← Chapters

ဗုဒ္ဓဂိုဏ်း

Vol. 84 Ch. 1163

ဗုဒ္ဓဂိုဏ်း

Vol. 84 Ch. 1163

ရှောက်ရှစ်တောင်၊ တရုတ်။

ဒင်း…

စည်းချက်ညီသောခေါင်းလောင်းသံက တောင်ပေါ်တစ်လျှောက် ပဲ့တင်ထပ်လာသည်။

ဓားတစ်လက်ကို နောက်ကျောတွင် လွယ်လျက် မြောင်ဝမ်ထန်က တောင်ပေါ်လမ်းတစ်လျှောက် လျှောက်လာနေသည်၊ သင်္ကန်းဝတ်ထားသည့်ကိုရင်လေးက သူ့အား မကြာခဏလှည့်ကြည့်နေသည်။

ဗုဒ္ဓဂိုဏ်းသို့ ဧည့်သည်များ လာရောက်သည်မှာ အတော်လေးရှားသည်။ ကိုရင်လေးက ဤနေရာတွင် နေလာသည်မှာ နှစ်နှစ်ရှိပြီ၊ သို့သော် ယခုကား ကျင့်ကြံသူတစ်ယောက် တောင်ပေါ်သို့ လာသည်ကို မြင်သည့် သူ၏ပထမဆုံးအကြိမ်ဖြစ်၏။

များမကြာမီ နစ်ယောက်သား ထောင်ထိပ်ရှိ ဘုန်းကြီးကျောင်းသို့ ရောက်ရှိလာသည်။ မြောင်ဝမ်ထန်က သူ့ပတ်လည်ရှိ လှပသောရှုခင်းများအား နှစ်သက်ခံစားရန် အချိန်မရှိပေ။ ပတ်ဝန်းကျင်တွင် ရစ်ဝဲနေသော တိမ်စိုင်များကိုပင် တစ်ချက်ကလေးတောင် မကြည့်ဘဲ သူ့အာရုံက လက်ထဲတွင် တုတ်ချောင်းများ ကိုင်ထားသည့်အကြီးအကဲဘုန်းကြီးလေးယောက်ဆီသာ စူးစိုက်ထား၏။

“အော်မီတော်ဖော်၊ အဝေးကနေ ဒကာမြောင် လာလည်တာ ငါ့ရဲ့ဗုဒ္ဓဘုန်းတော်ကြီးကျောင်းအတွက် ကောင်းချီတစ်ခုပါပဲ။ ငါတို့ရဲ့ဘုန်းကြီးကျောင်းကို ဒကာမြောင်လာလည်တဲ့ရည်ရွယ်ချက်ကို သိပါရစေ”ဘုန်းကြီးအိုတစ်ပါးက ပြုံးကာ မေးလိုက်သည်။

မြောင်ဝမ်ထန်က လက်အုပ်ချီလျက် အရိုအသေပေးကာ ပြောလိုက်သည် “ဟိမဝန္တာမှာ ငါတို့နောက်ဆုံးတွေ့ခဲ့တာ အချိန်အချို့တောင် ကြာပြီပဲ၊ ကျောင်းထိုင်ဆရာတော်တောက်ပကြိုးကြာ။ တပည့်တော် ဒီတစ်ကြိမ်လာလည်တာက သူငယ်ချင်းတစ်ယောက်ရဲ့တောင်းဆိုမှုကြောင့်ပါ။ တပည့်တော်က သူ့အစား လာပြောပေးရုံပါပဲ”

“ဘယ်သူငယ်ချင်းများလဲ’ကျောင်းထိုင်ဆရာတော်တောက်ပကြိုးကြာက သိလိုစိတ်နှင့် မေးလိုက်သည် “ပြီးတော့ သူက ဘာစကားပါးခိုင်းလိုက်တာလဲ’

“ထန်ရှုပါ”မြောင်ဝမ်ထန်က ဖြေလိုက်၏။

ကျောင်းထိုက်ဆရာတော်တောက်ပကြိုးကြာက အမူအရာပြောင်းလဲသွားပြီး အံ့အားသင့်စွာ ပြောလိုက်သည် “အာ၊ လူတွေကြားမှာ နဂါးတစ်ကောင်ဖြစ်တဲ့ဒကာထန်ဆီကပဲ။ အရင်တုန်းက ဟိမဝန္တာမှာ အနောက်ဘက်စည်းကို စောင့်ကြပ်စဉ်တုန်းက ငါ သူနဲ့ အကြိမ်အနည်းငယ်တွေ့ခဲ့ပါတယ်။ သူ့ရဲ့အကျိုးဆောင်မှုတွေကြောင့်သာ တရုတ်က အခုလို ငြိမ်းချမ်းနေတာလို့ ပြောနိုင်တယ်”

