ငါးမျှားချိတ်
Vol. 84 Ch. 1162
နှစ်ယောက်ကြားတွင် လမ်းလျှောက်ရင်း ထန်ရှုက ပြောလိုက်သည် “မင်းတို့ကို မင်းတို့ရဲ့နန်းတော်သခင်က စစ်တုရင်အပိုင်းအစတွေအဖြစ် လေ့ကျင့်ပေးထာတာကြောင့် မင်းတို့က ဉီးနှောက်ရှိကြမယ်လို့ ငါ ထင်ထားတာ။ နောက်ဆုံးတိုက်ကွက်ပြီးမှ မင်းတို့က တစ်ခုခုကို သဘောပေါက်လာကြတာလား”
ဒါရီခူရာနှင့်အိုဇာဝါတို့က ကြမ်းပြင်မှ ခက်ခက်ခဲခဲထရပ်လာသည်။ နှစ်ယောက်သား အကြည့်ချင်းဖလှယ်လိုက်ပြီး ရှေ့လူက ထန်ရှုအား ခပ်စိမ်းစိမ်းကြည့်ကာ မေးလိုက်၏ “မင်းက ဘယ်သူလဲ”
အပြုံးတစ်ခုက ထန်ရှု၏ပါးစပ်ထောင့်တွင် ထွက်ပေါ်လာ၏။ သူက အနီးနားရှိ ကူဝါကိုအား လက်ထောင်ပြလိုက်၏။ သူမက သူ့ထံ ရောက်လာပြီးနောက် သူ့လက်အား သူမပခုံးပေါ် တင်ကာ ပြုံးလျက် ပြောလိုက်သည် “မင်းတို့နှစ်ယောက်လုံး ဒီနေ့ သေရမယ်၊ ဒါကြောင့် ငါ မင်းတို့ရဲ့သိချင်တဲ့ဆန္ဒကို ဖြည့်ဆည်းပေးပါ့မယ်။ ကူးဝါကို၊ မင်း ဘယ်သူလဲဆိုတာ သူတို့ကိုပြလိုက်”
ကူးဝါကိုက ပြုံးကာ သူမ၏မူလမျက်နှာအား ပြန်ပြောင်းလိုက်သည်။
“ငါတို့ နောက်ဆုံးတွေ့ဆုံပြီးကတည်းက မင်းတို့နှစ်ယောက်လုံး အဆင်ပြေကြရဲ့လား”
“ကူဝါကိုယာမာတိုလား”
“မင်းလား”
ဒါရီခူရာနှင့်အိုဇာဝါတို့နှစ်ယောက်စလုံးက ထိတ်လန့်တုန်လှုပ်သွားကြပြီး ကူဝါကိုအား စိုက်ကြည့်လိုက်ကြ၏။ သူတို့က ထိုလူများဆင်ထားသောထောင်ချောက်ထဲသို့ ကျရောက်ခဲ့မှန်း သဘောပေါက်သွားကြ၏။
“ကူဝါကို၊ မင်းကို ဖမ်းဖို့ နန်းတော်သခင်က အိုဆာရှီကို လွှတ်ထားတယ်။ သူက ယုဂျီကိုတောင် စေလွှတ်ထားတယ်။ အခု သူတို့က မင်းကို လိုက်ဖမ်းနေတာ မဟုတ်လား။ ဘယ်လိုလုပ်ပြီး မင်းက ဒီနေရာကို လာရတာလဲ”ဒါရီခူရာက ဒေါသတကြီး မေးလိုက်၏။
“ဟီးဟီး”ကူဝါကိုက ရယ်ကာ ပြောလိုက်သည် “ရှင်က ယုဂျီကို ပြောတာလား။ အခု သူမက ငါ့သူဌေးရဲ့လက်အောက်ငယ်သားဖြစ်နေပြီ။ ရှင်က အိုဆာရှီကို တွေ့ချင်ရင်တော့ ငရဲပြည်ကို လိုက်သွားမှရမယ်”
