← Chapters

ဖြစ်စဉ်က ပိုပိုပြီး သက်ဝင်လှုပ်ရှားလာတာပဲ

Vol. 84 Ch. 1166

ဖြစ်စဉ်က ပိုပိုပြီး သက်ဝင်လှုပ်ရှားလာတာပဲ

Vol. 84 Ch. 1166

အခြားတစ်ဖက်တွင် သူ့စကားများကို ကြားပြီး ပျော်ရွှင်ခြင်းနန်းတော်သူတော်စင်မက တည်ငြိမ်လျက်သာ ပြုံးလျက် ပြောလိုက်သည် “ကောင်းကင်မီးတောက်မှန်ကို အသက်သွင်းတာက အသုံးပြုသူရဲ့စွမ်းအားကို ထုတ်နှုတ်ယူလိမ့်မယ်။ ငါ သိသလောက်ဆိုရင် အဲဒါကို အသက်သွင်းတဲ့အချိန်မှာ ရွှေအမြုတေရှင်သန်ခြင်းဗုဒ္ဓကတောင် သတိထားရလိမ့်မယ်။ အတိတ်မှာ မီရာဂျီကိုယ်တိုင်ကတောင် သုံးမိနစ်ပဲ အသက်သွင်းနိုင်တယ်၊ အဲထက်ပိုရင် သူ့ရဲ့ဗုဒ္ဓစွမ်းအားကို အပြည့်အဝသုံးစွဲသွားလိမ့်မယ်။ ဒါက ငါ့ကို သိချင်စိတ်ဖြစ်စေတယ်၊ ခီခီတာဂါဝါ။ လက်ရှိမှာ ရှင့်ရဲ့စွမ်းအားကို ဘယ်လောက်ထိ သုံးစွဲပြီးပြီလဲ”

ခီခီတာဂါဝါ၏အမူအရာက ပြောင်းလဲသွားပြီး သူ့မျက်လုံးများက မြူဆိုင်းသလို ဝေဝေဝါးဝါးဖြစ်သွား၏။ ထန်ရှုနှင့် ကိုယ်ပျောက်နည်းစနစ်အား အသုံးပြုနိုင်သည့် ထိုအမျိုးသမီးတို့ကြောင့်သာ မဟုတ်လျှင် သူက ကောင်းကင်မီးတောက်မှန်အား အသုံးပြုလိမ့်မည်မဟုတ်ပေ။

ကောင်းကင်မီးတောက်မှန်- နာမည်အတိုင်းပဲ၊ ၎င်းတွင် အလွန်ကြောက်ရသော တိုက်ခိုက်ရေးစွမ်းရည်တစ်ခုရှိပြီး ဆန်းကြယ်သောစက္ခုအာရုံအစွမ်းတစ်ခုလည်း ရှိ၏။

ထိုအနက်ရောင်အမျိုးသမီးက ဘယ်လိုဖုံးကွယ်နိုင်သည်ကို သူက ဖော်ထုတ်ချင်သည်။ သူမအား ဖမ်းမိပါက သူမထံမှ ကိုယ်ပျောက်နည်းစနစ်အား သူအား ရယူနိုင်ပေမည်။

“အသက်သွင်းစမ်း…”

နက်ရှိုင်းသောအသံတစ်ခုက ခီခီတာဂါဝါ၏ပါးစပ်မှ ထွက်ပေါ်လာသည်။ နောက်အခိုက်အတန့်တွင် အနီရောင်အမျှင်တစ်ခုမှ မှန်၏မျက်နှာပြင်ပေါ်တွင် မထွက်ပေါ်လာပေ။ သို့သော် လက်ရှိတွင် အမျှင်များက ခြံဝင်းတစ်ခုလုံးကို လွှမ်းခြုံသွားပြီး အပြင်ဘက်သို့ စတင်ပျံ့နှံ့လာကာ အပြာရောင်ပိုက်ကွန်နှင့် တဖြည်းဖြည်းပေါင်းစပ်သွားပြိး ၎င်း၏အတိုင်းအတာက တစ်ကီလိုမီတာအချင်းအထိ ချဲ့ထွင်လာခဲ့သည်။

“မဖြစ်နိုင်ဘူးလေ…”

