အခန်း (၅၉၂)
Vol. 40 Ch. 592
ရှင်းယောင်မြို့ရှိ ချူးကလန်အတွင်း၌ဖြစ်သည်။
တစ်ယောက်ပြီးတစ်ယောက်ဒူးထောက်ကြပြီး ရှစ်ဖုန့်အား အသနားခံတောင်းပန်ကြသည်။ သို့သော် မြေပြင်ပေါ်၌ရပ်နေဆဲဖြစ်ကြပြီး ဒူးထောက်ဖို့ရာငြင်းဆန်ကြသည့် ခိုင်မာသည့်စိတ်ထားရှိသူများလည်းရှိကြ၏။
ယခင်က သူတို့ထဲကတစ်ယောက်က ရှင်သန်ကျန်ရန်နိုင်ရန်အတွက်သေ ရမည်ကိုကြောက်ရွံ့ခဲ့သည်။
သူက ထို ကဲ့သို့ သော တိရစ္ဆာန်လိုစကားလုံးများအားပြောခဲ့၏။သူတို့၏အသက်အတွက်အလဲအလှယ်လုပ်ရန် အလို့ငှာ ညီအကိုများ ၊သားသမီးများအားထိုးကြွေး ၍ ရှစ်ဖုန့်အား အသနားခံကြသောလူများလည်းရှိကြ၏။များစွာသော ထိလောက်စရာ မြင်ကွင်းများက ပေါ်ပေါက်လာသည်။
သို့သော် ရှစ်ဖုန့်က ဂရုမစိုက်သော အမူအယာဖြင့် လူတစ်ထောင်ခန့်ရှိသောလူအုပ်ကြီးအား ငုံ့ကြည့်နေသည်။ ယင်းမှာ ဤလူများ၏ လုပ်ဆောင်မှုများကို သူ့အနေဖြင့်ဂရုမစိုက်သကဲ့သို့ပင်ဖြစ်သည်။
ထို့နောက်ရှစ်ဖုန့်က သူ၏ပါးစပ်အားဖွင့်ဟလိုက်ပြီး ဖြည်းဖြည်းချင်းပြောလိုက်သည်။
“ကောင်းပြီ. မင်းတို့တွေဒီလိုထပ်ပြီးတော့လုပ်နေစရာ မလိုဘူး. ဒီနေ့ မင်းတို့က ဒီသခင်လေး မိတ်ဆွေတွေရဲ့အသက်ကိုလိုချင်ခဲ့တယ် ..ဒါကြောင့် မင်းတို့အားလုံး မင်းတို့ရဲ့အပြုအမူလုပ်ဆောင်ချက်တွေအတွက် တန်ရာတန်ကြေးကိုပြန်ပြီးပေးရမယ်. ဒီတော့.. မင်းတို့အားလုံးငရဲကိုသာသွားကြတော့”
ရှစ်ဖုန့်၏ ဂရုမထားသည့် အသံက ဟင်းလင်းပြင်ထဲ၌ ရိုက်ခတ်ထွက်ပေါ်လာသည်။ သူ၏ စကားလုံးများက အောက်၌ရှိနေသောလူများ အတွက်သေမိန့်တစ်ခုနှင့်ညီမျှ၏။
ထို့နောက် လေထဲ၌ သွေးနီရောင်မီးတောက်တို့ဖြင့်ဖွဲ့စည်းထားသော ဧရာမလက်ဖဝါးရိပ်ကြီးတစ်ခုပေါ်လာပြီး ချူးမိသားစု မြေကွပ်လပ်တစ်ခုလုံးအားလွှမ်းခြုံသွားသည်။ ထို့နောက် သွေးနီရောင်မီးတောက်လက်ဖဝါးပုံရိပ်ကြီးက အောက်သို့ဖိကျလာ၏။
