အခန်း (၅၉၄)
Vol. 40 Ch. 594
ရှစ်ဖုန့်၊ ရှစ်ကျင်းရွှိုက်၊ရွှယ်ဝူဟမ်၊ချူးယွဲ့နှင့် ချူးရှင်းတို့က ချိတ်ပိတ်ကုန်းမြေထံသို့ ပျံသန်းသွားလိုက်သည်။
ထိုအခိုက်အတန့်တွင် ရှစ်ဖုန့်ကသူ့ဘေး၌ရှိနေသော ချူးယွဲ့အားမေးလိုက်၏။
“ချိတ်ပိတ်ကုန်းမြေနဲ့ပက်သက်ပြီး ခင်ဗျားဘယ်လောက်သိလဲ”
ရှစ်ဖုန့်၏စကားများအားကြားပြီးနောက် ချူယွဲ့ကခေါင်းကိုခါယမ်းလိုက်ပြီး ခါးသက်စွာပြုံးလိုက်သည်။
“တကယ်တော့ ချိတ်ပိတ်ကုန်း
မြေအကြောင်းကို ငါဘာမှမသိဘူး”
“ဘာမှကိုလား”
ရှစ်ဖုန့်၏မျက်နှာထက်၌ သံသယများဖြင့်ပြည့်နှက်သွားသည်။ နောက်ဆုံးအကြိမ် သူရှင်းယောင်မြို့ကိုလာခဲ့စဉ်က ၎င်း၏မိသားစု က ချူးကျူး ၏ အမဲလိုက်ခြင်းကိုခံရပြီး ချိတ်ပိတ်ကုန်းမြေအတွင်း၌
ပုန်းအောင်းခဲ့သည်ဖြစ်သည်။
ရှစ်ဖုန့်၏စိတ်ရှုပ်ထွေးမှုအား
တွေ့ရသောအခါတွင် ချူးယွဲ့ ကရှစ်ဖုန့်ဘာတွေးနေသည်အားသိလိုက်သည်။ သူကရှစ်ဖုန့်ကို ရှင်းပြလိုက်၏။
“တကယ်တော့ငါတို့သုံးယောက်သား ချိတ်ပိတ်ကုန်းမြေကို ဝင်ခဲ့တာက အပြင်ဘက်နားလောက်ကိုပဲ. အဲ့တာကတကယ့်ချိတ်ပိတ်ကုန်းမြေမဟုတ်ဘူး. အဲ့နေရာက ငါတို့ဘိုးဘေးတွေတည်ဆောက်
ထားခဲ့တဲ့ကျင့်ကြံခြင်းမြေပြင်တစ်ခုပဲ”
“ကျင့်ကြံခြင်းမြေမှာ လမ်းတစ်ခုရှိတယ်.. ငါတို့တွေအဲ့လမ်းထဲကိုတစ်ကြိမ်ဝင်သွားတာနဲ့ တကယ့်ချိတ်ပိတ်ကုန်းမြေဆီကို
ငါတို့ရောက်လိမ့်မယ်.. .နှစ်ထောင်ပေါင်းများစွာအကြာတုံးက စွမ်းအားကြီးပြီး မကောင်းတဲ့တည်ရှိမှုတစ်ခုကို ငါတို့ဘိုးဘေးတွေကအဲ့နေရာမှာ ဆီးလ်ခတ်ထားခဲ့တယ်လို့ပြောကြတယ်.. အရင်ကငါတို့တွေအဲ့နေရာကိုလုံးဝမဝင်ဖူးဘူး. ဒီတော့ အဲ့တာကဘယ်လိုမြင်ကွင်းမျိုးရှိမလဲ ပြီးတော့ အဲ့အရာကဘယ်လိုတည်ရှိမှုလဲဆိုတာကို ငါတို့ပင်ကိုယ်အားဖြင့်မသိဘူး”
“သိပြီ”
ရှစ်ဖုန့်ကခေါင်းညိမ့်ပြီးပြောလိုက်သည်။
ထို့နောက် သူတို့ငါးယောက်သား ချူးကန်နောက်ကျောဘက်သို့ရောက်လာသည်။ ရှစ်ဖုန့်နောက်ဆုံးအကြိမ်တုံးကမြင်ဖူးသည်ဖြစ်သည်။ ထို့နောက်သူတို့ငါးယောက်သား
တောင်ကုန်းငယ်လေးတစ်ခုအထက်၌ လွင့်မျောရပ်လိုက်ပြီး ၎င်းအားငုံ့ကြည့်လိုက်သည်။
