← Chapters

လုပ်မှာလား၊ မလုပ်ဘူးလား။

Vol. 84 Ch. 1167

လုပ်မှာလား၊ မလုပ်ဘူးလား။

Vol. 84 Ch. 1167

ထန်ရှု၏နှလုံးသားက ပိုမြန်ဆန်သွားပြီး မယုံကြည်နိုင်မှုက သူ့မျက်နှာအား ဖုံးလွှမ်းသွား၏။ ဂျပန်လိုသေးငယ်သောတိုင်းပြည်တစ်ခုက ယခုကဲ့သို့ကျွမ်းကျင်သူတစ်အုပ်အား မွေးထုတ်နိုင်မည်ဟု သူက ဘယ်တော့မှ မထင်ထားခဲ့ပေ။ ထိုလူထောင်ချီ၏ခွန်အားကို လေ့လာကြည့်လျှင် အများစုက ချီသန့်စင်ခြင်းအဆင့်တွင် ရှိပြီး အတော်များများက အခြေခံအုတ်မြစ်တည်ဆောက်ခြင်းနှင့် ညီမျှသည်။

“ဂျပန်က ကျင့်ကြံသူတွေအားလုံးက ဒီနေရာကို ပြေးလာနေတာတော့ မဟုတ်ဘူးမလား”

နှုတ်ခမ်းက အကြိမ်အနည်းငယ် တွန့်လိမ်သွားလျက် ထန်ရှု၏မျက်လုံးများက ထန်အန်း၏ကြေးမျက်နှာဖုံးပေါ်သို့ ကျရောက်သွား၏။

“သူတို့က အတော်ကလေးထူးဆန်းတယ်၊ ဆရာအဘိုး”ထန်အန်းက ခေါင်းခါယမ်းလိုက်သည် “သူတို့ရဲ့မျက်နှာနဲ့သူတို့ရဲ့ပြေးလွှားနေတဲ့လမ်းကြောင်းကို အနီးကပ်တစ်ချက်လောက်ကြည့်ကြည့်ပါ…”

တစ်ခုခု ထူးဆန်းတာလား။

ထန်ရှုက အနည်းငယ် မှင်တက်သွားပြီး ပြေးလာနေသော ကျွမ်းကျင်သူထောင်ချီအား ဂရုတစိုက်လေ့လာလိုက်သည်။ သူ့ပါးစပ်က ထပ်မံတွန့်လိမ်သွားပြီး သူက ဒေါသတကြီး ဆိုလိုက်သည် “ဟမ့်။ သူတို့က မျိုးရိုးဗီဇစစ်သည်တော်တွေပဲ။ ဒီလူတွေအများစုက သားရဲဗီဇထည့်သွင်းထားတာပဲ။ သူတို့ရဲ့ပြေးလွှားနေပုံက သားရဲတွေနဲ့ တူတယ်။ ဒီလောက်များတဲ့လူတွေက အခုလို ပြောင်းလဲတာကို စဉ်းစားကြည့်ရင် ဂျပန်က ဘယ်လိုလုပ်ပြီး လမ်းလွဲသွားရတာလဲ”

“ဂျပန်နဲ့ပတ်သက်ပြီး ငါ သိထားတာအရ ဒီတိုင်းပြည်ရဲ့လူတွေကို နှစ်မျိုးနှစ်စားခွဲခြားထားတယ်။ တစ်ခုက အလွန်ဂုဏ်ယူတတ်တဲ့စရိုက်လက္ခဏာတစ်ခုရှိပြီး အခြားတစ်ခုက နိမ့်ကျတဲ့စိတ်ထားရှိတယ်။ ဂုဏ်ယူတတ်တဲ့သူတွေက အလွန်မောက်မာပြီး သူတို့ရဲ့ရည်ရွယ်ချက်တွေ အောင်မြင်ဖို့ဆိုရင် ရက်စက်ကြမ်းကြုတ်တဲ့နည်းလမ်းတွေကို အသုံးပြုဖို့လဲ ဝန်မလေးဘူး၊ နိမ့်ကျတဲ့စိတ်ထားရှိသူတွေကတော့ ကြောက်တတ်ပြီး လူ့အဖွဲ့အစည်းထဲမှာ ရှင်သန်နေထိုင်ဖို့ ရုန်းကန်ကြရတယ်။ သူတို့ကို ပြောင်မြောက်တဲ့ခွန်အားပေးမယ်လို့ ကတိပေးရင် ဂျပန်အများစုက မျိုးရိုးဗီဇပြောင်းလဲစေတတ်တဲ့ပစ္စည်းတွေကို ထည့်သွင်းပြီး အားကောင်းတဲ့မျိုးရိုးဗီဇစစ်သည်တော်တစ်ယောက်ဖြစ်ဖို့ ဆန္ဒရှိမယ်လို့ ငါ အာမခံနိုင်တယ်”