“မင်း ဘာပြောလိုက်တာ”
ဤသည်ကို ကြားပြီးနောက် ဒါရီခူရာ၏နောက်ကျောက အေးစက်သွား၏။ သူက ယုဂျီ၏အထောက်အထားအား သိသည်၊ သူမက ပျော်ရွှင်နန်းတော်တွင် အရေးပါသောအဆင့်အတန်းတစ်ခုရှိ၏။
ဒါပေမယ့်…သူမက မီရာဂျီရဲ့ကောင်းကင်ဘုံသခင်မမှန်း သိသာပါတယ်။ ဘယ်လိုလုပ်ပြီး သူမက ဒီအရှေ့ကအကောင်ရဲ့လက်အောက်ငယ်သားဖြစ်သွားတာလဲ။ သူမက မီရာဂျီကို သစ္စာဖောက်ခဲ့တာလား။
ထန်ရှုက ပြုံးကာ လက်ဝှေ့ယမ်းပြလိုက်၏ “ကောင်းပြီလေ၊ အခု မင်းတို့က သိသွားပြီးဆိုတော့ စိတ်ချမ်းသာစွာနဲ့ သေလို့ရပြီပေါ့။ ရွှယ်ရှ၊ ဟေးရှောင်၊ သူတို့ကို ဖြေရှင်းလိုက်”
ရွှယ်ရှနှင့်ဟေးရှောင်က ထိုနှစ်ယောက်ထံ သူတို့၏အင်မော်တယ်ဓားအား ချက်ချင်း ထုတ်လွှတ်လိုက်သည်။ သူတို့က ရွှယ်ရှနှင့်ဟေးရှောင်တို့၏ပြိုင်ဘက်များ လုံးဝမဟုတ်ကြပေ၊ အသက်ရှုချိန်နှစ်ခါအတွင်း ရွှယ်ရှက အိုဇာဝါ၏နှလုံးသားအား သူ့ဓားနှင့် ထိုးဖောက်သွားခဲ့၏။
“မင်း…”
သူ့နှလုံးသားကို ထိုးဖောက်သွားသည့်ဓားအား အိုဇာဝါက ငုံ့ကြည့်လိုက်သည်၊ သူ့မျက်လုံးများက မယုံကြည်နိုင်မှုများနှင့် ပြည့်သွား၏။ ရန်သူက သူ၏ခွန်အားအမှန်အား ဖုံးကွယ်ထားသည်ကို နောက်ဆုံးတွင် သူက သဘောပေါက်သွား၏။
ဒါရီခူရာက ဟေးရှောင်၏သတ်ဖြတ်မှုအား ရင်ဆိုင်နေရသည်။ သူ၏အရေးကြီးအစိတ်အပိုင်းများကို ထိမှန်ခြင်းအား ရှောင်တိမ်းခဲ့သော်လည်း ဒဏ်ရာက ပိုသာ ပြင်းထန်လာ၏။
“မင်းတို့အားလုံးကို ငါနဲ့အတူ အပါခေါ်သွားမယ်”
ရုတ်တရက် ထိုအကောင်က သတ်ဖြတ်ခြင်းအား ရှောင်တိမ်းရန် မကြိုးစားတော့ဘဲ သူ့အင်္ကျီလက်မှ သတ္တုပြွန်တစ်ခုအား ယူထုတ်လိုက်သည်။ သူ့လက်ချောင်းက ၎င်းအပေါ်ရှိ ခလုတ်အား ဖိနှိပ်လိုက်ပြီး ကောင်းကင်သို့ ချက်ချင်းပစ်လွှတ်လိုက်သည်။
