← Chapters

အခန်း (၅၉၇)

Vol. 40 Ch. 597

အခန်း (၅၉၇)

Vol. 40 Ch. 597

အဖြူရောင်နှင့်အမျိုးသမီး၏ မျက်နှာပေါ်မလာခင် သူက ထူးဆန်းစွာစူးစူးဝါးဝါးအော်ဟစ်လိုက်ပြီး သူတို့ထံသို့ အကြမ်းပတမ်းတစ်ဟုန်ထိုးဦးတည်လာသည်။ ရှစ်ဖုန့်နှင့်ရွှယ်ဝူဟမ်တို့၏မျက်နှာများကတော့ များစွာပြောင်းလဲသွားခြင်းမရှိပေ။

သူတို့၏မျက်လုံးထဲ၌ ဤအရာ ကသူတို့အား လုံး ဝခြိမ်းခြောက်နိုင်ခြင်းမရှိပေ။

“ဒါကအမျိုးသမီးတစ္ဆေလား”

အဖြူရောင်နှင့်အမျိုးသမီးအားကြည့်၍ ရွှယ်ဝူဟမ်ကတီးတိုးရေရွတ်လိုက်သည်။

သို့သော်ထို့နောက်တွင်ရွှယ်ဝူဟမ်က ခေါင်းခါယမ်းလိုက်ပြီး ပြောလိုက်သည်။

“ဟင့်အင်း..ဒါကယင်အလောင်း ကောင်တစ်ကောင်ပဲ”

ရွှယ်ဝူဟမ်၏အသံကတိုးသော်လည်း ရှစ်ဖုန့်ကကြားနိုင်ဆဲဖြစ်သည်။ ထို့နောက်ရှစ်ဖုန့်ကပြောလိုက်၏။

“အမှန်ပဲ.. ဒါက အဆင့်လေး ဘုရင်နယ်ပယ် ယင်အလောင်းတစ်လောင်းပဲ”

အလောင်းတစ်ခု သို့မဟုတ်အလောင်းများက ပတ်ဝန်းကျင် ဒေသ၏ ဓာတ်သဘာဝတို့နှင့်အထူးပြု ပင်ကိုယ်ဗီဇအားအထူးခဲ့လျှင်၎င်းတို့အား ယင်းအလောင်းများဟုခေါ်ကြသည်ဖြစ်သည်။ ဥပမာ ယင်ဓာတ်ကြွယ်ဝသောနေရများ၊ မြေဓာတ်ကြွယ်ဝသောနေရာများ၊ သွေးဓာတ်ကြွယ်ဝသောနေရများဖြစ်ကြသည်။သို့သော်ယင်အလောင်းများတွင်လည်း သာမန်ယင်အလောင်းနှင့် အထူးယင်အလောင်းများဟူ၍ရှိသေး၏။

သာမန်ယင်အလောင်းမှာ သူတို့၏ ပါရမီစွမ်းရည်က အကန့်အသတ်ရှိပြီး အမြင့်ဆုံးအဆင့်အဖြစ် အဆင့်လေးဘုရင်နယ်ပယ်သို့သာ

ဆင့်ကဲ့တိုးတက်နိုင်သည်ဖြစ်သည်။

သူတို့၏ရှေ့၌ရှိနေသော အမျိုးသမီးယင်အလောင်းကောင်မှာ သာမန်ယင်အလောင်းကောင်

တစ်ကောင်ဖြစ်သည်။ ယခုသူမ၏အကန့်အသတ်ဖြစ်သော အဆင့်လေးဘုရင်နယ်ပယ် သို့ရောက်ရှိနေပြီဖြစ်၏။

မတော်တဆဖြစ်ရပ်မှုများမရှိခြင်းနှင့် သဘာဝ၏မည်သည့်အရင်းအမြစ်မျှရှိမနေလျှင်အခြေခံအားဖြင် ထပ်ပြီး ဆင့်ကဲတိုးတက်ဖို့ရာ ဖြစ်နိုင်ခြင်းမရှိပေ။

ရှစ်ဖုန့်ကရွှယ်ဝူဟမ်အားပြောနေချိန်တွင် ယင်အလောင်းကောင်က သူတို့၏ရှေ့သို့တစ်ဟုန်ထိုးလာနေပြီးဖြစ်သည်။ ရှစ်ဖုန့်က သူ၏ညာခြေကိုမြှောက်၍ ယင်အလောင်းကောင်အားကန်ထုတ်လိုက်ပြီး နောက်သို့လွင့်သွားစေသည်။

