အခန်း (၅၉၁)
Vol. 40 Ch. 591
ရှစ်ဖုန့်က သူရောက်လာသည်နှင့် ပျော်ရွှင်နေသော ကောင်မလေးအားငုံ့ကြည့်လိုက်သည်။ သူကသူမအားပြုံးပြလိုက်ပြီးပြောလိုက်သည်။
“နောက်ဆုံးအကြိမ်ငါမင်းကိုလာရှာတုံးက မင်းဒီမှာရှိမနေခဲ့ဘူး”
“ဟီးဟီး. ညီမအဖေ အမေနဲ့ညီမရော အကိုဒီမှာရှိခဲ့တယ်ဆိုတာကို ညီမတို့ရှင်းယောင်မြို့ကိုပြန်ရောက်တော့သိခဲ့တယ်”
ကောင်မလေးက ထပ်မံပြုံးပြလိုက်သည်။
ရှစ်ဖုန့်၏ဘေး၌ရှိနေသော ရှစ်ကျင်းရွှိုက်က သူ၏ ရွှေရောင်စက္ကူယပ်တောင်အား ညင်သာစွာဝေ့ယမ်းလိုက်ပြီး ကောင်မလေးအားငုံ့ကြည့်လိုက်သည်။ သူကပြုံးလိုက်ပြီးခေါင်းညိမ့်ကာ ပြောလိုက်သည်။
“လှလိုက်တဲ့ကောင်မလေး. ညီလေးရှစ်ရဲ့ အမြင်ကတယ်ကိုတော်တော် လေးကောင်းမွန်တဲ့ပုံပဲ”
“ဒါပေါ့ သခင်လေးဖုန့်မှာ မျက်လုံးကောင်းတွေရှိတယ်”
ထို့နောက် ရွှယ်ဝူဟမ်ကလည်းသဘောတူသည့် အနေဖြင့်ခေါင်းညိမ့်လိုက်သည်။
ဤအချိန်တွင် ခက်ထန်သော ကြုံးဝါးသံတစ်ခုက လူအုပ်အတွင်းမှထွက်ပေါ်လာ၏။
“ချူးရှင်းကငါ့အမျိုးသမီးကွ.. အဲ့အကြောင်းကိုစဉ်းတောင်မစဉ်းစားလိုက်နဲ့”
ကြုံးဝါးသံကထွက်ပေါ်လာသကဲ့သို့ ဝဖိုင့်သောပုံရိပ်က ဟင်းလင်းပြင်အားထိုးခွင်းပြီး ကောင်းကင်ထဲသို့ပျံသန်းတက်လာသည်။
ဒေါသတကြီးအော်ဟစ်သံနှင့် ဝဖိုင့်သော ပုံရိပ်မှာ ဟွမ်ဟုံယိ၏သား ဖြစ်သူဖက်တီး ဟွမ်ချင်းမှလွှဲ၍အခြားမဟုတ်ပေ။
ဟွမ်ဟုံယိက ချင်ယင်အား “ဒီနေ့ ငါ့သားမင်းသမီးပိုင်ဆိုင်စေရမယ်” ဟုပြောခဲ့သည်။
ဟွမ်ချင်း၏ နှလုံးသားထဲ၌ ချူးရှင်းကသူ၏အမျိုးသမီးဖြစ်နေပြီးဖြစ်သည်။ ထိုအခိုက်အတန့်၌ သူ၏တစ်ကိုယ်လုံး၌စွမ်းအားများဖြင့် ပြည့်နှက်နေသည်ဟု ဟွမ်ချင်းခံစားရ၏။ယင်းမှာသူ့၌ အရာအားလုံးအား အနိုင်ယူပစ်နိုင်စွမ်းရှိသော စွမ်းအားတို့ရှိနေသကဲ့သို့ပင်ဖြစ်သည်။ သူ၏သိုင်းနယ်ပယ်က ကြယ်တစ်ပွင့်ဧကရာဇ်နယ်ပယ်၌သာ ရှိသော်လည်းသူ့ကိုယ်သူအရမ်းသန်မာသည် ဟုခံစားရ၏။
