← Chapters

မီးတောက်လက်သီး

Vol. 31 Ch. 416

မီးတောက်လက်သီး

Vol. 31 Ch. 416

" ငါ့အနေနဲ့ ခန္ဓာကိုယ် သန့်စင်ခြင်းကိုလည်း လျစ်လျူရှုလို့ မရဘူူး "

အရင်တုန်းကတော့ လီဖူချန်းရဲ့ ခန္ဓာကိုယ်ထဲမှာ မသန့်စင်မှုတွေ အများကြီး ရှိနေခဲ့တာပါ။   ဗာဂျရာ ဆေးရည်နဲ့  ရွှေအဆင်း ခန္ဓာကိုယ် ဆေးရည်ကို သောက်သုံးပြီးသွားတဲ့နောက်မှာတော့ သူ့ရဲ့ ခန္ဓာကိုယ်ထဲ ရှိနေတဲ့ မသန့်စင်မှုတွေဟာ မရှိသလောက် ဖြစ်သွားခဲ့ပါတယ်။  ဒါပေမဲ့လည်း မသန့်စင်မှုတွေဟာ ရှိနေဆဲပါပဲ။   အဲဒါတွေက အခုချိန်မှာ ဘာပြဿနာမှ မဖြစ်သေးပေမယ့်လည်း အနာဂတ် အပြင်အားကျင့်ကြံမှုမှာတော့ ပြဿနာတွေ ဖြစ်လာနိုင်ပါတယ်။

ထို့နောက်မှာတော့ လီဖူချန်းဟာ သူ့ရဲ့ ခန္ဓာကိုယ်ကို သန့်စင်ဖို့ လိုအပ်တဲ့ ဆေးတွေဝယ်ဖို့ ထာဝရနုပျိုခြင်း ဆေးဆိုင်ကို ရောက်လာခဲ့ပါပြီ။ သူက  ဗာဂျရာဆေးရည် ငါးပုလင်းနဲ့ ရွှေအဆင်း ခန္ဓာကိုယ် ဆေးရည် ငါးပုလင်းကို  အဆင့်နိမ့်ဝိညာဉ် ကျောက်တုံး ၁၁၀၀၀ ပေးပြီး ဝယ်လိုက်ပါတယ်။

ဝယ်ပြီးတာနဲ့ တစ်ပြိုင်နက် လီဖူချန်းဟာ သူတည်းခိုရာ တည်းခိုခန်းကို  ပြန်လာခဲ့ပြီး  ခန္ဓာကိုယ် သန့်စင်ဖို့ကို လုပ်ဆောင်ပါတော့တယ်။  သူက  လုံးဝကို အချိန် ဆွဲမနေတော့ပါဘူး။

တစ်ပုလင်း  ... နှစ်ပုလင်း  ...

လီဖူချန်းက သူဝယ်လာတဲ့ ဆေးရည်တွေကို ဆက်တိုက် သောက်ချလိုက်ပြီး ခန္ဓာကိုယ်ကို သန့်စင် ပါတော့တယ်။  သူ့ရဲ့ ဆင်နဂါးစွမ်းအင်အမျှင် အရေအတွက်ကလည်း တစ်ဟုန်ထိုး တိုးပွားလာခဲ့ပါပြီ။

ဆင်နဂါးစွမ်းအင်အမျှင် ၇၀၀၀  ...

ဆင်နဂါးစွမ်းအင်အမျှင်  ၈၀၀၀  ...

ဆင်နဂါးစွမ်းအင်အမျှင်  ၉၀၀၀  ...

ဆင်နဂါးစွမ်းအင်အမျှင်  ၁၀၀၀၀   ...

ဆင်နဂါးစွမ်းအင်အမျှင်  ၁၁၀၀၀   ...

ဆင်နဂါးစွမ်းအင်အမျှင် ၁၂၀၀၀  ...

နောက်ဆုံးမှာတော့ သူ့ရဲ့ ဆင်နဂါးစွမ်းအင်အမျှင် အရေအတွက်ဟာ ၁၂၈၀၀ အထိ ရောက်လာခဲ့ပါပြီ။   ဗာဂျရာဆေးရည် ငါးပုလင်းနဲ့ ရွှေအဆင်းခန္ဓာကိုယ်ဆေးရည် ငါးပုလင်းက ဆင်နဂါး စွမ်းအင်အင်အမျှင် အရေအတွက် ၆၆၀၀ ပဲ တိုးပွားလာစေခဲ့ပါတယ်။

အရင်တစ်ခေါက်ကဆိုရင်  ဗာဂျရာ ဆေးရည် တစ်ပုလင်း၊ ရွှေအဆင်း ခန္ဓာကိုယ်ဆေးရည် တစ်ပုလင်းနဲ့တင်  ဆင်နဂါးစွမ်းအင် အမျှင် အရေအတွက်  ၃၀၀၀ ကျော် တိုးပွားလာခဲ့တာပါ။

