← Chapters

နှစ်ဖက်လုံးမနိုင်

Vol. 84 Ch. 1169

နှစ်ဖက်လုံးမနိုင်

Vol. 84 Ch. 1169

သူ့ဖက်က အနိုင်ရရန် ယင်ဗုဒ္ဓက ယုံကြည်ချက်ရှိခဲ့သည်။ သို့သော် ရုတ်တရက်ပြောင်းလဲမှုက သူ့အား ပြင်ဆင်ချိန်မပေးပေ။ သူကသာ တုံ့ပြန်မှုမမြန်ဆန်ခဲ့လျှင် လက်နက်သုံးခု၏အမှတ်မထင်တိုက်ခိုက်မှုကြောင့် သေခဲ့လောက်ပြီ။

“ဘာကြောင့်လဲ…”

အစိမ်းရောင်သွေးကြောများက သူ့နဖူးပြင်ပေါ်တွင် ပြူးထွက်လာ၏။ သူ့မျက်လုံးထဲရှိ သတ်ဖြတ်လိုစိတ်က ခိုင်မာလာသည်။

“ဟီးဟီးဟီး…”

နားကွဲမတတ်ရယ်သံတစ်ခုအား ကြားလိုက်ရပြီး အနက်ဝတ်လူတစ်ယောက်က တုတ်တစ်ချောင်းကိုင်လျက် ပြုံးဖြဲဖြဲနှင့် ပြောလိုက်သည် “ဘာကြောင့်လဲပေါ့။ ဘာလို့ ဒီလိုတုံးအတဲ့မေးခွန်းတစ်ခုကို မေးရတာလဲ၊ ယင်ဗုဒ္ဓ။ ဘာလို့ ငါတို့က ပျော်ရွှင်ခြင်းနန်းတော်နဲ့အဲဒီလင်းတအိုကြီးကို သစ္စာဖောက်ရသလဲဆိုတာ မင်းက သိချင်တာလား။ ဟားဟားဟား…ဒါပေမယ့် မင်းက ငါတို့ကို ကျင့်ကြံခြင်းအရင်းအမြစ်အမြောက်အများပေးခဲ့တာပဲ။ နောက်ကျရင် မင်းက တစ္ဆေတစ်ကောင်ဖြစ်လာတော့မှာဆိုတော့ ငါတို့က မင်းကို ပြောပြနိုင်ပါတယ်။ အရာအားလုံးက လွတ်လပ်မှုရဖို့အတွက်ပဲ…”

“လွတ်လပ်ဖို့လား”ယင်ဗုဒ္ဓက လေးလံစွာ ပြော၏ “မင်းတို့က လွတ်လပ်ချင်တာလား။ ခီခီတာဂါဝါဒါမှမဟုတ်တစ်ယောက်ယောက်က မင်းတို့ကို လွတ်လပ်မှုပေးနိုင်မှာလား။ ပျော်ရွှင်ခြင်းနန်းတော်ကို သစ္စာဖောက်တဲ့လူတွေအတွက်က သေခြင်းတရားပဲ ရှိတယ်၊ မင်းတို့ကိုယ်ပေါ်မှာရှိတဲ့ အတားအဆီးချိတ်ပိတ်ကိုလဲ မမေ့ကြနဲ့အုံး…”

အရူးတစ်ယောက်အား မြင်နေရသည့်အလား ထိုလူက သူ့အား ကြည့်ကာ ကောက်ကျစ်စွာ ပြုံးလိုက်၏ “အဲဒီအတားအဆီးချိတ်ပိတ်လား။ အိုး…ငါ အရမ်းကြောက်တာပဲ…ငါတို့မှာသာ အဲဒီလင်းတအိုကြီးရဲ့ချိတ်ပိတ်ရှိနေအုံးမယ်ဆိုရင် ငါတို့က ပျော်ရွှင်ခြင်းနန်းတော်ကို သစ္စာဖောက်ရဲမှာလား။ အိုး…လေးစားရပါသောသူတော်စင်ယင်ဗုဒ္ဓရေ…အခုကစပြီး ငရဲကို သွားလိုက်ပေတော့။ ညီအကိုတို့…သတ်ကြ…”

