← Chapters

ပေါက်ကွဲဖို့အတွက် လောင်စာပြင်ဆင်ခြင်း

Vol. 84 Ch. 1175

ပေါက်ကွဲဖို့အတွက် လောင်စာပြင်ဆင်ခြင်း

Vol. 84 Ch. 1175

ထိုရှီမာရပ်ကွက်။

ဤနေရာသို့ ရောက်လာသည်နှင့် သူတို့အတွက် သက်သက်လွတ်စားစရာများပြင်ဆင်ပေးရန် လူအချို့အား ထန်ရှုက အမိန့်ပေးလိုက်သည်၊ စားသောက်ပြီးနောက် လူတိုင်းက ဧည့်ခန်းထဲသို့ ဝင်လာ၏။

“ကျောက်စိမ်းဗုဒ္ဓနဲ့မျက်နှာမည်းဗုဒ္ဓ၊ ဒီတစ်ကြိမ် ဘုန်းကြီးတို့တွေ ဂျပန်ကို ရောက်လာတာ ဗုဒ္ဓကျောင်းကို သန့်ရှင်းအောင် လုပ်ဖို့ပဲ၊ ဒါက ကျုပ်တို့ရဲ့ဒုတိယအကြိမ်ပူးပေါင်းဆောက်ရွက်ခြင်းဆိုလဲ ဟုတ်တယ်။ ဒီနေရာက ပျော်ရွှင်ခြင်းနန်းတော်ရဲ့အနေအထားနဲ့ ပတ်သက်ပြီး ကုန်းဝမ်အာက ပြောပြပြီးပြီဆိုတော့။ ဘုန်းကြီးတို့မှာ ဘာစိတ်ကူးကောင်းလေးများ ရှိမလဲ”ထန်ရှုက လက်ဖက်ရည်တစ်ငုံသောက်ပြီးနောက် မေးလိုက်သည်။

“ဂျပန်ကို ထန်ဂိုဏ်းက ကျွမ်းကျင်သူတွေ ဘယ်လောက်ထိ ခေါ်လာလဲဆိုတာ သိလို့ရမလား”မျက်နှာမည်းဗုဒ္ဓက လေးနက်သောအသံနှင့် မေးလိုက်သည်။

“ဒီနေရာကို လျှို့ဝှက်လာရတာက မလွယ်ကူဘူး၊ ဒါကြောင့် ဆယ်ယောက်အောက်လောက်ပဲ ခေါ်လာတယ်”ထန်ရှုက ခေါင်းခါယမ်းကာ ပြောလိုက်၏ “ဒါပေမယ့် တပည့်တော်ရဲ့နောက်လိုက်က ဒီနေရာမှာ လုပ်ဆောင်နေတာ အတော်ကြာပြီ၊ ဒါကြောင့် ရရှိနိုင်မယ့်လူအင်အားတွေတော့ အတော်ကလေးရှိတယ်။ သူတို့အများစုက ကျွမ်းကျင်သူတွေ မဟုတ်ကြဘူး-သူတို့ထဲက အသန်မာဆုံးက အခြေခံအုတ်မြစ်တည်ဆောက်ခြင်းအဆင့်ပဲ ရှိတယ်။ ဒီနေရာမှာ သူတို့ရဲ့အရေအတွက်အတော်ကလေးများတော့ သူတို့လဲ တိုက်ပွဲထဲမှာ ပါဝင်နိုင်မှာပါ”

မျက်နှာမည်းဗုဒ္ဓက ခေါင်းခါယမ်းကာ ပြန်ပြောသည် “အရေအတွက်က နည်းလွန်းတယ်၊ နည်းလွန်းပါတယ်။ နောက်ထပ်လူတစ်ဖွဲ့လွှတ်ပေးဖို့ ဒီဘုန်းကြီးက ဂိုဏ်းကို အကြောင်းကြားရမယ့်ပုံပဲ။ ဒကာရော ဘယ်လိုလဲ၊ ဂိုဏ်းချုပ်ထန်။ ဒကာရဲ့ထန်ဂိုဏ်းကရော ဒီနေရာကို ကျွမ်းကျင်သူတွေ ပြန်စေလွှတ်ခိုင်းမှာလား”

