← Chapters

အခန်း (၅၈၉)

Vol. 40 Ch. 589

အခန်း (၅၈၉)

Vol. 40 Ch. 589

ရှင်းယောင်မြို့အတွင်းရှိ ချူးမိသားစု မြေကွပ်လပ်အတွင်း ဟွမ်မိသားစု၏ ခေါင်းဆောင်ဖြစ်သူ ဟွမ်ဟုံယိမှာ ချူးယွဲ့ ၏ဒေါသတကြီးကြုံးဝါးသံနှင့် အေးစက်စွာနှာမှုတ်သော အသံကိုကြားလိုက်ရသည်။

“ချူးယွဲ့.. မင်းက ရှင်းယောင်မြို့ရဲ့ပါရမီရှင်တစ်ဦး

ဖြစ်ချင်ဖြစ်ခဲ့မယ်.. ဒါပေမဲ့နှစ်ပေါင်းများစွာကြာပြီးတဲ့နောက် ရှင်းယောင်မြို့ရဲ့ပါရမီရှင်ချူးယွဲ့က ကြယ်ငါးပွင့်သူတော်စင်နယ်ပယ်

မှာပဲရှိဦးမယ်လို့ ဘယ်သူက တွေးမိမှာလဲ. ငါ့မျက်လုံးထဲမှာအခုမင်းက ဘာမှမဟုတ်ဘူး..မင်းကိုသတ်ရတာက ခွေးတစ်ကောင်ကိုသတ်ရသလိုမျိုး လွယ်လွယ်လေး”

“ဟွမ်ဟုံယိ..မင်း..”

ချူးယွဲ့က ဟွမ်ဟုံယိအား

လက်ညှိုးထိုးညွှန်၍ ဒေါသတကြီးအော်ပြောလိုက်သည်။ သို့သော် “မင်း..”ဟုပြောပြီးသည့်နောက်တွင် ချူးယွဲ့တစ်ယောက်ဘာ

ဆက်ပြောရမည်မှန်းမသိချေ။

သူကပါရမီရှင်တစ်ဦးဖြစ်ခဲ့ပြီး ဟွမ်ဟုံယိမှာ ငယ်စဉ်အခါကသူ့အားမယှဉ်နိုင်ခဲ့ပေ။ သို့သော် ထို့နောက်ပိုင်းတွင် သူက ဟွမ်ဟုံယိအားလုံးဝဂရုလုံးဝမထားခဲ့တော့ချေ။

သို့သော် သေခြင်းတားမြစ်နယ်မြေအတွင်း နှစ်ပေါင်းများစွာပိတ်မိခဲ့ပြီးနောက် သူသည်လူမကျတစ္ဆေမကျ သည့်အနက်ရောင် သတ္တဝါတစ်ကောင်အဖြစ်ပြောင်းသွားခဲ့သည်။ ချူးယွဲ့၏ ကျင့်ကြံခြင်းက ကြယ်ငါးပွင့်သူတော်စင်နယ်ပယ်၌သာ သောင်တင်နေခဲ့၏။

ယခုသူရှင်းယောင်မြို့သို့ပြန်ရောက်လာသောအခါတွင် စက်ဆုပ်ဖို့ကောင်းသော ဟွမ်ဟုံယိက ကျင့်ကြံမှုအရာတွင်သူ့ထက်သာလွန်ပြီး ယခုအခါ၌ ကြယ်ခြောက်ပွင့်သူတော်စင်နယ်ပယ်

တစ်ယောက်ဖြစ်နေပြီဖြစ်သည်။

ကြယ်တစ်ပွင့်နှင့်တစ်ပွင့်ကြားကွာခြားချက်က ကောင်းကင်နှင့်မြေပြင်ကြား

ကွာဟချက်ကဲ့သို့ပင်ဖြစ်သည်။ အကယ်၍ ဟွမ်ဟုံယိသာသူ့အားတကယ်တိုက်ခိုက်လျှင် ချူးယွဲ့အနေဖြင့် သူ၏တိုက်ခိုက်မှုအားတားဆီး