ကောင်းကင်ထက်မှဖိကျလာသော သွေးနီရောင်လက်ဖဝါးပုံရိပ်ကြီးအားကြည့်၍ မြေကွပ်လပ်အတွင်း၌ရှိနေကြသော ကျင့်ကြံသူများအားလုံးကြောက်ရွံ့မှုကြောင့် ဖြူဖက်ဖြူရော်ဖြစ်ကုန်ကြသည်။ သူတို့အားလုံးနှလုံးသားအား တဆက်ဆက်တုန်ယင်စေသည့် စွမ်းအားတစ်ခုကိုခံစားကြရပြီး သွေးနီရောင်မီးတောက်လက်ဖဝါးပုံရိပ်ကြောင့်သူတို့၏ခန္ဓာကိုယ်များမှာ တုန်ယင်နေကြသည်။
သွေးနီရောင်မီးတောက်လက်ဖဝါး ပုံရိပ်၏အောက်တွင် သူတို့အားလုံးဘာခုခံနိုင်စွမ်းမှ ရှိမနေသလိုခံစားရသည်။ သွေးနီရောင်မီးတောက်လက်ဖဝါးပုံရိပ်က အရမ်းထိတ်လန့်ကြောက်ရွံ့ဖို့ ကောင်းသည်ဖြစ်၏။
“မဟုတ်ဘူး. ငါသနားညှာတာပေးဖို့တောင်းပန်ခဲ့တယ်.. ငါသနားညှာတာပေးဖို့ဒူးထောက်တောင်းပန်ခဲ့တယ်လေ..မင်းဘာလို့ငါ့ကိုမလွှတ်ပေးတာလဲ”
“ဒါကငါ့အတွက်ဘဝမှာ တစ်စုံတစ်ယောက်ကို ပထမဆုံးအကြိမ် ဒူးထောက်ခြင်းပဲ.ဒါတောင်.. မင်းကငါ့ကိုရက်ရက်စက်စက်နဲ့ သတ်ချင်နေသေးတယ်..”
“ငါဒူးထောက်ပြီးတော့မင်းကို ဦးတောင်တိုက်ပြီးပြီ.. မင်းကငါ့ကိုသတ်ချင်နေသေးတယ်. ငါသရဲတစ္ဆေဖြစ်သွားရင်တောင် . ငါမင်းကိုမလွှတ်ပေးဘူး. မင်းသေချင်းဆိုးနဲ့သေရလိမ့်မယ်.. မင်းဆယ်ကြိမ်သေရမယ်..မဟုတ်ဘူး.. အကြိမ်တစ်ရာငါ့ထက်ပိုပြီး နာကျင်စွာနဲ့မင်းသေရလိမ့်မယ်”
သွေးနီရောင်မီးတောက်လက်ဖဝါးပုံရိပ်ပေါ်ပေါ်လာပြီးချင်း အောက်ဘက်ရှိ မြေကွပ်လပ်အတွင်း၌ ဒေါသတကြီးအော်ဟစ်သံများ ဆဲဆိုကျိန်ဆဲသံများဖြင့်ပြည့်နှက်နေသည်။ဤလူများအားလုံးက ရှစ်ဖုန့်အားဒူးထောက်ခဲ့ကြသော သူများဖြစ်ကြသည်။ သူတို့က ၎င်းအားဒူးထောက်ခဲ့ကြသော်လည်း၎င်းက သူတို့အားသတ်ချင်နေသေးသည်ဖြစ်၏။
သူတို့၏စိတ်ထဲ၌ ဒူးထောက်ပြီး ခွင့်လွှတ်ပေးရန်တောင်းဆိုရုံဖြင့် သူတို့အားခွင့်လွှတ်ပေးသင့်သည် ဟုတွေးကြသည်။
သို့သော် အကယ်၍ ရက်စက်သောရှစ်ဖုန့်သာ ရောက်မလာခဲ့လျှင်သူတို့အနေဖြင့် အထဲရှိချူးမိသားစုဝင်များအား အကြင်နာမဲ့လူမဆန်စွာဖြင့်သတ်ဖြတ်ပြီး ချူးမိသား၏ ကျင့်ကြံခြင်းအရင်းအမြစ်များအား ခွဲဝေကြမည်ဖြစ်သည်ကို သဘောမပေါက်ကြချေ။
ချူးကလန်မိသားစုဝင်များကသူတို့အားဒူးထောက်တောင်းပန်ပြီးခွင့်လွှတ်ပေးပါရန်တောင်းဆိုလျှင်ပင် သူတို့အနေဖြင့်တစ်ယောက်ကိုမှ လွှတ်ပေးလိမ့်မည်မဟုတ်ပါ။
