← Chapters

သူတော်စင်မ

Vol. 84 Ch. 1165

သူတော်စင်မ

Vol. 84 Ch. 1165

လွင့်မျောနေသောအမျိုးသမီး၏မျက်နှာလွှားဇာနောက်ရှိ မျက်နှာကောက်ကြောင်းက မထင်မရှားဖြစ်ကာ သာမန်လူများက သူမ၏ပုံပန်းအား မမြင်နိုင်ပေ။ သို့သော် ထန်ရှု၏စူးရှသောမျက်လုံးများက မျက်နှာလွှားဇာအား ထိုးဖောက်ကာ သူမမျက်နှာအား ရှင်းရှင်းလင်းလင်းမြင်နိုင်၏။

သူမက စိတ်ဝိညာဉ်ဖမ်းစားတတ်သောအလှပိုင်ရှင်တစ်ယောက်ဖြစ်၏။

ယခုကဲ့သို့ စိတ်ဝိညာဉ်ဖမ်းစားနိုင်သောအလှအား မြင်တွေ့ခြင်းက ထန်ရှုအတွက် ရှားပါးသောအရာတစ်ခုမဟုတ်ပေ၊ သို့သော် ဤတစ်ယောက်က သူတွေ့ဖူးသမျှရှားပါးအလှလေးများ၏အထက်တွင် ရှိ၏။ သူမ၏ညှို့ယူနိုင်သောခန္ဓာကိုယ်က သူမ၏ပြီးပြည့်စုံသောပုံရိပ်အား ထွင်းထုထားလျက်ရှိပြီး သူမမျက်လုံးများက စမ်းရေတစ်ခုအလား လှိုင်းဂယက်ထနေသည်။ သူမ၏မျက်လုံးများက မြင့်မြတ်မှုအပြည့်ရှိကာ အားကောင်းသောသံလိုက်လိုညှို့ဓာတ်တစ်ခုအား သယ်ဆောင်ထားသည်။

“ဟယ်လို၊ ၇၂။ မင်းက ဘယ်လိုလုပ်အရှက်မရှိမျက်နှာပြောင်တိုက်ပြီး ရဲတင်းရတာလဲ”

သူမ၏ချိုသာသောအသံက ပြုစားနိုင်စွမ်းအား မသယ်ဆောင်လာသော်လည်း သူမအသံက ကြားရသူတိုင်းအား နှလုံးခုန်ပိုမြန်လာစေသည်။

ခီခီတာဂါဝါ၏မျက်နှာက ခါးသီးလျက် သူက အကူအညီမဲ့စွာနှင့် ပြန်ပြောလိုက်သည် “သူတော်စင်မ၊ ငါ့အသက်ကို ထိန်းသိမ်းဖို့ ဒီကျောက်စိမ်းဒယ်စောက်ကို သင့်ဆီ ပြန်ပေးဖို့ ဆန္ဒရှိပါတယ်”

မြင့်မြတ်သောမိန်းမပျိုလား။ …ပျော်ရွှင်ခြင်းနန်းတော်ရဲ့သူတော်စင်မလား။

သူ့မျက်နှာပေါ်ရှိ ထူးဆန်းသောအကြည့်တစ်ခုနှင့် ထန်ရှုက စိတ်ထဲ၌ သဘာဝမကျသလို ရုတ်တရက် ခံစားမိလာသည်။ အဲဒီနေရာက ညစ်ညမ်းတဲ့ကာမရာဂအသိုက်တစ်ခုဖြစ်ပြီးတော့ ဘာလို့ ပျော်ရွှင်ခြင်းနန်းတော်မှာ မြင့်မြတ်မိန်းမပျိုတစ်ယောက်ရှိရတာလဲ။ ပြီးတော့ သူ့အတွက် မယုံကြည်နိုင်ဆုံးအရာကတော့ ဒီအမျိုးသမီးက အပျိုစင်ဖြစ်နေသေးတာပဲ။

