ထန်အန်း၏တစ်ကိုယ်ကောင်းဆန်မှု
Vol. 84 Ch. 1170
တစ္ဆေလိုအရိပ်တစ်ခုက ပျော်ရွှင်ခြင်းနန်းတော်သခင်မဘေးနားရှိ လေထဲ၌ ထွက်ပေါ်လာသည်။ အနက်ရောင်လက်အိတ်တစ်စုံက သူတော်စင်မ၏ပခုံးအား ဆုပ်ကိုင်ပြီးနောက် လျှပ်တစ်ပြက်အတွင်း သူတို့နှစ်ယောက်လုံးက ရုတ်ချည်း ပျောက်ကွယ်သွား၏။
“ရှင်မသေချင်ရင် မရုန်းနဲ့”ထန်အန်း၏အသံက သူတော်စင်မ၏နားထဲသို့ နောက်တစ်ကြိမ် ကူးပြောင်းသွား၏။
ရုတ်တရက်ပြောင်းလဲမှုအား သူတော်စင်မက ခုခံချင်သော်လည်း အသံက သူမနားထဲသို့ ကူးပြောင်းလာချိန်တွင် အနက်ဝတ်ပုံရိပ်တစ်ခုက သူမစိတ်ထဲ၌ ထွက်ပေါ်လာ၏။
“ရှင်က ထန်ရှုရဲ့နောက်လိုက်မလား”သူမအသံအား ဖိနှိပ်လျက် ပျော်ရွှင်ခြင်းနန်းတော်သူတော်စင်မက တီးတိုးပြောလိုက်၏။
ထန်အန်းက အလွန်လျင်မြန်စွာ ရွေ့လျားရင်း မြင်ကွင်းမှ ခပ်မြန်မြန်ဆုတ်လာသည်။ သူတော်စင်မအား ပြန်ဖြေပြီးနောက် အသက်ရှုချိန်အနည်းငယ်အတွင်း သူတို့က အဝေးရှိ ကီလိုမီတာအနည်းငယ်အကွာ၌ ထွက်ပေါ်လာသည်။
လုံးများထဲ၌ ဒေါသအကြည့်တစ်ခုက ပြည့်နှက်သွားလေ၏။ ထန်အန်းက ပျော်ရွှင်ခြင်းနန်းတော်သူတော်စင်မအား ကယ်တင်ရဲပေသည်။ တုံ့ဆိုင်းမနေဘဲ သူက သူမရှိရာ ဉီးတည်ဘက်သို့ လျင်မြန်စွာ ပြေးလိုက်သွားရင်း ယင်ဗုဒ္ဓ၏ဒေါသတကြီးအော်သံနှင့် ခီခီတာဂါဝါ၏ကျိန်ဆဲသံတို့ကို ကြားလိုက်ရသည်။
သို့သော် သူက သူတို့အား တန်းကာ လစ်လျူရှုခဲ့သည်။ ဤနေရာသို့ အလွန်လျင်မြန်စွာ ပြေးလာနေသော ကျွမ်းကျင်သူများ၏အားကောင်းသောအရှိန်အဝါကို သူက ရှင်းရှင်းလင်းလင်း အာရုံခံနိုင်သည်၊ အချို့အား သူကပင် သတိထားရလောက်သည်။
ထန်အန်းက အလွန်လျင်မြန်စွာ ပြေး၏။ ထန်ရှုက သူမနောက်လိုက်လာသည်ကို တွေ့သောအခါ ရှုပ်ထွေးသောခံစားချက်တစ်ခုက သူမစိတ်ထဲ၌ မြင့်တက်လာသည်။ ဤကား သူ့အမိန့်အား ဆန့်ကျင့်သည့် သူမ၏ပထမဆုံးအကြိမ်ပင်၊ သို့သော် သူမလုပ်တာ မှန်သည်ဟု ခိုင်ခိုင်မာမာယုံကြည်၏။ ဤအဖြစ်အပျက်ပြီးနောက် ထန်ရှုထံမှ ပြင်းထန်သောအပြစ်ပေးခြင်းလက်ခံရလျှင်ပင် သူမအတွက် ပြဿနာမရှိပေ။
