← Chapters

ဖုံးကွယ် ဝင်္ကပါအစီအရင်

Vol. 31 Ch. 411

ဖုံးကွယ် ဝင်္ကပါအစီအရင်

Vol. 31 Ch. 411

ကျိုးဟန်ကလည်း သူ့ရဲ့ ခေါင်းဆောင်ဆိုတဲ့ ရာထူးကို လီဖူချန်းထံ လွှဲပေးဖို့ အစီအစဉ် မရှိပါဘူး။  သူကလည်း ကောင်းကင်ပေါ်ကို ခုန်တက်လိုက်ပြီး လက်ဝါးရိုက်ချက် နှစ်ချက်ကို ဆင့်ထုတ် လိုက်ပါတယ်။

ဟူး  ... ဟူး  ...

အေးစက်နေတဲ့ နှင်းမုန်တိုင်းငယ် နှစ်ခုက ရန်သူနှစ်ယောက်ကို ရေခဲတုံးပမာ  အေးခဲသွားစေခဲ့ပြီး ဇီဝိန်ခြွေပစ် လိုက်ပါပြီ။

လျံတိုင်ယု၊ အန်ရှင်းမိန်နဲ့ တုချင်းတို့ရဲ့ တုံ့ပြန်မှုက သူတို့နှစ်ယောက်လို မလျင်မြန်ပေမယ့်လည်း သူတို့ အတိုင်းအတာနဲ့ သူတို့တော့ လျင်မြန်နေဆဲပါပဲ။

" လခွီး  ...  အဲသည်နှစ်ယောက်က ဘယ်လိုဖြစ်ပြီး သည်လောက်အထိ  အစွမ်း ထက်နေရတာလဲ "

သည်အမှောင်မုဆိုး အဖွဲ့ကတော့ ဝိညာဉ် အမဲလိုက်သူတွေလို့ အမည်ရတဲ့ အဖွဲ့တစ်ဖွဲ့ပါ။  သူတို့ရဲ့ အဖွဲ့ခေါင်းဆောင် ကတော့ ပြန်လည်ဝင်စားခြင်းနယ်ပယ် အဆင့်၈ ပညာရှင်ဖြစ်ပြီး လက်ထောက် ခေါင်းဆောင် နှစ်ယောက်ကတော့ ပြန်လည်ဝင်စားခြင်း နယ်ပယ် အဆင့်၇ကို ရောက်နေပါပြီ။  ကျန်တဲ့သူတွေကတော့ ပြန်လည်ဝင်စားခြင်းနယ်ပယ် အလယ်အလတ်ပင်းနဲ့ ပြန်လည်ဝင်စားခြင်း နယ်ကယ် အဆင့်နိမ့်ပိုင်းက လူတွေ ဖြစ်ပါတယ်။

ခြုံငုံပြီး ပြောရမယ်ဆိုရင်တော့ သည်အုပ်စုက အတော်လေး မဆိုးလှတဲ့ အုပ်စုတစ်စုပါပဲ။

" ဟန်ပြောင်း  ...  ငါက ရေခဲစွမ်းအား အသုံးပြုတဲ့ ကောင်လေးကို တာဝန်ယူလိုက်မယ်။  မင်းနဲ့ကျူးထိုင်က ဓားနဲ့ကောင်လေးကို တာဝန်ယူလိုက် "

စကားဆုံးတာနဲ့တစ်ပြိုင်နက် ဝိညာဉ်အမဲလိုက်သူ အဖွဲ့ခေါင်းဆောင်ဟာ ကျိုးဟန်ဆီကို ခုန်ဆင်း သွားခဲ့ပါပြီ။

ဝုန်း  ...

သူတို့နှစ်ယောက်ရဲ့ လက်ဝါးတွေ ထိပ်တိုက် ရင်ဆိုင်မိတဲ့အခါမှာတော့ ပေါက်ကွဲသံကြီး တစ်ခု ထွက်ပေါ်လာခဲ့ပါတယ်။ တစ်ချိန်တည်း လိုလိုမှာပဲ တောင်ကုန်းတွေဟာ တုန်ခါလာခဲ့ပါသေးတယ်။

" ဟိုကလေးကို အတူ တိုက်ရအောင် "

" အေး "

ဟန်ပြောင်းနဲ့ ကျူးထိုင်တို့ကလည်း လီဖူချန်း ရှိရာဆီကို ခုန်ဆင်းသွားခဲ့ကြပါပြီ။

ကျန်တဲ့သူတွေကတော့ ၅ယောက်တစ်အုပ် ဒါမှမဟုတ် ၆ယောက်တစ်အုပ်စီ အဖွဲ့ဖွဲ့ပြီး  လျံတိုင်ယုတို့ဆီကို ခုန်ဆင်း သွားကြပါတယ်။

" ဟင်  ...  သည်လူက မြေကမ္ဘာအဆင့်နိမ့် အတွင်းအားကျင့်စဉ်ကို လေ့ကျင့်ထားတာပဲ "

ကျိုးဟန်နဲ့ ဝိညာဉ်အမဲလိုက်သူ အဖွဲ့ခေါင်းဆောင်က အကြိမ်ရေ အနည်းငယ် ထိပ်တိုက်ရင်ဆိုင် လိုက်ကြပေမယ့် ဘယ်သူ့ဘယ်သူကမှ အသာစီး မရခဲ့ပါဘူး။  ဒါပေမဲ့ ကျိုးဟန်က တစ်ဖက်ရန်သူရဲ့ အကြောင်းကို အတော်လေး ရိပ်စားမိသွား ခဲ့ပါပြီ။

