← Chapters

မာန်ဟုန် မီးတောက်နှလုံးသားဆေး

Vol. 31 Ch. 414

မာန်ဟုန် မီးတောက်နှလုံးသားဆေး

Vol. 31 Ch. 414

အရှေ့ပိုင်းကြယ် လေလံခန်းမထဲကို ဝင်ခွင့်ရဖို့အတွက် ပေးရတဲ့ ဝင်ကြေးက မနည်းလှပါဘူး။  သည်ခန်းမရဲ့ သာမန်ဧည့်သည် အတန်းက ခုံ တစ်လုံးရဲ့ တန်ဖိုးကတောင်မှ အဆင့်နိမ့် ဝိညာဉ်ကျောက်တုံး ၅၀ ပေးရပါတယ်။  ဂုဏ်သရေရှိ ဧည့်သည်အတန်းက ခုံတစ်ခုံ ဆိုရင်တော့  အဆင့်နိမ့် ဝိညာဉ်ကျောက်တုံး ၂၀၀ ရှိပါတယ်။  ဂုဏ်သရေရှိ ဧည့်သည် အတန်းထက် ပိုကောင်းတဲ့ ဂုဏ်သရေရှိ ဧည့်သည် အခန်းတွေနဲ့  တော်ဝင်ဧည့်သည် အခန်းတွေ ရှိသေးပေမယ့်လည်း အဲသည် အခန်းတွေကိုတော့  ဝိညာဉ်ကျောက်တုံးတွေနဲ့     ငှားရမ်းလို့ မရပါဘူး။  အဲသည်အခန်းတွေက ဘုရင့် ဆွေတော် မျိုးတော်တွေနဲ့ ထိပ်သီးပညာရှင်တွေ အတွက်သာ  ဖြစ်ပါတယ်။

လီဖူချန်းက  သာမန် ဧည့်သည်အတန်းမှာ မထိုင်ချင်ပါဘူး။  အဲသည်အတွက် သူက  အဆင့်နိမ့် ဝိညာဉ် ကျောက်တုံး ၂၀၀ ပေးပြီး ဂုဏ်သရေရှိ ဧည့်သည်အတန်းကို ရွေးလိုက်ပါတယ်။

ဂုဏ်သရေရှိ ဧည့်သည် အတန်းမှာ ရှိတဲ့  ခုံတွေကိုတော့ အကာအရံ အနိမ့်လေးတွေ ပြုလုပ်ပေးထားတဲ့ အတွက်  သီးသန့် ဆန်တယ်လို့ ပြောနိုင်ပါတယ်။  ဒါကြောင့် သူက  သည်အတန်းကို ရွေးလိုက်တာပါ။

သူ့အတွက် သတ်မှတ် ပေးထားတဲ့ ခုံပေါ်မှာ ထိုင်အပြီးမှာတော့ လီဖူချန်းဟာ ခန်းမ တစ်ခုလုံးကို အကဲခတ် လိုက်ပါတယ်။

သည်ကြီးမားလှတဲ့ လေလံခန်းမထဲမှာတော့ သာမန်ဧည့်သည် ခုံအရေအတွက်ဟာ ၂၀၀၀ တိတိ ရှိပါတယ်။  လက်ရှိမှာတော့ ခုံအရေအတွက် တစ်ဝက်လောက်ဟာ ဧည့်သည့်တွေနဲ့ ပြည့်နှက် နေပါပြီ။

" သည်လေလံခန်းမက အတော် အမြတ်ကြီးစားတာပဲ "

လီဖူချန်းက စိတ်ထဲကနေ တွေးလိုက်မိပါတယ်။

သာမန်ဧည့်သည် ခုံတစ်ခုံဟာ အဆင့်နိမ့်ဝိညာဉ်ကျောက်တုံး ၅၀ ကျသင့်ပါတယ်။   ထိုင်ခုံအလုံး ၂၀၀၀ဆိုတာက အဆင့်နိမ့်ဝိညာဉ် ကျောက်တုံး ၁၀၀၀၀ ဆိုတဲ့ အဓိပ္ပာယ်နဲ့ အတူတူပါပဲ။

