← Chapters

မင်းရဲ့လူတွေက အမှိုက်တွေပဲ

Vol. 84 Ch. 1161

မင်းရဲ့လူတွေက အမှိုက်တွေပဲ

Vol. 84 Ch. 1161

ဘန်း…

ဟေးရှောင်နှင့်ရွှယ်ရှတို့က စတိုးဆိုင်ဝင်ပေါက်၌ ရုတ်တရက် ထွက်ပေါ်လာပြီး အိုဇာဝါမန်ဇို၏လမ်းကြေင်းအား တိုက်ရိုက်တားဆီးလိုက်သည်။ သူတို့နှစ်ယောက်လုံးက ခွန်အားပြည့်မသုံးဘဲ သူတို့၏ခန္ဓာကိုယ်အား ထိန်းချုပ်ထားကြသည်၊ ထိပ်တိုက်ရင်ဆိုင်ပြီးနောက် သူတို့က နောက်သို့ လွင့်ထွက်သွားကြ၏။

“အမ်…”

အိုဇာဝါက ထန်ရှုနှင့်ကူဝါကိုတို့အား လိုက်ရာမှ ရပ်တန့်ကာ သူတို့အား အံ့အားသင့်သောမျက်နှာနှင့် တစ်ချက်ကြည့်လိုက်သည်။ သူ့အား တားဆီးခဲ့သည့် ဤလူနှစ်ယောက်က ကျင့်ကြံသူများဖြစ်ကြသည်ဟု သူက ပြောနိုင်၏။ သူတို့၏ခွန်အားက အားနည်းပုံရသော်လည်း ဒါက သေချာသည်။

ကြမ်းပြင်ပေါ်သို့ ကျပြီးနောက် ဟေးရှောင်နှင့်ရွှယ်ရှတို့က လျင်မြန်စွာ ခုန်ထကာ အိုဇာဝါမန်ဇိုအား ကြောက်ရွံ့သောမျက်နှာများနှင့် ကြည့်လိုက်ကြ၏။ ထို့နောက် သူတို့က ထန်ရှုထံ ကမန်းကတန်း ပြေးသွား၏။ လိုက်မီပြီးနောက် ရွှယ်ရှက အော်ပြောလိုက်၏ “သခင်လေး၊ အဲဒီအကောင်က အားကောင်းလွန်းတယ်။ ငါတို့ အမြန်ဆုံး ထွက်ပြေးရမယ်…”

အိုဇာဝါ၏ပုံရိပ်က သူတို့နောက်သို့ လျင်မြန်စွာ လိုက်သွားသည်။ ချက်ချင်းလျှင်ပင် ရွှယ်ရှနှင့်ဟေးရှောင်တို့က ထန်ရှုနှင့်ကူဝါကိုတို့၏လက်မောင်းအား လျင်မြန်စွာ ဆုပ်ကိုင်ကာ အနီးနားရှိ ပြတင်းပေါက်သို့ ပြေးသွား၏။ နောက်အခိုက်အတန့်တွင် သူတို့၏ခန္ဓာကိုယ်များက ပြတင်းမှန်အား တိုက်ခွဲကာ အဆောက်အဉီးမှ လျင်မြန်စွာ ခုန်ချသွားသည်။

‘တောက်ခွေးကောင်တွေ…”

အိုဇာဝါက ခုန်ချကာ သူတို့အား လိုက်ချင်သော်လည်း သူက ကျင့်ကြံသူတစ်ယောက်ဖြစ်ကြောင်း အထောက်အထားအား ဖုံးကွယ်ထားချင်သည်။ သူက ပြတင်းပေါက်အရှေ့၌ ရပ်လိုက်သည်။ ထို့နောက် အောက်သို့ ငုံ့ကြည့်လိုက်၏၊ ထိုလေးယောက်က ကားထဲသို့ လျင်မြန်စွာ ပြေးဝင်လျက် မောင်းထွက်သွားကြသည်။