ခီခီတာဂါဝါ၏မျက်ခုံးများက ကျုံ့သွားပြီး မယုံကြည်နိုင်မှုက သူ့မျက်နှာပေါ်တွင် သိသိသာသာပေါ်လာ၏။ ထိုဆန်းကြယ်သောအနက်ဝတ်အမျိုးသမီး၏ကျင့်ကြံခြင်းအဆင့်အား သူက အာရုံခံနိုင်သည်။ သူမက ရွှေအမြုတေအဆင့်သာ ရှိသည်မှာ လုံးဝသေချာသည်။ သူမက မြန်ရင်တောင်မှ အချိန်အတိုအတွင်း သူ့အတိုင်းအတာမှ လွတ်မြောက်ရန် မဖြစ်နိုင်ပေ။

“သူမမှာ အရှိန်မြှင့်တင်ရေးအသုံးအဆောင်ပစ္စည်းတစ်ခုရှိတာလား”

ခီခီတာဂါဝါက ခဏစဉ်းစားလိုက်ပြီးနောက် နောက်ဆုံးတွင် ၎င်းသာ ဖြစ်နိုင်သည်ဟု ကောက်ချက်ချလိုက်၏။

ပျော်ရွှင်ခြင်းနန်းတော်သူတော်စင်မက ပြုံးဖြဲဖြဲပြုလိုက်သည်။ မျက်စိတစ်မှိတ်အတွင်း လူနှစ်ယောက်အား သတ်ဖြတ်ပြီးနောက် သူမက ပြောလိုက်၏ “အခု ဂနာမငြိမ်ဖြစ်နေပြီမလား၊ ခီခီတာဂါဝါ။ သူတို့က လွတ်မြောက်သွားတာ ကြာပြီ။ အခုဆိုရင် ငါတို့နှစ်ဖက်စလုံးဒဏ်ရာရတာကို သူတို့က စောင့်နေမှာ သေချာတယ်”

“ဟမ့်၊ ငါ့ရဲ့ပစ်မှတ်က မင်းဖြစ်နေတုန်းပဲ”ခီခီတာဂါဝါက အေးစက်စွာ နှာခေါင်းရှုံ့လိုက်သည် “ငါ မင်းကို ဖမ်းနိုင်သရွေ့ အဲဒီဘုန်းကြီးက သူ့ရဲ့ရာစုနှစ်ချီစီမံထားတဲ့အစီအစဉ်ကို ကျရှုံးရုံသာမက ငါလဲ အကြီးအမြတ်ကြီးကြီးမားမားရိတ်သိမ်းနိုင်မယ်။ မင်းခန္ဓာကိုယ်ထဲက စွမ်းအားကို ထုတ်ယူပြီးနောက် ငါ အားကောင်းလာတာနဲ့ အဲဒီထွက်ပြေးသွားတဲ့နှစ်ကောင်ကို ခြေရာခံဖို့က အလွယ်လေးပဲ”

ပျော်ရွှင်ခြင်းနန်းတော်အရှင်မက ခေါင်းခါယမ်းကာ ပြောလိုက်သည် “ရှင် မှားသွားပြီ။ ငါက အမျိုးသမီးမီးပြင်းဖိုမဟုတ်ဘူး။ ရှင့်လက်ထဲက အဲဒီပစ္စည်းပဲ”

“မင်းက တကယ်တုံးတာပဲ၊ ဟားဟားဟား”ခီခီတာဂါဝါက ကျယ်လောင်စွာ ရယ်လိုက်သည် “တကယ်ကိုပဲ။ ဒီအချိန်တောင်မှ တစ်ခုခုလွဲမှားနေတာကို မင်း သတိမပြုမိဘူးလား။ အဲဒီလင်းတအိုကြီးက မင်းကို ကြီးမားတဲ့အရင်းအမြစ်တွေ ပေးပြီး နှစ်နှစ်ဆယ်ကျော် ရတနာတစ်ခုလို ကာကွယ်ခဲ့တာ ဘာကြောင့်လို့ မင်း ထင်လဲ။ သူ့ရဲ့ရည်ရွယ်ချက်အစစ်အမှန်က ဘာလဲဆိုတာ မင်း သိလား။ မင်းရဲ့ရုပ်ရည်ကြောင့်လို့ ထင်တာလား။ မင်း လုံးဝမှားနေတာပဲ။ မင်းကျင့်ကြံထားတဲ့မွေးရာပါအသက်အားကို စုပ်ယူဖို့ သူက အခွင့်အရေးစောင့်နေတာ။ အဲအချိန်ကျရင် မင်းရဲ့ကျင့်ကြံခြင်းတစ်ခုအသာထား၊ မင်းရဲ့သနားစရာကောင်းတဲ့အသက်ကိုတောင် ထိန်းသိမ်းနိုင်မှာမဟုတ်ဘူး၊ သေခြင်းကပဲ မင်းကို စောင့်နေမှာ”

