← Chapters

အမျိုးသမီးမီးပြင်းဖို

Vol. 84 Ch. 1164

အမျိုးသမီးမီးပြင်းဖို

Vol. 84 Ch. 1164

“ခိုဘူယာမာရှိတာ ကျင်လန်အဖွဲ့အစည်းရဲ့ဥက္ကဉ၊ အိမ်ထောင်မရှိ။ ဂျပန်ရဲ့အကြီးမားဆုံးသယ်ယူပို့ဆောင်ရေးကုမ္ပဏီနဲ့အခြားလုံခြုံရေးကုမ္ပဏီနှစ်ခုကို ထိန်းချုပ်ထားတယ်…”

“တာရိုဟာရာနို၊ မြွေနက်အဖွဲ့ရဲ့ဒုဥက္ကဉ၊ အိမ်ထောင်မရှိ။ နောက်လိုက်ထောင်ချီရှိပြီး ဖျော်ဖြေရေးလုပ်ငန်းအမြောက်အများကို ထိန်းချုပ်ထားတယ်…”

“ခီခီတားဂါဝါ၊ တပည့်လေးယောက်နဲ့ သားသတ်သမား၊ လက်ထပ်ပြီး သားတစ်ယောက်၊ သမီးတစ်ယောက်ရှိတယ်…”

ထိုသုံးယောက်နှင့်ပတ်သက်သည့် သတင်းအချက်အလလက်ကို ဖတ်ပြီးနောက် ထန်ရှု၏မျက်နှာပေါ်တွင် ထူးဆန်းသောအမူအရာတစ်ခုက ဖုံးလွှမ်းသွားသည်။ ခိုဘူယာမာရှိတာနှင့်တာရိုဟာရာနိုတို့၏ထိန်းချုပ်မှုနှင့်စွမ်းအားက သူ့အား အံ့အားမသင့်စေခဲ့သော်ငြား နောက်ဆုံးလူက အတော်လေးအဓိပ္ပါယ်မရှိလှဟု သူက ခံစားမိသည်။ပျော်ရွှင်ခြင်းနန်းတော်၏စစ်တုရင်အပိုင်းအစတစ်ယောက်၊ သို့သော် သူ၏အစစ်အမှန်ဘဝတွင် သားသတ်သမားတစ်ယောက်သာဖြစ်သည်။ ဒါက လုံးဝထူးဆန်းသည်။

သူက စာရွက်စာတမ်းအား စားပွဲပေါ်သို့ ပစ်တင်ကာ ကူဝါကိုနှင့် ပြောလိုက်သည် “ခိုဘူယာမာရှီတာနဲ့တာရိုဟာရာနိုတို့နဲ့ ပတ်သက်ပြီး ကိုင်တွယ်ဖို့ မင်းကို လွှဲပေးလိုက်မယ်။ ဒီခီခီတာဂါဝါကိုတော့ ငါပဲ ကိုင်တွယ်လိုက်မယ်”

“နားလည်ပါပြီ…”

ကူဝါကိုက စာရွယ်စာတမ်းအား ကောက်ယူကာ ဖတ်ပြီးနောက် အခန်းမှ တိုက်ရိုက်ထွက်ခွာလာခဲ့သည်။

ထန်ရှုက ထရပ်ကာ ထူးမခြားနားစွာ ပြောလိုက်သည် “အန်း၊ မင်းရဲ့မျက်လုံးကို သတိမပြတ်စေနဲ့။ ဒီခီခီတာဂါဝါက မရိုးရှင်းဘူး”

“နားလည်ပါပြီ…”

ထန်အန်းက မထွက်ပေါ်လာခဲ့ဘဲ သူမအသံကသာ ထန်ရှုနားထဲသို့ ကူးပြောင်းလာသည်။

တိုမိုဒါစီရင်စု၊ အိမ်တော်တစ်ခုထဲတွင်။

နေရာက ခြံဝင်းတော်တော်များများနှင့် အတော်လေးကွာလှမ်းသည်။ အရပ်မြင့်ပြီးတုတ်ခိုင်သန်မာသောလူတစ်ယောက်က ကုလားထိုင်တစ်လုံးပေါ်တွင် ထိုင်နေသည်။ သူ့အရှေ့တွင် အနက်ရောင်ညဝတ်စုံ၊ အနက်ရောင်မျက်နှာဖုံးများနှင့် လူငယ်လေးယောက်ရှိပြီး ရုပ်တုများပမာ ရပ်နေကြသည်။