ဟေးရှောင်၏မျက်လုံးများက လင်းလက်သွားပြီး အင်မော်တယ်ဓားက ထိုကောင်၏ခေါင်းအား ဖြတ်ပိုင်းလိုက်သည်။ ထို့နောက် သူက ထန်ရှုအရှေ့သို့ လျင်မြန်စွာ ပြန်လာကာ ရိုသေလေးစားစွာ တင်ပြလိုက်၏ “ဂိုဏ်းချုပ်၊ ဒါရီခူရာက အချက်ပြလိုက်ပြီ၊ ပျော်ရွှင်ခြင်းနန်းတော်ကလူတွေ မကြာခင် ဒီနေရာကို ရောက်လာမယ်ထင်တယ်။ ငါတို့ အခု ပြန်ဆုတ်ကြမလား”
“လောဖို့မလိုဘူး”ထန်ရှုက ခေါင်းခါယမ်းလိုက်သည် “အင်နာဒါသိုင်းသင်တန်းကျောင်းက ပျော်ရွှင်ခြင်းနန်းတော်ရဲ့လက်အောက်ခံအဖွဲ့တစ်ခုပဲ။ ပြီးတော့ ထန်အန်းက ဒီနေရာကလူတွေအားလုံးကို သုတ်သင်တာ မပြီးသေးဘူး။ ဒီနေရာမှာ ရပ်မနေဘဲ သူမကို သွားကူညီကြ။ ငါတို့ လုပ်ပြီးတာနဲ့ ချက်ချင်း ထွက်သွားမယ်”
“နားလည်ပါပြီ”နှစ်ယောက်လုံးက ခေါင်းညိတ်ကာ ချက်ချင်း လှုပ်ရှားလိုက်သည်။
နောက်ထပ်ငါးမိနစ်ကျော်ကြာပြီးနောက် ထန်ရှုက အင်နာဒါသိုင်းသင်တန်းကျောင်းမှ လျင်မြန်စွာ ထွက်လာပြီး မြင်ကွင်းမှ သုံးကီလိုမီတာအကွာတွင် ရှိသော ခြောက်ထပ်တိုက်တစ်ခုပေါ်၌ ထွက်ပေါ်လာ၏။ အနက်ဝတ်ထန်အန်းလည်း ထွက်ပေါ်လာသည်။
ဝှစ်…ဝှစ်…ဝှစ်…
ပုံရိပ်သုံးခုက အဝေးမှ လျင်မြန်စွာ ရွေ့လျားလာပြီး မကြာမီ ထန်ရှုအနောက်သို့ ရောက်လာသည်။ သူတို့က မိုအားဝူ၊ ထန်ကွမ်းနှင့် ဟေးဝူရတို့ ဖြစ်ကြ၏။
“ဂိုဏ်းချုပ်…”သူတို့သုံးယောက်က နှုတ်ဆက်လိုက်သည်။
“မင်းတို့ကောင်တွေ သွားလုပ်တာ ဘယ်လိုလဲ”ထန်ရှုက မေးလိုက်၏။
“အားလုံး ပြင်ဆင်ပြီးပြီ၊ ဆရာအဘိုး”ထန်ကွမ်းက ရိုသေလေးစားစွာ တင်ပြလိုက်သည်။ “အမှောင်ထဲမှာ ငါတို့ရဲ့အစောင့်တွေလေးဆယ့်ခြောက်ယောက်ရှိတယ်၊ သူတို့အားလုံးကို ကူဝါကိုလက်အောက်ကယုံကြည်စိတ်ချရတဲ့သူတွေက စီမံခန့်ခွဲနေတယ်။ ငါတို့ရဲ့ထောက်လှမ်းမှုက ဆယ်ကီလိုမီတာအချင်းဝက်ပတ်လည်ရှိတယ်၊ ဘယ်ဉီးတည်ဘက်ကမဆို ဒီနေရာကို ပြေးလာတဲ့ရန်သူတွေကို ငါတို့ ရှာတွေ့နိုင်တယ်”
“ဒါဆို မင်းတို့ ဆက်လုပ်ပါ”ထန်ရှုက ခေါင်းညိတ်ကာ အမိန့်ပေးလိုက်သည်။
“နားလည်ပါပြီ”
ရုပ်ပြန်ပြောင်းထားသောကူဝါကို၊ ထန်ကွမ်း၊ မိုအားဝူ၊ ဟေးရှောင်နှင့်ဟေးဝူရတို့က တိတ်တဆိတ် ပျောက်ကွယ်သွား၏၊ ထန်အန်းတစ်ယောက်သာ ထန်ရှုနှင့် ကျန်ခဲ့၏။