ပျော်ရွှင်ခြင်းနန်းတော်သူတော်စင်မ၏အမူအရာက အလွန်အမင်း အရုပ်ဆိုးသွားပြီး သူမက ဒေါသတကြီး အော်လိုက်၏ “ပါးစပ်ပိတ်လိုက်စမ်း…မီရာဂျီက ဒီလိုရှက်ဖို့ကောင်းတဲ့အရာတွေကို ဘယ်တော့မှ ပြောမှာမဟုတ်ဘူး၊ ငါတို့ရဲ့ဆက်ဆံရေးက အဖေနဲ့သမီးတစ်ယောက်လိုပဲ။ သူက ငါ့ကို အဲလိုလုပ်မယ်ဆိုတာ ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ”

“သူက မင်းကို ဘာတစ်ခုမှ မလုပ်ဖူးပေါ့၊ ဟမ့်။ ဘာလို့ဆို အချိန်မတန်သေးလို့လေ။ မင်းက မင်းရဲ့အေးခဲဗုဒ္ဓရုပ်ကြွင်းကျင့်ကြံခြင်းမှာ ကြီးမားတဲ့အောင်မြင်မှုတစ်ခုမရသေးဘူးမလား”

“ဘာ…”

အမျိုးသမီးက အလွန်အံ့အားသင့်သွားပြီး ခီခီတာဂါဝါအား စိုက်ကြည့်လိုက်သည်။ လက်ရှိအချိန်တွင် သူမခေါ်လာသည့်အစောင့်များက အသတ်ခံလိုက်ရသော်လည်း သူမက မသိသေးဘဲ သူမက မခံမရပ်နိုင်စွာ အော်လိုက်၏ “ဘယ်လို… မင်းက အေးခဲဗုဒ္ဓရုပ်ကြွင်းနဲ့ ပတ်သက်ပြီး ဘယ်လိုလုပ်သိနေရတာလဲ”

“မင်းက ငါ့ရဲ့အထက်လူကြီးက သိမှာပါ”ခီခီတာဂါဝါက နှာခေါင်းရှုံ့လိုက်သည် “သူတော်စင်ယင်ဗုဒ္ဓက ပျော်ရွှင်ခြင်းနန်းတော်ရဲ့လက်ထောက်နန်းတော်သခင်ပဲ။ အဲဒီလင်းတအိုကြီးရဲ့လူယုံတစ်ယောက်ဆိုလဲ ဟုတ်တယ်။ လွန်ခဲ့တဲ့ဆယ်စုနှစ်လောက်က အဲဒီအကြောင်းနဲ့ ပတ်သက်ပြီး သူက ယင်ဗုဒ္ဓကို ပြောပြတာကို ငါ ကြားခဲ့တယ်။ ဒီကျောက်စိမ်းဒယ်စောက်က ငါ့လက်ထဲမှာ ရှိနေတာ ဘာကြောင့်လို့ မင်းထင်လဲ။ အဲဒီလင်းတအိုကြီးအတွက် ယင်ဗုဒ္ဓက မင်းကို အမြဲတမ်း စောင့်ကြည့်နေတာကြောင့်ပဲ”

ပျော်ရွှင်ခြင်းနန်းတော်သူတော်စင်မ၏ခန္ဓာကိုယ်က အေးစက်သွား၏။ သူမက တစ်လျှောက်လုံး သံသယနှင့်သိချင်စိတ်တို့ ဖြစ်နေခဲ့သည်။ ဘာလို့ မီရာဂျီက သူမကို မထိတဲ့အပြင် ဘယ်ယောကျ်ားမှ သူမကို မထိအောင် တားမြစ်ခဲ့ရတာလဲ။