လူကြီး၏စကားများက ယင်ဗုဒ္ဓအား သွေးအန်မတတ်ဖြစ်သွားစေသည်။ ဒီမတိုင်ခင်တုန်းက ပျော်ရွှင်ခြင်းနန်းတော်တစ်ခုလုံးမှာ နန်းတော်သခင်ကလွဲပြီး ဘယ်သူက သူ့ကို ဒီလိုပြောရဲလို့လဲ။

“ဒီနေ့ မင်းကို ငါ သတ်ပစ်မယ်…”

အမြဲဝတ်ထားသည့်ပုတီးကြိုးအား ချွတ်ကာ ယင်ဗုဒ္ဓက နည်းစနစ်တစ်ခုထုတ်ဖော်လိုက်သည်၊ ပုတီးစေ့များက ရုတ်ချည်း ထိုးတက်သွားပြီး ဆယ်မီတာရှည်သည့်ဧရာမအရာဝတ္ထုတစ်ခုအဖြစ် အသွင်ပြောင်းသွား၏။

ဘုံး…

ပုတီးစေ့တစ်ခုစီက မျိုးရိုးဗီဇစစ်သည်နှင့်ပျော်ရွှင်ခြင်းနန်းတော်၏သစ္စာဖောက်တို့အား ရက်ရက်စက်စက်ပစ်ခတ်တိုက်ခိုက်လိုက်ပြီး ပစ်မှတ်ကို ထိမှန်သွားပြီးနောက် တိုက်ရိုက်ပေါက်ကွဲထွက်သွား၏။

တစ်ချက်လျှင် လူဆယ်ယောက်ကျော် သတ်ဖြတ်ပစ်ခဲ့လေသည်။

ထိုလူကြီးကိုယ်တိုင်က ပုတီးစေ့ပေါက်ကွဲမှု ထိမှန်ခဲ့ပြီး သေကွင်းသေကွက်ထိမှန်ခြင်းမှ ရှောင်တိမ်းနိုင်ခဲ့ခြင်းကြောင့်သာ အသက်ချမ်းသာရာရသွားခြင်းဖြစ်၏။ နာကျင်မှုအား တောင့်ခံရင်း ယင်ဗုဒ္ဓအား တိုက်ခိုက်ရန် သူ့အဖော်အား အော်ခေါ်မည်ပြုစဉ် အပ်တစ်ချောင်းက သူ့လည်ပင်းအား ရုတ်တရက် ထိုးဖောက်သွား၏။

“ဗုဒ္ဓအပ်ချည်တစ်ထောင်…”

ယင်ဗုဒ္ဓ၏လက်ချောင်းများလှုပ်ရှားမှုနှင့်အတူ အပ်ချည်များက မရပ်မနား ရွေ့လျားလျက် မျိုးရိုးဗီဇစစ်သည်တော်များ၏သေကွင်းသေကွက်များအား ထိုးဖောက်သွား၏။

သွေးများက မြစ်တစ်စင်းအလား စီးဆင်းပြီး အလောင်းများက နေရာတိုင်းတွင် ပုံထပ်နေလေသည်။

လက်ရှိတွင် နှစ်ဖက်စလုံးက သွေးရူးသွေးတန်း သတ်ဖြတ်နေကြသည်။ သွေးများက ရဲရဲနီနေပြီး ပျော်ရွှင်ခြင်းနန်းတော်၏အဖွဲ့ဝင်များက တဖြည်းဖြည်း အသာစီးရလာသည်။