ဤအချိန်တွင် ရွှယ်ဝူဟမ်ကပြောလိုက်သည်။
“အောက်ဘက်နေအားကောင်းပြီးဆန်းကြယ်တဲ့စွမ်းအားကို ငါခံစားမိတယ်.. အခု ငါမဟာသူတော်စင်နယ်ပယ်ထဲကို
ဝင်ရောက်နေပြီဆိုပေမဲ့ အဲ့စွမ်းအားရဲ့အဆင့်ကို ငါမပြောနိုင်ဘူး”
ရွှယ်ဝူဟမ်၏ စကားများအားကြားလိုက်ရသောအခါတွင် ချူးယွဲ့နှင့်ချူးရှင်းတို့တုန်လှုပ်အံ့အားသင့်သွားသည်။ သူတို့၏နောက်သို့လိုက်ပါလာသောအဖြူရောင်နှင့်လူငယ်က မဟာသူတော်စင်နယ်ပယ်တစ်ယောက်ဖြစ်နေလိမ့်မည်ဟုသူတို့ မမျှော်လင့်ထားခဲ့ပေ။
အထူးသဖြင့်အစောပိုင်းရွှယ်ဝူဟမ်အားအာရုံစိုက်ခဲ့သောချူးယွဲ့ပင်ဖြစ်သည်။ သို့သော် သူ၏ ကျင့်ကြံမှုဖြင့် ရွှယ်ဝူဟမ်၏အဆင့်အားမပြောနိုင်ခဲ့ပေ။ ရွှယ်ဝူဟမ်၏ကိုယ်၌ရှိနေသောအရှိန်အဝါက သူနှိုင်းယှဉ်နိုင်ခြင်းမရှိသော
တစ်စုံတစ်ခုဖြစ်သည့်အကန့်သတ်မဲ့သော ပင်လယ်တစ်ခုကဲ့သို့ဖြစ်သည်ကို
သာသူခံစားမိခဲ့သည်။
ယခုရွှယ်ဝူဟမ်၏ စကားများအားကြားရပြီးနောက်တွင်၎င်းက ဤကဲ့သို့အသက်ငယ်ငယ်လေးနှင့်မဟာသူတော်စင်နယ်ပယ်တစ်ယောက်ဖြစ်နေသည်ဖြစ်သည်။
ထို့နောက်တွင် ရွှယ်ဝူဟမ်က သူ၏ကျင့်ကြံမှုအားကိုယ်ဟာ
ကိုယ်တင်ပြလာသောကြောင့် ရှစ်ဖုန့်၏ သရုပ်မှန်နှင့်ပက်သက်ပြီး ချူးယွဲ့နှင့်ချူးရှင်းတို့ ပို၍စိတ်ရှုပ်ထွေးသွားသည်။ သူတို့ရှစ်ဖုန့်အားထပ်မံကြည့်
လိုက်သောအခါတွင် သူတို့၏မျက်နှာများထက်၌ အလွန်အံ့ဩမှုများဖြင့်ပြည့်နှက်နေသည်။
ရွှယ်ဝူဟမ်နှင့်အခြားသော ရွှေရောင်ဝတ်ရုံကိုဝတ်ထားသည့်လူငယ်တို့က ရှစ်ဖုန့်၏ဘေး၌ရပ်နေကြသည်။ရှစ်ဖုန့်ကသူတို့၏ခေါင်းဆောင်ဖြစ်သည်မှာသိသာသည်။
ထိုထက်ပိုသည်ကား မဟာသူတော်စင်နယ်ပယ်တစ်ဦးက သူဘေး၌ရှိနေခြင်းဖြစ်သည်။ ဤလူငယ်၏ အဆင့်အတန်းကဘယ်လိုမြင့်မားမှုမျိုးဖြစ်မည်နည်း။
ယခု ရှင်းယောင်မြို့၌ သူက ကြယ်ကိုးပွင့်သူတော်စင်နယ်ပယ်ချူးကျူးအားသတ်ပစ်ခဲ့သည်သတင်းမှာပျံ့နှံ့နေပြီးဖြစ်သည်။ ယ ခုသူက သိုင်းပညာကျင့်ကြံမှုနယ်ပယ်တွင် ဘယ်လောက်တောင်စွမ်းအားကြီးနေပါသနည်း။