အမျိုးသမီးက ခီခီတာဂါဝါနှင့် ထပ်မရှုပ်ချင်တော့ပုံပေါ်၏။ သူမ၏ရွှန်းလဲ့သောမျက်လုံးများက ထန်ရှုထံ ပြောင်းရွေ့လာ၏။ သူမမျက်လုံးများက ရုတ်တရက် လင်းလက်သွားပြီး သူမက အနည်းငယ်မျက်မှောင်ကြုတ်ကာ ပြောလိုက်သည် “ဒီအနေအထားအထိ ၇၂ကို ဖိအားပေးနိုင်တယ်ဆိုတော့ ရှင်က တကယ်ကို အားကောင်းတာပဲ။ မီရာဂျီက ဒီကျောက်စိမ်းဒယ်စောက်ကို ရှာနေတာ နှစ်များစွာရှိပြီ၊ နောက်ဆုံးတော့ ငါတို့ တွေ့ခဲ့ပြီ၊ ရှင့်ကို ကျေးဇူးတင်ပါတယ်”

သူမက တရုတ်လို ပြောတာလား။ သူမက ငါ့ရဲ့ဇာစ်မြစ်ကို သိပြီးပြီလား။

ထန်ရှုက စောင့်ငဲ့ကြည့်လိုက်ပြီး သူမမျက်လုံးများက သူမပေါ်တွင် ရစ်ခိုသွား၏။

“အမ်…”

စက္ကန့်သုံးဆယ်ကြာ နှုတ်ဆိတ်သွားပြီးနောက် ထန်ရှု၏မျက်လုံးများက ရုတ်တရက် လင်းလက်သွား၏။ သူက ဤပျော်ရွှင်ခြင်းနန်းတော်သူတော်ရှင်မ၏မျက်ခုံးနှစ်ဖက်ကြားတွင် မိုးစက်ပုံစံအနီရောင်အမှတ်တစ်ခုအား မြင်တွေ့လိုက်ရသည်။ အနီရောင်အမှတ်က လျှပ်တစ်ပြက်သာ ထွက်ပေါ်လာသော်လည်း သူက အမိအရဖမ်းယူနိုင်ခဲ့သည်။

“ဒါက သနားစရာပဲ၊ တကယ်ကို…”နောက်ဆုံးတွင် ထန်ရှုက ခေါင်းခါယမ်းကာ သက်ပြင်းချလိုက်သည်။

အမျိုးသမီးက ချောက်ချားသွားကာ မေးလိုက်သည် “ရှင်က ဘာလို့သက်ပြင်းချတာလဲ၊ ဆရာ။ ရှင်က ဘာအတွက် ဝမ်းနည်းသလို ခံစားနေရတာလဲ”

ထန်ရှုက သူမအား လစ်လျူရှုကာ ခီခီတာဂါဝါထံ အကြည့်ပြောင်းကာ ပြုံးလျက် မေးလိုက်သည် “ငါ အခု သဘောပေါက်သွားပြီ။ မင်းက ငါ့ကို ဒီကျောက်စိမ်းဒယ်စောက်ကို မပေးချင်ခဲ့ဘူးပဲ။ မင်း ငါ့ကို ပြောခဲ့တဲ့ အမျိုးသမီးမီးပြင်းဖိုက ဒီအမျိုးသမီးပဲ ဖြစ်ရမယ်။ ဒါ စိတ်ဝင်စားစရာကောင်းတယ်။ မင်းက ပျော်ရွှင်ခြင်းနန်းတော်ကို သစ္စာရှိတယ်လို့ထင်ရပေမယ့် တကယ်တော့ မင်းက ငါ့လက်ကို ငှားပြီး သူတို့အတွက် ကိစ္စတွေ ပိုဆိုးဝါးအောင် လုပ်ချင်တာမလား။ ခီခီတာဂါဝါ ဒါမှမဟုတ် မစ္စတာ၇၂၊ ငါ ပြောတာ မှန်ရဲလား”