ဟွမ်ချင်းမှာ သူ၏အမျိုးသမီးဖြစ်သူက ရှစ်ဖုန့်အားပျော်ရွှင်စွာပြုံးပြနေသည်ကိုတွေ့ ရသောအခါတွင် ထိုပျော်ရွှင် စိတ်လှုပ်ရှားနေသော အသွင်အပြင်က ဟွမ်ချင်း၏နှလုံသားအားရုတ်ခြည်း ထိန်းမနိုင်သိမ်းမရသောဒေါသတို့အားပေါက်ကွဲထွက်သွားစေသည်။သူခက်ထန်လာသည့်အချိန်တွင် မူလကခွန်အားတို့ဖြင့်ပြည့်နေသောသူ၏ကိုယ်က ပို၍ သန်မာလာသည့်ပုံပေါ်၏။
သူကကောင်းကင်ထဲသို့ ပျံသန်းတက်လိုက်သကဲ့သို့ ဟွမ်ချင်းကခေါင်းကိုမော့လိုက်ပြီး ကောင်းကင်ထဲ၌ရှိနေသော ရှစ်ဖုန့်အား ကြိမ်းဝါးလိုက်သည်။
“သူတောင်းစား”
“မင်းက ကြယ်ကိုးပွင့်သူတော်စင်နယ်ပယ် ချူးကျူးကိုသတ်ပစ်လိုက်တော့ရောဘာဖြစ်လဲ ဒီနေ့ ငါကပြိုင်ဘက်ကင်းပါရမီရှင် ဟွမ်ချင်းက ထျန်းဟန်တိုက်ကြီးမှာတစ်ခါမှ မမြင်ဖူးတဲ့ဒဏ္ဍာရီတစ်ခုကိုဖန်တီးမယ်….ငါကြယ်တစ်ပွင့်အင်ပါယာနယ်ပယ်က ကြယ်ကိုးပွင့်သူတော်စင်နယ်ပယ် စွမ်းအားရှိတဲ့မင်းလိုမောက်မာတဲ့ကောင် ကိုသတ်ပစ်မယ်..အား”
နောက်ဆုံးစကားအားပြောပြီးသည့်အခါတွင် ဟွမ်ချင်းက သူ၏အားအကုန်အသုံးပြု၍ ကျယ်လောင်စွာအော်ဟစ်လိုက်သည်။ သူ၏အသံကကောင်းကင်နှင့်မြေပြင်ကြားထဲ၌ ပဲ့တင်ရိုက်ခတ်သွား၏။
“ဟွမ်ချင်း ဖက်တီးကောင် သူရူးသွားတာလား. . ဘယ်လိုဖြစ်ပြီးတော့ လူမဆန်ရက်စက်တဲ့ရှစ်ဖုန့်ကိုမှသွားပြီး စိန်ခေါ်ရဲတာလဲ”
“ဒီကလေးရဲ့ဦးနှောက် အမြဲ ဆိုးရွားနေတာပဲ”
“အရူးကောင်..မြန်မြန်ပြန်လာခဲ့.. သောက်ချီးလိုထဲမှ ဒီကိုပြန်လာခဲ့စမ်း”
ဟွမ်ဟုံယိ၏ ခက်ထန်သော အော်ဟစ်သံက မြေကွပ်လပ်အတွင်းမှထွက်ပေါ်လာသည်။ သူ၏အသံကဒေါသထွက်မှု၊ စိုးရိမ်ပူပန်မှုတို့ဖြင့်ပြည့်နှက်နေ၏။
သူက ကသူ့သားဖြစ်သူ၏ လုပ်နိုင်စွမ်းကိုကောင်းစွာသိသော်လည်း ဤအရူးက တကယ်ကြီးလူမဆန်ရက်စက်သည့်ရှစ်ဖုန့်ထံကိုမှပျံသန်းသွားလိမ့်မည်ဟု သူမမျှော်လင့်ထားခဲ့ပေ။ ယင်းမှာသေချာပေါက်ကိုယ့် သေတွင်းကိုယ်တူးခြင်းပင်ဖြစ်သည်။
လေထဲ၌ဝင့်ကြွားစွာရပ်နေသော ရှစ်ဖုန့်က သူ့ထံသို့ ပျံသန်းလာနေသော ပုံရိပ်အားကြည့်လိုက်သည်။ ဘယ်လိုဖြစ်ပြီးဤဝက်လိုကောင်က သူ့ထက်အဆင့်တစ်ခုမြင့်မားသည့် တစ်စုံတစ်ယောက်အားစိန်ခေါ်ရဲပြီး သတ်ချင်နေရပါသနည်း။