ဤအချိန်တွင် ရှစ်ဖုန့်က သူ၏လက်ချောင်းအားတောက်လိုက်ပြီး အဖြူရောင်ရုန်းတစ်ခုကသူ၏လက်ချောင်းထိပ်မှထွက်ပေါ်လာကာ နောက်ပြန်ဇောက်ထိုးလွင့်ထွ က်သွားသော ယင်အလာင်းကောင်ထံသို့ ဦးတည်ပျံသန်းသွားသည်။

“အုချ်”

အဖြူရောင်ရုန်းက ယင်အလောင်းကောင်အားထိမှန်သွားသည်။ ဇောက်ထိုးလွင့်ထွက်သွားသော

ယင်အလောင်းကောင်မှာ ရုတ်တရက်ဟင်းလင်းပြင်အတွင်း

ကျဆင်းသွားပြီး ထူးဆန်းသောစူးစူးဝါးဝါးဟစ်အော်သံကို

ဟစ်ကြွေးလိုက်၏။

ထို့နောက် ယင်အလောင်းကောင်မှာလျှင်မြန်စွာ

တိတ်ကျသွားသည်။ ၎င်း၏ကိုယ်ကဖြည်းဖြည်းချင်း

မြေပြင်ပေါ်သို့ကျဆင်းသွား၏။

ဤယင်လောင်းကောင်မှာ ရှစ်ဖုန့်၏အမှတ်အသားရိုက်နှိပ်ခြင်းကို

ခံလိုက်ရပြီး လုံးဝအညံ့ခံလိုက်ရသည်။

ပင်ကိုယ်အားဖြင့် အဆင့်လေး ဘုရင်နယ်ပယ်အလောင်းကောင်အားရှစ်ဖုန့် ရိုးရှင်းစွာသတ်ပစ်နိုင်သည်ဖြစ်သည်။ သို့သော် ဤသည်က ယင်အလောင်းကောင်တစ်ခုဖြစ်သည်။

၎င်းကသာမန်ယင်အလောင်းကောင်

တစ်ခုဖြစ်ကာ ၎င်း၏ကြီးထွားမှုကအကန့်အသတ်ရှိ

သော်လည်း ရှစ်ဖုန့်၎င်းအား စုဆောင်းပြီးနောက် အနာဂတ်၌ သူ အလောင်းတစ်သောင်းအစီအရင်အား

ခင်းကျင်းပြီး ရန်သူများအားသတ်ဖြတ်မည်ဆိုလျှင် ယင်အလောင်းကောင်များနှင့်ဖွဲ့စည်းထားသော အလောင်းတစ်သောင်းအစီအရင်၏

စွမ်းအားအား သာမန်ရိုးရိုးအလောင်းတို့ဖြင့် ဖွဲ့စည်းထားသည့် အလောင်းတစ်သောင်းအစီအရင်၏စွမ်းအားကနှိုင်းယှဉ်နိုင်လိမ့်မည်မဟုတ်ပေ။

ယင်အလောင်းကောင်၏အဆင့်ကပိုမြင့်မားလေ အလောင်းတစ်သောင်းအစီအရင်ကပို၍ စွမ်းအားကြီးမားလေဖြစ်သည်။ အလောင်းတစ်သောင်းအစီအရင်အား

ကျင့်ကြံသော ကျင့်ကြံသော ငရဲဘုံကိုးခုအနွယ်ဝင်များအတွက် ယင်အလောင်းကောင်မှာ ရှာဖို့ခက်ခဲလှသော ရတနာတစ်ခုအသေအချာပင်ဖြစ်သည်။

ဆံပင်ရှည်တို့မျက်နှာအားဖုံးအုပ်နေသည့် အဖြူရောင်နှင့်အလောင်းကောင်အား

ထိန်းချုပ်ပြီးနောက် ရှစ်ဖုန့်ကရှေ့သို့ဆက်လျှောက်သွားလိုက်သည်။ အလောင်းရှေ့သို့သူလျှောက်သွားချိန်တွင်သူ၏ ဘယ်လက်ဖဝါးအားအလောင်းထံသို့မျက်နှာမူလိုက်သည်။ ရုတ်တရက်သွေးနီရောင်အလင်းတစ်ခုက အလောင်း၏အပေါ်၌ပေါ်လာ၏။ ယင်အလောင်းကောင်၌သွေးနီရောင်အလင်းတို့တောက်ပလင်းလက်နေပြီး ယင်အလောင်းကောင်မှာ ရှစ်ဖုန့်၏သွေးကျောက်ပြားကမ္ဘာအတွင်းသို့စုပ်ယူခံလိုက်ရသည်။

“ဒါက…”