အရှေ့ပိုင်းကြယ် လေလံခန်းမဟာ လေလံပွဲ မစတင်မီကတင် အကျိုးအမြတ် ရနေပါပြီ။  ဒါတောင်မှ ဂုဏ်သရေရှိ ဧည့်သည်အတန်းက  ခုံတွေကို ထည့်မတွက်ရသေးပါဘူး။

ပြီးတော့ လေလံပွဲမှာ  ရောင်းချမယ့် ပစ္စည်းတွေရဲ့ ရာခိုင်နှုန်း အကျိုးအမြတ်ကလည်း ရှိနေပါသေးတယ်။

နောက်ထပ် တစ်နာရီ အကြာမှာတော့ လေလံခန်းမထဲက ခုံတွေအကုန်လုံးဟာ ဧည့်သည်တွေနဲ့ ပြည့်သွားခဲ့ပါပြီ။

ဧည့်သည်တွေ အားလုံးကတော့ ပြန်လည် ဝင်စားခြင်းနယ်ပယ် ပညာရှင်တွေပါပဲ။  ကောင်းကင် နယ်ပယ် ပညာရှင်တွေကတော့ ဘယ်လောက်ပဲ ချမ်းသာကြွယ်ဝတယ် ပြောပြော သည်နေရာကို လာမှာ မဟုတ်ပါဘူး။ သည်လေလံခန်းမမှာ ရောင်းချမယ့် သာမန် ပစ္စည်းတစ်ခုတောင်မှ အဆင့်နိမ့် ဝိညာဉ် ကျောက်တုံး ၁၀၀၀ ရှိပါတယ်။  အဲသည်အတွက်  ကောင်းကင် နယ်ပယ်မှာသာ ရှိနေသေးတဲ့ ပညာရှင် တစ်ယောက်ဟာ ဘယ်လိုနည်းနဲ့မှ အဆင့်နိမ့် ဝိညာဉ် ကျောက်တုံး ၁၀၀၀ကို  ဖြုန်းတီးပစ်စရာ အကြောင်း မရှိပါဘူး။

သိပ်မကြာခင်မှာတော့  တစ်ခေါင်းလုံး ဆံပင်ဖြူတွေ ပြည့်နှက်နေတဲ့ အဘိုးအို တစ်ယောက်ဟာ လေလံပွဲ ကျင်းပမယ့် စင်ပေါ်ကို တက်လာခဲ့ပါပြီ။   သူက ဧည့်သည်တွေ အားလုံးကို လက်နှစ်ဖက်ဆုပ်ကာ အရိုအသေ ပေးလိုက်ပြီး ကတိပေးပါတယ်။

"ကျွန်တော်က သည်လေလံပွဲကို ကြီးမှုးကျင်းပပေးမယ့် လူပါ။  သည်လေလံပွဲမှာ ရောင်းချမယ့် ပစ္စည်းတွေ အားလုံးဟာ စစ်မှန်တဲ့ ပစ္စည်းတွေဖြစ်ကြောင်းကိုလည်း ကျွန်တော်တို့ အရှေ့ပိုင်းကြယ် လေလံခန်းမက တာဝန်ယူပါတယ် "

" ကဲ  ...  လေလံပွဲ စလိုက်ကြရအောင် "

ကတိပေးစကားကို ပြောပြီးတဲ့အခါမှာတော့ ဆံဖြူအဘိုးအိုဟာ လေလံပွဲကို စတင်လိုက်ပါပြီ။

လေလံပွဲရဲ့ ပထမဦးဆုံး လေလံတင် ရောင်းချတဲ့ ပစ္စည်းကတော့  မြေကမ္ဘာအဆင့်နိမ့် ဆေးတစ်မျိုး ဖြစ်တဲ့  စိတ်နှလုံးဝိညာဉ် ဆေးရည်ပါပဲ။  သည်ဆေးရည်က မြေကမ္ဘာ အဆင့်နိမ့် ဆေးအမျိုးအစား ဖြစ်ပေမယ့်လည်း ပိုင်ရှင်က အနိမ့်ဆုံး လေလံဈေးကို အဆင့်နိမ့် ဝိညာဉ်ကျောက်တုံး ၁၀၀၀ သတ်မှတ် ထားပါတယ်။  အဲသည်ဈေးနှုန်းက မြေကမ္ဘာ အလယ်အလတ် အဆင့် ဆေးတွေနဲ့တောင် ယှဉ်လို့ ရနေပါပြီ။