ထန်ရှုက ဘာကြောင့်မှန်းမသိ မကျေမနပ်ခံစားမိသော်လည်း ကျောက်စိမ်းဗုဒ္ဓက ခပ်ဖျော့ဖျော့ပြုံးနေသည်ကို မြင်သောအခါ သူ့အမူအရာက အနည်းငယ် ပြောင်းလဲသွားပြီး ထိုဘုန်းကြီးထံ မေးလိုက်၏ “ဆရာတော်ရော ဘယ်လိုထင်လဲ၊ ကျောက်စိမ်းဗုဒ္ဓ”

ကျောက်စိမ်းဗုဒ္ဓက မျက်နှာမည်းဗုဒ္ဓအား တစ်ချက်ကြည့်ကာ တည်ငြိမ်စွာ ပြောလိုက်သည် “တစ်ခါတစ်ရံမှာ အင်အားကို အသုံးပြုဖို့ မလိုအပ်ဘူး၊ ကျုပ်တို့ရဲ့ဉီးနှောက်ကိုပဲ အသုံးပြုလို့ရတယ်။ သူ့ကိုယ်သူပျော်ရွှင်ခြင်းနန်းတော်လို့ခေါ်တဲ့ပျော်ရွှင်ခြင်းဂိုဏ်းရဲ့လက်ကျန်က ဂျပန်မှာ ခြေကုတ်ယူလာတာ နှစ်ပေါင်းများစွာ ရှိပြီ။ ဒီနေရာက သူ့ရဲ့အခြေခံအုတ်မြစ်ကို သူက ဆုံးရှုံးခံချင်မှာမဟုတ်ဘူးလို့ ဘုန်းကြီးက ယုံကြည်တယ်၊ ပြီးတော့ ဂျပန်အာဏာပိုင်ကလဲ သူတို့ကို ဆူးတစ်ချောင်းအဖြစ် သတ်မှတ်ထားတယ်။ ပြောမယ်ဆိုရင် ဒီတိုင်းပြည်ရဲ့အစိုးရအဖွဲ့ကို အသုံးပြုပြီး သူတို့ကို အရင်သတ်ရမယ်။ ပြီးမှ တတိယအဖွဲ့အနေနဲ့ ဘုန်းကြီးတို့က အကျိုးအမြတ်ကို ရိတ်သိမ်းကြမယ်”

ထန်ရှုက သူ့အား လက်မထောင်ကာ ချီးကျူးလိုက်သည် “ကျောက်စိမ်းဗုဒ္ဓရဲ့အတွေးက တပည့်တော်နဲ့ တိုက်တိုက်ဆိုင်ဆိုင်တူနေတယ်။ ပြီးတော့ ဂျပန်အစိုးရအရာရှိဖြစ်တဲ့ဗိုလ်ချုပ်ဖူခူဒါက သိုင်းလေ့ကျင့်သူအမြောက်အများကို လေ့ကျင့်ပေးထားရုံသာမက ရက်စက်တဲ့စမ်းသပ်အချို့အတွက် အသက်ရှင်နေတဲ့လူတွေကို အသုံးပြုပြီး မျိုးရိုးဗီဇစစ်သည်တပ်ဖွဲ့ကို လျှို့ဝှက်ဖွဲ့စည်းထားတယ်။ အဲဒီဝေါဟာရကို ဒီနေရာက ဆရာသခင်တွေအားလုံး မသိဘူးလို့ တပည့်တော် ယူဆတယ်၊ ဒါကြောင့် တပည့်တော် ရှင်းပြပေးမယ်။ မျိုးရိုးဗီဇစစ်သည်တော်ဆိုတာ သားရဲတွေရဲ့မျိုးရိုးဗီဇကို ထည့်သွင်းထားတဲ့သူတွေပဲ၊ ဒါကြောင့် အဲဒီသားရဲတွေရဲ့စရိုက်လက္ခဏာတွေကို အမွေဆက်ခံထားတယ်။ ဉပမာအားဖြင့် တစ်ယောက်ယောက်က ချီတာမျိုးရိုးဗီဇထိုးသွင်းထားတယ်လို့ ယူဆပါစို့။ ဒါဆိုရင် သူ့ရဲ့အရှိန်နဲ့ခွန်အားက တစ်ဟုန်ထိုးတိုးတက်လာပါလိမ့်မယ်၊ တိုက်ခိုက်တဲ့အခါမှာလဲ ချီတာတစ်ကောင်လို ထိန်းမနိုင်သိမ်းမနိုင်ရက်စက်ကြမ်းကြုတ်ပါလိမ့်မယ်။ နောက်ထပ်ဉပမာတစ်ခုက မျောက်မျိုးရိုးဗီဇထည့်သွင်းတာပဲ။ သူတို့က အလွန်အားအင်ပြည့်ဝပြီး မြန်ဆန်မယ်၊ ထက်ရှတဲ့လက်သည်းနဲ့သွားတွေ ရှိမယ်။ ခြုံပြောရရင် သူတို့တွေက သန္ဓေပြောင်းသက်ရှိတွေပဲ”