သွေးနီရောင်မီးတောက်လက်ဖဝါးပုံရိပ်က အရှိန်အဟုန်ဖြင့်ဖိကျလာသည်။ ဤအခိုက်အတန့်တွင် မြေကွပ်လပ်အတွင်းရှိများစွာသောလူများက လက်သင့်မခံနိုင်စွာဖြင့် စတင်ခုခံကြသည်။ ရှန်သန်ရန်အခွင့်အရေးတစ်ခုရလိုရငြား သူတို့၏သိုင်းပညာရပ်များအားတစ်ခုပြီးတစ်ခုထုတ်ဖော်ကြပြီး မီးတောက်လက်ဖဝါးပုံရိပ်ထံသို့တစ်ခုပြီးတစ်ခုတိုက်ခိုက်ကြသည်။
ဧရာမသွေးနီရောင်မီးတောက် လက်ဖဝါးပုံရိပ်ကြီးက ချူးမိသားစုမြေကွပ်လပ်အတွင်းသို့ ခြေမွေရန်ကျဆင်းလာပြီးဖြစ်သည်။ မျက်စိတစ်မှိတ်အတွင်း ၎င်းကထောင်နှင့်ချီသောအသက်များအား ဝါးမျိုသွားသည်။ ချူးမိသားစုမြေကွပ်လပ်အတွင်း ကြီးမားသောသွေးနီရောင်မီးတောက်ပင်လယ်တစ်ခုကလောင်ကျွမ်းနေပြီး စွမ်းအားကြီးစွမ်းအင်နှင့်ထူးဆန်းပြီး အေးစက်သောအရှိန်အဝါတစ်ခုအား ထုတ်လွှတ်နေသည်။
ဤအချိန်တွင် မူလကဆူည့နေ သောချူးမိသားစု မြေကွပ်လပ်မှာ လောင်ကျွမ်းနေသောသွေးနီရောင် မီးပင်လယ်မှလွဲ၍ လုံးဝဆိတ်ငြိမ်လာသည်။ ဤမြင်ကွင်းအားကြည့်၍ ချူးမိသားစုအား ကျူးကျော်ချင်းနင်းဝင်ရောက်ထိပါးလာသောလူများအားလုံး မီးပင်လယ်အောက်၌ သေဆုံးသွားကြပြီဖြစ်သည်ကို ချူးမိသားစုဝင်များသိလိုက်ကြသည်။
ချူးမိသားစုခန်းမအတွင်းတွင် များစွာသောလူများက မြေကွပ်လပ်အတွင်း၌တောက်လောင်နေသော မီးတောက်ပင်လယ်ထံသို့ စိတ်ရှုပ်ထွေးမှုများဖြင့်ကြည့်နေကြသည်။ သူတို့ကမြေကွပ်လပ်အထက်ကောင်းကင်ထဲရှိ အနက်ရောင်ပုံရိပ်အားကြည့်လိုက်ကြသည်။ ချူးမိသားစုယခင်ခေါင်းဆောင်ချူးကျူးနှင့် ချူးမိသားမှကျွမ်းကျင်သူ ဆယ့်လေးယောက်တို့မှာ အနက်ရောင်ပုံရိပ်လက်အတွင်း ရှိသွေးနီရောင်မီးတောက်အတွင်း၌သေဆုံးခဲ့ရသည်ဟူသောကောလဟာလများရှိခဲ့သည်။
သွေးနီရောင်မီးတောက်များကြောင့် ချူးမိသားစုက ဤအချိန်အတောအတွင်း မကြုံစဖူး အကျပ်အတည်းပြဿနာ တစ်ခုကိုခံစားခဲ့ရပြီး ချူးမိသားစုဖျက်ဆီးခံရ လုနီးပါးဖြစ်ခဲ့ရသည်။ သို့သော်ယနေ့၌ ကောင်းကင်ထက်မှ ဆင်းသက်လာသော အနက်ရောင်ပုံရိပ်၏ သွေးနီရောင်မီးတောက်များကြောင့်ပင် ချူးမိသာစုမှာ အကျပ်အတည်းမှကယ်တင်ခြင်း ခံရလိမ့်မည်ဟု သူတို့မမျှော်လင့်ထားခဲ့ကြပေ။
