← Chapters

အခန်း (၅၉၈)

Vol. 40 Ch. 598

အခန်း (၅၉၈)

Vol. 40 Ch. 598

ယင်အလောင်းကောင်အုပ်စုကြီးက ရှစ်ဖုန့်ထံသို့ တစ်ဟုန်ထိုး ဦးတည်လာသည်။

ဤအချိန်တွင် ရှစ်ဖုန့်၏လက်တို့ကဆီးလ်အား

ပုံဖော်ထားပြီးဖြစ်သည်။ အဖြူရောင်ရုန်းတို့က ရှစ်ဖုန့်၏လက်သင်္ကေတမှတစ်ဆင့် အဆက်မပြတ်ပျံသန်းထွက်လာ၏။ ရှစ်ဖုန့်တည်ရှိနေသော ဧရိယာတစ်ဝိုက်၌ အဖြူရောင်ရုန်းတို့ဖြင့် ရုတ်ခြည်းပြည့်နှက်သွားသည်။

“အုချ်..အုချ်..အုချ်..အုချ်..ဂါး”

အလောင်းကောင်များ၏အော်ဟစ်သံက ပို၍ပို၍ကျယ်လောင်လာပြီး ဤအချိန်တွင် မြေပြင်မှာလည်းစတင်လှုပ်ခါလာသည်။

အထူးသဖြင့် ရှစ်ဖုန့်တည်ရှိနေသော မြေပြင်က အလွန်လှုပ်ခါလာကာ ဆူပွက်နေသောရေကဲ့သို့ မြေပြင်ကတင်တလှိမ့်လှိမ့်ဖြစ်လာသည်။

ယင်အလောင်းကောင်စစ်တပ်က ရှစ်ဖုန့်နှင့်နီးကပ်လာသောအခါတွင် ယင်အလောင်းကောင်တို့နှင့်အတူ

မွေးဖွားဖြစ်တည်လာသောမြေဓာတ်၏စွမ်းအားအား၎င်းတို့က ရှစ်ဖုန့်ထံအသုံးပြုလိုက်သည်။

ရှစ်ဖုန့်၏ကိုယ်က လှုပ်ရှားလိုက်ပြီး သူ၏ကိုယ်က ဆူပွက်သကဲ့သို့တလှိမ့်လှိမ့်ဖြစ်ကြာ ပြင်းထန်စွာလှုပ်ခါနေသည့်မြေပြင်မှ

ထွက်ခွာလိုက်ပြီးမြေပြင်အထက်နှစ်မီတာသုံးမီတာခန့်လောက်၌ ရပ်တန့်ကာနေလိုက်သည်။

သို့သော် ဤအချိန်တွင် “ဝုန်း”ဆိုသောအသံတစ်ခုနှင့်အတူ ရုတ်ခြည်းရှစ်ဖုန့်၏ခန္ဓာကိုယ်အောက်ပိုင်းဘက်မှ ကြမ်းကြုတ်သောဧရာမ မြေဆူးချွန်တစ်ခုကဝုန်းခနဲထွက်ပေါ်လာပြီး ကောင်းကင်ထဲသို့တစ်ဟုန်ထိုးထိုးတက်လာက ၎င်းအထက်ရှိရှစ်ဖုန့်အားထိုးသွင်းလိုက်သည်။

သူ၏ခန္ဓာကိုယ်အောက်မှထိုးသွင်းလာသော မြေဆူးချွန်အား ရင်ဆိုင်ရင်းရှစ်ဖုန့်က ၎င်းကိုကြည့်ပင်ကြည့်မနေချေ။ သူ၏ညာခြေအားအနည်းငယ်နင်းချလိုက်သောအခါတွင် “ဘန်း”ဟူသာ အသံတစ်ခုကိုသာကြားလိုက်ရသည်။ ရှစ်ဖုန့်၏သာမန်ကာလျှံကာ နင်းကန်ချက်အော်တွင် ကြမ်းကြုတ်သော မြေဆူးချွန်မှာ ရုတ်တရက်အစိတ်စိတ်အမွှာမွှာကွဲကြေသွားပြီး အညစ်အကြေးအပိုင်းအစများအဖြစ်သို့ပြောင်းလဲသွားသည်။

မြေဆူးချွန်မှာရှစ်ဖုန့်၏ဖျက်ဆီးခြင်းအားခံလိုက်ရပြီးနောက် “ဝုန်း..ဝုန်း ..ဝုန်း..ဝုန်း..”ဟူသည့်အသံများ