အပေါ်ယံ ကြည့်လိုက်ရင်တော့ တစ်ဖက်ရန်သူဟာ  အဆင့်၈ ပြန်လည်ဝင်စားခြင်း နယ်ပယ်ဟု ထင်ရပေမယ့် တကယ့် လက်တွေ့မှာတော့ သာမန်အဆင့်၉ ပြန်လည် ဝင်စားခြင်းနယ်ပယ် ပညာရှင်တွေ ထက်တောင်မှ အစွမ်းထက်နေပါသေးတယ်။

လီဖူချန်းရဲ့ အခြေအနေကလည်း ကျိုးဟန်နဲ့ သိပ်မကွာလှပါဘူး။

သူကြုံတွေ့နေရတဲ့ ရန်သူ နှစ်ယောက်ကလည်း သာမန်အဆင့်၉ ပြန်လည် ဝင်စားခြင်းနယ်ပယ် ပညာရှင်တွေနဲ့ ယှဉ်နိုင်သူတွေပါပဲ။ ပြီးတော့ သူတို့နှစ်ယောက်ရဲ့ ပူးပေါင်း တိုက်ခိုက်မှုကလည်း အချိတ်အဆက် မိနေပါသေးတယ်။

လီဖူချန်းက သူ့ရဲ့ မီးလျှံစွမ်းအားတွေကို  အရမ်းကာရော မဖြုန်းတီးပစ် ချင်တဲ့အတွက်  သွေးနီဓားကို ပြန်သိမ်းလိုက်ပါပြိ။  သူက သည်ရန်သူ နှစ်ယောက်ကို အပြင်အားနဲ့ ကျားဝိညာဉ် လက်သီးပေါင်းပြီး တိုက်ခိုက်ဖို့ စဉ်းစားထားခဲ့ပါတယ်။

" သည်ကလေးရဲ့ ခန္ဓာကိုယ်က မာလှချည်လား "

ဟန်ပြောင်းနဲ့ ကျူးထိုင်တို့က လီဖူချန်းကို ဖိနှိပ်နိုင်ခြင်း မရှိတော့ပါဘူး။  မဟာဆင်ဝိညာဉ်နဲ့ မဟာကျားဝိညာဉ်ကို အသက်သွင်းထားတဲ့ လီဖူချန်းကတောင် သူတို့ကိုပြန်ပြီး ဖိနှိပ်နေပါသေးတယ်။

" ကောင်းကင်ပြို ဓားချက် "

ဟန်ပြောင်းက ဝမ်းခေါင်းသံကြီးဖြင့်  ဟစ်ကြွေးလိုက်ပြီး မဟာကျားဝိညာဉ်ကို ခုတ်ပိုင်း ပစ်လိုက်ပါတယ်။  သူ့ရဲ့ ဓားရိပ်တွေကတော့ ရေတံခွန် တစ်ခုကနေ ကျဆင်းလာတဲ့ ရေတွေလိုပါပဲ။

ကျူးထိုင်ကလည်း မိုးသောက်ကြယ် တစ်ခုလို တောက်ပနေတဲ့  ရွှေဘီးတစ်လုံးကို ပစ်လွှတ် လိုက်ပါပြီ။

ထန်  ...  ထန်  ... ထန်  ...

လီဖူချန်းက လက်သီးချက်တွေကို အဆက်မပြတ် ထုတ်ပြီး ဟန်ပြောင်းရဲ့ ဆေဘာနဲ့ ကျူးထိုင်ရဲ့ ရွှေဘီးကို ခုခံလိုက်ပါတယ်။

ခန္ဓာကိုယ် သန့်စင်ခြင်းလမ်းစဉ်ကို လျှောက်လမ်းတဲ့ ပညာရှင်တွေရဲ့ တိုက်ခိုက်မှုကတော့ သည်လိုပါပဲ။  သူတို့တွေဟာ ခန္ဓာကိုယ် အစိတ်အပိုင်း သက်သက်နဲ့တင် လက်နက်တွေကို ထိပ်တိုက်ရင်ဆိုင် နိုင်စွမ်း ရှိပါတယ်။

အခုလည်း လီဖူချန်းက သူ့ရဲ့ ခန္ဓာကိုယ် မာကျောမှုကို အားကိုးပြီး  သူနဲ့  အစွမ်းချင်း ညီမျှနေတဲ့ ရန်သူ နှစ်ယောက်ကို သက်တောင်သက်သာနဲ့ ရင်ဆိုင်နေတာ  မဟုတ်ပါလား။

တကယ်လို့သာ ချီကျင့်ကြံခြင်း ပညာရှင်တစ်ယောက်ဆိုရင် သူနဲ့ အစွမ်းချင်း ညီမျှနေတဲ့ ရန်သူနှစ်ယောက်ကို တစ်ပြိုင်တည်း ရင်ဆိုင်နိုင်မှာ မဟုတ်ပါဘူး။

" အညှာအတာမဲ့ကျား ဆင်းသက်ခြင်း "