“ငါတို့ ငါးကြီးဘယ်လောက်ထိ ဖမ်းမိနိုင်မယ်လို့ မင်းထင်လဲ၊ အန်း”ထန်ရှုက ပြုံးကာ မေးလိုက်သည်။
“ငါ မသိဘူး”ထန်အန်းက ခေါင်းခါယမ်းလိုက်သည်။
ထန်ရှုက ပခုံးတွန့်လျက် ပြောလိုက်သည် “ဒါရီခူရာနဲ့အိုဇာဝါမန်ဇိုတို့က ပျော်ရွှင်နန်းတော်ရဲ့စစ်တုရင်အပိုင်းအစ၇၂ခုရဲ့အဖွဲ့ဝင်တွေပဲ၊ သူတို့က အခြားအပိုင်းအစတွေနဲ့ ဆက်စပ်နေတယ်လို့ ဆိုလိုတယ်။ သူတို့က အခြားကောင်းကင်ဘုံသခင်မတွေနဲ့ ဆက်စပ်နေဖို့တောင် များတယ်”
ထန်အန်းက စက္ကန့်အနည်းငယ်ကြာ နှုတ်ဆိတ်သွားသည်။ သူ့အမူအရာက အနည်းငယ် ပြောင်းလဲသွားပြီး သူက ပြုံးလိုက်၏ “မင်း ပြောတာမှန်တယ်၊ ဆရာအဘိုး။ ငါးကြီးအချို့ ရောက်လာပြီ”
ခပ်ဖျော့ဖျော့ပြုံးလျက် ထန်ရှု၏အမြင်အာရုံက အဝေးရှိ ကြယ်ကောင်းကင်ထံ ပြောင်းရွှေ့သွား၏။ ပုံရိပ်တစ်ခုက ကြယ်ကြွေကျသည့်အလား ရွေ့လျားလာနေသည်။ ထိုလူက ဒေါက်မြင့်ဖိနပ်နှင့် အနီရောင်ဝတ်စုံကို ဝတ်ဆင်ထား၏။ သူမ၏ဆံပင်ရှည်ပင် အနီရောင်ဆိုးထား၏။ များမကြာမီ သူမက အင်နာဒါသိုင်းသင်တန်းကျောင်းထဲသို့ ဆင်းသက်လာသည်။
အမျိုးသမီး၏နာမည်က ဟော်ကျီဖြစ်သည်။ သူမက အရေးပါသောလူတစ်ယောက်ဖြစ်ပြီး ယုဂျီကဲ့သို့ မီရာဂျီ၏ချစ်သူလည်း ဖြစ်သည်။ ထိုအချိန်တွင် ခြံဝင်းထဲရှိ အလောင်းများကို မြင်ပြီး ဟော်ကျီ၏မျက်လုံးများက မယုံကြည်နိုင်မှုတို့ ပြည့်သွား၏။ ထို့နောက် အိုဇာဝါ၏အလောင်းကို မြင်ပြီးနောက် သူမ၏အမူအရာက ပြင်းပြင်းထန်ထန်ပြောင်းလဲသွား၏။
“အကို…”
သူမက အိုဇာဝါမန်ဇိုထံ ရုတ်ချည်းပြေးသွားကာ ကြမ်းပြင်ပေါ် ဒူးထောက်ထိုင်ချလိုက်သည်။ အိုဇာဝါ၏အလောင်းကို ကိုင်ထားရင်း မျက်ရည်စီးကြောင်းနှစ်ခုက သူမမျက်နှာပေါ်မှ စီးကျလာ၏။
ဝှစ်…ဝှစ်…ဝှစ်…