ပြုံးကာ ခေါင်းညိတ်ပြလျက် မြောင်ဝမ်ထန်က ပြောလိုက်သည် “ထန်ရှုက တပည့်တော်ကို လူကိုယ်တိုင် လာပြောခိုင်းတာကတော့ အခု သူက ဂျပန်မှာ ရောက်နေပြီး ပျော်ရွှင်ခြင်းဂိုဏ်းရဲ့လက်ကျန်အချို့ကို တွေ့ရှိခဲ့တယ်တဲ့။ လက်ရှိအချိန်မှာ သူတို့က အဆန်းကြယ်ဆုံးနဲ့အကြီးမားဆုံးဂိုဏ်း ဖြစ်နေကြပြီ”

“ပျော်ရွှင်ခြင်းဂိုဏ်းလား”

ကျောင်းထိုင်ဆရာတော်တောက်ပကြိုးကြာနှင့်အခြားဗုဒ္ဓဂိုဏ်းအကြီးအကဲသုံးယောက်က အမူအရာအပြင်းအထန်ပြောင်းလဲသွားကြသည်။ သူတို့လေးယောက်က အကြည့်များ ဖလှယ်လိုက်ကြပြီး ရှေ့တစ်ယောက်က နက်ရှိုင်းသောအသံနှင့် ပြောလိုက်သည် “ပျော်ရွှင်ခြင်းဂိုဏ်းက ဗုဒ္ဓကျောင်းတွေထဲကတစ်ခုပဲ၊ ဒါပေမယ့် ၎င်းက ဗုဒ္ဓရဲ့လမ်းစဉ်ကို ချိုးဖောက်ပြီး ကြီးမားတဲ့ပြစ်မှုတွေကို ကျူးလွန်ခဲ့တယ်၊ ဒါကြောင့် ငါတို့ဂိုဏ်းက သည်းမခံနိုင်တော့ဘဲ သူတို့အဖွဲ့ကို သုတ်သင်ဖယ်ရှားခဲ့ရတယ်။ အဲဒီကပ်ဆိုးအချို့က ယနေ့အထိ အသက်ရှင်နေလိမ့်မယ်လို့ ငါတို့ နည်းနည်းလေးတောင် မမျှော်လင့်ထားမိဘူး။ ဒကာမြောင်၊ ဒီကိစ္စက ငါတို့အတွက် အရမ်းအရေးကြီးတဲ့ကိစ္စတစ်ခုပဲ။ ဒကာမြောင်က အခု ဘယ်မှာ ရှိနေသလဲ၊ ပြီးတော့ သူ့ကို ဘယ်လိုဆက်သွယ်ရမလဲဆိုတာ ငါတို့ကို ပြောပြနိုင်မလား”

မြောင်ဝမ်ထန်က ထန်ရှု၏ဖုန်းနံပါတ်အား ပေးကာ ပြောလိုက်သည် “ထန်ရှုက နောက်ထပ်တစ်ခု ပြောခိုင်းသေးတယ်။ ကျောင်းထိုင်ဆရာတော်က ကျောင်းကို သန့်ရှင်းချင်တယ်ဆိုရင် ဗုဒ္ဓဂိုဏ်းက သူ့ကို ဖုန်းခေါ်နိုင်တယ်၊ သူက အခု ကျိုတိုမှာ ရှိနေပြီး ဆရာတော်ရောက်လာမှာကို စောင့်နေတယ်”

“ဒီသတင်းအတွက် ငါတို့က ဒကာမြောင်ကို ကျေးဇူးတင်ပါတယ်”ကျောင်းထိုင်ဆရာတော်တေက်ပကြိုးကြာက နက်ရှိုင်းသောအသံနှင့် ပြောလိုက်၏ “ဒါပေမယ့် လက်ရှိမှာ ငါတို့ဗုဒ္ဓဂိုဏ်းက ဒီကိစ္စကို ဆွေးနွေးဖို့လိုတယ်။ ပြီးတော့ ဒကာမြောင်ကို အချိန်ခဏလောက် နေဖို့ ငါ ပြောချင်ပါတယ်။ ပြီးရင် ဒကာက ငါ့ဗုဒ္ဓဂိုဏ်းတပည့်တွေနဲ့ ရှောက်ရှစ်တောင်ကနေ ထွက်သွားနိုင်ပါတယ်”