"ဒါက  တကယ်ကြီး စိတ်နှလုံးဝိညာဉ် ဆေးရည်လား "

လီဖူချန်းက အနည်းငယ် စိတ်လှုပ်ရှား သွားခဲ့ပါတယ်။

ဒါက ကျင့်ကြံသူ တစ်ယောက်ရဲ့ စိတ်ပိုင်းဆိုင်ရာကို သန့်ရှင်းစင်ကြယ်စေတဲ့  ဆေးတစ်မျိုးပါ။  သည်ဆေးရဲ့ လုပ်ဆောင်ပုံက  ဝိညာဉ်သန့်စင် သစ်သီးနဲ့ အတူတူပါပဲ။  ဒါပေမဲ့ အကျိုး သက်ရောက်မှုကတော့ အဆပေါင်းများစွာ သာပါတယ်။

အဲသည်အတွက် ပိုင်ရှင်က အဆင့်နိမ့် ဝိညာဉ်ကျောက်တုံး ၁၀၀၀လိုချင်နေတာလည်း ဆန်းတော့ မဆန်းပါဘူး။

" ၁၁၀၀ "

" ၁၁၅၀"

"၁၂၀၀ "

"၁၃၀၀ "

" ၁၅၀၀ "

စိတ်နှလုံးဝိညာဉ် ဆေးရည်က ထင်ထားတာထက်  လူစိတ်ဝင်စားမှု  များပုံပါပဲ။  အဲသည်အတွက် လီဖူချန်းကလည်း မနေနိုင်တော့ပါဘူး။

" ၁၈၀၀ "

လီဖူချန်းက နောက်ဆုံး ပေးထားတဲ့ ဈေးထက်ကို ၃၀၀ ပိုပေးလိုက်ပါတယ်။

သူ့ရဲ့ ဈေးပေးမှု အပြီးမှာတော့ လေလံဆွဲနေတဲ့ လူအားလုံးဟာ တိတ်ဆိတ် သွားခဲ့ပါပြီ။

စိတ်နှလုံး ဝိညာဉ်ဆေးဟာ ကောင်းတာတော့ အမှန်ပါပဲ။  ဒါပေမဲ့ အဲသည်ဆေးက သောက်သုံး လိုက်တဲ့သူကို တိုက်ရိုက် အဆင့်တက်သွားတာမျိုး လုပ်ဆောင် ပေးနိုင်ခြင်း မရှိပါဘူး။ ဒါက အခြေခံ အုတ်မြစ်ကို ပိုပြီး ခိုင်မာ သွားစေတာပဲ ရှိပါတယ်။

ပြီးတော့ လူတွေအားလုံး လက်ခံထားတာကတော့ သည်ဆေးဟာ အလွန်ဆုံးရှိမှ အဆင့်နိမ့် ဝိညာဉ် ကျောက်တုံး ၁၅၀၀ပါပဲ။  အဲသည်အတွက် ဘယ်သူမှ လီဖူချန်းနဲ့ပြိုင်ပြီး ဈေးမပေးကြတော့ပါဘူး။

သည်လိုနဲ့ပဲ စိတ်နှလုံးဝိညာဉ် ဆေးရည်ဟာ လီဖူချန်းရဲ့ လက်ထဲကို    ရောက်လာခဲ့ပါပြီ။

ဒုတိယမြောက် လေလံတင် ရောင်းချတဲ့ ပစ္စည်းကတော့ မြေကမ္ဘာ အဆင့်နိမ့် သတ္တုလက်သည်း တစ်စုံပါပဲ။

ဒါက သိပ်ပြီး ထူးဆန်းတဲ့ ပစ္စည်းတော့ မဟုတ်ပါဘူး။  ဒါပေမဲ့လည်း ဈေးကွက်ထဲမှာတော့ သည်လိုပစ္စည်းမျိုးဟာ အတော်လေး ရှားပါတယ်။