အရိပ်သုံးခုက အဝေးမှ ရွေ့လျားလာပြီး သူမပတ်လည်၌ လျင်မြန်စွာ ဆင်းသက်လာသည်။ သူတို့သုံးယောက်လုံးက လေးဆယ်ပတ်လည်ယောင်္ကျားများဖြစ်ကြသည်။ ဟော်ကျီကို မြင်ပြီး နှစ်ယောက်က သူတို့၏တုန်လှုပ်မှုအား ဖိနှိပ်ကာ လက်သီးဆုပ်လျက် အရိုအသေပြုလိုက်သည် “ငယ်သားက ဟော်ကျီကို နှုတ်ဆက်ပါတယ်”
အခြားတစ်ယောက်က မှင်တက်သွားပြီး ချက်ချင်း အရိုအသေပေးလိုက်သည်။
မျက်လုံးထဲတွင် ဒေါသမီးလျှံတို့ ပြည့်လျှံလျက် ဟော်ကျီ၏အမြင်အာရုံက ထိုသုံးယောက်အပေါ် ကျရောက်သွားကာ အော်မေးလိုက်သည် “သူတို့ကို ဘယ်သူသတ်တာလဲ”
သူတို့သုံးယောက်က ခေါင်းခါယမ်းလိုက်သည်။
“အခုချက်ချင်း သေချာစုံစမ်းကြ”ဟော်ကျီက ဒေါသတကြီး အော်လိုက်သည် “မင်းတို့က ကျိုတိုတစ်မြို့လုံးကို ပြောင်းပြန်လှန်ရရင်တောင် ငါ ဂရုမစိုက်ဘူး၊ ဒါပေမယ့် မင်းတို့က သတ်ဖြတ်သူကို ရှာရမယ်။ ပျော်ရွှင်ခြင်းနန်းတော်ကို ရန်စတဲ့သူတွေက သေရမယ်”
“နားလည်ပါပြီ”
သူတို့က ခေါင်းညိတ်ကာ ဖုန်းချက်ချင်းထုတ်လျက် ခေါ်လိုက်ကြသည်။ မိနစ်အနည်းငယ်ကြာပြီးနောက် သူတို့က ခြံဝင်းမှ ပျောက်ကွယ်သွားခဲ့၏။
အဝေးရှိ အဆောက်အဉီးတစ်ခု၏ခေါင်မိုးပေါ်တွင် ထန်ရှုက မေးစေ့ပွတ်ကာ ပြောလိုက်သည် “ယုဂျီက ပျော်ရွှင်ခြင်းနန်းတော်ရဲ့ကောင်းကင်ဘုံသခင်မအချို့ကို ဖော်ပြခဲ့တယ်၊ ဒီအမျိုးသမီးက ဟော်ကျီလို့အမည်ရတဲ့တစ်ယောက်ပဲဖြစ်ရမယ်။ ကောင်းပြီလေ၊ အခြားသုံးယောက်က ထွက်သွားပြီးဆိုတော့ ဒီငါးကို အဆုံးသတ်ကို အချိန်ပဲပေါ့”
“ငါ သူမနဲ့ ရင်ဆိုင်ပါရစေ၊ ဆရာအဘိုး”ထန်အန်းက ပြောလိုက်သည်။
ထန်ရှုက ခေါင်းညိတ်ကာ ဖြည်းဖြည်းချင်း ပြောလိုက်သည် “မင်းရဲ့ကျင့်ကြံခြင်းက အဲဒီအမျိုးသမီးထက် နိမ့်ကျပေမယ့် သေရေးရှင်ရေးတိုက်ပွဲတစ်ခုမှာ မင်းက သူ့ကို အလွယ်တကူသတ်နိုင်မှာပါ။ သွားပါ။ သူမမထွက်ပြေးနိုင်အောင် ငါ မင်းကို ကူညီပေးမယ်”
ထန်အန်းက ခေါင်းညိတ်ပြပြီးနောက် လျင်မြန်စွာ ပျောက်ကွယ်သွား၏။