ဝှစ်…

ဝေဝေဝါးဝါးပုံရိပ်တစ်ခုက အဝေးမှ ရွေ့လျားလာသည်၊ ခြေဖလာနှင့် ဖြစ်ကာ ပုတီးတစ်ကြိုးအား ကိုင်ထားသည်။ ကုလားထိုင်ပေါ်ရှိ တောင့်တင်းသန်မာသောလူကို မြင်ပြီး သူက အေးစက်စွာ ပြောလိုက်၏ “ခီခီတာဂါဝါ၊ ဒီအရှင်က မင်းအိမ် လာလည်တာကို မင်း မနှုတ်ဆက်ဘူးလား”

ခီခီတာဂါဝါက ရုတ်ခြည်းထရပ်ကာ လက်အုပ်ချီလျက် အနည်းငယ်ဉီးညွတ်ကာ အရိုအသေပေးလိုက်သည် “အရှင်သူတော်စင်ယင်ဗုဒ္ဓ၊ သင့်ရဲ့နောက်လိုက်က ခွန်အားအကန့်အသတ်ရှိပြီး သင်က ကျွန်ုပ်ရှေ့ကို တိုက်ရိုက်ထွက်ပေါ်လာမယ်လို့ ဘယ်တော့မှ မထင်ထားခဲ့ဘူး။ လစ်လျူရှုမိတဲ့အတွက် ကျေးဇူးပြုပြီး ခွင့်လွှတ်ပေးပါ၊ အရှင်”

ယင်ဗုဒ္ဓက စိတ်မဝင်စားစွာနှင့် ပြောလိုက်သည် “မင်းက တမင်တကာမလုပ်မှတော့ ငါ ခွင့်လွှတ်ပါတယ်။ ဒါဆို ပြောပါ၊ မင်း ငါ့ကို ဆက်သွယ်တာ ဘာများ တင်ပြမလို့လဲ”

“အင်နာဒါသိုင်းသင်တန်းကျောင်းမှာ မတော်တဆမှုတစ်ခုဖြစ်ပွားခဲ့ပြီး ဒါရီခူရာဆာခူရာဂီက သေသွားပါတယ်”ခီခီတာဂါဝါက ဖြေလိုက်သည်။

ယင်ဗုဒ္ဓ၏အသားအရောင်က ပြောင်းလဲသွားပြီး မျက်လုံးများက ပြင်းထန်ကြမ်းကြုတ်သွား၏။ သူက နက်ရှိုင်းသောအသံနှင့် မေးလိုက်သည် “ဒါရီခူရာက စစ်တုရင်အပိုင်းအစတွေထဲကတစ်ခုဖြစ်ပြီး တစ်ယောက်ယောက်က သူ့ကို သတ်ခဲ့တာလား။ လူသတ်သမားကို မင်း စုံစမ်းစစ်ဆေးပြီးပြီလား”

“အခုထိ မသိသေးဘူး”ခီခီတာဂါဝါက ခေါင်းခါယမ်းလိုက်သည် “ပြီးတော့ ငါ လွှတ်ထားတဲ့အရိပ်တွေကနေလဲ ဘာမှ မတုံ့ပြန်လာဘူး။ သူတို့အားလုံး ပျောက်ကွယ်သွားခဲ့တယ်။ သူတို့က အသတ်ခံလိုက်ရပြီလို့ ငါ ယူဆတယ်”

“အရိပ်အဖွဲ့ဝင်တွေက ဂိုဏ်းက လျှို့ဝှက်လေ့ကျင့်ပေးထားတဲ့ နင်ဂျာကျွမ်းကျင်သူတွေပဲ။ သူတို့က ဘယ်လိုလုပ်ပြီး ဒီလိုအသတ်ခံလိုက်ရတာလဲ။ ဆန်းကြယ်တဲ့ဂိုဏ်းအချို့က ဒီကိစ္စမှာ ပါဝင်တယ်လို့ မင်း ထင်လား”