“ကောင်းပါပြီ”မြောင်ဝမ်ထန်က ခေါင်းညိတ်လိုက်သည်။

နောက်ထပ်နှစ်နာရီကြာပြီးနောက် ဗုဒ္ဓဂိုဏ်း၏ဌာနခွဲခေါင်းဆောင်ရှစ်ယောက်က တောင်ထွပ်အသီးသီးမှ ပြေးထွက်လာကာ တရားအားထုတ်သည့်ခန်းမသို့ ဝင်ရောက်သွားကြသည်။ ကျောင်းထိုင်ဆရာတော်တောက်ပကြိုးကြာအပါအဝင်လူကိုးယောက်က တင်ပျဉ်ခွေလျက် ထိုင်နေကြ၏။

“ငါတို့ရှစ်ယောက်လုံးကို တစ်ပြိုင်နက်တည်း စုခိုင်းတာ ဘာများဖြစ်လို့လဲ၊ စီနီယာအကိုတောက်ပကြိုးကြာ”ဝတုတ်ဘုန်းကြီးတစ်ယောက်က သိလိုစိတ်နှင့် မေးလိုက်သည်။

ကျန်လူများက မမေးပေ၊ သို့သော် သူတို့၏မျက်နှာပေါ်တွင် အလားတူသိလိုသောအမူအရာများ ရှိနေကြ၏၊ သူတို့၏မျက်လုံးများက ကျောင်းထိုင်ဆရာတော်တောက်ပကြိုးကြာ၏မျက်နှာကိုသာ အာရုံစိုက်ထားကြ၏။

“မင်းတို့ထဲက အချို့က ဒကာထန်ရှုကို မြင်ဖူးပြီး အချို့က သူနဲ့ပတ်သက်ပြီး ကြားဖူးမှာပါ။ သူ့ရဲ့စရိုက်လက္ခဏာနဲ့ ပတ်သက်ပြီး မင်းတို့မှာ နားလည်မှုအချို့ရှိမယ်လို့ ငါ ယုံတယ်”ကျောင်းထိုင်ဆရာတော်တောက်ပကြိုးကြာက ဖြည်းဖြည်းချင်း ပြောလိုက်၏။

ဝတုတ်ဘုန်းကြီးက ခေါင်းညိတ်လိုက်သည် “သူက ငါတို့ထဲကတစ်ယောက်မဟုတ်ပေမယ့် ဒကာထန်ရှုက ဗုဒ္ဓနှလုံးသားရှိတယ်။ ယနေ့မှာ ကျင့်ကြံခြင်းကမ္ဘာက လူတိုင်းက သူ့ကို လေးစားကြတယ်။ သုံးရာစုနှစ်အထိ ကျင့်ကြံခဲ့တဲ့ ဒီဘုန်းကြီးကတောင် အဲလိုပဲ ခံစားရတယ်”

ပိန်ပိန်ပါးပါးနှင့်နက်မှောင်သောအသားအရေရှိသည့်နောက်ဘုန်းကြီးတစ်ပါးက ပြောလိုက်၏ “ဟိမဝန္တာမှာတုန်းက ဒကာထန်က သူ့အသက်ကို စွန့်စားပြီး နတ်ဆိုးသားရဲအမြောက်အများကို သတ်ဖြတ်ခဲ့တယ်။ သူ့ရဲ့အဲဒီအပြုအမူအတွက် ဒီမျက်နှာမည်းဗုဒ္ဓက သူ့ကို တကယ်လေးစားမိတယ်”

“ငါလဲ ဒကာထန်ကို ယုံကြည်ပါတယ်၊ စီနီယာအကိုတောက်ပကြိုးကြာ”

“ငါက သူနဲ့ မတွေ့ဖူးပေမယ့် သူ့အကြောင်းကြားဖူးတယ်။ ဒီလူနဲ့ပတ်သက်ပြီး ကြားတာတွေက အမှန်ဖြစ်မယ်လို့ ငါ ယုံတယ်”

“ငါရောပဲ”

“…”

