← Chapters

အခန်း (၅၉၀)

Vol. 40 Ch. 590

အခန်း (၅၉၀)

Vol. 40 Ch. 590

မျက်စိကျိန်းလောက်စရာကောင်း သောသိုင်းပညာရပ်များ ဆေဘာဓား၊ဓားရှည်တို့၏အရိပ်များ၊ လက်သီးရိပ်များ၊ လက်ဖဝါးရိပ်များ၊ ခြေထောက်ရိပ်မျာ၊ ပြင်းထန်သောမီးတောက်များ၊ လေမုန်တိုင်းများနှင့် ရေခဲလုံးများက ချူးမိသားစု၏ ပင်မခန်းမဆောင်သို့မုန်တိုင်းတစ်ခုကဲ့သို့ ပေါက်ကွဲဦးတည်လာသည်။

ခြံဝန်းအတွင်းထောင်ပေါင်းများ စွာသောလူများ၏ တိုက်ခိုက်မှုများအားကြည့်ရင်း ချူးမိသားစုအတွင်းရှိ များစွာသောလူများမှာ ထိတ်လန့်ကြောက်ရွံ့သော အမူအယာများဖြစ်ပေါ်လာသည်။ သို့သော် စိတ်ပိုင်းဖြတ်ထားသူများ အကြောက်လန့်ကင်းမဲ့သူများလည်းရှိနေ၏။

သို့သော် ချူးမိသားစုမှလူများကလည်း တိုက်ခိုက်မှုများကို စတင်လိုက်သည်။ ရွှေရောင်အလင်းတန်းများ၊ ရွှေရောင်လက်ဝါးရိပ်များ၊ ရွှေရောင်လက်သီးရိပ်များနှင့် ရွှေရောင်ဓားချီများက ဦးတည်ချက်ပေါင်းစုံမှလာသော တိုက်ခိုက်မှုများဖြင့် တွေ့ဆုံကြသည်။

သူတို့မနိုင်မှန်းသိနေလျှင်တောင် လက်သင့်ခံနိုင်ခြင်းမရှိစာဖြင့် ဆက်လက်ခုခံနေကြသေးသည်။

လက်ရှိချူးမိသားစု ၏ခေါင်းဆောင်ဖြစ်သောချူးယွဲ့က ခြင်္သေ့တစ်ကောင်ကဲ့သို့ကြုံးဝါးလိုက်သည်။

“ဟွမ် ဟုံယိ.. ငါချူးယွဲ့ဒီနေ့သေရမယ်ဆိုရင်တောင်. မင်းနဲ့မင်းရဲ့သူတောင်းစားသားကို ငါနဲ့အတူတူဆွဲခေါ်သွားမယ်”

ဟွမ်ဟုံယိက သူ၏ ဇနီးဖြစ်သူ ချင်ယင် နှင့် သမီးဖြစ်သူ ချူးကျူတို့အား ပြောသည်ကိုကြားရသောအခါတွင် ချူးကျူးတစ်ယောက် လုံးဝ ဒေါသထွက်သွားတော့သည်။ သိပ်သည်းထူထပ်များပြားလှသော တိုက်ခိုက်မှုများက သူ့ထံသို့ဦးတည်လာနေသောအခါတွင် ချုးကျူး၏ကိုယ်မှ တလက်လက်တောက်ပနေသော ရွှေရောင်အလင်းများ ပေါက်ကွဲထွက်လာသည်။သူကရှေ့သို့တစ်ဟုန်ထိုးဦးတည်လာပြီး သူ၏လက်တို့ဖြင့် ဆီးလ်တို့အားပုံဖော်လိုက်သည်။

“ချူးယွဲ့”

“အဖေ”

ချူးယွဲ့တစ်ယောက်တည်းတစ်ဟုန်ထိုး ထွက်သွားသည်ကိုတွေ့လိုက် ရသောအခါတွင် ချင်ယင်နှင့်ချူးကျူးတို့၏ ထိတ်လန့်မှုကြောက်ရွံ့မှုတို့ဖြင့် ပြည့်နှက်နေသောအော်သံက ထပ်မံထွက်ပေါ်လာပြန်သည်။ ထို့နောက် ပုံရိပ်နှစ်ခုကလည်း ချူးယွဲ့၏နောက်သို့ လိုက်လိုက်ကြသည်။

“ငါတို့မိသားစုက ထာဝရအတူရှိနေမှာ ဘယ်တော့မှမခွဲဘူး”

“ဒီသခင်လေးရောက်လာချင်းမှာပဲ ဒီလိုမြင်ကွင်းမျိုးကိုမြင်တွေ့ရလိမ့်မယ်လို့မထင်ထားဘူး.. ကံကောင်းစွာနဲ့ ဒီသခင်လေး အရမ်းနောက်မကျခဲ့ဘူး.”

