← Chapters

စမ်းသပ်ချက်တစ်ခု

Vol. 84 Ch. 1171

စမ်းသပ်ချက်တစ်ခု

Vol. 84 Ch. 1171

“ငါ့ဆရာက ဘယ်သူလဲဆိုတာ ရှင် သိပိုင်ခွင့်မရှိဘူး”ထန်အန်းက ဒူးထောက်ရင်း စိတ်မဝင်စားစွာ ပြောလိုက်သည် “ရှင် သိရမှာက ဒီနေရာမှာ နေပြီး ဆရာအဘိုးစီစဉ်ပေးတာကို စောင့်နေရုံပဲ။ ရှင့်လို ချိုမြိန်ပြီး ပူလောင်တဲ့ အားလူးတစ်ခုကို သူက မလိုချင်ဘူးဆိုရင် ကျွန်မဆရာနဲ့ တွေ့ဖို့ ရှင့်ကို ခေါ်သွားမယ်”

မယုံကြည်နိုင်မှုက သူတော်စင်မ၏မျက်နှာတွင် ပြည့်သွား၏ “မင်းရဲ့ဆရာအဘိုး…အဲဒါက ထန်ရှုလို့ ငါ့ကို မပြောဘူးမလား”

“အပေါ်တက်လာ…”

ဒုတိယထပ်ရှိ ပြတင်းပေါက်တွင် ရပ်နေရင်း ထန်ရှုက စိတ်မဝင်စားသောလေသံနှင့် ပြောလိုက်၏။

ပျော်ရွှင်ခြင်းနန်းတော်သူတော်စင်မက သူ၏စိတ်မဝင်စားသောအမူအရာအား မော့ကြည့်လိုက်ပြီးနောက် ခြံဝင်းထဲရှိ မိုအားဝူတို့အဖွဲ့အား တစ်ချက်ကြည့်လိုက်၏။ သူမက ခဏတုံ့ဆိုင်းပြီးနောက် အပေါ်ထပ်သို့ တက်ရန် ဆုံးဖြတ်လိုက်၏။

“ရှင်ဘာလိုချင်တာလဲ”

“လက်ရှိမှာ မင်းက ဒီနေရာမှာ နေပြီး ဗုဒ္ဓဂိုဏ်းရောက်လာတာကို စောင့်ရမယ်”ထန်ရှုက စိတ်မဝင်စားစွာ ပြောလိုက်သည် “သူတို့က မင်းကို တရုတ်ကို ပြန်ခေါ်သွားချင်ရင် သူတို့နောက်လိုက်သွားဖို့ ငါ မျှော်လင့်တယ်၊ ဒါပေမယ့် သူတို့က ဆန္ဒမရှိဘူးဆိုရင် ငါ မင်းရဲ့အသက်ကို ချမ်းသာပေးမယ်”

“ငါ ပျော်ရွှင်ခြင်နန်းတော်ကို ပြန်ရမယ်”သူတော်စင်မက အနည်းငယ်မခံရပ်နိုင်ဖြစ်သောလေသံနှင့် ပြန်ပြောလိုက်၏။

“မင်း ပြန်နိုင်အုံးမယ်လို့ ထင်တာလား”ထန်ရှုက မေးလိုက်သည်။

သူမက နှုတ်ဆိတ်သွားသည်။ ထန်ရှုပြောသည်မှာ မှန်ကန်မှန်း သူမက သိ၏။ သူမက ပြန်နိုင်သေးလို့လား။ သူမ ထွက်ပြေးချိန်တွင် ထန်အန်းက သူမအား ကယ်ခဲ့သည်။ အပြင်လူများက ထန်ရှု၏အဆင့်အတန်းအား မသိသော်ငြား ခီခီတာဂါဝါက ရှင်းရှင်းလင်းလင်းသိ၏။ သူမက တရုတ်ကျင့်ကြံသူအချို့နှင့် ဆက်စပ်နေသော သတင်းအား ထိုလူက ဖြန့်လိုက်လျှင် သံသယများသောနန်းတော်သခင်အနေနှင့် သူမအပေါ် ဆိုးဝါးသောရည်ရွယ်ချက်တို့ ရှိလာပေလိမ့်မည်။