ပျော်ရွှင်ခြင်းနန်းတော်သူတော်စင်မအား ထိန်းချုပ်ပြီးနောက် ခီခီတာဂါဝါက တိုက်ပွဲမှ ထွက်လာခဲ့သည်။ အလားတူစွာပင် သူ့နားရှိ အနက်ဝတ်လူဆယ်ယောက်က တိုက်ခိုက်ရန် အလျင်မလိုနေပေ။

“ဘာလို့ ဗိုလ်ချုပ်ဖူခူဒါက အခုထိ မရောက်သေးတာလဲ၊ ဆရာ”တောင့်တင်းသန်မာသောလူတစ်ယောက်က ခီခီတာဂါဝါထံ ကမန်းကတန်း ချဉ်းကပ်ရင်း စိုးရိမ်သောအကြည့်နှင့် မေးလိုက်သည်။

ခီခီတာဂါဝါက အေးစက်စွာ နှာခေါင်းရှုံ့လျက် ပြန်ပြောသည် “မင်းတို့က ဘာကို စိုးရိမ်နေတာလဲ။ ဗိုလ်ချုပ်ဖူခူဒါက အစီအစဉ်တစ်ခုလုံးကို ချမှတ်ခဲ့တဲ့သူပဲ။ အချိန်ကျရင် သူက ထွက်ပေါ်လာလိမ့်မယ်”

“ဒီနေ့ ငါတို့ဘက်က လူတွေ အများကြီး ဆုံးရှုံးခဲ့တယ်၊ ဒီအတိုင်းဆက်သွားရင် ငါတို့က နောက်ထပ်လူတွေ ထပ်ဆုံးရှုံးရလိမ့်မယ်”လူကြီးက အားတင်းပြုံးလျက် ပြောလိုက်သည်။

ခီခီတာဂါဝါက မျက်မှောင်ကြုတ်ကာ ပျော်ရွှင်ခြင်းနန်းတော်သူတော်စင်မအား လှည့်ကြည့်လိုက်သည်။ သူ့အမူအရာက ရုတ်တရက် ပြောင်းလဲသွားပြီး သူက ကျယ်လောင်စွာ အော်လိုက်၏ “ဟေး၊ ယင်ဗုဒ္ဓ…မင်းနဲ့မင်းရဲ့လူတွေ ရပ်တန့်ကရပ်ဖို့ ငါ ပြောချင်တယ်။ မဟုတ်ရင် ငါ မင်းတို့ရဲ့သူတော်စင်မကို သတ်ရလိမ့်မယ်။ သူမက အဲဒီလင်းတအိုကြီးအတွက် ဘယ်လောက်အရေးကြီးသလဲဆိုတာ မင်း ရှင်းရှင်းလင်းလင်းသိမှာပါ…”

“ရပ်လိုက်ကြ…”

မျိုးရိုးဗီဇစစ်သည်တော်တစ်ယောက်အား သတ်ဖြတ်ပြီးနောက် ယင်ဗုဒ္ဓက ကျယ်လောင်စွာ အော်ပြောလိုက်၏။

ချက်ချင်းလျှင်ပင် နှစ်ဖက်လုံးက လျင်မြန်စွာ ခွဲထွက်သွား၏၊ သို့သော် သူတို့၏သတ်ဖြတ်လိုစိတ်က မလျော့သေးပေ။ တစ်ဖက်နှင့်တစ်ဖက် ခပ်စိမ်းစိမ်းကြည့်လျက် အမိန့်တစ်ခုကတင် သူတို့အား တိုက်ပွဲပြန်လည်စတင်ရန် လုံလောက်ပေ၏။