“အပြေးမြန်ကြတယ်ပေါ့၊ ဟမ့်။ မင်းတို့က ဘယ်လောက်ပဲ မြန်မြန်၊ မင်းတို့က ကျင့်ကြံသူတစ်ယောက်လက်မှ မလွတ်မြောက်နိုင်ပါဘူး။ အင်နာဒါသိုင်းသင်တန်းကျောင်းနဲ့ဒါခူရာဆာခူရာဂီလား။ ဒီအကောင်နဲ့သူ့ရဲ့ဒိုဂျိုက ငါ့ကို ပြဿနာရှာရဲတာပေါ့။ မင်းတို့အားလုံးက အသက်ရှင်ရတာ ပင်ပန်းနေကြတာပဲ”

ဆက်နေလိုစိတ်မရှိတော့ဘဲ ထိုကျင့်ကြံသူများ၏အသွင်အပြင်အရ ယနေ့အဖြစ်အပျက်နှင့်ပတ်သက်ပြီး တစ်ခုခုမင်္ကာဖွယ်ရာရှိသည်ကို အိုဇာဝါက ခံစားမိသည်။ ထိုအကောင်၏အထောက်အထားအား ဖော်ထုတ်ရန်အတွက် သူက အင်နာဒါသိုင်းသင်တန်းကျောင်းသို့ အမြန်ဆုံး ပြေးသွား၏။

“ဟန်နီ၊ ငါ့ကို စောင့်ပါအုံး…”

အမျိုးသမီးက အထဲမှ လျင်မြန်စွာ ပြေးထွက်လာပြီး ထိတ်လန့်တကြား ပြောလိုက်၏ “ရှင်က တကယ်ကို အားကောင်းတာပဲ၊ အချစ်။ စူပါမန်းနဲ့တောင် တူတယ်။ အာ၊ ကျွန်မအတွက် အဲဒီစိန်လက်စွပ်နဲ့ပလက်တီနမ်လည်ဆွဲကို မဝယ်ပေးတော့ဘူးလား”

“ပါးစပ်ပိတ်ထားစမ်း…”

အကြောင်းပြချက်မရှိဘဲ ရန်သူများနှင့် လာတွေ့ရသည့်အတွက် အိုဇာဝါက ဒေါသထွက်နေ၏။ ယခု အမျိုးသမီးက ထိုကဲ့သို့ပြောလိုက်သည်ကို ကြားရသောအခါ သူက သူမအား ပါးရိုက်လိုက်သည်။ ထို့နောက် သူက သူမ၏လက်အား ချက်ချင်းဆွဲကာ သုတ်ခြေတင်လျက် လျင်မြန်စွာ ထွက်လာ၏။

နာရီဝက်ကြာပြီးနောက် အင်နာဒါသိုင်းသင်တန်းကျောင်း၏ဂိတ်ပေါက်တွင်။ အဝေးမှ ကားတစ်စီး လျင်မြန်စွာ ချဉ်းကပ်လာနေသည်ကို တာဝန်ကျနေသော လုံခြုံရေးအစောင့်အရှောက်လေးယောက်က မြင်လိုက်ရသည်။ ထို့နောက် ချက်ချင်းလျှင်ပင် သူတို့ထဲက တစ်ယောက်က ပြေးထွက်လာ၏။

ကျွီ…

ဘရိတ်အုပ်သံနှင့်အတူ ကားတံခါးအား တွန်းဖွင့်လိုက်ပြီး ထန်ရှုက ကူဝါကို၏အကူအညီနှင့်အတူ ကားပေါ်မှ ဆင်းလာသည်။ သူက လုံခြုံရေးအစောင့်လေးယောက်အား လစ်လျူရှုကာ ရွှယ်ရှနှင့်ဟေးရှောင်တို့၏ကာကွယ်မှုအောက်တွင် အခန်းတံခါးထဲသို့ ဝင်သွားခဲ့၏။