သူတို့၏ထင်မြင်ချက်များအား တိတ်တဆိတ်နားထောင်ပြီးနောက် ကျောင်းထိုင်ဆရာတော်တောက်ပကြိုးကြာက ခေါင်းညိတ်ကာ ပြောလိုက်သည် “ငါတို့အားလုံးက ဒကာထန်ကို ယုံကြည်တယ်ဆိုမှတော့ မင်းတို့ကို ဆင့်ခေါ်ရတဲ့အကြောင်းပြချက်ကို ငါ ပြောပြမယ်။ ဒကာထန်က ဒကာမြောင်ကို ငါတို့ဆီလာခိုင်းပြီး ပျော်ရွှင်ခြင်းဂိုဏ်းရဲ့အသက်ရှင်နေတဲ့အကြွင်းအကျန်တွေက ဂျပန်ကို ပြောင်းရွှေ့ပြီး အလွန်ကြီးမားတဲ့ဂိုဏ်းတစ်ခုကို တည်ထောင်ခဲ့တယ်လို့ ငါတို့ကို အသိပေးခိုင်းခဲ့တယ်”

“ပျော်ရွှင်ခြင်းဂိုဏ်းလား…”

“အတိတ်မှာ ငါတို့က ပျော်ရွှင်ခြင်းဂိုဏ်းရဲ့အဲဒီမုဒိမ်းကောင်တွေကို အပြီးအပြတ်ရှင်းလင်းခဲ့တာမလား။ ဘယ်လိုလုပ်ပြီး သူတို့ထဲကအချို့က အသက်ရှင်နေသေးတာလဲ”

“ပျော်ရွှင်ခြင်းဂိုဏ်းရဲ့ကပ်ဆိုးကောင်တွေလား။ ဒီနတ်ဆိုးအချို့က အသက်ရှင်နေသေးတာလား။ သူတို့က ဘယ်သူတွေလဲ”

“ဒီသတင်းက အမှန်ဆိုရင် ငါတို့တွေ သူတို့ကို ရှာပြီး သတ်ပစ်ရမယ်…”

“လူတွေအတွက် ဒီမကောင်းဆိုးဝါးတွေကို ဖယ်ရှားရမယ်…”

“ငါတို့ရဲ့ကျောင်းကို သန့်ရှင်းအောင် လုပ်ရမယ်…”

“…”

ကျောင်းထိုင်ဆရာတော်တောက်ပကြိုးကြာက လက်မြှောက်ကာ ပြောလိုက်သည် “ဂျူနီယာညီလေးတို့၊ ပျော်ရွှင်ခြင်းဂိုဏ်းမှ ဘယ်သူ့ကိုမှ ကမ္ဘာပေါ်မှာ မတည်ရှိစေရဘူးလို့ ငါတို့ရဲ့ဗုဒ္ဓကျောင်းက ကြေညာထားတာ ကြာပြီ။ ဒါကြောင့် လက်ရှိမှာ သူတို့ကို ဖယ်ရှားရမယ်ဆိုတာ ငါတို့တွေ သိထားရမယ်”

“မင်းတို့အားလုံးကို ဒီနေရာကို ခေါ်လိုက်တာ ဒီကိစ္စကို ဆွေးနွေးဖို့ပဲ။ ဘယ်သူက ဂျပန်ကို သွားဖို့ အဖွဲ့ကို ဉီးဆောင်ချင်လဲ၊ တပည့်ဘယ်လောက်ထိ အဲနေရာကို ခေါ်သွားကြမှာလဲ”

မျက်နှာမည်းဘုန်းကြီးက နက်ရှိုင်းသောအသံနှင့် ပြောလိုက်သည် “အော်မီတော်ဖော်၊ ဒီဘုန်းကြီးကို တာဝန်ယူခွင့်ပြုပါ။ ကျန်ရှိနေတဲ့မိစ္ဆာတွေကို အပြစ်ပေးဖို့က ငါတို့ရဲ့ဘာသာရေးပြဌာန်းချက်ပါပဲ”

ဖက်တီးဘုန်းကြီးက သူ့လက်ထဲရှိ ပုတီးစေ့အား ဖိလျက် ပြုံးကာ ပြောလိုက်သည် “ဂျူနီယာနဲ့စီနီယာအကိုတို့၊ အတိတ်တုန်းက ငါလဲ ပျော်ရွှင်ခြင်းဂိုဏ်းကို လျှို့ဝှက်စုံစမ်းခဲ့တယ်။ သူတို့ကျူးလွန်တဲ့အပြစ်တွေကို ငါ သိထားပြီး သူတို့တပည့်တွေရဲ့စာရင်းကိုလည်း တိတ်တဆိတ်စုဆောင်းထားတယ်။ ငါက ပျော်ရွှင်ခြင်းဂိုဏ်းနဲ့ အရင်းနှီးဆုံးပုဂ္ဂိုလ်လို့ ပြောနိုင်တယ်၊ ဒါကြောင့် ဒီပုဂ္ဂိုလ်က ဂျပန်ကို သွားမယ့် စစ်ဆင်ရေးမှာ ပါဝင်ရမယ်”

