← Chapters

အခန်း (၆၀၀)

Vol. 40 Ch. 600

အခန်း (၆၀၀)

Vol. 40 Ch. 600

ယင်အလောင်းကောင် တစ်ထောင့်ငါးရာနှစ်ဆယ့်နှစ်ကောင်အား စုဆောင်းပြီးနောက် ဤအချိန်တွင်ရှစ်ဖုန့်၏မျက်နှာက ရုတ်တရက်လေးနက်လာပြီး သူ၏ခေါင်းအားမော့၍ ခြောက်သွေ့သောကုန်းမြေပေါ်ရှိအ ကန့်သတ်မဲ့ဦးတည်ချက်အကွာအ ဝေးထံသို့ကြည့်လိုက်သည်။

“ဘန်း..ဘန်း..ဘန်း..ဘန်း”

သတ္ထုချင်းထိခတ်သည့်အသံကဲ့သို့ အသံက တစ်ခုပြီးတစ်ခု အကွာအဝေးတစ်ခုမှထွက်ပေါ်လာသည်။

ရှစ်ဖုန့်က ထိုဦးတည်ချက်ဘက်သို့ကြည့်လိုက်ပြီး သွေးသောက်ဓားကသူ၏ လက်ထဲ၌ထပ်မံပေါ်လာသည်။ သွေးသောက်ဓားအား ဖြတ်သန်း၍ရှစ်ဖုန့်အာရုံခံလိုက်သောအခါ၌သတ္ထုထိခတ်သံထွက်နေသည့်တူညီသောဦးတည်ချက်၌ပင်မြင့်မြတ်ဓားအပိုင်းအစကရှိနေ၏။

“သခင်လေးဖုန့်. အဲ့ကလာနေတာကဘာအသံလဲ”

ရွှယ်ဝူဟမ်ကရှစ်ဖုန့်၏ဘေးသို့လာပြီး သတ္ထုထိခတ်သံထွက်ပေါ်လာရာဦးတည်ချက်သို့ကြည့်၍ ရှစ်ဖုန့်ကိုပြောလိုက်သည်။

“ဒီအသံကအလောင်းကောင်ဧကရာဇ်လှုပ်ရှားမှုကြောင့်ထွက်လာတဲ့အသံဖြစ်လောက်တယ်”

ရှစ်ဖုန့်ကပြောလိုက်သည်။

“သွားကြစို့ ..မင်းသေရမှာမကြောက်ဖူးဆိုရင်သွားပြီးတော့တစ်ချက်ကြည့်တာပေါ့”

ရွှယ်ဝူဟမ်မှာရှစ်ဖုန့်၏စကားအား ကြားပြီးနောက်တွင် သူ၏ခေါင်းအားခါယမ်းလိုက်ပြီး နောက်ပြုံးလိုက်သည်။

“တကယ်တော့တို့တွေကသေခြင်းတရား ကိုကြောက်ကြတာပဲ..ဒါပေမဲ့ ဒီနေရာကိုရောက်နေပြီပဲဟာ တစ်ချက်လောက်တောသွားကြည့်ရမှာပေါ့”

ထို့နောက်ရှစ်ဖုန့်နှင့်ရွှယ်ဝူဟမ်တို့ကတစ်ချက်လှုပ်ရှားလိုက်ပြီး လေကိုဆက်လက်ထိုးခွင်း၍ သတ္ထုထိခတ်သံထွက်ပေါ်လာရာဦးတည်ချက်သို့ပျံသန်းသွားလိုက်သည်။

“ဝုန်း..ဝုန်း”

ရှစ်ဖုန့်နှင့်ရွှယ်ဝူဟမ်တို့က ရွှေ့သို့ချီတက်နေသကဲ့သို့ သတ္ထုထိခတ်သံကလည်းပို၍ ကျယ်လောင်လာပြီးပို၍ ပြင်းထန်လာသည်။

“အုချ်”

ရှေးခေတ်အချိန်ကာလကကြမ်းကြုတ်သော သားရဲရိုင်းတစ်ကောင်ကဲ့သို့ အော်သံတစ်ခုက ရုတ်တရက်ထွက်ပေါ်လာသည်။

“ဝုန်း..ဝုန်း”

အသံကမြည်ဟိန်းထွက်ပေါ်နေသကဲ့သို့ မြေပြင်ကလည်းရုတ်တရက်ကြွတက် လှုပ်ခါလာပြီး ပြင်းထန်စွာ ရုန်းရင်းဆန်ခတ်ဖြစ်လာသည်။

အဆုံးမရှိပြန့်ကားနေသာဦးတည်ချက်နှင့်

ရုန်းရင်းဆန်ခတ်ဖြစ်နေသော အခြေအနေကိုကြည့်ရင်းရွှယ်ဝူဟမ်က

ပြောလိုက်သည်။

“ ဒီလှုပ်ရှားမှုက အလောင်းကောင်ဧကရာဇ်ကြောင့်ဖြစ်တယ်ဆိုတာကိုသံသယဝင်စရာမလိုဘူးနဲ့တူတယ်..”

