အားနည်းခြင်း
Vol. 84 Ch. 1173
ကုန်းဝမ်အာက ချီတုံချတုံဖြစ်သွားပြီးနောက် မေးလိုက်သည် “ဗုဒ္ဓဂိုဏ်းကလူတွေကို သူဌေးက သွားခေါ်မှာလား”
“ဟုတ်တယ်”ထန်ရှုက ခေါင်းညိတ်လိုက်သည်။
“သူဌေးနောက်လိုက်ဖို့ ရွေးချယ်ခဲ့တယ်၊ ဒါကြောင့် သူဌေးက ကျွန်မကို ထိခိုက်အောင်မလုပ်ဘူးလို့ ကျွန်မ ယုံတယ်”ကုန်းဝမ်အာက ပြောလိုက်၏ “ဒါပေမယ့် ကျွန်မက ဒီအတိုင်းသွားရင် လူအချို့က ကျွန်မကို မှတ်မိနေလိမ့်မယ်။ အဲလိုဆိုရင် ပြဿနာတွေဖြစ်လာမှာ သေချာတယ်”
ထန်ရှုက ပြုံးကာ သူ့မျက်နှာကြွက်သားများအား ပြောင်းလဲလိုက်သည်။ များမကြာမီ သူ့အသွင်အပြင်က ယခင်နှင့် ကွဲပြားသွား၏။ ထို့နောက် ထန်ရှုက ဤရုပ်ပြောင်းရုပ်လွှဲပညာအား ကုန်းဝမ်အာကို သင်ကြားပေးလိုက်၏။
မိနစ်အနည်းငယ်ကြာပြီးနောက် နှစ်ယောက်သား ခြံဝင်းထဲမှ ထွက်လာခဲ့သည်။ ခြံဝင်းထဲရှိ ကူဝါကိုလူများအား သတိမပြုမိစေလိုသောကြောင့် သူတို့က မျက်နှာဖုံးတပ်ထား၏။
“ထန်အန်းက ဘယ်မှာလဲ”သူ့နား ကပ်လာသော ထန်ကွမ်းအား ကြည့်ရင်း ထန်ရှုက မေးလိုက်သည်။
“ရွှယ်ရှနဲ့ဟေးရှောင်တို့ အလွဲလွဲအချော်ချော်ဖြစ်မှာကို စိတ်ပူတဲ့အတွက် သူမ လိုက်သွားတယ်”ထန်ကွမ်းက ဖြေလိုက်၏။
****
အနီးနားရှိ လမ်းကြားထဲတွင် ဘေ့စ်ဘောဘတ်တံများနှင့် တက်တူးထိုးထားသည့် လူငယ်ခုနှစ်ယောက်က အမျိုးသားတစ်ယောက်နှင့်အမျိုးသမီးတစ်ယောက်တို့အား ဝိုင်းရိုက်နှက်နေကြသည်၊ နားဆွဲတပ်ကာ အနက်ရောင်သားရေကုတ်အင်္ကျီနှင့် ဆံနီလူငယ်တစ်ယောက်က ကောင်းကင်သို့ မော့ကြည့်နေလေသည်။
“ငါတို့ကို မရိုက်ပါနဲ့၊ ငါ မင်းကို တောင်းပန်ပါတယ်။ ငါ ပိုက်ဆံပြန်ပေးပါ့မယ်၊ ကျေးဇူးပြုပြီး ငါ့ကို နောက်ထပ်သုံးရက်အချိန်ပေးပါ။ အတိုးရောအရင်းရော ငါ မင်းကို ပေးပါ့မယ်။ ကျေးဇူးပြုပြီး…”ရိုက်နှက်ခံနေရသောလူက အမျိုးသမီးအား ပွေ့ဖက်ရင်း သူမခန္ဓာကိုယ်အား အသုံးပြုကာ ဘေ့စ်ဘောရိုက်တံအား တားဆီးလိုက်သည်။
“အရမ်းကောင်းတယ်”