လက်သည်းသိုင်းကို ကျင့်ကြံကြတဲ့  ပြန်လည် ဝင်စားခြင်းနယ်ပယ် ပညာရှင် အတော်များများ ရှိပေမယ့်လည်း  သူတို့ထဲက  အများစုဟာ သူတို့နဲ့ သင့်တော်တဲ့ လက်နက်တွေကို မပိုင်ဆိုင်ခဲ့ပါဘူး။  အဲသည်အတွက် သူတို့တွေဟာ  သူတို့ရဲ့ လက်သည်းသိုင်းကို အမြင့်ဆုံး စွမ်းရည်တစ်ခု အထိ ထုတ်ပြနိုင်ဖို့ အတွက် ခဲယဉ်းခဲ့ပါတယ်။

အဲသည်လို လူတွေအတွက်ကတော့ သည်လက်သည်းတစ်စုံဟာ အခွင့်အရေးကြီး တစ်ခုပါပဲ။

အချိန်တိုလေး အတွင်းမှာပဲ သတ္တုလက်သည်း တစ်စုံရဲ့ တန်ဖိုးဟာ အဆင့်နိမ့် ဝိညာဉ်ကျောက်တုံး ၁၆၀၀ အထိ  ရောက်သွားခဲ့ပါပြီ။

ဒါပေမဲ့လည်း ပြန်လည်ဝင်စားခြင်းနယ်ပယ် အဆင့်၃က ပညာရှင် နှစ်ယောက်ကတော့ လက်လျှော့ချင်သေးဟန် မရှိပါဘူး။

" ၁၈၀၀  "

" ၁၉၀၀ "

" ၁၉၀၀ တစ်ကြိမ် ၊ ၁၉၀၀ နှစ်ကြိမ် ၊ ၁၉၀၀ သုံးကြိမ် "

" ရောင်းလိုက်ပြီ "

သည်သတ္တုလက်သည်း တစ်စုံကိုတော့ အဆင့်နိမ့် ဝိညာဉ်ကျောက်တုံး ၁၉၀၀နဲ့  ရောင်းထွက် သွားခဲ့ပါတယ်။

သည်လက်သည်းတစ်စုံကို လေလံ ဆွဲသွားသူကတော့ ထိပ်ပြောင်နေတဲ့ လူကြီးတစ်ယောက်ပါပဲ။

အချိန်တွေက လျင်မြန်စွာနဲ့ ကုန်ဆုံး သွားခဲ့သလို လေလံတင် ရောင်းချတဲ့ ပစ္စည်းမှန်သမျှဟာလည်း  ရောင်းထွက်ကုန်ပါတယ်။  အခုချိန်အထိ လေလံတင်သမျှ ပစ္စည်းတွေထဲမှာ   ရောင်းမထွက်တာတော့ မရှိသေးပါဘူး။

" မြေကမ္ဘာ အလယ်အလတ် အဆင့် ဝိညာဉ်သန့်စင် ဆေးလုံး။ သည်ဆေးလုံးကိုတော့ ဆရာသခင် မအိုသော ကလေးငယ်က ဖော်စပ်ထားခဲ့တာ။  သည်ဆေးလုံးရဲ့ သတ်မှတ်ဈေးနှုန်းကတော့ အဆင့်နိမ့် ဝိညာဉ် ကျောက်တုံး ၂၀၀၀ပါ "

တဖြည်းဖြည်းနဲ့ လေလံပွဲရဲ့ အလယ်ပိုင်းနားကို ရောက်လာခဲ့ပါပြီ။

" ဝိညာဉ်သန့်စင် ဆေးလုံးလား "

စိတ်နှလုံးဝိညာဉ် ဆေးရည်နဲ့  ဝိညာဉ်သန့်စင် ဆေးလုံးရဲ့ လုပ်ဆောင်မှုပိုင်း အတူတူပါပဲ။  သည်ဆေးနှစ်မျိုးလုံးက သောက်သုံး လိုက်တဲ့သူရဲ့ စိတ်ပိုင်းဆိုင်ရာကို  ကောင်းမွန်စေတာပါ။  ဒါပေမဲ့လည်း ဝိညာဉ်သန့်စင် ဆေးလုံးက  ဝိညာဉ်သန့်စင်သစ်သီးကို အဓိက ပါဝင်ပစ္စည်းအဖြစ် အသုံးပြုပြီး အခြားသော ဆေးပင် အမျိုးမျိုးနဲ့ ပေါင်းစပ်ကာ ဖော်စပ်ထားတာ ဖြစ်ပါတယ်။  အဲသည်အတွက် သည်ဆေးရဲ့ အကျိုး သက်ရောက်မှုက စိတ်နှလုံးဝိညာဉ်ဆေးရည်ထက် ပိုကောင်းမှာ အသေအချာပါပဲ။