ပျံသန်းနေရင်းသူ့ဘေးမှရွှယ်ဝူဟမ်၏ စကားအားကြားရသောအခါတွင် ရှစ်ဖုန့်က ခေါင်းညိမ့်လိုက်ပြီးပြေလိုက်သည်။

“အဲ့အရာ တို့တွေနဲ့မဝေးလောက်ဘူး”

ထို့နောက်နှစ်ယောက်သားပျံသန်းနေသောအရှိန်ကိုမြှင့်လိုက်သည်။ ဤကမ္ဘာအတွင်းအချိန်တိုတစ်ခုအတိုင်းအတာအထိပျံသန်းပြီးနောက် ကောင်းကင်ထဲ၌ တိုင်ကြီးတစ်ခုပေါ်လာသည်။ တစ်ချက်ကြည့်လိုက်ရုံနှင့်သူတို့၏ရှေ့၌

ထီးထီးကြီးရပ်တည်နေသော ကောင်းကင်နှင့်မြေပြင်အား

ဆက်သွယ်ထားပုံရသည့် ဧရာမအနက်ရောင်သံမဏိတိုင်လုံးကြီးတစ်ခုကိုနှစ်ဦးသားတွေ့လိုက်ရသည်။

“အဲ့နေရာဖြစ်ပုံပဲ”

ရှစ်ဖုန့်က အနက်ရောင်သံမဏိတိုင်လုံးကြီးအားကြည့်၍တီးတိုးရေရွတ်လိုက်သည်။

“အုချ်..အုချ်..အုချ်..အုချ်”

ဒေါသထွက်လာနေသည့် ကြမ်းကြုတ်သောသားရဲတစ်ကောင်ကဲ့သို့ ပြင်းထန်သည့်ဟိန်းသံက ကောင်းကင်နှင့်မြေပြင်ကြားထဲ၌ ပြင်းထန်စွာရိုက်ခတ်ထွက်ပေါ်နေသည်။

မြေပြင်က နောက်တစ်ကြိမ်ပြင်းထန်စွာယိမ်းထိုးမြည်ဟိန်းလာသည်။

ရှစ်ဖုန့်နှင့်ရွှယ်ဝူဟမ်တို့ အနက်ရောင်သံမဏိတိုင်လုံးကြီးနားသို့ရောက်လာသောအခါတွင် အနက်ရောင်သံမဏိတိုင်လုံးကြီးအောက်၌ ကိုယ်ဗလာကျင်းနှင့်နီရဲသောသွေးကြောများရှိကာ မီးသွေးခဲကဲ့သို့မည်းနက်သော အနက်ရောင်အသားအရည်နှင့်ပုံရိပ်တစ်ခုအား မြင်တွေ့လိုက်ရသည်။

“အဲ့တာကအလောင်းကောင်ဧကရာဇ်လား”

အနက်ရောင်အသားအရည်အနီရောင်

သွေးကြောများနှင့်ပုံရိပ်အားတွေ့လိုက်ရသောအခါတွင် ရွှယ်ဝူဟမ်ကတီးတိုးရေရွတ်လိုက်သည်။

“စွမ်းအားကြီးလိုက်တဲ့အရှိန်အဝါတစ်ခုပဲ..

အလောင်းကောင်ဧကရာဇ်”

နက်မှောင်သောပုံရိပ်အားကြည့်၍ ရှစ်ဖုန့်ကလည်းပြောလိုက်သည်။အနီရောင်သွေးကြောများနှင့်အနက်ရောင်ပုံရိပ်အား အနက်ရောင်သံမဏိချိန်းကြိုးများဖြင့်

ဖုံးလွှမ်းထားသည်ကိုရှစ်ဖုန့်တွေ့လိုက်ရသည်။

၎င်း၏လက်၊ခြေ၊ဒူး၊လည်ပင်း၊ ရင်ဘက်၊ခါးနှင့်ဝမ်းဗိုက်တို့အား ဓားမြှောင်ကဲ့သို့သော အနက်ရောင်သံရှည်တစ်ခုစီဖြင့်ထိုးသွင်းထား၍ အနက်ရောင်သံမဏိတိုင်လုံးတွင် ရိုက်နှက် စိုက်ထားသည်။