ဆရာသခင်ဖြစ်သူကူးယန်အာကလည်း သူမ၏ရွေးချယ်မှုအား ထောက်ခံလိမ့်မည်ဟုပင် သူမက ခံစားမိသည်။ ထန်ရှုအား နက်နက်ရှိုင်းရှိုင်းချစ်သော သူမ၏ဆရာသခင်အနေနှင့် သူက ပိုသန်မာသောလူတစ်ယောက်ဖြစ်ရန် မျှော်လင့်ထားမည်မှာ သေချာ၏။
တိုရှီမာရပ်ကွက်။
သာမန်လူထောင်ချီနေထိုင်သောအဆောက်အဉီးအစုအဝေးတစ်ခုအလယ်တွင် ပျက်စီးယိုယွင်းနေသောခြံဝင်းတစ်ခုနှင့် အထပ်နိမ့်တိုက်ခန်းတစ်ခုရှိသည်။ ၎င်းက ကူဝါကိုလေ့ကျင့်ပေးထားသောကျွမ်းကျင်သူအချို့၏ဌာနချုပ်ဖြစ်သည်။
“ဘယ်သူလဲ…”
လူငယ်တစ်ယောက်ထံမှ ထက်ရှသောအသံတစ်ခုက ထွက်ပေါ်သွားပြီး ကျွမ်းကျင်သူဆယ်ယောက်က နေရာတိုင်းမှ ရုတ်ချည်း ခုန်ထွက်လာကြ၏၊ အချို့က ရွှေအမြုတေနှောင်းပိုင်းအဆင့်ရှိကြသည်။ တစ်ယောက်ချင်းစီက လက်နက်အသီးသီး ထုတ်လိုက်ကြ၏။
“ပြန်ဆုတ်…”
မူလရုပ်ရည်အား ပြန်ပြောင်းပြီးနောက် ကူဝါကိုက မျက်နှာဖုံးချွတ်ကာ အော်လိုက်သည်။
ထွက်ပေါ်လာသည့်ကျွမ်းကျင်သူများက ချက်ချင်း နောက်ဆုတ်သွားကြပြီး ဆံနီလူငယ်တစ်ယောက်သာ ကူဝါကိုထံ လျင်မြန်စွာ လျှောက်လာသည်။ သူမနောက်ရှိမိုအားဝူနှင့်ကျန်လူများအား တစ်ချက်ကြည့်ပြီးနောက် သူက လက်သီးဆုပ်ကာ နှုတ်ဆက်လိုက်သည် “ဆရာသခင်ကို နှုတ်ဆက်ပါတယ်”
“ယူကျင်း၊ လိပ်ခွံပိုက်ကွန်ကို အသက်သွင်းပြီး ဆယ်ကီလိုမီတာအကွာအတွင်းမှာရှိတဲ့အရာအားလုံးကို စောင့်ကြည့်နေပါ။ ပိုက်ကွန်ကို ချိုးဖောက်လာတဲ့ သံသယဖြစ်စရာဘယ်သူ့ကိုမဆို သတိမပေးမိစေနဲ့၊ ဒါပေမယ့် ငါ့ကို ချက်ချင်း အကြောင်းကြားပါ။ ပြီးတော့ စားစရာနဲ့သောက်စရာအချို့ ပြင်ဆင်ပေး။ ဒီနေရာမှာ အချိန်ခဏလောက် ငါတို့ နေမယ်”ကူဝါကိုက အမိန့်ပေးလိုက်သည်။
“နားလည်ပါပြီ…”
ယူကျင်းက ခေါင်းညိတ်ကာ လျင်မြန်စွာ ထွက်ခွာသွားသည်။
“လိပ်ခွံပိုက်ကွန်လား။ အဲဒါ ဘာလဲ”မိုအားဝူက သိလိုစိတ်နှင့် မေးလိုက်သည်။