အေးစက်စက်အလင်းတစ်ခုက ထန်ရှု၏မျက်လုံးများထဲ၌ လက်သွားပြီး သူက တင်းမာစွာ ပြောလိုက်သည် “ဟမ့်။ လူက လူ၊ တစ္ဆေက တစ္ဆေ၊ မွန်းစတားက မွန်းစတားက မွန်းစတားနဲ့ နတ်ဆိုးက နတ်ဆိုးပဲ။ ဒီမျိုးရိုးဗီဇစစ်သည်တွေက ရက်စက်ကြမ်းကြုတ်တဲ့လူရိုင်းတွေသာသာပဲ။ နောက်ကျရင် ငါ့မှာ စွမ်းရည်ရှိလာတဲ့အခါ ဒီမျိုးရိုးဗီဇစစ်သည်တွေကို သေချာပေါက် သုတ်သင်ပစ်မယ်”

“သည်မျိုးရိုးဗီဇစစ်သည်တွေက ဂျပန်လူမျိုးတွေ ဖြစ်မယ်လို့ ငါ ထင်တယ်။ သူတို့က ပျော်ရွှင်ခြင်းနန်းတော်နဲ့ ရင်ဆိုင်ဖို့ ဒီနေရာကို လာတာ ဖြစ်မယ်”ထန်ရှုက ပြန်ပြော၏ “ဒါ့အပြင် ဂျပန်ကို လာတဲ့ ငါတို့ရဲ့ရည်ရွယ်ချက်က ဂျပန်မှာ အားအကောင်းဆုံးလူဖြစ်အောင် ကူဝါကိုကို ကူညီဖို့ပဲ။ သူတို့နှစ်ဖက်စလုံး သေကျေပျက်ဆီးလေလေ၊ ကူဝါကိုအတွက် ဒီတိုင်းပြည်ကို ထိန်းချုပ်ဖို့ ပိုလွယ်ကူလေပဲ”

ထန်ရှုက ထောက်ခံကြောင်း ခေါင်းညိတ်ပြကာ ပြောလိုက်သည် “မှန်တယ်။ ဒီတော့ ငါတို့တွေ ဒီပြပွဲကို စောင့်ကြည့်နေရုံပေါ့။ နှစ်ဖက်လုံးပျောက်ကွယ်သွားရင်တောင် ငါတို့အပေါ် ဘာမှထိခိုက်စေမှာမဟုတ်ဘူး”

“ဒါပေမယ့် ငါတို့ကို ထိခိုက်စေမှာ တစ်ခုရှိတယ်၊ ဆရာအဘိုး”ထန်အန်းက ကအသံနိမ့်လျက် ရုတ်တရက် ကြားဖြတ်ပြောလိုက်သည်။

“ဟမ်။ ငါတို့က ထိခိုက်စေမယ့်ဟာရှိတာလား။ အဲဒါက ဘာများဖြစ်နိုင်မလဲ”ထန်ရှုက အံ့အားသင့်စွာနှင့် မေးလိုက်သည်။

“ပျော်ရွှင်ခြင်းနန်းတော်ရဲ့သူတော်စင်မက သေလို့မရဘူး၊ ဆရာအဘိုး”ထန်အန်းက တိုးတိုးလေးပြန်ဖြေသည်။