ကျောင်းထိုင်ဆရာတော်တောက်ပကြိုးကြာက ခေါင်းညိတ်ကာ လက်ကို ဖြည်းဖြည်းချင်း မြှောက်လျက် စကားပြောချင်နေသောကျန်လူများအား တားလိုက်သည် “စစ်ဆင်ရေးကို ဂျူနီယာညီလေးမျက်နှာမည်းနဲ့ကျောက်စိမ်းဗုဒ္ဓတို့က တာဝန်ယူစေဖို့ ငါ ဆုံးဖြတ်လိုက်ပြီ၊ ကျန်တဲ့တောင်ထွတ်အသီးသီးကလဲ သင်တို့ရဲ့ဂျူနီယာညီလေးနှစ်ယောက်ကို စေလွှတ်ရမယ်။ ဒါကြောင့် သင်တို့ဆယ့်ရှစ်ယောက်က ပျော်ရွှင်ခြင်းဂိုဏ်းရဲ့အကြွင်းအကျန်တွေကို သေချာပေါက် ရိတ်သိမ်းရမယ်”

မျက်နှာမည်းဗုဒ္ဓနှင့်ကျောက်စိမ်းဗုဒ္ဓတို့သာမက အခြားခြောက်ယောက်တို့က အံ့အားသင့်စွာနှင့် အကြည့်ချင်းဖလှယ်လိုက်ကြသည်။ ကျောင်းထိုင်ဆရာတော်တောက်ပကြိုးကြာပြောခဲ့သည့်တောင်ထွပ်အသီးသီးမှဂျူနီယာနှစ်ယောက်က အလွန်မြင့်မားသောအဆင့်အတန်းတစ်ခုရှိပြီး အလွန်ပြောင်မြောက်သည်။ သူတို့ထဲတွင် အားအနည်းဆုံးတစ်ယောက်က ရွှေအမြုတေအဆင့်ကျင့်ကြံသူများဖြစ်ကြသည်။

မှောင်ရီပျိုးစအချိန်တွင် မြောင်ဝမ်ထန်နှင့်ဘုန်းကြီးဆယ့်ရှစ်ယောက်က ရှောက်ရှစ်တောင်မှ ထွက်ခွာလာခဲ့သည်။ ဂျပန်သို့ လေယာဉ်နှင့် သွားရန် သူတို့အား မြောင်ဝမ်ထန်က အားလုံးစီစဉ်ပေးခဲ့သည်။

သို့သော် ထိုဘုန်းကြီးများက ရှောက်ရှစ်တောင်မှ ထွက်ခွာသည်မှာ ရှားသောကြောင့် သူတို့တွင် အိုင်ဒီကတ်မရှိပေ။ ထို့ကြောင့် ဂျပန်သို့လေယာဉ်ခရီးက ပျက်ပြယ်သွား၏။

****

ဂျပန်၊ အင်နာဒါသိုင်းသင်တန်းကျောင်း။

ဒုတိယထပ်ရှိ ပြတင်းပေါက်နားတွင် အေးအေးလူလူ ထိုင်ရင်း ထန်ရှုက ပတ်ဝန်းကျင်ရှိ လှပသောရှုခင်းများအား အာရုံခံစားနေသည်။ ခြံဝင်းထဲရှိ အလောင်းအားလုံးအား ရှင်းလင်းထားပြီဖြစ်ပြီး သွေးရာတစ်ခုပင် မကျန်ပေ။ တစ်ချိန်တည်းတွင် ကူဝါကို၏နောက်လိုက်များက တိုက်ခိုက်မှုကြောင့် ဖြစ်ပေါ်လာသည့် အပျက်အဆီးများအား ပြုပြင်ပေးနေခဲ့၏။

မွှေးကြိုင်သင်းပျံ့သောလက်ဖက်ရည်နှင့်လှပသောမြင်ကွင်း။ သူ့ဘေးနားတွင်ကား နန်းဆန်သောအလှပိုင်ရှင်ကူဝါကို ။ အရာအားလုံးက ထန်ရှုအား သက်သောင့်သက်သာရှိစေ၏။ သူက လက်ဖက်ရည်အား မော့ချရင်း ဖြည်းဖြည်းချင်း မေးလိုက်သည် “အဲဒီလူတွေအကြောင်း စုံစမ်းခိုင်းတာ အခြေအနေဘယ်လိုရှိပြီလဲ”