ဆံနီလူငယ်က လက်ထဲရှိ စီးကရက်ဖင်အား တောက်ထုတ်လိုက်သည်။ အခြားလူငယ်ခုနှစ်ယောက်က သူ့အတွက် လမ်းဖွင့်ပေးလိုက်ပြီး သူက ရိုက်နှက်ခံထားရသောစုံတွဲထံ ဖြည်းဖြည်းချင်း လျှောက်သွား၏။ သူက အမျိုးသမီးအား ဘေးသို့ ကန်ထုတ်လိုက်ပြီးနောက် ပြောလိုက်သည် “အကြွေးပေးတယ်ဆိုတာ သဘာဝနိယာမတစ်ခုပဲ၊ ဒါပေမယ့် သုံးရက်အချိန်တိုးပေးဖို့ မင်း ငါ့ကို တောင်းဆိုတာ ဒါက စတုတ္ထအကြိမ်ပဲ။ ငါက မင်းကို ယုံကြည်အုံးမယ်လို့ ထင်နေတာလား”
အမျိုးသားက မျက်နှာဖူးယောင်လျက် ကြိုးစားထရပ်၏။ သူက ဆံနီလူငယ်ရှေ့တွင် ဒူးထောက်ကာ တောင်းပန်လိုက်သည် “အရင်က အကြွေးရဲ့တစ်စိတ်တစ်ပိုင်းကို ပြန်ပေးခဲ့ပေမယ့် မင်းရဲ့အတိုးက မြင့်မားလွန်းတယ်။ အဲလောက်အများကြီးကို ငါ တစ်ခါတည်း ဘယ်ပေးနိုင်ပါ့မလဲ”
“ဒါ မင်းကိစ္စ၊ ငါ့ကိစ္စမဟုတ်ဘူး”ဆံနီလူငယ်က နှာခေါင်းရှုံ့လိုက်သည်။
ထိုလူ၏မျက်နှာက အပြင်းအထန်ဖြစ်သွားတော့၏။ လူငယ်က သူ့လက်ကောက်ဝတ်မှ ဓားမြှောင်တစ်လက်ဆွဲထုတ်လိုက်သည်ကို မြင်ပြီးနောက် သူက နောက်ဆုံးတွင် အော်ပြောလိုက်၏ “ဟီဒါရီကျူဂျွန်၊ ကျေးဇူးပြုပြီး ငါ့ကို သုံးရက်ပဲ ထပ်ပေးပါ၊ မင်းပိုက်ဆံကို ရအောင် ငါ သေချာပေါက် လုပ်ပေးပါ့မယ်။ ငါ့ဇနီးကို အပေါင်အနေနဲ့ ငါ မင်းကို ပေးလိုက်မယ်။ သူမက မင်းဆီမှာ သုံးရက်တိတိ ခစားပေးလိမ့်မယ်၊ လုရခိုးရရင်တောင် သုံးရက်အတွင်း ငါ မင်းကို ပိုက်ဆံလာပေးပါ့မယ်။ မင်း…ဘယ်လိုထင်လဲ”
စိတ်ပျက်အားငယ်မှုက လဲကျသွားသောအမျိုးသမီး၏မျက်နှာပေါ်တွင် သိသာထင်ရှားလာလေသည်။ ရိုက်နှက်မှုက ပြင်းထန်ပြီး သူမအား ဒဏ်ရာအပြင်းအထန်ရစေသည်၊ သူမယောကျ်ား၏စကားများက သူမအား ပိုဆိုးသွားစေပြီး သူမက သွေးတစ်ပွက်အန်မိ၏။