“ဟူး”
လူအချို့ကသက်ပြင်းချလိုက်ပြီး ပြောလိုက်သည်။
“အကယ်၍ အဲ့နေ့ချူးယွဲ့ပြန်လာတုံးက ယခင်မိသားစုခေါင်းဆောင်ချူးကျူးက ချူးယွဲ့ကို မိသားစုခေါင်းဆောင်နေရာကိုပြန်ပေးခဲ့ပြီး အားလုံးက ချူးမိသားစုအတွက်စိတ်ပါလက်ပါ အလုပ်လုပ်ခဲ့ကြရင် ပြီးတော့ ချူးကျူးသာ ထိုက်မိသားစုကိစ္စကို အရေးမစိုက်ခဲ့ရင် ငါတို့ချူးမိသားစုဟာ အရင်ထက်ပိုပြီးအင်အားကြီးတဲ့ မိသားစုတစ်ခုဖြစ်လာမှာပဲ”
“ဟုတ်တယ်.. ငါတို့မိသားစု အရင်က ရှင်းယောင်မြို့ထဲမှာ ဘယ်လောင်အင်အားကြီးလဲဆိုတာကိုတွေးကြည့်လိုက်.. အရင်ကငါတို့ချူးမိသားစုသာဆိုရင် ..ဒီလူညစ်တွေဘယ်လိုလုပ်ပြီး တော့ငါတို့ချူးမိသားစုကိုကျူးကျော်ရဲမှာလဲ.. ဘယ်လိုလုပ်ပြီးတော့ ဒီလူတွေက ချူးမိသားမှာသူတို့ရဲ့စက်ဆုပ်ဖို့ကောင်းတဲ့မျက်နှာတွေကိုလာပြရမှာလဲ”
“အားလုံးပဲ ဒါကိုမှတ်ထားကြ… အခုကစပြီး ငါတို့စည်းလုံးရမယ်.. နောက်ထပ်ဘာ အတွင်းပဋိပက္ခမှဖြစ်လို့မရဘူး..ငါတို့သာစည်းလုံးရင် ငါတို့ဘိုးဘေးတွေချန်ထားခဲ့တဲ့ မျိုးဆက်နဲ့ . ငါတို့ချူးမိသားစုဟာ မူလဂုဏ်ကျတ်သရေထွန်းပြောင်မှု ကိုပြန်ရလိမ့်မယ်”
“ဟုတ်တယ်..စည်းလုံးရမယ်.ငါတို့တွေစည်းလုံးရမယ်.. ငါတို့ဒီသင်ခန်းစာကိုမှတ်ထားရမယ်”
………………….
ချူးမိသားစု ခန်းမအတွင်းတွင် ချူးမိသားစုဝင်များ၏မျက်နှာထက်၌ စိတ်ပိုင်းဖြတ်ထားသောအမူအယာများဖြစ်ပေါ်နေသည။ ခဏမျှကြာအောင်လောင်ကျွမ်းပြီးနောက် ပင်မခန်းမအပြင်ဘက်ရှိ သွေးနီရောင်မီးတောက်ပင်လယ်က ကောင်းကင်ထဲရှိ အနက်ရောင်ပုံရိပ်ထံသို့ ပြန်လည်လှိမ့်ဝင်သွားသည်။
သွေးနီရောင်မီးတောက်တို့က အနက်ရောင်ပုံရိပ်၏ကိုယ်နှင့်ထိမိသည်နှင့် ၎င်းတို့အားလုံးခန္ဓာကိုယ်အတွင်းစုပ်ယူခံလိုက်ရသည်။ ခဏမျှကြာပြီးနောက်ချူးမိသားစု မြေကွပ်လပ်အတွင်းရှိ သွေးနီရောင်မီးတောက်များကလုံးဝ ပျောက်ကွယ်သွားသည်။ ချူးမိသားစု မြေကွပ်လပ်အတွင်းတွင် ထောင်ပေါင်းများစွာသော ကျင့်ကြံသူများ၏ ရှုံ့တွနေသောခြေပြက်လက်ပြက်များနှင့် ရှုံ့တွနေသော အသားများမှာလည်း သွေးနီရောင်မီးတောက်အတွင်း၌လုံးဝပျောက်ကွယ်သွားသည်။
