. ကျုပ်က ညီလေးရှစ်နဲ့အတူ ရှင်းယောင်မြို့ကိုလိုက်သွားပြီး အဲ့အလှလေးကိုသွားကြည့်မလို့”
ရွှယ်ဝူဟမ်က ရှစ်ဖုန့်နှင့်ရှစ်ကျင်းရွှိုက်တို့၏ရှေ့သို့ ပျံသန်းလာပြီး ရပ်တန့်လိုက်သည်။ ရှစ်ကျင်းရွှိုက်၏အလှလေး ဟူသောစကားအားကြားသောအခါတွင် ရွှယ်ဝူဟမ်၏မျက်လုံးတို့ လက်ခနဲဖြစ်သွားပြီး ပို၍စိတ်ဝင်စားမှုဖြစ်လာသည်။
“အလှလေး.. ဒါဆိုရင် ဒီရွှယ်ကိုလည်းမင်းတို့နဲ့အတူခေါ်သွားပါ.. ဘယ်လိုထင်လဲသခင်လေးဖုန့်”
နောက်ဆုံးစကားပြောပြီးသောအခါတွင် ရွှယ်ဝူဟမ်အား ရှစ်ဖုန့်အားမျက်နှာပေါ်ရှိ အပြုံးတစ်ခုနှင့် အတူကြည့်လိုက်သည်။
“ဒီသခင်လေးရှင်းယောင်မြို့ကို သွားတယ်ဆိုတာက အရေးကြီးတဲ့ ကိစ္စတစ်ခုကိုလုပ်ဖို့ပဲ.. မင်းသွားချင်တယ်ဆိုရင်. အတူတူသွားကြတာပေါ့”
ရှစ်ဖုန့်ကပြောလိုက်သည်။
ရှစ်ဖုန့် ၏စကားအားကြားပြီးနောက် ရွှယ်ဝူဟမ်က ပြုံးလိုက်ပြီး ပြောလိုက်သည်။
“သခင်လေးဖုန့်က ဒီလိုပြောနေမှတော့ ငါလည်းလိုက်မှာပေါ့”
“ဒါဆိုသွားစို့”
ရှစ်ဖုန့်ကပြောလိုက်သည်။
ပြောဆိုပြီးနောက် ရှစ်ဖုန့်က လှည့်လိုက်ပြီး ပို့ဆောင်ရေးအစီအရင်ထံသို ဦးဆောင်ပျံသန်းလိုက်သည်။
ရွှယ်ဝူဟမ်က ရှစ်ဖုန့်၏ ထွက်ခွာသွားသော ပုံရိပ်အားကြည့်၍ ရှစ်ကျင်းရွှိုက်အားအပြုံး တစ်ခုနှင့်ပြောလိုက်သည်။
“ သခင်လေးဖုန့်က သူ့ရဲ့အလှလေးကိုတွေ့ဖို့ မစောင့်နိုင်ဘူးနဲ့တူတယ်”
“ဟားဟား”
ရွှယ်ဝူဟမ်၏ စကားများအားကြားပြီးနောက် ရှစ်ကျင်းရွှိုက်က သူ၏ ရွှေရောင်စက္ကူယပ်တောင်အားဝေ့ယမ်းလိုက်ပြီး ခါးသက်စွာရယ်မောလိုက်သည်။
“ ကျုပ်လည်းအဲ့လိုပဲထင်တယ်.. သွားစို့”
“သွားစို့”
ထျန်းလျန်အင်ပါယာ၏ အမည်မသိမြေအောက်ကမ္ဘာ တစ်ခုအတွင်းတွင်ဖြစ်သည်။
မှောင်မိုက်ပြီးတိတ်ဆိတ်နေသောလမ်းကြောင်းတစ်ခုပေါ်၌ ပုံရိပ်တစ်ခုကဖြည်းဖြည်းချင်း ရှေ့သို့တိုးနေသည်။ ဤပုံရိပ်က ဖြည်းဖြည်းချင်းရှေ့သို့တိုးနေပြီး သူ၏လမ်းကြောင်းဘေးနှစ်ဖက်မှ မီးလုံးနှစ်ခုရုတ်တရက်ထွန်းလင်းလာသည်။ ၎င်းတို့က စိမ့်တောထဲရှိမီးစုန်းကဲ့သို့လေထဲ၌ လွင့်မျောနေ၏။