ထန်ရှုက သူမနောက်မှ ကပ်လိုက်သွားကာ အင်နာဒါသိုင်းသင်တန်းကျောင်းအဆောက်အဉီး၏အစွန်အဖျား၌ ထွက်ပေါ်လာသည်။ သူနှင့်ထန်အန်းက အဆောက်အဉီးထဲသို့ ဝင်သွားသည့်အခိုက်တွင် သူက အစီအရင်တစ်ခုဆွဲကာ အင်နာဒါသိုင်းသင်တန်းကျောင်းအပြင်ဘက်၌ ခင်းကျင်းလိုက်၏။
ဝှစ်…
အင်မော်တယ်ဓားက ရုတ်တရက် ထွက်ပေါ်လာပြီး ရုတ်တရက်သတ်ဖြတ်ကွက်က ဟော်ကျီ၏ဘယ်ဘက်ပခုံးအား တိုက်ရိုက်ထိုးစိုက်သွားသည်။ သွေးများက ချက်ချင်းပန်းထွက်ကာ ထန်အန်း၏ပုံရိပ်က ထွက်ပေါ်လာသည်။
“မင်း ဘယ်သူလဲ”
ဟော်ကျီ၏အမူအရာက အကြီးအကျယ်ပြောင်းလဲသွားသည်။ ယခုကဲ့သို့ ရန်သူက ရုတ်တရက် ထွက်ပေါ်လာသည်ကို မြင်ပြီး သူမနှလုံးက ခုန်ပေါက်သွား၏။
“တစ်ခုခုတော့ မှားနေပြီ”
ပတ်ဝန်းကျင်ရှိ စွမ်းအင်စီးဆင်းမှုက ပြောင်းလဲသွားသည်ကို ဟော်ကျီက ရုတ်တရက် သတိပြုမိလိုက်သည်။
ထန်အန်းက ဟော်ကျီအား မတုံ့ပြန်ပေ။ သူမ၏အင်မော်တယ်ဓားမှ ဓားရောင်ခြည်တန်းထောင်ချီ ပစ်လွှတ်လိုက်ပြီး ဟော်ကျီ၏လွတ်မြောက်ရေးလမ်းကြောင်းတိုင်းအား တိုက်ရိုက်ချိတ်ပိတ်လိုက်သည်။
“မိုခူဂျို(ငါးပုံသဏ္ဍာန်သစ်သားဒရမ်)လက်နက်…”
သစ်သားငါးတစ်ကောင်က ဟော်ကျီ၏လက်ထဲ၌ ရုတ်တရက် ထွက်ပေါ်လာသည်။ တူတစ်လက်က မိုခူဂျိုအပေါ် ကျရောက်သွားပြီး တလက်လက်တောက်ပသောရွှေရောင်အလင်းတန်းတစ်ခုက အပေါ်မှ ရုတ်တရက် ပေါက်ကွဲထွက်လာသည်။ ရွှေရောင်အလင်းက ဉီးတည်ဘက်တိုင်းကို ချက်ချင်း ပျံ့နှံ့သွားပြီး ဓားအလင်းတန်းများအား ဖုံးအုပ်လိုက်သည်။
ကလင်း…ကလင်း…ကလင်း…
ရွှေငါးရာချီက ရွှေရောင်အလင်းတန်းများအလယ်တွင် ထွက်ပေါ်လာပြီး ဓားရောင်ခြည်တန်းများနှင့် ချက်ချင်း ထိပ်တိုက်တွေ့လိုက်သည်။ မူလက အရှိန်အဟုန်အပြည့်နှင့် လာသော ဖျက်ဆီးခြင်းဓားရောင်ခြည်တန်းများက အသက်ရှုချိန်နှစ်မိနစ်အတွင်း အရည်ပျော်ကျသွား၏၊ ထို့နောက် ရွှေရောင်ငါးများက ထန်အန်းထံ ပြေးဝင်လာ၏။
ဤနေရာတွင် ယုဂျီသာ ရှိလျှင် သူမက အလွန်ထိတ်လန့်တုန်လှုပ်သွားပေလိမ့်မည်၊ ဤမိုခူဂျိုက မီရာဂျီ၏အနှစ်သက်ဆုံးပစ္စည်းဖြစ်ပြီး ကြီးမားသောစွမ်းအားရှိသည်ဟု ကောလဟာလရှိသည်။