ထန်ရှုက အနည်းငယ် မျက်မှောင်ကြုတ်လျက် မေးလိုက်သည် “ဘာလို့ သူမက သေလို့မရမှာလဲ။ သူမက အပျိုစင်တစ်ယောက်ဖြစ်ပြီး ရုပ်ရည်အချို့ရှိပေမယ့် သူမက ပျော်ရွှင်ခြင်းနန်းတော်ရဲ့လူတွေထဲကတစ်ယောက်ဖြစ်နေတုန်းပဲ။ ငါတို့က သူမနဲ့ ပျော်ရွှင်ခြင်းနန်းတော်မှ အခြားသူတွေကို မသတ်ဖို့ ရွေးချယ်ရင်တောင် ပြည်မက ဗုဒ္ဓဂိုဏ်းရဲ့ဘုန်းကြီးအိုတွေကို သူတို့ကို ဘယ်တော့မှ သွားခွင့်ပြုမှာမဟုတ်ဘူး”

“ဆရာအဘိုးလဲ ကြားလိုက်တယ်မလား”ထန်အန်းက ပြန်ငြင်းခုံလိုက်သည် “အဲဒီသူတော်စင်မက အမျိုးသမီးမီးပြင်းဖိုပဲ။ ဆရာအဘိုးက သူမရဲ့ခန္ဓာကိုယ်ကို ယူလိုက်ရင် ဆရာအဘိုးရဲ့ကျင့်ကြံခြင်းက တိုးတက်လာနိုင်တယ်”

“အဓိပ္ပယ်မရှိတာတွေ မပြောနဲ့”ထန်ရှုက အပြစ်တင်လိုက်၏။

ထန်အန်းက ခေါင်းခါယမ်းလိုက်သည် “ဆရာအဘိုး၊ ဒီလူတွေရဲ့ခွန်အားက အခြေတည်စိတ်ဝိညာဉ်အဆင့်ကျွမ်းကျင်သူတွေနဲ့ ညီမျှပြီး စိတ်ဝိညာဉ်ဖွဲ့စည်းခြင်းအဆင့်နဲ့တောင် ယှဉ်နိုင်တယ်လို့ ငါ ပြောနိုင်တယ်။ ပျော်ရွှင်ခြင်းနန်းတော်သခင်က ပိုတောင်သန်မာမယ်လို့ ငါ သံသယရှိတယ်။ အဲဒီလူအတွက်တောင် အကျိုးရှိတဲ့ မီးပြင်းဖိုကို ဆရာအဘိုးက ဘာလို့ မယူရတာလဲ။ အဲဒီအမျိုးသမီးက ပစ္စည်းတစ်ခုမျှပဲလေ။ သူမကို အခြားသူတွေဆီ ပေးပြီး အလဟသသေခိုင်းတာထက်စာရင် ဆရာအဘိုးရဲ့စွမ်းအားမြင့်တက်ဖို့အတွက် အသုံးပြုတာ ပိုကောင်းတာပေါ့”

“ငါ အဲလိုမလုပ်နိုင်ဘူး”ထန်ရှုက ခေါင်းခါယမ်းလိုက်သည် “အဲဒါက နတ်ဆိုးတွေ လုပ်တဲ့အရာပဲ”

‘အမျုးသမီးမီးပြင်းဖိုတစ်ခုကို အသုံးပြုပြီး ကျင့်ကြံတဲ့လုပ်ရပ်က နတ်ဆိုးအပြုအမူတစ်ခု ဖြစ်တယ်ဆိုပေမယ့် ဆရာအဘိုးအတွက်ကတော့ အဲဒါက ပြန်လည်သုံးစွဲခြင်းဖြစ်စဉ်လိုပါပဲ”ထန်အန်းက သူ၏ဆုံးဖြတ်ချက်အား မေးခွန်းထုတ်လိုက်သည်။

“မင်း…”

ထန်အန်း၏စိတ်ထဲတွင် ဘာအတွေးရှိမှန်း ထန်ရှုက နားမလည်နိုင်တော့ပေ။ အမျိုးသမီးတစ်ယောက်၏နှလုံးသားက ပင်လယ်လို နက်ရှိင်းသည်ဟု လူတွေပြောကြသည်မှာ မှန်ပေ၏။