ဘယ်နှင့်ညာ၌ရှိနေသောမီးလုံးနှစ်ခုက အစိမ်းရောင်နှင့်ခရမ်းရောင် ကိုအသီးသီးကိုယ်စားပြု၏။ အစိမ်းရောင်နှင့် ခရမ်းရောင် မီးတောက်တို့၏အလင်းအောက်တွင် လျှောက်လှမ်းနေသောပုံရိပ်က အစိမ်းရောင်နှင့်ခရမ်းရောင်ချပ်ဝတ်ကိုဝတ်ဆင်ထားသည။ ဤလူက ကျိရှောင်းပင်ဖြစ်၏။
ကျိရှောင်း၏မျက်နှာကအေးစက်နေပြီး ဤတိတ်ဆိတ်နေသော မြေအောက်ကမ္ဘာထဲမှလမ်းကြောင်းအား ဆက်လက်လျှောက်လှမ်းနေသည်။ ကျိရှောင်းက လမ်းကြောင်း၏အတွင်းပိုင်းပိုနက်သောနေရာသို့လျှောက်လှမ်းလာသကဲ့သို့ လမ်း၏နှစ်ဖက်လံးမှ မီးတောက်များကလည်း အလိုအလျှောက်ထွန်းလင်းလာသည်။ ဤမီးတောက်များအားလုံးမှာ အစိမ်းရောင်နှင့်ခရမ်းရောင်များဖြစ်ပြီး ကျိရှောင်း၏ချပ်ဝတ်ကဲ့သို့ တူညီသောအရောင်များပင်ဖြစ်သည်။
ကျိရှောင်းက တစ်လှမ်းချင်းတစ်နာရီခန့်လျှောက်လှမ်းနေ၏။ ရုတ်တရက် ခရမ်းစိမ်း တောင်ထွတ်က ကျိရှောင်း၏ ရှေ့၌ပေါ်လာသည်။
ကျိရှောင်း၏ ရှေ့တွင် ဆန်လက်ရှည်လျားသော လမ်းကြောင်းငယ်လေးတစ်ခုရှိပြီး လူတစ်ယောက်အမြင့်ရှိသော ဂူတစ်လုံးလည်းရှိနေကာ လူတစ်ယောက်ကိုသာ ဝင်ခွင့်ပြုနိုင်သည်ဖြစ်သည်။ ၎င်းက ကျိရှောင်း၏မြင်ကွင်းအတွင်းသို့ ဝင်ရောက်လာ၏။
“ခရမ်းစိမ်းတောင်တန်းနဲ့ ကျိမိသားစု ချန်ထားရစ်ခဲ့တဲ့ ခရမ်းစိမ်း ဂူကတကယ်ကိုဒီနေရာမှာရှိနေတာပဲ.. ဒါကတကယ်ပဲ. ငါနောက်ဆုံးတော့ဒါကိုရှာတွေ့ပြီ”
သူ့ရှေ့ရှိဂူအားကြည့်၍ ကျိရှောင်း၏အေးစက်သောမျက်နှာထက်၌ ပျော်ရွှင်မှုအပြည့်ဖြင့်အပြုံး တစ်ခုဖြစ်ပေါ်လာသည်။
ထို့နောက်ချက်ချင်း အနက်ရောင်ပုံရိပ်တစ်ခုက ကျိရှောင်း၏ စိတ်ထဲ၌ပေါ်လာ၏။ ကျိရှောင်း၏မျက်နှာထက်ရှိ အပြုံးအားရုတ်ခြည်း မြူနှင်းလွှာတစ်ခုဖုံးသွားသကဲ့သို သူ့အား ပုံမှန်မဟုတ်စွာအေးစက်သွားစေသည်။ သတ်ဖြတ်လိုခြင်းစိတ်ဆန္ဒက ကျိရှောင်း၏ကိုယ်မှတစ်ဆင့် ဦးတည်ချက်ပေါင်းစုံသို့ပြန့်နှံ့သွားသည်။