ယခု ခီခီတာဂါဝါ၏ရက်စက်သောထုတ်ပြောချက်က သူမ၏ယခင်စိတ်ကူးများအားလုံးအား တစ်စစီ ချေမွပစ်ခဲ့သည်။ အမျိုးသမီးဒယ်စောက်က ထိုကျောက်စိမ်းဒယ်စောက်မဟုတ်ဘဲ သူမသည်သာ ဖြစ်နေ၏။ သူမက အသုံးအဆောင်ပစ္စည်းတစ်ခုမျှသာလျှင်…

ပျော်ရွှင်ခြင်းနန်းတော်သူတော်စင်မအပေါ် နောက်ထပ်စိတ်ပိုင်းဆိုင်ရာတိုက်ခိုက်မှုတစ်ခုပြုလုပ်ရန်အတွက် ခီခီတာဂါဝါက ပြုံးဖြဲဖြဲနှင့် ပြောလိုက်သည် “မင်းက မြင့်မြတ်မိန်းမပျိုတစ်ယောက်ပဲ၊ မင်းက မတုံးလောက်ပါဘူး။ ဒါနဲ့ ပတ်သက်ပြီး မင်းကိုယ်တိုင် စဉ်းစားနိုင်မှာပါ။ ဒီပျော်ရွှင်ခြင်းနန်းတော်က အတိအကျ ဘာလဲ။ ယောကျ်ားနဲ့မိန်းမတွေအတွက် သုခဘုံတစ်ခု၊ မင်းရဲ့စွမ်းအားကို တိုးတက်ဖို့အတွက် လိင်ဆက်ဆံရတဲ့နေရာတစ်ခု။ မင်းကို မြင့်မြတ်မိန်းမပျိုတစ်ယောက်အဖြစ် သတ်မှတ်ထားပြီး ဘယ်သူကမှ မထိဖို့ တားမြစ်ထားတယ်။ ကာမဆက်ဆံမှုမရှိဘဲနဲ့ မင်းက ဘယ်လိုလုပ်ပြီး ပျော်ရွှင်ခြင်းနန်းတော်ရဲ့လျို့ဝှက်ပညာရပ်တွေကို ထုတ်ပြနိုင်မှာလဲ၊ ဒါပေမယ့် မင်းရဲ့ခွန်အားက အဆက်မပြတ်တိုးတက်နေတာလေ။ အဲဒါတွေအားလုံးအတွက် ကျင့်ကြံခြင်းအရင်းအမြစ်တွေကို ကျေးဇူးတင်ရုံပဲလို့ မင်းထင်လား”

“ထပ်မပြောနဲ့တော့…”

ပျော်ရွှင်ခြင်းနန်းတော်၏မြင့်မြတ်အမျိုးသမီးက ဒေါသတကြီး အော်လိုက်ပြီး အနက်ဝတ်လူလေးယောက်အား စိုက်ကြည့်လိုက်သည်။ ခါတာနာဂျပန်ဓားတစ်လက်က သူမလက်ထဲ၌ ရုတ်တရက် ထွက်ပေါ်လာပြီး ဓားထိပ်ဖျားက ရှေ့သို့ မီတာအနည်းငယ် ခုတ်ယမ်းကာ ထိုလူများအား ဖျက်ဆီးပစ်လိုက်၏။

ခီခီတာဂါဝါ၏ပါးစပ်က အကြိမ်အနည်းငယ် တွန့်လိမ်သွားသည်။ သူက ကျွမ်းကျင်သူတစ်ရာကျော်အား လျှို့ဝှက်ကျင့်ကြံပေးခဲ့ပြီး သူ့ကြွယ်ဝမှုအားလုံးနီးပါးကို အသုံးပြုခဲ့၏။ သူ့လူများ၏သေဆုံးမှုတိုင်းက သူ့အား အကြီးအကျယ်စိတ်ပျက်စရာဖြစ်သည်၊ သို့သော် ဤအမျိုးသမီးက သူတို့လေးယောက်အား တစ်ချက်တည်းနှင့် သတ်ဖြတ်ခဲ့၏။ လက်ရှိတွင် သူတို့ဆယ်ယောက်ကျော်က သူမ၏လက်ထဲတွင် သေဆုံးခဲ့ရသည်၊ သူ့အား ရူးသွပ်မတတ်ဖြစ်စေသည့်ဆုံးရှုံးမှုတစ်ခုပင်။

