အခန်း (၅၉၅)
Vol. 40 Ch. 595
ရွှေရောင်သော့က ဥက္ကာပျံတစ်ခုကဲ့သို့ ရွှတ်ခနဲ အသက်စွမ်းအင်မဲ့သော ကျတ်တီးမြေတောင်ကုန်းအတွင်း ပစ်ဝင်သွားသည်။ ဧရာမရွှေရောင်အလင်းတန်းကြီးတစ်ခုက တောင်စောင်းမှ ရွှတ်ခနဲထွက်ပေါ်လာပြီး ချူးယွဲ့၏ခြေဖဝါးထံ၌ တောက်ပလာသည်။
အကယ်၍ လူတစ်ယောက်ကသာ ဂရုတစိုက်နှင့်ကြည့်မည်ဆိုလျှင် ရွှေရောင်အလင်းခပ်မှိန်မှိန်ထွက်နေသည့် ရွှေဖြင့်ပြုလုပ်ထားပုံရသော လေပေါ်ဝဲနေသည့် လှေကားများကို တွေ့မြင်နိုင်စွမ်းရှိလိမ့်မည်ဖြစ်သည်။ ၎င်းကချူးယွဲ့၏ခြေဖဝါးမှတစ်ဆင့် အောက်ဘက်ရှိ တောင်ကုန်းငယ်တစ်လျှောက်ရှည် ထွက်သွားသည်။
ရွှေရောင်လှေကားများပေါ်လာသောအခါတွင် ချူးယွဲ့က သူ၏ဆီးလ်တို့အား ရပ်တန့်လိုက်ပြီး ရှစ်ဖုန့်ဘက်သို့လှည့်လိုက်သည်။
“ဆင်းသွားကြစို့”
“ကောင်းပြီ”
ရှစ်ဖုန့်ကခေါင်းညိမ့်လိုက်သည်။ ချူးယွဲ့က ဦးဆောင်ပြီးရွှေရောင်အလင်းတန်းပေါ်သို့
ခြေချလိုက်သည်။ ထို့နောက်ချူးရှင်းကနောက်မှ
လိုက်ပါလိုက်သည်။ ထို့နောက်ရှစ်ဖုန့်၊ရှစ်ကျင်းရွှိုက်နှင့်ရွှယ်ဝူဟမ်တို့ကလည်း ရွှေရောင်အလင်းတန်းပေါ်သို့ခြေချ၍ ရွှေရောင်လှေကားများအတိုင်းအောက်သို့ဆင်းလိုက်ကြသည်။
သိပ်မကြာခင် သူတို့ငါးယောက်မှာ အောက်ဘက်ရှိတောင်စောင်းနှင့်နီးကပ်သည်ထက်
နီးကပ်လာသည်။ သူတို့က ရွှေရောင်လှေကားများအတိုင်းလိုက်ပါ၍ တောင်စောင်းပေါ်သို့ခြေချလိုက်သည်။
တောင်ထိပ်ပေါ်သို့သူတို့ခြေ ချလိုက်သည့်အခိုက်အတန့်တွင် သူတို့ပတ်ဝန်းကျင်ရှိသဘာဝရှုခင်းများက သိသိသာသာကိုပြောင်းလဲသွားသည်။