ရှစ်ဖုန့်၏နောက်၌ရှိနေသောရွှယ်ဝူဟမ်မှာ အလောင်း၌သွေးရောင်အလင်း လင်းလက်သွားပြီး ရုတ်တရက်ပျောက်ကွယ်သွား

သည်ကိုတွေ့လိုက်ရသည်။အံ့အားသင့်သောပုံစံတစ်ခုက သူ၏မျက်နှာထက်တွင်ပေါ်လာသည်။

“ဒါ..ဒါက… ငါ့ဦးလေးငယ်က ရှေးခေတ်အချိန်ကာလက ရွှမ်းလက်နက်တစ်ခုကိုသယ်

ဆောင်ထားတာလား”

ရွှယ်ဝူဟမ်မှာရှေးခေတ်အချိန်ကာလက ရွှမ်လက်နက်များအကြောင်းကို

ကြားဖူးသည်ဖြစ်သည်။ နတ်ဘုရားအဆင့်အဂ္ဂရိတ်သန့်စင်ဆရာသခင်ကသာလျှင် ၎င်းတို့ထဲ၌နေရာလွတ်ပါရှိသော ရွှမ်းလက်နက်များကိုသန့်စင်နိုင်သည်ဖြစ်၏။

“ငါတို့ရဲ့ဘိုးလေးကသူအသက်ရှင်စဉ်မှာ ရှေးခေတ် ရွှမ်းလက်နက်တစ်ခုကိုရခဲ့ပြီးတော့ ငါ့ရဲ့ဦးလေးငယ်ကို လက်ဆင့်ကမ်းပေးခဲ့တာလား”

ထျန်းဟန်တိုက်ကြီးပေါ်တွင် ပထမဆုံးအကြိမ်အဖြစ် သူတို့၏ဘိုးဘေးဖြစ်သူ ငရဲဘုံကိုးခုဧကရာဇ်မှာ မြေးတပည့်များဖြစ်သောရွှယ်ဝူဟမ်တို့လိုလူများ၏နှလုံးသားထဲ၌ နတ်ဘုရားတစ်ပါးအလားဖြစ်သည်။

သူ၏ဦးလေးငယ် ဖြစ်သူကတော့ဤအရာအား ရရှိခဲ့ခြင်းဖြစ်နိုင်ချေမရှိချေ။

ထို့ကြောင့် အကယ်၍ရှစ်ဖုန့်၌သာ ရွှမ်းလက်နက်တစ်ခုရှိနေသည်ဆိုလျှင် ယင်းက သူတို့၏ဘိုးဘေးကအသက်ရှင်စဉ်ကာလကရရှိခဲ့ခြင်းဖြစ်ပြီး၎င်းအားသူ့ထံသို့ လက်ဆင့်ကမ်းပေးခဲ့ခြင်းဖြစ်သည်

ဟုခံစားရသည်။

ထို့နောက်ရှစ်ဖုန့်က ယင်အလောင်းကောင်အားထိန်းချုပ်ပြီးနောက် ပွင့်နေသော တံခါးထံသို့လျှောက်သွားသည်

ကိုရွှယ်ဝူဟမ်တွေ့လိုက်ရသည်။

ဤအချိန်တွင်ရွှယ်ဝူဟမ်ကလည်း

အလျှင်အမြန်နောက်မှလိုက်ပါလိုက်သည်။ သို့သော် ရှစ်ဖုန့်က ဝင်ပေါ်မှဖြတ်သန်းတော့မည့်အချိန်တွင် ရုတ်တရက်ဝင်ပေါက်၌ထပ်မံရပ်တန့်လိုက်ပြီး ဝင်ပေါက်၌ ခံစားချက်မဲ့စွာဖြင့်ရပ်နေသည်

ကိုသူတွေ့လိုက်ရသည်။

“ဒါက..”

ရွှယ်ဝူဟမ်ကလည်းတံခါးဆီသို့ဖြတ်၍ ရှစ်ဖုန့်နောက်၌ရပ်လိုက်သည်။ ရုတ်တရက်ရွှယ်ဝူဟမ်၏မျက်နှာထက်၌ အလွန်အံ့အားသင့်သောအမူအယာ

တစ်ခုဖြစ်ပေါ်လာသည်။ သူကအသက်ကိုခပ်ပြင်းပြင်းတစ်ချက်

ရှူလိုက်ပြီး ထပ်မံပြောလိုက်သည်။

“ယင်အလောင်းကောင်.. ဒီမှာယင်အလောင်းကောင်တွေအများကြီးပဲ.. ပြီးတော့သူတို့အားလုံးက အဆင့်လေးဘုရင်နယ်ပယ်အဆင့်