“မင်းတို့ရဲ့ဆရာဒါရီခူရာကို ခေါ်လိုက်စမ်း…ငါ ဂျပန်ကို ရောက်လာတာနဲ့ မင်းတို့အတွက် ပိုက်ဆံအများကြီးသုံးခဲ့တယ်။ ဒေါ်လာသန်းရာချီဆုံးရှုံးတာတောင် ငါ အဆင်ပြေပါသေးတယ်။ ဒါပေမယ့် အဲခွေးကောင်က ငါ့ကို လိမ်ခဲ့တယ်…မင်း ငါ့ကို ရှင်းပြချက်တစ်ခုပေးစမ်း…”

ဒုတိယထပ်ရှိ စာကြည့်ခန်းထဲတွင် လွင့်မျောအပျော်စီးသင်္ဘောမှ ပြန်ရောက်လာသော ဒါခူရာဆာခူရာဂီက စာကြည့်ခန်းထဲရှိ ပစ္စည်းအားလုံးအား ရိုက်ခွဲဖျက်ဆီးရင်း သူ့ဒေါသအား သူ့လူများအပေါ် ပုံချနေသည်။ အပြင်ဘက်ရှိ ဆဲဆိုသံက သူ့အား ဒေါသထွက်စေသည်မှာ အသေအချာပင်။

“ဘယ်အကောင်က ငါ့ရဲ့အင်နာဒါသိုင်းသင်တန်းကျောင်းမှာ ပြဿနာလာရှာရဲတာလဲ”

ဒါရီခူရာက စာကြည့်ခန်းမှ အောက်ထပ်သို့ ပြေးဆင်းသွားသည်။သူ၏ဒေါသတကြီးအော်သံက ပဲ့တင်သွား၏၊ သွေးစွန်းနေသောထန်ရှုကို မြင်ပြီး သူ၏ဒေါသမျက်နှာက အေးခဲသွားသည်။ ထန်ရှု၏နောက်လိုက်များဖြစ်ကြသည့်ရွှယ်ရှနှင့်ဟေးရှောင်တို့ပင် နှုတ်ခမ်း၌ သွေးထွက်နေသည်ကို မြင်လိုက်ရ၏။

ဘာဖြစ်နေတာလဲ။

ဒီအကောင်ကို ကာကွယ်ဖို့ ဘော်ဒီဂတ်တစ်ရာကို ငါ တာဝန်ပေးထားတာမလား။ သူတို့ကရော။ ဘာလို့ ဒီထန်မျိုးရိုးက ဒီလိုသနားစရာကောင်းလှအောင် ဖြစ်နေရတာလဲ။

ထန်ရှုက ဒေါသထွက်နေသောမျက်နှာနှင့် ဒါရီခူရာ၏အရှေ့သို့ လျှောက်သွား၏။ သူက ဒါရီခူရာ၏အဝတ်စအား ဆုပ်ကိုင်ကာ ပြောလိုက်၏ “မင်းက အယုတ်တမာအကောင်ပဲ။ မင်းမိသားစုတွေအားလုံးက အယုတ်တမာတွေပဲ။ မင်းက ငါ့ကို လှည့်စားရဲတယ်၊ ဒါရီခူရာဆာခူရာဂီ။ ငါ မင်းကို ပိုက်ဆံအများကြီး ပေးထားတာကို မင်း မေ့နေတာလား”

ဒါရီခူရာက မျက်မှောင်ကြုတ်ကာ ဒေါသထွက်နေသောထန်ရှုအား ကြည့်လိုက်သည်၊ ထို့နောက် သူက လျင်မြန်စွာ ပြောလိုက်၏ “နားလည်မှုလွဲမှားတာ တစ်ခုခုများ ရှိနေမလား၊ မစ္စတာထန်။ ငါ စောစောက အဲလိုပြောခဲ့ပေမယ့် မင်းဖြစ်နေမှန်း မသိခဲ့လို့ပါ။ တစ်ယောက်ယောက်က ငါ့နေရာမှာ ပြဿနာလာရှာတာလို့ ငါ ထင်ခဲ့တာ၊ ဒါကြောင့် ငါ မပြောသင့်တာကို ပြောခဲ့မိတာ။ ဒါပေမယ့် ငါ မင်းကို လှည့်စားတယ်ဆိုတာက မင်း ဘာဆိုလိုတာလဲ။ ငါ မင်းကို ဘယ်နေရာ၊ ဘယ်အချိန်မှာ လှည့်စားခဲ့လို့လဲ”