အပြင်ဘက်ကကြည့်မည်ဆိုလျှင်၎င်းက ကျတ်တီးမြေတောင်ကုန်းတစ်ခုနှင့်တူသည်ဖြစ်သည်။ သို့သော် သူတို့တောင်စောင်းပေါ်သို့ခြေချလိုက်သည်နှင့် ဤနေရာကလုံးဝခြားနားသော ကမ္ဘာတစ်ခုဖြစ်ကြောင်းကို သူတို့ သဘောပေါက်လိုက်ကြသည်။ သူတို့ငါးယောက်က လူမမြင်ကွယ်ရာတောင်ကြားတစ်ခုအတွင်းသို့ရောက်နေခြင်းဖြစ်သည်။ ငှက်များကတေးသီနေပြီး ပန်းများက တလှိုင်လှိုင်မွေးနေသည်။ အကွာအဝေးတစ်ခုတွင်စမ်းချောင်းငယ်လေးတစ်ခုစီးဆင်းနေပြီး ရှင်းလင်းသော ရေစီးသံကို ပင်ကြားရနိုင်သည်ဖြစ်သည်။
သို့သော် ပို၍သတိပြုဖို့ကောင်းသည့်ခြားနားချက်က ကောင်းကင်နှင့်မြေကြီး၏ယွမ်ချီမှာ ဤနေရာ၌ ပြင်ပကမ္ဘာထက်ပကို၍သိပ်သည်းနေခြင်း
ဖြစ်သည်။
“ဘယ်လိုတောင်ကောင်းလှတဲ့ စိတ်လှည့်စားမှုအစီအရင်တစ်ခုလဲ”
ရွှယ်ဝူဟမ်မှတောင်ကြားချိုင့်ဝှမ်းအားကြည့်၍ အံ့အားသင့်စွာရေရွတ်လိုက်သည်။
ရွှယ်ဝူဟမ်၏ အံ့အားသင့်စွာရေရွတ်သံအားကြားရသောအခါတွင် ချူးယွဲ့က ဂုဏ်ယူစွာဖြင့်ပြောလိုက်သည်။
“ဒီစိတ်လှည့်စားမှုအစီအရင်က ချူးကလန်ရဲဘိုးဘေးတွေတပ်ဆင်ခဲ့တာလေ”
ချူးယွဲ့ကအခြားဘာမှထပ်မပြောချေ။ သို့သော် စိတ်လှည့်စားခြင်းအစီအရင်အားတပ်ဆင်ထားသူကသူဖြစ်သကဲ့သို့ပြောဆိုနေသည်။
ဤအချိန်တွင် ချူးယွဲ့က သူ၏ လက်ကိုဝေ့ယမ်းလိုက်ပြီး ရွှေရောင်အလင်းတန်းတစ်ခုက တောင်ကြားချိုင့်ဝှမ်းမှရွှတ်ခနဲထွက်လာသည်။ ၎င်းမှာ ရှေးကျသောရွှေရောင်သော့ဖြစ်သည်။ ၎င်းက ချူးယွဲ့၏လက်အတွင်းသို့ပျံသန်းလာပြီး သူ၏သိုလှောင်လက်စွပ်အတွင်း၌ ပြန်သိမ်းထားလိုက်သည်။
ထို့နောက်ချူးယွဲ့ကတောင်ကြားချိုင့်ဝှမ်းအားရှစ်ဖုန့်နှင့်အခြားနှစ်ယောက်တို့ကိုမိတ်ဆတ်ပေးလိုက်သည်။
“ဒီတော်ကြားချိုင့်ဝှမ်းက ငါ့ရဲ့ချူးကလန်ဘိုးဘေးတွေ တပ်ဆင်ထားခဲ့တယ် ကျင့်ကြံခြင်းနယ်မြေတစ်ခုပဲ. ချိတ်ပိတ်ကုန်းမြေဆီကိုဝင်ပေါက်က ဒီနေရာမှာရှိနေတယ်”
ချူးယွဲ့ကနောက်ဆုံးစကားအားပြောသောအခါတွင် ခေါင်းကိုလှည့်လိုက်ပြီးရှစ်ဖုန့်
အားကြည့်လိုက်သည်။
“ကောင်းပြီ…ကျေးဇူးပြုပြီးလမ်း
ကိုဦးဆောင်ပါ”
ရှစ်ဖုန့်ကခေါင်းညိမ့်ပြီးပြောလိုက်သည်။
“ကောင်းပြီ..”