သို့သော် သူမ၏နောက်ထပ်ပြောဆိုချက်က သူ့ခေါင်းထဲရှိ ရှုပ်ထွေးမှုအားလုံးအား ရှင်းလင်းသွားစေသည်။

“ဆရာအဘိုးက တကယ်ကို အရမ်းအားကောင်းပါတယ်။ ဒါပေမယ့် ကျင့်ကြံခြင်းမှာ ရှေ့ဆက်သွားလေ၊ ပိုခက်ခဲလေဆိုတာ ဆရာအဘိုးလဲ သိတာပဲ။ ဆရာအဘိုးရဲ့လက်ရှိခွန်အားက စိတ်ဝိညာဉ်ဖွဲ့စည်းခြင်းအဆင့်မှာ ရှိပြီး အဆင့်တူတွေကတောင် ဆရာအဘိုးကို မယှဉ်ပြိုင်နိုင်ပါဘူး။ ဒါပေမယ့် ဒီဂြိုလ်ရဲ့အတားအဆီးကို ချိုးဖြတ်ဖို့အတွက် ဘယ်လိုအခွင့်အလမ်းကိုမဆို ဆုပ်ကိုင်သင့်တယ်လို့ ငါ ထင်တယ်။ အင်မော်တယ်ကမ္ဘာမှာ ငါတို့ရဲ့ရန်သူတွေရှိတယ်လို့ ဆရာက ပြောခဲ့တယ်။ ဒါကြောင့် ငါတို့ရဲ့ကျင့်ကြံခြင်းကို အမြန်ဆုံး မြှင့်တင်ဖို့အတွက် ငါတို့ရဲ့ရှေ့မှာ ရှိတဲ့ အခွင့်အလမ်းတိုင်းကို ဆုပ်ကိုင်ရမယ်”

ထန်ရှုက သက်ပြင်းချကာ ခေါင်းခါယမ်းလိုက်သည် “မင်း ဘာဆိုလိုတယ်ဆိုတာ ငါ သိတယ်၊ အန်း။ ဒါပေမယ့် ဒီနည်းလမ်းနဲ့ ငါ့စွမ်းအားကို မြှင့်တင်တာက ငါ ဘယ်တော့မှ မလုပ်နိုင်တဲ့အရာပဲ။ မင်းရဲ့ဒီအတွေးကို ဖယ်ထုတ်လိုက်စမ်းပါ။ ဒါ့အပြင် ဒီသူတော်စင်မက ပျော်ရွှင်ခြင်းနန်းတော်သခင်အတွက် အသုံးဝင်မှုအချို့ရှိပေမယ့် ငါ့အပေါ်မှာ ရှိချင်မှ ရှိမှာ”

“သူမက ကျင့်ကြံသူတိုင်းအတွက် အရမ်းအသုံးဝင်ပါတယ်၊ ဆရာအဘိုး”ထန်အန်းက တိုက်တွန်းလိုက်သည် “ရှေးဟောင်းစာကြည့်တိုက်မှာ ဒီအမျိုးသမီးနဲ့ပတ်သက်ပြီး ဖော်ပြချက်အချို့ကို ငါ ဖတ်ဖူးတယ်။ အတိတ်မှာ သူမက တရုတ်ပြည်တစ်ဝှမ်း နှစ်ပေါင်းများစွာ လှည့်လည်သွားလာပြီး ရှေးကျမ်းစာအုပ်တွေကို ရခဲ့တယ်၊ အဲထဲကတစ်ခုက အေးခဲဗုဒ္ဓရုပ်ကြွင်းကို ရေးသားထားတဲ့ကျမ်းစာအုပ်ပဲ”

“ဒီအတွေးကို ဖယ်ထုတ်လိုက်ဖို့ ငါ မင်းကို ပြောခဲ့ပြီးနော်၊ အန်း”ထန်ရှုက နက်ရှိုင်းသောအသံနှင့် ပြန်ပြောလိုက်သည်။

ထန်အန်းက ပြန်ငြင်းခုန်ချင်သော်လည်း ထန်ရှု၏မှုန်ကုတ်သောအမူအရာကို မြင်ပြီး သူမပြောမည့်စကားအား ပြန်မျိုချလိုက်သည်။