သို့သော် ဤအချိန်တွင် လူငယ်တစ်ယောက်၏ ကြည်လင်သောအသံက ချူးမိသားစုအတွင်းထွက်ပေါ်လာသည်။

ထို့နောက် ကောင်းကင်မှမီးတောက်တို့ထွက်ပေါ်လာသည်။ပြင်းထန်သော သွေးနီရောင်မီးတောက်တို့က ရုတ်တရက်ကောင်းကင်ပေါ်မှကျဆင်းလာပြီး ချူးမိသားစု ပင်မခန်းမဆောင်နှင့် မြေကွပ်လပ်ပေါ်သို့ သက်ဆင်းသွားသည်။ရုတ်ခြည်းဆိုသလို ချူမိသားစု ပင်မခန်းမဆောင်၏ ဝင်ပေါက်၌ သွေးနီရောင်မီးတောက်ပင်လယ် တစ်ခုတောက်လောင်သွား၏။

ချူးမိသားစု ထံသို့ ဦးတည်လာနေသော ပြင်းထန်သည့်တိုက်ခိုက်မှုများမှာ ကောင်းကင်ထက်မှကျဆင်းလာသော မီးတောက်ပင်လယ်ကြောင့်ရုတ်ခြည်း ပြာဘဝသို့ကျရောက်သွားသည်။

ရွှေရောင်အလင်းတန်းတစ်ခု အဖြစ်ပြောင်းထားပြီး ပင်မခန်းမဆောင်အပြင်ဘက်သို့ တစ်ဟုန်ထိုးပြေးထွက်လာသော ချူးယွဲ့မှာ သွေးနီရောင်မီးတောက်အား မြင်တွေ့လိုက်ရပြီး ၎င်း၌ ပါဝင်သည့် စွမ်းအားကြီး၊ ဆန်းကြယ်ပြီး မှုန်မှိုင်းသောစွမ်းအင်အား အာရုံခံမိသောအခါတွင် သူ၏ကိုယ်က ချက်ချင်းရပ်တန့်သွားသည်။

ဤအခိုက်အတန့်တွင် ချူးယွဲ့၏နောက်သို့လိုက်လာကြသော လှပသည့်ပုံရိပ်နှစ်ခုက လည်း ချူးယွဲ့၏နောက်၌လွင့်မျော၍ ရပ်တန့်လိုက်သည်။

ချင်ယင်နှင့်ချူးရှင်းတို့က တစ်ယောက်ကိုယ်တစ်ယောက်ကြည့်လိုက်ကြသည်။ ရုတ်ခြည်း သူမတို့၏မျက်နှာများထက်၌ ပျော်ရွှင်မှုတို့ဖြင့်ပြည့်နှက်သွား၏။ သွေးနီရောင်မီးတောက်၏အသွင်အပြင်ကြောင့် သူမတို့၏ ကိုယ်များက လုံးဝသက်သာရာရသွားသည်။

အမေနှင့်သမီးဖြစ်သူတို့မှာ သေခြင်းတားမြစ်နယ်မြေအတွင်း၌ ရှစ်ဖုန့်နှင့်အချိန်အကြာကြီးတည်ရှိခဲ့ကြသည်ဖြစ်သည်။ ပင်ကိုယ်အားဖြင့် ဤပြင်းထန်သောအေးစက်သည့် မီးတောက်အား သူမတို့မှတ်မိသည်ဖြစ်၏။

“အမေ.. သူရောက်လာပြီ. အဲ့တာသူပဲ. အမေ.အဖေ.. ကိုကြီးရှစ်ဖုန့် ..ကိုကြီးရှစ်ဖုန့်ဒီကိုရောက်လာပြီ”