“မင်း ငါ့ကို မလှည့်စားခဲ့ဘူးလို့ မင်း ပြောတာလား။ ချီးပဲကွာ”ထန်ရှုက ဒေါသတကြီး အော်ပြောလိုက်၏ “မင်းဆီကနေ ဘော်ဒီဂတ်တစ်ရာကို ငှားဖို့ ဒီသခင်လေးက မင်းကို ပိုက်ဆံအများကြီး ပေးခဲ့တယ်။ အဲတုန်းက မင်း ငါ့ကို ဘာပြောခဲ့တာလဲ။ မင်းလူတွေက ကျွမ်းကျင်သူတွေနဲ့ဆရာသခင်တွေဆို၊ လက်ရွေးစင်တပ်ဖွဲ့တစ်ခုဆို။ ဒါပေမယ့် အခုရော။ သူတို့က လူတစ်ယောက်ကိုတောင် မနိုင်ဘူး။ ဒီသခင်လေးက အဲဒီအယုတ်တမာအကောင်ရဲ့လက်ထဲမှာ သေမလိုဖြစ်သွားတာကို မင်း သိရဲ့လား”

လူတစ်ယောက်က လူတစ်ရာကို အနိုင်ယူတာလား။

မယုံကြည်နိုင်သောမျက်နှာနှင့် ဒါရီခူရာဆာခူရာဂီက ကျယ်လောင်စွာ တင်ပြလိုက်သည် “မင်းရဲ့စိတ်က တစ်ခုခုများ ဖြစ်သွားတာလား၊ မစ္စတာထန်။ လူတစ်ရာကို တစ်ယောက်တည်းတိုက်ခိုက်ဖို့ ဘယ်သူက အဲလိုစွမ်းရည်ရှိနိုင်မှာလဲ။ ဒါ့အပြင် ငါ့လူတွေက သေချာလေ့ကျင့်ပေးထားတဲ့ကျွမ်းကျင်သူတွေပဲ”

ထန်ရှုက ဒါရီခူရာဆာခူရာဂီအား လက်ညှိုးထိုးလျက် အော်ပြောလိုက်၏ “ကျွမ်းကျင်သူတွေပေါ့လေ။ ငါ မြင်ခဲ့တာကတော့ သူတို့က အရူးတစ်အုပ်ပဲ။ အခု ငါ့ရဲ့အသွင်အပြင်ကို မင်း မြင်တယ်မလား။ ငါ့ကို အဲလူက ရိုက်နှက်ခဲ့တာ။ ငါ့လူတွေကိုရော မင်း မြင်လား။ သူတို့အားလုံးက အားကောင်းတဲ့ကျွမ်းကျင်သူတွေပဲ။ ကျင့်ကြံသူတွေပဲ…သူတို့သာ ငါ့ကို မကာကွယ်ခဲ့ရင် အခုလောက်ဆို ငါ အသတ်ခံနေရလောက်ပြီ။ မင်းရဲ့လူတွေကလား။ သူတို့ဘယ်လောက်သေနေမလဲဆိုတာ ငါ မသိ…”

“ဘာ…”

ဒါရီခူရာ၏မျက်လုံးများက သတ်ဖြတ်လိုစိတ်တို့ လျှံကျလာ၏။

ငါ့လူတွေ သွားကုန်ပြီလား။ သူတို့အားလုံး အသတ်ခံရတာလား။

ဒါရီခူရာက ထန်ရှု၏လက်အား တားကာ မေးလိုက်သည် “အဲဒီလူက ဘယ်သူလဲ”