“တရုတ်ရဲ့သမိုင်းကြောင်းနဲ့ပတ်သက်ပြီး မှတ်တမ်းအမြောက်အများ ငါ ဖတ်ခဲ့တယ်။ ဖတ်ထားတာကနေ အဆီအနှစ်ကို ဆွဲထုတ်ပြီး ငါ့ရဲ့အလုပ်အချို့မှာ အသုံးချခဲ့တယ်။ အချို့စကားလုံးတွေကို ငါ ရှင်းရှင်းလင်းလင်း မှတ်မိပါတယ်၊ ဉာဏ်ကောင်းတဲ့လူတစ်ယောက်မှာ မြေတွင်းသုံးခုရှိရမယ်တဲ့၊ အဲဒါက ထွက်ပြေးဖို့လမ်းကြောင်းတစ်ခုလဲဖြစ်နိုင်သလို ဘေးကင်းစေမယ့်စံအိမ်တစ်ခုလဲ ဖြစ်နိုင်တယ်။ ဒီနေရာက ငါ လျှို့ဝှက်တည်ဆောက်ထားတဲ့ဘေးကင်းစံအိမ်တစ်ခုပဲလေ။ လိပ်ခွံပိုက်ကွန်ဆိုတာက သတင်းအချက်အလက်စနစ်နဲ့ ပတ်သက်ပြီး ငါ ပေးထားတဲ့နာမည်၊ ဘေးကင်းစံအိမ်ရဲ့ဆယ်ကီလိုမီတာပတ်လည်ကို စောင့်ကြည့်ဖို့ ထောက်လှမ်းရေးအမြောက်အများကို အမိန့်ပေးတာနဲ့ ညီမျှတယ်။ ဒီနည်းလမ်းနဲ့ သံသယဖြစ်စရာဘယ်လိုလူကိုမဆို ငါတို့တွေ ရှာဖွေနိုင်တာပေါ့”
မိုအားဝူက သူမအား လက်မထောင်ပြလျက် အံ့အားသင့်စွာ ပြောလိုက်သည် “မင်းက ဂိုဏ်းချုပ်နဲ့ ပိုပိုပြီးတူလာတာပဲ၊ ကူဝါကို။ ဒါပေမယ့် မင်းက သူနဲ့အတူ သိပ်မရှိခဲ့ပါဘူး၊ ဒါက ငါ့ကို အရမ်းသိချင်စိတ်ဖြစ်စေမိတာပဲ”
“သူ့နောက်ကို ငါ လိုက်တာ သိပ်မကြာသေးပေမယ့် ဂိုဏ်းချုပ်ဆီကနေ အမြောက်အများ ငါ သင်ယူခဲ့ပါတယ်”ကူဝါကိုက ခပ်ဖျော့ဖျော့ပြုံးလျက် ပြောလိုက်သည်။
ရွှယ်ရှက လက်မြှောက်ပြကာ နှာခေါင်းရှုံ့လျက် ကြားဖြတ်ပြောလိုက်သည် “အာလာပသလ္လာပစကားတွေပြောတာ ရပ်ပြီး ငါတို့တွေ စားသောက်ကြရအောင်လား”
ဝှစ်…ဝှစ်…
ပုံရိပ်အနည်းငယ်က ရထွက်ပေါ်လာပြီး များမကြာမီ ကူဝါကို၏ဖုန်းက မြည်လာသည်။ ထိုလူက ထန်ရှုဖြစ်သည်ကို မြင်ပြီး သူမက ဖုန်းကိုင်ကာ ခဏစကားပြောပြီးနောက် ဖုန်းချလိုက်သည်။
“ဂိုဏ်းချုပ်၊ ဘယ်လိုလုပ်ပြီး သူမက…”
ပျော်ရွှင်ခြင်းနန်းတော်သူတော်စင်မကို မြင်ပြီး ကူဝါကိုနှင့်ကျန်လူများက ခေါင်းရှုပ်သွားကြသည်။
မျက်မှောင်ကြုတ်လျက် ထန်ရှုက အေးစက်စွာ ပြောလိုက်သည် “ဒီနေရာကို လာပြီး ဒူးထောက်စမ်း…”
ထန်ရှုက ယခုလို အမိန့်ပေးမည်ကို ထန်အန်းက သိထားပြီးပုံပင်။ သူမက ဒူးထောက်လိုက်သည်၊ သို့သော် မထုံတတ်သေးအမူအရာအား သူမမျက်နှာပေါ်တွင် ရှင်းရှင်းလင်းလင်း မြင်နိုင်ပေ၏။
