အခန်း (၅၉၆)
Vol. 40 Ch. 596
“ဒီရေတွင်းက ဘယ်လောက်တောင်နက်တာလဲ”
ရှစ်ကျင်းရွှိုက်က အမှောင်ထုအတွင်းပျော်ကွယ်သွားသော အဖြူရောင်မီးတောက်ကိုကြည့်၍ သက်ပြင်းချလိုက်သည်။
“ငါလည်းသေချာမသိဘူး”
ချူးယွဲ့မှာ ရှစ်ကျင်းရွှိုက်၏ စကားများအားကြားလိုက်ရသောအခါတွင် ခေါင်းခါယမ်းလိုက်သည်။ ထို့နောက်သူကပြောလိုက်သည်။
“ငါကဒီနေရာကိုငါငယ်ငယ်လေးတုံးကတစ်ခါပဲဝင်ဖူးတာ.. ရေတွင်းကဘယ်လောက်နက်လဲ ချိတ်ပိတ်ကုန်းမြေထဲမှာဘာကို ဆီးလ်ခတ်ထားလဲဆိုတာကို ကတော့ ငါမသိဘူး”
“ငါတို့ဘိုးဘေးကလဲ လုံးဝအကြွင်းမဲ့မဖြစ်မနေမှမဟုတ်ခဲ့ရင် ကျောက်ရေတွင်းထဲကိုချူးမိသား
စုကဘယ်သူမှမဝင်ဖို့အတွက် သတင်းစကားချန်ထားခဲ့တယ်.. ချူးမိသားရဲ့ခေါင်းဆောင်ဖြစ်နေရင်တောင်မှ အဲ့လိုလုပ်ခွင့်မရှိဘူး”
ချူးယွဲ့၏စကားများအားကြား
လိုက်ရသောအခါတွင် ရှစ်ဖုန့်ကပြောလိုက်သည်။
“ဒါဆိုခင်ဗျား ဒီသခင်လေးကိုဒီအထိပဲလိုက်ပို့ပေးနိုင်တယ်.. ကျင်းရွှိုက်မင်းက ဒီမှာနေခဲ့ပြီး ဒီသခင်လေးကိုစောင့်နေ.. ဝူဟမ် မင်းက ဒီသခင်လေးနဲ့အတူလိုက်ဆင်း”
“ကောင်းပြီ”
ရှစ်ကျင်းရွှိုက်က ရှစ်ဖုန့်၏ စကားများအားကြားပြီးနောက် ခေါင်းညိမ့်လိုက်သည်။ သူ၏ ကျင်ကြံမှုနယ်ပယ်ကသူတို့ကြားထဲ၌ အနိမ့်ဆုံးဖြစ်သည်။ မဟာသူတော်စင်နယ်ပယ်တိုက်ခိုက်
ရေးစွမ်းအားရှိသော ရှစ်ဖုန့်နှင့်ရွှယ်ဝူဟမ်တို့မှလွှဲလျှင်သူတို့အနေဖြင့် အောက်သို့ဆင်းနိုင်လိမ့်မည်မဟုတ်ပေ။ အကယ်၍သူသာ အောက်သို့ဆင်းသွားခဲ့လျှင် သူက ၎င်းတို့အား ပြဿနာသာဖြစ်စေလိမ့်မည်ဖြစ်သည်။ သူ့အတွက် ဤနေရာမှာနေခဲ့ခြင်းကသာ သူတို့အတွက် ပိုကောင်းသည်ဖြစ်သည်။
သို့သော် ချူးယွဲ့ကတော့ ရှစ်ဖုန့်၏စကားများအားကြားပြီးနောက် လျှင်မြန်စွာရှင်းပြသည်။
“ညီလေးရှစ်. မင်းငါ့ကိုနားလည်မှုလွဲနေပြီ.. ငါ့ရဲ့ချူးကလန်ဘိုးဘေးကတကယ်ပဲ ဒီကန့်သတ်ချက်ကို ပြုလုပ်ခဲ့တာပါ..ဒါပေမဲ့. . ညီလေးရှစ်. . မင်းကငါ့မိသားစု အသက်ကိုအကြိမ်များစွာကယ်တင်ခဲ့တယ်…အကယ်၍မင်းဆင်းသွားရင် ငါလည်းသေချာပေါက်မင်းကိုဆင်းပြီးကူညီပေးမှာပါ”