ခီခီတာဂါဝါ၏မျက်ခုံးများက ကျုံ့သွားသည်။ အများကြီးပိုသန်မာသောအရှိန်အဝါတစ်ခုက သူ့ထံမှ ပေါက်ကွဲထွက်လာပြီး သူ၏အရှိန်အဝါပြောင်းလဲသွားသည်နှင့်အတူ သူ၏အသွင်အပြင်ကလည်း အနည်းငယ်ပြောင်းလဲသွားသည်။ သူ့ခန္ဓာကိုယ်အရွယ်အစားက နှစ်ဆနီးပါးဖြစ်လာပြိး သူ၏သာမန်အသွင်အပြင်က ပါးပြင်ပေါ်တွင် ဓားအမာရွတ်တစ်ခုနှင့် အနည်းငယ် ကြမ်းတမ်းလာ၏။

“မင်းက ထန်ရှု၊ တရုတ်ရဲ့နာမည်ကြီးလူငယ်နတ်ဆေးဆရာ၊ ခမ်းနားသောထန်စီးပွားရေးလုပ်ငန်းစုရဲ့ပိုင်ရှင်၊ ပြီးတော့ ကျော်ကြားတဲ့ပေကျင်းထန်မိသားစုရဲ့ထူးချွန်တဲ့မျိုးဆက်မလား။ ဟားဟားဟား…မင်းက တကယ်ထူးချွန်ပါတယ်။ မင်းက ငါ့ရည်ရွယ်ချက်ကို မှန်ကန်စွာ ခန့်မှန်းနိုင်တာပဲ။ သခင်လေးထန်က အရမ်းအားကောင်းမယ်ထင်ပါတယ်”ခီခီတာဂါဝါက သူ့ပခုံးအား ခါးယမ်းလိုက်သည်၊ သူ့ခန္ဓာကိုယ်ပေါ်ရှိအဝတ်အစားများက အပိုင်းအစများအဖြစ် ချက်ချင်း တစစီဖြစ်သွား၏။ ထို့နောက် ဝတ်စုံအသစ်တစ်စုံက သူ့လက်နက်ထဲ၌ ချက်ချင်းထွက်ပေါ်လာပြီး စက္ကန့်အနည်းငယ်အတွင်း သူက ဝတ်ဆင်လိုက်သည်။

အနက်ရောင်ဘောင်းဘီ၊ အနက်ရောင်စွပ်ကျယ်နှင့် အနက်ရောင်ဝတ်ရုံကို ဝတ်ဆင်ထားသည်၊ သူ၏သားရေဖိနပ်လျှင်ပင် အနက်ရောင်ဖြစ်၏။ တစ်ချိန်တည်းတွင် ဓားပြားရှည်တစ်လက်က ကြိုးချိတ်လျက်သားနှင့် သူ့နောက်ကျောတွင် ထွက်ပေါ်လာ၏။

ထန်ရှု၏အမူအရာက မပြောင်းမလဲဘဲ ခီခီတာဂါဝါ၏ရုပ်ပြောင်းလဲမှုအား အဆုံးထိတိုင် တည်ငြိမ်စွာ စောင့်ကြည့်နေခဲ့သည်။ ထို့နောက် သူက ခေါင်းခါယမ်းကာ သက်ပြင်းချလိုက်သည် “ငါက လုံလုံလောက်လောက်အားကောင်းပြီလို့ ငါ ထင်ထားတာ။ ငါက မင်းထက် အနည်းငယ် အားနည်းနေတာပဲ၊ မစ္စတာခီတာဂါဝါ။ မင်းက ထူးခြားတဲ့အရာတစ်ခုခုကို ဖုံးကွယ်ထားမှန်း ငါ အာရုံခံနိုင်ပါတယ်၊ ဒါပေမယ့် ဒီလောက်ထိ နက်နက်ရှိုင်းဖုံးကွယ်ထားမယ်လို့တော့ မမျှော်လင့်ထားဘူး။ ကောင်းပြီလေ…မင်းကိုယ်မင်း မိတ်ဆက်ပေးရင် ဘယ်လိုလဲ”