ရှစ်ဖုန့်ကသူ၏ညာလက်အား ဓားလက်ချောင်းအသွင်ပြုလုပ်လိုက်ပြီး အောက်သို့ထိုးညွှန်လိုက်သည်။
“အား”
ရုတ်ခြည်းဝက်တစ်ကောင်အသတ်ခံလျှင် ထွက်ပေါ်လာသကဲ့သို့စူးစူးဝါးဝါး အော်ဟစ်သောအသံလှိုင်းတစ်ခုက ကောင်းကင်နှင့်မြေပြင်ကြား ရိုက်ခတ်ပျံ့နှံ့သွားသည်။
ကိုယ့်ကိုယ်ကိုယ် ယုံကြည်ချက် စွမ်းအားတို့ပြည့်လျှံနေသော ဟွမ်ချင်းအား ရုတ်တရက် သွေးနီရောင်မီးတောက်များက ဝါးမျိုသွားသည်။ သွေးနီရောင်မီးတောက်များ လောင်ကျွမ်းနေသကဲ့သို့ ဟွမ်ချင်း၏ ဝသောကိုယ်မှာပြင်းစွာသောနာကျင်မှုတို့ဖြင့် ဟင်းလင်းပြင်ထဲ၌ လူးလှိမ့်အော်ဟစ်နေသည်။
ထို့နောက် သွေးနီရောင်မီးတောက်များက ဟွမ်ချင်း၏ ခန္ဓာကိုယ်အနှံ့သို့ပြန့်နှံ့သွားသည်။ ဟွမ်ချင်း၏လူးလှိမ့်နေသော ဝဖိုင့်သည့်ကိုယ်မှာလည်း ခံစားချက်မဲ့သွား၏။ သွေးနီရောင်မီးတောက်တို့သာလေထဲ၌ ဆိတ်ငြိမ်စွာလောင်ကျွမ်းနေသည်။
“မဟုတ်ဘူး..ချင်းအာ”
လေထဲရှိသွေးနီရောင်မီးတောက်များ အားကြည့်၍ ဟွမ်မိသားစု၏ခေါင်းဆောင်ဖြစ်သူ ဟွမ်ဟုံယိမှာ ရုတ်တရက်ကောင်းကင်ထဲသို့မော့၍ ဝမ်းနည်းကြေကွဲစွာဖြင့်အော်ဟစ်လိုက်သည်။
သူ၏ဤသားက ဝကာ အသုံးမကျ အမှိုက်ကောင်ဖြစ်သော်လည်း ၎င်းကသူ၏သားဖြစ်နေဆဲပင်ဖြစ်သည်။ သူက ၎င်းအား သိသိသာသာချစ်ခင်ပြီး၎င်းကသူ၏ သွေးသားအရင်းဖြစ်သည်။
သူက၎င်းအပေါ်၌ ဟွမ်သားစု၏ မျိုးဆက်ပျံ့ပွားရေးအတွက်မှီခို အားထားသည်ဖြစ်သည်။ သို့သော် သူကဤကဲ့သို့ သေသွားရသည်။ သူ၏ဟွမ်မိသားစုမျိုးဆက်အား အဆုံးသတ်ပစ်ချင်ခဲ့သည်လော။
ဟင်းလင်းပြင်ထဲတွင် တောင်လောင်နေသော သွေးနီရောင်မီးတောက်များက ဖြည်းဖြည်းချင်းလေထဲ၌ ပျောက်ကွယ်သွားသည်။ အားလုံးမျှော်မှန်းထားသကဲ့သို့ပင် ဟွမ်မိသားစုမှဖက်တီး၏ သဲလွန်စလေးတစ်ခုပင်ဟင်းလင်း ပြင်ထဲ၌ကျန်ရစ်နေခဲ့ခြင်းမရှိပေ။
“ချင်းအာ… ငါ့ရဲ့ချင်းအာလေး. ငါ ဟွမ်ဟုံယိရဲ့ တစ်ဦးတည်းသောသားလေး”
ဟွမ်ဟုံယိမှာကောင်းကင်ထဲသို့ မော့၍ ဝမ်းနည်းကြေကွဲစွာဖြင့် ဆက်လက်မြည်တမ်းနေသည်။