“မလိုပါဘူး”
ချူးယွဲ့၏စကားများအားကြားပြီးနောက် ရှစ်ဖုန့်ကခေါင်းခါယမ်းလိုက်သည်။ သူကပြောလိုက်သည်။
“ ခင်ဗျားရဲ့ခွန်အားနဲ့ဆိုရင် ခင်ဗျားဒီသခင်လေးကိုကူညီနိုင်မှာမဟုတ်ဘူး. . အဲ့အစားဒီသခင်လေးကိုလေးဖင့်စေတာပဲ
ရှိမယ်”
ရှစ်ဖုန့်၏ စကားများကချူးယွဲ့အား ကသိကအောင့် ခံစားရစေသည်။ သူက တိုးဖျော့စွာဖြင့် “အာ..”ဟူသာပြောလိုက်သည်။ ရှစ်ဖုန့်ကသူ၏လိုက်ပါဆင်းစေပြီးမကူညီစေချင်ပေ။ သူက သူ့အားလေးဖင့်စေမည်ကိုကြောက်နေ၏။
သို့သော ဂရုတစိုက်တွေးလိုက်ပြီးနောက်တွင် ရှစ်ဖုန့်မှန်သည်ကိုသူသဘောပေါက်လိုက်သည်။ သူတို့နှစ်ဦး မဟာသူတော်စင်နယ်ပယ်အဆင့်များဖြစ်ကြပြီးချူးယွဲ့က ကြယ်ငါးပွင့်သူတော်စင်နယ်ပယ်၌သာရှိသည်ဖြစ်သည်။
“သွားစို့”
ရှစ်ဖုန့်က ရွှယ်ဝူဟမ်အားပြောလိုက်သည်။
“ကောင်းပြီ”
ရွှယ်ဝူဟမ်က ပြန်ဖြေလိုက်သည်။ ရုတ်ခြည်းသူတို့နှစ်ဦးသားလှုပ်ရှားလိုက်၏။
ရှစ်ဖုန့်ကဦးဆောင်ပြီး ကျောက်ရေတွင်းအတွင်းသို့ခုန်ချလိုက်သည်။ထို့နောက်ကျောက်ရေတွင်း၏ မသိနိုင်သော အပိုင်းသို့သူတို့ ကျဆင်းသွားသည်။
တောအုပ်အတွင်း၌ ရှစ်ကျင်းရွှိုက်မှာ ချူးယွဲ့၏မျက်နှာထက်၌ ယခင်ကကဲသို့ကသိကအောင့်အမူအယာရှိနေဆဲဖြစ်သည်ကို တွေ့လိုက်ရသည်။ မကြာခင် သူကချူးယွဲ့အားပြုံးလိုက်ပြီးပြောလိုက်၏။
“အကိုချူး… သူက တဲ့တိုးပြောတတ်တဲ့သူဖြစ်တယ်..အဲ့တာကိုစိတ်ထဲမထားနေနဲ့.. ခင်ဗျားအသားကျသွားလိမ့်မယ်…ဒါက ကျုပ်ဘယ်လိုဖြတ်သန်းခဲ့ရလဲဆိုတာပဲ”
ရှစ်ကျင်းရှိုက်၏ စကားများအားနားထောင်ပြီးနောက် ချူးယွဲ့ကရယ်မောပြီးပြောလိုက်သည်။
“ဟားဟား.. ညီလေးရှစ်က ငါ့မိသားစုရဲ့အသက်ကိုအကြိမ်အများကြီးကယ်တင်ခဲ့တာ..ဘယ်လိုလုပ်ပြီးတော့
ငါချူးယွဲ့က ဒီလိုမျိုးအသေးအဖွဲ့ကိစ္စလေး
ကိုဂရုစိုက်နေမှာလဲ”
ဤအရာအားကြားပြီးနောက် ရှစ်ကျင်းရွှိုက်က ထိုအကြောင်းကိုတွေးလိုက်သည်။ ရှစ်ဖုန့်က ချူးယွဲ့၊ချူးရှင်းနှင့်ချင်ယင်တို့၏အသက်အား အကြိမ်များစွာ ကယ်တင်ပေးခဲ့သည်။ အကယ်၍ သူ၏ အမှန်အတိုင်းပြောဆိုသောစကားလုံး