ကူဝါကိုက ထန်ရှု၏လက်အိတ်အား ဆွဲကာ ကြားဖြတ်ပြောလိုက်၏ “သူ့နာမည်က အိုဇာဝါမန်ဇိုလို့ သူ ပြောတယ်”

“အိုဇာဝါမန်ဇိုလား”

လက်သီးတင်းကျပ်စွာ ဆုပ်လျက် အေးစက်စက်အလင်းတစ်ခုက ဒါရီခူရာဆာခူရာဂီ၏မျက်လုံးများထဲ၌ လင်းလက်သွား၏။ ထန်ရှုထံ သူ လွှတ်ထားသည့် ဘော်ဒီဂတ်တစ်ရာလုံးက သူလေ့ကျင့်ပေးထားသည့်ကျွမ်းကျင်သူများဖြစ်ကြပြီး သူ ယုံကြည်စိတ်ချရသည့်သူများလည်း ဖြစ်ကြသည်။ သို့သော် သူတို့အားလုံးက အသတ်ခံလိုက်ရသည်။ ဒီအိုဇာဝါမန်ဇိုက သေရမယ်…

“ဒီကောင်က အခုဘယ်မှာလဲ။ ငါ သူ့ကို သတ်ရမယ်”

ဒါရီခူရာက ဒေါသတကြီး အော်ပြောလိုက်၏။

ယနေ့တွင် သူက ဒေါ်လာသန်းနှစ်ရာဆုံးရှုံးခဲ့ရပြီး ယခု သူ့လူများအား တစ်ယောက်ယောက်က သတ်ဖြတ်ခဲ့သည်။ ဤအရာတွေအားလုံးက သူ့အား အဆုံးစွန်းထိ ဒေါသထွက်စေရန် လုံလောက်သည်။ အရေးကြီးဆုံးကိစ္စက ဘော်ဒီဂတ်ငှားသွားသည့်ဖောက်သည်က ဤနေရာတွင် ရှိနေပြီး သူ၏ဘော်ဒီဂတ်တစ်ရာဖြစ်ပျက်ခဲ့သည့်ဖြစ်ရပ်က ယခုလောက်ဆိုလျှင် အပြင်သို့ ပျံ့နှံ့သွားလောက်ပြီ။ နောက်ဆက်တွဲကရော။ မနက်ဖြန်တွင် သူ့လူများက သူတို့၏ဖောက်သည်အား ကာကွယ်ရန် ကျရှုံးရုံသာမက ဆိုးဆိုးဝါးဝါး အရိုက်နှက်ခံခဲ့ရသည်။ ဒါက သူ၏အင်နာဒါသိုင်းသင်တန်းကျောင်းအတွက် ကြီးမားသောအရှက်ရမှုတစ်ခုပင်။

ယနေ့ဖြစ်ရပ်က ပျံ့နှံ့သွားလျှင် အနာဂတ်တွင် သူက သူ၏စီးပွားရေးလုပ်ငန်းအား ဘယ်လိုရှေ့ဆက်ရမည်နည်း။ သူ့လက်အောက်တွင်လေ့ကျင့်ပေးထားသည့်သူများထဲမှ ဘယ်သူကများ ဘော်ဒီဂတ်အဖြစ် လုပ်ချင်အုံးမည်နည်း။