“ငါ မသိဘူး”ခီခီတာဂါဝါက ခေါင်းခါယမ်းလိုက်သည် “ဒါရီခူရာနဲ့အတူ အိုဇာဝါမန်ဇိုလို့ခေါ်တဲ့လူတစ်ယောက်လဲ သေသွားတယ်။ ဒါပေမယ့် သူ့ရဲ့အထောက်အထားကိုတော့ ငါ မသိဘူး”

ယင်ဗုဒ္ဓ၏အမူအရာက ပြောင်းလဲသွားပြီး ပြင်းပြင်းထန်ထန် ပြောလိုက်သည် “အိုဇာဝါမန်ဇိုကလဲ စစ်တုရင်အပိုင်းအစတွေထဲကတစ်ခုပဲ၊ ဘယ်သူက သူတို့ကို သတ်ခဲ့တာလဲ။ သူတို့က တစ်ချိန်တည်းမှာ ငါတို့ပျော်ရွှင်ခြင်းနန်းတော်ရဲ့စစ်တုရင်အပိုင်းအစနှစ်ယောက်ကို သတ်ခဲ့တာပဲ။ သေချာစုံစမ်း။ မင်းကိုယ်တိုင်ကိုယ်တွယ်ရမယ်ဆိုရင်လဲ ငါ ဂရုမစိုက်ဘူး၊ ဒါပေမယ့် အဲဒီလူတွေက ဘယ်နေရာမှာလဲဆိုတာ မင်း ရှာတွေ့ရမယ်။ မဟုတ်ရင် မင်းက ငါ့ရဲ့ပြစ်ဒဏ်ကို မျှော်လင့်ထားနိုင်တယ်”

“နားလည်ပါပြီ”ခီခီတာဂါဝါက ရိုသေလေးစားစွာ ခေါင်းညိတ်လိုက်သည်။

သို့သော် သတ်ဖြတ်လိုစိတ်အမျှင်တန်းတစ်ခု လောင်ကျွမ်းလျက် အေးစက်စက်အလင်းတစ်ခုက သူ၏မျက်လုံးများထဲတွင် လင်းလက်သွားသည်ကို ဤသူတော်စင်ယင်ဗုဒ္ဓက သတိမပြုမိလိုက်ပေ။

ယင်ဗုဒ္ဓက ခဏစဉ်းစားပြီးနောက် ဖြည်းဖြည်းချင်း ပြောလိုက်သည် “ဒီရန်သူကို မသိမှတော့ မီရာဂျီကို ငါ တင်ပြဖို့ လိုတယ်။ ခီတာဂါဝါ၊ ရန်သူရဲ့အထောက်အထားနဲ့သူတို့ရဲ့တည်နေရာကို ရှာတွေ့ဖို့ ငါ မင်းကို အချိန်နှစ်ရက်ပေးမယ်။ မင်း အဲဒါကို ချောချောမွေ့မွေ့နဲ့ ကိုင်တွယ်နိုင်မယ်ဆိုရင် ငါ မင်းကို ဆုလာဒ်တစ်ခုပေးမယ်။ မင်း ကျရှုံးရင် မင်းက အမှောင်အကျဉ်းထောင်ထဲကို သွားဖို့ မျှော်လင့်ထားနိုင်တယ်”

ခီခီတာဂါဝါက တိတ်တဆိတ်ခေါင်းညိတ်ကာ ပြောလိုက်သည် “ဒီနောက်လိုက်က သေချာပေါက် အကောင်းဆုံးလုပ်ပါ့မယ်”

ရုတ်တရက် ယင်ဗုဒ္ဓက မျက်မှောင်ကြုတ်ကာ အနောက်သို့ ချက်ချင်း လှည့်ကြည့်လိုက်သည်၊ ထူးခြားတာဘာတစ်ခုမှ သူ မမြင်ခဲ့ပေ။ သူ၏သတိအား အမြင့်ဆုံးထိ တင်လျက် သူက အော်ပြောလိုက်သည် “မင်းက ဘယ်သူလဲ၊ ခိုးကြောင်ခိုးဝှက်နဲ့အကောင်”