၎င်း၏မျက်ခုံးနှစ်ခုကြားထဲတွင် မည်းနက်သောနှဖူးထက်၌ ထိုးသွင်းထားကာ နောက်ရှိ အနက်ရောင်သံမဏိတိုင်လုံးဖြင့် တွဲ၍ စိုက်ထားသော သွေးရောင်ဓားမြှောင်တစ်ချောင်းအားရှစ်ဖုန့်တွေ့လိုက်ရသည်။

“မြင့်မြတ်ဓားအပိုင်းအစ”

အလောင်းကောင်ဧကရာဇ်၏မျက်ခုံးနှစ်ခုကြားတွင်ထိုးသွင်းထားသောသွေးရောင်

ဓားမြှောင်အားတွေ့ရသောအခါတွင် တစ်ချက်ကြည့်ရုံဖြင့်၎င်းကမြင့်မြတ်ဓားအပိုင်းအစဖြင့်ပြုလုပ်ထားသောဓားမြှောင်ဖြစ်သည်ကိုရှစ်ဖုန့်သိလိုက်သည်။

“အဲ့အချိန်တုံးက အလောင်းထိန်းချုပ်ခြင်းဧကရာဇ်က ဒီမြင့်မြတ်ဓားရဲ့အပိုင်းအစကိုရခဲ့တဲ့ပုံပဲ..အဲ့တာကိုဓားမြှောင်အသွင်ပြုလုပ်ပြီးတော့ အလောင်းကောင်ဧကရာဇ်ကို

ဆီးလ်ခတ်တဲ့နေရာမှာဓားမြှောင်တွေထဲကတစ်ခုအဖြစ်အသုံးပြုခဲ့တယ်..”

ရှစ်ဖုန့်ကပြောလိုက်သည်။

ရွှယ်ဝူဟမ်မှာလည်း အလောင်းကောင်ဧကရာဇ်၏

မျက်ခုံးနှစ်ခုကြားထဲ၌ ထိုးသွင်းစိုက်ထားသောသွေးရောင်

ဓားမြှောင်ကိုမြင်တွေ့လိုက်ပြီးနောက် ရှစ်ဖုန့်၏လက်အတွင်းရှိ သွေးသောက်ဓားကိုကြည့်၍ မေးလိုက်သည်။

“သခင်လေးဖုန့် ဒီဓားမြှောင်က သခင်လေးရှာနေတဲ့ဆန်းကြယ်တဲ့လက်နက်ဖြစ်တဲ့ အပိုင်းအစလား”

“အတိအကျပဲ”

ရှစ်ဖုန့်ကခေါင်းညိမ့်ပြီးတုန့်ပြန်လိုက်သည်။

“အဲ့တာကိုအခုရဖို့ကမလွယ်ဘူး”

ရွှယ်ဝူဟမ်က ခေါင်းကိုခါယမ်းလက်ပြီးပြောလိုက်သည်။ အလောင်းကောင်ဧကရာဇ်မှာ

ဆီးခတ်ခံထားရသော်လည်း ထိုအရာကထိုဆီးလ်ခတ်ထားသော

နေရာ၌ရှိနေသည်ဆိုလျှင် သူတို့အနေဖြင့်ဓားမြှောင်အားသွား

ပြီးယူရဲခြင်းရှိမည်မဟုတ်ပေ။

“အုချ်..အုချ်..အုချ်..အုချ်”

ဤအချိန်တွင်အလောင်းကောင်ဧကရာဇ်က ထပ်မံ ခက်ထန်လာပြီး သူ၏မျက်နှာထက်ရှိ ကြမ်းကြုတ်သောအသွင်နှင့်အတူ ကောင်းကင်ထဲသို့မော့၍ အော်ဟစ်မြည်တမ်းလိုက်သည်။ သူ၏ကိုယ်ကလည်းအပြင်းအထန်ရုန်းကန်ကာတုန်ယင်နေသည်။

“ဘန်း.ဘန်း.ဘန်း.ဘန်း.ဘန်း”

၎င်းအားဆီးလ်ခတ်ထားသည်တောင် ၎င်း၏အပြင်းအထန်ရုန်းကန်မှုအောက်တွင် အလောင်းကောင်ဧကရာဇ်၏ခန္ဓာကိုယ်က ရုဏ်းကြွနေဆဲဖြစ်သည်။သူ၏ကိုယ်ပေါ်ရှိ အနက်ရောင်သံမဏိချိန်းကြိုးများနှင့်