သည်ဆေးလုံးကိုတော့ ပြန်လည်ဝင်စားခြင်းနယ်ပယ် အလယ်အလတ်ပိုင်းက ပညာရှင်တွေနဲ့ ပြန်လည်ဝင်စားခြင်း နယ်ပယ် အဆင့်မြင့်ပိုင်းက ပညာရှင် အချို့တောင်မှ အပြိုင်အဆိုင် ဈေးပေးနေကြပါပြီ။

" ၂၈၀၀ "

လီဖူချန်းကလည်း လက်မြှောက်ပြီး ဈေးပေးလိုက်ပါတယ်။

သူက စိတ်နှလုံးဝိညာဉ် ဆေးရည်ကို ရခဲ့ပြီးပေမယ့်လည်း သည်ဝိညာဉ် သန့်စင်ဆေးကို လိုချင်နေဆဲပါပဲ။  စိတ်ပိုင်းဆိုင်ရာ အခြေအနေ ပိုကောင်းမွန်လာပြီး စိတ်ဝိညာဉ်အား ပိုသန်မာလာမယ့် အဖြစ်မျိုးကိုတော့ မကြိုက်နှစ်သက်တဲ့သူ မရှိလောက်ပါဘူး။

" ၂၉၀၀ "

" ၃၀၀၀ "

ပြန်လည်ဝင်စားခြင်းနယ်ပယ် အဆင့်နိမ့်ပိုင်းက ပညာရှင်တွေကတော့ လက်လျှော့ သွားခဲ့ပါပြီ။ ဒါပေမဲ့လည်း  ပြန်လည်ဝင်စားခြင်း နယ်ပယ် အလယ်အလတ်ပိုင်းက ပညာရှင်တွေနဲ့ ပြန်လည်ဝင်စားခြင်း နယ်ပယ် အဆင့်မြင့်ပိုင်းက ပညာရှင် အချို့ကတော့ အပြိုင်အဆိုင် ဈေးပေးနေကြဆဲပါပဲ။

" ၃၅၀၀ "

လီဖူချန်းက စိတ်မရှည်တော့တဲ့အတွက် ဈေးနှုန်းကို ၃၅၀၀ အထိ တိုးပေးလိုက်ပါတယ်။

သည်လို  လေလံဈေးနှုန်းကို တိုးမြှင့်လိုက်ခြင်းကြောင့် ပြန်လည်ဝင်စားခြင်း နယ်ပယ် အလယ်အလတ်ပိုင်းက ပညာရှင်တွေဟာ  ဝိညာဉ်သန့်စင် ဆေးလုံးအပေါ်မှာ လက်လျှော့သွားခဲ့ ကြပါပြီ။   ဒါပေမဲ့  ပြန်လည် ဝင်စားခြင်းနယ်ပယ် အဆင့်မြင့်ပိုင်းက ပညာရှင် အချို့ကတော့  လက်မလျှော့သေးပါဘူး။

အဆင့်နိမ့်ဝိညာဉ် ကျောက်တုံး ၃၅၀၀ ဆိုတာက သူတို့ တတ်နိုင်တဲ့   တန်ဖိုးပမာဏ တစ်ခု ဖြစ်နေဆဲပါပဲ။

" ၄၀၀၀ "

လီဖူချန်းက  ဈေးနှုန်းကို အဆင့်နိမ့် ဝိညာဉ်ကျောက်တုံး ၄၀၀၀ အထိ ပေးလိုက်တဲ့ အခါမှာတော့  လူတွေအားလုံး လက်လျှော့ သွားကြပါပြီ။

