← Chapters

သွေးသံရဲရဲတိုက်ပွဲ

Vol. 84 Ch. 1168

သွေးသံရဲရဲတိုက်ပွဲ

Vol. 84 Ch. 1168

“ထူး-ထူး၊ ထူး-ထမ်-ထူး၊ ထူးထီ-ထမ်…”

အံကြိတ်လျက်သားနှင့် ပျော်ရွှင်ခြင်းနန်းတော်သူတော်စင်မက ပျော်ရွှင်ခြင်းနန်းတော်အား သစ္စာဖောက်ရန် သတ္တိတို့ ပျောက်ဆုံးသွားခဲ့ပြီး အစိမ်းရောင်ပုလွေတစ်လက်အား လျင်မြန်စွာ ယူထုတ်ကာ ဂီတသံစဉ်အချို့ တီးခတ်လိုက်၏။

ထိုအချိန်တွင် တိုကျိုရှိ ကောင်းကင်ဘုံသခင်မသုံးယောက်နှင့် စစ်တုရင်အပိုင်းအစနှစ်ဆယ့်လေးယောက်အပါအဝင် ပျော်ရွှင်ခြင်းနန်းတော်အဖွဲ့ဝင်ရာချီက လက်ထဲရှိ ကိစ္စရပ်အားလုံး ပစ်ချကာ တိုက်ပွဲအား ရင်ဆိုင်ရန်အတွက် တိုမိုဒါစီရင်စုသို့ အပြေးလာခဲ့ကြသည်။

ထန်ရှုက တိုက်ပွဲအား တည်တည်ငြိမ်ငြိမ်နှင့်သာ ကြည့်နေခဲ့သည်။ ယခုကဲ့သို့ တိုက်ပွဲအဆင့်က အတိတ်တွင် အကြိမ်မရေမတွက်များစွာ သူက တွေ့ကြုံခဲ့ပြီးသားပင်။ သို့သော် သူ့ဘေးနားတွင်ရပ်နေသောထန်အန်းနှင့် အသစ်ရောက်လာသောမိုအားဝူတို့အဖွဲ့က ထိတ်လန့်တုန်လှုပ်သွားကြသည်။

“ဒီလိုတိုက်ပွဲတစ်ခုကို မြင်ဖူးတာ ငါ့တစ်သက်မှာ ဒါက ပထမဆုံးအကြိမ်ပဲ”ရွှယ်ရှက လေးနက်သောမျက်နှာနှင့် ပြောလိုက်သည်။

“မင်းတို့ရင်ဆိုင်နေရတဲ့ပတ်ဝန်းကျင်က သက်သောင့်သက်သာရှိလွန်းတယ်၊ ဒါကြောင့် ဒီလိုအသေးစားတိုက်ပွဲလောက်နဲ့ မင်းတို့တွေ ထိတ်လန့်တုန်လှုပ်နေကြတာပဲ၊ ဒါက မင်းတို့အတွက် မကောင်းဘူးဆိုတာ ငါ့ကို သတိပေးလိုက်တာပဲ။ ကြည့်ရတာ နောက်ကျရင် မင်းတို့အတွက် တိုက်ပွဲကြီးအချို့ကို ငါ စီစဉ်ပေးရမယ့်ပုံပဲ။ ဒီလိုမှ မင်းတို့တွေ အတွေ့အကြုံရလာမှာ”

“…”

မိုအားဝူနှင့်ရွှယ်ရှတို့က မျက်နှာကျုံ့လျက် နောက်တွန့်သွားကြတော့သည်။ တိုက်ခိုက်သူထောင်ချီပါဝင်သောတိုက်ပွဲတစ်ခုကို အသာထား၊ မလိုအပ်ဘဲ တိုက်ရသတ်ရတာကို သူတို့က မနှစ်သက်ပေ။ ၎င်းက သူတို့အား ရူးသွပ်စေရန် လုံလောက်ပေသည်။