ချူးမိသားစုမှကောင်မလေးမှာ သူမ၏ချစ်ရသူအားတွေ့လိုက်ရသကဲ့သို့ဖြစ်နေသည်။ သူမက စိတ်လှုပ်ရှားပျော်ရွှင်မှုအပြည့်ဖြင့် အော်ပြောလိုက်သည်။ ဤအချိန်၌ သူမ၏ ရှင်းယောင်မြို့နံပါတ်တစ်အလှပိုင်ရှင်ဟူသော ပုံရိပ်တို့ကိုလည်း ထည့်ပြီးဂရုစိုက်မနေတော့ချေ။

“အင်း.သူရောက်လာပြီ”

ချင်ယင်ကလည်းသူမရှေ့ရှိ သွေးနီရောင်မီးတောက်တို့အားကြည့်၍ ပြုံးလိုက်သည်။သို့သော် ချင်ယင်မှာချူးရှင်းနှင့်ကွဲပြားသည်ဖြစ်သည်။ သူမ၏အပြုံးကအရမ်း ဣန္ဒြေ ရေရှိသည်ဖြစ်၏။

“ငါတို့ကလန်အတွက်မျှော်လင့်ချက်ရှိပြီ”

ချူးယွဲ့ကလည်းစိတ်လှုပ်ရှားစွာဖြင့်ပြောလိုက်သည်။ ရှစ်ဖုန့်၏သွေးနီရောင်မီး တောက်အားသူလုံးဝမမြင်တွေ့ဖူးသော်လည်းသူ၏သမီးနှင့်ဇနီးထံမှ ၎င်းအကြောင်းအား ကြားဖူးသည်ဖြစ်သည်။

ရှစ်ဖုန့် ထိုက်မိသားစု အား မီးလောင်တိုက်သွင်းစဉ်က ဤသွေးနီရောင်မီးတောက်ကိုသူအသုံးပြုခဲ့သည်။ ထိုမှစတင်၍ ဤသွေးနီရောင်မီးတောက်က အမှတ်သင်ညာတစ်ခု ရှင်းယောင်မြို့အတွင်း၌ဖြစ်လာသည်။ ဤသွေးနီရောင်မီးတောက် အားမြင်တွေ့ရခြင်းက ရက်စက်သောရှစ်ဖုန့်အား မြင်တွေ့ရသကဲ့သို့ပင်ဖြစ်သည်။

ချူးကလန်၏ သားမိသားအဖတို့နှင့်ဆန့်ကျင်ဘက်၌ ရှိနေသော မြေကွပ်လပ်အတွင်းရှိ ထောင်ပေါင်းများစွာသော ကျင့်ကြံသူများမှာလည်း ကောင်းကင်ထက်မှရုတ်တရက်ကျဆင်းလာသာ သွေးနီရောင်မီးတောက်တို့အား မြင်တွေ့လိုက်ရသည်။

သွေးနီရောင်မီးတောက်တို့ကသူတို့၏တိုက်ခိုက်မှုများအား လုံးဝလောင်ကျွမ်းပစ်လိုက်သည်ကို တွေ့ရသောအခါတွင် သူတို့၏ မျက်နှာထားများကသိသိသာသာကို ပြောင်းလဲသွားသည်။ သူတို့အနေဖြင့်အိမ်မက်ဆိုးတစ်ခုအား တွေ့လိုက်ရသကဲ့သို့ပင်ဖြစ်၏။

“သူပဲ.. သူရောက်လာပြီ.. သူတကယ်ပဲ ရှင်းယောင်မြို့ကို ထပ်ပြီးရောက်လာပြီ.. ပြီးတော့ ဒီတစ်ကြိမ်က ချူးမိသားစုကိုကူညီဖို့လာတာ”

“မြန်မြန်ပြေးကြ ..အဲ့တာကရက်စက်တဲ့ရှစ်ဖုန့်ပဲ”

မြေကွပ်လပ်အတွင်း၌ရှိနေကြသော ကျင့်ကြံသူများမှာ ရှစ်ဖုန့်၏အမှတ်သင်္ကေတဖြစ်သော သွေးနီရောင်မီးတောက်အားမြင် တွေ့လိုက်ရသောအခါတွင် ကြောင်ကိုမြင်လိုက်ရသောကြွက်များကဲ့သို့ဖြစ်ကုန်သည်။ မရေတွက်နိုင်သောလူများမှာ သိပ်သည်းထူထပ်များပြားစွာဖြင့် ကျိုင်းကောင်အုပ်ကဲ့သို့ ဟင်းလင်းပြင်အား ထိုးခွင်း၍ အတူတကွ ထွက်ပြေးကြတော့သည်။