ဒါက…ဒါက သူ့ရဲ့ဝင်ငွေလမ်းကြောင်းကို ဖြတ်ပစ်လိုက်တာပဲ။

ဟေးရှောင်က ရှေ့တိုးလာပြီး သူ့အား ကြည့်ကာ ကျယ်လောင်စွာ ပြောလိုက်သည် “မစ္စတာဆာခူရာဂီ၊ ငါတို့ရဲ့သခင်လေးက ဒီလိုကြီးမားတဲ့ထိုးနှက်မှုတစ်ခုကို တစ်ခါမှ မခံခဲ့ရဘူး။ ဒါကြောင့် အခု သူ ဒေါသထွက်နေတာ။ မင်း သူ့ကို စိတ်မဆိုးဖို့ ငါ မျှော်လင့်ပါတယ်။ ဒါပေမယ့် အမှန်တရားကတော့ အမှန်တရားပဲ။ မင်းဆီကနေ ငါတို့ငှားထားတဲ့ဘော်ဒီဂတ်တွေက သေရင်သေ၊ မသေရင် ဒဏ်ရာရပဲ။ အဲဒါက မင်းရဲ့လူတွေက အမှိုက်တွေလို့ ဆိုလိုတယ်။ ဒါပေမယ့် အဲဒီလူက အရမ်းပြောင်မြောင်တဲ့ကျင့်ကြံသူတစ်ယောက်ဖြစ်တာကြောင့် မင်း ခေါင်းအေးအေးထားဖို့ ငါ အကြံပေးချင်တယ်။ မင်းက သူနဲ့ ကိုယ်တိုင် တိုက်ခိုက်ရရင် မင်းတောင် အသတ်ခံရနိုင်တယ်”

“မင်းပါးစပ်ကို ပိတ်လိုက်စမ်း”ဒါရီခူရာဆာခူရာဂီက ဒေါသတကြီး အော်လိုက်သည် “အဲဒီအိုဇာဝါက ကျင့်ကြံသူတစ်ယောက်ဆိုရင် ငါကရော မဟုတ်လို့လား။ ဒီနှစ်တွေမှာ ငါက နှိမ့်နှိမ့်ချချနေပြီး အခြားသူတွေကို ရန်စတာ ရှားတယ်။ အဲဒီအိုဇာဝါဆိုတဲ့အကောင်က ငါ့ကို အဲလိုလုပ်ဖို့ ငါ မျှော်လင့်နေပါတယ်။ ငါ သူ့ကို သေချာပေါက် သတ်ပစ်ရမယ်”

နောက်ထပ်ခုနှစ်မိနစ်ခန့်တွင် ဝင်ပေါက်အပြင်ဘက်ရှိ အစောင့်လေးယောက်က လွင့်ထွက်သွား၏၊ သွေးတို့ အန်ထွက်လျက် သူတို့ခန္ဓာကိုယ်က မြေပြင်ပေါ်သို့ ပြိုလဲကျသွား၏။ များမကြာမီ ကြီးမားသောအရှိန်အဝါရှိသည့်ပုံရိပ်တစ်ခုက တံခါး၌ ထွက်ပေါ်လာသည်။

မျက်လုံးက သတ်ဖြတ်လိုစိတ်တို့ ပြည့်နှက်လျက် အိုဇာဝါက ဒါရီခူရာအား စိုက်ကြည့်ကာ ဒေါသတကြီး ပြောလိုက်၏ “ငါတို့က တစ်ယောက်ကို တစ်ယောက် သိကြပါတယ်၊ ဒါရီခူရာဆာခူရာဂီ။ ငါတို့ က မိတ်ဆွေတွေ မဟုတ်ပေမယ့် ရန်သူတွေလဲ မဟုတ်ကြပါဘူး။ ဒါပေမယ့် မင်းအယုတ်တမာကောင်က ငါ့ကို သတ်ချင်တာလား။ လာစမ်းပါ။ မင်းမှာ ဘာစွမ်းရည်တွေရှိလဲ ငါ ကြည့်ရတာပေါ့”

ထိုလူက အိုဇာဝါမန်ဇိုဖြစ်သည်ကို ရှင်းရှင်းလင်းလင်းမြင်ပြီးနောက် ဒါရီခူရာက ရှေ့သို့ တစ်ဟုန်ထိုးပြေးတက်သည်။ သူက ဓားမြှောင်အား ချက်ချင်းဆွဲထုတ်ကာ အိုဇာဝါထံ ပြင်းပြင်းထန်ထန်တိုက်ခိုက်လိုက်၏။