ခီခီတာဂါဝါက ပျော်ရွှင်စွာ ခေါင်းညိတ်လိုက်ပြီး သူ့မျက်လုံးများက ပတ်ဝန်းကျင်ဆီ လျင်မြန်စွာ ရိုက်ခတ်သွား၏။ နောက်ထပ်စက္ကန့်အနည်းငယ်ကြာပြီးနောက် သူက ကျယ်လောင်စွာ အော်လိုက်သည် “ဟေး၊ ထန်ရှု…အနီးနားမှာ မင်းရဲ့လူတွေနဲ့ မင်း ကြည့်နေတယ်ဆိုတာ ငါ သိတယ်။ မင်းလဲ ပျော်ရွှင်ခြင်းနန်းတော်ကို ပစ်မှတ်ထားနေတာပဲ၊ ဒါဆို လက်ရှိအချိန်မှာ ဘာလို့ ငါတို့က မပူးပေါင်းကြတာလဲ”

အဝေးတစ်နေရာတွင် ထန်ရှုက မေးငေါ့လျက် ခီခီတာဂါဝါအား တည်ငြိမ်စွာ ကြည့်လိုက်သည်။ ထို့နောက် သူက ကူဝါကိုဘက် လှည့်ကာ မေးလိုက်သည် “ဒီကောင်နဲ့ ငါတို့ပူးပေါင်းနိုင်မယ်လို့ မင်း ထင်လား၊ ကူဝါကို…”

တစ်ချက်စဉ်းစားပြီးနောက် ကူဝါကိုက ခေါင်းခါယမ်းကာ ရှင်းပြလိုက်သည် “လက်ရှိ ငါတို့မှာ အရေအတွက်နည်းနည်းပဲရှိတယ်၊ ငါတို့က သူတို့နဲ့ ပူးပေါင်းမယ်ဆိုရင် မဖြစ်နိုင်တာကို လုပ်နေသလိုပဲ။ ပြီးတော့ ခီခီတာဂါဝါက ပျော်ရွှင်ခြင်းနန်းတော်ရဲ့အဖွဲ့ဝင်တစ်ယောက်ဖြစ်ခဲ့တာပဲ။ ငါတို့က သူ့အကြောင်းအသေးစိတ် မသိသေးဘူး၊ ဒါကြောင့် လက်ရှိမှာ ငါတို့က သူ့အပေါ်မှာ အလောင်းအစားမလုပ်နိုင်သေးဘူး။ သူတို့အချင်းအချင်း ဝါးမျိုစေပြီးမှ အကျိုးအမြတ်ကို ရိတ်သိမ်းမယ့်တတိယအဖွဲ့လုပ်တာ ပိုကောင်းမယ်လို့ ငါ ထင်တယ်”

ထန်ရှုက သူမအား အသိအမှတ်ပြုသောအကြည့်နှင့် တစ်ချက်ကြည့်ကာ ခေါင်းညိတ်လိုက်သည် “ဂျပန်ကို လာတာက အစကတည်းက ကယ်ဆယ်ဖို့နဲ့ ပိုင်နက်ကို ချဲ့ထွင်ဖို့ အိုင်ဒီယာအတွက်ပဲ။ ပြီးတော့ ငါတို့က အခြားတစ်ဖွဲ့နဲ့ ပူးပေါင်းရင်တောင် အဲဒီဗုဒ္ဓဂိုဏ်းက ကျွမ်းကျင်သူတွေ ရောက်လာတဲ့အထိ စောင့်ရမယ်”

များမကြာမီ ကူဝါကို၊ မိုအားဝူနှင့် ကျန်လူများအား ချက်ချင်း နောက်ဆုတ်ရန် အမိန့်ပေးလိုက်ပြီးနောက် အလောင်းပုံထပ်သည့်နေရာသို့ ထန်ရှုက တစ်ယောက်တည်း ပျံသန်းသွား၏။ ထိုလူနှစ်ယောက်မှ တစ်ကီလိုမီတာအကွာသို့ ရောက်လာပြီးနောက် သူက လက်သီးဆုပ်ကာ ကျယ်လောင်စွာ ပြုံးလျက် ပြောလိုက်သည် “ခီခီတာဂါဝါ၊ မင်းက ပျော်ရွှင်ခြင်းနန်းတော်ကနေထွက်လာတဲ့သူပဲ၊ မင်းနဲ့ ပူးပေါင်းဖို့ဆိုတာက စွန့်စားရမှာ များတဲ့အတွက် မဖြစ်နိုင်ဘူး။ ငါက ပျော်ရွှင်ခြင်းနန်းတော်နဲ့ ကိုယ်ပိုင်ရန်ငြိုးရှိပေမယ့် နှစ်ဖက်လုံးရဲ့ပဋိပက္ခကြားမှာ ပါဝင်မှာမဟုတ်ဘူး”