သို့သော် နောက်ထပ်အခိုက်အတန့်တွင် အဖြူရောင်ဓားချီစီးကြောင်းများက ရုတ်တရက်ဟင်းလင်းပြင်ထဲ၌ပေါ်လာ၏။ သိပ်သည်းထူထပ်များပြားလှသော ဓားချီများမှာ ဟင်းလင်းပြင်တစ်ခုလုံအား ပိတ်ဆို့ထားသော ဓားကွန်ရက်တစ်ခုကဲ့သို့ဖြစ်နေသည်။

ဟင်းလင်းပြင်ထဲ၌ ထွက်ပြေးနေကြသောကျင့်ကြံသူများမှာ သိပ်သည်းများပြားလှသောဓားချီများကြောင့် ရုတ်ခြည်းအပိုင်းပိုင်းပြတ်ထွက်ကုန်၏။ နာကျင်မှုအပြည့်ဖြင့် ငိုကြွေးသံများ ဟစ်အော်သံများက ဟင်းလင်းပြင်ထဲမှအဆက်မပြတ်ထွက်ပေါ်လာသည်။ထို့နောက်အသားအပိုင်းအစများက ဟင်းလင်းပြင်ထဲမှမိုးကဲ့သို့ရွှာသွန်းလာပြီး မြေကွပ်လပ်ထဲ့သို့ကျလာ၏။

ကောင်းကင်ထက်မှအသားများ ကျဆင်းလာခြင်း၌ ထူးခြားသော ဝိသေသတစ်ခုရှိနေသည်။ယင်းမှာ အသားများထဲမှသွေးတို့အားဖျစ်ညှစ်ထုတ်လိုက်သကဲ့သို့ပင်ဖြစ်သည်။

အဖြူရောင်ဓားချီကြောင့်အပိုင်းပိုင်း ဖြတ်တောက်ခံရသောအသားများ ထဲမှသွေးတို့က ရှစ်ဖုန့်၏ဝါးမျိုခြင်းကိုခံလိုက်ရ၏။

အချိန်တိုလေးအတွင်းမြေကွပ်လပ် အတွင်း၌ရှိနေသောကျင့်ကြံသူများမှာ အရေအတွက်ထက်ဝက်ကျော် လျော့ကျသွားသည်။ မူလက ကျင့်ကြံသူပေါင်းနှစ်ထောင်ကျော်ရှိ နေသော်လည်း ယခုတော့ ကျင့်ကြံသူ တစ်ထောင်အောက်ပင်ကျန်ရှိတော့သည်.

မြေကွပ်လပ်အတွင်း၌ရှုံ့တွခြောက်သွေ့နေသော အသားအပိုင်းအစများဖြင့်ပြည့်နှက်နေသည်။ ၎င်းမှလုံးဝရှုပ်ပွနေပုံရ၏။ ၎င်းမြင်ကွင်းက လူတစ်ယောက်၏ခြေထောက်တို့အားအားနည်းသွားစေပြီး အရိုးထဲအထိစိမ့်တက်သွားမှု ကိုခံစားရစေသည်။သူတို့၏ဘေး၌ မူလကရပ်နေကြသောအဖော်များမှာ အချိန်တိုလေးအတွင်းဤကဲ့သို့ အနေအထားရောက်ရှိသွားကြသည်။

ဟင်းလင်းပြင်အတွင်းဓားချီ ၏ခြိမ်ခြောက်အဟန့်အတားကြောင့် မြေကွပ်လပ်အတွင်း၌ရပ်နေဆဲ ဖြစ်သောကျင့်ကြံသူများမှာ ထပ်မံအလျှင်စလိုပြုမူရဲခြင်းမရှိတော့ချေ။ ကူကယ်ရာမဲ့စွာဖြင့် စိတ်မချမ်းမြေ့စွာ ကောင်းကင်ထဲသို့ကြည့်နေရုံသာ တက်နိုင်ကြသည်။