ဝှစ်…

ထိုစဉ် ဝေဝေဝါးဝါးပုံရိပ်တစ်ခုက အဝေးမှ ရွေ့လျားလာသည်။ ကူဝါကိုဖြစ်ပြီး သူမက ထန်ရှုအရှေ့သို့ ရောက်လာကာ ပီတိပြုံးလျက် ပြောလိုက်၏ “ကျင့်ကြံသူတွေက နေရာတိုင်းမှာ ထွက်ပေါ်လာတယ်လို့ တိုကျိုက ငါ့ရဲ့သူလျှိုတွေက သတင်းပို့ခဲ့တယ်။ သူတို့က ပျော်ရွှင်ခြင်းနန်းတော်ရဲ့အဖွဲ့ဝင်တွေ ဖြစ်ဖို့ များတယ်၊ သူတို့အားလုံးက ဒီနေရာကို ရွေ့လျားလာနေကြတယ်။ အဲဒါက ပျော်ရွှင်ခြင်းနန်းတော်သူတော်စင်မတီးခတ်ခဲ့တဲ့ပလွေသံနဲ့ ဆက်စပ်မယ်လို့ ငါ သံသယရှိတယ်”

ထန်ရှုက ထူးဆန်းသောအမူအရာနှင့် ပြောလိုက်သည် “ငါတို့ရဲ့စစ်ဆင်ရေးက ဘာလို့ ဒီလောက် ချောမောနေရတာလဲ။ ဒီအတိုင်းဆို မြောင်ဝမ်ထန်ကို ဗုဒ္ဓဂိုဏ်းဆီ လွှတ်တာက မလိုအပ်ဘူးလို့ ဆိုလိုတာပဲ မဟုတ်လား”

အဝေးရှိ တစ်နေရာတွင် ခီခီတာဂါဝါနှင့်သူ၏ကျန်ရှိနေသောလူများက ပျော်ရွှင်ခြင်းနန်းတော်သူတော်စင်မအား ဝိုင်းထားရင်း သူမအား မျိုးရိုးဗီဇစစ်သည်တော်များ၏သတ်ဖြတ်ခြင်းမှ ကာကွယ်ပေးထား၏။ အခြားတစ်ဖက်တွင် ယင်ဗုဒ္ဓနှင့်သူ၏နောက်လိုက်နှစ်ယောက်က မျိုးရိုးဗီဇစစ်သည်တော်များအား အဆက်မပြတ် သတ်ဖြတ်နေသည်။

သို့သော် ပုရွက်ဆိတ်များက သကြားလုံးအတွက် အသက်ပေးသကဲ့သို့ သူတို့က ရှေ့သို့သာ စုပြုံလျက် တက်လာကြ၏။

ဤမျိုးရိုးဗီဇစစ်သည်များက သေရမှာကို မကြောက်ရွံ့ဘဲ ယင်ဗုဒ္ဓတို့သုံးယောက်အား သတ်ဖြတ်ရန်သာ အာရုံထားကြ၏။ သို့ဖြစ်၍ ဆယ်မိနစ်ကျော်အတွင်း ထိုသုံးယောက်က ဒဏ်ရာများ ရရှိလာခဲ့သည်။

“မင်းတို့နှစ်ယောက် သူတော်စင်မကို ကာကွယ်ပြီး ထွက်ပြေးတော့…”

ယင်ဗုဒ္ဓက မျိုးရိုးဗီဇစစ်သည်တော်ခြောက်ယောက်အား သတ်ဖြတ်ပြီးနောက် သူတော်စင်မဘေးတွင် လျင်မြန်စွာ ထွက်ပေါ်လာကာ သူ့နောက်လိုက်နှစ်ယောက်အား အော်ပြောလိုက်၏။

နောက်အခိုက်အတန့်တွင် ယန်ယီနှင့်ယန်အာတို့နှစ်ယောက်စလုံးက ပျော်ရွှင်ခြင်းနန်းတော်သူတော်စင်မ၏ဘေးနားသို့ အပြေးလာခဲ့ကြသည်။ ဒဏ်ရာများအား သူတို့ခန္ဓာကိုယ်ပေါ်တွင် မြင်နိုင်သော်လည်း သူတို့က မျိုးရိုးဗီဇစစ်သည်တော်များအား အရူးအမူးသတ်ဖြတ်နေလျက်ပင်။

သူတို့လေးယောက်က အပြင်းအထန် ရုန်းကန်ရင်း လမ်းကြောင်းဖောက်ထွင်းနေကြ၏။ ထိုအချိန်တွင် ပျော်ရွှင်ခြင်းနန်းတော်၏လူများက နောက်ဆုံးတွင် ရောက်ရှိလာသည်။ ဤပထမအသုတ်က အရေအတွက်အားဖြင့် သေးငယ်ပြီး ဒါဇင်ခန့်သာ ရှိသော်လည်း သူတို့၏စိတ်ဝိညာဉ်အား မြင့်တက်စေရန် လုံလောက်၏။