ယင်အလောင်းကောင်တွေ”

ဝင်ပေါက်အားဖြတ်သန်းပြီးနောက် ရှစ်ဖုန့်နှင့်ရွှယ်ဝူဟမ်တို့၏ရှေ့တွင် မိုးခေါင်မှု၏သက်ရောက်မှုကိုခံထားရပုံရသကဲ့သို့သော ကုန်းမြေတစ်ခုရှိနေသည်။ မြေပြင်ကခြောက်သွေ့အက်ကွဲနေပြီး သိပ်သည်းသောအက်ကွဲကြောင်းများဖြင့် ပြည့်နှက်နေကာ ဤမြေကြီးပေါ်တွင် လမ်းလျှောက်နေသော အလောင်းများရှိနေသည်။

ဤယင်အလောင်းကောင်များမှာအချိန်ကာလအရှည်ကြီးတစ်ခုအားဖြတ်သန်းခဲ့ပုံရပြီး အားလုံးက အဆင့်လေးဘုရင်နယ်ပယ်သို့တက်လှမ်းရောက်ရှိနေကြ၏။

ရှစ်ဖုန့်နှင့်ရွှယ်ဝူဟမ်တို့မြင်ရသလောက်ဆိုလျှင် ဤနေရာ၌ အနည်းဆုံးအလောင်းပေါင်းတစ်ထောင်ခန့်ရှိလိမ့်မည်ဖြစ်သည်။

အလောင်းကောင်တစ်ကောင်စီတိုင်းက အေးစက်သောသေခြင်းအရှိန်အဝါလှိုင်းများအားထုတ်လွှတ်နေပြီး ဤကမ္ဘာအားလွန်စွာအေးစိမ့်အောင်ပြုလုပ်နေသည်။

သို့သော် ဤကမ္ဘာအတွင်းတွင်သေခြင်း၏အေးစက်သောအရှိန်အဝါက ရှစ်ဖုန့်နှင့်ရွှယ်ဝူဟမ်တို့ကဲ့သို့ ငရဲဘုံကိုးခု ပညာရပ်အားကျင့်ကြံသူများအတွက် အနည်းငယ်မျှသက်တောင့်သက်သာမဖြစ်မှုကိုမခံစားရဘဲ ၎င်းကတော်တော်လေးပင် လိုက်ဖက်မှုရှိနေသေးသည်ဖြစ်သည်။

အထူးသဖြင့် ဤအခိုက်အတန့်တွင်ရွှယ်ဝူဟမ်မှာ ငရဲဘုံကိုးခုပညာရပ်အားစတင်အသုံးပြုလိုက်ပြီး ဤကမ္ဘာမှအေးစက်သော လေအား တိတ်တဆိတ်စုပ်ယူလိုက်ကာ သူ၏ဒန်တန်အတွင်းသို့စီးဆင်းစေလိုက်သည်။

ထို့နောက် ရွှယ်ဝူဟမ်ကရှစ်ဖုန့်ကိုပြောလိုက်၏။

“သန့်စင်ပြီးထည်ဝါတဲ့ လေးအေးတွေဒီမှာရှိတယ်.. အကယ်၍ငါသာဒီနေရာမှာကျင့်ကြံရရင် ငါ့ရဲ့ကျင့်ကြံမှုကိုအဆအများကြီး မြန်စေလိမ့်မယ်.. “

ဤနေရာရှိလေအေးများနှင့်ပက်သက်၍ကားရှစ်ဖုန့်အများကြီးဂရုမစိုက်ပေ။ သူဂရုစိုက်သည်က အက်ကွဲသောမြေပြင်ထက်၌လျှောက်သွား

နေကြသည့် ဤထောင်ပေါင်းများစွာသော အဆင့်လေးဘုရင်နယ်ပယ် ယင်အလောင်းကောင်များဖြစ်သည်။

“ဒါကအရမ်းအံ့ဩဖို့ကောင်းချက်”

ရှစ်ဖုန့်နှုတ်ခမ်းထောင့်က အပြုံးတစ်ခုအဖြစ်တွန့်ကွေးသွားသည်။ ရုတ်တရက်ဤကမ္ဘာအားချစ်ကျွမ်း

ဝင်မိသွားသလိုပင်ရှစ်ဖုန့်ခံစားရသည်။

“ကောင်းလိုက်တာ”

ရှစ်ဖုန့်က ပျော်ရွှင်စွာဖြင့်ရယ်မော၍ သူ၏ကိုယ်အားလှုပ်ရှားလိုက်ပြီး ရှေ့သို့ရွှတ်ခနဲဝင်ရောက်သွားသည်။