ဆံနီလူငယ်က သူမအား တစ်ချက်ကြည့်ကာ စိတ်မဝင်စားစွာ ပြောလိုက်သည် “ကောင်းပြီလေ၊ ငါ မင်းကို သုံးရက်ထပ်ပေးမယ်၊ ဒီဆယ်လီမလေးက ငါ့ကို ခစားတာကို လိုချင်ပေမယ့် အဲဒီသုံးရက်မှာ ဒီအမျိုးသမီးကို ငါ မထိဘူး။ ဒါပေမယ့် သုံးရက်ကြာလို့ မင်း ငါ့ကို ပိုက်ဆံမပေးရင် ငါ မင်းရဲ့ဇနီးကို လိင်ဆက်ဆံပြီးရင် သူမကို ရောင်းချလိုက်မယ်။ ဧည့်သည်တွေကို ဝန်ဆောင်မှုပေးပြီး သူမက ငါ့အတွက် ပိုက်ဆံတွေ ရှာပေးနိုင်မှာပါ။ ဒါပေမယ့် သူမရဲ့ရုပ်ရှင်ရိုက်တဲ့အသက်မွေးဝမ်းကြောင်းလုပ်ငန်းကိုတော့ ငါ ခွင့်ပြုအုံးမှာပါ”
“ကောင်းပါပြီ၊ ကောင်းပါပြီ၊ ကောင်းပါပြီ။ ငါ မင်းပြောသလို လုပ်ပါ့မယ်”
ထိုလူက အကြိမ်ပေါင်းမရေမတွက်များစွာ ခေါင်းညိတ်လိုက်လေသည်။
လမ်းကြားမှ ဆယ်မီတာအကွာတွင် ထန်ရှုနှင့်ကုန်းဝမ်အာက ငြိမ်သက်စွာ ရပ်နေသည်။ ထိုစုံတွဲအရိုက်အနှက်ခံနေရသည်မှ ထိုဆံနီလူငယ်နှင့်ညှိုနှိုင်းပြီးသည့်အထိ သူတို့က အစအဆုံး မြင်တွေ့ခဲ့ရသည်၊။ အတွေ့အကြုံများသောလူတစ်ယောက်ဖြစ်သော်ငြား သတ်ဖြတ်လိုစိတ်က ထန်ရှုနှလုံးသားထဲ၌ မွေးဖွားလာသည်၊ သို့သော် ဆံနီလူငယ်ကိုတော့ မဟုတ်၊ ထိုလူကိုသာ။
သူ့ရဲ့အကြွေးကို ပေးဖို့ ဇနီးကို အသုံးပြုခဲ့တာလား။ ဒီသတ္တဝါက လူတစ်ယောက်လို့ ခေါ်ဖို့တောင် မထိုက်တန်ဘူးပဲ။ သူက ဒီကမ္ဘာမှာ ဆက်ရှိမနေသင့်ဘူး။
သူမက သေသည်ဖြစ်စေ၊ ရှင်သည်ဖြစ်စေ၊ ဤလူက သူ့ဇနီးအား ဘယ်တော့မှ ဂရုမစိုက်သည်ကို ထန်ရှုက ပြောနိုင်သည်။ နောက်သုံးရက်ပြည့်ပြီးနောက် ဒင်းက ဘယ်တော့မှ အကြွေးပြန်လာဆပ်မည့်မဟုတ်ပေ။
“မင်း ဘယ်လိုထင်လဲ”
ထန်ရှုက ကုန်းဝမ်အာအား တစ်ချက်ကြည့်ကာ စူးစမ်းလိုက်သည်။
စိတ်အနှောင့်အယှက်မဖြစ်လျက် ကုန်းဝမ်အာက ခေါင်းခါယမ်းကာ ပြောလိုက်သည် “ဒီလိုလူတစ်ယောက်ကို လက်ထပ်မိတာ၊ ဒီလိုသနားစရာကောင်းတဲ့ဘဝတစ်ခုကို ပိုင်ဆိုင်နေရတာ ဒီအမျိုးသမီးက အနည်းငယ်သနားစရာကောင်းတယ်လို့ ငါ ထင်မိရုံပါပဲ။ သေချာတာကတော့ ဒီကမ္ဘာမှာ ရှင်သန်နေထိုင်တဲ့လူတိုင်းက အားနည်းသူတွေက သန်မာသူတွေအတွက် လွယ်ကူတဲ့သားကောင်ဖြစ်တဲ့လူအဖွဲ့အစည်းနဲ့ လိုက်လျောညီထွေနေရမှာပဲ။ ဒါက ဉပဒေပဲ၊ မြို့မှာပဲဖြစ်ဖြစ်တောမှာပဲဖြစ်ဖြစ် အတူတူပဲ”
“….”
