← Chapters

ရည်ရွယ်ချက်ရှိရှိပြဿနာရှာခြင်း

Vol. 84 Ch. 1176

ရည်ရွယ်ချက်ရှိရှိပြဿနာရှာခြင်း

Vol. 84 Ch. 1176

ကူဝါကိုက စိတ်မရှည်တော့ဘဲ ခပ်ကြမ်းကြမ်း ပြောလိုက်သည် “ရှင့်ကို ကျွန်မ ပြောခဲ့ပြီးသား၊ ရှင် မရှက်တတ်ဘူးလား။ ရှင်က အမှိုက်အိုကြီးပဲ၊ ရှင့်ကို သားတစ်ယောက်အနေနဲ့တောင် ကျွန်မက မလိုချင်ဘူး။ ကျွန်မရဲ့အဖော်က ရှင့်ရဲ့ဖွားဖက်တော်ကို ဖြတ်ပြီး ခွေးမကျွေးခင် ကျွန်မမျက်စိရှေ့က ထွက်သွားစမ်း”

ဒေါသထွက်လွန်းသဖြင့် သက်လတ်ပိုင်းလူက တုန်ယင်နေလေသည်။ သူက စားပွဲပေါ်ရှိ ဘီယာပုလင်းအား ဆုပ်ကိုင်ကာ ကူးဝါကို၏နဖူးထံ ဝှေ့ယမ်းချလိုက်သည်။

“ခွမ်း…”

ပုလင်းက ကွဲကြေသွားပြီး အရက်နှင့်သွေးများက ပြန့်ကျဲသွား၏။ အရိုက်ခံထိသူက ကူဝါကိုမဟုတ်ဘဲ သက်လတ်ပိုင်းလူဖြစ်သည်။ လက်သည်တရားခံက ပုလင်းကွဲတစ်ဝက်ကို ကိုင်ထားရင်း ပါးစပ်တွင် စီးကရက်တစ်လိပ်တေ့ကာ ရပ်နေသည့် ထန်ရှုပင် ဖြစ်၏။

“မင်းက ငါ့အမျိုးသမီးကို လက်ပါရဲတာလား။ မင်းက အသက်ရှင်ရတာ မောပန်းနေပြီလား”

ပြောရင်း ထန်ရှုက သူ့မျက်နှာအား ကန်ထည့်လိုက်သည်၊ သက်လတ်ပိုင်းအရွယ်လူက နောက်သို့ လွင့်ထွက်သွားပြီး စားပွဲတစ်လုံးပေါ်သို့ ကျသွား၏။ အခြားဧည့်သည်များက ရုတ်ချည်း ထိတ်လန့်သွားကြပြီး အမျိုးသမီးနှစ်ယောက်က အလန့်တကြား အော်လိုက်ကြ၏။

ကူဝါကိုက ပြုံးကာ သိမ်မွေ့နူးညံ့သောမိန်းမတစ်ယောက်ပမာ သရုပ်ဆောင်သည်။ သူမက စားပွဲမှ ဘီယာပုလင်းတစ်လုံးအား ကောက်ယူလိုက်ပြီး ထန်ရှု၏အမူအရာအား အနည်းငယ်လေ့လာလိုက်သည်၊ ထို့နောက် သူမက သတ်လတ်ပိုင်းအရွယ်လူထံ ပြေးသွားကာ သူ့ခေါင်းပေါ်သို့ ပုလင်းနှင့် ရိုက်ချလိုက်၏။ သို့သော် သူ့အား ရိုက်နေရင်း သူမမျက်နှာအား အခြားလက်တစ်ဖက်ဖြင့် ဖုံးကာ ကြောက်ရွံ့စွာ အော်လိုက်သည်။ ကြောက်လန့်နေသော ယုန်တစ်ကောင်အလားပင်…သူမက ထန်ရှုထံ ပြေးလာကာ သူ့နောက်တွင် ပုန်းနေလိုက်၏။

“မိမစ်ဖမစစ်ကောင်…”

“ခွေးသား…”

ရုတ်တရက်ဖြစ်ရပ်က အခြားစားပွဲတစ်ခုရှိ လူများအား ထိတ်လန့်သွားစေသည်။ ကူဝါကိုက ထန်ရှုနောက်၌ ပုန်းလိုက်ချိန်တွင် သူတို့က ရုတ်ချည်း ထရပ်လာပြီး ထန်ရှုတို့ထံ ပြေးလာခဲ့ကြ၏။