နိုင်လိမ့်မည်မဟုတ်ပေ။

“ဟွမ်ဟုံယိ. အရမ်းမောက်မာမပြနေနဲ့. ကျွန်မရဲ့အကိုကြီး ရှစ်ဖုန့်ဆီတစ်ယောက်ယောက်ကို သတင်းပို့ဖို့လွှတ်ထားပြီးပြီ.. ရက်အနည်းငယ်နေရင်သူရှင်းယောင်မြို့

ကိုရောက်လာလိမ့်မယ်.. အဲ့အချိန်ကျရင် ရှင့်ရဲ့ဟွမ်ကလန်ရောရှင်တို့အားလုံးရော ဒီအချိန်အတောအတွင်းကျွန်မတို့ချူးမိသားစုအပေါ်လုပ်ခဲ့တာတွေအတွက် နောက်တသေချာပေါက်ရရလိမ့်မယ်”

ဤအချိန်တွင်လှပကြော့ရှင်းသော အမျိုးသီးတစ်ယောက်၏ ကြည်လင်သောအသံက ချူးယွဲ့၏ နောက်မှထွက်ပေါ်လာသည်။

အော်ပြောလိုက်သောသူက ရှင်းယောင်မြို့၏နံပါတ်တစ်

အလှပိုင်ရှင်ဖြစ်သူ ချူးရှင်းပင်ဖြစ်သည်။

ရှစ်ဖုန့်၏ နမည်က ရှင်းယောင်မြို့၌ ပျံ့နှံ့နေပြီးဖြစ်သည်။ ချူးမိသားစုဝင်များအားသတ်ပစ်ခဲ့ပြီး ထိုက်မိသားစုတစ်ခုလုံးအား

သုတ်သင်ပစ်ခဲ့သော သူ၏နမည်က ရှစ်ဖုန့်ဖြစ်သည်ကို ရှင်းယောင်မြို့အတွင်းရှိလူများ

အားလုံးသိကြသည်ဖြစ်သည်။

ချူးရှင်းကရှစ်ဖုန့်၏ နမည်အားအော်ပြောလိုက်ပြီးနောက် မြေကွပ်လပ်အတွင်းရှိ များစွာသော ကျင့်ကြံသူများ၏ မျက်နှာများက ပြောင်းလဲသွားကြသည်။

ရှစ်ဖုန့်က ထိုက်မိသားစု အားသုတ်သင်စဉ်တုံးက ချူးကျူးက ထိုက်မိသားစုထံသို့သွားခဲ့သည်။ ထိုလူငယ်က ချူးကျူးအား ချူးမိသားစုအတွင်း၌ ချူးယွဲ့နှင့်ချူးရှင်းဟုခေါ်သော သားအဖနှစ်ဦးရှိသလားဟု တကယ်မေးခဲ့သည်ဖြစ်သည်။ ထိုညက ရှင်းယောင်မြို့အတွင်းရှိလူများစွာမှာ ထိုအကြောင်းအရာအားကြားခဲ့ကြသည်။

လူအုပ်၏ရှေ့၌ရပ်နေသော

ဟွမ်ဟုံယိမှာအမူအယာပြောင်းလဲသွားသည်။ ထို့နောက်ဟွမ်ဟုံယိက လူအုပ်အားအော်ပြောလိုက်သည်။

“အားလုံးပဲ … နောက်ပြန်လှည့်စရာမလိုဘူး. အကယ်၍ ချူးယွဲ့နဲ့ သူ့သမီးက ရှစ်ဖုန့်ကို တကယ်သိတယ်ဆိုရင် ချူးမိသားစုထပ်ပြီးတည်ရှိနေဖို့မလိုဘူး. ဒီနေ့ ငါတို့အားလုံးလုပ်ဖို့လိုတာက ချူးမိသားစုက တစ်ယောက်စီတိုင်းကိုသတ်ပစ်ပြီး သူတို့အားလုံးကို သုတ်သင်ရှင်းလင်းပစ်ဖို့ပဲ.. ရှစ်ဖုန့်ငါတို့ရှင်းယောင်မြို့ကိုလာခဲ့ရင်တောင် ချူးကလန်ရဲ့သားအဖနှစ်ယောက်ကိုဘယ်သူသတ်လဲဆိုတာကို သူသိမှာမဟုတ်ဘူး”

“ဟုတ်တယ်..အမှန်ပဲ. ငါလဲ ကလန်ခေါင်းဆောင်ပြောတာ

ကိုသဘောတူတယ်”