“…”
ကုန်းဝမ်အာအား မေးလိုက်မိသည့်အပေါ် ထန်ရှုက နောင်တရသလို ဖြစ်သွား၏။ သူမ၏အဖြေက လူမဆန်သောလူယုတ်မာအချို့အား မေးလိုက်ရသလိုပင်။ သို့သော် သူမဖြတ်သန်းခဲ့ရသည့်ပတ်ဝန်းကျင်အား သတိရပြီးနောက် သူက စိတ်ထဲ၌ သက်ပြင်းချမိသည်။ သူမက သူ့နောက်လိုက်ပြီး သူ့အတွက် အလုပ်လုပ်ပေးလျှင်ပင် သူက ဤအမျိုးသမီးအား ယုံကြည်စိတ်ချရသောနောက်လိုက်အဖြစ် သတ်မှတ်လို့မရနိုင်သည်ကို ယခုမှ သဘောပေါက်သွား၏။
“သွားကြစို့”ထန်ရှုက ရှေ့သို့ လှမ်းလိုက်သည်။
ကုန်းဝမ်အာက သူ့နောက်မှ လိုက်လာကာ တီးတိုးပြောလိုက်၏ “ရှင်က သူတို့ကို ကူညီချင်တာလား”
“သူတို့မဟုတ်ဘူး၊ အမျိုးသမီးကိုပဲ”ထန်ရှုက ခပ်ဖျော့ဖျော့ ပြောလိုက်သည်။
“ဒါက ရှင် နေ့တိုင်းတွေ့နေကြဖြစ်ရပ်ပဲ။ ရှင်က နေရာတိုင်းမှာ သနားစရာကောင်းတဲ့အမျိုးသမီးတွေကို တွေ့နိုင်တာပဲ။ ရှင်က လူတိုင်းကို မကယ်နိုင်ဘူးလေ”
ထန်ရှု၏ခြေလှမ်းက ရပ်တန့်သွားပြီး သူ့မျက်လုံးများက သူမအား စိုက်ကြည့်ကာ သူက နက်ရှိုင်းသောအသံနှင့် ပြောလိုက်၏ “ငါက သူတော်စင်တစ်ယောက်မဟုတ်သလို နတ်ဘုရားတစ်ယောက်လဲ မဟုတ်ဘူး၊ ငါက လူတိုင်းကို မကူညီနိုင်ဘူး။ ဒါပေမယ့် ငါ့မှာ စွမ်းရည်ရှိတယ်ဆိုရင် ငါနဲ့ ဆုံတွေ့တဲ့ ဘယ်လိုသနားစရာကောင်းတဲ့ပုဂ္ဂိုလ်ကိုမဆို ကူညီဖို့ ဆန္ဒရှိတယ်။ ကြမ်းတမ်းတဲ့ခရီးလမ်းမှာ လူသားတွေက တစ်ယောက်ကိုတစ်ယောက် ကူညီရမယ်လို့ တရုတ်မှာ ဆိုရိုးတစ်ခုရှိတယ်”
“လူကြီးလူကောင်းတစ်ယောက်ရဲ့တရားမျှတမှုတဲ့လား၊ ဟမ့်”ကုန်းဝမ်အာက မေးလိုက်သည်။
ထန်ရှုက ပြန်လှည့်ကာ ရှေ့သို့ ထပ်တက်လိုက်သည်။ “ဒါက ကျဉ်းမြောင်းလွန်းတဲ့အမြင်တစ်ခုပဲ။ ငါနဲ့ ဆုံတွေ့တဲ့ သနားစရာကောင်းတဲ့ပုဂ္ဂိုလ်တွေကို ကယ်ဆယ်ဖို့ ငါ့မှာ ရည်ရွယ်ချက်ကောင်းတစ်ခုပဲရှိတယ်။ အနာဂတ်မှာ မင်းရဲ့ကျင့်ကြံခြင်းကို ရှေ့ဆက်တိုးချင်တယ်ဆိုရင် အလွန်သန်မာတဲ့စိတ်အခြေအနေနဲ့နှလုံးသားကို လိုအပ်တယ်။ ကောင်းမွန်တဲ့အကျင့်စရိုက်တွေက ငါ့လက်အောက်ကလူတွေဆီမှာ ရှိရမယ့် အောက်ဆုံးအခြေအနေပဲ”