ကျိမိသားစုတွင်နှစ်ပေါင်း များစွာကြာရှိပြီးနောက် နောက်ဆုံး၌ ကျိမိသားစုဘိုးဘေးတို့ချန်ရစ်ထားခဲသော ခရမ်းစိမ်းဂူအား ကျိရှောင်းရှာတွေ့ခဲ့ပြီဖြစ်သည်။ ခရမ်းစိမ်းဂူက မျိုးဆက်အဆက်ဆက် လင့်ဆင့်ကမ်းခဲ့သောအရာဖြစ်သည်။ ၎င်း၌သိုင်းအမွေအနှစ်နှင့်လျှို့ဝှက်ချက်တို့အား ကျိမိသားစု၏ ဘိုးဘေးများကချန်ထားရစ်ခဲ့သည်။
ထို့နောက်ကျိရှောင်း၏ပုံရိပ်က ဖျက်ခနဲဖြစ်သွားပြီး သူ့ရှေ့ရှိခရမ်းစိမ်းဂူအတွင်း သို့ဝင်ရောက်သွားသည်။
ထျန်းလျန်အင်ပါယာ၏ ရှင်းယောင်မြို့တွင်ဖြစ်သည်။
ရှစ်ဖုန့်၊ရှစ်ကျင်းရွှိုက်နှင့်ရွှယ်ဝူဟမ်တို့က ထျန်းလျန်အင်ပါယာတော်ဝင်မြို့တော်အတွင်းမှ ပို့ဆောင်ရေးအစီအရင်အားဖြတ်သန်း၍ ရှင်းယောင်မြို့သို့ရောက်ရှိလာသည်။
ထို့နောက်သူတို့သုံးဦးသား ဟင်းလင်းပြင်ကိုထိုးခွင်းပြီး ရှင်းယောင်မြို့အတွင်းရှိ ချူးမိသားစုရှိရာသို့ဦးတည်လိုက်သည်။
ဟင်းလင်းပြင်အားသူတို့ထိုးခွင်းပျံသန်းနေစဉ် ရှစ်ကျင်းရွှိုက်၏လက်ဖဝါးအတွင်း၌ ကျောက်စိမ်းပြားတစ်ခုပေါ်လာသည်။ ထို့နောက် ရှစ်ကျင်းရွှိုက်က ကျောက်စိမ်းပြားအားခွဲလိုက်သည်။
ဤအခိုက်အတန့်တွင် ပုံရိပ်တစ်ခုက ရှစ်ဖုန့်နှင့်အခြားနှစ်ဦးတို့အောက်ဘက်ရှိ အဆောက်အဦးအတွင်းမှပျံသန်း ထွက်လာသည်။ ၎င်းမှာသာမန်မျက်နှာနှင့်သာမန်ပုံစံရှိသော လူငယ်တစ်ဦးဖြစ်သည်။
လူငယ်က ရှစ်ကျင်းရွှိုက်၏ရှေ့သို့ရောက်သောအခါတွင် သူ၏လက်သီးတို့အားလေးစား သမှုဖြင့်ဆုပ်လိုက်၏။ သူကအော်ပြောလိုက်သည်။
“သခင်လေး”
“တို့တွေသွားရင်းပြောကြတာပေါ့”
ရှစ်ကျင်းရွှိုက်ကပြောလိုက်သည်။
“ဟုတ်ကဲ့”
လူငယ်က ပြန်ဖြေလိုက်ပြီး ရှစ်ကျင်းရွှိုက်၏ဘေးသိုပျံသန်းသွားလိုက်သည်။ ၎င်းတို့ ရှင်းယောင်မြို့အရှေ့ဘက်ရှိ ချူးမိသားစုရှိရာသို့ဦးတည်လိုက်သည်။
ထို့နောက်ရှစ်ကျင်းရွှိုက်က သူ့ဘေးရှိလူငယ်အားမေးလိုက်သည်။
“ချူးမိသားစုမှာအခု ပရမ်းပတာဖြစ်နေတယ်ဆို.. အခု အခြေအနေကဘယ်လိုလဲ”