သို့သော် အားလုံးက တိတ်ဆိတ်နေသည်။ တစ်ယောက်မှ သူ့အား မဖြေသလို လူတစ်ယောက်၏အရိပ်ပင် မရှိပေ။

ဆယ်မိနစ်ကြာ နှုတ်ဆိတ်သွားပြီးနောက် ယင်ဗုဒ္ဓက တိတ်တဆိတ်ခေါင်းခါယမ်းကာ ခီခီတာဂါဝါထံ စကားတစ်ခွန်းပြောပြီးနောက် တန်းကာ ထွက်ခွာလာခဲ့သည်။

ဆယ်မိနစ်…

နာရီဝက်…

နှစ်နာရီ…

နှစ်နာရီကုန်ဆုံးသွားပြီး ယင်ဗုဒ္ဓက အကြိမ်ကြိမ်ပြန်လာသော်လည်း ခြံဝင်းထဲတွင် ထူးဆန်းတာ ဘာစ်ခုမှ ရှာမတွေ့ပေ။ ခီခီတာဂါဝါက ဖုန်းအချို့ ခေါ်ပြီးနောက် ပြန်ထိုင်ကာ အတွေးရထားထဲ၌ တိတ်တဆိတ် နစ်မြောသွား၏။

ငါ့ရဲ့အာရုံခံမှုကပဲ မှားယွင်းသွားတာလား။

ယင်ဗုဒ္ဓက ခေါက်တုံ့ခေါက်ပြန် ခဏလျှောက်ပြီးနောက် လက်မခံနိုင်စွာနှင့် ထွက်သွား၏။ သို့သော် သူ ထွက်သွားပြီး ငါးမိနစ်ကြာပြီးနောက် ပုံရိပ်တစ်ခုက ခီခီတာဂါဝါ၏အရှေ့၌ ထွက်ပေါ်လာသည်။

“မင်း ဘယ်သူလဲ…”

ခီခီတာဂါဝါ၏တပည့်လေးယောက်မျက်နှာများက အပြင်းအထန်ပြောင်းလဲသွားပြီး သူတို့က နောက်ကျောရှိဓားရှည်အား ချက်ချင်းဆွဲထုတ်လိုက်ကြသည်။

ထန်ရှုက သူတို့အား အထင်သေးသောအကြည့်ဖြင့် တစ်ချက်ကြည့်ပြီးနောက် လစ်လျူရှုလိုက်သည်။ ထိုအစား ထရပ်လာသောခီခီတာဂါဝါအား ကြည့်ကာ ခေါင်းခါယမ်းလျက် သက်ပြင်းချလိုက်သည် “မင်းသိလား၊ ပျော်ရွှင်ခြင်းနန်းတော်က တကယ်ကို မမျှတတာပဲ။ စစ်တုရင်အပိုင်းအစရဲ့ကျန်လူတွေက ချမ်းသာကြွယ်ဝပြီး အားကောင်းတဲ့လူတွေဒါမှမဟုတ်ရင်အဆင့်မြင့်အရာရှိတွေဖြစ်ကြတယ်၊ ဒါပေမယ့် မင်းက စွမ်းအားနဲ့ကြွယ်ဝမှုနည်းနည်းပဲရှိတဲ့သားသတ်သမားတစ်ယောက်ပဲ။ ဒါက တကယ်ကို မမျှတတာပဲ”

ခြေလှမ်းအနည်းငယ်ရှေ့တိုးလျက် ခီခီတာဂါဝါက ထန်ရှုအား စိုက်ကြည့်လိုက်သည်။ ထန်ရှုအား သတိနှင့် ကြည့်ရင်း သူက မေးလိုက်၏ “မင်းက ဘယ်သူလဲ”

“ငါ ဘယ်သူလဲဆိုတာ ကိစ္စမရှိဘူး၊ လက်ရှိအချိန်မှာ မင်းကိုယ်မင်းပဲ စိတ်ပူရမှာ”ထန်ရှုက နှာခေါင်းရှုံ့လိုက်သည်။