ကောင်းမွန်တဲ့စိတ်ထားလား။
ထန်ရှု၏စကားလုံးများက သူမနှလုံးသားထဲ၌ ပဲ့တင်ထပ်သွား၏။
ဤမတိုင်ခင်တုန်းက ကျင့်ကြံခြင်းက ပြင်းထန်သောရေစီးကြောင်းနှင့် ဆန့်ကျင်ကာ လှေတစ်စီးရွက်လွှင့်သည့်သဘောဟုသာ သူမက နားလည်ထားသည်၊ သူတို့က ရှေ့မတိုးနိုင်လျှင် နောက်တွင် သေချာပေါက် ကျန်ရစ်ပေမည်။ ကမ္ဘာကြီးကို လူသားအချင်းချင်းဝါးမျိုရာနေရာတစ်ခုဟု သူမက အမြဲတမ်းသတ်မှတ်ယူဆထားသည်။ သူမ၏ကျင့်ကြံခြင်းအဆင့်က နိမ့်ကျလျှင် သူမက အခြားသူများ၏လက်ထဲ၌ သေသွားနိုင်သည်။
ထို့နောက် ထန်ရှုက လမ်းဘေးဂန်းစတားများအရှေ့သို့ လျှောက်လာသည်။ သူ့မျက်လုံးများက အမျိုးသမီး၏မျက်ရည်စိုရွှဲသောမျက်နှာပေါ်သို့ ရိုက်ခတ်သွား၏၊ ထို့နောက် သူက ဆံနီလူငယ်အား ကြည့်ကာ ပေါ့ပေါ့ပါးပါး ပြောလိုက်သည် “ငါ့မျက်နှာကို ထောက်ထားပြီး သူမကို သွားခွင့်ပေးနိုင်မလား”
အမျိုးသမီးက မော့ကြည့်လိုက်သည်။ မျက်လုံးထဲတွင် မျက်ရည်များ ဖုံးလွှမ်းနေသော်လည်း ခပ်ဖျော့ဖျော့မျက်ရည်များမှတစ်ဆင့် သူမက မျက်နှာဖုံးတပ်ထားသောထန်ရှုအား မြင်နိုင်သေး၏။
ဆံနီလူငယ်က စီးကရက်တစ်လိပ်ယူထုတ်ကာ မီးညှိလိုက်သည်။ နှစ်ဖွာရှိုက်ပြီးနောက် သူက အမူအရာအရုပ်ဆိုးစွာနှင့် မေးလိုက်၏ “အခြားသူတွေရဲ့ကိစ္စမှာ ဝင်ပါတဲ့သူတွေက ပျက်ဆီးကိန်းကြုံရစမြဲပဲ၊ မစ္စတာ။ မင်းက အဲဒါကို သိသင့်တယ်။ မင်းက ဒီနေရာမှာ ဝင်ပါချင်တယ်ဆိုရင် နောက်ဆက်တွဲကို ရင်ဆိုင်နိုင်မှာလား”
“ငါက အလုပ်များတဲ့လူတစ်ယောက်ပဲ၊ ဒါပေမယ့် မင်းက ငါနဲ့ လာတွေ့နေမှတော့ ငါက ဆက်လုပ်ရမှာပဲ”ထန်ရှုက ပြောလိုက်သည် “အဲဒီလူက မင်းဆီမှာ ပိုက်ဆံအကြွေးတင်နေတာလားဘာလားဆိုတာ ငါ ဂရုမစိုက်ဘူး၊ ဒါပေမယ့် အဲဒါက ဒီအမျိုးသမီးနဲ့ ဘာမှ မဆိုင်ဘူး။ မင်းက ဒီလူကို သတ်မယ်ဆိုရင်တောင် ငါ ဂရုမစိုက်ဘူး”