“သေကြစမ်း…”

ပျော်ရွှင်ခြင်းနန်းတော်၏အဖွဲ့ဝင်များ ရောက်ရှိလာသည်ကို မြင်ပြီး ခီခီတာဂါဝါ၏နှလုံးသားထဲရှိ သတ်ဖြတ်လိုစိတ်က အဆများစွာ ပွားလာသည်။ ယင်ဗုဒ္ဓနှင့် တိုက်ခိုက်နေချိန်တွင် သူ့စွမ်းအားအား ထိန်ချန်ထားခဲ့သော်လည်း ဤအချိန်တွင် သူက ဘုန်းကြီးနှင့်သူ့နောက်လိုက်နှစ်ယောက်အား သတ်ပြီး ပျော်ရွှင်ခြင်းနန်းတော်သူတော်စင်မအား လုယူရန် ဆုံးဖြတ်လိုက်သည်။

ဓားရှည်တစ်လက်က အလစ်အငိုက်ဖမ်းလျက် ယန်ယီ၏လက်မောင်းအား ဖြတ်တောက်သွားသည်။ ထို့နောက် ဓားသွားက ထူးဆန်းသော ဉီးတည်ဘက်အတိုင်း ရွေ့လျားလာကာ သူ၏ဝမ်းဗိုက်အား ဆုတ်ဖြဲ၏။ အတွင်းအင်္ဂါများက ပေါက်ကွဲထွက်ကာ ယန်ယီက လဲကျသွားသည်။

ဝှစ်…ဝှစ်…ဝှစ်…

မျိုးရိုးဗီဇစစ်သည်တော်သုံးယောက်က ယန်ယီထံ တစ်ဟုန်ထိုးပြေးလာ၏။ ယန်ယီက တတိယတစ်ယောက်၏လည်ပင်းအား ဆုပ်ကိုင်လိုက်စဉ် ကျန်နှစ်ယောက်က သူ၏လက်မောင်းအား ထိန်းချုပ်၏၊ အခြားမျိုးရိုးဗီဇစစ်သည်တော်များက ဤအခွင့်အရေးအား အမိဖမ်းလျက် သူ့အား သူတို့၏လက်နက်များနှင့် ထိုးသွင်းလိုက်ကြသည်။

“ယန်ယီ…”

ယန်အာက အော်လိုက်သည်။ သူက မျိုးရိုးဗီဇစစ်သည်များအား ဒေါသတကြီး ခုတ်ပိုင်းကာ ယန်ယီထံ လျင်မြန်စွာ ပြေးလာသည်။ ယန်ယီ၏သနားစဖွယ်အခြေအနေကို မြင်ပြီးနောက် သူက ခွန်အားနှစ်ဆတိုးစေသည့်လျှို့ဝှက်နည်းစနစ်တစ်ခုအား ထုတ်ဖော်ကာ ဝိုင်းရံနေသောမျိုးရိုးဗီဇစစ်သည်များအား သတ်ဖြတ်ပြီးနောက် ယန်ယီအား ဖမ်းကိုင်လိုက်၏။

“ပြေးတော့…”

ထိုစကားအား ပြောပြီးနောက် သွေးတစ်ပွက်အန်ကာ ယန်ယီက သေဆုံးသွားလေ၏။

“မင်းတို့အားလုံးကို ငါ သတ်ပစ်မယ်…”

ယန်ယီ၏ခန္ဓာကိုယ်အား ချပြီးနောက် ယန်အာက မျိုးရိုးဗီဇစစ်သည်အုပ်ထံ ပြေးဝင်ကာ ပြင်းပြင်းထန်ထန် တိုက်ခိုက်လိုက်သည်။ လူနှစ်ဆယ်ကျော် သတ်ဖြတ်ပြီးနောက် ရွှေအမြုတေကျင့်ကြံခြင့်အဆင့်ရှိသည့်အနက်ဝတ်လူများက သူ့အား ဝိုင်းထားလိုက်သည်။ ဤအချိန်တွင် ပိန်ပိန်ပါးပါးနှင့်အားနည်းသောပုံရိပ်တစ်ခုက လူအုပ်ကြီးအလယ်၌ ရုတ်တရက် ထွက်ပေါ်လာပြီး သူ၏ဓားက ယန်အာ၏လည်ပင်းအား နောက်မှ ထိုးဖောက်သွားခဲ့၏။