“ဟုတ်တယ်. ဟွမ် မိသားစုကလန်ခေါင်းဆောင်

ပြောသလိုလုပ်ကြစို့ . ..ဒီနေ့ငါတို့သာလွှတ်ပေးလိုက်ရင်. ရှစ်ဖုန့်ရှင်းယောင်မြို့ကိုရောက်လာတာနဲ့ ဒီသားအဖနှစ်ယောက်က ဘယ်လိုလုပ်ပြီးတော့ငါတို့ကို

လွှတ်ပေးမှာလဲ.. အချိန်ကျလာတဲ့အခါကြရင် ငါတို့တွေသေချာပေါက် နောင်တရရလိမ့်မယ်.. ငါတို့တွေတစ်ခုတည်းကိုပဲလုပ်နိုင်ပြီးတော့.. ချူးမိသားစု ဝင်အားလုံးကကို သတ်ပစ်ပြီး အမြစ်ပါမကျန်အောင်ဆွဲနှုတ်ပစ်ရမယ်”

ဟွမ်ဟုံယိ၏ စကားလုံးများက ချက်ချင်းပဲလူများစွာအား

တစ်ယောက်ပြီးတစ်ယောက်လှုံ့ဆော်လိုက်သလိုဖြစ်သွားသည်။ ရက်စက်ကြမ်းကြုတ်သော အမူအယာများက သူတို့တစ်ယောက်ချင်းစီ၏မျက်နှာပေါ်တွင်ပေါ်ပေါက်လာသည်။ ထို့နောက် အနာဂတ်၌ဖြစ်လာမည့်ပြဿနာများအား

ရှောင်ကြဉ်ရန်အတွက် ချူးမိသားစု အား အမြစ်ဖျက်သုတ်သင်ပစ်ဖို့လိုအပ်သည်ဟု အားလုံးက ယေဘုယျသဘောတူညီလိုက်ကြသည်။

ထို့နောက် ချက်ချင်း မြေကွပ်လပ်အတွင်းရှိ လူထောင်းပေါင်းများစွာ၏ ကိုယ်ထံမှ ချီလှိုင်းများ မြင့်တက်လာသည်။ ဤအချိန်တွင် သူတို့အားလုံးကချူးကလန်အား

တိုက်ခိုက်ရန်ပြင်ဆင်လိုက်ကြသည်။ သူတို့ကချူးကလန်ပင်မခန်းမအတွင်းရှိလူများအားလုံးအားသတ်ပစ်ချင်နေကြသည်။

“ရှင်းအာ. ချင်အာ.. မင်းတို့အားလုံး ချိတ်ပိတ်ကုန်းမြေထဲကို မြန်မြန်ထွက်ပြေးကြ.. မြန်မြန်လေး”

ချူးယွဲ့မှာ အခြေအနေမကောင်းသည်ကို တွေ့လိုက်ရသည်။ ခွေးအများက တိုက်ခိုက်ရန်ပြင်ဆင်ပြီးဖြစ်သည်။ လူကလျှင်မြန်စွာခေါင်းကိုလှည့်လိက်ပြီး သူ့ဘေးရှိချူးရှင်းနှင့် ချူးရှင်း၏ဘေး၌ရပ်နေသောလှပသည့်အမျိုးသမီးအားအော်ပြောလိုက်သည်။

လှပသော အမျိုးသမီးမှ သေခြင်းတားမြစ်နယ်မြေထဲ၌ ရှစ်ဖုန့်နှင့်တွေ့ဆုံခဲ့သော ချူးရှင်း၏မိခင် ချူးယွဲ့၏ မိန်းမဖြစ်သောချင်ယင်မှလွဲ၍ အခြားမဟုတ်ပေ။

ချူးယွဲ့၏ စကားများအားကြားပြီးနောက် ချင်ယင်ကအလျှင်အမြန်အော်ပြောလိုက်သည်။

“ဟင့်အင်း.ချူးယွဲ့.. ကျွန်မတို့အတူတူနေထိုင်ပြီးအတူတူပဲသေဆုံးမယ်လို့ပြောခဲ့တယ်. ကျွန်မထွက်မသွားနိုင်ဘူး. ဘာတွေပဲဖြစ်လာပါစေ ကျွန်မနေပြီး ရှင်နဲ့အတူတူရင်ဆိုင်မယ်.. ကျွန်မတို့ထွက်သွားရင်လည်း အတူတူထွက်သွားမယ်”