“ဟမ့်၊ ဒီမတိုင်ခင်တုန်းက မင်းက ငါ့ကို သတ်ချင်ခဲ့တာပဲ၊ ထန်ရှ”ခီခီတာဂါဝါက သရော်လိုက်သည် “မင်းက ပျော်ရွှင်ခြင်းနန်းတော်ကို အမြစ်ဖြတ်ချင်နေတယ်ဆိုတာ ငါ သိတယ်၊ အခု အခွင့်အရေးက မင်းအရှေ့မှာ ရောက်နေပြီ။ မင်းက အဲဒါကို လက်လွှတ်ပြီး ငါတို့ချည်းသက်သက် သူတို့ကို ရင်ဆိုင်ရမယ်ဆိုရင်တော့ နောက်ကျရင် မင်းက သူတို့နဲ့ ဖြေရှင်းဖို့က လွယ်လိမ့်မှာမဟုတ်ဘူး”

လက်ရှိတွင် အသက်ရှင်နေသေးသောလူသုံးထောင်ကျော်၏မျက်လုံးများက ထန်ရှုအပေါ် အာရုံစိုက်လာကြသည်။

အမူအရာအရုပ်ဆိုးသွားလျက် ယင်ဗုဒ္ဓက လေးလံသောအသံနှင့် အော်လိုက်သည် “မင်းက ပျော်ရွှင်ခြင်းနန်းတော်နဲ့ ဘာရန်ငြိုးရှိတာလဲ၊ ကောင်လေး။ ဘယ်သူက မင်းနဲ့ ရန်ငြိုးအာဃာတရှိတာလဲ”

“ငါ ဘယ်သူနဲ့ ရန်ငြိုးရှိတယ်ဆိုတာက သူကိုယ်တိုင် ရှင်းရှင်းလင်းလင်းသိပါတယ်။ ဒါနဲ့ မင်းကို…ယင်ဗုဒ္ဓလို့ ခေါ်တာမလား။ မင်းတို့နှစ်ဖက်ကြားတိုက်ပွဲမှာ ငါ ပါဝင်မှာ မဟုတ်ဘူး။ ပြီးတော့ ငါ့ရဲ့ရန်သူက မင်းတို့ရဲ့တိုက်ပွဲမှာ သေသွားရင်လဲ ငါ ပါဝင်လိမ့်မှာမဟုတ်ဘူး”

ခီခီတာဂါဝါက မျက်မှောင်ကြုတ်လိုက်သည်။ ထန်ရှုက ဘယ်လောက်သန်မာသလဲကို သူက မြင်ချင်သည်။ တရုတ်ကျင့်ကြံသူများက ဆန်းကြယ်သောမှော်စွမ်းအားရှိသည်ဟု ကောလဟာလဆိုကြ၏၊ ထန်ရှုတွင် ထိုကဲ့သို့သန်မာသောစွမ်းအားတစ်ခုရှိလျှင် သူက ဤပျော်ရွှင်ခြင်းနန်းတော်၏လူတစ်အုပ်အား ရိတ်သိမ်းနိုင်ပေလိမ့်မည်။

“ရန်သူရဲ့ရန်သူက သူငယ်ချင်းဆိုတာ မင်းလဲ သိပါတယ်၊ ထန်ရှု။ ငါ့ရဲ့တောင်းဆိုချက်ကို လက်ခံမယ်ဆိုရင် မင်းက ဒီသူတော်စင်မကို ရနိုင်မယ်၊ ဘယ်လိုလဲ”ခီခီတာဂါဝါက တိုက်ရိုက်ကမ်းလှမ်းလိုက်သည်။