ရှစ်ဖုန့်တကယ်ရောက်လာမည်ဟုသူတို့မမျှော်လင့်ထားခဲ့ကြပေ။ ပြီးတော့ ဤရက်စက်သည့်ရှစ်ဖုန့်က ချူးကလန်အားကူညီရန်တကယ်ကြီး ရောက်လာခဲ့သည်။

သူတို့ကြုံတွေ့ရမည့်လူမဆန်သောရှစ်ဖုန့်အားတွေးမိပြီး မြေကွပ်လပ်အတွင်းရှိ စိတ်မချမ်းမြေ့ဖွယ်မြင်ကွင်းအား တွေ့ရသောအခါတွင် လူများစွာ၏နှလုံးသားထဲ၌ နောင်တတရားတို့ဖြင့်ပြည့်နှက်နေသည်။ ချူးကလန်ကမျိုးဆက်ပေါင်းများစွာစုစည်းထားခဲ့သော လွန်စွာများပြားလှသည့် ကျင့်ကြံခြင်းအတွက်အရင်းအမြစ်များက တကယ်ကိုဆွဲဆောင်မှုရှိသော်လည်း ၎င်းတို့အားအသုံးပြုရန်အတွက် သူတို့အသက်ရှင်ဖို့လိုအပ်သည်ဖြစ်သည်။

ယခု သူတို့ ကမ္ဘာဦးကျောက်တုံးတစ်တုံးကိုတောင် မရရုံသာမက သူတို့ပင်ဤနေရာ၌သေကြရမည်ဖြစ်သည်။ သူတို့အနေဖြင့် အလောင်းပင်လုံးဝကျန်ရစ်ခြင်း မရှိသေရလိမ့်မည်ဖြစ်၏။

ရှင်းယောင်မြို့အတွင်းလူများ၏ ခံယူချက်ထဲတွင် လူမဆန်သောရှစ်ဖုန့်၏လက်များ အတွင်းသေဆုံးရသောအခါ၌ +၌ ပြည့်စုံသော အလောင်းဟူ၍ လုံးဝမရှိဟု မှတ်ယူထားသည်။ ပြောရလျှင် ရှင်းယောင်မြို့အတွင်းရှိပြီးခဲ့သော အစုလိုက်အပြုံလိုက်အသတ်ခံရသည့်ညတွင်အလောင်းတစ်လောင်းကျန်ရစ်ခြင်းကိုပင်သူတို့မမြင်တွေ့ခဲ့ရပေ။

ဤအချိန်တွင် ချူးကလန် ပင်မခန်းမရှေ့ရှိ သွေးနီရောင်မီးတောက်များ ကဖြည်းဖြည်းချင်းငြိမ်းလာသည်။ ကောင်းကင်ထဲရှိအဖြူရောင်ဓားချီတို့မှာလည်းမှေးမှိန်ပျောက်ကွယ်သွား၏။ ရုတ်တရက် ဟင်းလင်းပြင်ထဲ၌ ပုံရိပ်သုံးခုပေါ်လာ၏။

ရွှေရောင်ပုံရိပ်၊ အဖြူရောင်ပုံရိပ်နှင့် ၎င်းတို့နှစ်ခုကြားအလယ်တွင် အေးစက်ဖွယ် အနက်ရောင်ပုံရိပ်ဖြစ်သော ရှစ်ဖုန့်ရှိနေသည်။

ခန်းမရှေ့ရှိ သွေးနီရောင်မီးတောက်တို့ ပျောက်ကွယ်သွားသောအခါတွင် ခန်းမထဲ၌ရပ်နေသောချူးရှင်းမှာ ရုတ်ခြည်းခန်းမဝင်ပေါက်သို့ ရွေ့လျားသွားပြီး ဟင်းလင်းပြင်ထဲသို့ကြည့်လိုက်သည်။

ဤအချိန်တွင် ချူးရှင်း၏ ကြယ်ကဲ့သို့မျက်ဝန်းများက ရုတ်ခြည်းတောက်ပလာသည်။ သူမ၏လှပသောမျက်နှာလေးမှာ ငွားငွားစွင့်စွင့်ဖူးပွင့်သော ဒက်ဖဒိလ် အဝါရောင်ပန်းကဲ့သို့ ရုတ်ခြည်းဖြစ်သွားပြီး ဖြူစင်ပြီးလှပသောအပြုံး တစ်ခုကဖြစ်ပေါ်လာသည်။

All Chapters