ထန်အန်းပြောသည့်အယူအဆအား ထန်ရှုက မောင်းထုတ်လိုက်သည်။ သူ့တွင် သူ၏နောက်ဆုံးအခြေအနေရှိသည်။ ရည်ရွယ်ချက်အချို့အောင်မြင်ရန် သူက နည်းလမ်းအချို့ အသုံးပြုနိုင်သော်လည်း သူက ဘယ်နည်းလမ်းကိုမဆို အသုံးပြုလိမ့်မည်ဟု မဆိုလိုပေ။

ဒါကို လုပ်ပြီးနောက် အန္တိမအဆင့်၏အထွတ်အထိပ်သို့ ပြန်ရောက်နိုင်လျှင်ပင် သူက ဘယ်တော့မှ လုပ်မည်မဟုတ်ပေ။ ကျင့်ကြံခြင်းက ရုပ်ပိုင်းဆိုင်ရာသာမက နှလုံးသားလည်း ပါ၏။ ထန်အန်းပြောသလို သူက ပြုမူခဲ့လျှင် သူ၏နောက်ပိုင်းကျင့်ကြံခြင်းအား ထိခိုက်စေလိမ့်မည်။

ရုတ်တရက် သူက မေးငေါ့လိုက်ပြီး အသံနိမ့်လျက် ပြောလိုက်သည် “ဒါက စိတ်ဝင်စားစရာပဲ။ ခီခီတာဂါဝါက ဒီပျော်ရွှင်ခြင်းနန်းတော်သူတော်စင်မကို တကယ် လှုံ့ဆော်နိုင်ခဲ့တာပဲ”

“သူမက မတုံးဘူးပဲ။ သူမကို ပစ္စည်းတစ်ခုအဖြစ် အမြဲတမ်း သတ်မှတ်ထားတာကို နောက်ဆုံးတော့ သဘောပေါက်သွားခဲ့ပြီလေ”ထန်အန်းက ခေါင်းညိတ်လိုက်သည် “သူမရဲ့အခြေအနေကို သနားပေမယ့် သူမမှာ အခြားရွေးချယ်စရာတွေ မရှိဘူးလေ။ သူမက ခီခီတာဂါဝါကို ရွေးချယ်မယ်ဆိုလျှင် နောက်မှရောက်လာတဲ့အဲဒီလူသုံးယောက်ကို သူမက ရင်ဆိုင်ရနိုင်တယ်”

“မင်းက တစ်ချိန်လုံး ဒါကို ခန့်မှန်းနေခဲ့တာလား”ထန်ရှုက မေးလိုက်သည်။

“ဟုတ်တယ်။ ဒါပေမယ့် ခန့်မှန်းတာက ခန့်မှန်းတာပါပဲ”ထန်အန်းက ပြန်ဖြေသည် “ငါ မှားခဲ့ရင်တောင် ဆရာအဘိုးရှေ့မှာ မျက်နှာပျက်စရာမရှိဘူးလေ”

ထန်ရှုက ပြုံးကာ စိတ်မဝင်စားစွာနှင့် ပြောလိုက်သည် “မင်း မပြောရင်တောင် အဆင်ပြေပါတယ်၊ ဒါပေမယ့် ငါ မင်းကို ပြောပြမယ်။ ငါ ခန့်မှန်းဖို့မလိုဘူး။ သူမက ရွေးချယ်မှုတစ်ခုပြုလုပ်တာနဲ့ သူမက ပျော်ရွှင်ခြင်းနန်းတော်ရောခီခီတာဂါဝါကိုပါ ရွေးချယ်မှာမဟုတ်ဘူး၊ သူမက အဲဒီဂျပန်မျိုးရိုးဗီဇစစ်သည်တော်တွေကို ရွေးချယ်လိမ့်မယ်”

‘”ဆရာအဘိုးရဲ့အမြင်က အတော်လေးစိတ်ကူးယဉ်ဆန်တာပဲ။ ဘာလို့ အဲဒီလူတွေကို ခီခီတာဂါဝါရဲ့နောက်လိုက်တွေမဟုတ်ဘူးလို့ ထင်ရတာလဲ။ သူ့ရဲ့စွမ်းရည်အရ ဒီလိုအင်အားတစ်ခုကို သူက မတည်ထောင်နိုင်ဘူးလား”