ထွက်ပေါ်လာသည်။ ရုတ်ခြည်း ရှစ်ဖုန့်အောက်ရှိမြေပြင်ပေါ်တွင် နောက်ထပ်သိပ်သည်းသော များပြားသော ကြမ်းကြုတ်သည့် မြေဆူးချွန်များက မြေပြင်မှထွက်ပေါ်လာ၏။

ဤတစ်ကြိမ်တွင်လည်းယခင်ကကဲ့သို့ပင် ရှစ်ဖုန့်က သူ့အားအဆက်မပြတ်တိုက်ခိုက်

လာသောထိုမြေဆူးချွန်များအား

စောင့်ဆိုင်းနေခြင်းမရှိခင်အရင်ဆုံးရုတ်တရက် “ဝုန်း”ဆိုသောအသံနှင့်အတူ ဟင်းလင်းပြင်အားဆောင့်နင်းချလိုက်သည်။ မြေပြင်မှထွက်ပေါ်လာသော ထိုမြေဆူးချွန်များမှာ ရုတ်တရက်တစ်ချိန်တည်းမှာပင် အပိုင်းပိုင်းကျိုးပျက်သွားပြီး အပိုင်းအစအမှုန်များအဖြစ်ပြောင်းလဲသွားကာ မြေပြင်ပေါ်သို့ ပြန့်ကျဲသွားသည်။

ထောင်ပေါင်းများစွာသောဘုရင်နယ်ပယ် ယင်အလောင်းကောင်များ အသက်သွင်းထားသည့် မြေဓာတ်စွမ်းအားမှာ ရိုးရှင်းစွာပင် ရှစ်ဖုန့်၏ စွမ်းအားအားခုခံနိုင်ခြင်းမရှိချေ။

“သွား”

ဤအချိန်တွင် ရှစ်ဖုန့်က မကျယ်သောအသံဖြင့်ပြောလိုက်သည်။ ရှစ်ဖုန့်၏အသံနောက်သို့လိုက်ပါ၍ ဟင်းလင်းပြင်ထဲ၌ ရှစ်ဖုန့်အား ဗဟိုပြု လွင့်မျောနေသော ဖားလောင်းကဲ့သို့အသွင်သဏ္ဍန်ရှိသည့်

အဖြူရောင်ရုန်းများက မြေပြင်သို့ဦးတည်ကျဆင်းသွားကာ ထိုနေရာရှိထောင်ပေါင်းများစွာသော

ယင်အလောင်းကောင်များထံသို့ ဦးတည်သွားသည်။

ဤအချိန်တွင် ကောင်းကင်ထက်၌ သည်းထန်သောအဖြူရောင်မိုးပေါက်တို့နှင့်ပြည့်နှက်နေသကဲ့သို့ဖြစ်နေသည်။

“အုချ်..အုချ်..အုချ်.အုချ်..အုချ်”

ကျဆင်းလာသောအဖြူရောင်ရုန်းများအား ရင်ဆိုင်ရင်း ယင်အလောင်းဖုတ်ကောင်များ၏ အော်ဟစ်သံများကထပ်မံပေါက်

ကွဲထွက်လာသည်။ ဤအချိန်တွင် အချိန်တစ်ဝက်ခန့်အတွင်း

ယင်အလောင်းကောင်ငါးရာခန့်သို့ အဖြူရောင်ရုန်းများကဖြန်းပတ်

ကျရောက်သွားပြီး ရှစ်ဖုန့်၏ထိန်းချုပ်မှုအောက်သို့လုံးဝကျရောက်သွားကာ ရှစ်ဖုန့်၏ကျွန်များဖြစ်လာသည်။

ဟင်းလင်းပြင်ထဲတွင် အဖြူရောင်ရုန်းများက မြေပြင်ပေါ်သို့အဆက်မပြတ်ကျဆင်းနေပြီး ယင်အလောင်းကောင်များ၏

စူးစူးဝါးဝါးအော်ဟစ်သံများကလည်း ဤကမ္ဘာငယ်လေးအတွင်း ဆက်တိုက်ထွက်ပေါ်နေသည်။

“အုချ်..အုချ်..အုချ်..အုချ်..အုချ်”