ဘန်း…ဘန်း…ဘန်း…

ရွှယ်ရှနှင့်ဟေးရှတို့က အနီးနားရှိ လူအုပ်ကြီးမှ ပြေးထွက်လာကြပြီး ထိုလူများထံ အားကောင်းသောလက်သီးချက်များ ထိုးလွှတ်လိုက်သည်။ အနည်းဆုံး သူတို့က ရိုးရှင်းသောထိုးကွက်များကိုသာ အသုံးပြုခဲ့သည်ဟု အနားတစ်ဝိုက်ရှိလူများက တွေးထားကြ၏။ သို့သော် လူလေးယောက်က လွင့်စဉ်သွားခဲ့သေး၏။

မြင်ကွင်းက ပိုတောင် ဖရိုဖရဲဖြစ်လာပြီး လူတော်တော်များများက အဝေးသို့ ထွက်ပြေးသွားကြ၏။ စက္ကန့်သုံးဆယ်အတွင်း နေရာက ဗလာဖြစ်သွားပြီး ထန်ရှုတို့အဖွဲ့သာ ကျန်လေသည်။

“မင်းတို့အားလုံး ရပ်ကြစမ်း…”

ရွှေရောင်လည်ဆွဲ၊ အနက်ရောင်ကုတ်အင်္ကျီနှင့် မျက်မှန်တပ်ထားသည့် သက်လတ်ပိုင်းအရွယ်လူတစ်ယောက်က အနက်ဝတ်လူလေးယောက်နှင့်အတူ ပြေးလာသည်၊ ပတ်ဝန်းကျင်ရှိ စားပွဲထိုးများကလည်း မျက်လုံးစိမ်းစိမ်းကြည့်လျက် ထန်ရှုတို့အဖွဲ့အား ဝိုင်းလိုက်ကြ၏။

လက်မြှောက်ကာ ထိုလူလေးယောက်အား မရိုက်တော့ရန် ရွှယ်ရှနှင့်ဟေးရှောင်တို့အား ထန်ရှုက တားလိုက်သည်။ ပြေးလာသောသက်လတ်ပိုင်းလူအား သူက ပြုံးကာ ကြည့်လိုက်သည်၊ သူ့မျက်လုံးများက ထိုလူ၏ရင်ဘက်ပေါ်ရှိ တံဆိပ်ကတ်ပြားပေါ်သို့ တစ်ချက်ရောက်သွား၏။

“ဘာဖြစ်လို့လဲ။ မင်းက ဝင်ပါချင်တာလား”

ထန်ရှုက အင်္ဂလိပ်လို ပြောလိုက်သည်။

သက်လတ်ပိုင်းလူက မျက်လုံးကျဉ်းမြောင်းသွားပြီး ဂျပန်လို စကားနှစ်ခွန်း ပြောလိုက်၏။ ထန်ရှုက နားမလည်သည်ကို မြင်ပြီး သူက အင်္ဂလိပ်သို့ ချက်ချင်း ပြောင်းကာ အေးစက်စွာ ပြောလိုက်သည် “မင်းက အတိအကျဘယ်သူလဲ၊ မစ္စတာ။ ဒီနိုက်ကလပ်က ငါ့ရဲ့စီမံခန့်ခွဲမှုအောက်မှာ ရှိတယ်၊ မင်းက ဒီနေရာမှာ ပြဿနာရှာရဲတာလား”

ထန်ရှုက နောက်ထပ်စီးကရက်တစ်လိပ်အား ယူထုတ်လိုက်၏၊ ကူဝါကိုက ရုတ်တရက် ထွက်လာပြီး သူ့အား မီးညှိပေးပြီးနောက် ပုန်းရန် နောက်သို့ ပြန်လျှောက်သွား၏။ ထို့နောက် ဆေးလိပ်နှစ်ဖွာရှိုက်ပြီးနောက် ထန်ရှုက အတန်အသင့်လေသံနှင့် မေးလိုက်၏ “မင်းရဲ့နာမည်က ဘာလဲ၊ မစ္စတာ”

“အိုရှီမာ။ မင်း ငါ့ကို အဲလိုခေါ်နိုင်တယ်”ထိုလူက စိတ်မဝင်စားစွာ ပြောလိုက်၏။

“ကောင်းပြီ၊ မစ္စတာအိုရှီမာ။ ငါ မေးမယ့် မေးခွန်းကို မင်းက အမှန်အတိုင်းဖြေနိုင်မယ်လို့ ငါ မျှော်လင့်တယ်”ထန်ရှုက ခေါင်းညိတ်ပြလိုက်သည်။