“သေကြစမ်း…”

အိုဇာဝါက ရှေ့သို့ ပြေးတက်ကာ ဒါရီခူရာနှင့် ထိပ်တိုက်ရင်ဆိုင်လိုက်သည်၊ သူက ခွန်အားအကုန် အသုံးပြုထား၏။

တိုက်ပွဲက ပြင်းထန်လွန်းသည်။ နှစ်ယောက်လုံးက နှစ်မိနစ်ကြာသည့်အထိ အရူးအမူးတိုက်ခိုက်ခဲ့ကြ၏၊ နှစ်ယောက်လုံးက သွေးများစိုရွှဲလျက် သူတို့၏သတ်ဖြတ်လိုစိတ်များက ပိုတောင် ထကြွလာ၏။ ဒါရီခူရာနှင့်အိုဇာဝါတို့က ခွန်အားချင်း တူညီကြသော်လည်း အိုဇာဝါက တိုက်ပွဲတွင် အမှားနှစ်ခုလုပ်မိသဖြင့် သူက ဒါရီခူရာထက် ဒဏ်ရာပိုပြင်းထန်သည်။

“အဆုံးမဲ့ဗုဒ္ဓပင်လယ်…”

“အဆုံးမဲ့ဗုဒ္ဓပင်လယ်”

နှစ်ယောက်စလုံးက တစ်ပြိုင်နက်တည်း အော်ဟစ်လိုက်ကြ၏၊ သူတို့၏သတ်ဖြတ်ကွက်များကို အသီးသီးထုတ်ဖော်လျက် ထပ်မံထိပ်တိုက်ရင်ဆိုင်ကြပြန်သည်။ ချက်ချင်းလျှင်ပင် ပြင်းပြင်းထန်ထန်ထိခိုက်ဒဏ်ရာရလျက် နှစ်ယောက်စလုံး လွင့်ထွက်သွားကြ၏။

ထန်ရှုက လက်ပိုက်လျက် သူတို့တိုက်ခိုက်နေသည်ကို ကြည့်နေခဲ့၏။ နှစ်ယောက်လုံးက တူညီသောသတ်ဖြတ်ကွက်ကို အသုံးပြုသည်ကို မြင်သောအခါ သူတို့က ပျော်ရွှင်ခြင်းနန်းတော်မှ ဖြစ်ကြမှန်း အတည်ပြုလိုက်၏။ သူက ပြုံးလျက် သူတို့ထံ လျှောက်လာကာ လက်ခုပ်တီးလျက် ပြောလိုက်သည် “မင်းတို့နှစ်ယောက်လုံးကစားလို့ဝကြပြီလား”

တိုက်ကွက်နာမည်များကို ကြားပြီးနောက် ဒါရီခူရာနှင့်အိုဇာဝါတို့က မယုံကြည်နိုင်သောအမူအရာများ ဖြစ်သွားကြ၏။

တူတူပဲလား။ ဒါက ဘာဆိုလိုတာလဲ။

သူတို့က ပျော်ရွှင်ခြင်းနန်းတော်၏အဖွဲ့ဝင်များဖြစ်ကြပြီး စစ်တုရင်အပိုင်းအစခုနှစ်ဆယ့်နှစ်ခုထဲမှတစ်ခုဟု ရှင်းပြလိုက်ခြင်းပင်။

ဤသည်ကို သဘောပေါက်ပြီးနောက် အရူးအမူးတိုက်ခိုက်မိသည့်အတွက် နှစ်ယောက်စလုံး နောင်တရလာသည်။ ရန်သူများဖြစ်မည့်အစား သူတို့က တူညီသောဘက်မှ ဖြစ်လိမ့်မည်ဟု မမျှော်လင့်ထားခဲ့ပေ။

All Chapters