“ဟင့်၊ သူမက ငါ့ကို နည်းနည်းလေးမှ စိတ်မဝင်စားဘူး၊ ငါကလဲ မင်းနဲ့ ပူးပေါင်းမှာ မဟုတ်ဘူး။ နှုတ်ဆက်ပါတယ်”ထန်ရှုက ခေါင်းခါယမ်းလိုက်သည်။

ထို့နောက် သူက အဝေးသို့ ပျံသန်းသွားပြီး အသက်ရှုချိန်အနည်းငယ်အတွင်း လူသုံးထောင်ကျော်၏မျက်လုံးများထဲမှ ပျောက်ကွယ်သွားခဲ့သည်။

များမကြာမီ ထန်ရှုက စားပွဲအား ခေါက်ရင်း ဖြည်းဖြည်းချင်း ပြောလိုက်သည် “အန်း၊ အဲနေရာမှာ အရှုပ်အထွေးအချို့ကို ဖန်တီးလိုက်။ သူတို့ထဲက အနည်းငယ်ကို သတ်နိုင်ရင် အကောင်းဆုံးပဲ၊ အဲလိုမှ သူတို့ကို လှုံ့ဆော်နိုင်လိမ့်မယ်။ သူတို့က ဆက်တိုက်ခိုက်ရင် အကောင်းဆုံးပေါ့၊ ဒါပေမယ့် သူတို့က ရပ်သွားတာနဲ့ မင်း အမြန်ဆုံး ပြန်ဆုတ်လာရမယ်”

စွမ်းအင်လှိုင်းဂယက်တစ်ခုက အနီးနားတွင် ထွက်ပေါ်လာပြီးနောက် လျင်မြန်စွာ ပျောက်ကွယ်သွားခဲ့သည်။

ဝှစ်၊ ဝှစ်၊ ဝှစ်…

ထန်အန်း၏ပုံရိပ်က လျှပ်တစ်ပြက်အတွင်း ထွက်ပေါ်လာပြီး ဉီးခေါင်းအချို့ လွင့်ထွက်သွား၏။ ထို့နောက် သူမက ထပ်မံ ပျောက်ကွယ်သွား၏။

“ယီးလိုပဲ…”

ဆန်းကြယ်သောလူသတ်သမားထွက်ပေါ်လာသောကြောင့် ယင်ဗုဒ္ဓက ဒေါသတကြီး ကျိန်ဆဲလိုက်သည်။သူက ဗုဒ္ဓကင်းထောက်နည်းစနစ်ဖြစ်သည့်ကောင်းကင်ဘုံမျက်လုံးအား အသက်သွင်းခဲ့သော်လည်း လက်သည်တရားခံအား မဖော်ထုတ်နိုင်ခဲ့ပေ။

“လုပ်ကြံသတ်ဖြတ်သူရှိနေတယ်…ရန်သူရဲ့လူသတ်သမားကို ဂရုစိုက်ကြ…”

ယင်ဗုဒ္ဓက အော်ပြောလိုက်ပြီး ချက်ချင်းထွက်ခွာသွားသောထန်ရှုကိုပင် ဂရုမစိုက်တော့ပေ။ သူက ရန်သူထံ ချက်ချင်း ပြေးသွား၏။ တိုက်ပွဲတွင် အပေါ်စီးရထားသဖြင့် သူက လက်မလွှတ်ချင်ပေ။ ခီခီတာဂါဝါ၏ကျင့်ကြံခြင်းက ဘယ်လောက်ပင် အံ့အားသင့်စရာကောင်းနေပါစေ၊ သူတော်စင်မအား ကယ်ဆယ်ရန်အတွက် သူ့တွင် ယုံကြည်ချက်ရှိသည်။