“မေးပါ”ထိုလူက နက်ရှိုင်းသောလေသံနှင့် ပြန်ဖြေသည်။

“အခြားလူတစ်ယောက်က မင်းအမျိုးသမီးကို သဘောကျပြီး မင်းရှေ့မှာတောင် သူမကို နှောင့်ယှက်မယ်၊ မင်း ရှိတယ်လို့တောင် မသတ်မှတ်ဘူးဆိုရင် မင်း ဘာလုပ်မှာလဲ”ထန်ရှုက မေးလိုက်သည်။

“ငါ သူ့ကို သတ်ပစ်မယ်…”

ထိုလူ၏အဖြေက ရိုးရိုးရှင်းရှင်းပင်။

ထန်ရှုက အားတင်းပြုံးလိုက်သည် “ကြည့်ရတာ ငါက နူးညံ့လွန်းနေသေးပုံပဲ…ငါက စိတ်ထဲမှာ အတော်လေးဒေါသထွက်နေသေးတယ်ဆိုတာ အံ့ဩစရာမရှိပါဘူး၊ ငါ့ဒေါသကို ထွက်ပေါက်ရှာဖို့ ဒီကောင်ကို သတ်ရမှာပေါ့”

သူ့အသံပျောက်ကွယ်သွားပြီးနောက် ထန်ရှုက သက်လတ်ပိုင်းလူရှေ့သို့ လျှောက်သွားကာ ဆံပင်ကို ဆုပ်ကိုင်လျက် မျက်နှာအား စားပွဲထောင့်နှင့် ရိုက်ချလိုက်သည်။ အနှီလူ၏ခန္ဓာကိုယ်က ပျော့ခွေသွားပြီး အသက်ရှုသံက တဖြည်းဖြည်းယုတ်လျော့သွားကာ သွေးများက ဉီးခေါင်းမှ ပန်းထွက်လာ၏။

ထန်ရှုက လက်ခုပ်တီးကာ ပျော်ရွှင်စွာ ပြောလိုက်သည် “မင်းရဲ့အကြံဉာဏ်အတွက် ကျေးဇူးတင်ပါတယ်၊ မစ္စတာအိုရှီမာ။ သူ့ကို သတ်ပြီးမှပဲ ငါ စိတ်တည်ငြိမ်နိုင်တော့တယ်။ ဒါနဲ့ ငါက ဘာလို့ နိုက်ကလပ်မှာ ပြဿနာရှာရလဲဆိုတာ မင်း မေးခဲ့တယ်မလား၊ ငါ အခု ဖြေမယ်။ စောစောက ငါ သတ်လိုက်တဲ့ အကောင်က ငါ့မျက်စိရှေ့မှာ ငါ့အမျိုးသမီးကို နှောင့်ယှက်လို့ပဲ။ ငါ့ရဲ့ရှင်းပြချက်က လုံလောက်တယ်လို့ မင်း ထင်လား”

နောက်ကျောက အေးစက်သွားလျက် မျက်နှာပေါ်တွင် မယုံကြည်နိုင်မှုက ရေးခြယ်သွားကာ အိုရှီမာက တဖြည်းဖြည်းအသက်ရှုရပ်သွားသောသက်လတ်ပိုင်းလူအား ကြည့်လိုက်သည်။ သူ့လက်များကလည်း သွေးစွန်းပြီး မကြာခဏ အလားတူအပြုအမူမျိုး လုပ်ခဲ့သည်။ သို့သော် သူ့မျက်လုံးထဲတွင်ပင် ထန်ရှု၏အပြုအမူက ရက်စက်ကာ သွေးအေးလွန်းပေ၏။

တစ်ယောက်ယောက်အား သတ်ဖြတ်ပြီးနောက် ပျော်ရွှင်စွာ ပြုံးလျက် တည်ငြိမ်စွာ စကားပြောနိုင်သေးသောသူတစ်ဉီးတစ်လေကိုမှ သူ မမြင်ဖူးခဲ့ပေ။ သူ သတ်ခဲ့သောသူက လူတစ်ယောက်မဟုတ်ဘဲ ပုရွက်ဆိတ်တစ်ကောင်ကဲ့သို့ပင်။