လီဖူချန်းက ဟန်ပြောင်းကို လျစ်လျူရှုလိုက်ပြီး ကျူးထိုင်ဆီကို အိုက်ရူးရဲဆန်စွာ ခုန်ဝင် သွားခဲ့ပါတယ်။   သူ့ရဲ့ ညာဘက် လက်သီးထဲမှာတော့ ဆင်နဂါးစွမ်းအား၊ နေမင်းဇောအဟုန် ချီအတွင်းအားနဲ့ မီးလျှံစွမ်းအားတွေက    အဆင်သင့် ဖြစ်နေခဲ့ပါပြီ။

" သေစမ်း"

လီဖူချန်းရဲ့  ကျူးထိုင်ကို အားရပါးရ ထိုးပစ်လိုက်ပါတယ်။

" အား "

လီဖူချန်းရဲ့ မိုက်ရူးရဲဆန်စွာ တိုက်ခိုက်မှုက ကျူးထိုင်အတွက်တော့ လုံးဝ မမျှော်လင့်ထားခဲ့တဲ့ အရာပါပဲ။   အဲသည်အတွက် သူဟာ လီဖူချန်းရဲ့ တိုက်ခိုက်မှုကို  အချိန်မီ တုံ့ပြန်နိုင်ခြင်း မရှိခဲ့ပါဘူး။ ဒါပေမဲ့လည်း  သူက  ဘယ်လက်ကို အသုံးပြုပြီး အတတ်နိုင်ဆုံး ခုခံလိုက်ပါသေးတယ်။

ဘန်း  ...

ကျူးထိုင်ရဲ့ ဘယ်ဘက်လက်ကတော့ ပေါက်ကွဲ ထွက်သွားခဲ့ပါပြီ။  ဒါပေမဲ့ လီဖူချန်းရဲ့ လက်သီးအားကတော့ ရပ်တန့်သွားခြင်း မရှိသေးပါဘူး။  သူ့ရဲ့ လက်သီးကနေ  အနက်ရောင် ကျားဝိညာဉ် တစ်ခု ထွက်ပေါ်လာပြီး ကျူးထိုင်ရဲ့ ခန္ဓာကိုယ်ထဲကို    တိုးဝင် သွားခဲ့ပါသေးတယ်။

ဖောင်း  ...  ဖောင်း  ...  ဖောင်း  ...

ထို့နောက်မှာတော့ ကျူးထိုင်ရဲ့ ခန္ဓာကိုယ်ဟာ အဆက်မပြတ် ပေါက်ကွဲထွက်သွားပြီး မြေပြင်ပေါ်ကို  အရုပ်ကြိုးပြတ် ပုံရက်သား လဲကျသွားခဲ့ပါပြီ။

လက်သီးတစ်ချက်  ...   ...

လီဖူချန်းက အနီးကပ်တိုက်ခိုက်မှုမှာ လက်သီးတစ်ချက်နဲ့ပဲ ကျူးထိုင်ကို သတ်ပစ်လိုက်တာပါ။

" မျိုးမစစ်မသားလေး   ... သေစမ်း "

အဲသည် အချိန်မှာပဲ ဟန်ပြောင်းဟာ လီဖူချန်းရဲ့ နောက်ကျောကနေ တိုက်ခိုက်လာခဲ့ပါတယ်။

ဒါပေမဲ့လည်း သူ့ရဲ့တိုက်ခိုက်မှုက လီဖူချန်းရဲ့ အသိစိတ်အာရုံကို ကျော်လွှားနိုင်ခြင်း မရှိခဲ့ပါဘူး။  လီဖူချန်းက သူ့ရဲ့ တိုက်ခိုက်မှုကို သတိပြုမိ  ပြီးသားပါပဲ။

ဟူး  ...   ...

သူ့ဆီကို ဆေဘာဓားချက် မရောက်ခင်လေးမှာပဲ လီဖူချန်းက ဓားချက်ရဲ့ စက်ကွင်းကနေ ရှောင်ထွက်သွားခဲ့ပါပြီ။ သူက ဟန်ပြောင်းနဲ့    သုံးမီတာကျော်အထိကို ရှောင်ထွက် သွားခဲ့တာပါ။

" သေစမ်း  ... သေစမ်း  ... သေစမ်း  ...  "

ဟန်ပြောင်းကတော့ လီဖူချန်းကို လုံးဝ အလွတ်မပေးပါဘူး။  သူက  သွေးရူးသွေးတန်းနဲ့ လီဖူချန်းကို အဆက်မပြတ် လိုက်လံ တိုက်ခိုက် နေပါတယ်။

" ဟမ့်   ...  မင်းကများ "

လီဖူချန်းက သူ့ရဲ့ သွေးနီဓားကို ရုတ်တရက် ဆွဲထုတ်လိုက်ပြီး ခုတ်ချ လိုက်ပါတယ်။  အစိမ်းရောင် ဓားအလင်းတန်း တစ်ခု ထွက်ပေါ်လာပြီး နောက်မှာတော့ ဟန်ပြောင်းဟာ ခေါင်းနဲ့ကိုယ် အိုးစား ကွဲသွားခဲ့ပါပြီ။

ဟန်ပြောင်းနဲ့ ကျူးထိုင်ကို ရှင်းအပြီးမှာတော့ လီဖူချန်းဟာ တိုက်ပွဲအခြေအနေကို တစ်ချက် အကဲခတ် လိုက်ပါတယ်။