သူသည်လည်းမဟာသူတော်စင်နယ်ပယ်တစ်ဦးဖြစ်နေမည်လော။ ဤအဖြူရောင်နှင့်လူငယ်ထက်ပို၍အသက်ငယ်ရွယ်သောမဟာသူတော်စင်
နယ်ပယ်တစ်ယောက်လော။
အကယ်၍ အဖေနှင့်သမီးဖြစ်သူတို့သာ ရှစ်ဖုန့်ကရှင်းယောင်မြို့အတွင်းရှိ သူမတို့ချူးကလန်၏ယခင်ခေါင်းဆောင်ဖြစ်
သူချူးကျူးကိုပဲသတ်ခဲ့သည်မဟုတ်ဆိုသည်ကို သိလျှင်မည်ကဲ့သို့ဖြစ်နေမည်နည်း။
ထျန်းလျန်အင်ပါယာ၏
တော်ဝင်မြို့တော်တွင်ပင် သူက ထိပ်တန်းဆယ်ယောက်စာရင်း၌နံပါတ်ရှစ်ချိတ်သော လုံဟူဂိုဏ်း၏ ပါရမီရှင်သခင်လေးဝမ့်ကုန်းအားသတ်ခဲ့သည်ဖြစ်သည်။ ဝမ့်ကုန်းမှာ မဟာသူတော်စင်နယ်ပယ်တစ်ဦးဖြစ်၏။ သူမတို့သာ ဤအကြောင်းကိုသိလျှင် သူမတို့၏မျက်နှာများထက်၌ မည်ကဲ့သို့အမူအယာများရှိနေမည်
ကိုသိချင်မိသည်။
ရွှယ်ဝူဟမ်က ချူးယွဲ့အားကြည့်၍ မေးလိုက်သည်။
“ဒီစိတ်ဝိညာဉ်ဒိုင်းရဲ့စွမ်းအားက ခင်ဗျားတို့ဘိုးဘေးတွေတပ်ဆင်ခဲ့တာလား.. အဲ့အချိန်တုံးက ခင်ဗျားတို့ဘိုးဘေးက
ဘယ်ကျင့်ကြံမှုအဆင့်ကိုရောက်နေခဲ့တာလဲ”
ရွှယ်ဝူဟမ်က ချူးကလန်ဘိုးဘေးအကြောင်း
မေးသည်ကိုကြားရသောအခါတွင် ချူးယွဲ့အံ့အားသင့်နေသောအမူအယာ
ကဖြည်းဖြည်ချင်းပျောက်ကွယ်သွားပြီး ဂုဏ်ယူမှုတစ်ခုက အစားထိုးဝင်ရောက်လာကာပြောလိုက်သည်။
“အဲ့တုံးက ကျုပ်ရဲ့ချူးကလန်ဘိုးဘေးက အထွတ်အထိပ်ပြည့်စုံမှုနယ်ပယ်ကို ရောက်နေခဲ့တယ်လို့ကောလဟာလရှိတယ်.. သူ့ရဲ့ကျင့်ကြံမှုအခြေခံကိုကျုပ်လည်းတိတိကျကျမသိဘူး. ဒါပေမဲ့ချူးကလန်ရဲ့ မျိုးဆက်တွေကတော့ ဘိုးဘေးရဲ့ကျင့်ကြံမှုအခြေခံက ဧကရာဇ်နယ်ပယ်မှာရှိလိမ့်မယ်လို့ ယူဆကြတယ်”
“ဧကရာဇ်နယ်ပယ်လား”
ချူးယွဲ့၏စကားများအားကြားပြီးနောက် ရွှယ်ဝူဟမ်ကအောက်ဘက်ရှိ မမြင်နိုင်သောဆန်းကြယ်ပြီးစွမ်းအားကြီးသည့် စွမ်းအားအားအာရုံခံလိုက်သည်။ ထို့နောက်သူကခေါင်းညိမ့်ပြီး ပြောလိုက်၏။
“သူက ဧကရာဇ်နယ်ပယ်မှာရောက်ရှိနေလိမ့်မယ်”
သို့သော် ရွှယ်ဝူဟမ်လည်းမသေချာပေ။ ထို့နောက်သူခေါင်းလှည့်လိုက်ပြီး ရှစ်ဖုန့်အားကြည့်၍မေးလိုက်သည်။
“သခင်လေးဖုန့်ရဲ့အမြင်မှာရော စိတ်ဝိညာဉ်ဒိုင်းရဲ့ စွမ်းအားကဘယ်နယ်ပယ်မှာရှိလောက်မလဲ”