ထန်ရှု၏ရှင်းပြချက်ကို ကြားပြီးနောက် ကျောက်စိမ်းမျက်နှာပေါ်ရှိ အပြုံးက အေးခဲသွားပြီး သတ်ဖြတ်လိုစိတ်က သူ့မျက်နှာပေါ်တွင် စီးဆင်းသွားသည်။ ထို့နောက် သူက နက်ရှိုင်းသောအသံနှင့် ပြောလိုက်၏ “ဒကာရဲ့ရှင်းပြချက်အရဆိုရင် သူတို့က လူသားတွေ မဟုတ်တော့ဘူးပဲ၊ ဂိုဏ်းချုပ်ထန်”

“သူတို့က တကယ်ကို လူသားအစစ်တွေ မဟုတ်တော့ဘူး”ထန်ရှုက ခေါင်းညိတ်လိုက်သည် “အလွန်ရက်စက်ကြမ်းကြုတ်တဲ့သားရဲသဘာဝက သူတို့ဆီမှာ ရှိနေပြီ၊ ဒါပေမယ့် သူတို့ရဲ့ခွန်အားလဲ အသိအမှတ်ပြုစရာကောင်းတယ်။ တစ်ခါတုန်းက တရုတ်မှာ အဖွဲ့တစ်ခုရဲ့မျိုးရိုးဗီဇဓာတ်ခွဲခန်းတစ်ခုကို ဖယ်ရှားဖို့ တိုင်းပြည်အစိုးရကို ကျုပ် ကူညီပေးခဲ့တယ်၊ ဒီလိုမျိုးရိုးဗီဇသုတေသနက စမ်းသပ်ဖို့အတွက် အသက်ရှင်နေတဲ့လူအမြောက်အများလိုအပ်တယ်။ ပြီးတော့ စမ်းသပ်ခြင်းရဲ့အစောပိုင်းအဆင့်မှာ ဆယ်ရာခိုင်နှုန်းလောက်ပဲ အသက်ရှင်တယ်”

“အဲဒီလိုမျိုးရိုးဗီဇဓာတ်ခွဲခန်းတွေကို လုပ်ဆောင်တဲ့ ဂျပန်က အစိုးရအေဂျင်စီတစ်ခုကို ငါ သိတယ်”ကူဝါကိုက ရုတ်တရက် ကြားဖြတ်ပြောလိုက်သည် “နိုင်ငံရေးနယ်ပယ်မှာ ယာမာမိုတိုအိမ်တော်ရဲ့လူတွေရှိပြီး အချို့က အစိုးရအတွက် အလုပ်လုပ်ကြတယ်။ သူတို့ထဲကအချို့က အဲဒီလျှို့ဝှက်သုတေသနဓာတ်ခွဲခန်းအတွက် လုံခြုံရေးတာဝန်ကို ထမ်းဆောင်ကြတယ်။ အဲဒီစမ်းသပ်ခန်းတွေရဲ့သုတေသနမှာ လူရာချီသေဆုံးခဲ့တယ်လို့ သတင်းတင်ပြသူက ငါ့ကို ပြောခဲ့တယ်”

“တောက်…”

“သူတို့က ငရဲကို သွားဖို့ ထိုက်တန်တယ်…”