“နှုတ်ဆက်ပါတယ်၊ ဦးလေးယန်”

ပုံရိပ်က ဆယ်နှစ်အရွယ်ကောင်လေးဖြစ်ပြီး သူက ယန်အာအား ခပ်မိုက်မိုက်ကြည့်လိုက်၏။

မယုံကြည်နိုင်မှုက ယန်အာ၏မျက်နှာပေါ်တွင် ဖုံးလွှမ်းသွား၏။ သူက ဤကောင်လေးအား သိသည်။ ကောင်လေးက ခီခီတာဂါဝါ၏သားအဖြစ် သရုပ်ဆောင်ခဲ့သည်။ သို့သော် ဤကောင်လေးက သူ့အသက်အား ရိတ်သိမ်းသူဖြစ်လာလိမ့်မည်ဟု သူ ဘယ်တော့မှ မထင်ထားခဲ့ပေ။

အချိန်က တရွေ့ရွေ့ကုန်ဆုံးသွားသည်။ တိုက်ပွဲထဲတွင် ဝိညာဉ်ထောင်ချီ ဆုံးရှုံးသွားပြီး ပျော်ရွှင်ခြင်းနန်းတော်၏အဖွဲ့ဝင်များအရေအတွက်က တိုးလာသည်နှင့်အတူ မျိုးရိုးဗီဇစစ်သည်တော်များက အောင်ပွဲရသည့် အရေအတွက်ကလည်း မြင့်တက်လာ၏။ ခီခီတာဂါဝါနှင့်သူ့လူများက ယန်ယီနှင့်ယန်အာတို့အား အောင်မြင်စွာ သတ်ဖြတ်ပြီးနောက် နောက်ဆုံးတွင် သူက ပျော်ရွှင်ခြင်းနန်းတော်သခင်မအား တိုက်ပွဲမှ အဝေးသို့ ခေါ်ဆောင်သွားနိုင်ခဲ့၏။

“လူတွေက နေ့စဉ်နဲ့အမျှ ပြောင်းလဲတတ်တယ်ဆိုတာ မင်း သိလား”တိုက်ပွဲမြင်ကွင်းအား ကြည့်ရှုရင်း ခီခီတာဂါဝါက ရေရွတ်လိုက်သည်။

ပျော်ရွှင်ခြင်းနန်းတော်သခင်မက သွေးတစ်ပွက်အန်ကာ ဒေါသတကြီး ပြောလိုက်သည် “ပျော်ရွှင်ခြင်းနန်းတော်ကို သစ္စာဖောက်တဲ့အတွက် ဘယ်လိုကံကြမ္မာမျိုးနဲ့ အဆုံးသတ်မယ်ဆိုတာ ရှင် ရှင်းရှင်းလင်းလင်းသိပါတယ်၊ ခီခီတာဂါဝါ။ ရှင့်ရဲ့သရုပ်မှန်က ဘာပဲဖြစ်ဖြစ် ရှင်က ပျော်ရွှင်ခြင်းနန်းတော်ရဲ့အဖွဲ့ဝင်တစ်ယောက်နဲ့စစ်တုရင်အပိုင်းအစတစ်ခု ဖြစ်ခဲ့ပြီးပြီ။ စောင့်နေစမ်းပါ…နောက်နေ့က စပြီး ရှင်က အဆုံးမရှိတဲ့လိုက်လံဖမ်းဆီးမှုတွေကို ရင်ဆိုင်ရလိမ့်မယ်။ ကမ္ဘာမြေအဆုံးအထိ ထွက်ပြေးရင်တောင် ရှင့်အတွက် သေခြင်းတရားကပဲ စောင့်မျှော်နေမှာ”