သက်ပြင်းတစ်ချက် တိတ်တဆိတ်ရှိုက်လျက် အိုရှီမာက ထန်ရှုအား စိုက်ကြည့်ကာ လေးလံသောအသံနှင့် ပြောလိုက်သည် “မင်းရဲ့နာမည်ကို ငါ့ကို ပြောနိုင်မလား၊ မစ္စတာ။ ဒီလိုသတ်ဖြတ်တာက ဉပဒေကို ဆန့်ကျင်တယ်ဆိုတာ မင်း မသိဘူးလား”

ထန်ရှုက ပခုံးတွန့်ကာ ပြောနိုင်သည် “သတ်ဖြတ်တာက ဉပဒေကို ဆန့်ကျင်တယ်ဆိုတာကို ငါ သိလားလို့ မင်းမေးတယ်ပေါ့။ ဒါနဲ့ ငါက ဂျပန်လူမျိုးတစ်ယောက်မဟုတ်ဘူးဆိုတာကို မင်းကို ပြောဖို့ မေ့နေခဲ့တာပဲ။ မင်းရဲ့တိုင်းပြည်ရဲ့ဉပဒေက ဘယ်လောက်ပဲ တင်းတင်းကြပ်ကြပ် ငါ ဂရုမစိုက်ဘူး၊ ငါ ဂျပန်ကနေ ချောချောမွေ့မွေ့နဲ့ ထွက်သွားနိုင်သရွေ့ မင်းရဲ့တိုင်းပြည်က ငါ့ကို ဘာလုပ်နိုင်မှာလဲ”

အိုရှီမာ၏အကြည့်က ရွှယ်ရှနှင့်ဟေးရှောင်တို့ထံ ရိုက်ခတ်သွားပြီး နောက်ဆုံးတွင် ထန်ရှုမျက်နှာပေါ်သို့ ထပ်မံကျရောက်လာ၏။ သူက နောက်နှစ်လှမ်းဆုတ်ကာ လက်ဝှေ့ယမ်းလျက် အော်လိုက်သည် “သူတို့ကို ဖမ်းကြ…”

ထန်ရှုက တိတ်တဆိတ် ခေါင်းခါယမ်းလျက် အကူအညီမဲ့စွာ ပြောလိုက်သည် “မင်းက ငါတို့ကို ဖမ်းဖို့ ဆုံးဖြတ်မှတော့ အဓိပ္ပါယ်မရှိတာတွေ ပြောဖို့ မလိုတော့ဘူး။ ဟေး၊ မင်းတို့နှစ်ယောက်…သူတို့ကို တာဝန်ယူလိုက်…ငါ့ကို အနိုင်ကျင့်ချင်တဲ့ဒီကောင်တွေကို သတ်ပစ်”

ရွှယ်ရှနှင့်ဟေးရှောင်တို့က မစ်ဆူဘီရှီစစ်တပ်သုံးဓားများအား တစ်ပြိုင်နက်တည်း ထုတ်လိုက်ကြသည်။ ပြေးဝင်လာသောတောင့်တင်းသန်မာသည့်လူကြီးဆယ့်လေးယောက်နှင့်အစောင့်အားလုံးအား သူတို့က မိုက်ကြည့်ကြည့်လျက် သွေးများက နေရာတိုင်းသို့ ပက်ဖျန်းသွား၏။ စက္ကန့်သုံးဆယ်အတွင်း အနက်ဝတ်လူလေးယောက်ကလွဲပြီး အစောင့်ဆယ့်ခြောက်ယောက်လုံးက ဒဏ်ရာအပြင်းအထန်ရသွားပြီး တိုက်ခိုက်နိုင်စွမ်း ဆုံးရှုံးသွားကာ ကြမ်းပြင်ပေါ်သို့ လဲကျသွား၏။

အိုရှီမာ၏မျက်နှာပေါ်ရှိ မယုံကြည်နိုင်မှုတို့အား ထန်ရှုက မြင်တွေ့လိုက်ရသည်။ သူက လက်ခလယ်ထောင်ပြကာ ပြောလိုက်၏ “မင်းလူတွေက အတော်လေး စိတ်ပျက်စရာကောင်းတယ်မလား။ ငါ့ရဲ့လူနှစ်ယောက်က ကမ္ဘာ့အဆင့်မြေအောက်တိုက်ပွဲရဲ့ချန်ပီယံဟောင်းတွေပဲ။ ဒီလိုအားနည်းတဲ့ခွေးတွေကို ခေါ်ထုတ်ရုံလောက်နဲ့ ငါ့လူတွေကို အနိုင်မယူနိုင်ဘူး။ မင်းနေရာကို မင်းသိစမ်းပါ…ငါ့ကို အရိုအသေပေးပြီးရင် ထွက်သွားလိုက်…မဟုတ်ရင် မင်းရဲ့စိတ်ဝိညာဉ်လဲ ပျောက်ကွယ်သွားရလိမ့်မယ်”