“သေချာတာကတော့ သူက ဂျပန်အစိုးရရဲ့အေဂျင်စီတစ်ခုကပဲ”ထန်ရှုက စိတ်မဝင်စားစွာ ပြောလိုက်သည်။

“သူက ဂျပန်လူမျိုးတစ်ယောက်ဖြစ်ပြီး ပျော်ရွှင်ခြင်းနန်းတော်သူတော်စင်မက အဲဒီမျိုးရိုးဗီဇစစ်သည်တော်တွေကို ရွေးချယ်တာက ခီခီတာဂါဝါရဲ့ဘက်ကို ရွေးချယ်တာနဲ့ မတူသွားဘူးလား”ထန်အန်းက မေးလိုက်သည်။

“မတူဘူး”ထန်ရှုက ခေါင်းခါယမ်းလိုက်သည် “သူမက တကယ်ဉာဏ်ကောင်းမယ်ဆိုရင်၊ ခီခီတာဂါဝါက ဂျပန်အာဏာပိုင်တွေထဲကတစ်ယောက်ဆိုတာ သေချာတာနဲ့ သူမက အမြန်ဆုံးထွက်သွားဖို့ နည်းလမ်းတစ်ခုကို ချက်ချင်းရှာလိမ့်မယ်။ သူမက ဂျပန်ကို ရိုးရိုးသားသား သစ္စာခံလိုက်မယ်ဆိုရင် ခီခီတာဂါဝါက သူမကို ဘာမှမလုပ်နိုင်ဘူးလို့တောင် တွေးနိုင်တယ်”

“သူမကို နောက်ထပ်အခွင့်အရေးတစ်ခုပေးတာက ပိုကောင်းတာ မဟုတ်လား”ထန်အန်းက မေးလိုက်သည်။

“မင်းက ငါ့ကို မထိခိုက်စေချင်ရင် ဘယ်လိုရူးနှံ့တဲ့အိုင်ဒီယာတစ်ခုမှ မတွေးတာ ပိုကောင်းတယ်”ထန်အန်းက ပေါ့ပေါ့ပါးပါး ပြောလိုက်၏ “ငါ လုပ်ခဲ့တဲ့ဆုံးဖြတ်ချက်တိုင်းက သေချာတွေးဆပြီး အကောင်းနဲ့အဆိုးကို ခွဲခြမ်းစိတ်ဖြာထားပြီးသား။ ဒါပေမယ့်…”

“ဒါပေမယ့် ဘာဖြစ်လဲ၊ ဆရာအဘိုး”ထန်အန်း၏အမူအရာက အနည်းငယ် ပြောင်းလဲသွားပြီး အလျင်စလို မေးလိုက်သည်။

အပြုံးတစ်ခုက ထန်ရှု၏မျက်နှာပေါ်တွင် ထင်ဟပ်လာသည် “ဒါပေမယ့်ကတော့ ဒီကမ္ဘာမှာ အမှားမကျူးလွန်ဘဲ ဘယ်သူကများ ရှင်သန်နေထိုင်နိုင်မှာလဲ။ မင်းက အမှားပြုလုပ်နိုင်ပေမယ့် မင်းကိုယ်မင်း ပြုပြင်ပြီး လမ်းကြောင်းမှန်ကို လျှောက်လမ်းနိုင်တယ်။ ဒါက လူတိုင်းမှာ ရှိရမယ့် အရေးကြီးဆုံးသူတော်ကောင်းတရားပဲ။ အပြစ်တွေအတွက် နောင်တရပြီး အပြစ်ဖြေတဲ့သူတွေက ဗုဒ္ဓတရားကို လျှောက်လှမ်းနိုင်တယ်လို့ ပြောကြတယ်။ သူမရဲ့နှလုံးသားထဲမှာ ဗုဒ္ဓရှိရင် ပျော်ရွှင်ခြင်းနန်းတော်သူတော်စင်မအတွက် အခွင့်အရေးတစ်ခုရှိလာနိုင်မှာပါ။ ပြီးတော့ အဲဒီလမ်းကြောင်းက တရုတ်က ဗုဒ္ဓဂိုဏ်းပဲ”