“လက်ရှိမှာ ပျော်ရွှင်ခြင်းနန်းတော်က အလွန်ပြောင်မြောက်တဲ့ရန်သူအချို့ကို ရင်ဆိုင်နေရပုံရတယ်”ခီခီတာဂါဝါက လေးလံစွာနှင့် ပြောလိုက်သည် “ဒါရီခူရာဆာခူရာဂီနဲ့အိုဇာဝါမန်ဇိုတို့ကို သတ်ခဲ့တဲ့သူက မင်းလား”

“သူတို့က ငါ့အတွက်တော့ ပုရွက်ဆိတ်တွေလိုပါပဲ”ထန်ရှုက ခေါင်းညိတ်လိုက်သည် “ဒါနဲ့ မင်းက ငါ့ကို အတော်လေးသိချင်စိတ်ဖြစ်စေမိတယ်၊ ခီတာဂါဝါ။ စစ်တုရင်အပိုင်းအစ၇၂ထဲမှာ မင်းရဲ့အဆင့်က ဘာလဲ။ မင်းက ကောင်းကင်ဘုံသခင်မတစ်ယောက်ထက် ပိုမြင့်တဲ့ အထူးပုဂ္ဂိုလ်တစ်ယောက်နဲ့တောင် ဆက်သွယ်နိုင်ပုံထောက်ရင်…”

“မင်းက ပျော်ရွှင်ခြင်းနန်းတော်ကို သေချာစုံစမ်းထားပုံရတယ်”ခီခီတာဂါဝါက အေးစက်စွာ ပြောလိုက်သည် “ကောင်းကင်ဘုံသခင်မရဲ့တည်ရှိမှုကို သိရုံတင်မက ငါတို့လို စစ်တုရင်အပိုင်းအစတွေရဲ့တည်ရှိမှုကိုလဲ သိတာပဲ။ ဒါပေမယ့် ဒီတစ်ခုကိုတော့ ငါ ပြောနိုင်တယ်။ ငါက အဆင့်၇၂ပဲ”

“ဖူး…နောက်ဆုံးနံပါတ်လား”ထန်ရှုက ရယ်လိုက်သည် “ငါက ငါးကြီးတစ်ကောင်ကို ဖမ်းမိခဲ့တယ်လို့ ငါ ထင်ခဲ့တာ၊ မင်းက စစ်တုရင်အပိုင်းအစရဲ့နောက်ဆုံးဖြစ်နေတာပဲ။ မင်းက ငါ့အတွက် အများကြီး အသုံးမဝင်ဘူးဆိုမှတော့ ငါ မင်းနဲ့ အများကြီး ပြောမနေတော့ဘူး။ မင်းအတွက် ရွေးချယ်မှုနှစ်ခုရှိတယ်၊ အညံ့ခံမလားဒါမှမဟုတ်သေမလား”

“မင်းကို အညံ့ခံရမှာလား။ သေမှာလား”ခီခီတာဂါဝါက သရော်လိုက်သည် “မင်းရဲ့ခွန်အားလောက်နဲ့ ငါ့ကို သတ်နိုင်မှာလား”

ထန်ရှုက ဖြည်းဖြည်းချင်း ခေါင်းညိတ်လိုက်သည်။

ရွှမ်း…ရွှမ်း…ရွှမ်း…ရွှမ်း…

ဓားပုံရိပ်လေးခုက သတိမပေးဘဲ ထွက်ပေါ်လာပြီး ခီတာဂါဝါ၏တပည့်လေးယောက်အား ချက်ချင်း ခေါင်းဖြတ်လိုက်သည်။ နောက်အခိုက်အတန့်တွင် အင်မော်တယ်ဓားက လေထဲမှ ထွက်လာပြီး ခီခီတာဂါဝါ၏ဉီးခေါင်းအား တိုက်ခိုက်လိုက်သည်။

ထိုလူ၏အသားအရောင်က အပြင်းအထန်ပြောင်းလဲသွားသည်။ သူက သူ့ခါးရှိ ဓားရှည်အား ချက်ချင်းဆွဲထုတ်လိုက်၏၊ ဓားပုံရိပ်အလွှာများက ရေတံခွန်တစ်ခုအလား ရိုက်ခတ်သွားပြီး အနက်ရောင်ဝတ်ရုံနှင့်အမျိုးသမီးတစ်ယောက်က ထွက်ပေါ်လာပြီး သူ့အား စိတ်ဖိစီးသွားစေသည်။ ဤဆန်းကြယ်သောအမျိုးသမီးလူသတ်သမားက သူနှင့် ယှဉ်နိုင်သည့် သို့မဟုတ် သူ့ထက်ပင် အနည်းငယ်သာသည့်ခွန်အားရှိသည်ဟု သူက ခံစားမိ၏။