ကျိုးဟန်ကတော့ အေးအေးဆေးပါပဲ။  သူက ဝိညာဉ်အမဲလိုက်သူ ခေါင်းဆောင်ကို အသားစီး ရယူပြီးတောင် တိုက်ခိုက် နေပါသေးတယ်။  ကျိူးဟန်က သူရဲ့ပြိုင်ဘက်ရန်သူကို အနိုင်ယူနိုင်ဖို့အတွက် အချိန်လေး နည်းနည်းသာ လိုနေတာပါ။

အခြားတစ်ဖက်မှာတော့ အန်ရှင်းမိန်နဲ့ အခြားလူတွေဟာ အတော်လေး အခြေအနေ ဆိုးဝါးနေခဲ့ပါပြီ။

သူတို့ထဲမှာတောင်မှ  လျံတိုင်ယုရဲ့ အခြေအနေဟာ အဆိုးဆုံးပါပဲ။  သူက  ရန်သူ ခုနစ်ယောက်နဲ့ တောင်မှ ယှဉ်ဆိုင်နေရတာ ဖြစ်ပါတယ်။

" ဟင်   ...  ဟန်ပြောင်းနဲ့ ကျူးထိုင်က သေသွားပြီလား "

ဝိညာဉ်အမဲလိုက်သူ ခေါင်းဆောင်ကတော့ အခြေအနေကို သတိပြုမိ သွားခဲ့ပါပြီ။  တကယ့်ကို တုန်လှုပ် ချောက်ချားစရာပါပဲ။  အဲသည်ဖြစ်ရပိက သူ့ရဲ့ တိုက်ခိုက်မှုတွေကိုပါ အနည်းငယ် မတည်မငြိမ် ဖြစ်သွားစေခဲ့ပါတယ်။

" သူက သူ့ရဲ့ ပြိုင်ဘက်တွကို အလွယ်တကူ ရှင်းပစ်လိုက် နိုင်တာလား "

လီဖူချန်းရဲ့  လုပ်ဆောင်မှုက ကျိုးဟန်ကိုလည်း အံ့သြတုန်လှုပ် သွားစေတာပါပဲ။

" မိုင်ပေါင်းတစ်ထောင်ကို အေးခဲခြင်း "

ထို့နောက်မှာတော့ ကျိုးဟန်ဟာ အေးစိမ့်ရေခဲ စွမ်းအားတွေကို ထုတ်ဖော်ပြီး ရန်သူကို  ရိုက်ချ ပစ်လိုက်ပါတယ်။   အရိုးအထိ စိမ့်နေအောင် အေးတဲ့ ရေခဲစွမ်းအားတွေဟာ  ဝိညာဉ် အမဲလိုက်သူ ခေါင်းဆောင်ကို လွှမ်းခြုံသွားခဲ့ပါပြီ။

ခရက်  ...   ခရက်  ...  ခရက်  ...

ဝိညာဉ်အမဲလိုက်သူ ခေါင်းဆောင်က အေးစိမ့်ရေခဲ စွမ်းအားကို တောင့်ခံနိုင်ခြင်း မရှိပါဘူး။  သူ့ရဲ့ ချီအကာအကွယ်မှာ ရေခဲအမှုန်လေးတွေ ဖြစ်တည်လာခဲ့သလို သူ့ရဲ့ လှုပ်ရှားမှုတွေကလည်း နှေးကွေးလေးလံ သွားခဲ့ပါပြီ။

" သေလိုက်တော့ "

အဲသည်အချိန်မှာပဲ ကျိုးဟန်ဟာ ဝိညာဉ်အမဲလိုက်သူ ခေါင်းဆောင်ရဲ့ အရှေ့မှာ ပေါ်လာပြီး လက်ဝါးရိုက်ချက် တစ်ချက် ထုတ်လိုက်ပါတော့တယ်။

ခရက်  ...

ဝိညာဉ်အမဲလိုက်သူ ခေါင်းဆောင်ဟာ မြေကမ္ဘာ အဆင့်နိမ့် ချပ်ဝတ်တန်ဆာ တစ်ခုကို ဝတ်ဆင်ထားတဲ့ အတွက် ကျိုးဟန်ရဲ့ လက်ဝါး ရိုက်ချက်ဟာ သူ့ကို အသက်ပျောက် သွားအောင်တော့ လုပ်ဆောင်နိုင်ခြင်း မရှိခဲ့ပါဘူး။  ဒါပေမဲ့ ကျိုးဟန်ရဲ့ လက်ဝါးရိုက်ချက်ထဲမှာ ခိုင်းကိန်းအောင်း နေတဲ့ အေးစိမ့်ရေခဲ စွမ်းအားတွေကတော့ သူ့ရဲ့ ခန္ဓာကိုယ်ထဲကို တိုးဝင် သွားခဲ့ပါတယ်။  အဲသည် ရေခဲစွမ်းအားတွေက ဝိညာဉ်အမဲလိုက်သူ ခေါင်းဆောင်ကို တဖြည်းဖြည်း အေးခဲ လာစေပါသေးတယ်။

ခရက်  ... ခရက်  ... ခရက်  ...