မျက်လုံးက မှုန်ဝါးလျက် အိုရှီမာက သူ့လက်ကောက်ဝတ်ရှိ ဆက်သွယ်ရေးကိရိယာအား လျင်မြန်စွာ ဆုပ်ကိုင်ကာ ခလုတ်နှိပ်လိုက်ပြီး ကျယ်လောင်စွာ အော်လိုက်၏ “တစ်ယောက်ယောက်က ငါ့နေရာမှာ ပြဿနာရှာနေတယ်၊ ငါတို့ညီအကိုတွေအားလုံး ရှုံးနိမ့်သွားပြီ။ မြန်မြန်စစ်ကူလွှတ်…”

“သိပါပြီ”စကားပြောစက်မှ ပြန်ဖြေလိုက်သည်။

ထန်ရှုက မေးငေါ့လိုက်သည်။ သူက ကူဝါကို၏လက်ကို ဆွဲကာ ဆိုဖာပေါ်တွင် ပြန်ထိုင်လိုက်သည်။ ပါးစပ်ထောင့်တွင် စီးကရက်တစ်လိပ်ညှပ်လျက် သူက ကူဝါကို၏ပခုံးအား ဖက်ထား၏။ ထို့နောက် သူက အိုရှီမာအား ကြည့်ကာ အထင်သေးစွာ ပြောလိုက်သည် “မင်းက တစ်ယောက်ယောက်ကို ခေါ်ခဲ့တာမလား။ ဟီးဟီး…မင်းလိုငတုံးတစ်ကောင်က နောက်ထပ်အားကောင်းတဲ့လူတွေကို ဆင့်ခေါ်နိုင်စရာအကြောင်းမရှိဘူး။ ဟုတ်ပြီလေ…မင်း ကြိုက်တဲ့လူတွေ ဆက်ခေါ်ကြည့်ပါ…ပြီးရင် ဘယ်သူ့ရဲ့လက်သီးက ပိုမာသလဲဆိုတာ မြင်တွေ့ရတာပေါ့”

မျက်လုံးထဲတွင် ဒေါသတို့ လူးလိမ့်သွားသော်လည်း အိုရှီမာက လျင်မြန်စွာ ဖိနှိပ်လိုက်သည်။ ခဏစဉ်းစားပြီးနောက် သူက အိတ်ကပ်မှ ဖုန်းတစ်လုံးယူထုတ်ကာ နံပါတ်တစ်ခုအား လျင်မြန်စွာ ခေါ်လိုက်၏။ သူ့ဖုန်းအား ချိတ်ဆက်ပြီးနောက် သူက ရိုသေလေးစားစွာ ပြောလိုက်သည် “သူဌေး၊ ကျွမ်းကျင်သူအချို့က ငါ့တို့ရဲ့နေရာမှာ ပြဿနာရှာနေတယ်။ ဒါကြောင့် နောက်ထပ်လူတွေကို လွှတ်ဖို့ လိုလိမ့်မယ်”

“မင်းကိုယ်တိုင် မဖြေရှင်းနိုင်ဘူးလား”

သူ့လေသံအရ သူဌေးက အနည်းငယ်ဒေါသထွက်သွားဟန်တူသည်။

စိုးရိပမ်သောအကြည့်တစ်ခုက အိုရှီမာ၏မျက်နှာပေါ်တွင် လက်သွားပြီး သူက အသံနှိမ့်လျက် ပြောလိုက်၏ “ဒီနေရာကအစောင့်တွေနဲ့ငါနဲ့အတူရှိနေကျလူလေးယောက်လုံးကို ဒီကောင်တွေက ရိုက်နှက်သွားပြီ။ ပြီးတော့ အဲအကောင်က ပြောခဲ့တယ်၊ သူ့ဘေးနားက ကျွမ်းကျင်သူနှစ်ယောက်က ကမ္ဘာအဆင့်မြေအောက်တိုက်ပွဲရဲ့ချန်ပီယံဟောင်းတွေတဲ့”