ထန်ရှုက သူမအား ထပ်ဂရုမစိုက်တော့ဘဲ သူတော်စင်မအား အေးစက်စွာ လေ့လာလိုက်သည်၊ ထို့နောက် သူက အတွင်းပိုင်းသို့ လျှောက်လာကာ ဒုတိယထပ်ရှိလှေကားအိမ်သို့ ဉီးတည်လိုက်သည်။ ပြတင်းပေါက်နားသို့ ရောက်လာပြီးနောက် သူတို့လာခဲ့သည့်ဉီးဘည်ဘက်ရှိရာသို့ ကြည့်လိုက်၏။ ထိုနေရာတွင် ဘာဖြစ်နေသည်ကို မမြင်နိုင်သော်လည်း သွေးသံရဲရဲသတ်ဖြတ်ခြင်းမြင်ကွင်းဖြစ်နေမည်ကို သူက အာရုံခံနိုင်သည်။
ထိုစဉ် ပျော်ရွှင်နန်းတော်သူတော်စင်မက သူ့နောက်မှ လိုက်လာသည်ကို သတိပြုမိလိုက်သည်။ သူမက သူ့ထံမှ လေးမီတာအကွာတွင် ရပ်နေ၏။
ခဏအတန်ကြာပြီးနောက် သူက ဖြည်းဖြည်းချင်း ပြောလိုက်၏ “အကျိုးသင့်အကြောင်းသင့်ပြောရရင် ဒီအချိန်လောက်ဆို မင်းက သေနေလောက်ပြီ”
ရောက်လာပြီးကတည်းက သူတော်စင်မက ဘာမှမပြောခဲ့ပေ။ သူမက ထန်ရှု၏နောက်ကျောကိုသာ ကြည့်နေခဲ့သည်။ ဤအချိန်တွင် သူမက ဖြည်းဖြည်းချင်း ပြောလိုက်၏ “ရှင့်နောက်လိုက်ဝင်မစွက်ဖက်ရင်တောင် ကျွန်မက ထွက်ပြေးနိုင်ပါတယ်။ ပျော်ရွှင်ခြင်းနန်းတော်ရဲ့လွတ်မြောက်ရေးနည်းစနစ်ကို အထင်မသေးပါနဲ့”
မျက်နှာလွှားဇာမှတစ်ဆင့် သူမ၏လှပသောမျက်နှာအား ထန်ရှုက လှည့်ကြည့်လိုက်သည်။ သူက နှာခေါင်းရှုံ့လိုက်၏ “ဒါပေါ့၊ ဒါပေါ့။ ဒါပေမယ့် ငါ ထင်တာ မှန်ရင် အဲနေရာကတိုက်ပွဲက အခုထိ မပြီးသေးဘူး။ နောက်ရောက်လာတဲ့ကျွမ်းကျင်သူတွေက ပျော်ရွှင်ခြင်းနန်းတော်က မဟုတ်ဘူး”
“နောက်ထပ်ရောက်လာတာလား”ပျော်ရွှင်ခြင်းနန်းတော်သူတော်စင်မက မျက်မှောင်ကြုတ်ကာ မေးလိုက်၏ “ရှင်က ဘာဆိုလိုတာလဲ”
“အန်းက မင်းကို တိုက်ပွဲကွင်းပြင်ကနေ ခေါ်သွားတာဆိုတော့ အသစ်ရောက်လာသူတွေရဲ့အရှိန်အဝါကို မင်း အာရုံမခံနိုင်ဘူးပေါ့။ ခီခီတာဂါဝါက ဂျပန်ရဲ့ထိပ်တန်းခေါင်းဆောင်လို့ မင်း တကယ်ထင်တာလား”
ပျော်ရွှင်ခြင်းနန်းတော်သူတော်စင်မက မတုံးပေ။ ထန်ရှု၏စကားကို ကြားပြီးနောက် ကြောက်ရွံ့မှုတစ်ခုက သူမမျက်နှာပေါ်တွင် ဖုံးလွှမ်းသွား၏။ “ရှင်ဆိုလိုတာက…ဖူခူဒါလား…”