အချို့ကြောင့် ရိုက်ခတ်ခဲ့မည်ဆိုလျှင်တောင် ထိုကဲ့သို့သေးငယ်သောကိစ္စများအား
ဘယ်လိုလုပ်ပြီးစိတ်ထဲ၌ထားနေပါမည်နည်း။
သူ၏အသက်အားကယ်တင်ပေးပြီးသူ့အား ဤကမ္ဘာ၌ ဆက်လက်ရှင်သန်ရန်ပေးသောအကူအညီက ကောင်းကင်ဘုံထက်ပင်ကြီးမားသည်ဖြစ်သည်။
ရှစ်ဖုန့်နှင့်ရွှယ်ဝူဟမ်တို့ ရေတွင်းအတွင်းခုန်ချပြီးနောက် သူတို့၏ခန္ဓာကိုယ်များကအောက်ဘက်ရှိ
အမှောင်ထုများအတွင်းနစ်ဝင်သွားသည်
ကိုသာခံစားနိုင်သည်။ သူတို့မည်မျှကြာအောင်နစ်ဝင်နေမည်ကိုသူတို့မသိကြချေ။ ၎င်းမှာရေတွင်းအနက်လမ်းကြောင်းကအကန့်အသတ်မရှိအဆုံးမဲ့သကဲ့သို့ပင်ဖြစ်သည်။
သို့သော် ပို၍အနက်ပိုင်းသို့သွားလေလေ အေးစက်သေအရှိန်အဝါကပို၍သိပ်သည်း
လာလေဖြစ်သည်ကိုသူတို့ ခံစားရသည်။ ဤအချိန်တွင် သူတို့ကရေခဲတိုက်တစ်ခုအတွင်းသို့ကျဆင်းနေသကဲ့သို့ခံစားရ၏။
ရှစ်ဖုန့်၏လက်အတွင်းရှိသွေးဓားက ပို၍ပို၍ ပြင်းထန်စွာ စတင်တုန်ခါလာသည်။ ၎င်းမှာ မြင့်မြတ်ဓားအပိုင်းအစနှင့် ပို၍ နီးကပ်လာသောကြောင့်ဖြစ်သည်။
မသိနိုင်သောအချိန်တစ်ခုကြာမြင့်ပြီးနောက် ရှစ်ဖုန့်၏ခြေထောက်ကမြေပြင်ပေါ်သို့ကျဆင်းသွားသည်။ ထို့နောက်အဖြူရောင်ပုံရိပ်ဖြစ်သော
ရှစ်ကျင်းရွှိုက်ကလည်း သူ၏နောက်မှနီးကပ်စွာလိုက်ပါလာသည်။
သူတို့၏ခြေထောက်များမြေပြင်ပေါ်သို့
ရောက်ခြင်းက သူတို့အနေဖြင့် ရေတွင်းအခြေသို့ရောက်ပြီဖြစ်ကြောင်းကိုသက်သေပြနေခြင်းဖြစ်သည်။
သူတို့၏ဘေးပတ်ဝန်းကျင်က ပိန်းပေါက်အောင်မည်းမှောင်နေ၏။ အလင်းရောင်လည်းလုံးဝရှိမနေချေ။ သို့သော်သူတို့၏မြင်ကွင်းအတွင်း၌အမှောင်ထုက သူတို့၏မြင်နိုင်စွမ်းအား လုံးဝအကျိုးသက်ရောက်နိုင်စွမ်းမရှိပေ။
သူတို့ကဘေးပတ်လည်ကိုကြည့်လိုက်သည်။ သူတို့က ယခု ခြောက်သွေ့သောရေတွင်းအခြေသို့ရောက်ရှိနေ၏။ နေရာကကျဉ်းမြောင်းသည်ဖြစ်သည်။ သူတို့၏ခြေဖဝါးအောက်တွင် အချိန်အကြာကြီးရေနှင့်ထိတွေ့ထားခြင်းမရှိသကဲ့သို့ခြောက်သွေ့ပြီးအက်ကွဲနေသော
မြေဆီလွှာရှိနေသည်။