ချူးယွဲ့ကရှစ်ဖုန်အားခေါင်းညိမ့်ပြလိုက်သည်။ ထို့နောက် သူ၏သမီးဖြစ်သူဘက်သို့လှည့်၍ ပြောလိုက်သည်။
“ရှင်းအာ. သမီးအဖေနဲ့အမေကို ဒီအထိပဲလိုက်မယ်လို့ကတိပေးခဲ့တယ်.. အဖေတို့နောက်ကိုမလိုက်လာနဲ့တော့”
“အာ”
ချူးယွဲ့၏ စကားများအားကြားပြီးနောက် ချူးရှင်းက “အာ” ဟု အသံထွက်သွားပြီး စိတ်ပျက်သောအမူအယာကသူမ၏
မျက်နှာထက်၌ပေါ်လာသည်။ မူလကသူမအဖေကဤကိစ္စအားမေ့သွားလောက်ပြီးသူမခိုးဝင်နိုင်လောက်သည်ဟုထင်ခဲ့သည်။ သူမအဖေကဤကိစ္စအား မှတ်မိနေလိမ့်ဦးမည်ဟု သူမမမျှော်လင့်ထားခဲ့ပေ။
“ကောင်းပြီ”
နောက်ဆုံး၌ချူးရှင်းကနှုတ်ခမ်းလေးဆူပြီး အသံတိုးတိုးဖြင်သဘောတူလိုက်သည်။ ထို့နောက်သူမကရှစ်ဖုန့်ထံသို့ကြည့်၍ ပြောလိုက်၏။
“အကိုကြီးရှစ်ဖုန့်.. အဖေကညီမကိုပေးဝင်ဘူး.. ညီမဒီကနေ အကိုကြီးတို့ထွက်လာမှာကိုစောင့်နေမယ်”
“ကောင်းပြီ”
ရှစ်ဖုန့်ကခေါင်းညိမ့်ပြီး ချူးရှင်းအားပြောလိုက်သည်။
“သွားစို့”
ထို့နောက် ချူးယွဲ့၏ဦးဆောင်မှုအောက်တွင် ရှစ်ဖုန့်နှင့်အခြားနှစ်ယောက်က ချူးယွဲ့နောက်သို့လိုက်ပါ၍ တောင်ကြားချိုင့်ဝှမ်းအနက်ပိုင်း သို့ဝင်ရောက်သွားကာ မှင်တွေနေသော ကောင်မလေးချူးရှင်းကိုချန်ရစ်ထားခဲ့သည်။ သူမမှာအကွာအဝေးတစ်ခုအတွင်း လူအချို့ဖြည်းဖြည်းချင်း ပျောက်ကွယ်သွားသည်အထိ စောင့်ကြည့်နေသည်။ သူမ၏မြင်ကွင်းအတွင်းမှဖြည်းဖြည်းချင်း ပျောက်ကွယ်သွားသော အနက်ရောင်ပုံရိပ်အား သူမစောင့်ကြည့်နေ၏။
“ဟူး”
ထိုလူပျောက်ကွယ်သွားသည်အားကြည့်၍ သူမသက်ပြင်းရှည်တစ်ချက်ချလိုက်သည်။
ချူးယွဲ့၏ဦးဆောင်မှုအောက်တွင် သူတို့ထဲကအချို့က ချောင်ကျသော တောအုပ်လမ်းကြောင်းတစ်ခုအတွင်းဝင်ရောက်လိုက်သည်။သို့သော် ချူးယွဲ့နောက်သို့လိုက်၍ အတွင်းပိုင်းထဲပိုရောက်လာလေ အလင်းရောင်ကပို၍မှေးမှိန်လာလေကိုသူတို့တွေ့လိုက်ရသည်။ ပြောရလျှင် ၎င်း၌မှုန်မှိုင်းမှုအချို့နှင့် အေးစက်သောအရှိန်အဝါအချို့ပင်ရှိနေသည်။
“ဒီခံစားချက်က”
မှုန်မှိုင်းသောအရှိန်အဝါအား ခံစားပြီးနောက် ရှစ်ဖုန့်နှင့်ရွှယ်ဝူဟမ်တို့ကရုတ်တရက် အံ့အားသင့်စွာရေရွတ်လိုက်သည်။ထို့နောက်သူတို့တစ်ယောက်ကိုယ်တစ်ယောက် ကြည့်လိုက်ကြ၏။