ငါ ဘာလုပ်ရမလဲ။ ဒီနေရာမှာ နေပြီး သူတို့ရဲ့ညှာတာသနားတာကို စောင့်နေရမှာလား။ ဒါပေမယ့် ငါ ဘယ်နေရာကို သွားနိုင်မှာလဲ။

ပျော်ရွှင်ခြင်းနန်းတော်နှင့်ဂျပန်အာဏာပိုင်တို့ကြားတိုက်ပွဲအနိုင်ရသူကို ဆုံးဖြတ်ပြီးသည်နှင့် သူမက သူတို့၏ပထမဆုံးပစ်မှတ်ဖြစ်လာဖို့များသည်။ သူမက ဂျပန်မှ အမြန်ဆုံး မထွက်ပြေးနိုင်လျှင် သူမအား ပျော်ရွှင်ခြင်းနန်းတော်သို့မဟုတ်ဂျပန်အေဂျင်စီက ဖမ်းမိသွားပေလိမ့်မည်။

လက်ရှိတွင် သူမက ဝေခွဲမရဖြစ်နေသည်။

ထန်ရှုက အခန်းတစ်ခုထဲရှိ ဆိုဖာပေါ်သို့ ဉီးတည်လိုက်သည်။ ထိုင်ပြီးနောက် သူက ပြောလိုက်၏ “မင်းက ဘယ်လိုကံကြမ္မာမျိုးကို ရင်ဆိုင်နေရတယ်ဆိုတာ မင်း သိမယ်ထင်တယ်။ ပျော်ရွှင်ခြင်းနန်းတော်သခင်က မင်းကို မီးပြင်းဖိုတစ်ခုအဖြစ်ပဲ ရှုမြင်ထားတာ၊ အချိန်ကျလာရင် သူက မင်းကို အသုံးပြုပြီး မင်းက သေသွားလိမ့်မယ်။ လူတိုင်းက ကိုယ့်ရဲ့ကံကြမ္မာကို ကိုယ်ပဲ ထိန်းချုပ်ရမယ်ဆိုတာကို ငါ ယုံကြည်တယ်။ ဒါကြောင့် မင်း ရွေးချယ်ပါ၊ မင်း ရှေ့ဆက်မယ့်လမ်းကြောင်းကို ကောင်းကောင်းစဉ်းစားပါ”

ထိုသို့ပြောပြီးနောက် သူ့လက်ချောင်းများက လှုပ်ရှားသွားပြီး ကူဝါကိုက သူ့အရှေ့၌ လျင်မြန်စွာ ထွက်ပေါ်လာ၏။

ကူဝါကိုအား လက်ညှိုးထိုးပြရင်း ထန်ရှုက ပြောလိုက်သည် “ငါ မမှားရင် မင်းလဲ သူမကို သိမယ်မလား”

သူတော်စင်မက ကူဝါကိုအား နက်နက်ရှိုင်းရှိုင်းတစ်ချက်ကြည့်ကာ တိတ်တဆိတ် ခေါင်းညိတ်လိုက်သည်။ ထို့နောက် သူမက ပြောလိုက်၏ “ယာမာမိုတိုအိမ်တော်ရဲ့ခေါင်းဆောင်အသစ်၊ မြောက်ပိုင်းကြယ်ဓားသွားတစ်ချက်ကျောင်းရဲ့သခင်မလေး။ နန်းတော်သခင်ရဲ့အမိန့်ကြောင့်သာမဟုတ်ရင် ကူဝါကိုက မြောက်ပိုင်းကြယ်ဓားသွားတစ်ချက်ကျောင်းရဲ့ကျောင်းအုပ်ဖြစ်နေပြီ”

“ဒါတွေအားလုံး မှန်တယ်၊ ဒါပေမယ့် မင်း သူမကို လွန်ခဲ့တဲ့နှစ်နှစ်က သိခဲ့လား”ထန်ရှုက မေးလိုက်သည်။