“ပျော်ရွှင်ခြင်းနန်းတော်က ဂျပန်မှာ နှစ်ပေါင်းများစွာ တိတ်တဆိတ် တိုးချဲ့လာခဲ့တာ။ ဂျပန်ရဲ့အစိုးရအေဂျင်စီတစ်ခုက အဲဒါကို သတိပြုမိနေလောက်မှာ သေချာတယ်”
အမျိုးသမီး၏နှုတ်ခမ်းများက တုန်ယင်သွားသော်လည်း ဘာအသံမှ မထွက်လာခဲ့ပေ။
ထန်ရှုက သူမအား လေ့လာလိုက်ပြီး ခပ်ဖျော့ဖျော့အပြုံးတစ်ခုက သူ့မျက်နှာပေါ်တွင် ထွက်ပေါ်လာ၏၊ သူက တွေးဆလျက် မေးလိုက်သည် “ဒါပေမယ့် မင်းက ပျော်ရွှင်ခြင်းနန်းတော်ရဲ့အဖွဲ့ဝင်တစ်ယောက်ဖြစ်နေသေးတုန်းပဲလား”
“ငါ…”
ဤသည်ကို ကြားပြီး သူတော်စင်မ၏နှလုံးသားက ချက်ချင်းရှုပ်ထွေးသွား၏။
ထန်ရှုက ဘယ်နေရာမှ လာသည်ကို သူမက သိ၏။ သူမက ပျော်ရွှင်ခြင်းနန်းတော်ရဲ့အမျိုးသမီးမီးပြင်းဖိုတစ်ခုဆိုတာကို သိတာ ခီခီတာဂါဝါတစ်ယောက်တည်း မဟုတ်ဘူးပဲ။ ထန်ရှုလဲ အဲဒါကို သိတာလား။
“ရှင်ရော သူတို့လို တူညီတဲ့ရည်ရွယ်ချက်ရှိတယ်လို့ ငါ့ကို မပြောဘူးမလား”
ရုတ်တရက် သူတော်စင်မက တစ်ခုခုအား သဘောပေါက်ခဲ့ပြီး ထန်ရှုအား စိုက်ကြည့်ရင်း သူမက ရုတ်တရက် မေးလိုက်သည်။ သတိထားမှုက သူမမျက်လုံးများထဲ၌ သိသိသာသာပေါ်လာ၏။
ထန်ရှုက ခေါင်းခါယမ်းလိုက်သည် “သူတို့လို ငါ့ကို မသတ်မှတ်စမ်းပါနဲ့။ အမျိုးသမီးတစ်ယောက်ရဲ့ခန္ဓာကိုယ်ကို အသုံးပြုပြီး ကျင့်ကြံတာလား။ ဒါက ငါ ဘယ်တော့မှ မလုပ်မယ့် ညစ်ပတ်တဲ့နည်းလမ်းတစ်ခုပဲ။ တရုတ်ကျင့်ကြံသူတိုင်းက သူတော်ကောင်းတွေမဟုတ်ပေမယ့် ငါတို့က အဲဒီလိုနတ်ဆိုးတွေလဲ မဟုတ်ဘူး”
စိတ်အေးသွားသော်ငြား သူတော်စင်မက သတိထားလျက် ပြန်ပြော၏ “ဒါပေမယ့် ကျွန်မ နားမလည်သေးဘူး။ ရှင်က ဘာလို့ ကယ်ရတာလဲ”
“မင်း နားမလည်ဘူးပေါ့”ပြတင်းပေါက်မှတစ်ဆင့် ခြံဝင်းထဲတွင် ထိုင်နေသောထန်အန်းအား ထန်ရှုက လှည့်ကြည့်လိုက်သည်။
သူတော်စင်မက မှင်တက်သွားပြီး ခဏစဉ်းစားလိုက်သည်။ ထို့နောက် အံ့အားသင့်သောအကြည့်တစ်ခုနှင့် သူမက ရေရွတ်လိုက်၏ “ကျွန်မကို ကယ်ဖို့ သူမကို အမိန့်မပေးခဲ့တာကြောင့် ရှင့်နောက်လိုက်ကို အပြစ်ပေးခဲ့တာလား”
ထန်ရှုက စီးကရက်တစ်လိပ်ယူထုတ်ကာ မီးညှိလျက် စိတ်မဝင်စားစွာ ပြောလိုက်သည် “မင်းက မတုံးဘူးပဲ”