ကျောက်စိမ်းဗုဒ္ဓနှင့်မျက်နှာဗုဒ္ဓတို့က ဒေါသတကြီး အော်ပြောလိုက်ကြသည်။

ကူဝါကိုက ယခုလို ထုတ်ပြောလာလိမ့်မည်ဟု ထန်ရှုက မမျှော်လင့်ထားပေ။ ဂျပန်အေဂျင်စီအပေါ် ဗုဒ္ဓဂိုဏ်းဘုန်းကြီးများ၏ဒေါသအား အစပျိုးစေရန်က သူ၏ကနဉီးရည်ရွယ်ချက်ဖြစ်သည်။ သို့သော် ကူဝါကို၏ကြားဝင်ပြောမှုက သူ စီစဉ်ထားသည်ထက် သက်ရောက်မှုပိုကောင်းပေသည်။ ဘယ်သူမှ သတိပြုမိခြင်းမရှိစေဘဲ သူမအား ချီးကျူးသောအကြည့်ဖြင့် တစ်ချက်ကြည့်ပြီးနောက် ပြောလိုက်၏ “အတိတ်မှာ တရုတ်နိုင်ငံမှာ ဒီဂျပန်တွေက အပြစ်တွေ ကျူးလွန်ခဲ့တယ်ဆိုတာကို ဆရာသခင်တို့လဲ သိမယ်ဆိုတာ သေချာတယ်။ အဲတုန်းက ကပ်ဘေးမုန်တိုင်းကို ဆရာသခင်တို့ကိုယ်တိုင် ကြုံတွေ့ခဲ့ရတာလဲ ဖြစ်နိုင်တယ်။ ဂျပန်မှာ လူကောင်းတွေ အများကြီး ရှိတယ်ဆိုတာကို ကျုပ် ဝန်ခံပေမယ့် ရက်စက်ပြီးလူမဆန်တဲ့လူအချို့က ဒီနိုင်ငံရဲ့စွမ်းအားကို ထိန်းချုပ်ထားတယ်။ ကျုပ်တို့က သူတို့ကို ဒီအတိုင်းလွှတ်ထားလိုက်ရင် ဂျပန်ပြည်သူတွေက ခက်ခဲတဲ့အချိန်တစ်ခုရှိလာလိမ့်မယ်။ ပြောရမယ်ဆိုရင် ကြီးမားတဲ့မျိုးရိုးဗီဇစစ်သည်တော်စစ်တပ်တစ်ခုထွက်ပေါ်လာမှာကိုတောင် ကျုပ်တို့တွေ မြင်တွေ့နိုင်တယ်။ သူတို့က အခြားတိုင်းပြည်တွေကိုပါ မတိုက်ခိုက်ဘူးဆိုတာ အာမမခံနိုင်ဘူး”

“ဒီလိုဆိုမှတော့ ငါတို့ကျောင်းကို သန့်စင်ရင်း ဒီဗိုလ်ချုပ်ဖူခူဒါကိုပါ တိုက်ခိုက်ရတာပေါ့”မျက်နှာမည်းဗုဒ္ဓက လေးလံသောအသံနှင့် ပြောလိုက်၏ “အနည်းဆုံး ငါတို့က အဲဒီစမ်းသပ်ခန်းတွေနဲ့အန္ဓရာယ်များတဲ့မျိုးရိုးဗီဇပစ္စည်းတွေကို ဖျက်ဆီးပစ်ရမယ်”

ကျောက်စိမ်းဗုဒ္ဓက တဖိတ်ဖိတ်တောက်ပသောမျက်လုံးများဖြင့် ထန်ရှုအား ကြည့်ကာ မေးလိုက်သည် “ဒီအပေါ် မင်းရဲ့အမြင်ကရော၊ ဂိုဏ်းချုပ်ထန်”

“ကျုပ်ရဲ့အတွေးက မျက်နှာမည်းဗုဒ္ဓနဲ့ အတူတူပဲ”ထန်ရှုက ပြောလိုက်သည်။ “ပျော်ရွှင်ခြင်းနန်းတော်ကို အပြီးတိုင် ဖျက်ဆီးရမယ်၊ မျိုးရိုးဗီဇစစ်သည်တော်တွေနဲ့ ဗိုလ်ချုပ်ဖူခူဒါရဲ့နောက်လိုက်တွေကို သုတ်သင်ရမယ်။ သူတို့နှစ်ဖက်လုံးကို ပိတ်မိအောင် လုပ်နိုင်သရွေ့ ကျုပ်တို့ရဲ့ရည်ရွယ်ချက်ကို အလွယ်တကူ အောင်မြင်အောင် လုပ်နိုင်မယ်”

“အခု မေးခွန်းက အဲဒါကို အောင်မြင်အောင် ငါတို့ ဘယ်လိုလုပ်ကြမှာလဲ”ကျောက်စိမ်းဗုဒ္ဓက မေးလိုက်သည်။