“မသိဘူး”ကုန်းဝမ်အာက ခေါင်းခါယမ်းလိုက်သည်။

“သူမက အရင်က ဘာမှမဟုတ်ဘူး၊ ဒါပေမယ့် နှစ်နှစ်အတွင်းမှာ သူမက ယာမာမိုတိုအိမ်တော်ရဲ့ခေါင်းဆောင်နဲ့မြောက်ပိုင်းကြယ်ဓားတစ်ချက်ကျောင်းရဲ့အနာဂတ်ကျောင်းအုပ်ဖြစ်လာပြီ”ထန်ရှုက ခပ်ဖျော့ဖျော့ပြုံးလျက် ပြောလိုက်၏ “သူမမှာ အခုလို ခွန်အားမျိုးရှိနေတာအပြင် ဒါတွေအားလုံးကို ဘာကြောင့် လုပ်နိုင်တယ်လို့ မင်း ထင်လဲ”

“ဒါတွေအားလုံးက ရှင့်ကြောင့်ပဲ”ကုန်းဝမ်အာက ပြန်ဖြေ၏။

“မှန်တယ်။ ကူဝါကိုက ငါ့နောက်လိုက်ဖို့ ဆန္ဒရှိခဲ့တယ်၊ ဒါကြောင့် ဒီနေရာမှာ ဩဇာလွှမ်းမိုးသူတစ်ယောက်ဖြစ်ဖို့ လိုအပ်တဲ့ ခွန်အားကို သူမကို ငါ ပေးခဲ့တာပဲ။ ငါ့နောက်လိုက်တစ်ယောက်ဖြစ်လာတဲ့အခါ ငါ ဘယ်တော့မှ ကပ်စေးမနှဲဘူး။ ငါ ဘာဆိုသလဲဆိုတာကို မင်း နားလည်တယ်မလား”

“ငါ နားလည်ပါတယ်။ ဒါပေမယ့် မီရာဂျီက ငါ့ကို သင်ကြားပေးခဲ့တယ်။ ဘယ်နေရာ၊ ဘယ်အချိန်၊ ဘာပဲဖြစ်ဖြစ်၊ ငါ့ကိုယ်ငါ သတိပေးရမယ်၊ တောယုန်ကို မြင်တဲ့အထိ သိမ်းငှက်ကို ငါ အရှုံးမပေးရဘူး”ကုန်းဝမ်အာက ပြောလိုက်သည်။

“အဲဒီလိုလား”

ဗုဒ္ဓကျင့်ကြံခြင်းပညာရပ်တစ်ခုအား ရေးချလိုက်သည်။ ထို့နောက် ကျောက်စိမ်းပုလင်းနှစ်လုံးယူထုတ်ကာ ကုန်းဝမ်အာအရှေ့တွင် ထားပြီးနောက် ပြောလိုက်၏ “မင်းအရှေ့မှာ မြင်တွေ့နေရတာက ဗုဒ္ဓကမ္ဘာကို တက်လှမ်းစေနိုင်တဲ့ ဗုဒ္ဓကျင့်ကြံခြင်းပညာရပ်တစ်ခုပဲ။ ဒီကျောက်စိမ်းပုလင်းနှစ်လုံးကတော့ တစ်ခုစီမှာ အဆီအနှစ်စုဆောင်းဆေးနဲ့သွေးသန့်စင်ဆေးတွေ ပါဝင်တယ်”

ကုန်းဝမ်အာ၏မျက်လုံးများက မယုံကြည်နိုင်မှုနှင့်အတူ ကျုံ့သွားတော့သည်။ သူမက ခေါင်းခါယမ်းကာ ပြောလိုက်၏ “ဒါ မဖြစ်နိုင်ဘူး။ ဗုဒ္ဓကမ္ဘာကို တက်လှမ်းစေနိုင်တဲ့ ပြီးပြည့်စုံတဲ့ကျင့်ကြံခြင်းနည်းစနစ်ရှိဖို့က မဖြစ်နိုင်ဘူးလို့ မီရာဂျီကိုယ်တိုင် ပြောခဲ့တယ်။ ဒါကြောင့်ပဲ သူက ဗုဒ္ဓဆရာသခင်အဆင့်မှာ သောင်တင်နေရတာပဲ”

“ဖတ်ပြီးရင် မင်း ရှင်းရှင်းလင်းလင်း သိမှာပါ”ထန်ရှုက ပြောလိုက်သည် “ဒါပေမယ့် မဖတ်ခင် သေချာစဉ်းစားဖို့ ငါ မင်းကို အကြံပေးချင်တယ်။ ဖတ်ပြီး ဗုဒ္ဓနယ်ပယ်အထိ ကျင့်ကြံပြီးတာနဲ့ မင်း မသေချင်ဘူးဆိုရင် ငါ့နောက်ကို လိုက်ဖို့က လွဲပြီး မင်းမှာ အခြားရွေးချယ်စရာမရှိတော့ဘူး”