“ဓားအင်္သချေဘိုးဘေးပြောင်းပြန်…”
လည်ပတ်နေသောဓားရောင်ခြည်တန်းများက ထပ်မံထွက်ပေါ်လာပြီး ဤတစ်ကြိမ်တွင် အရေအတွက်က ယခင်ကထက် အဆများစွာ ပိုလာသည်။ ဓားပုံရိပ်အလွှာများက သိပ်သည်းသောဓားရောင်ခြည်တန်းများ ဖွဲ့စည်းကာ ကောင်းကင်အား လွှမ်းခြုံသွား၏။ ယခု ဓားရောင်ခြည်တန်းများက မီတာရာချီအချင်းဝက်ပတ်လည်အား ဖုံးအုပ်ကာ ရွှေရောင်ငါးများအား ပိတ်ဖုံးသွားပြီး ဓားရောင်ခြည်တန်းများနှင့်အတူ ရွှေရောင်ငါးများအား ဖျက်ဆီးပစ်လိုက်သည်။
“အချိန်ပြောင်းပြန်စီးဆင်းခြင်း…”
ဟော်ကျီက မိုခူဂျိုအား ခပ်မြန်မြန်တီးခတ်လိုက်သည်၊ သို့သော် ဆိုးဝါးသောခံစားချက်တစ်ခုက သူမနှလုံးသားအား ရုတ်တရက် ရိုက်ခတ်သွား၏။ အချိန်စီးဆင်းမှုက ပိုနှေးကွေးလာပြီး သူမပတ်လည်ရှိမြင်ကွင်းအားလုံးက ဝေဝါးလာသလို သူမက ခံစားမိလာသည်။
ဝှစ်…
နောက်အခိုက်အတန့်တွင် ဓားရောင်ခြည်တန်းများက သူမရင်ဘက်အား ထိုးဖောက်အား သူမနှလုံးအား ဖျက်ဆီးလိုက်သည်။
“ဒါ ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ”
ဟော်ဂျီက သေမတတ်ကြောက်ရွံ့သွားပြီး လျှို့ဝှက်ပညာရပ်တစ်ခုအား ကမန်းကတန်း ဖော်ထုတ်လိုက်သည်။ သူမခန္ဓာကိုယ်ထဲရှိ ဗုဒ္ဓဓာတ်တော်က ရုတ်တရက် ချိုးဖောက်ထွက်လာပြီး လွတ်မြောက်ရန် ကြိုးပမ်းလိုက်သည်။
ဘုံး…
စွမ်းအင်ဒိုင်းကာတစ်ခုက သူမ၏ဗုဒ္ဓဓာတ်တော်လမ်းကြောင်းအား တားဆီးလိုက်ပြီး သူမ၏မူလနေရာဆီသို့ နောက်ကန်ပြန်ရောက်သွား၏။
“ဖျက်ဆီးလိုက်စမ်း…”
ထန်အန်းက သူမ၏အင်မော်တယ်ဓားအား ထိန်းချုပ်ကာ ရွှေရောင်ဓာတ်တော်အား ထိုးဖောက်လိုက်သည်။ သို့သော် စူးစူးဝါးဝါးအော်သံတစ်ခုက ရွှေရောင်ဓာတ်တော်မှ ထွက်လာသောအခါ ထန်ရှု၏ပုံရိပ်က ရုတ်တရက် ထွက်ပေါ်လာပြီး ၎င်းအား တိုက်ရိုက်ဆုပ်ကိုင်လိုက်သည်။
“ဘာလို့ ငါ့ကို မဖျက်ဆီးခိုင်းရတာလဲ၊ ဆရာအဘိုး”ထန်အန်းက တုံ့ဆိုင်းလျက် မေးလိုက်သည်။