လူငယ်ကပြန်ဖြေလိုက်သည်။
“ ချူးမိသားစုရဲခေါင်းဆောင်ဖြစ်သူ ချူးကျူးနဲ့ ချူးမိသားစု က ကျွမ်းကျင်သူဆယ့်လေးယောက်တို့ သေဆုံးပြီးကတည်းက ရှင်းယောင်မြို့ထဲက အင်အားစုများစွာက ချူးမိသားစုရဲ့ရန်သူဟုတ်သည်ဖြစ်စေ မဟုတ်သည်ဖြစ်စေ သူတို့က အတူတူပဲ အမြင်တွေမှတ်ယူကြတယ်.. ချူးမိသားစုက ကျွမ်းကျင်သူများစွာသေဆုံးသွားပေမဲ့.. ချူးမိသားစုက မျိုးဆက်ပေါင်းများစွာစုဆောင်းထားတဲ့ ချမ်းသာကြွယ်ဝမှုနဲ့ကျင့်ကြံမှု အရင်းအမြစ်တွေက အဲ့မှာရှိနေသေးတယ်. အင်အားစုများစွာက မနာလိုဝန်တိုမှုတွေဖြစ်နေကြတယ်”
လူငယ်၏စကားများအားကြားပြီးနောက် ရှစ်ကျင်းရွှိုက်က ထပ်မံမေးလိုက်သည်။
“ငါမင်းကိုရှာခိုင်းထားတဲ့သူက ချူးမိသားစုထဲမှာရှိနေသေးလား”
“ဟုတ်ကဲ့ သူရှိပါတယ်”
လူငယ်ကခေါင်းညိမ့်ပြီးပြောလိုက်သည်။
“ချူးယွဲ့ချူးမိသားစုမှာ ပေါ်လာပြီးနောက် သူကချူးမိသားစုရဲ့ခေါင်းဆောင်အသစ်ဖြစ်လာတယ်”
လမ်းတစ်လျှောက်တွင် ရှစ်ဖုန့်နှင့်အခြားသူများက ချူးမိသားစု ပိုင်နက်ကောင်းကင်ထဲသို့ရောက်ရှိနေပြီးဖြစ်သည်။ သို့သော် ဤအချိန်တွင် အောက်ဘက်ရှိ ချူးမိသားစုထံမှ လာနေသော တိုက်ပွဲ အော်သံများအားကြားရ၏။ချူးမိသားစုထံမှ ဝမ်းနည်းဖွယ်အော်ဟစ်သံများပင်ကြားရသည်။
“အိုး.. တိုက်ပွဲတစ်ခုဖြစ်နေတာလား”
ရှစ်ဖုန့်က အောက်ဘက်ရှိ ချူးမိသားစုအားငုံ့ကြည့်၍ မေးလိုက်သည်။ ချူးမိသားစုမှာ ရှစ်ဖုန့်ရှင်းယောင်မြို့ထဲမှ ထွက်ခွာသွားပြီးကတည်းက အနားမရသေးပုံပေါ်သည်။ တိုက်ပွဲကြောင့် အဆောက်အဦးများပင် ပြိုလဲလုနီးပါးဖြစ်နေ၏။
“လာ..ဆင်းကြတာပေါ့”
ရှစ်ဖုန့်က ထူးမခြားနားစွာပြောလိုက်သည်။
ချက်ချင်းပဲ သူတို့လေးယောက်သား အောက်ဘက်ရှိ ချူးမိသားစုထံသို့ထိုးဆင်းလိုက်သည်။
ချူးကလန်အတွင်းချူးကလန်ပင်မခန်းမရှေ့ရှိ ကျယ်ဝန်းသော ခြံဝန်းမြေကွပ်လပ်အတွင်း၌ များစွာသောကျင့်ကြံသူများ ကထိုနေရာ၌ရပ်နေကြသည်။ တစ်ချက်ကြည့်ရုံနှင့်ကျင့်ကြံသူပေါင်း ထောင်နှင့် ချီမှန်းသိသာ၏။