“အထွတ်အထိပ်ကြယ်ကိုးပွင့်မဟာသူတော်စင်နယ်ပယ်.. ဧကရာဇ်နယ်ပယ်ကိုရောက်ဖို့ခြေတစ်လှမ်းစာပဲလိုတော့တယ်”
ရှစ်ဖုန့်ကပြန်ဖြေလိုက်သည်။
“အိုး”
“အိုး”
ရှစ်ဖုန့်၏စကားများအားကြားပြီး
နောက်ချူးယွဲ့နှင့်ရွှယ်ဝူဟမ်တို့က “အိုး”ဟု ခပ်ဖွဖွပြိုင်တူပြောလိုက်ကြသည်။ ထို့နောက်နှစ်ယောက်လုံးက ရှစ်ဖုန့်အားကြည့်လိုက်သည်။ ချူးယွဲ့ကမေးလိုက်၏။
“ညီလေးရှစ်. ဘာလို့ငါ့ဘိုးဘေးကဧကရာဇ်နယ်ပယ်မဟုတ်ပဲ အထွတ်အထိပ်ကြယ်ကိုးပွင့်မဟာ
သူတော်စင်နယ်ပယ်ဆိုတာသေချာရတာလဲ”
ချူးယွဲ့၏အမြင်တွင် ရှစ်ဖုန့်ကဘယ်လောက်ပဲမွန်းစတားဆန်ပြီး ကောင်းကင်ဘုံကိုဆန့်ကျင်နေပါစေ ထိုနယ်ပယ်သို့သောသူရောက်နေလိမ့်မည်မဟုတ်ပေ။ ထိုကဲ့သို နယ်ပယ်သို့ရောက်ရှိမနေသော
လူတစ်ယောက်က ထိုနယ်ပယ်ကစွမ်းအားအား ပင်ကိုယ်အားဖြင့်အာရုံခံမိနိုင်မည်မဟုတ်ပေ။
ချူးယွဲ့နှင့်ချူးကလန်အတွက် သူတို့ဘိုးဘေး၏ခွန်အားက ချူးကလန်၏ ဂုဏ်ယူဖွယ်ဖြစ်သည်။ ပင်ကိုယ်အားဖြင့် သူတို့၏ဘိုးဘေးကပိုပြီးစွမ်းအားကြီးပိုကောင်းသည်ဟုခံစားရ၏။
အထွတ်အထိပ်ကြယ်ကိုးပွင့်မဟာ
သူတော်စင်နယ်ပယ်ဆိုသည်က ဧကရာဇ်နယ်ပယ်နှင့် ခြေတစ်လှမ်းစာသာကွာသည်ဆိုသော်လည်း ခြေတစ်လှမ်းစာကခြေတစ်လှမ်းစာဆိုသလောက်ပင်ဖြစ်သည်။
ချူးကလန်၏ဂုဏ်ကျတ်သရေထွန်း
ပြောင်မှုက သူတို့နှစ်ယောက်ခွန်အားဖြင့်နှိုင်း
ယှဉ်နိုင်လိမ့်မည်မဟုတ်ပေ။
ချူးကလန်၏နှလုံးသားထဲတွင် ဘိုးဘေး၏ခွန်အားကကမ္ဘာကြီးအား နှိမ့်ချကြည့်ရှုနိုင်သော ဧကရာဇ်နယ်ပယ်အဆင့်ဖြစ်သည်
ဟုခိုင်မာစွာမှတ်ယူထားသည်ဖြစ်သည်။
ချူးယွဲ့၏မေးခွန်းအားကြားပြီးနောက်ရှစ်ဖုန့်က အများကြီးမရှင်းပြချေ။ သူက ဂရုမထားစွာပင်ပြန်ဖြေလိုက်သည်။
“ဒီစိတ်ဝိညာဉ်ဒိုင်းရဲ့စွမ်းအားကိုဒီသခင်လေး အာရုံခံနိုင်တယ်.. စိတ်ဝိညာဉ်ဒိုင်းကို တပ်ဆင်ခဲ့တုံးက အဲ့လူက အထွတ်အထိပ်ကြယ်ကိုးပွင့်မဟာသူတော်စင်နယ်ပယ်မှာရှိတယ်”
“ညီလေးအာရုံခံနိုင်တာလား”