“ဟမ့်၊ ပျော်ရွှင်ခြင်းနန်းတော်က နောက်နေ့ထိတောင် ရှိပါအုံးမလား”ခီခီတာဂါဝါက နှာခေါင်းရှုံ့လိုက်သည် “ငါ့အပေါ်မှာ မီရာဂျီ ဖော်ထုတ်ထားတဲ့ အတားအဆီးကို မင်းက ပြောနေတာလား။ စိတ်မကောင်းစရာပဲ၊ မိန်းကလေး။ မီးတောက်ကောင်းကင်မှန်ကို ခိုးတုန်းက အဲဒါကို ဖယ်ရှားတဲ့ လျှို့ဝှက်နည်းစနစ်ကိုလဲ ငါ ရခဲ့တယ်”

“ရှင်မှာ အဲဒါ တကယ် ရှိတာလား”ပျော်ရွှင်ခြင်းနန်းတော်သူတော်စင်မက ထိတ်လန့်တုန်လှုပ်သွားကာ လျင်မြန်စွာ မေးလိုက်၏။

သူက သူမအား နှာခေါင်းရှုံ့လျက်သာ တုံ့ပြန်လိုက်သည်။ သူက ပြန်မဖြေဘဲ ဤအတိုင်းသာ စောင့်နေ၏။ ထိုအချိန်တွင် ပျော်ရွှင်ခြင်းနန်းတော်အဖွဲ့ဝင်များက တဖြည်းဖြည်းရောက်ရှိလာပြီး မျိုးရိုးဗီဇစစ်သည်တော်များ၏သေဆုံးမှုက ပိုမြန်ဆန်လာသည်။

“ကြည့်ရတာ ရှင်တို့တော့ ရှုံးတော့မယ်၊ ခီခီတာဂါဝါ…”

သူက သူမအား ထူးဆန်းသောအမူအရာနှင့် ကြည့်ကာ ခပ်ဖျော့ဖျော့ပြုံးလျက် ပြောလိုက်သည် “မင်း အခုထိ တစ်ခုခုကို သတိမပြုမိသေးဘူးလား။ ဒီအနေအထားမှာ ဘာလို့ ငါက နည်းနည်းလေးတောင် မကြောက်ရွံ့နေရတာလဲ”

အဖြေက ပျော်ရွှင်ခြင်းနန်းတော်သူတော်စင်မအား မှင်တက်သွားစေပြီး ဆိုးဝါးသောခံစားချက်တစ်ခုက သူမနှလုံးသားထဲ၌ ပြည့်နှက်လာသည်။

“အချိန်ကျပြီ။ တိုကျိုက ပျော်ရွှင်ခြင်းနန်းတော်အဖွဲ့ဝင်တွေရဲ့အရေအတွက်က ငါးရာမကျော်ဘူးဆိုတာ မင်း သိလား။ ပြီးတော့ သူတို့ထဲကလေးရာက ဒီနေရာကို ရောက်နေပြီ။ ကောင်းပြီလေ၊ မင်း သိချင်တာကို ငါ ပြရတာပေါ့။ ငါ အားကိုးနေတဲ့အကြီးမားဆုံးဝှက်ဖဲက ဘာလဲဆိုတာ ငါ မင်းကို ပြမယ်”

ထိုသို့ ပြောပြီးနောက် သူက ကောင်းကင်သို့ တက်သွား၏။ အောက်ဘက်ရှိ တိုက်ခိုက်နေသောလူအုပ်ကြီးအား အပေါ်စီးမှ ကြည့်ကာ သူက အော်လိုက်သည် “ဟေး၊ အချိန်ကျပြီ။ မင်းတို့က ဘာကို စောင့်နေကြတာလဲ”

မိုးခြိမ်းသံပမာ ကျယ်လောင်သောအသံက ကောင်းကင်ရှိ တိမ်တိုက်များထဲသို့ ရုတ်တရက် ထိုးဖောက်သွား၏။

ဤအချိန်တွင် တိုက်ခိုက်နေသောမြင်ကွင်းက ပြောင်းလဲသွား၏။ မျိုးရိုးဗီဇစစ်သည်တော်များနှင့် တိုက်ခိုက်နေသော ပျော်ရွှင်ခြင်းနန်းတော်မှ လူတစ်ရာကျော်က သူတို့လက်နက်များအား သူတို့ဖက်ခြမ်းသို့ ရုတ်တရက် ပြန်လှည့်လိုက်ကြ၏။ သတိမဲ့နေသောသူတို့၏ယခင်ရဲဘော်ရဲဘက်များအား အေးစက်သောဓားသွားများက စူးဝင်သွားကြသည်။

All Chapters