ထို့နောက်မှာတော့ ဝိညာဉ် အမဲလိုက်သူ ခေါင်းဆောင်ဟာ ရေခဲရုပ်ကြီးတစ်ခု အဖြစ်ကို ပြောင်းလဲ သွားခဲ့ပါပြီ။

" ကြည့်ရတာ ငါမင်းကို အထင်သေးမိခဲ့ပုံပဲ "

သူ့ရဲ့ ရန်သူကို ကိစ္စဖြတ်ပြီးတာနဲ့ တစ်ပြိုင်နက် ကျိူးဟန်က လီဖူချန်းဘက်ကို လှည့်လိုက်ပြီး ပြောလိုက်ပါတယ်။

လီဖူချန်းကလည်း ထီမထင်တဲ့ အမူအရာဖြင့်

" အေး  ...  ငါကောပဲ "

သူကလည်း တစ်စက်ကလေးမှကို အတင်စီး မခံပါဘူး။

ထို့နောက်မှာတော့ သူတို့ နှစ်ယောက်စလုံးဟာ တိုက်ပွဲထဲကို ဝင်မပါတော့ဘဲ ကျကျနန နေရာယူကာ  အန်ရှင်းမိန်တို့ တိုက်ခိုက်တာကို သုံးသပ်နေပါတော့တယ်။

သူတို့နှစ်ယောက်သာ ဝင်ကူညီလိုက်မယ် ဆိုရင် တိုက်ပွဲက အမြန်ဆုံး ပြီးသွားမှာ ဖြစ်ပေမယ့် နှစ်ယောက်စလုံးက ဝင်ပြီး ကူညီဖို့ စဉ်းစားထားဟန် မရှိပါဘူး။

ခရမ်းရောင်ကြယ် တောင်တန်းဆိုတာက အသက်အန္တရာယ် များလွန်းလှတဲ့ နေရာတစ်ခုပါ။   သူတို့ အနေနဲ့ နောက်ပိုင်းမှာ သည်ထက်ပိုပြီး အန္တရာယ်များတဲ့ ကိစ္စတွေနဲ့ ကြုံတွေ့ နိုင်ပါသေးတယ်။  အဲသည်အတွက် သည်သုံးယောက်ဟာ သူတို့ကြုံတွေ့နေရတဲ့ အခက်အခဲကို ကိုယ်တိုင် ဖြေရှင်းနိုင်ရပါမယ်။  ဒါမှ နောင်အနာဂတ်မှာ တော်ကာကျမှာပါ။  အခြားတစ်နည်းနဲ့ ပြောရမယ်ဆိုရင်တော့ ဒါဟာ အန်ရှင်းမိန်တို့ သုံးယောက်အတွက်  လေ့ကျင့်ခြင်း တစ်မျိုးပါပဲ။

တိုက်ပွဲက အချိန်တစ်နာရီ ကျော် ကြာသွားခဲ့ပါပြီ။

" သေကြစမ်း "

လျံတိုင်ယုကတော့ သူ့ရဲ့ အခြေအနေဆိုးကနေ ပထမဆုံး  ရုန်းထွင်နိုင်ခဲ့သူပါပဲ။

သူက လေအလျင် စွမ်းအားကို အသုံးပြုပြီး ရန်သူ တစ်ယောက်က သတ်ပစ်လိုက်သလို ကြေးဝါတုတ်နဲ့လည်း ရန်သူသုံးယောက်ရဲ့ ဦးခေါင်းကို ရိုက်ခွဲပစ်လိုက် ပါသေးတယ်။  သူ့ရဲ့ တုတ်ချက် မိသွားတဲ့ ရန်သူသုံးယောက်ကတော့ ဦးနှောက်တွေ ပွင့်ထွက်ပြီး သေဆုံး သွားကြပါပြီ။  မျက်စိတစ်မှိတ် အတွင်းမှာပဲ သူ့ရဲ ရန်သူဟာ သုံးယောက်သာ ကျန်နေပါတော့တယ်။

ရွှမ်း  ... ရွှမ်း  ... ရွှမ်း  ...   ...

အန်ရှင်းမိန်ကလည်း မခေလှပါဘူး။  သူကလည်း သူ့ရဲ့ အခြေအနေဆိုးထဲက ရုန်းထွက် လာနိုင်ခဲ့ပါပြီ။

အမှန်အတိုင်း ပြောရမယ် ဆိုရင်တော့ အန်ရှင်းမိန်ဟာ လျံတိုင်ယုလောက် အစွမ်းမထက်ပါဘူး။  ဘာဖြစ်လို့လဲ ဆိုတော့ သူက အရိုးတည်ဆောက်ပုံရဲ့ အထူးစွမ်းအားကို အသက်သွင်းနိုင်ခြင်း မရှိသေးလို့ပါပဲ။  ဒါပေမဲ့လည်း သူ့ရဲ့ ဆေဘာဓားသိုင်းကတော့ အတော်လေး အစွမ်းထက်ပါတယ်။ တိုက်ပွဲအချိန် ကြာလာတာနဲ့ အမျှ အန်ရှင်းမိန်ရဲ့ဓားသိုင်းဟာ ပိုမို တောက်ပြောင်လာပြီး ရန်သူတွေကို ဖိနှိပ်သွားနိုင် ခဲ့ပါပြီ။