“မကြာသေးခင်က ပျော်ရွှင်ခြင်းနန်းတော်နဲ့ဂျပန်အာဏာပိုင်တွေက တိုက်ပွဲငယ်တစ်ခု ဖြစ်ပွားခဲ့တယ်”ထန်ရှုက ပြော၏ “နောက်က အနိုင်ရပြီး အရှေ့က ကြီးမားတဲ့ဆုံးရှုံးမှုကို ခံစားခဲ့ရတယ်။ နှစ်ဖက်လုံးကို တစ်ဖက်ကိုတစ်ဖက် ဖျက်ဆီးဖို့ကို မစောင့်နိုင်တော့မှာ သေချာတယ်၊ ဒါကြောင့် အဲဒါကို ပေါက်ကွဲအောင် ကျုပ်တို့က မီးထိုးပေးဖို့လိုတယ်”

“မင်းမှာ အစီအစဉ်တစ်ခု ရှိထားပုံရတယ်၊ မစ္စတာထန်”ကျောက်စိမ်းဗုဒ္ဓက ပြော၏ “ဗုဒ္ဓဂိုဏ်းက အကြံအစည်တွေ၊ အကွက်ချတာတွေ၊ မီးထိုးတာတွေကို မနှစ်မြို့ပေမယ့် အကြံအစည်လှည့်ကွက်တွေကလဲ ဉာဏ်ပညာရှိခြင်းရဲ့အစိတ်အပိုင်းတစ်ခုလို့ ငါ ထင်တယ်။ မင်းရဲ့အစီအစဉ်ကို ငါတို့ လက်ခံနိုင်သရွေ့ မင်းရဲ့အမိန့်အတိုင်း သူတို့ကို တိုက်ခိုက်ဖို့ ငါ အာမခံတယ်”

“ကျုပ်ရဲ့အစီအစဉ်က ပျော်ရွှင်ခြင်းနန်းတော်ရဲ့အဖွဲ့ဝင်အချို့နဲ့ဗိုလ်ချုပ်ဖူခူဒါရဲ့နောက်လိုက်အချို့ကို လုပ်ကြံသတ်ဖြတ်ဖို့ပဲ”ထန်ရှုက ပြောလိုက်သည် “ပျော်ရွှင်ခြင်းအဖွဲ့ဝင်တွေကို သတ်ဖြတ်တဲ့အချိန်မှာ ကျုပ်တို့က ဂျပန်အာဏာပိုင်ရဲ့လူတွေလို ဟန်ဆောင်ရမယ်။ ဒီလိုနဲ့ သူတို့တစ်ဖက်နဲ့တစ်ဖက် ဝါးမျိုကြတဲ့အထိ ကျုပ်တို့တွေ လှုံ့ဆော်ပေးရမယ်”

“ဒါဆိုရင် ကျုပ်တို့က တိကျတဲ့သတင်းအချက်အလက်ကို လိုအပ်တယ်၊ ဂိုဏ်းချုပ်ထန်”ကျောက်စိမ်းဗုဒ္ဓက မှတ်ချက်ပြုလိုက်သည်။

“ပျော်ရွှင်ခြင်းနန်းတော်နဲ့ပတ်သက်ပြီး သတင်းအချက်အလက်ကို စုဆောင်းဖို့က မခက်ခဲလောက်ဘူး။ ဟုတ်တယ်မလား၊ ကုန်းဝမ်အာ”ထန်ရှုက ပြောလိုက်သည်။

ကုန်းဝမ်အာက စက္ကန့်အနည်းငယ်ကြာ နှုတ်ဆိတ်သွားပြီးနောက် ခေါင်းညိတ်လိုက်သည်။ ထို့နောက် သူမက ပြော၏ “ငါ့ကို အချိန်အနည်းငယ်ပေးပါ၊ ပျော်ရွှင်ခြင်းနန်းတော်ရဲ့သတင်းအချက်အလက်တွေနဲ့ ပတ်သက်ပြီး ငါ ဖြေရှင်းလိုက်မယ်”