သူတို့နှစ်ယောက်လုံးက ယင်စွမ်းအင်နှင့်အေးစက်မှုအဖြစ်ဆုံးဖြစ်သောကျင့်ကြံမှုနည်းလမ်းဖြစ်သည့် ငရဲဘုံကိုးခု ပညာရပ်အားကျင့်ကြံကြသူများဖြစ်ကြသည်။ မှုန်မှိုင်းသောစွမ်းအားအားသူတို့ အာရုံခံမိပြီးဖြစ်သည်။ ၎င်းက သေခြင်း၏မှုန်မှိုင်းသောအရှိန်အဝါပင်ဖြစ်သည်။
“ဒီချိတ်ပိတ်ကုန်းမြေက မသေမျိုး သက်ရှိတစ်ကောင်ကို ဆီးလ်ခတ်ထားတာများဖြစ်နိုင်မလား”
ရှစ်ဖုန့်က မျက်မှော်ကြုတ်ပြီးသူ့ဖာသာသူတီးတိုးရေရွတ်လိုက်သည်။သို့သော် မှုန်မှိုင်းသောအရှိန်အဝါအရ ၎င်းကအရမ်းအားကောင်း သည်ဟုတော့ရှစ်ဖုန့်မခံစားမိပေ။
ထို့နောက် သွေးနီရောင်အလင်းက ရှစ်ဖုန့်၏ညာလက်၌ပေါ်လာသည်။ သွေးနီရောင်ဓားရှည်သွေးသောက်ဓားက ရှစ်ဖုန့်၏ညာလက်ထဲ၌ပေါ်လာ၏။
သွေးသောက်ဓားပေါ်လာပြီးပြီးချင်း၎င်းက စတင်ပြင်းထန်စွာတုန်ခါလာပြီးတစီစီအသံကိုထုတ်လွှတ်နေသည်။ ၎င်းမှာမြင့်မြတ်ဓားအပိုင်းအစနှင့်နီးသည်ထက်နီးကပ်လာသည်ကို အာရုံခံမိသောကြောင့်ဖြစ်သည်။ ထို့ကြောင့်လည်း၎င်းက ဤကဲ့သို့ဆူညံသောအသံတစ်ခု ကိုပြုလုပ်နေခြင်းဖြစ်သည်။
ဤအချိန်တွင် လူအုပ်စုက ရှစ်ဖုန့်၏လက်အတွင်းမှ တစီစီအသံထွက်နေသော ဓားကို သတိပြုမိလိုက်သည်။ ရှစ်ကျင်းရွှိုက်က ရှစ်ဖုန့်အားမေးလိုက်သည်။
“ညီလေးရှစ်. မင်းဓားကဘာဖြစ်နေတာလဲ”
“ဒီသခင်လေးဒီကိုလာခဲ့တာ. မြင့်မြတ်ဓားအပိုင်းအစကိုရှာဖို့ပဲ..အခုအဲ့တာက မြင့်မြတ်ဓားအပိုင်းအစနဲ့နီးသည်ထက်နီးကပ်လာနေတာကိုအာရုံခံမိနေတာ.. ဒါကြောင့်ဒါကဒီလိုပြုမူနေတာပဲ”
ရှစ်ဖုန့်က ပြန်ဖြေလိုက်သည်။
“ဘာ”
ရှစ်ဖုန့်၏စကားများအားကြားပြီးနောက် ချူးယွဲ့မှာ တုန်လှုပ်အံ့အားသင့်သွားသည်။ သူကပြောလိုက်သည်။
“ချူးမိသားစုရဲ့ချိတ်ပိတ်ကုန်းမြေထဲမှာ မြင့်မြတ်ဓားအပိုင်းအစတစ်ခုရှိနေတာလား..ဘာတွေဖြစ်နေတာလဲ”
ချူးယွဲ့၏စကားအားကြားလိုက်ရသောအခါတွင် ရှစ်ဖုန့်က ခေါင်းခါယမ်းလိုက်ပြီးပြောလိုက်သည်။
“ဒီသခင်လေးလည်းဘာတွေဖြစ်နေလဲဆိုတာကိုမသိဘူး.. ဘာပဲဖြစ်ဖြစ် မြင့်မြတ်ဓားအပိုင်းအစကဒီမှာရှိတဘ်.. ဒီသခင်လေးတို့ဝင်တဲ့အခါကျရင်သိမှာပေါ့”
“ကောင်းပြီ”
ချူးယွဲ့ကခေါင်းညိမ့်လိုက်သည်။ ထို့နောက် သူတို့က တကယ့်ချိတ်ပိတ်ကုန်းမြေ၏အတွင်းပိုင်းသို့ဝင်ရောက်လိုက်ကြသည်။ သိပ်မကြာခင် ရှည်လျားသောတောအုပ်လမ်းကြောင်းထဲမှသူတို့ထွက်လာသည်။