တုချင်းရဲ့ အခြေအနေကလည်း  အန်ရှင်းမိန်နဲ့ အတူူတူပါပဲ။ သူ့ကိုလည်း သူ့ရဲ့ ရန်သူတွေက ဒုက္ခပေးနိုင်စွမ်း မရှိတော့ပါဘူး။   သူက တောင်ပိုင်းတောအုပ် သိုင်းတက္ကသိုလ်ရဲ့ အတွင်းစည်းကျောင်းသား ဖြစ်တဲ့အတွက် သူ့ရဲ့သိုင်းကွက်တွေဟာ အဆင့်မြင့်ပြီးသားပါပဲ။  သုက သေရေးရှင်ရေး တိုက်ပွဲနဲ့ ပက်သက်တဲ့ အတွေ့အကြုံ အနည်းငယ်သာ လိုအပ်နေခဲ့တာပါ။  တစ်နာရီကျော် တိုက်ခိုက်ပြီးသွားတဲ့ နောက်မှာတော့ သူဟာလည်း တိုက်ခိုက်မှုနဲ့  အသားကျသွားခဲ့ပါပြီ။

" ပြေးကြဟေ့ "

" နောက်ကျတဲ့ခြေထောက် သစ္စာဖောက်ပဲ "

သူတို့ရဲ့  ခေါင်းဆောင်နဲ့ လက်ထောက် ခေါင်းဆောင်နှစ်ယောက် အသတ်ခံ လိုက်ရတဲ့ အပြင် သူတို့ရဲ့ အခြေအနေကလည်း ပိုပို ဆိုးလာပြီ ဖြစ်တဲ့အတွက်  ဝိညာဉ်အမဲလိုက်သူ အဖွဲ့သားတွေဟာ ဆက်လက်ပြီး မတိုက်ဝံ့တော့ပါဘူူး။  သူတို့တွေဟာ ခြေဦးတည့်ရာကို  ဇွတ်ပြေးကြပါတော့တယ်။

" မင်းတို့ကို ဘယ်သူက ပြေးခွင့် ပေးလိုက်တာလဲ "

လီဖူချန်းရဲ့ ဓားကနေပြီး ထောင်နဲ့ချီတဲ့ ဓားအလင်းတန်းတွေ ဖြစ်တည်လာခဲ့ပါပြီ။

" အေးခဲစမ်း "

ကျိုးဟန်ရဲ့ လက်ဝါးကလည်း ဝိညာဉ် အမဲလိုက်သူတွေကို သက်ညှာခြင်း မပြုခဲ့ပါဘူး။

မျက်စိတစ်မှိတ် အတွင်းမှာပဲ ဝိညာဉ် အမဲလိုက်သူတွေဟာ တစ်ယောက်မကျန် သေဆုံးသွားခဲ့ ကြပါပြီ။

" သည်တစ်ခေါက် အမှောင်မုဆိုး အဖွဲ့က အင်အား သိပ်မကောင်းလို့ တော်သေးတာပေါ့ "

အန်ရှင်းမိန်က အခုမှ သက်ပြင်း ချနိုင်ပါတော့တယ်။

သူတို့အဖွဲ့မှာသာ ကျိုးဟန်နဲ့ လီဖူချန်းတို့  နှစ်ယောက်သာ မပါခဲ့လို့ကတော့ သူတို့ရဲ့ အဖြစ်ဟာ မတွေးဝံ့စရာပါပဲ။

ဝိညာဉ်အမဲလိုက်သူ အဖွဲ့ကို ရှင်းလင်းအပြီးမှာတော့ သူတို့၅ယောက်ဟာ ရသင့်ရထိုက်တာကို ခွဲဝေကြပါတော့တယ်။

ကျိုးဟန်နဲ့ လီဖူချန်းတို့ကတော့ ဝေစုအများဆုံး ရသူ နှစ်ယောက်ပါပဲ။  သူတို့ တစ်ယောက်ကို ၃၀ရာခိုင်နှုန်းစီ ခွဲတမ်း ရကြပါတယ်။  ကျန်တဲ့သူတွေကလည်း သည်ခွဲဝေမှုကို မကျေမနပ်ဖြစ်ခြင်း မရှိခဲ့ပါဘူး။ သည်တိုက်ပွဲ အပြီးမှာတော့ သူတို့ဟာ လီဖူချန်းရဲ့ အစွမ်းကို ကောင်းကောင်းကြီး နားလည် သွားခဲ့ပါပြီ။

လက်နက်တွေနဲ့ ချပ်ဝတ်တန်ဆာ တွေကိုတော့ အကြမ်းဖျင်း ဈေးသတ်မှတ်ပြီး ခွဲဝေ လိုက်ကြပါတယ်။  လက်နက်တွေနဲ့ ချပ်ဝတ် တန်ဆာတွေကို မလိုချင်သူတွေကတော့ ဝိညာဉ် ကျောက်တုံးတွေကို ပိုရကြမှာပါ။  ဒါပေမဲ့ သည်ဈေးနှုန်းက ဈေးကွက်ထဲမှာ ရှိနေတာထက်တော့ အနည်းငယ် လျော့နည်းပါတယ်။

ဥပမာအားဖြင့် လီဖူချန်း ရခဲ့တဲ့ အဆိပ်နုန်းမြေ စပါးအုံးမြွေရဲ့ မိစ္ဆာ အမြုတေပေါ့။  အားလုံးက အဲသည် အမြုတေကို အဆင့်နိမ့် ဝိညာဉ်ကျောက်တုံး ၇၀၀ အဖြစ် သတ်မှတ်လိုက်ကြပြီး လီဖူချန်းကို အဆင့်နိမ့် ဝိညာဉ်ကျောက်တုံး ၃၅၀တိတိ ပေးခဲ့ကြပါတယ်။  လီဖူချန်းကလည်း တွက်ကပ်နေခြင်း မရှိခဲ့ပါဘူး။