ဝိညာဉ်သန့်စင် ဆေးလုံးရဲ့ ခေါ်ထားတဲ့ ဈေးနှုန်းကတောင်မှ အဆင့်နိမ့်ဝိညာဉ် ကျောက်တုံး ၂၀၀၀သာ ရှိတာပါ။  အဲဒါကို လီဖူချန်းက အဆင့်နိမ့်  ဝိညာဉ်ကျောက်တုံး ၄၀၀၀ ပေးနေပါတယ်။   ဘယ်သူမှတော့ လီဖူချန်းနဲ့အတူ  ရူးမိုက်ပြီး  ဈေးပြိုင်ပေးတော့မှာ မဟုတ်ပါဘူး။

လီဖူချန်းကလည်း သူ့တွက်ကိန်းနဲ့ သူပါပဲ။  မူလပကတိ သြဇာအာဏာ ဆေးတစ်လုံးရဲ့ တန်ဖိုးကတောင်မှ အဆင့်နိမ့် ဝိညာဉ်ကျောက်တုံး ၃၀၀၀ ရှိပါတယ်။ ပြီးတော့ အဲသည် ဆေးရည်က ကျင်ကြံခြင်း အဆင့်တစ်ဆင့် မြှင့်နိုင်စွမ်း ရှိပေမယ့်လည်း ဘေးထွက်ဆိုးကျိုး အတော်လေး ရှိနေဆဲပါပဲ။  ယေဘူယျအားဖြင့် ဆိုရင်တော့ မူလပကတိ သြဇာအာဏာ ဆေးလုံးဟာ ကျင့်ကြံမှုနှုန်း နှေးကွေးတဲ့ သူတွေအတွက်  အဆင်ပြေပါတယ်။  ဒါပေမဲ့ လီဖူချန်းက ကျင့်ကြံမှုနှုန်း နှေးကွေးတဲ့သူ မဟုတ်ပါဘူး။  သူက  မူလပကတိ သြဇာအာဏာ ဆေးလုံးကို မသုံးရင်တောင်မှ ပြန်လည် ဝင်စားခြင်းနယ်ပယ် အဆင့်၂ကို တစ်နှစ်အတွင်းမှာ ချိုးဖောက်ဝင်ရောက် နိုင်ပါတယ်။ အဲဒါကြောင့် သူက အဆင့်တက်ဖို့ အထောက်အပံ့ ပေးတဲ့  မြေကမ္ဘာအဆင့်မြင့် ဆေးကို လိုချင်နေတာပါ။

သည်ဝိညာဉ်သန့်စင် ဆေးလုံးကတော့ သူ့ရဲ့ စိတ်ဝိညာဉ်ကို ပိုသန်မာစေသလို ကျင့်ကြံခြင်း အခြေခံအုတ်မြစ် ကိုလည်း ပိုပြီး အခြေခိုင်စေပါတယ်။ သည်ဆေးလုံးက လီဖူချန်းရဲ့ အနာဂတ် ကျင့်ကြံခြင်း လမ်းစဉ်ကို ပိုပြီး လွယ်ကူ ချောမွေ့စေမှာ အသေအချာပါပဲ။  အဲသည်အတွက် လီဖူချန်းဟာ ဝိညာဉ်သန့်စင် ဆေးကို မရရအောင် ဝယ်ယူခဲ့ခြင်း ဖြစ်ပါတယ်။

သည်လိုနဲ့ပဲ မနက်ခင်းအချိန်ဟာ ကုန်ဆုံးသွားခဲ့ပါပြီ။

" အခု လေလံတင် ရောင်းချမယ့် ပစ္စည်းကတော့ သည်လေလံပွဲရဲ့ အဓိက ပစ္စည်းတွေထဲက တစ်ခုပါပဲ"

လေလံပွဲရဲ့ အကြီးအမှုးအဖြစ် တာဝန်ယူနေတဲ့ ဆံဖြူအဘိုးအိုက ကြော်ငြာလိုက်ပါတယ်။

သူက သည်ပစ္စည်းကို ချက်ချင်း ထုတ်မပြသေးပါဘူး။  ဧည့်သည်တွေ အားလုံး စိတ်ဝင်စားလာပြီဆိုမှ သူဟာ လေလံ ပစ္စည်းကို ဖုံးအုပ်ထားတဲ့ ကတ္တီပါ ပိုးဖဲစကို ဖြည်းညင်းစွာ ဖယ်ရှားလိုက်ပါတယ်။