“အိုး၊ အရှင်မ။ အဲဒီပျော်ရွှင်ခြင်းနန်းတော်ရဲ့လင်းတအိုကြီးက မကြာခင်ဒါမှမဟုတ်နောက်ကျရင် မင်းကို ခြောက်ကပ်အောင် စုပ်ယူလိမ့်မယ်။ မင်းကိုယ်မင်း ငါ့ဆီကိုပဲ ပေးလိုက်ပါ။ အနည်းဆုံး မင်း လှတာကို ထောက်ပြီး ငါ မင်းရဲ့သနားစရာကောင်းတဲ့အသက်ကို ချမ်းသာပေးပါ့မယ်၊ ဒါဆို မင်း ငါ့ရဲ့ကျွန်လုပ်ပေါ့”စိတ်ထဲရှိ ဒေါသအား ထိန်းချုပ်လျက် ခီခီတာဂါဝါက အမျိုးသမီးအား ပိုဒေါသထွက်အောင် ဆက်ပြောနေလိုက်သည်။ သူကိုယ်တိုင်က အလွန်အားကောင်းပြီး ဤသူတော်စင်မအား သတ်ရန် ယုံကြည်ချက်ရှိသည်။ သို့သော် ဤအမျိုးသမီးတွင် အသက်ကယ်ဝှက်ဖဲများ သေချာပေါက်ရှိမည်ကို သူ သိသည်။ သူ့အနားတစ်ဝိုက်ရှိ အလားအလာရှိသောခြိမ်းခြောက်မှုများကြောင့်သာမဟုတ်လျှင် သူက အားကုန်တိုက်ခိုက်ကာ သူမအား ရက်ရက်စက်စက်ဖမ်းပေလိမ့်မည်။

ဟွန်း…ဟွန်း…

ကျယ်လောင်သောဟိန်းသံတစ်ခုက ပတ်ဝန်းကျင်မှ ထွက်ပေါ်လာပြီး ငလျင်တစ်ခု လှုပ်လာသည့်အလား ခြံဝင်းတစ်ခုလုံးက တုန်ခါသွား၏။

ထိုင်နေသောခီခီတာဂါဝါ၏အမူအရာက အပြင်းအထန်ပြောင်းလဲသွားသည်။ သူ့စိတ်ထဲသို့ ပထမဆုံးဝင်လာသည့်အရာက သူတော်စင်ယင်ဗုဒ္ဓပြန်လာခြင်းပင်။ သူက ဆယ်မီတာအကွာ ကောင်းကင်သို့ လျှပ်တစ်ပြက်အတွင်း ခုန်တက်သွား၏။ ပိုက်ကွန်အပြင်ဘက်ရှိ လူအနည်းငယ်ကို မြင်ပြီး သူ့အမူအရာက အလွန်အမင်း အရုပ်ဆိုးသွားသည်။

သူ၏ခန့်မှန်းချက်အတိုင်းပင်။ သူတို့က ယင်ဗုဒ္ဓသာမက သူ့လက်အောက်ရှိ အားအကောင်းဆုံးတိုက်ခိုက်ရေးဗိုလ်ချုပ်နှစ်ယောက်ဖြစ်သည့်ယန်ရီနှင့်ယန်အာတို့ ဖြစ်ကြသည်။

“အားကုန်တိုက်ခိုက်ကြစမ်း…”

သူက လေထဲမှ ဓားရှည်အား လျင်မြန်စွာ ခုတ်ပိုင်းချလိုက်သည်။ ဆယ်မီတာရှည်သောဓားသွားအလင်းတန်းတစ်ခုက ပျော်ရွှင်ခြင်းနန်းတော်သူတော်စင်မအား ခုတ်ပိုင်းလိုက်၏။

ယင်ဗုဒ္ဓ၏အမူအရာက အကြီးအကျယ် ပြောင်းလဲသွား၏၊ သူက ရှေးဟောင်းကြေးချိတ်ပိတ်စည်းအား ချက်ချင်း ထုတ်လွှတ်ကာ ပိုက်ကွန်ကြီးအား တိုက်ခိုက်လိုက်သည်။ ပိုက်ကွန်က ပျက်ဆီးသွားပြီး သူနှင့်အခြားနှစ်ယောက်က ချက်ချင်း အထဲသို့ ပြေးဝင်ကာ ခြံဝင်းထဲ၌ လျင်မြန်စွာ ထွက်ပေါ်လာသည်။