အမျိုးသမီးက အံကြိတ်လိုက်သည်။ သို့သော် သူမက ဗုဒ္ဓကျင့်ကြံခြင်းစာအုပ်အား ကောက်ယူလိုက်၏။ နှစ်နာရီကြာဖတ်ပြီးနောက် သူမခန္ဓာကိုယ်က အနည်းငယ် တုန်ယင်သွားသည်။ ပြင်းထန်သောမုန်တိုင်းတစ်ခုက သူမတစ်ကိုယ်လုံး စီးဆင်းလာပြီး သူမခံစားရသောတုန်လှုပ်မှုအား ဖော်ပြရန် အလွန်အမင်း ခက်ခဲသည်။

လက်ရှိတွင် သူမက မဖြစ်စလောက်ကျင့်ကြံခြင်းအဆင့်သာ ရှိသော်လည်း ဒါက ဗုဒ္ဓကျင့်ကြံခြင်းနည်းစနစ်အစစ်သို့မဟုတ်အတုလားဆိုသည်နှင့် ဘယ်ကျင့်ကြံခြင်းအဆင့်အထိ အောင်မြင်နိုင်သည်ကို သူမက ပြောနိုင်၏။

ဒါက အမှန်ပဲ။

ကုန်းဝမ်အာက ကျင့်ကြံခြင်းစာအုပ်အား ချလိုက်သည်။ ယခု သူမက ဆေးပုလင်းနှစ်လုံးအား ယူကာ မေးလိုက်သည် “အဆီအနှစ်စုဆောင်းဆေးက ကျင့်ကြံခြင်းကမ္ဘာရဲ့ကြီးကျယ်ခမ်းနားတဲ့ဆေးတစ်ခုလို့ ပြောတာ ငါ ကြားဖူးတယ်။ ဒါပေမယ့် ဆေးဖော်စပ်တဲ့နည်းက ပျောက်ဆုံးသွားပြီလို့လဲ ပြောကြတယ်၊ ဒါပေမယ့် ရှင့်မှာ ရှိနေမယ်လို့ မထင်ထားဘူး။ ဒါပေမယ့် ဒီသွေးသန့်စင်ဆေးက ဘာလဲ။ ၎င်းမှာ ဘာသက်ရောက်မှုရှိတာလဲ”

“သွေးသန့်စင်ဆေးက ရုပ်ပိုင်းဆိုင်ရာနဲ့ခန္ဓာကိုယ်တည်ဆောက်ပုံတို့ကို သန့်စင်ပေးတဲ့ဆေးပဲ။ မင်းမှာ ကောင်းမွန်တဲ့ကျင့်ကြံခြင်းအဆင့်တစ်ခုရှိတယ်ဆိုတာ ငါ သိတယ်၊ ဒါပေမယ့် မင်းရဲ့ရုပ်ပိုင်းဆိုင်ရာနဲ့တည်ဆောက်ပုံက အံ့အားသင့်စရာကောင်းလွန်းတယ်၊ ဒါက မင်းရဲ့တိုးတက်မှုကို သက်ရောက်စေတဲ့အဓိကအကြောင်းရင်းပဲ။ သွေးသန့်စင်ဆေးနှစ်လုံးသုံးစွဲတာက မင်းရဲ့ရုပ်ပိုင်းဆိုင်ရာကို နှစ်ဆပိုသန်မာစေလိမ့်မယ်”