ချူးယွဲ့အသံတိုးတိုးဖြင့် တုန့်ပြန်လိုက်သည်။ သူ၏နှလုံးသားထဲ၌ယင်းအားမယုံကြည်သော်လည်း ရှစ်ဖုန့်နှင့်ဆက်ပြီးသူငြင်းခုန်မနေပေ။ ပြီးတော့ ဤလူက သူတို့မိသားစုသုံးယောက်တွက်ကြီးမားသောကျေးဇူးရှင်ဖြစ်ပြီးချူးကလန်အတွက်လည်းအပါအဝင်ပင်ဖြစ်သည်။
ထို့နောက်ချူးယွဲ့ ကပြုံးပြီးပြောလိုက်သည်။
“ကောင်းပြီ. ဒါကိုထပ်ပြီးမပြောကြရအောင်.. အခု ငါချိတ်ပိတ်ကုန်းမြေလမ်းကြောင်းကို ဖွင့်ပေးမယ်”
စကားပြောရင်းချူးယွဲ့ကသ၏ ညာလက်အားလှန်လိုက်ပြီး ရှေးကျသောရွှေရောင်သော့တစ်ချောင်းက သူ၏လက်ဖဝါးအတွင်း၌ပေါ်လာသည်။
ချူးယွဲ့၏ဘယ်လက်က ရှေးကျပြီးဆန်းကြယ်သော ဆီးလ်တစ်ခုကို ပုံဖော်လိုက်သည်။ ဤအချိန်တွင် သူ၏ညာလက်ထဲရှိ ရွှေရောင့်သော့မှာ ဆီးလ်၏သက်ရောက်မှုကိုခံရပြီး ရွှေရောင်အလင်းတစ်ခုတောက်ပလာသည်။
တစ်ချိန်တည်းမှာပင် ရွှေရောင်အလင်းတောက်ပနေသောသော့က ဖြည်းဖြည်းချင်း မြင့်တက်သွားပြီးချူးယွဲ့၏ညာလက်အတွင်းမှထွက်ခွာသွားသည်။ထိုအချိန်မှာ
ပင်ချူးယွဲ့၏ညာလက်က လည်းရှေးကျသောဆီးလ်တစ်ခုကိုစတင်ပုံဖော်လိုက်သည်။ ညဘက်လက်မှဆီးလ်နှင့်
ဘယ်ဘက်လက်မှဆီးလ်တို့က ရုတ်ခြည်းအတူတကွပေါင်းစည်းသွားသည်။
သူ၏လက်အတွင်းရှိဆီးလ်မှ
အဆက်မပြတ်ပြောင်းလဲနေသည်။ ချူးယွဲ့၏ဆီးလမ်တို့မှာ
ရွှေရောင်အလင်းတန်းမှား ဖြာထွက်လာပြီး ချူးယွဲ့၏မျက်ခုံးနား
အထိမြင့်တက်နေသောရွှေရောင်သော့ထံသို့ဦးတည်ပျံသန်းသွားသည်။
ရွှေရောင်အလင်းတန်းကရွှတ်ခနဲထွက်လာသကဲ့သို့ ရွှေရောင်သော့ကလည်းပို၍ တောက်ပသည်ထက်တောက်ပလာသည်။ ရွှေရောင်အလင်းမှပို၍ ပို၍ဖြာထွက် လင်းလက်လာ၏။ ဟင်းလင်းပြင်တစ်ခုလုံးမှာ ရွှေရောင်အလင်းကြောင့်ရွှေရောင်တို့ရောင်ပြန်ဟက်နေသည်။ ရွှေရောင်အလင်းက မျက်စိကျိန်းလောက်စရာတောက်ပလွန်း၏။
“ပွင့်စမ်း”
ဤအချိန်တွင်ချူးယွဲ့ကအော်ပြောလိုက်သည်။ ရွှေရောင်အလင်းတစ်ခုအားထုတ်လွှတ်နေသော ရှေးကျသည့်သော့က ရုတ်တရက်တုန်ခါသွားပြီး ရွှေရောင်အလင်းတန်းတစ်ခုအဖြစ်ပြောင်းသွားသည်။ ရွှေရောင်ဥက္ကာခဲတစ်ခုကဲ့သို့ ၎င်းက တစ်ဟုန်ထိုးလျှောခနဲ ဟင်းလင်းပြင်အား ဖြတ်သန်းသွားပြီ အသက်ဓာတ်လုံးဝရှိမနေပုံရသော တောင်ကုန်းငယ်လေးပေါ်သို့
ဦးတည်ကျဆင်းသွားသည်။