“ကောင်းပြီလေ၊ ကုန်းဝမ်အာက ပူးပေါင်းဖို့ ဆန္ဒရှိမှတော့ ပျော်ရွှင်ခြင်းနန်းတော်ရဲ့သတင်းအချက်အလက်ကို ရရှိဖို့က ပူစရာမလိုတော့ဘူး”ထန်ရှုက ပြုံးကာ ပြော၏ “ဗိုလ်ချုပ်ဖူခူဒါရဲ့နောက်လိုက်တွေအတွက်ကတော့ သူတို့ကို ရှာဖွေဖို့က လွယ်ကူတယ်။ သူတို့က ဂျပန်ရဲ့အရာရှိတွေပဲလေ။ ဒါကြောင့် သူတို့ထဲက ခေါင်းဆောင်အနည်းငယ်လောက်ကို ရှာတွေ့ဖို့က ခက်ခဲလိမ့်မှာမဟုတ်ဘူး။ ဒါပေမယ့် အရင်ကြိုတင်ဖယ်ရှားဖို့လိုတဲ့တစ်ယောက်တော့ ရှိတယ်”

“ဘယ်သူလဲ”

ခန်းမထဲရှိလူတိုင်းက သိချင်သွားသည်။

“ခီခီတာဂါဝါ၊ ပျော်ရွှင်ခြင်းနန်းတော်ရဲ့သစ္စာဖောက်၊ သူ့ရဲ့သရုပ်မှန်က ဂျပန်အစိုးရဌာနမှ တစ်စုံတစ်ယောက်ပဲ”ထန်ရှုက ပြောလိုက်သည်။

ထို့နောက် လူတိုင်းက ဆက်လက်ဆွေးနွေးခဲ့ကြပြီး နောက်ဆုံးတွင် ကြမ်းတမ်းသောစစ်ဆင်းရေးအစီအစဉ်တစ်ခုအား တည်ဆောက်နိုင်ခဲ့သည်။ လက်ရှိတွင် ပျော်ရွှင်ခြင်းနန်းတော်က ဆိုးဝါးသောအခြေအနေတစ်ခုတွင် ရှိသောကြောင့် ကူဝါကို၏ကိစ္စအား အာရုံစိုက်နိုင်တော့မည်မဟုတ်ပေ။ ထို့ကြောင့် ယာမာမိုတိုအိမ်တော်ဖြစ်စေသို့မဟုတ်ကူဝါကိုလက်အောက်ရှိလူများဖြစ်စေ၊ သူတို့အား မြို့အသီးသီးသို့ ဖြန့်ကျက်စေပြီး ပျော်ရွှင်ခြင်းနန်းတော်နှင့်ဂျပန်အစိုးရအေဂျင်စီအား လျှို့ဝှက်စုံစမ်းရန် အမိန့်ပေးခဲ့သည်။

****

နှစ်ရက်ကြာပြီးနောက်။

နားကွဲလုမတတ်ကျယ်လောင်သောဂီတသံက မြို့တော်ရှိ နိုက်ကလပ်ခန်းမတစ်ခုတွင် မြည်ဟိန်းနေလျက်ရှိပြီး ရောင်စုံအလင်းများက မရပ်မနား တဖျပ်ဖျပ်လက်နေလျက်ရှိ၏။ စင်မြင့်ထက်တွင် အမျိုးသမီးနှင့်အမျိုးသားများစွာက ကခုန်နေကြ၏။ ဆေးသမားများက ထောင့်တိုင်းတွင် ပြန့်ကျဲနေလျက်ရှိပြီး စားပွဲထိုးများက ဝိုင်နှင့်သစ်သီးပန်ကန်ပြားများအား သယ်ကာ ခေါက်တုံ့ခေါက်ပြန် လူးလာသွားလာနေကြသည်။

ထန်ရှုနှင့်ကူဝါကိုတို့က ရုပ်ဖျက်ထားကြပြီး စားပွဲလွတ်တစ်ခုအား ရှာဖွေလိုက်ကြ၏။ သူတို့က ထိုင်ခုံတွင် နေရာယူကြပြီး ထန်ရှုက ဘီယာအချို့ ယူလာပေးရန် စားပွဲထိုးအား အမိန့််ပေးပြီးနောက် ကူဝါကိုအား ပြုံးကာ ပြောလိုက်သည် “မင်းနားတစ်ဝိုက်က မျက်လုံးတွေကို သတိပြုမိလား၊ ကူဝါကို။ မင်းရဲ့အလှတော်တော်များများကို ဖုံးကွယ်ထားတောင်မှ အဲဒီဝံပုလွေတွေရဲ့မျက်လုံးတွေကို မတားနိုင်ဘူးပဲ။ ငါနဲ့ အလောင်းအစားတစ်ခုလုပ်ရင် ဘယ်လိုလဲ။ တစ်ယောက်ယောက်က မင်းကို လာစကားပြောလိမ့်မယ်”