ဂတ်…

ကုန်းဝမ်အာက ပင့်သက်မရှိုက်ဘဲ မနေနိုင်ပေ။

ခွန်အားနှစ်ဆလား။

ငါ့ရဲ့ရုပ်ပိုင်းဆိုင်ရာကို မြှင့်တင်ပေးတဲ့ ဘယ်လိုလျှို့ဝှက်ပညာရပ်တစ်ခုကိုမှ လေ့ကျင့်ဖို့ မီရာဂျီက ခွင့်မပြုခဲ့တာကြောင့် ငါက တကယ်ကို ရုပ်ပိုင်းဆိုင်ရာနဲ့တည်ဆောက်ပုံသန့်စင်မှုကင်းမဲ့နေတာပဲ။ ဒါက ငါ့ရဲ့ရုပ်ပိုင်းဆိုင်ရာခွန်အားက ပျော်ရွှင်ခြင်းနန်းတော်ရဲ့အခြားအဆင့်နိမ့်တပည့်တွေနဲ့ ယှဉ်ရင် ပိုမိုဆိုးဝါးနေရတဲ့အကြောင်းပြချက်ပဲ။

ဒါပေမယ့် သွေးသန့်စင်ခြင်းဆေးနှစ်လုံးက ငါ့ရဲ့ရုပ်ပိုင်းဆိုင်ရာခွန်အားကို နှစ်ဆတိုးစေနိုင်မယ်ဆိုတော့။ ဒါက အလွန်ကြောက်စရာကောင်းတဲ့သက်ရောက်မှုတစ်ခုပဲ။

ထန်ရှုက စီးကရက်တစ်လိပ်ထုတ်ကာ ဖွာရှိုက်ရင်း ကုန်းဝမ်အာ၏အဖြေအား စောင့်နေသည်။ သူ့တွင် အစီအစဉ်တစ်ခုရှိသောကြောင့် သူမအား သူ့နောက်လိုက်ဖြစ်စေချင်သည်။ တစ်ခုက သူမ၏ခန္ဓာကိုယ်တည်ဆောက်ပုံကြောင့်ဖြစ်ပြီး အခြားတစ်ခုက သူမထံမှ အကူအညီအချို့ ရနိုင်သောကြောင့်ပင်။

ဉပမာအားဖြင့် ပျော်ရွှင်ခြင်းနန်းတော်အား ဖယ်ရှားသုတ်သင်သည့်တိုက်ပွဲ။ နောက်ဉပမာတစ်ခုအနေဖြင့် သူမက ဗုဒ္ဓကမ္ဘာသို့ တက်လှမ်းနိုင်သည်နှင့် ထိုနေရာတွင် သူက သူလျှိုတစ်ယောက်အား ထည့်ထားနိုင်သည်။ အနာဂတ်တွင် အင်မော်တယ်ကမ္ဘာသို့ တက်လှမ်းပြီးနောက် သူက ဗုဒ္ဓကမ္ဘာမှ လူများနှင့် ရင်ဆိုင်ရမည်မှာ ရှောင်လွှဲလို့မရပေ၊ ထို့ကြောင့် ထိုနေရာတွင် သူလျှိုထည့်ထားရန် မရှိမဖြစ်လိုအပ်သည်။

နောက်ဆုံးတွင် ကုန်းဝမ်အာက ကူဝါကိုအား တစ်ချက်ကြည့်ပြီးနောက် ပြတ်သားသောအမူအရာနှင့် ပြောလိုက်၏ “ကျွန်မ ရှင့်ကို ကတိပေးတယ်”

ထန်ရှုက လက်မထောင်ကာ ချီးကျူးလိုက်သည် “အခြေအနေနဲ့အချိန်အခါကို နားလည်တဲ့သူတွေက ဉာဏ်ကောင်းတဲ့သူတွေပဲ။ မင်းက ငါနဲ့ လာဆုံတွေ့ခဲ့တယ်၊ ဒါက မင်းဘဝအတွက် ကြီးကျယ်ခမ်းနားတဲ့အခွင့်အလမ်းကောင်းပဲ။ ကောင်းပြီလေ၊ ငါ့မှာ မင်းအတွက် စမ်းသပ်မှုတစ်ခုရှိတယ်၊ အဲဒါကို အောင်မြင်ရင် မင်းက ငါ့ထန်ဂိုဏ်းရဲ့တပည့်ဖြစ်ဖို့ အရည်အချင်းမှီမယ်”

“ဘာစမ်းသပ်ချက်လဲ”ကုန်းဝမ်အာက ၎င်းအား ခန့်မှန်းမိပုံပေါ်သော်ငြား သူမက မေးလိုက်သေး၏။