ဘန်း…

ပျော်ရွှင်ခြင်းနန်းတော်သူတော်စင်မက အစွမ်းကုန်ထုတ်ဖော်ကာ ဓားသွားခုတ်ချက်အား ခုခံနိုင်ခဲ့သော်ငြား ကြီးမားသောအားသက်ရောက်မှုက သူမအား နံရံသို့ လွင့်ထွက်သွားစေပြီး ၎င်းအပေါ်တွင် အပေါက်တစ်ခု ဖန်တီးလိုက်သည်။

တုံ့ဆိုင်းခြင်းမရှိဘဲ ယင်ဗုဒ္ဓက သတ်ဖြတ်ရန် အမိန့်ပေးလိုက်သည်၊ ဗုဒ္ဓအသုံးအဆောင်ပစ္စည်းများနှင့်လူသုံးယောက်က အနက်ဝတ်လူများအား စတင်သတ်ဖြတ်လိုက်၏။ သူတို့သုံးယောက်က အလွန်အားကောင်းသည်၊ ယင်ဗုဒ္ဓကိုယ်တိုင်က စိတ်ဝိညာဉ်ဖွဲ့စည်းခြင်းအစောပိုင်းအဆင့်စွမ်းအားရှိပြီး အခြားနှစ်ယောက်ဖြစ်သည့်ယန်ရီနှင့်ယန်အာတို့က အခြေတည်စိတ်ဝိညာဉ်အလယ်ဆင့်တွင် ရှိ၏။

နှလုံးတုန်လှုပ်သွားလျက် ခီခီတာဂါဝါက ကြောက်စရာကောင်းသောအရှိန်အဝါတစ်ခုအား ပေါက်ကွဲထွက်စေလိုက်သည်။ ကျယ်လောင်သောဟိန်းသံတစ်ခုက သူ့လက်ထဲရှိ သွေးကြောမှ ထွက်ပေါ်လာပြီး ၎င်းက ကောင်းကင်သို့ တန်းတက်သွား၏။

လက်ရှိတွင် ခီခီတာဂါဝါက ကျားတစ်ကောင်ပမာ ယင်ဗုဒ္ဓထံသို့ ပြေးဝင်သွား၏။ အတိတ်တွင် သူက အလွန်အားနည်းသောစွမ်းအားကိုသာ ပြသခဲ့၏။ သို့သော် လက်ရှိတွင် သူ့အဟုန်နှင့်အရှိန်အဝါက ကြောက်စရာကောင်းလှသည်။ သူ့အရှိန်က မြန်ဆန်ပြီး လျှပ်တစ်ပြက်အတွင်း ဓားချက်တစ်ရာပို့ဆောင်လိုက်၏။

“အခု ငါတို့က ကမ္ဘာ့ရန်ဘက်တွေ ဖြစ်နေကြီ၊ မင်း အရင်ဆုံး ငရဲကို သွားပေတော့၊ ယင်ဗုဒ္ဓ”

ခီခီတာဂါဝါ၏တိုက်ကွက်အား တားဆီးရင်း ယင်ဗုဒ္ဓက ပြုံးဖြဲဖြဲနှင့် ပြောလိုက်သည် “မင်းက ဒီလောက်နက်နက်ရှိုင်းရှိုင်း ဖုံးကွယ်ဖို့ ငါ မမျှော်လင့်ထားဘူး၊ ခီခီတာဂါဝါ။ အရင်က သစ္စာဖောက်တွေကို စုံစမ်းဖို့ မီရာဂျီက သတိပေးခဲ့ပေမယ့် ဘာသဲလွန်စတစ်ခုမှ ငါ မတွေ့ခဲ့ဘူး။ ဒီနှစ်တွေမှာ ပျော်ရွှင်ခြင်းနန်းတော်ကို ပစ်မှတ်ထားနေတာ မင်းကိုး”