ဟွမ်ဟုံယိ၏ ဝမ်းနည်းကြေကွဲနေသော အမူအယာအားတွေ့ရသောအခါတွင် ဟွမ်မိသားစု၏ခေါင်းဆောင်ဖြစ်သူက ကောင်းကင်ထဲသို့ အပြင်းထိုးတက်သွားပြီးသူ့သား အတွက်လက်စားချေရန် လူမဆန်ရက်စက်သောရှစ်ဖုန့်နှင့် တိုက်ခိုက်လိမ့်မည်ဟု လူများ တွေးလိုက်ကြသည်။
သို့သော် ဟွမ်ဟုံယိကဒူးများအားကွေးညွှတ်ပြီး သူ၏ကိုယ်ကိုနှိမ့်ချလိုက်သည်ကို လူများအံ့အားသင့်စွာမြင်တွေ့လိုက်ရသည်။ သူကတကယ်ပဲကောင်းကင်ထဲရှိ အနက်ရောင်သတ်ဖြတ်ကြယ်အား ဒူးထောက်နေသည်။
ထို့နောက်ချက်ချင်း ဟွမ်ဟုံယိ၏မျက်နှာထက်၌ သနားစဖွယ် ဝမ်းနည်းမှုတို့ဖြင့်ပြည့်နှက်နေ၏။ သူက သူ့အထက်ရှိအနက်ရောင်ပုံရိပ်အား ခါးသက်စွာဖြင့်အသနားခံ တောင်းပန်လိုက်သည်။
“ဆရာ.. ကျေးဇူးပြုပြီးငါ့ကိုမသတ်ပါနဲ့”
“ငါ့သား..ငါ့ရဲ့တစ်ဦးတည်းသောသားလေး ဟွမ်ချင်းကသေသွားပြီ. ငါ့ဟွမ်မိသားစုမှာ မျိုးဆက်ထပ်ပြီးမရှိတော့ဘူး.အဲ့လိုမှမဟုတ်ရင် ငါဟွမ်ဟုံယိက ဟွမ်မိသားစုရဲငမိုက်သားဖြစ်လိမ့်မယ်.. ငါသေပြီးတဲ့နောက် ငါ့ဘိုးဘေးတွေကိုပြဖို့မျက်နှာရှိမှာမဟုတ်ဘူး. ငါ့ကိုခွင့်လွှတ်ပေးပါ..ငါတောင်းပန်ပါတယ်. ဆရာငါ့အသက်ကိုချမ်းသားပေးတာနဲ့ ငါဟွမ်ဟုံယိ.. အနာဂတ်မှာ ဆရာ့အတွက် ဘာမဆိုလုပ်ပေးပါ့မယ်”
“ဟွမ်ဟုံယိက သူရဲဘောကြောင်ပြီးအရှက်မဲ့လိမ့်မယ်လို့ လုံးဝမသိခဲ့ဘူး”
“အခုကိစ္စတွေဒီလိုကိစ္စတွေဖြစ်လာတော့ ငါတို့မှာရွေးစရာတစ်ခုရှိသေးလို့လား. ဒါကချူးကျူးကိုတောင်သတ်ခဲ့တဲ့လူမဆန်ရက်စက်တဲ့ ရှစ်ဖုန့်ပဲ”
“အခု ငါတို့အသက်ရှင်ချင်ရင် .တောင်းပန်ဖို့ပြတက်နိုင်တယ်.. ဟူး. ငါငယ်ငယ်လေးကတည်းက ငါ့မိဘနဲ့အကြီးအကဲတွေကလွဲပြီး တစ်ခြားသူတွေရှေ့မှာတစ်ခါမှ ဒူးမထောက်ခဲ့ဘူး. ဒီလိုနေ့မှာငါဒူးထောက်ရလိမ့်မယ်လို့ ငါမမျှော်လင့်ထားခဲ့ဘူး”
“ဟူး..ဒူးထောက်တာကသာ မင်းတို့ငါတို့အသက်တွေကို ကယ်နိုင်မယ်ဆိုရင် ဘာလို့မထောက်ပဲနေရမှာလဲ.ဒူးထောက်ကြ… ဒူးထောက်ကြ”