ဤအချိန်တွင် သူတို့က မှောင်မိုက်ပြီးမှုန်မှိုင်းသော တောအုပ်တစ်ခုအတွင်းသို့ရောက်လာ၏။ ၎င်းက ယခင်လမ်းကြောင်းထက်ပို၍ မှောင်မိုက်ကာ ပို၍ အေးစက်သည်။
သူတို့၏ရှေ့သိပ်မဝေးသောနေရာ တွင်ကျောက်ရေတွင်းတစ်တွင်းအားသူတို့မြင်တွေ့လိုက်ရသည်။
“ညီလေးရှစ်. ချိတ်ပိတ်ကုန်းမြေရဲ နေရာကအဲ့မှာပဲ”
ချူးယွဲ့ကရှစ်ဖုန့်ကိုပြောလိုက်ပြီး သူတို့ရှေ့ရှိကျောက်ရေတွင်းအား ထိုးညွှန်ပြလိုက်သည်။
ဤနေရာသို့ရောက်ရှိပြီးနောက် ရှစ်ဖုန့်၏လက်အတွင်းရှိသွေးသောက်ဓားမှာ ယခင်ကထက်ပို၍ ပြင်းထန်စွာတုန်ခါလာသည်။ မြင့်မြတ်ဓားအပိုင်းအစက ချိတ်ပိတ်ကုန်းမြေအတွင်းထဲ၌ရှိနေသည့်ပုံပေါ်သည်။
သူတို့ယခင်ကခံစားခဲ့ရသောမှုန်မှိုင်းပြီးအေးစက်သည့်အရှိန်အဝါက ပို၍ ရှင်းလင်းလာသည်။
“အမှန်ပဲ. ဒီမှာတကယ်ကို မသေမျိုးသက်ရှိတွေရှိနေတယ်”
ရှစ်ဖုန့်မှာယခုမှပို၍သိချင်လာသည်။
“သွားပြီးတစ်ချက်ကြည့်ကြတောပေါ့”
ရှစ်ဖုန့်ကပြောလိုက်သည်။
“ကောင်းပြီ”
လူအုပ်ကခေါင်းညိမ့်လိုက်ပြီး ကျောက်ရေတွင်းထံသို့အတူတက
ွလျှောက်သွားလိုက်ကြသည်။
သူတို့လေးယောက်ကကျောက်ရေတွင်းဝန်းကျင်၌ ရပ်လိုက်ကြပြီးသူတို့၏ခေါင်းများအားငုံ့ကြည့်လိုက်ကြသည်။ ဤအချိန်တွင် ရေတွင်းအထဲ၌ဘာရေမှရှိမနေသည်ကိုသူတို့တွေ့လိုက်ရသည်။ ၎င်းက ပိန်းပေါက်အောင်မည်းမှောင်နေပြီး အဆုံးမရှိသကဲ့သို့နက်ရှိုင်းလှသည်ဖြစ်သည်။
ဘန်းဟူသောအသံနှင့်အတူ ဖယောင်းတိုင်းမီးညွှန့်ကဲ့သို့အဖြူ
ရောင်မီးတောက်တို့က ရှစ်ဖုန့်၏ဘယ်လက်ချောင်းထိပ်၌
ထွန်းလင်းလာသည်။နောက်ဆက်တွဲအနေဖြင့် ရှစ်ဖုန့်ကသူ၏လက်ချောင်းအား
တောက်လိုက်ပြီး အဖြူရောင်မီးတောက်အား နက်ရှိုင်းသောရေတွင်းထဲသို့ကျ
ဆင်းသွားစေသည်။
သို့သော်သူတို့၏မြင်ကွင်းအတွင်း၌ အဖြူရောင်မီးတောက်က ဝေးသည်ထက်ဝေးသွားပြီးဖြည်းဖြည်းချင်း
ပျောက်ကွယ်သွားသည်ကိုသာ
စောင့်ကြည့်နေနိုင်၏။
“ဒီရေတွင်းကဘယ်လောက်တောင်နက်တာလဲ”
ရှစ်ကျင်းရွှိုက်က အမှောင်ထုအတွင်းပျောက်ကွယ်သွား
သောအဖြူရောင်မီးတောက် ညွှန့်အားကြည့်၍ ခံစားချက်များဖြင့်ပြောလိုက်သည်။