" အဆင့်နိမ့် ဝိညာဉ်ကျောက်တုံး ၈၀၀၀ကို  ရက်အနည်းငယ် အတွင်းမှာ ရခဲ့တယ်။  သည်ရောင်စဉ် ခုနစ်ဖြာ တိုက်ကြီးက ပစ္စည်းဥစ္စာ ရှာဖွေရတာ တကယ်လွယ်တာပဲ "

သူ့ရဲ့ ဝေစုကို ရအပြီးမှာတော့ လီဖူချန်းဟာ  ကျေနပ်အားရ နေခဲ့ပါပြီ။

အန်းရှင်းမိန်နဲ့ ကျန်တဲ့လူတွေကလည်း သူတို့ဟာနဲ့သူတို့ ကျေနပ်နေကြပါတယ်။  သည်အမှောင်မုဆိုး အဖွဲ့သေးသေးလေး ကနေ သူတို့ရခဲ့တဲ့ အကျိုးအမြတ်တွေက နည်းနည်းနောနော မဟုတ်ပါဘူး။  ပစ္စည်းအားလုံးရဲ့ တန်ဖိုးက  အဆင့်နိမ့်ဝိညာဉ်ကျောက်တုံး  ၂၀၀၀၀ ကျော်ပါတယ်။  ဒါက  ရတနာသိုက်ကြီးကို ခလုတ် တိုက်လိုက်မိသလိုပါပဲ။

တကယ်လို့သာ သူတို့အနေနဲ့  လူအရေအတွက် အလယ်အလတ်လောက် ရှိတဲ့  အမှောင်မုဆိုး အုပ်စုတစ်စုကိုသာ ရှင်းလင်းနိုင်ခဲ့မယ် ဆိုရင်တော့ အဆင့်နိမ့်ဝိညာဉ် ကျောက်တုံး ၁၀၀၀၀၀ နီးပါးလောက်တောင် ရနိုင်ပါသေးတယ်။  ဒါပေမဲ့လည်း ဒါက စိတ်ကူးယဉ် သက်သက်ပါပဲ။  သူတို့ရဲ့ လက်ရှိ အစွမ်းနဲ့တော့ အလယ်အလတ် အမှောင်မုဆိုး အုပ်စုတစ်စုကို ရင်ဆိုင်နိုင်ဖို့ မဖြစ်နိုင်ပါဘူး။  သူတို့ငါးယောက် အနေနဲ့ အလယ်အလတ် အမှောင်မုဆိုး အုပ်စုတစ်စုကို တွေ့ခဲ့ရင်ဖြင့် သေပြေးရှင်ပြေးတောင် ပြေးနေ ရဦးမှာပါ။

သည်လိုနဲ့ပဲ သူတို့ငါးယောက်ဟာ  ခရမ်းရောင်ကြယ် တောင်တန်းကို ရောက်လာခဲ့တာ ရက်ပေါင်း ဒါဇင်နဲ့ ကြာလာခဲ့ပါပြီ။

လီဖူချန်းရဲ့ ဝေစုကလည်း အဆင့်နိမ့် ဝိညာဉ်ကျောက်တုံး ၁၀၀၀၀ကျော် အထိ ရှိလာခဲ့ပါတယ်။  ဒါပေမဲ့လည်း သည်ရက်ပိုင်းမှာတော့ သူတို့တွေဟာ သိပ်ပြီး အကျိုးအမြတ် မရခဲ့ကြပါဘူး။  ပြီးတော့  အမှောင်မုဆိုး အုပ်စု သေးသေးလေးတွေကိုလည်း မတွေ့ရတော့သလောက်  ဖြစ်သွားခဲ့ပါပြီ။

နောက်ထပ် ရက်အနည်းငယ် အကြာမှာတော့ လီဖူချန်းတို့ ငါးယောက်ဟာ ရေကန်လေး တစ်ခုအနားကို ရောက်လာခဲ့ကြပါတယ်။  သူတို့ရဲ့ ရည်ရွယ်ချက် ကတော့ ခေတ္တခဏ အနားယူဖို့ပါပဲ။

" ဟေ့  ...။  နင်တို့တွေ ဆေးမီးဖိုတစ်လုံးရဲ့ အနံ့အသက်တွေကို မရမိကြဘူးလား "

ရုတ်တရက် အန်ရှင်းမိန်က အားလုံးကို မေးလိုက်ပါတယ်။

" ဟုတ်တယ်။  ဆေးမီးဖိုတစ်လုံး   ရှိနေတယ် "

ခန္ဓာကိုယ်သန့်စင်ခြင်း လမ်းစဉ်ကို လျှောက်လမ်းထားတဲ့ လီဖူချန်းရဲ့ အာရုံ၆ပါးက အခြားသူတွေနဲ့ မတူပါဘူး။  သူက  ဆေးမီးဖိုရှိရာ အရပ်ကိုတောင်မှ  ရေးရေးလေး  အာရုံခံစား မိနေပါပြီ။

" ဟေး  ...။  ဟိုမှာ ကြည့်ကြစမ်း"