သို့သော်သူတို့၏အကြည့်များက မှင်ကဲ့သို့မည်းနက်နေသော သစ်သားတံခါးတစ်ခုပေါ်သို့လျှင်မြန်စွာစူးစိုက်လိုက်သည်။ လက်ရှိဤနေရာရှိအရှိန်အဝါက ယခင်ကထက်ပို၍ အေးစက်လာသည်။ သို့သော် မှောင်မိုက်ပြီးအေးစက်သောအရှိန်အဝါက ထိုသစ်သားတံခါးထံမှထုတ်လွှတ်နေခြင်း
ဖြစ်သည်ကို သူတို့ ရှင်းလင်းစွာအာရုံခံနိုင်ပြီးဖြစ်သည်။
“ဒီသစ်သားတံခါးရဲ့နောက်မှာ
နောက်ထပ်ကမ္ဘာတစ်ခုရှိလောက်မယ်”
ရွှယ်ဝူဟမ်က ရှစ်ဖုန့်အားပြောလိုက်သည်။
“အဲ့လိုဖြစ်လောက်တယ်”
ရွှယ်ဝူဟမ်၏ စကားအားကြားပြီးနောက်တွင်ရှစ်ဖုန့်ကခေါင်းညိမ့်လိုက်သည်။ သို့သော်ထို့နောက်တွင် ရှစ်ဖုန့်ကပြောလိုက်သည်။
“ဒါက အဲ့ကမ္ဘာထဲက မသေနိုင်တဲ့သတ္တဝါကို အပြင်ထွက်လာတာနေတားဆီးဖို့အတွက် သစ်သားတံခါးပေါ်မှာဆီးလ်ခတ်ထားတဲ့အစီအရင်ရဲ့စွမ်းအားဖြစ်လောက်တယ်”
ဤမှင်ကဲ့သို့မဲနက်နေသော သစ်သားတံခါးပေါ်၌ သိပ်သည်းပြွတ်သိပ်ပြီး ဆန်းကြယ်ကာ ရှေးကျသော အဆောင်များဖြင့် ဖုံးလွှမ်းထားသည်ကို ရှစ်ဖုန့် သတိပြုမိသည်မှာကြာပြီဖြစ်သည်။
ရွှယ်ဝူဟမ်ကလည်းတံခါးပေါ်ရှိ အင်းစာလုံး (ဝါ)ရုန်းများအား သတိပြုမိပြီးခေါင်းညိမ့်လိုက်သည်။
“ကောင်းပြီ”
ရှစ်ဖုန့် က သစ်သားတံခါးအားအချိန်တစ်ခုကြာအောင်
စိုက်ကြည့်နေ၏။ ထို့နောက်သူ၏လက်တို့ဖြင့်ဆီးလ်တစ်ခုအားစတင်ပုံဖော်လိုက်သည်။ အဖြူရောင်ဖားလောင်းကဲ့သို့သော ရုန်းများက ရှစ်ဖုန့်၏ဆီးလ်ထံမှမျောလွင့်ထွက်လာပြီး မှင်ကဲ့သို့မည်းနက်သောသစ်သားတံခါးထံသို့
လွင့်မျောသွားသည်။
ရှစ်ဖုန့်၏လက်သင်္ကေတဆီးလ်ထံမှမျောလွင့်
ထွက်သွားသော ရုန်းများအားကြည့်၍ ရွှယ်ဝူဟမ်မှာတုန်လှုပ်အံ့အားသင့်သွားသည်။ သူကပြောလိုက်သည်။
“ငရဲဘုံကိုးခု ဘိုးဘေးက အစီအရင်တွေကိုလည်းလေ့လာခဲ့တယ်လို့ပြောတယ်… ဒါပေမဲ့ငါ့ရဲ့ဦးလေးအချို့ကသာ ဘိုးဘေးရဲ့အစီအရင် ဗဟုသုတတွေကို အမွေဆက်ခံနိုင်ခဲ့တယ်..ငါ့ဆရာပြောပုံအ
ရဆိုရင်သူတို့ကလုံလောက်အောင်
မတော်ကြဘူးတဲ့….ငရဲဘုံကိုးခု ဘိုးဘေးရဲ့ အစီအရင်အမွေအနှစ်က ပါရမီစွမ်းရည်မရှိဘဲနဲ့ သင်ယူလို့မရနိုင်ဘူးတဲ့”