“ငါက ပျော်ရွှင်ခြင်းနန်းတော်ကို အမြစ်ဖြုတ်ပြီး နန်းတော်သခင်ကို သတ်ချင်တယ်”ထန်ရှုက ရှင်းပြလိုက်၏ “ဒါပေမယ့် ဒါက ပထမဆုံးခြေလှမ်းပဲ၊ ဒုတိယက ဗိုလ်ချုပ်ဖူခူဒါလက်အောက်ကကျွမ်းကျင်သူတွေအားလုံးကို ဖျက်ဆီးရမယ်”

“ရှင်က သူတို့နဲ့ ရန်ငြိုးရှိတာလား။ ရှင့်ရဲ့ရည်ရွယ်ချက်က အတိအကျ ဘာလဲ”ကုန်းဝမ်အာက မေးလိုက်သည်။

“ထန်ရှုက ကူဝါကိုအား လက်ညှိုးထိုးကာ ပြောလိုက်သည် “သူမက ဂျပန်မှာ အန္တိမတည်ရှိမှုဖြစ်ဖို့လိုအပ်တယ်။ သူမရဲ့စကားနဲ့အပြုအမူတိုင်းက ဒီတိုင်းပြည်ရဲ့ကံကြမ္မာကို ဆုံးဖြတ်ပေးနိုင်ရလိမ့်မယ်”

ကုန်းဝမ်အာက မတုန်လှုပ်ဘဲ မနေနိုင်ပေ၊ ထန်ရှု၏စကားများအပေါ် သူမက ကြောက်ရွံ့တုန်မိသည်။ သူက တကယ်ပဲ ဂျပန်ကို ထိန်းချုပ်ချင်တာလား။

“ဂိုဏ်းချုပ်…”

ကုန်းဝမ်အာက ထန်ရှုအား ရိုသေလေးစားစွာ ဉီးညွှတ်လိုက်သည်။

“မဟုတ်ဘူး။ လက်ရှိမှာ ငါ့ကို အဲလိုခေါ်ပိုင်ခွင့်က မင်းမှာ မရှိသေးဘူး၊ ပျော်ရွှင်ခြင်းနန်းတော်နဲ့ဗိုလ်ချုပ်ဖူခူဒါရဲ့အဖွဲ့တစ်ခုလုံးကို မဖျက်ဆီးရသေးသရွေ့ပေါ့” ထန်ရှုက ခေါင်းခါယမ်းလိုက်သည် “အဲဒီမတိုင်ခင်တော့ မင်း ငါ့ကို သူဌေးလို့ ခေါ်ရမယ်”

“နားလည်ပါပြီ၊ သူဌေး…”

သူမက ရိုသေလေးစားစွာ ပြန်ဖြေလိုက်သည်၊ သို့သော် ထိုသို့ ပြောပြီးနောက် သူမက တုံ့ဆိုင်းသွားခဲ့သည်။ ထို့နောက် သူမက မေးလိုက်၏ “ဒါပေမယ့် သူဌေး…ရှင်က တကယ်ပဲ နန်းတော်သခင်ကို သတ်ချင်တာလား။ ရှင်…လုပ်နိုင်…”

ထန်ရှုက သူမအား ကြားဖြတ်ပြောလိုက်သည် “ငါက ပျော်ရွှင်ခြင်းနန်းတော်သခင်နဲ့ ဘာရန်ငြိုးမှ မရှိဘူး။ သူ့ကို သတ်ဖို့ ငါ့မှာ ဘာအကြောင်းပြချက်တစ်ခုမှ မရှိဘူး၊ ဒါပေမယ့် သူက ဗုဒ္ဓဂိုဏ်းရဲ့ဝရမ်းပြေးတစ်ယောက်ပဲ။ ငါ သူ့ကို မသတ်ရင်တောင် ဗုဒ္ဓဂိုဏ်းက မကြာခင်ရောက်လာတော့မှာ၊ သူ့အတွက် သေလမ်းပဲ ရှိတယ်”

ဗုဒ္ဓဂိုဏ်းလား…

ကုန်းဝမ်အာက နှုတ်ဆိတ်သွားသည်။ မီရာဂျီနှင့်ဗုဒ္ဓဂိုဏ်းအကြား နက်ရှိုင်းသောရန်ငြိုးအား သူမ သိထားသည်မှာ ကြာလေပြီ၊ သို့သော် ထိုလူက တရုတ်ရှိဗုဒ္ဓဂိုဏ်း၏ဝရမ်းပြေးအကြွင်းအကျန်တစ်ယောက်ဖြစ်နေမည်ဟု သူမက နည်းနည်းလေးတောင် မမျှော်လင့်ထားခဲ့ပေ။