ခီခီတာဂါဝါက လည်ပင်းဆန့်လျက် သူ့အောက်ပိုင်းခန္ဓာကိုယ်အား အရင် ရွေ့လိုက်သည်။ အရိုးအက်ကွဲသံများက ပျံ့နှံ့သွားပြီး သူက ပြုံးဖြဲဖြဲနှင့် ပြောလိုက်သည် “အခု၊ အခု။ မင်းက ဒီပျော်ရွှင်ခြင်းနန်းတော်ရဲ့သူတော်စင်မကို ခေါ်သွားမှာလာဂ။ မင်းက သူမကို ခေါ်သွားရင် ငါ မင်းကို ငါ့ရဲ့သရုပ်မှန်ကို ပြောပြမယ်။ ဒါပေမယ့် မင်းက မခေါ်သွားဘူးဆိုရင် ငါ ဘယ်သူလဲဆိုတာ သိဖို့မလိုဘူး၊ ပြီးတော့ မင်းက ဂျပန်မှာပဲ ထာဝရနေရလိမ့်မယ်”

ထန်ရှုက မေးငေါ့ကာ အမူအရာပြောင်းလဲသွားသောပျော်ရွှင်နန်းတော်၏သူတော်စင်မအား လှည့်ကြည့်လိုက်သည်။ “သူ ပြောတာ မှန်တယ်။ မင်းက ဒီနေရာကို တစ်ယောက်တည်း လာတယ်ဆိုရင် ဒီနေ့က မင်းအတွက် ခက်ခဲတဲ့အချိန်တစ်ခု ဖြစ်လာလိမ့်မယ်”

“ဟမ့်…”

ပျော်ရွှင်ခြင်းနန်းတော်သူတော်စင်မက နှာခေါင်းရှုံ့လိုက်သည်၊ မထင်မရှားအရိပ်များက ပတ်ဝန်းကျင်မှ ရုတ်တရက် ထွက်ပေါ်လာပြီး မျက်နှာလွှားဇာတပ်ကာ အဖြူရောင်စကတ်များနှင့် အမျိုးသမီးများဖြစ်ကြကာ သူတို့အားလုံး၏လက်ထဲတွင် ဗုဒ္ဓအသုံးအဆောင်ပစ္စည်းများကိုင်ဆောင်ထားလျက် ပတ်ဝန်းကျင်အား သတ်ဖြတ်လိုစိတ်နှင့် ကြည့်လိုက်ကြ၏။

“ခီခီတာဂါဝါက သစ္စာဖောက်တစ်ယောက်ပဲ၊ ဒါပေမယ့် ဘာလို့ မင်းက ငါတို့ပျော်ရွှင်ခြင်းနန်းတော်ကို မင်းရဲ့ရန်သူအဖြစ် သတ်မှတ်ရတာလဲ၊ တရုတ်မှကျင့်ကြံသူ”

ထန်ရှုက ပခုံးတွန့်ကာ ပြုံးလျက် ပြောလိုက်သည် “မင်း သိလား၊ ဂျပန်က ထူးကဲတဲ့နေရာတစ်ခုမဟုတ်ပေမယ့် ၎င်းမှာ ကြီးမားတဲ့လူဉီးရေရှိတယ်၊ ပြီးတော့ ဒီနေရာမှာ အရင်းအမြစ်ကောင်းအချို့ကို ရှာတွေ့ဖို့ မျှော်လင့်နိုင်တယ်။ ပြီးတော့ ငါက ပျော်ရွှင်ခြင်းနန်းတော်က လူအချို့ကို အတော်လေးစိတ်ဝင်စားတယ်။ ဉပမာ…မင်းကိုပေါ့”

“ဟမ့်၊ ရှင်လဲ အရှက်မရှိတဲ့လူတစ်ယောက်ပါပဲ”ပျော်ရွှင်ခြင်းနန်းတော်သခင်က အေးစက်စွာ နှာခေါင်းရှုံ့လိုက်ပြီး သူမလက်အား ချက်ချင်းဝှေ့ယမ်းလိုက်သည်။