“အဲမှာ စောင့်နေ”

ထိုလူက ဖုန်းချလိုက်သည်။

မိနစ်အနည်းငယ်ကြာပြီးနောက် နိုက်ကလပ်ထဲရှိ ဧည့်သည်အားလုံးက ထွက်ခွာသွားပြီး လက်ထဲတွင် ဓားနှင့်တုတ်ချောင်းများကိုင်ဆောင်ထားသည့် တောင့်တင်းသန်မာသောလူများက ဝင်ရောက်လာ၏။ သူတို့၏ခေါင်းဆောင်ဖြစ်ဟန်တူသည့်ထိပ်ပြောင်က ထန်ရှုတို့လေးယောက်အဖွဲ့အား အထင်သေးစွာ စိုက်ကြည့်လိုက်ပြီးနောက် အိုရှီမာအား ပြောလိုက်၏ “မင်းရဲ့လူတွေက အမှိုက်တွေလို့ ငါ မင်းကို ပြောခဲ့တယ်မလား။ နောက်ကျရင် သူတို့ကို လေ့ကျင့်ရေးစခန်းဆီ လွှတ်လိုက်၊ မင်းအတွက် ငါ သူတို့ကို လေ့ကျင့်ပေးမယ်”

“မင်း သူတို့ကို သေချာပေါက် လေ့ကျင့်ပေးရမှာပါ၊ အိုဇာဝါ”အိုရှီမာက ရှုံ့မဲ့ပြုံးလျက် ပြောလိုက်သည် “ဒါပေမယ့် သူတို့ကို ငါတို့ အခုရင်ဆိုင်ရင် မကောင်းဘူးလား။ ဒီအကောင်ခေါ်လိုက်တဲ့လူတွေက ဒီနေရာကို ရောက်လာရင် ကြိုတင်မမြင်နိုင်တဲ့အဖြစ်အပျက်တွေ ငါတို့ ကြုံတွေ့ရနိုင်တယ်”

အိုဇာဝါက သူ့နဖူးအား ပွတ်ကာ အနည်းငယ် အံ့အားသင့်သွားသည် “သူတို့လဲ သူတို့ရဲ့လူတွေကို ဆင့်ခေါ်ခဲ့တာလား။ အင်နာရီအဖွဲ့ကို ရန်သူလို့ သတ်မှတ်ရအောင် ဘယ်သူက သူတို့ကို သတ္တိပေးခဲ့တာလဲ”

သူတို့၏စကားများအား ကူဝါကိုက ထန်ရှုအား ဘာသာပြန်ပြလိုက်သည်။ သူက စီးကရက်ဖင်အား ငြင်သာစွာ တောက်ထုတ်လိုက်သည်။ စီးကရက်ဖင်က အိုဇာဝါ၏နဖူးပြောင်ပြောင်အား ထိမှန်သွား၏၊ ထိုလူ၏ဒေါသတကြီးအကြည့်ကို မြင်ပြီး ထန်ရှုက ခေါင်းမော့လိုက်သည် “အာ၊ အာ။ မလောပါနဲ့။ မင်းတို့ရဲ့အင်နာရီအဖွဲ့က အားကောင်းတဲ့လူတွေနဲ့ စုဖွဲ့ထားတာလား။ ဘာလို့ အရင်က ငါ မကြားဖူးရတာလဲ”

အိုဇာဝါက မျက်မှောင်ကြုတ်ကာ အိုရှီမာက ကြည့်လိုက်သည် “ဒီအကောင်က ဘာပြောတာလဲ”

အိုရှီမာက ထန်ရှု၏စကားများအား ဘာသာပြန်ပြကာ ပြောလိုက်၏ “သူက မောက်မာလွန်းတယ်၊ အိုဇာဝါ။ သူတို့ကို အခုပဲ ရိုက်နှက်ပြီး ကြမ်းတမ်းတဲ့သင်ခန်းစာတစ်ခုပေးရအောင်”

အိုဇာဝါက ခေါင်းညိတ်ကာ ကျယ်လောင်စွာ အော်လိုက်၏ “မင်းတို့အားလုံး၊ ဒီအကောင်တွေကို ရိုက်နှက်လိုက်ကြစမ်း။ အမျိုးသမီးကို ချန်ထား၊ သူ့ရှေ့မှာပဲ ငါ သူမကို လုပ်ပြမယ်…”

All Chapters