တုချင်းက  ရေကန်ရဲ့ တစ်ဘက်ခြမ်းကို လက်ညှိုးထိုး  ညွှန်ပြလိုက်ပါတယ်။

ကျန်တဲ့သူတွေအားလုံးက တုချင်း ညွှန်ပြတဲ့ နေရာကို ကြည့်လိုက်ကြပါတယ်။

ပုစွန်ဆီရောင် တိမ်တွေ၊  ပြာလဲ့လဲ့ ကောင်းကင်နဲ့ အိပ်တန်းတက်ဖို့       အသိုက်ကို ပြန်နေကြတဲ့ ငှက်ကလေးတွေ   ...။ သူတို့နဲ့ မိုင်ပေါင်း သိပ်မဝေးတဲ့ နေရာတစ်ခုမှာတော့ အရောင်အသွေး စုံလင်လှတဲ့ ညနေဆည်းဆာတစ်ခု  ဖြစ်ပေါ်နေပါတယ်။

သေချာတာ တစ်ခုကတော့ ဒါက သဘာဝအလျောက် ဖြစ်နေတာ မဟုတ်ပါဘူး။ အဲဒါက ဝင်္ကပါ အစီအရင် တစ်ခုကနေ ဖြစ်လာတာပါ။

"  ဝင်္ကပါ အစီအရင်တစ်ခုကနေ ရိုက်ခတ်လာတဲ့ စွမ်းအင်လှိုင်းတွေနဲ့  လျှို့ဝှက်နက်နဲလှတဲ့ ဆေးပင်တစ်ပင်ရဲ့  အငွေ့အသက်တွေပဲ "

လီဖူချန်းက ဝေခွဲမရတဲ့ လေသံဖြင့် ပြောလိုက်ပါတယ်။

ခရမ်းရောင်ကြယ် တောင်တန်းက အင်မတန် ထူးခြားဆန်းကြယ် လှတဲ့အတွက် အခု သူခံစား မိနေတာတွေဟာ အတုလား၊ အစစ်လားဆိုတာကို လီဖူချန်းအနေနဲ့  သိပ်မသေချာပါဘူး။

" သွားကြည့်ကြရအောင်"

ကျိုးဟန်ကတော့ ဝင်္ကပါအစီအရင် ရှိရာဆီကို ပျံသန်းသွားခဲ့ပါပြီ။ လီဖူချန်းတို့ကလည်း နောက်ကျကျန်နေခြင်း မရှိပါဘူး။

အချိန်အနည်းငယ် အကြာမှာတော့ သူတို့ဟာ တောင်ကြားတစ်ခုရဲ့ အဝကို ရောက်ရှိလာခဲ့ပါတယ်။

တောင်ကြားကိုတော့ မြူနှင်းထုကြီးတွေက  ပိတ်ဆို့ထားပြီး ဆေးအနံ့လေး တစ်ခုက တောင်ကြား တစ်နေရာကနေ ခပ်သင်းသင်းလေး ထွက်နေပါတယ်။

ကြည့်ရတာတော့ သည်နေရာကို  ဝင်္ကပါ အစီအရင်တစ်ခုနဲ့ ပိတ်ဆို့ထားပုံပါပဲ။  အဲသည်ဝင်္ကပါက နှစ်ပေါင်းများစွာ ကြာလာတဲ့ အချိန်မှာ အနည်းငယ် အားလျော့လာတဲ့ အတွက် ဆေးရနံ့ဟာ ဝင်္ကပါကို ဖြတ်ကျော် လာနိုင်ခဲ့ပုံ ရပါတယ်။

သူတို့၅ယောက် ဘာမှ မလုပ်ရသေးခင်မှာပဲ မိစ္ဆာသားရဲပေါင်း မြောက်များစွာရဲ့ မြည်ဟိန်းသံတွေဟာ သူတို့ရဲ့ နားထဲကို ဝင်လာခဲ့ပါပြီ။  တစ်ချိန်တည်းလိုလိုမှာပဲ မြေပြင်ဟာ တုန်ဟည်းလာခဲ့ ပါသေးတယ်။

" သေစမ်း   ...။  မိစ္ဆာသားရဲတွေကလည်း ဆေးနံ့ရဲ့ ဆွဲဆောင်မှုကို ခံလိုက်ရပြီ။  သည်တောင်ကြား ထဲကို ဝင်ဖို့နည်းလမ်း မြန်မြန်ရှာကြပါဟ "

အန်ရှင်းမိန် သွေးရူးသွေးတန်းဖြင့် မြူခိုးတွေကို ရိုက်ထုတ်ပြီး တောင်ကြားထဲကို ဝင်ဖို့ ကြိုးစား နေခဲ့ပါပြီ။  ဒါပေမဲ့ မြူခိုးတွေက ယုတ်လျော့ သွားခြင်း မရှိတဲ့အပြင် ပိုလို့တောင် သိပ်သည်းထူထပ် လာခဲ့ပါသေးတယ်။

" ငါ့နောက် လိုက်ခဲ့ကြ "

သည်မြူခိုးတွေက လီဖူချန်းအတွက်တော့ ပြဿနာ မဟုတ်ခဲ့ပါဘူး။  သူ့ရဲ့ အသိစိတ်အာရုံက ဝင်္ကပါ အစီအရင်ရဲ့ အားအနည်းဆုံး နေရာကို တွေ့ထားပြီးခဲ့ပါပြီ။  အဲသည်အတွက်သူက မြူခိုးထုထဲကို ဦးဆောင်ပြီး ဝင်ရောက် သွားခဲ့တာပါ။

***

All Chapters