ဝှစ်…ဝှစ်…ဝှစ်…

အဖြူရောင်လိပ်ပြာလေးများ ကခုန်နေသည့်အလား အဖြူရောင်ဝတ်ရုံနှင့် မျက်နှာဖုံးတပ်အမျိုးသမီးဆယ်ယောက်က လျင်မြန်စွာ ရွေ့လျားသွားပြီး မျက်စိတစ်မှိတ်အတွင်း ဗုဒ္ဓဗာဂျာရာဝင်္ကပါအား ဖွဲ့စည်းလိုက်သည်။ သူတို့က အားနည်းသည်ဟု ထင်ရသော်လည်း ဗုဒ္ဓဗာဂျာရာဝင်္ကပါမှ ထုတ်လွှတ်သည့် အရှိန်အဝါက ဖိနှိပ်နိုင်လှသည်။ ဗုဒ္ဓပုံစံမျိုးစုံက သူတို့ပတ်လည်တွင် လွင့်မျောလာ၏။ မြင်ကွင်းက ဖရိုဖရဲဖြစ်သော်ငြား အလွန်စနစ်ကျပြီး သူတို့က တိကျသောဉီးတည်ဘက်အတိုင်း ပျံသန်းလာသည်။

ထန်ရှုက ခဏလေ့လာပြီးနောက် ထူးဆန်းသောအပြုံးတစ်ခုက သူ့မျက်နှာပေါ်တွင် ထင်ဟပ်လာသည်။ သူ့အား ဤဗုဒ္ဓဗာဂျာရာဝင်္ကပါက ဝန်းရံထားသော်ငြား သူက လုပ်ဆောင်ရန် အလျင်မလိုဘဲ ခီခီတာဝါဂါအား ပြုံးကာ ကြည့်လိုက်သည် “ကောင်းပြီလေ၊ မင်းက ပျော်ရွှင်ခြင်းနန်းတော်က ဆိုတော့ ဒီဗုဒ္ဓအစီအရင်နဲ့ ပတ်သက်ပြီး မင်း နည်းနည်းသိမှာပါ။ မင်းက ငါ့နောက်လိုက်ပြီး ဒီဝင်္ကပါကနေ အသက်ရှင်လျက် ထွက်သွားချင်ရင် မင်းရဲ့နာမည်ကို ပြောပြရမယ်”

“ဝါးဟားဟား…”

ခီခီတာဂါဝါက အထင်သေးစွာ ရယ်လိုက်သည် “မင်းက ငါ့ကို မင်းနောက် လိုက်စေချင်တာလား၊ အသေးအဖွဲ့ကျင့်ကြံသူလေး။ ဟမ့်၊ မင်းက ငါ့အတွက် အသုံးမဝင်မှတော့ ငါက မင်းကို ဘာပြောပြရမှာလဲ။ ပျော်ရွှင်ခြင်းနန်းတော်သက်ကြားအိုကြီးက နှစ်ပေါင်းများစွာ ပျိုးထောင်ပေးထားတဲ့ အမျိုးသမီးမီးပြင်းဖိုက အခု ဒီနေရာမှာ ရှိနေတာကြောင့် မင်းအပါအဝင် မမြင်ရတဲ့အရာတွေကို ဖျက်ဆီးပစ်ရမယ်၊ ဟားဟားဟား…”

ဖြောက်…

ဖြောက်…

“…”

ခြံဝင်းထဲရှိမြေပြင်က ရုတ်တရက် ရွေ့လျားသွားသည်။ ငလျင်တစ်ခုမဟုတ်သော်ငြား အက်ကြောင်းများက မြေပြင်ပေါ်တွင် ထွက်ပေါ်လာပြီး တိုက်ရိုက်ကွဲအက်သွား၏။ အက်ကွဲသံများနှင့်အတူ အနက်ရောင်အပေါက်ဆယ့်နှစ်ခုက မြေအောက်မှ ထွက်ပေါ်လာပြီး လူတစ်ရာနီးပါးက အပေါက်ထဲမှ ပြေးထွက်လာ၏။