ထို့နောက် မြေကွပ်လပ်အတွင်းရှိ ကျင့်ကြံသူများအားလုံးက ရုတ်တရက် ဟွမ်ဟုံယိ၏ ဥပမာနောက်သို့လိုက်လိုက်ကြသည်။ သူတို့၏ဒူးများအားကွေးလိုက်ပြီး လေထဲရှိ အနက်ရောင်ပုံရိပ်ရှေ့၌ ဒူးထောက်လိုက်ကြသည်။
ထို့နောက် အသနားခံသောအသံများအားကြားရ၏။
“ကျုပ်မှားပါတယ်. ကျုပ်အမှားကိုကျုပ်သိပါတယ်.. ကျုပ်ကိုခွင့်လွှတ်ပေးပါ. ကျုပ်မင်းကိုတောင်းပန်ပါတယ်. အခုကစပြီး ကျုပ်မင်းအတွက်ဘာမဆိုလုပ်ဖို့ဆန္ဒရှိပါတယ်”
“ဒီနေ့က စပြီး ကျုပ်အသက်ကမင်းရဲ့လက်ထဲမှာပါ… မင်းကျုပ်အသက်ကိုချမ်းသာပေးတာနဲ့ ကျုပ်သင့်ကို ကျုပ်ရဲ့ခေါင်းကိုင်ဖခင် တစ်ဦးအဖြစ်အသိအမှတ်ပြုပါတယ်.”
မှုတ်ဆိတ်မွှေးအပြည့်ဖြင့် ခပ်ကြမ်းကြမ်းအသွင်ရှိသော သက်လတ်ပိုင်းအရွယ်လူက သူမျက်နှာပေါ်ရှိစိတ်ရင်းနှင့်အတူ ဟင်းလင်းပြင်ထဲရှိ အနက်ရောင်ပုံရိပ်အား အသနားခံလိုက်သည်။
ဝမ့်ရန်ကျုံးမှာ ရှင်းယောင်မြို့ထဲ၌ သံမဏိ ဝမ့်ရန်ကျုံးဟုသိကြသည်ဖြစ်သည်။ သူ့အသက်ရှင်ရန်အတွက် သူကတစ်စုံတစ်ယောက်အားခေါင်းကိုင် ဖခင်အဖြစ် အသိအမှတ်ပြုလိမ့်မည်ဟု မည်သူကမှ မမျှော်လင့်ထားကြပေ။လူများ၏နှလုံးသားထဲ၌ ရှိနေသော ၎င်း၏ သံမဏိလူသားဟူသောပုံရိပ်မှာကြီး စွာထိခိုက်သွားသည်။
“ငါ့ကိုလွှတ်ပေးပါ.. ငါ့ကိုလွှတ်ပေးပါ.. ငါ့မိန်းမနဲ့သမီးက ပထမတန်းစားအလှပိုင်ရှင်တွေပါ.. အထူးသဖြင့်ငါ့သမီးပဲ..သူက ချူးရှင်းထက်ဘာမှ မဆိုးဝါးဘူး. မင်းသာငါ့ကိုလွှတ်ပေးတာနဲ့. မင်းအလိုရှိရင်ငါ့မိန်းမနဲ့ရောသမီးနဲ့ရော အတူအိပ်လို့ရတယ်”
ရှင်းယောင်မြို့အတွင်း၌ အကြင်နာတတ်ဆုံးသောလူသားဟုသိကြသည့် ရိုးသားပုံရဿာ သက်လတ်ပိုင်းအရွယ်လူ သွမ်းဖေးယွင်က ဤကဲ့သို တိရစ္ဆာန်တစ်ကောင်လိုစကားများအားပြောလိုက်သည်။ သို့သော်သွမ့်ဖေးယွင်၏ မိန်းမနှင့်သမီးတို့အား မြင်ဖူးကြသောလူများမှာ သူ၏စကားများက တကယ်ကိုဆွဲဆောင်နိုင်သည်ဟု ခံစားရ၏။
“မင်းသာငါ့ကိုမသတ်တာနဲ့….”
မြေကွပ်လပ်အတွင်း၌ သူတို့၏အသက်အတွက် တောင်းပန်တိုးလျှိုအသနားခံရန်အလို့ငှာ လူများစွာ၏မျက်နှာဖုံးများက ကွာကျလာကြသည်။