“ဒါပေမဲ့ ငါ့ရဲ့ဦးလေးငယ်က ဘိုးဘေးရဲ့ အစီအရင်မွှေအနှစ်ကို ဆက်ခံထားမယ်လို့ငါမမျှော်လင့်ထားခဲ့ဘူး”
“သေခြင်းဧကရာဇ်ဖြစ်တဲ့ငါ့ရဲ့
ဦးလေးလင်ယဲ့ဖုန်းမှာ အလောင်းတစ်သောင်းအစီအရင်လို့ခေါ်တဲ့ ပြိုင်ဘက်ကင်းနည်းစနစ်တစ်ခုရှိတယ်.. အဲ့တာက ငရဲဘုံကိုးခု ဘိုးဘေး လက်ဆင့်ကမ်းပေးခဲ့တဲ့ ပြိုင်ဘက်ကင်းအစီအရင်တစ်ခုပဲ”
ထို့နောက်ရှစ်ဖုန့်၏ဆီးလ်က အနက်ရောင်သစ်သားတံခါးထံသို့လွင့်မျောသွားသည်။ ရွှယ်ဝူဟမ်မှာအနက်ရောင်သစ်သားတံခါးပေါ်ရှိ ရုန်းများကဖြည်းဖြည်းချင်းမှေးမှိန်လာသည်ကို တွေ့လိုက်ရသည်။ဤအချိန်တွင်ရှစ်ဖုန့်က အော်ပြောလိုက်၏။
“ဖွင့်စမ်း”
ရုတ်တရက်အနက်ရောင်သစ်သားတံခါးက ဘန်းခနဲပွင့်သွားသည်။ သို့သော် သစ်သားတံခါးပွင့်သွားသည့်အခိုက်အတန့်တွင် အဖြူရောင်နှင့်အမျိုးသမီးတစ်ဦးက ရွှယ်ဝူဟမ်ရုတ်တရက်မြင်တွေ့လိုက်ရ၏။ သူမ၏ဦးခေါင်းကငုံ့နေကာ ခန္ဓာကိုယ်ကကိုင်းနေသည်။ သူမ၏ ရှည်လျားသောအအနက်ရောင်ဆံပင်များက မျက်နှာအား ပေါင်းပင်များကဲ့သို့ ဖုံးနေသည်။သူမ၏ဆံပင်တို့ကရှည်လျား
သောကြောင့် ရွှယ်ဝူဟမ်အနေဖြင့်သူမ၏မျက်နှာအား မြင်တွေ့နိုင်ခြင်းမရှိပေ။
သူမဝတ်စားထားပုံမှတစ်ဆင့် သူမကအမျိုးသမီးတစ်ဦးဖြစ်သည်ကိုသူပြောနိုင်ခြင်းဖြစ်သည်။
ဤအချိန်တွင် ထူးဆန်းသော “ဝူးဝူးဝူးဝူးဝူး” ဟူသည့် ငိုကြွေးသံကဲ့သို့အသံကိုခပ်ယဲ့ယဲ့ကြားရသည်။ဤထူးဆန်းသောငိုကြွေးသံမှာ အမျိုးသမီးတစ်ဦး၏ ဝမ်းနည်းဖွယ်ငိုကြွေးသော
အသံကဲ့သို့ပင်ဖြစ်သည်။
ထို့နောက်အမျိုးသမီးကဖြည်းဖြည်းချင်း လှုပ်ရှားလာသည်။ သူမ၏လှုပ်ရှားမှုက ခပ်တောင့်တောင့်ကြီးဖြစ်နေကာ သူ၏လက်များအားလက်သည်း
တို့အဖြစ်ဖြည်းဖြည်းချင်းပြောင်းလဲလာသည် ။ သို့သော် ဤအချိန်တွင်သူမကဖော်ပြ၍
မရနိုင်လောက်သောစူးစူးဝါးဝါးအော်သံတစ်ခုကိုရုတ်တရက်အော်ဟစ်လိုက်သည်။ သူမကရှစ်ဖုန့်ထံသို့ ရူးသွပ်သွဦးသော သားရဲရိုင်းတစ်ကောင်ကဲ့သို့ ရုတ်တရက် ခုန်အုပ်လိုက်သည်။