“မင်းတို့က ဘာတွေလဲ”ခီခီတာဂါဝါက ကျယ်လောင်စွာ အော်လိုက်သည်။

ထန်ရှုက ချောင်းဟန့်လျက် ပြန်ပြောသည် “ဒီမယ် မင်း၊ ခီခီတာဂါဝါ၊ မင်းရဲ့ပျော်ရွှင်ခြင်းနန်းတော်က မကြာခင် အဆုံးသတ်တော့မှာ။ မင်းက မသေချင်ရင် ငါ့ကို အညံ့ခံပြီး ပျော်ရွှင်ခြင်းနန်းတော်ထဲက ထိပ်တန်းပုဂ္ဂိုလ်တွေကို ဖယ်ရှားဖို့ ငါ့ကို ကူညီပေး”

“ငါ သဘောတူတယ်”ခီခီတာဂါဝါက ကျယ်လောင်စွာ ပြန်ဖြေသည်။

“မင်း ပြောတာ မှန်လားမှားလား ငါ တကယ် ဂရုမစိုက်ဘူး”ထန်ရှုက ပြောလိုက်၏ “မင်းက မေးခွန်းအချို့ ဖြေဖို့ပဲ လိုအပ်တယ်။ မင်းရဲ့အဖြေက ငါ့ကို ကျေနပ်စေရင် ငါ မင်းကို ချမ်းသာပေးနိုင်တယ်။ ငါ မင်းကို အကျိုးအမြတ်အချို့တောင် ပေးနိုင်တယ်”

“မင်းက ဘာသိချင်တာလဲ”ခီခီတာဂါဝါက နက်ရှိုင်းသောအသံနှင့် မေးလိုက်သည်။

“အဲဒီယင်ဗုဒ္ဓက အတိအကျဘာလဲ”ထန်ရှုက မေးလိုက်သည်။

“သူက ပျော်ရွှင်ခြင်းနန်းတော်ရဲ့ဒုနန်းတော်သခင်ပဲ၊ ဒါပေမယ့် သူက နန်းတော်ထဲမှာ နေတာ ရှားတယ်၊ စစ်တုရင်အပိုင်းအစ၇၂ခုကို ထိန်းချုပ်စုံစမ်းဖို့အတွက် သူက လှည့်လည်သွားလာတယ်။ သူ့ရဲ့အဆင့်အတန်းက နန်းတော်က ကောင်းကင်ဘုံသခင်မတွေထက် ပိုမြင့်တယ်။ သူက နန်းတော်သခင်အယုံကြည်ရဆုံးလူတွေထဲကတစ်ယောက်လဲ ဖြစ်တယ်”

“ကြည့်ရတာ သူ့ရဲ့ဝတ်ရုံအရ သူက ဗုဒ္ဓကျင့်ကြံသူတစ်ယောက်ဖြစ်ဖို့ပဲ”ထန်ရှုက မှတ်ချက်ပေးလိုက်သည်။

“ဟေး၊ အဲဒါကို မင်း ခန့်မှန်းခဲ့တာ၊ ငါ ဖြေတာ မဟုတ်ဘူး”ခီခီတာဂါဝါက နှာခေါင်းရှုံ့လိုက်သည် “မင်းက ပျော်ရွှင်ခြင်းနန်းတော်နဲ့ ရန်သူဖြစ်ရဲတယ်…မီရာဂျီနဲ့ဒုနန်းတော်သခင်က မင်းကို သေချာပေါက် ဖျက်ဆီးပစ်လိမ့်မယ်။ မသေချင်ရင် မင်း မြန်မြန်ထွက်ပြေးတော့…”