“ဟမ့်၊ မင်းတို့အားလုံးက တရုတ်က ဗုဒ္ဓဂိုဏ်းရဲအကြွင်းအကျန်တွေပဲ။ ဒီနှစ်တွေမှာ မင်းတို့ရဲ့စွမ်းအားကို အဆက်မပြတ်ပျိုးထောင်နေတာကို ဂျပန်တွေက မသိဘူးလို့ မင်းတို့က တကယ်ထင်တာလား။ မင်းတို့ရဲ့ပျော်ရွှင်ခြင်းနန်းတော်ကို ပစ်မှတ်ထားဖို့ ဗိုလ်ချုပ်ဖူခူဒါက အစီအစဉ်ချထားတာပဲ။ မင်းတို့ကောင်တွေ စောင့်နေ…။ အဲအချိန်ကျရင် မင်းတို့အားလုံး သုတ်သင်ခံရလိမ့်မယ်”ခီခီတာဂါဝါက ဒေါသတကြီး အော်လိုက်သည်။

ဗိုလ်ချုပ်ဖူခူဒါလား။

မျက်လုံးက သတ်ဖြတ်လိုစိတ်တို့ ပြည့်လျှံလျက် ယင်ဗုဒ္ဓက ဒေါသတကြီး ပြန်အော်လိုက်၏ “အဲဒီအဖိုးကြီးက ငါတို့လမ်းကို ပိတ်နေတာ ကြာပြီ၊ ဒါပေမယ့် နန်းတော်သခင်က ပြဿနာမရှာချင်တာကြောင့် သူ့ကို ဘာမှ မလုပ်ခဲ့တာ။ အခု ငါ သိပြီ။ မင်းက ဗိုလ်ချုပ်ဖူခူဒါရဲ့နောက်လိုက်ခွေးဖြစ်နေတာကိုး”

“နီပွန်ဘန်ဇိုက်…”

ယင်ဗုဒ္ဓ၏တန်ပြန်တိုက်ခိုက်မှုကို ရှောင်တိမ်းပြီးနောက် ပုံရိပ်အနည်းငယ်က အဝေးရှိ မိုးကုတ်စက်ဝိုင်းမှ ထွက်ပေါ်လာသည်ကို ခီခီတာဂါဝါက တွေ့လိုက်ရ၏၊ သူက အားပါးတရ ရယ်မောလိုက်သည်။

ကီလိုမီတာအနည်းငယ်အကွာမှ လေထဲတွင် ထန်ရှုနှင့်ထန်အန်းတို့က တိမ်များအလယ်တွင် ပုန်းကွယ်လျက် အဝေးရှိ တိုက်ခိုက်မှုအား ကြည့်ရှုနေသည်။ ဒီမတိုင်ခင်တုန်းက ယင်ဗုဒ္ဓနှင့် ပတ်သက်ပြီး ထန်ရှုက အနည်းငယ် စိုးရိမ်ပူပန်မိသည်၊ သူက ဂျပန်မှ ကျွမ်းကျင်သူများအား နှိမ့်ချမိခဲ့သည်ကို တွေ့လိုက်ရ၏။ တရုတ်က ပြောင်မြောက်သောကျွမ်းကျင်သူများရှိကြပြီး ဂျပန်လည်း အလားတူဖြစ်၏။

“လူအများကြီး လာနေကြပြီ၊ ဆရာအဘိုး”

ထန်အန်း၏အမူအရာက ရုတ်တရက် အနည်းငယ် ပြောင်းလဲသွားပြီး သူမက ထန်ရှု၏အင်္ကျီလက်အား လျင်မြန်စွာ ဆွဲလိုက်သည်။

သူမကြည့်ရာဉီးတည်ဘက်နောက်သို့ လိုက်ရင်း ထန်ရှုက သူ့အကြည့်အား အခြားဉီးတည်ဘက်သို့ ပြောင်းလိုက်သည်။ မြင်ကွင်းက သူ့အတွက် အတော်လေးတုန်လှုပ်စရာပင်၊ ဒီရေလှိုင်းတစ်ခုနှင့် အလားတူသည့် လူထောင်ချီက ခီခီတာဂါဝါနှင့်ယင်ဗုဒ္ဓတို့တိုက်ခိုက်နေသည့်မြင်ကွင်းမှ ခြောက်ကီလိုမီတာအကွာတွင် လျင်မြန်စွာ ချဉ်းကပ်လာ၏။

All Chapters