ထို့နောက်မှာတော့ သူက အသံကျယ်လောင်စွာဖြင့်

" မြေကမ္ဘာ အဆင့်မြင့်ဆေးလုံး ဖြစ်တဲ့ မာန်ဟုန် မီးတောက် နှလုံးသားဆေးလုံး။  သည်ဆေးလုံးကို ဆရာသခင် မာန်ဟုန်မီးတောက် ဖော်စပ်ထားတာ ဖြစ်ပါတယ်။  မီးဓာတ်ကို အထူးပြုထားတဲ့ ဆေးဖြစ်ပြီး မီးဓာတ် အတွင်းအား ကျင့်စဉ် လေ့ကျင့်ထားတဲ့ သူတွေကို ကျင့်ကြံခြင်း အဆင့်တစ်ဆင့် တက်စေနိုင်စွမ်း ရှိပါတယ်။  ပြီးတော့ ဘေးထွက် ဆိုးကျိုးကလည်း မရှိသလောက်ပါပဲ။  သည်ဆေးလုံးရဲ့ ကြမ်းခင်းဈေးနှုန်းက အဆင့်နိမ့် ဝိညာဉ်ကျောက်တုံး ၇၀၀၀ ပါ။  ကဲ  ... စတင်ပြီး ဈေးပေးလို့ ရပါပြီ "

ပညာရှင် အတော်များများက သည်ဆေးလုံးကို လေလံဆွဲဖို့  စောင့်နေကြပုံပါပဲ။   အသက်ရှူချိန် ဆယ်ကြိမ်လောက် အတွင်းမှာပဲ မာန်ဟုန် မီးတောက် နှလုံးသား ဆေးလုံးရဲ့ ဈေးနှုန်းဟာ  အဆင့်နိမ့် ဝိညာဉ်ကျောက်တုံး   ၉၀၀၀ အထိ မြှင့်တက်သွားခဲ့ပါပြီ။

သည်ဆေးလုံးရဲ့ အစွမ်းက အင်မတန် ထက်မြက်ပါတယ်။  ပြန်လည် ဝင်စားခြင်းနယ်ပယ် အဆင့်၇ ၊ အဆင့်၈လောက်က ပညာရှင်တွေတောင်မှ သည်ဆေးကို သောက်သုံး လိုက်မယ်ဆိုရင် ကျင့်ကြံခြင်း အဆင့်တစ်ဆင့် မြှင့်တက်လာဖို့ အတွက်  မျှော်လင့်ချက် ရှိပါသေးတယ်။  တကယ်လို့ ကျင့်ကြံခြင်း အဆင့်တစ်ဆင့် မြှင့်တက်လာခြင်း မရှိခဲ့ဘူး ဆိုရင်တောင်မှ  နောက်တစ်ဆင့်ကို ချိုးဖောက် ဝင်ရောက်ဖို့ အတွက် ကျင့်ကြံရမယ့် အချိန်ကို တိုတောင်းသွားစေမှာပါ။ အဲသည်အတွက် ပြန်လည် ဝင်စားခြင်းနယ်ပယ် အဆင့်မြင့်ပိုင်းက ပညာရှင် အများအပြားဟာ မာန်ဟုန် မီးတောက် နှလုံးသားဆေးကို အပြိုင်အဆိုင် ဈေးပေး နေကြပါတယ်။

" ၁၀၀၀၀ "

လီဖူချန်းကလည်း လေလံပွဲထဲကို ဝင်ရောက်လာခဲ့ပါပြီ။

သူက ဘယ်လိုပဲဖြစ်ဖြစ် သည်ဆေးလုံးကို မရရအောင် လေလံဆွဲမှာပါ။

" ၁၁၀၀၀ "

ပြန်လည်ဝင်စားခြင်းနယ်ပယ် အဆင့်၇ ပညာရှင် တစ်ယောက်ကလည်း  လီဖူချန်းနဲ့ အပြိုင် ဈေးပေး လာပါတယ်။

" ၁၂၀၀၀ "

All Chapters