“ဒီအတွက် စိုးရိမ်စရာမလိုပါဘူး”ထန်ရှုက ခေါင်းခါယမ်းလိုက်သည် “ပြီးတော့ ပျော်ရွှင်ခြင်းနန်းတော်ကို ငါ ဘာမှ မလုပ်ပါဘူး။ လုပ်မယ့်လူတွေကို ငါ စောင့်နေတာ။ ကောင်းပြီလေ၊ စကားကို ဒီမှာပဲ ဖြတ်ကြတာပေါ့။ ငါ မင်းကို ဘာမှထပ်မေးစရာမရှိတာကြောင့် မင်းက မင်းရဲ့တပည့်တွေနောက်ကို လိုက်သွားလို့ရပြီ။ မင်းကို သတ်ခဲ့တဲ့လူက ထန်ရှုလို့ ငရဲဘုရင်ကို ပြောဖို့ မှတ်ထားလိုက်ပါ”

“နေပါအုံး…”

ခီခီတာဂါဝါက လက်မြှောက်ကာ အော်လိုက်သည် “ငါ့ရဲ့အသက်ကို ဒယ်စောက်တစ်လုံးနဲ့ အလဲအလှယ်လုပ်ပါ့မယ်”

“မီးပြင်းဖိုတစ်ခုလား။ မင်းက ဘာဒယ်စောက်အကြောင်း ပြောနေတာလဲ”ထန်ရှုက မေးငေါ့လိုက်သည်။

“အဲဒါက ကျောက်စိမ်းနဲ့ လုပ်ထားတဲ့ဒယ်စောက်တစ်ခုပဲ။ အဲဒါကို တရုတ်က အမျိုးသမီးဆေးဆရာတစ်ယောက်ပိုင်ဆိုင်တယ်လို့ ကောလဟာလက ဆိုကြတယ်”ခီခီတာဂါဝါက နက်ရှိုင်းသောအသံနှင့် ပြောလိုက်သည် “ဒီကျောက်စိမ်းဒယ်စောက်က အမျိုးသမီးမီးဒယ်စောက်လို့ လူသိများပြီး မီရာဂျီရဲ့အနှစ်သက်ဆုံးပစ္စည်းဖြစ်ပုံရတယ်”

“ငါ ကြည့်ရအောင် အဲဒါကို ယူထုတ်လိုက်ပါ”ထန်ရှုက မျက်မှောင်ကြုတ်လျက် ပြောလိုက်သည်။

များမကြာမီ လက်သီးအရွယ်အစားကျောက်စိမ်းဒယ်စောက်တစ်ခုက ခီခီတာဂါဝါ၏လက်ထဲ၌ ထွက်ပေါ်လာသည်။ ထန်ရှုက လက်ခံမည့်ဆဲဆဲတွင် သူ့မျက်ခုံးများက ရုတ်တရက် ကျုံ့သွားသည်။ သန်မာသောလေပြင်းတစ်ခုက ရုတ်တရက် တိုက်ခတ်လာပြီး ကျောက်စိမ်းဒယ်စောက်၏နှုတ်ခမ်းက ရုတ်တရက် ပွင့်သွား၏၊ ထို့နောက် အနက်ရောင်မီးခိုးငွေ့တစ်ခုက ခြံဝင်း၏ထောင့်တိုင်း၌ ချက်ချင်း ပြည့်သွားသည်။

“သတိထား။ ဒါက အဆိပ်ရှိတယ်…”

မိုအားဝူနှင့်ကျန်လူများက အဝေးမှ လိုက်လာသည်ကို မြင်လိုက်ရသောကြောင့် ထန်ရှုက ရုတ်တရက် အော်လိုက်သည်။

ဝှစ်…

ဝေဝေဝါးဝါးပုံရိပ်တစ်ခုက အဝေးမှ ရွေ့လျားလာပြီး ထန်ရှုနှင့်ခီခီတာဂါဝါတို့၏အလယ်၌ ထွက်ပေါ်လာသည်။ ထိုလူက မျက်နှာလွှားဇာဝတ်ထားပြီး တင်းကျပ်သောအဝတ်အစားများနှင့် တင့်တယ်လှပပုံပေါ်လျက် သူမ၏ပြီးပြည့်စုံသောပုံရိပ်ကို ဖော်ပြထား၏။

All Chapters