အချိန်ခဏကြာပြီးနောက်တွင် ဟင်းလင်းပြင်ထဲ၌ ဝင့်ကြွားစွာရပ်နေသော ရှစ်ဖုန့်မှာ သူ၏လက်သင်္ကေတတို့အား ရုတ်သိမ်းလိုက်သည်။ ဤအချိန်တွင် သူ့ရှေ့မြေပြင်၌ရှိနေသော ယင်အလောင်းကောင်အားလုံးမှာ သူ၏ထိန်းချုပ်မှုအားခံလိုက်ရပြီးဖြစ်သည်။ ရှစ်ဖုန့်က ဂရုတစိုက်အာရုံခံလိုက်၏။ ရုတ်ခြည်း ဤတစ်ကြိမ်တွင်သူရိတ်သိမ်းရရှိခဲ့သော ယင်အလောင်းကောင်က တစ်ထောင်နှင့်ခုနှစ်ဆယ့်ခုနှစ်ကောင်ရှိပြီး ၎င်းတို့ထဲကအများစုက အဆင့်လေးဘုရင်နယ်ပယ်ယင်အ လောင်းကောင်များဖြစ်ကြသည်။

၎င်းတို့ထဲတွင် ယင်အလောင်းခန္ဓာကိုယ်တစ်ခုရှိနေပြီး ရှစ်ဖုန့်အာရုံခံကြည့်သောအခါတွင် ၎င်းက တကယ်ပဲ ၎င်း၏ပါရမီစွမ်းရည်အကန့်အသတ်ကို ကျော်ဖြတ်၍ သန္ဓေပြောင်းလဲကာ ဆင့်ကဲတိုးတက်ပြီးအဆင့် ငါးအင်ပါယာနယ်ပယ်သို့ရောက်ရှိနေသည်။ဤယင်အလောင်းကောင်အားထိပ်တန်းအရည်အသွေးအဆင့်ယင်အလောင်းကောင်အဖြစ် သတ်မှတ်၍ရနိုင်သည်ဖြစ်၏။

ရှစ်ဖုန့်က ထိုဘက်ခြမ်းသို့ကြည့်လိုက်သောအခါတွင် ထိုဘက်တွင်ရှိနေသော

ယင်အလောင်းကောင်အုပ်စုများကြားထဲမှ ၎င်းယင်အလောင်းကောင်က အခြားသူများနှင့်အနည်းငယ်ကွဲပြားနေသည်ကို တွေ့လိုက်ရသည်။

ထိုယင်အလောင်းကောင်က အခြားသောယင်အလောင်းကောင်များထက်အရပ်ပိုရှည်သည်ဖြစ်သ်။ ၎င်းကငယ်ရွယ်ပြီးနှစ်ဆယ်အစောပိုင်း

အရွယ်ခန့်သာရှိသေး၏။ ၎င်း၌သာမာန်အသွင်အပြင်ရှိပြီး နက်မှောင်သောအသားအရည်ရှိသည်။ ရပ်နေသောယင်အလောင်းကောင်များကြားထဲတွင်၎င်းက အုပ်စုအတွင်းမှ

ခွဲထွက်နေသည့်နှယ်ဖြစ်နေသည်။

“မင်းကအဲ့ယင်အလောင်းကောင်တွေနဲ့ ကွဲပြားတာမို့ ငါကမင်းကို နမည်တစ်ခုပေးမယ်. အခုကစပြီးမင်းကိုငါ ဟေးရှာလို့ခေါ်မယ်”

ရှစ်ဖုန့်ကတီးတိုးပြောဆိုလိုက်ပြီးနောက် အလောင်းပေါ်တွင် ဝိညာဉ်အမှတ်အသားကိုရိုက်ခတ်လိုက်သည်။

“ဂါး”

ရှစ်ဖုန့် စကားတို့က ဟေးရှာ၏ စိတ်ထဲ၌ ပဲ့တင်ရိုက်ခတ်သွားပြီး ထို့နောက်ချက်ချင်း ဟေးရှာက ကောင်းကင်ထက်သို့ခေါင်းကိုမော့လိုက်ကာ ရှစ်ဖုန့်၏စကားများအားပြန်တုန့်ပြန်သကဲ့သို့ ကျယ်လောင်စွာအော်ဟစ်လိုက်သည်။

အဆင့်ငါးယင်အလောင်းကောင်မှာ ၎င်းတို့၏စိတ်ဝိညာဉ်အသိဉာဏ်နိုးထလာသောအခါတွင် လမ်းလျှောက်ဖုတ်ကောင်များ သာသာသာရှိသည့် သားရဲရိုင်းများနှင့်မခြားသောအခြား ယင်အလောင်းများကဲ့သို့မဟုတ်ပေ။