ရုတ်တရက် ပျော်ရွှင်ခြင်းနန်းတော်သူတော်စင်မပေါ်ရှိ အနီရောင်အမှတ်အသားက ထပ်မံထွက်ပေါ်လာ၏။သူမခန္ဓာကိုယ်တစ်ခုလုံးတွင် အရိုးများမရှိသကဲ့သို့ သူမ၏ချုပ်နှောင်ခံထားရသောခန္ဓာကိုယ်က လဲကျသွား၏။ ထို့နောက် အခိုက်အတန့်တစ်ခုအတွင်း သူမက အခြားတစ်ဖက်ရှိ ကုလားထိုင်ပေါ်တွင် တိတ်တဆိတ်ထွက်ပေါ်လာသည်။

“သူမကို ကယ်ကြ…”

ယင်ဗုဒ္ဓက အော်လိုက်ပြီး ပျော်ရွှင်ခြင်းနန်းတော်ကျွမ်းကျင်သူတစ်ဖွဲ့အား ဉီးဆောင်ကာ သူတော်စင်မဆီ ပြေးသွား၏။ အလင်းများက သူတို့၏လက်နက်ထိပ်များမှ လက်သွားပြီး ဗုဒ္ဓပုံရိပ်များက တိုက်ပွဲထဲ၌ ထွက်ပေါ်လာသည်။

ဒါက သွေးဆာသောတိုက်ပွဲတစ်ခုပင်။ သူတို့တွင် ဝှက်ဖဲများမရှိလျှင် သူတို့က အလောင်းများဖြစ်သွားလိမ့်မည်ကို လူတိုင်းက သိကြ၏။ ကောင်းကင်သို့ ထိုးတက်သွားသောသူတော်စင်မ၏ပုံရိပ်အား ကြည့်ရင်း ယင်ဗုဒ္ဓ၏အမူအရာက ရုတ်တတရက် ပြောင်းလဲသွားပြီး သူက လေးလံသောအသံနှင့် အော်လိုက်သည် “မင်းတို့ထဲကအချို့က သူတော်စင်မကို သွားကာကွယ်ကြ…သူမအနေနဲ့ ဘာမတော်တဆတစ်ခုမှ ဖြစ်လို့မရဘူး…”

“နားလည်ပါပြီ…”ပုံရိပ်ရှစ်ခုက ခေါင်းညိတ်ကာ သူတော်စင်မ၏ဉီးတည်ဘက်သို့ လျင်မြန်စွာ ပြေးထွက်သွား၏။

ခီခီတာဂါဝါကိုယ်တိုင်ပင် လုံးဝမှင်တက်သွားခဲ့ပြီး သူတော်စင်မ၏နောက်ကျောအား ပြင်းစွာသောထိတ်လန့်တုန်လှုပ်မှုနှင့် ကြည့်လိုက်သည်။ နောက်ဆုံးသေရေးရှင်ရေးအခိုက်အတန့်၌ သူတော်စင်မတွင် လွတ်မြောက်နိုင်သောစွမ်းရည်ရှိလိမ့်မည်ဟု သူ မထင်မှတ်ထားခဲ့ပေ။

ဝှစ်…ဝှစ်…ဝှစ်…

ရုတ်တရက် လှံတိုတစ်စုံက ထွက်ပေါ်လာ၏၊ သူတို့က နေရာလပ်အတားအဆီးအား ထိုးဖောက်ကာ အခြားကမ္ဘာမှ ထွက်လာသကဲ့သို့ပင်။ လှံတိုများက သူတော်မနောက်လိုက်နေသောသူများအား ထိမှန်ကာ သူတို့အား တားဆီးလိုက်သည်။ ထို့နောက်…ခပ်ဖျော့ဖျော့အသံတစ်ခုက သူတော်စင်မ၏နားထဲသို့ ကူးပြောင်းလာ၏။

All Chapters