သူ၏နောက်ဘက်ရှိ အနက်ရောင်သံမဏိတိုင်လုံးကြီးက အဆက်မပြတ်ပြင်းထန်စွာထိခတ်ပြီးသတ္ထုထိခတ်သံများအားထွက်ပေါ်လာစေသည်။

မြေပြင်ကထပ်မံအုံကြွလာပြီး အလောင်းကောင်ဧကရာဇ်၏လှုပ်ရှားမှုအောက်တွင် တုန်ခါလာသည်။

“အုချ်..အုချ်..အုချ်”

ရှစ်ဖုန့်ကလေးနက်သောမျက်နှာထားဖြင့် အောက်ဘက်ရှိခက်ထန်နေသောအလောင်း

ကောင်ဧကရာဇ်အား ကြည့်နေသည်။

ရှစ်ဖုန့်ကတစ်စုံတစ်ခုအားတွေးတောနေသကဲ့သို့ အာစေးမိသလိုဖြစ်နေသည်အား

တွေ့ရသောအခါတွင် ရွှယ်ဝူဟမ်ကလည်းစကားပြောခြင်းကိုရပ်တန့်၍ ရှစ်ဖုန့်အား နှောက်ယှက်ခြင်းမပြုပေ။

“အုချ်..လူသားမျိုးနွယ်..လူသားမျိုးနွယ်”

ဤအချိန်တွင် ကောင်းကင်ထဲသို့မော့၍ ဟစ်အော်နေသောအလောင်းကောင်ဧကရာဇ်မှာ ရှစ်ဖုန့်နှင့်ရွှယ်ဝူဟမ်တို့အားမြင်တွေ့လိုက်ရပြီး ထူးဆန်းပြီးနားမချမ်းသာသည့်အော်သံတစ်ခုကိုပြုလုပ်လိုက်သည်။၎င်းမှာဤကမ္ဘာအားယခုမှထိတွေ့ရသောလူတစ်ယောက်ကဲ့သို့မပြေမပြစ် ဖြစ်နေ၏။တောင်ပေါ်နှင့် တောအုပ်အတွင်းနှစ်ပေါင်းများစွာ စကားမပြောပဲနေသောလူရိုင်းတစ်ယောက်က ယခုမှရုတ်ခြည်းထ၍ စကားပြောသကဲ့သို့ပင်ဖြစ်သည်။

“လူသားမျိုးနွယ်.. ငါ့ဆီးလ်ကိုဖြည်ပေး. ပြီးရင် ငါမင်းကိုစွမ်းအားကြီး စွမ်းအင်တွေရအောင်လုပ်ပေးမယ်”

အလောင်းကောင်ဧကရာဇ်က ထူးဆန်းသောအသံဖြင့် အော်ဟစ်၍ထပ်မံပြောဆိုနေသည်။

“ဒီမှာစောင့်နေပါ”

ရှစ်ဖုန့်က ခေါင်းလှည့်လိုက်ပြီးရွှယ်ဝူဟမ်အားပြောလိုက်သည်။

ရှစ်ဖုန့်ပြောသည်အားကြား လိုက်ရသောအခါတွင်ရွှယ်ဝူဟမ်က မေးလိုက်သည်။

“ဆန်းကြယ်တဲ့လက်နက်အပိုင်းအစကိုရဖို့နည်းလမ်းတစ်ခုကိုသခင်လေးတွေးမိလို့လား”

ရွှယ်ဝူဟမ်ကရှစ်ဖုန့်အားကြည့်လိုက်သည်။

ရှစ်ဖုန့်က ပုံမှန်အတိုင်းခြားနားမှုမရှိသော်လည်း ဤအချိန်တွင်ရွှယ်ဝူဟမ်မှာ ရှစ်ဖုန့်၏ခြားနားမှုမရှိသောမျက်နှာထက်၌ ကိုယ့်ကိုယ်ကိုယ်ယုံကြည်ချက်ရှိနေသည့်သဲလွန်စအနည်းငယ်ကိုခံစားလိုက်ရသည်။

ထို့နောက်ရှစ်ဖုန့်က ခေါင်းညိမ့်ပြီးသူ့အား ပြောသည်ကိုရွှယ်ဝူဟမ်တွေ့လိုက်ရသည်။

“အဆင်ပြေလောက်မှာပါ”