ထန်ရှု၏မှတ်ချက်ကို ကြားပြီး ထိုလူက ဒေါသထွက်သွားကာ အော်ပြောလိုက်၏ “မင်းက ဘယ်သူလဲ၊ မင်းက ဘယ်နေရာက လာတာလဲ။ ထွက်သွားစမ်း၊ ဒါ့က ငါ့ကိစ္စ၊ မင်းအလုပ်မဟုတ်ဘူး”
ထန်ရှု၏နှလုံးသားထဲရှိ သတ်ဖြတ်လိုစိတ်က ပိုမိုပြင်းထန်သွား၏၊ သို့သော် သူက ထိုလူအား လစ်လျူရှုလိုက်၏။ သူက ဆံနီလူငယ်အား ကြည့်ကာ ပြောလိုက်သည် “အကြွေးတိုင်းမှာ သက်ဆိုင်ရာမြီစား(ကြွေးချေးယူသူ)ဆိုတာ ရှိတယ်။ ဒီလူက မင်းဆီက ပိုက်ဆံ ချေးခဲ့တယ်၊ ဒါပေမယ့် သူက အဲဒါက ဒီအမျိုးသမီးနဲ့ ဆပ်မယ်ပေါ့။ ဒါက တရားလွန်လွန်းတယ်လို့ မထင်ဘူးလား။ မင်းက ဂန်းစတားတစ်ယောက်ဖြစ်ပြီး မြေအောက်ဂိုဏ်းတွေရဲ့အဖွဲ့ဝင်တစ်ယောက်ဆိုရင်တောင် ငါတို့ကမ္ဘာရဲ့ဓလေ့ထုံးတမ်းကို မင်း သိသင့်တယ်”
ဆံနီလူငယ်က အင်္ဂလိပ်ဘာသာစကားနှင့် ကျွမ်းကျင်စွာ ပြောလိုက်သည် “မင်းပြောခဲ့တာတွေအရ ငါ မင်းကို ထွက်သွားစေချင်တယ်။ ဒါပေမယ့် နောက်ဆုံးအနေနဲ့ ငါ မင်းကို တစ်ခုပြောပါရစေ၊ လွန်ခဲ့တဲ့နှစ်အနည်းငယ်ကဆိုရင်တော့ မင်းရဲ့စကားတွေကြောင့် ငါ သူမကို သွားခွင့်ပေးချင်ပေးနိုင်တယ်။ ဒါပေမယ့် လက်ရှိမှာ ပိုက်ဆံကပဲ ငါ့အတွက် အရာရာပဲ။ ထွက်သွားပါ”
“အဲဒါ ဘယ်လောက်လဲ”ထန်ရှုက မေးလိုက်သည်။
ဆံနီလူငယ်က ထန်ရှုအား အံ့အားသင့်သောအကြည့်နှင့် တစ်ချက်ကြည့်ကာ သူ့အား ခေါင်းမှခြေဖျားအထိ အကဲဖြတ်ပြီးနောက် မေးလိုက်သည် “မင်းက သူတို့အတွက် ဆပ်ပေးချင်တာလား”
“ဘယ်လောက်လဲ”ထန်ရှုက ထပ်မေးလိုက်သည်။
“ဆယ်သန်း…”
“ဂျပန်ယန်လား”ထန်ရှုက ပေါ့ပေါ့ပါးပါးနှင့် မေးလိုက်၏။
“ဟုတ်တယ်”လူငယ်က ခေါင်းညိတ်လိုက်သည်။
သံသယဖြစ်နေသောလူအား ရွံရှာစက်ဆုပ်စွာ ကြည့်လျက် ထန်ရှုက နှာခေါင်းရှုံ့လိုက်သည် “ဟေး၊ မင်းက ဘယ်လိုအရှုံးသမားတစ်ယောက်လဲ။ ယန်ဆယ်သန်းဒါမှမဟုတ်ဒေါ်လာတစ်သိန်းလောက်နဲ့ မင်းက မင်းဇနီးကို ရောင်းနိုင်တာလား။ မင်းက တကယ်ကို အမှိုက်ပဲ၊ ကမ္ဘာမြေရဲ့အရင်းအမြစ်ကို ဖြုန်းတီးတဲ့ကောင်ပဲ”