“ဘာမှ မသိသေးဘူး”ကူဝါကိုက ခေါင်းခါယမ်းလိုက်သည် “ဒါပေမယ့် ငါတို့လူတွေက အဲဒီသုံးယောက်ကို စောင့်ကြည့်နေတုန်းပဲ၊ သူတို့ရဲ့အထောက်အထားကို ရှာတွေ့ဖို့က ကြာမှာတော့မဟုတ်ဘူး”

“မင်းက တကယ်စွမ်းဆောင်နိုင်တာပဲ၊ ကူဝါကို”ထန်ရှုက ပြုံးကာ ခေါင်းညိတ်လိုက်သည် “ပြီးတော့ မင်းကို ဂျပန်မှာ နေခိုင်းခဲ့တာ မှန်ကန်တဲ့ဆုံးဖြတ်ချက်တစ်ခုဖြစ်ပုံပဲ။ ဂျပန်က သေးငယ်တယ်လို့ ထင်ရပေမယ့် လူဉီးရေထူထပ်ပြီး တစ်ချိန်တည်းမှာပဲ အခွင့်အလမ်းတွေနဲ့အန္တရာယ်တွေရှိတယ်။ မင်းက ဂိုဏ်းအတွက် ကြီးမားတဲ့အရင်းအမြစ်ပမာဏကို စုဆောင်းပေးခဲ့တယ်။ ဒါက ကြီးကျယ်ခမ်းနားတဲ့အကျိုးဆောင်မှုတစ်ခုပဲ။ ဒီကိစ္စကို ဖြေရှင်းပြီးရင် မင်းရဲ့အရှိန်အဟုန်ကို မြှင့်တင်ရမယ်။ ပြီးရင် တစ်ချိန်တည်းမှာ မင်းက ဂျပန်ကို ထိန်းချုပ်ပြီးတာနဲ့ ကျင့်ကြံဖို့အတွက် နဂါးကိုးကောင်ကျွန်းကို ပြန်လာနိုင်တယ်”

“ပျော်ရွှင်ခြင်းနန်းတော်ရဲ့မီရာဂျီကို ဖျက်ဆီးနိုင်ခဲ့မယ်ဆိုရင် သုံးနှစ်အတွင်းမှာ ငါက ဂျပန်ကို ထိန်းချုပ်နိုင်မှာ သေချာတယ်”ကူဝါကိုက ရိုသေလေးစားစွာ ပြန်ပြောသည်။

“မင်း အစီအစဉ်ဆွဲပြီး လုပ်လို့ရတယ်၊ ဒါပေမယ့် ကျင့်ကြံခြင်းအရင်းအမြစ်တွေ စုဆောင်းဖို့ကိုလဲ မနှောင့်နှေးစေနဲ့။ ဂျပန်မှာ ငါတို့ရဲ့သတင်းအချက်အလက်ကွန်ရက်ကို တည်ဆောက်ဖို့ နှစ်ဝက်လောက်ကျရင် ကျင်းရှီက ထောက်လှမ်းရေးအချို့ကို လွှတ်လာလိမ့်မယ်။ အဲအချိန်ကျရင် မင်းရဲ့ထောက်လှမ်းရေးတွေကို သူ့ဆီ လွှဲပေးလိုက်”

ကူဝါကိုက ခေါင်းညိတ်ကာ ပြောလိုက်သည် “ငါ သိပါပြီ”

ရုတ်တရက် သူမ၏အမူအရာက ပြောင်းလဲသွားပြီး သူမက တံခါးသို့ ပြေးသွား၏။ အတွင်းမှ တံခါးဖွင့်ပြီးနောက် အနက်ရောင်ညဝတ်စုံနှင့် တောင့်တင်းသန်မာသောလူကို ကြည့်ကာ သူမက နက်ရှိုင်းသောအသံနှင့် မေးလိုက်သည် “မင်း သတင်းရလာလား”

“ဟုတ်ကဲ့”ထိုလူက ရိုသေလေးစားစွာ ပြန်ဖြေသည်။

လက်ခံပြီးနောက် ကူဝါကိုက ထိုလူအား ပြန်ဆုတ်ရန် လက်ပြလိုက်သည်။ ထို့နောက် သူမက စာရွက်စာတမ်းအား ထန်ရှုထံ လွှဲပေးလိုက်၏။

All Chapters