များစွာသောဤကျင့်ကြံသူများ၌ မျက်နှာများထက်တွင်လှောင်ပြုံးများရှိနေကြပြီး ရှေ့ရှိ ချူးမိသားစု ခန်းမအတွင်းရှိ ချူးမိသားစုဝင်များအားကြည့်နေကြသည်။
ဤမြေကွပ်လပ်အတွင်းရှိ လူများနှင့်နှိုင်းယှဉ်လိုက်လျှင် ချူးမိသားစုဝင်များက အပြင်ဘက်ရှိလူများအား ဒေါသများ၊ မုန်းတီးမှုများ၊ အေးစက်မှုများဖြင့်ကြည့်နေကြသည်။ ဤလူများကြားထဲတွင်များစွာသောလူများမှာ ချူးကလန်ကထံမှ မျက်နှာသာရရန်ကြိုးစားခဲ့ကြသော လူများဖြစ်ပြီး အချို့ဆိုလျှင် ချူကလန်ထံမှာ အကျိုးကျေးဇူးများစွာကိုရရှိခဲ့ သူများဖြစ်ကြသည်။
အခုချူးမိသားစု နိမ့်ပါးလျော့ကျခြင်းကိုအခွင့်ကောင်းယူ၍ ဤလူများက အခြေအနေအပေါ်အခွင့်ကောင်း ယူအမြတ်ထုတ်ရန်ကြိးစားနေကြသည်။
“ဟွမ်ဟုံယိ..ကောင်းလိုက်တဲ့လုပ်ရပ်.. မင်းကတကယ်တော်တာပဲ’
ချူးမိသားစု ပင်မခန်းမဆောင်အတွင်း အဘိုးအိုတစ်ဦးက လူအုပ်ရှေ့ရှိ အသက်လေးဆယ်အရွယ်သက် လတ်ပိုင်းလူတစ်ဦးအား လက်ညှိုးထိုးညွှန်၍ ဒေါသတကြီးအော်ပြောလိုက်သည်။
ဟွမ်ဟုံယိမှာ ရှင်းယောင်မြို့အတွင်းတတိယအင်အားအကြီးဆုံးမိသားစုဖြစ်သော ဟွမ်မိသားစုမှခေါင်းဆောင်ဖြစ်သည်။
ဟွမ်ဟုံယိ ဟွမ်မိသားစု၏ခေါင်းဆောင်ဖြစ်လာခြင်းမျာ ချူးမိသားစု ၏ ခေါင်းဆောင်ဖြစ်သူ ချူးကျူးထံမှ အကူအညီများရရှိခဲ့သောကြောင့် ဖြစ်သည်ဟူသော ကောလဟာလများရှိသည်။
ဟွမ်ဟုံယိက ချူးကလန်မှအဘိုးအိုအား ပြုံး၍ ပြောလိုက်သည်။
“ကျုပ် ဟွမ်ဟုံယဘိ ကအမြဲတမ်းတော်တဲ့လူပဲ. အကယ်၍ ခင်ဗျားတို့ ချူးကလန်သာ ရှင်းယောင်မြို့ထဲကလုံးဝပျောက်ကွယ်သွားရင် ကျုပ် ဟွမ်ဟုံယိက ပိုကောင်းလိမ့်မယ်လို့တွေးမိတယ်. ဟားဟား”
“ဟမ့်.. ခင်ဗျားက ချူးမိသားစုကိုဖျက်ဆီးချင်တာလား. အဲ့လိုလုပ်နိုင်မယ်လို့ရောထင်လို့လား..”
ဤအချိန်တွင် ချူးကလန်၏ ပင်မခန်းမအတွင်းမှ ခက်ထန်သောအော်သံတစ်ခု ထွက်ပေါ်လာသည်။