ထိုသို့ပြောပြီးနောက် သူက ဆံနီလူငယ်အား ပြန်ကြည့်ကာ စိတ်မဝင်စားစွာ ပြောလိုက်သည် “မင်းက ဒီအမှိုက်ကို ငါ့အတွက် သတ်ပေးမယ်ဆိုရင် ငါ မင်းကို ဒေါ်လာနှစ်သိန်းပေးမယ်”
“အဆင်ပြေတယ်”
လူငယ်၏မျက်လုံးထဲတွင် အေးစက်စက်အလင်းတစ်ခု လက်သွား၏။ သူ့အသံက ပျောက်ကွယ်သွားသည့်အခိုက်တွင် သူက စီးကရက်ဖင်အား ထိုလူ၏မျက်နှာပေါ်သို့ တောက်ထုတ်လိုက်သည်။ သူ့လက်ထဲရှိ ဓားမြှောင်က လှုပ်ရှားသွားပြီး ထိုလူ၏ရင်ဘက်အား ထိုးစိုက်သွား၏။ အရာအားလုံးက အလွန်အမင်း လျင်မြန်စွာ ပြီးမြောက်သွားပြီး ထိုလူ၏ရင်ဘက်မှ ဓားမြှောင်အား ချက်ချင်း ဆွဲထုတ်ကာ သူ့လည်ပင်းအား ခုတ်ပိုင်းလိုက်သည်။
သတ်ဖြတ်ခြင်းက သေသေသပ်သပ်နှင့် ပြီးစီးသွားသည်။
ထန်ရှုက မျက်လုံးကျဉ်းမြောင်းသွားပြီး သူ၏လိပ်ပြာအသိစိတ်အာရုံကိုပင် ထုတ်လွှတ်လိုက်သည်။ သေချာလေ့လာပြီးနောက် လူငယ်က သာမန်မျှဖြစ်သည်ကို သိလိုက်ရ၏။ ယခုကဲ့သို့ရက်စက်ကြမ်းကြုတ်သောသတ်ဖြတ်မှုပြုလုပ်ချိန်တွင် သူ့ထံမှ စိတ်ခံစားချက်အတက်အကျအနည်းငယ်ပင် မထွက်ပေါ်လာပေ။
လုပ်ကြံသတ်ဖြတ်သူတစ်ယောက်ဖြစ်ဖို့အတွက် ကောင်းမွန်တဲ့မျိုးစေ့တစ်ခုပဲ…
ထန်ရှုက အံ့အားသင့်စွာ မေးလိုက်၏ “မင်းမှာ ဆရာတစ်ယောက်ဒါမှမဟုတ်အလုပ်ရှင်တစ်ယောက်ရှိတာလား”
ဆရာတစ်ယောက်လား။
လူငယ်က စိတ်ထဲ၌ တုန်လှုပ်သွား၏။ တစ်ခုခုအား သဘောပေါက်သွားပြီး သူက အခြားလူငယ်ခုနှစ်ယောက်အား လှည့်ကြည့်ကာ ပြောလိုက်သည် “ခန္ဓာကိုယ်ကို သတ်ထုတ်သွားလိုက်၊ ဘယ်သူမှ သတိမပြုမိစေနဲ့။ ပြီးရင် မြစ်ထဲကို အမြန်ဆုံး လွင့်ပစ်လိုက်”
“နားလည်ပါပြီ…”
လူငယ်ခုနှစ်ယောက်က ခေါင်းညိတ်လိုက်သည်။ သူတို့က အလောင်းအား လျင်မြန်စွာ သယ်ထုတ်သွားကာ လမ်းကြားထဲရှိ မော်တော်ယာဉ်ထဲသို့ ဝင်ရောက်သွားပြီးနောက် လျင်မြန်စွာ ထွက်ခွာသွားကြ၏။