“ငါ စီစဉ်ထားတာ ဆယ်နှစ်ကျော်ပြီ၊ ဒီဒါမျိုုးကို စောင့်နေတာ ရာစုနှစ်ချီရှိပြီ။ ဒီနေ့ နောက်ဆုံးတော့ ဒီအဘိုးကြီးက အခွင့်အရေးကို ရလာပြီပေါ့။ သေမင်းနတ်ဘုရားစစ်သားတွေ၊ ငါ့အမိန့်ကို နာခံပြီး ဒီပျော်ရွှင်နန်းတော်သူတော်စင်မကလွဲပြီး ဒီနေရာက လူတိုင်းကို ဖယ်ရှားလိုက်ကြစမ်း”ကုလားထိုင်တစ်ခုက ခီခီတာဂါဝါအနောက်၌ ရုတ်တရက် ထွက်ပေါ်လာသည်၊ သူက အမိန့်ပေးပြီးနောက် ဝမ်းသာအားရ ထိုင်ချလိုက်သည်။

မြေပြင်ပေါ်ရှိ ထူးဆန်းသောဖြစ်ရပ်ကို မြင်သည့်အခိုက်တွင် ထန်ရှုက စိတ်လေးသွားပြီး သူ့နှလုံးခုန်သံက ပိုမြန်ဆန်လာသည်။

ဒီတစ်အုပ်က လူတစ်ရာကျော်သည်၊ သူတို့အားလုံးက ရွှေအမြုတေအဆင့်ကျွမ်းကျင်သူများဖြစ်ကြသည်။ ခီခီတာဂါဝါ၏ကျင့်ကြံခြင်းအဆင့်အား မသိသေးခင် သူတို့က သူတို့၏စွမ်းအားအား ဖော်ထုတ်ခဲ့လျှင် သူတောင် နောက်ဆုတ်ရန် ဖိအားပေးခံရလိမ့်မည်။

ဝီဝီ…

ရုတ်တရက် ထန်ရှုက သူ့လက်မောင်းပေါ်တွင် တစ်ခုခုအား ခံစားလိုက်ရသည်။ သူက လူတိုင်း၏မျက်လုံးများရှေ့၌ တန်းကာ ပျောက်ကွယ်သွားခဲ့သည်၊ ထို့နောက် ထန်ရှုပျောက်ကွယ်သွားသည့်နေရာတွင် ဓားအချို့က ပြေးဝင်လာ၏။

အေးစက်စက်အလင်းတစ်ခုက ခီခီတာဂါဝါ၏မျက်လုံးများထဲ၌ လင်းလက်သွားသည်။ အစိမ်းရောင်ပိုက်ကွန်တစ်ခုက သူ့လက်ထဲ၌ ရုတ်တရက် ထွက်ပေါ်လာပြီး သူက ထူးဆန်းသောမန္တန်တစ်ခု ရွတ်လိုက်သည်။ အစိမ်းရောင်ပိုက်ကွန်က ချက်ချင်း ပွင့်သွားပြီး အလွန်အမင်းလျင်မြန်စွာ ကြီးမားလာကာ တစ်စက္ကန့်၏တစ်ရာပုံတစ်ပုံအတွင်း တစ်ကီလိုမီတာအကွာအဝေးတစ်ခုလုံးအား ဖုံးလွှမ်းသွားတော့၏။

ထန်အန်းအား ဆုပ်ကိုင်ထားသည့် ထန်ရှုအပါအဝင် လူတိုင်းက မလွတ်မြောက်နိုင်ဘဲ ပိုက်ကွန်ထဲသို့ ဖမ်းမိသွားခဲ့၏။

“ငါတို့ဘာလုပ်ကြမလဲ၊ ဆရာအဘိုး”

ဆိုးဝါးသောအတိတ်နိမိတ်တစ်ခုက ထန်အန်းအား ရိုက်ခတ်သွားပြီး သူမက အသံပို့ကာ မေးလိုက်သည်။