ထို့နောက်ရှစ်ဖုန့်ကသူ၏ ဘယ်လက်အားဖွင့်လိုက်ပြီး ထိုဘက်တွင်ရှိနေသော ယင်အလောင်းကောင်အုပ်စုထံသို့ ထိုးညွှန်လိုက်သည်။ ရုတ်ခြည်းဧရာမသွေးနီရောင်အလင်းတန်းကြီးတစ်ခုကလင်းလက်တောက်ပလာသည်။ ရှစ်ဖုန့်၏ထိန်းချုပ်ခြင်းကိုခံလိုက်ရသော ယင်အလောင်းဖုတ်ကောင်အားလုံးမှာ ရှစ်ဖုန့်၏သွေးကျောက်ပြားနေရာလွတ်အတွင်းသို့စုပ်ယူခံလိုက်ရသည်။

သွေးကျောက်ပြားနေရာလွတ်ကမ္ဘာအတွင်းတွင်ရှစ်ဖုန့်ကဤယင်အလောင်းကောင်များအတွက် နေရာတစ်ခုကိုသီးသန့်ခွဲခြားထားသည်။ ဤယင်အလောင်ကောင်များမှထုတ်လွှတ်သောသေခြင်းယင်စွမ်းအားများက ဤနေရာ၌သိပ်သည်းလာပြီးလျှင် သူ့အတွက်စုပ်ယူ၍ ကျင့်ကြံခြင်းကိုပြုလုပ်နိုင်သည်ဖြစ်သည်။အနာဂတ်တွင် တပည့်များ ၊ ငရဲဘုံကိုးခု အဆက်အနွယ်မြေးတပည့်များလည်းဤနေရာ၌ကျင့်ကြံခြင်းကိုပြုလုပ်နိုင်လိမ့်မည်ဖြစ်သည်။

အစောပိုင်းကရွှယ်ဝူဟမ်ပြောခဲ့သကဲ့သို့ပင် ဤကမ္ဘာ၌ငရဲဘုံကိုးခုပညာရပ်အား ကျင့်ကြံခြင်းက အဆပေါင်းများစွာပို၍ ကောင်းမွန်သာလွန်သည်ဖြစ်သည်။

ထောင်ပေါင်းများစွာသောယင်အလောင်းကောင်များပျောက်ကွယ်သွားကြပြီး ခြောက်သွေ့အက်ကွဲနေသောမြေပြင်ထက်၌ ရှုပ်ပွမှုများသာကျန်ရစ်ခဲ့သည်။

ဤအချိန်တွင်အဖြူရောင်ပုံရိပ်တစ်ခုက ရှစ်ဖုန့်၏နောက်၌ပေါ်လာသည်။၎င်းမှာရွှယ်ဝူဟမ်ဖြစ်ပြီးရှစ်ဖုန့်၏ဘေးသို့လာကာ ရှစ်ဖုန့်အားပြုံးပြ၍ ဂုဏ်ပြုစကားဆိုလိုက်သည်။

“ဒီထောင်နဲ့ချီတဲ့ယင်အလောင်းကောင်တွေကို အနိုင်ယူနိုင်ခဲ့တဲ့အတွက် ဂုဏ်ပြုပါတယ်သခင်လေးဖုန့် “

ရွှယ်ဝူဟမ်၏ စကားအားကြားလိုက်ရသောအခါတွင် ရှစ်ဖုန့်ကလည်းရယ်မောလိုက်ပြီး ပြောလိုက်သည်။

“ဒါကအစပဲရှိသေးတယ်..ရှေ့မှာ ဒီထက်ပိုပြီးတော့ခမ်းနားတဲ့ အရှိန်အဝါကို အာရုံခံထားမိပြီးပြီ.. ယင်အလောင်းကောင်အရေအတွက်က ဒီထက်တောင်ပိုများအုံးမယ်”

ဤအချိန်တွင် သွေးသောက်ဓားကရှစ်ဖုန့်၏လက်အတွင်း၌ ထပ်မံပေါ်လာသည်။ ရှစ်ဖုန့်ကတုန်ခါနေသော သွေးသောက်ဓားအားဖြတ်သန်း အာရုံခံလိုက်သည်။မြင့်မြတ်ဓား၏အပိုင်းအစက ရှေ့တွင်ရှိလောက်သည်ဖြစ်သည်။

ရှစ်ဖုန့်၏ စကားများအားနားထောင်ပြီးနောက်ရွှယ်ဝူဟမ်ကလည်းရှေ့သို့ကြည့်လိုက်ပြီး ပြုံးကာပြေလိုက်သည်။

“ဒါဆိုလဲတို့တွေဘာကိုစောင့်နေမှာလဲ.. သွားကြစို့”

ရှစ်ဖုန့်က နောက်တစ်ကြိမ်လှုပ်ရှားလိုက်ပြီး သူအာရုံခံမိရာဦးတည်ချက်သို့လျှင်မြန်စွာဖြင့် ရွှတ်ခနဲဦးတည်သွားသည်။