ဗုဒ္ဓကျောင်းကို ဝင်ရောက်ပြီး သီလရှင်တစ်ယောက်ဖြစ်လာဖို့လား။

ထန်အန်း၏အမူအရာက အနည်းငယ် ပြောင်းလဲသွားသည်။

အဝေးရှိ ခြံဝင်းထဲတွင်။

ယင်ဗုဒ္ဓ၏စူးရှသောမျက်လုံးများက ပြေးလာနေသောထိုကျွမ်းကျင်သူများအား အလွယ်တကူ သတိပြုမိနိုင်သည်။ ပျော်ရွှင်ခြင်းနန်းတော်နှင့် ပတ်သက်၍ အရာအားလုံးနီးပါးသိသူတစ်ယောက်အနေနှင့် ထိုလူများက သူ့ဘက်ခြမ်းမှ မဟုတ်ဘဲ ရန်သူများဖြစ်ကြသည်ကို ချက်ချင်း သူက အကဲဖြတ်နိုင်၏။

“ကျေးဇူးပြုပြီး ဝိညာဉ်ဆင့်ခေါ်ပုလွေကို အသုံးပြုပါ၊ အရှင်မ…”

ယင်ဗုဒ္ဓမှ ရုတ်တရက်ပြောသံကို ကြားပြီး ပျော်ရွှင်ခြင်းနန်းတော်သူတော်စင်မက အမူအရာ ပြောင်းလဲသွား၏။ သူမ၏စိတ်အခြေအနေက လျင်မြန်စွာ ပြောင်းလဲနေသည်။ သူမက သူမ၏သရုပ်မှန်နှင့်အဆင့်အတန်းကိုပင် မေးခွန်းထုတ်ခဲ့ပြီး ပျော်ရွှင်ခြင်းနန်းတော်မှ အချိန်အချို့ ထွက်ခွာသွားချင်ခဲ့၏။ အနည်းဆုံး ငြိမ်းချမ်းသောနေရာတစ်ခုကို ရှာကာ သူမ၏အတိတ်နှင့် ပတ်သက်ပြီး ပြန်လည်တွေးတောရမည်။

လက်ရှိအနေအထားက သူမအတွက် အလွယ်တကူ ထွက်သွားစေနိုင်သည်၊ သို့သော် ပျော်ရွှင်ခြင်းနန်းတော်က ကျိုတိုရှိ အဖွဲ့ဝင်အားလုံးအား ဆင့်ခေါ်ခဲ့လျှင် ပိုမိုရက်စက်ကြမ်းကြုတ်သောစစ်ပွဲတစ်ခုက သေချာပေါက် ဖြစ်ပေါ်လာလိမ့်မည်၊ ထိုအချိန်ကျလျှင် နန်းတော်မှ တပည့်အများကြီး ရှိနေချိန်တွင် သူမအနေနှင့် ထွက်ခွာရန် အလွန်ခက်ခဲပေလိမ့်မည်။

ငါ ဘာလုပ်သင့်လဲ။

သူမက ခဏတုံ့ဆိုင်းသွားပြီး အတွေးမရေမတွက်များစွာက သူမစိတ်ထဲ၌ ပြည့်သွား၏။

သူ ပြောခဲ့သည်အား သူတော်စင်မက မလုပ်ဆောင်သည်ကို မြင်ပြီး ယင်ဗုဒ္ဓက ဂနာမငြိမ်ဖြစ်သွား၏။ သူက အားကောင်းနိုင်သော်လည်း ရန်သူထောင်ချီအား ရင်ဆိုင်ရလျှင် သူက ထွက်ပြေးရမည်။

“မင်းက ဘာကို တုံ့ဆိုင်းနေတာလဲ၊ သူတော်စင်မ။ ဒီတစ်ကြိမ်က ငါတို့သေရင်သေမသေရင်သူတို့သေပဲ”ယင်ဗုဒ္ဓက အော်လိုက်သည်။

All Chapters