ယခုမှ သူမက လုံးဝစိတ်သက်သာရာသွားခဲ့သည်။ သူမက ပြန်လှည့်ကာ အောက်ထပ်သို့ ဆင်းသွား၏။ ခြံဝင်းထဲသို့ ဆင်းလာပြီး ထန်အန်းအရှေ့တွင် ရပ်ကာ သူမက မေးလိုက်၏ “ကျွန်မကို မကယ်ခင် ရှင့်ကို အပြစ်ပေးမယ်ဆိုတာကို ရှင် သိတာလား ဒါမှမဟုတ် မသိတာလား”
“သိတယ်”
မြေပြင်ပေါ်တွင် ဒူးထောက်လျက်သာနှင့် ထန်အန်းက ပြန်ဖြေ၏။
သူတော်စင်မက အနည်းငယ် မေးငေါ့ကာ ထပ်မေးလိုက်သည် “နောက်ဆုံးမေးခွန်းပဲ။ ဘာလို့ ရှင်က ကျွန်မကို ကယ်ရတာလဲ”
“ရှင့်ကို ပထမဆုံးတွေ့လိုက်တဲ့အချိန်မှာ မိတ်ဆွေဟောင်းတစ်ယောက်နဲ့ တွေ့ရသလို ခံစားမိတယ်လို့ ပြောရင် ရှင် ယုံမှာလား”ထန်အန်းက အေးစက်စွာ ဆိုလိုက်သည်။
ဤသည်ကို ကြားပြီး သူတော်စင်မက သက်ပြင်းချလိုက်သည် “ရှင်က အမှန်တရားကို ပြေဖို့ ငြင်းပယ်တယ်ဆိုမှတော့ ကျွန်မက ရှင့်ကို ထပ်မမေးတော့ပါဘူး။ ဒါပေမယ့် ကျွန်မအသက်ကို ကယ်တဲ့ ဒီကျေးဇူးကို မှတ်ထားပါ့မယ်။ အနာဂတ်မှာ ရှင်က ကုန်းဝမ်အာရဲ့အကူအညီကို လိုအပ်တယ်ဆိုရင် ဒီအသက်ကယ်တဲ့အကြွေးကို ကျွန်မ ပြန်ဆပ်ပါ့မယ်။ နှုတ်ဆက်ပါတယ်…”
“ရှင် သွားလို့မရဘူး” ထန်အန်း၏ပုံရိပ်က ထွက်ပေါ်လာပြီး အေးစက်စွာ ပြောလိုက်၏။
သူတော်စင်မ၏အမူအရာက ပြောင်းလဲသွားကာ သူမက မေးလိုက်သည် “အမှန်တရားကို ပြောဖို့ ရှင်က ငြင်းပယ်မှတော့ ဘာလို့ ကျွန်မက မထွက်သွားနိုင်ရမှာလဲ”
ထန်အန်းက ခဏနှုတ်ဆိတ်သွားပြီးနောက် မေးလိုက်သည် “ကျွန်မ ရှင့်ကို ကျွန်မရဲ့ဆရာဆီ ခေါ်သွားဖို့ လိုတယ် ဒါမှမဟုတ် ဆရာအဖိုးပြောခဲ့သလို ရှင့်ကို ဗုဒ္ဓဂိုဏ်းကလူတွေဆီ ပေးရမယ်”
“တရုတ်က ဗုဒ္ဓဂိုဏ်းလား”ပျော်ရွှင်ခြင်းနန်းတော်သူတော်စင်မက နက်ရှိုင်းသောအသံနှင့် ပြောလိုက်၏ “ငါတို့က ဗုဒ္ဓဂိုဏ်းက တစ်ယောက်ယောက်နဲ့ တွေ့ခဲ့ရင် ပုန်းဖို့ ဒါမှမဟုတ် သူတို့ကို မရှောင်နိုင်ရင် သတ်ဖို့ နန်းတော်သခင်က အမိန့်ထုတ်ထားတာ ကြာပြီး။ ငါ့အနေနဲ့ သူတို့ကို တွေ့ဖို့ဆိုတာ မဖြစ်နိုင်ဘူး။ ပြီးတော့ ရှင့်ရဲ့ဆရာသခင်က အတိအကျဘယ်သူလဲ”