ချင်ယင် ၏အော်သံဆုံးသွားသောအခါတွင်

ချူးရှင်းကလည်း ကြည်လင်သောအသံဖြင့်

အလျှင်မြန်အော်ပြောလိုက်သည်။

“အဖေ.. အဖေထွက်မသွားရင်. အမေလည်းထွက်မသွားရင်. သမီလည်းထွက်မသွားဘူး. သမီးအဖေတို့နဲ့အတူတူနေမယ်. သမီးတို့မိသားစု ဘယ်တော့မှမခွဲဘူး”

“မင်း..မင်းတို့…”

ဇနီးဖြစ်သူနှင့်သမီးဖြစ်သူတို့၏ လှပသောမျက်နှာများထက်မှ ဆုံးဖြတ်ထားမှုတို့အားမြင်တွေ့ရပြီး သူမတို့၏ပြတ်သားသောစကားများအားကြားလိုက်ရသောအခါတွင် ချူးယွဲ့၏မျက်နှာထက်၌ စိုးရိမ်မှုတို့ဖြစ်ပေါ်လာသည်။ သူကအလျှင်အမြန်ထပ်မံအော်ပြောလိုက်သည်။

“မင်း..မင်းတို့နှစ်ယောက်..”

သူကလျှင်မြန်စွာအော်ပြောလိုက်၏။

“ချင်ယင် ..ရှင်းအာ.. မင်းတို့စကားနားထောင်မှရမယ်. ငါကအခုချူးမိသားစုရဲ့ခေါင်းဆောင်ဖြစ်နေပြီ. . ချူးမိသားစုရဲ့သားတစ်ယောက်အနေနဲ့.. ချူးမိသားစုက ဒီလိုမျိုးအခြေအနေနဲ့ရင်ဆိုင်နေရရင်.. ငါသေချာပေါက် ချူးမိသားစုကို ပစ်ပယ်ပြီးတော့ ဒီလိုမျိုးထွက်သွားလို့မရဘူး. မဟုတ်ရင် နောက်ကြ မြေအောက်ကမ္ဘာမှာ ငါ့ရဲဘိုးဘေးတွေရဲ့မျက်နှာကို

ငါဘယ်လိုရင်ဆိုင်ရမလဲ”

“ဒါပေမဲ့ မင်းတို့နှစ်ယော်ကတော့မတူဘူး. မြန်မြန်ထွက်သွားကြ.. မင်းတို့ထွက်သွားမှာသာ ငါ့အတွက် ချူးမိသားစုအတွက် လက်စားချေနိုင်ပြီး ချူးမိသား စုပြန်လည်ရှင်သန်နိုင်မှာ”

“ချူးယွဲ . ရှင်ထွက်မသွားရင် ကျွန်မလည်းထွက်မသွားဘူး. ရှင်သေရင်ကျွန်မတို့လည်းအတူတူသေမယ်.. ရှင်သာမရှိတော့ရင် ကျွန်ရှင်သန်ရတဲ့အဓိပ္ပါယ်ကဘာရှိတော့မှာလဲ”

“အဖေ. သမီးလည်းထွက်မသွားဘူး. သမီးတို့မိသားစု အမြဲအတူတူရှိနေမှာ”

မိခင်နှင့်သမီးဖြစ်သူ၏ လှပသောမျက်နှာများထက်၌ ဇွတ်တရွတ်နိုင်မှုတို့ဖြင့်ပြည့်နှက်နေသည်။

“ချင်ယင်.ရှင်းအာ. မင်းတို့…”

အမေနှင့်သမီးဖြစ်သူအားကြည့်၍ ချူးယွဲ့၏မျက်နှာထက်ရှိစိုးရိမ်မှုတို့မှာပို၍ ထင်ရှားလာသည်။

“ဟမ့်. ဘယ်လိုတောင်ရင်ထဲထိလောက်

စရာမြင်ကွင်းလေးလဲကွာ..”