ထို့နောက်ရှစ်ဖုန့်ကလှုပ်ရှားသွားပြီး အောက်ဘက်ရှိပြင်းထန်စွာလှုပ်ခါ နေသောမြေပြင်သို့ဆင်းသွားသည်။

ရှစ်ဖုန့်မြေပြင်ပေါ်သို့ဆင်းသက်ပြီးနောက် လှုပ်ခါနေသောမြေပြင်ထက်၌ ယိမ်းထိုးလျှက်တစ်လှမ်းချင်း သူ့ရှေ့ရှိဆီးလ်ခတ်ထားသောအလောင်းကောင်ဧကရာဇ်ထံသို့လျှောက်သွားလိုက်သည်။

“လူသား..လူသားမျိုးနွယ်.. ငါ့ဆီးလ်ကိုဖြည်ပေး.. ငါ့ဆီးလ်ကိုမြန်မြန်ဖြည်ပေး.. ငါ့ကိုမင်းလွှတ်ပေးတာနဲ့ ငါချက်ချင်းမင်းကိုစွမ်းအား ကြီးစွမ်းအင်ကိုပေးမယ်”

အလောင်းကောင်ဧကရာဇ်မှာရှစ်ဖုန့်ကသူ့ထံသို့တစ်လှမ်းချင်းလျှောက်လှမ်းလာနေသည်ကို တွေ့လိုက်ရပြီး အလျှင်အမြန်ပြောလိုက်သည်။ သူထပ်မံပြောသောအခါတွင် အနည်းငယ်တိုက်တွန်းသံပါဝင်နေပြီး ပျော်ရွှင်မှုစိတ်လှုပ်ရှားမှုတို့ပင် ရောပြွန်းနေသည်။သူရုတ်ခြည်းပြောလာသောစကားလုံးများပင်ပို၍ချောမွေ့လာ၏။

“နှစ်တွေဘယ်လောက်ကြာပြီလဲ. ငါဒီမှဆီးလ်ခတ်ခံထားရပြီး ငါ့ရဲ့လွတ်လပ်မှုကိုမရေတွတ်နိုင်တဲ့နှစ်များစွာဆုံးရှုံးခဲ့ရတယ်”

သို့သော် သူ့ထံသို့တစ်လှမ်းချင်း လျှောက်လှမ်းလာနေသော လူသားက သူနှင့်ဆယ်မီတာအကွာသို့ ရောက်သောအခါတွင် လျှောက်လှမ်းနေရာမှရပ်တန့်လိုက်သည်ကို အလောင်းကောင်ဧကရာဇ် ရုတ်တရက်တွေ့လိုက်ရသည်။

ဤလူသားရပ်တန့်လိုက်သည် ကိုတွေ့ရသောအခါတွင် အလောင်းကောင်ဧကရာဇ်၏ အမူအယာကပြောင်းလဲသွားပြီး ခက်ထန်ကြမ်းကြုတ်မှုကိုပြသကာ ဒေါသတကြီးအော်ဟစ်လိုက်သည်။

“လူသားမျိုးနွယ်.. မင်းဘာလုပ်နေတာလဲ..ဒီကိုမြန်မြန်လာခဲ့.. ငါ့ဆီးလ်ကိုမြန်မြန်ဖြည်ပေး..ငါမင်းကိုကြီးမားတဲ့စွမ်းအားတွေပေးနိုင်တယ်..စွမ်းအား.. ဒီကိုမြန်မြန်လေးလာခဲ့”

ခက်ထန်မှုတို့ထပ်မံပြောင်းလဲသွား သောအလောင်းကောင်ဧကရာဇ်၏မျက်နှာအား ရှစ်ဖုန့်ထပ်မံကြည့်လိုက်ပြီးသူ၏လက်တို့ဖြင့် ဆီးလ်တစ်ခုအားပုံဖော်လိုက်သည်။ ခဏကြာပြီးနောက်တွင် ရှစ်ဖုန့်၏လက်သင်္ကေတဆီးကို ဖယ်ရှားလိုက်ပြီးရှစ်ဖုန့်၏ဘယ်ဘက်လက်ဖဝါးအထက်၌ ဖားလောင်းကဲ့သို့သော အဖြူရောင်ရုန်းတစ်ခုပေါ်လာကာ ရှစ်ဖုန့်၏လက်ဖဝါးပေါ်၌ ဖြည်းညှင်းစွာဖားလောင်းကဲ့သို့ကူးလူးနေသည်။

All Chapters