ရှစ်ဖုန့်၏ပုံရိပ်လှုပ်ရှားသွားသည်နှင့်ရွှယ်ဝူဟမ်ကလည်း နောက်မှချက်ချင်းလိုက်ပါလာသည်။

ပုံရိပ်နှစ်ခုကခြောက်သွေ့အက်ကွဲနေသောကုန်းမြေများအား ပျံသန်းဖြတ်သန်းလာသည်။ ဤအချိန်တွင် ကောင်းကင်နှင့်မြေပြင်ကြားထဲ၌ထီးထီးကြီးရပ်တည်နေသော ဆယ်မီတာခန့်မြင့်မားသည့် ကျောက်ပြားကြီးတစ်ခုက ရှစ်ဖုန့်နှင့်ရွှယ်ဝူဟမ်တို့၏မြင်ကွင်းအတွင်း ၌ပေါ်လာ၏။

“ဟမ်. ..မော်ကွန်းကျောက်ပြားလား”

ကျောက်ပြားအားမြင်လိုက်ရသောအခါတွင် ရွှယ်ဝူဟမ်ကမျက်မှောင်ကြုတ်လိုက်ပြီး ရှစ်ဖုန့်ဘက်သို့လှည့်၍ပြောလိုက်သည်။

“တစ်ချက်သွားပြီးကြည့်တာပေါ့”

ရှစ်ဖုန့်ကပြောလိုက်သည်။ထို့နောက် ချက်ချင်းနှစ်ဦးသာ အရှိန်ကိုမြှင့်တင်၍ ဟင်းလင်းပြင်အားထိုးခွင်းဖြတ်သန်းပြီး မကြာခင်တွင် ကြီးမားသောမော်ကွန်းကျောက်ပြားကြီး၏ရှေ့သို့ရောက်ရှိလာသည်။

“ဒီမှာရပ်လိုက်”

ဤစကားလုံး လေးလုံးအား ကျောက်ပြားပေါ်တွင် ထွင်းထုရေးထားသည်။ ဤစကားလုံးလေးခုအားမြင်လိုက်ရသောအခါတွင် ရွှယ်ဝူဟမ်က တီးတိုးရေရွတ်လိုက်သည်။

ထို့နောက် နှစ်ယောက်သား ၎င်းတို့၏ခေါင်းများကိုအထက်မှအောက်သို့နှိမ့်လာပြီး ကျောက်ပြားပေါ်ရှိ ထွင်းထုရေးထိုးထားသော လက်သီးဆုပ်အရွယ်စာလုံးများအား

ကြည့်လိုက်ကြသည်။

“ငါ. ချူးဟောက်ထျန်း ဟာ အလောင်းဧကရာဇ်ရဲ့ အစေခံတစ်ဦးဖြစ်တယ်”

“အလောင်းထိန်းချုပ်ခြင်းဧကရာဇ်”

အလောင်းထိန်းချုပ်ခြင်းဧကရာဇ်ဟူသော စကားလုံးများအားမြင်တွေ့လိုက်ရသော အခါတွင် ရွှယ်ဝူဟမ်၏မျက်နှာထက်၌ တုန်လှုပ်အံ့အားသင့်သော်အမူအယာတစ်ခု ဖြစ်ပေါ်လာသည်။ ရွှယ်ဝူဟမ်မှာ ၎င်းနမည်အား ရှေးဟောင်းစာအုပ်တစ်ခုအတွင်း၌ တစ်ကြိမ်မြင်တွေ့ဖူးသည်ဖြစ်သည်။

“ဒါကလွန်ခဲ့တဲ့နှစ်တစ်ထောင်လောက်တုံးက စွမ်းအားကြီးဧကရာဇ်တစ်ပါးပဲ”

အရှေ့ပိုင်းဒေသကြီး၏သမိုင်းအားမှတ်တမ်းတင်ထားမှုတွင် ကောလဟာလများအရ အလောင်းထိန်းချုပ်ခြင်းဧကရာဇ်မှာထိုအချိန်က အရှေ့ပိုင်းဒေသကြီးအတွင်းအစွမ်း အထက်ဆုံးသော ပုဂ္ဂိုလ်တစ်ယောက်ဖြစ်သည်ဟုဆိုသည်။ ၎င်းက ယင်အလောင်းများအားထိန်းချုပ်သည့်ဆန်းကြယ်သောပညာရပ်အားကျင့်ကြံသည်ဖြစ်သည်။

All Chapters