ဤအချိန်တွင် ဟွမ်ဟုံယိ၏ ထူးခြားကြောင်တောင်နိုင်သေ စကားလုံးများက ထပ်မံထွက်ပေါ်လာသည်။ ထိုနောက် ဟွမ်ဟုံယိ၏ အသံကအေးစက်မှုအဖြစ်ပြောင်းလဲသွားသည်။

“မင်းတို့အားလုံး ထွက်ပြေးလွတ်မြောက်ဖို့ကို မစဉ်းစားနဲ့. ဒီနေ့မင်းတို့အားလုံးသေရမယ်”

“ချင်ယင် အရင်တုံးက ငါမင်းကို အပင်းပန်းခံအပတ်တကုတ်လိုက်ခဲ့ပေမဲ့. မင်းကငါ့ကိုလုံးဝလျစ်လျူရှုထားပြီး လေလိုမျိုးပဲဆက်ဆံခဲ့တယ်.. အဆုံးမှာမင်းက မင်းကိုယ်မင်းတကယ်ပဲ ဒီအမှိုက်ချူးယွဲ့ရဲ့ရင်ခွင်ထဲပစ်ဝင်ခဲ့တယ်. ဒီနေ့မင်းဘယ်လောက်အမြင်မှားလဲဆိုတာကိုငါမင်းကိုသိစေရမယ်.. အတိတ်တုံးကမင်းကငါ့ကိုလျစ်လျူရှုခဲ့တယ်.. ဒီနေ့.. မင်းကငါနဲ့မထိုက်တန်အောင်

ငါမင်းကိုလုပ်ပြမယ်”

“အတိတ်တုံးက ငါဟွမ်ဟုံယိမင်းကိုမရခဲ့ဘူး. ဒီနေ့တော့ ငါ့သားကမင်းသမီးကိုရအောင်ငါလုပ်မယ်”

ဟွမ်ဟုံယိ၏အသံထွက်ပေါ်လာသောအခါတွင် ဟွမ်ဟုံယိဘေးရှိ ဝက်နှင့်မခြားအလွန်ဝသော လူငယ်၏ခန္ဓာကိုယ်က ရုတ်ခြည်းတုန်ယင်သွားသည်။ သူ၏ထိုင်းမှိုင်းလေးကွေးပျင်းရိနေသော ကိုယ်က ရုတ်ခြည်းတည့်မတ်သွား၏။ သူ၏မျက်နှာထက်၌ ရုတ်ခြည်း ပျော်ရွှင်သောအပြုံးတစ်ခုဖြစ်ပေါ်လာသည်။

“ဟီးဟီး..အဖေ.. အဖေကတကယ့်ကို ကျွန်တော့်ရဲ့အဖေပဲ”

ဖက်တီးက ပျော်ရွှင်စွာဖြင့်ပြောနေသကဲ့သို့ သူ၏ တဏှာရာဂလောဘတို့ဖြင့် အကြည့်တို့က ခန်းမအတွင်း၌ရှိနေသောရှင်းယောင်မြို့

၏နံပါတ်တစ်အလှပိုင်ရှင် ချူးရှင်းပေါ်သို့ ကျရောက်နေသည်။ သူက ပါးစပ်အပြည့်တံတွေးတစ်လုပ်အား ခပ်ပြင်းပြင်းမျိုချလိုက်သည်။

ဤကဲ့သို့အလှလေးတစ်ယောက်အား ရရှိပြီးနောက်တွင်သူ၏ဘဝ၌ နောင်တရစရာ ဘာမှရှိနေတော့မည်မဟုတ်ပေ။ နောင်ဘဝ၌သူတကယ်ပဲ ဝက်တစ်ကောင်ဖြစ်ခဲ့လျှင်ပင် ယင်းကလုံးဝထိုက်တန်သည်ဖြစ်သည်။

ဖတ်တီးမှနှလုံးသားထဲမှနေ၍ ပျော်ရွှင်နေ၏။ ရုတ်ခြည်းသူ၏တစ်ကိုယ်လုံး၌

စွမ်းအင်တို့ဖြင်ပြည့်နှက်လာသလိုခံစားရသည်။

“သတ်.. ချူးမိသားစု တစ်ခုလုံးကိုသုတ်သင်ကြ”

ဤအချိန်တွင် ဟွမ်ဟုံယိ၏ နက်ရှိုင်းသောအသံကထွက်ပေါ်လာသည်။

“သတ်”

“သတ်”

“သတ်ကြ”

All Chapters