ဤအချိန်တွင် ခပ်တောင့်တောင့်ပုံစံနှင့် ဖြည်းညှင်းစွာလျှောက်လှမ်းနေကြသည့် အလောင်းများမှာ တက်ဖက်မှလာနေသောရှစ်ဖုန့်အား သတိပြုမိပြီး သက်ရှိ သတ္တဝါ၏ အရှိန်အဝါအားအာရုံခံမိသွားသည်။ ယင်အလောင်းများမှာတစ်ကောင်ပြီး

တစ်ကောင်ရှစ်ဖုန့်ရှိရာဘက်သို့လှည့်လာကြ၏။

“အုချ်..အုချ်..အုချ်.အုချ်.”

ထူးဆန်းသော စူးစူးဝါးဝါးအော်သံများက အလောင်းကောင်များ၏ ပါးစပ်မှထွက်ပေါ်လာပြီး ကမ္ဘာကြီးအားရုတ်တရက်ကမောက်ကမ

ဖြစ်သွားစေ၏။

ထို့နောက်ချက်ချင်းယင်အလောင်းဖုတ်ကောင် အုပ်ကြီးကစတင်လှုပ်ရှားလာကာ ရေလှိုင်းကဲ့သို့ ရှစ်ဖုန့်ထံတလှိမ့်လှိမ့်ဖြင့် စုစည်းဦးတည်လာသည်။

ထို့နောက် ယင်အလောင်းကောင်များကခက်ထန်သော ပုံစံများကိုပြသ၍ ၎င်းတို့၏သွားများ၊လက်သည်းများအားဖော်ပြကာ ရှစ်ဖုန့် ထံသို့ပျံသန်းဝင်ရောက်လာသည်။

ရှစ်ဖုန့်ကရှေ့သို့ပစ်ဝင်သွားချိန်တွင် သူ၏လက်ချောင်းအား အက်ကွဲခြောက်သွေ့နေသာမြေပြင်ထက်ရှိ အလောင်းကောင်သုံးကောင်ထံသို့ဦးတည်

တောက်ထုတ်လိုက်သည်။ရုတ်တရက် အဖြူရောင်ရုန်းများက ၎င်းတို့၏ကိုယ်အတွင်းပစ်ဝင်သွား၏။

ဤယင်အလောင်းကောင်သုံးကောင်မှာ ရုတ်ခြည်းရှစ်ဖုန့်၏ထိန်းချုပ်မှုကိုခံလိုက်ရသည်။ ထို့နောက်ချက်ချင်း သွေးရောင်အလင်းက ရှစ်ဖုန့်၏ဘယ်လက်၌တောက်ပလာပြီး ဤယင်အလောင်းကောင်သုံးကောင်မှာ သွေးကျောက်ပြားအတွင်းသို့

စုပ်ယူခံလိုက်ရသည်။

ဤအချိန်တွင်ရှစ်ဖုန့်ကရပ်တန့်လိုက်ကာသူ၏ခြေထောက်က မြေပြင်ပေါ်သို့ဖြည်းညှင်းစွာကျသွားသည်။ သူကရှေ့သို့ကြည့်လိုက်သောအခါတွင် ပမာဏများပြားလှသောယင်အလောင်း

ကောင်များက အတူတကွစုစည်းနေသည်ကိုတွေ့လိုက်ရသည်။ ရှစ်ဖုန့်က ပြုံးလိုက်ပြီး သူ့ကိုယ်သူပြောလိုက်သည်။

“အဆင်ပြေပါတယ်.ဒါပေမဲ့အဲ့တာက ငါ့အဲ့အချိန်တော်တော်များများ

ကိုပြုန်းတီးစေလိမ့်မယ်”

ထိုသို့ပြောပြီးနောက်ရှစ်ဖုန့်က မြေပြင်ထက်တွင်ရပ်၍ တလှိမ့်လှိမ့်လာနေသည့်များပြားလှသောယင်အလောင်းကောင် များအားစောင့်ဆိုင်းနေသည်။ ဤယင်အလောင်းဖုတ်ကောင်များကိုသာ သူထိန်းချုပ်နိုင်သည်နှင့် အလောင်းတစ်သောင်းအစီအရင်အားသူချခင်းအသုံးပြုနိုင်ပြီး သူ၏စွမ်းအားကလည်းသေချာပေါက်အခြားအဆင့်တစ်ခုသို့ ရောက်ရှိသွားလိမ့်မည်ဖြစ်သည်။

All Chapters