အကယ်၍တစ်စုံတစ်ယောက်သာဤနေရာသို့ရောက်လာခဲ့လျှင် ချူးမိသားစု၏ ဤကဲ့သို့ တိတ်ဆိတ်နေသောခမ်းနားသည့်မြေကွပ်လပ်ကိုသာ မြင်တွေ့ရမည်ဖြစ်ပြီး သိပ်မကြာသေးခင်ကမှ ကျင့်ကြံသူပေါင်းနှစ်ထောင်ကျော်သေဆုံးခဲ့သည်ကို လုံးဝတွေးမိလိမ့်မည်မဟုတ်ပေ။ ၎င်းတို့ကသွေးနီရောင်မီးတောက်တို့၏လောင်ကျွမ်းမှုအားခံလိုက်ကြရသည်ဖြစ်သည်။
ရှစ်ဖုန့်၏သွေးနီရောင်မီးတောက်တို့က ချူးမိသားစုအတွင်းကျူးကျော်လာသောသူများအားလုံးကိုသာလောင်ကျွမ်းခဲ့သည်။ ချူးမိသားစုအတွင်းရှိ မြက်တစ်ပင် သစ်ရွက်တစ်ရွက်ပင် သွေးနီရောင်မီးတောက်တို့ကြောင့်ထိခိုက်ခဲ့ခြင်းမရှိပေ။
“သေပြီ..သူတို့အားလုံးသေသွားကြပြီ”
ချူးမိသားစု ပင်မခန်းမဆောင်ရှေ့တွင် မိန်းမငယ်လေးချူးရှင်းတစ်ယောက် သူမမိသားစု၏ မြေကွပ်လပ်ထံသို့ ကြက်သေသေစွာကြည့်နေသည်။ သူ၏စွမ်းအားနှင့်သူ၏ သွေးနီရောင်မီးတောက်များအောက်၌ သူမတို့မိသားစုအားသတ်ပစ်ချင်ကြသည့် ဤလူဆိုးများအားလုံးဤအခိုက်အတန့်ခဏအတွင်းမှာပင်အပြစ်ပေးခံရလိမ့်မည်ဟု သူမမမျှော်လင့်ထားခဲ့ပေ။
သူဘာကြောင့်ဤကဲ့သို့ ပြုမူပြီး လူဆိုးအားလုံးအား သတ်ပစ်ခဲ့ရခြင်းကသူမကြောင့်ဖြစ်သည်ကို ချူးရှင်းကောင်းစွာသိသည်ဖြစ်သည်။
ချူးရှင်းကခေါင်းအားဖြည်းညှင်းစွာမော့လိုက်ပြီး ကောင်းကင်ထဲ၌ ဝင့်ကြွားစွာရပ်နေသော အနက်ရောင်ပုံရိပ်ကိုကြည့်လိုက်သည်။ သူ၏မျက်နှာပေါ်ရှိ စိတ်ရင်းအတိုင်းကျေးဇူးတင်မှုဖြင့် ရှစ်ဖုန့်အားပြောလိုက်သည်။
“အကိုကြီးရှစ်ဖုန့်… ကျေးဇူးတင်ပါတယ်. ညီမနဲ့ညီမမိသားစုကိုထပ်ပြီးကယ်တင်ပေးလို့ကျေးဇူးတင်ပါတယ်.. ကျေးဇူးအရမ်းတင်ပါတယ်”
“မင်းနဲ့ငါနဲ့ သိတာ ကြာနေပြီး … ငါ့အတွက် ဒီလောက်က ပမွှားလေးပါ.. မင်းအရမ်းယဉ်ကျေးနေစရာမလိုပါဘူး”
ရှစ်ဖုန့်ကကောင်းကင်ထဲမှနေ၍ ပြောလိုက်သည်။