အပြုံးတစ်ခုက ကူဝါကို၏ပါးစပ်ထောင့်တွင် ရေးဆွဲသွား၏။ ဂိုဏ်းချုပ်က သူမအား ကျီစားကာ သူမ၏အလှကိုပင် ချီးကျူးလိမ့်မည်ဟု မထင်ထားခဲ့ပေ။ သူမက ပြိုင်ဘက်ကင်းအလှပိုင်းရှင်တစ်ယောက်ဖြစ်ပြီး ကမ္ဘာပေါ်တွင် ရှားပါးသောအချောအလှတစ်ယောက်ဟု သူမကိုယ်သူမ တွေးထားခဲ့သည်၊ သို့သော် ထန်ရှုဘေးနားရှိ အမျိုးသမီးများနှင့် ပတ်သက်၍ သိလိုက်ရပြီးကတည်းက သူမ၏ဂုဏ်ယူမှုက ဖြည်းဖြည်းချင်း ပျောက်ကွယ်သွားခဲ့၏။

သို့သော် ဤအချိန်တွင် သူမက ကုန်းဝမ်အာအား မြင်လိုက်ရသည်။ ကုန်းဝမ်အာ၏မျက်နှာအား ဇာဖြင့် ဖုံးအုပ်ထားသော်ငြား သူမ၏မျက်နှာအား ရှင်းရှင်းလင်းလင်း မြင်နိုင်ပြီး သူမ၏မွန်းသပ်စရာအလှကြောင့် အနည်းငယ်ပင် အနှောင်အယှက်ဖြစ်ခဲ့ရသည်။

“ငါက မဆိုးဘူးလို့ ထင်မှတော့ ဒီနေရာက ငါတို့ရဲ့အလုပ်ပြီးတဲ့အခါ ဒိတ်လုပ်ကြရင် ဘယ်လိုလဲ”ကူဝါကိုက ခပ်ဖျော့ဖျော့ပြုံးလျက် ထန်ရှုအား စိုက်ကြည့်လိုက်သည်။

“အာ…”

ထန်ရှု၏အမူအရာက တောင့်တင်းသွားပြီး ကသိကအောက်ဖြစ်စွာ ပြုံးလိုက်သည် “ဒီညရဲ့ရာသီဉတုက တကယ်ကောင်းတာပဲ- သတ်ဖြတ်မှုပြုဖို့အတွက် အချိန်ကောင်းပဲ။ ဒီည ဒီနေရာကို လာတဲ့ ငါးကြီးကြီးကနေ သတင်းရလိမ့်မယ်လို့ ငါ မျှော်လင့်တယ်”

သူ့တုံ့ပြန်ချက်အား ကူဝါကိုက တခစ်ခစ်ရယ်လိုက်သည်၊ သူမက ပြောမည့်ပြင်စဉ် တစ်ယောက်ယောက်က သူမထံ ချဉ်းကပ်လာသည်။

“မင်း ငါနဲ့အတူ ကပေးနိုင်မလား၊ အလှလေး”

သက်လတ်ပိုင်းလူက ပြုံးနေသော်လည်း သူ့မျက်လုံးများက ကူဝါကို၏ရင်ဘက်တွင်သာ ရစ်ဝဲနေသည်။

ကူဝါကိုက သူ့အား မျက်လုံးလိမ့်ကာ ကြည့်လိုက်ပြီး လက်ဝှေ့ယမ်းကာ သူ့အား မောင်းထုတ်လိုက်၏ “ရှင် လာတဲ့နေရာကို ပြန်သွား၊ ကျွန်မကို မနှောင့်ယှက်နဲ့။ ဒီရက်တွေမှာ ဘယ်လိုလုပ်ပြီး မျက်ကန်းတွေ များနေရတာလဲ။ ကျွန်မဘေးနားမှာ အမျိုးသားအဖော်တစ်ယောက်ရှိတာကို ရှင် မမြင်ဘူးလား”

“မင်း…”

ကူဝါကို၏မှတ်ချက်က သူ့အား ဒေါသထွက်သွားစေပြီး သက်လတ်ပိုင်းလူက ဒေါသတကြီး ဆဲဆိုလိုက်သည် “ခွေးမ၊ ငါ ဘယ်သူလဲဆိုတာ မင်း သိလား”

All Chapters