ထန်ရှုက ထရပ်ပြီး ကူဝါကိုနှင့်ကုန်းယန်အာတို့ကို ဉီးဆောင်ကာ ခြံဝင်း၏ပထမအထပ်သို့ လျှောက်သွားသည်။ ထိုနေရာတွင် ထိုင်နေသော ထန်အန်းအား မြင်ပြီးနောက် သူက ပေါ့ပေါ့ပါးပါး ပြောလိုက်သည် “ဒါက မင်းရဲ့ပထမဆုံးနဲ့နောက်ဆုံးမနာခံမှုဖြစ်ပါစေ။ ငါ ဒုတိယအကြိမ်ကို မလိုချင်ဘူး…”

“နားလည်ပါပြီ”ထန်အန်းက ခေါင်းညိတ်ပြလိုက်သည်။

“ဒါနဲ့ ငါ အဲနေရာရဲ့အနေအထားကို သိဖို့လိုတယ်”ထန်ရှုက ထပ်ပြော၏ “ကူဝါကို၊ မင်းရဲ့ရုပ်ရည်ကို ထပ်ပြောင်းပြီး သတင်းစုံစမ်းဖို့ မင်းရဲ့လူတွေနဲ့အတူ အဲကို သွား”

“နားလည်ပါပြီ…”

ကူဝါကိုက ပြန်ဖြေကာ ခြံဝင်းထဲမှ လျင်မြန်စွာ ထွက်ခွာသွားသည်။

“ပြီးတော့ အန်း၊ အဲနေရာက တိုက်ပွဲက ပြီးသွားပြီး အနိုင်ရသူထွက်ပေါ်လာရင် မြို့တော်ရဲ့လက်ရှိအနေအထားက ဝရုန်းသုန်းကားဖြစ်လာလိမ့်မယ်။ ကူဝါကိုက သူမရဲ့အသွင်အပြင်ကို ပြောင်းလဲထားတယ်ဆိုပေမယ့် သူမကို မျက်စိမပြတ်စောင့်ကြည့်သူတွေ ရှိနေနိုင်တယ်။ မင်း သူမနောက် လိုက်သွားပြီး ထူးခြားတဲ့အခြေအနေတစ်ခု ကြုံတွေ့လာတာနဲ့ သူမကို ချက်ချင်း ခေါ်ထုတ်လာခဲ့ပါ”

“သိပါပြီ…”ထန်အန်းက ရိုသေလေးစားစွာ ပြန်ဖြေသည်။

ထန်အန်း ထွက်သွားပြီးနောက် မိုအားဝူက ထန်ရှုဘေးနားလျှောက်လာကာ တီးတိုးပြောလိုက်၏ “မင်း တစ်ခု မေ့နေတာလား၊ ဂိုဏ်းချုပ်”

“အာ။ ဘာများလဲ”ထန်ရှုက မေးလိုက်သည်။

“ငါ မှတ်မိတာ မှန်ရင် ဂိုဏ်းချုပ်က ဖုန်းကို သိုလှောင်လက်စွပ်ထဲ ထည့်ထားပုံပဲ”မိုအားဝူက ပြောလိုက်သည်။

ထန်ရှုက ခဏမှင်တက်သွားသည်။ ဗုဒ္ဓဂိုဏ်းမှလူများက သူ့အား ဖုန်းခေါ်ရန် စောင့်နေသေးသည်ကို သူက သတိရလိုက်၏။ သိုလှောင်လက်စွပ်မှ ဖုန်းအား ယူထုတ်ပြီးနောက် သူက စစ်ဆေးလိုက်ပြီး ခန်းရှပို့ထားသည့် စာတစ်ကြောင်းကိုသာ တွေ့ရှိလိုက်၏-

“သူဌေး၊ ဒါကို ဖတ်ပြီးရင် ချက်ချင်း ဖုန်းပြန်ခေါ်ပေးပါ”

All Chapters