ပတ်ဝန်းကျင်နေရာလပ်အား ကာထားသော်လည်း ခြံဝင်းထဲရှိ မြင်ကွင်းအား ထန်ရှုက မြင်နိုင်သေးသည်။ လက်ရှိတွင် ဗုဒ္ဓဗာဂျာရာဝင်္ကပါအား ဖွဲ့စည်းထားသည့် အမျိုးသမီးများက အနက်ရောင်မျက်နှာဖုံးတပ်လူများနှင့် အသေအကြေတိုက်ခိုက်နေသည်။ သူက ခေါင်းခါယမ်းလျက် ဖြည်းဖြည်းချင်း ပြောလိုက်သည် “အနေအထားက ငါ မျှော်လင့်ထားတာထက် ကျော်လွန်နေတာပဲ၊ နှစ်ဖက်လုံးရဲ့စွမ်းအားက ငါ့ခန်မှန်းထားထက် သာလွန်နေတယ်။ လောလောဆယ် ငါတို့တွေ စောင့်ပဲကြည့်နေကြတာပေါ့”

ကုလားထိုင်ပေါ်တွင် ခြေတစ်ပေါင်ချိတ်လျက် ထိုင်ရင်း ခီခီတာဂါဝါက သူ၏အင်္ကျီလက်မှ အဌဂံမှန်တစ်ချပ်အား ယူထုတ်လိုက်သည်။ မှန်ထောင့်တစ်ခုစီတွင် သွေးနီရောင်သလင်းကျောက်တစ်ခု စီခြယ်ထားပြီး သွေးနီရောင်သလင်းကျောက်များနှင့် ချိတ်ဆက်ထားသည့် အနီရောင်အလင်းတန်းတစ်ခုအား ထုတ်လွှတ်နေပုံရ၏။ ထို့နောက် အနီရောင်အမျှင်များက သလင်းကျောက်များမှ ထွက်လာကာ မှန်၏အလယ်ဗဟို၌ သိပ်သည်းသွားခဲ့သည်။

“ကောင်းကင်မီးတောက်မှန်…”

အနက်ဝတ်လူတစ်ယောက်၏ရင်ဘက်အား ပုတီးကြိုးတစ်ခုနှင့် တိုက်ခိုက်နေသော ပျော်ရွှင်ခြင်းနန်းတော်သူတော်စင်မက ခီခီတာဂါဝါအား သတိမပြတ်ထားထားသည်။သို့သော် သူက ထိုမှန်အား ယူထုတ်လိုက်သည်ကို မြင်ပြီး မယုံကြည်နိုင်မှုက သူမမျက်နှာပေါ်တွင် ဖုံးလွှမ်းသွား၏။ ကောင်းကင်မီးတောက်မှန်အား အသက်သွင်းလိုက်သည်ကို မြင်ပြီး သူမက ပိုတောင် ကြောက်ရွံ့သွားသည်။

ခီခီတာဂါဝါက ထူးဆန်းစွာ ပြုံးလျက် ပြောလိုက်သည် “မင်းက ပျော်ရွှင်နန်းတော်ရဲ့သူတော်စင်မဖြစ်ဖို့ ထိုက်တန်တယ်။ အဲဒီလင်းတဘုန်းကြီးက မင်းကို တကယ်ချစ်တာပဲ…ဟမ့်။ သူက မင်းကို ဒီကောင်းကင်မီးတောက်မှန်ရဲ့တည်ရှိမှုကိုတောင် ပြောပြခဲ့တယ်။ မှန်တယ်။ လွန်ခဲ့သောဆယ့်စုနှစ်က ငါက မင်းတို့ရဲ့ပျော်ရွှင်ခြင်းနန်းတော်ထဲကို ခိုးဝင်ခဲ့တဲ့သူပဲ၊ အဲတုန်းက အဲဒီဖောက်ပြန်တဲ့ဘုန်းကြီးက ဟော်ကျီနဲ့ လိင်ဆက်ဆံနေတာလေ။ မင်းက သိထားပြီးဆိုမှတော့ ဒီကောင်းကင်မီးတောက်မှန်ရဲ့အရသာကို ခံကြည့်ရင် ဘယ်လိုလဲ”

All Chapters