ဒါပေမဲ့လည်း ဒါက ပြဿနာတော့ မဟုတ်ပါဘူး။  လီဖူချန်းက သည်ကိစ္စရဲ့ အကြောင်းအရင်းကို သိထားပြီးသားပါပဲ။  ဆင်နဂါးစွမ်းအင်အမျှင်တွေဟာ အရေအတွက် များလာလေလေ တိုးပွားလာဖို့ ခက်လေလေပင် မဟုတ်ပါလား။  ဆင်နဂါးစွမ်းအင် အမျှင် အရေအတွက် သည်လောက်အထိ တိုးပွား လာတာနဲ့တင် ကျေနပ်ဖို့ ကောင်းနေပါပြီ။

ရှေးလူကြီးတွေ ပြောနေကျ ဆိုရိုး စကားတစ်ခွန်းရှိပါတယ်။

" မိုးပေါ်က ကျလာတဲ့ အပ်တစ်စင်းနဲ့ မြေပေါ်က အပ်တစ်စင်းနဲ့ ထိရင် ထိလိမ့်မယ်။  ခန္ဓာကိုယ် သန့်စင်ခြင်း လမ်းစဉ်ကို အဆုံးထိ လျှောက်လမ်းနိုင်တဲ့သူတော့ ရှိလာမှာ မဟုတ်ဘူး " တဲ့။

ကြည့်ရတာတော့ သည်ဆိုရိုးစကားက အလကား ဖြစ်လာတာ ဟုတ်ပုံ မရပါဘူး။

ဥပမာအားဖြင့် ရောင်စဉ်ခုနစ်ဖြာ တိုက်ကြီးကိုပဲ ကြည့်ပါ။  သည်ရောင်စဉ်ခုနစ်ဖြာ တိုက်ကြီးမှာ ပြန်လည်ဝင်စားခြင်း နယ်ပယ်အဆင့် ခန္ဓာကိုယ်အပြင်အား ပညာရှင်တွေ တော်တော်များများ ရှိပါတယ်။ ဒါပေမဲ့လည်း တိုက်ပွဲ ဝိညာဉ်နယ်ပယ် အဆင့် ခန္ဓာကိုယ်အပြင်အား   ပညာရှင် အရေအတွက်ကတော့ လက်တစ်ဖက် မပြည့်ပါဘူး။

လီဖူချန်း ခန့်မှန်းရသလောက် ဆိုရင်တော့ သူ့အနေနဲ့ တိုက်ပွဲဝိညာဉ် နယ်ပယ်အဆင့် ခန္ဓာကိုယ် အပြင်အား ပညာရှင် ဖြစ်ချင်ရင်တော့ အနည်းဆုံး အဆင့်နိမ့်    ဝိညာဉ်ကျောက်တုံး တစ်သန်းလောက် သုံးရပါမယ်။  သည်အရေအတွက်က တကယ့်ကို ရူးချင်စရာပါပဲ။  သာမန် တိုက်ပွဲ ဝိညာဉ်နယ်ပယ် ဆရာ သခင်တွေတောင်မှ သည်လောက်ရှိမှာ မဟုတ်ပါဘူး။  ရှိခဲ့ရင်လည်း သည်လောက်များတဲ့ အဆင့်နိမ့် ဝိညာဉ် ကျောက်တုံးတွေကို ခန္ဓာကိုယ်အပြင်အား ကျင့်ကြံခြင်းအတွက် သုံးမှာ မဟုတ်ပါဘူး။

ဒါပေမဲ့ ခန္ဓာကိုယ်သန့်စင်ခြင်း လမ်းစဉ်ကို အဓိကထားပြီး ကျင့်ကြံသူတွေကတော့  ရွေးချယ်စရာ မရှိတဲ့အတွက် မသုံးမဖြစ် သုံးမှကို ရမှာပါ။

သည်လိုမျိုး နေရာမှာတော့  ကြက်သွေးရောင်ကျား သိုင်းတက္ကသိုလ်က ဝမ်ကျန်းလို ဗာဂျရာ အရိုး တည်ဆောက်ပုံကို ပိုင်ဆိုင်ထားသူတွေက တစ်ပန်း သာသွားခဲ့ပါပြီ။

ဝမ်ကျန်းက မွေးရာပါ ဗာဂျရာ အရိုးတည်ဆောက်ပုံကို ပိုင်ဆိုင်ထားတဲ့ အတွက် ခန္ဓာကိုယ် သန့်စင်ခြင်း လမ်းစဉ်ကို လျှောက်လှမ်းတဲ့ နေရာမှာ  အခြားသူတွေလို ရင်းမြစ်ပစ္စည်း အများကြီး သုံးစရာ မလိုပါဘူး။  အခြားသူတွေ အဆင့်နိမ့် ဝိညာဉ်ကျောက်တုံး တစ်သန်းလောက် သုံးရမယ့် အခြေအနေမှာ ဝမ်ကျန်းက အဆင်နိမ့် ဝိညာဉ်ကျောက်တုံး သိန်းပိုင်းလောက်နဲ့တင် အဆင်ပြေပါတယ်။

လီဖူချန်းရဲ့ ခန္ဓာကိုယ်အပြင်အား ကျင့်ကြံမှု  အဆင့်တစ်ဆင့် တိုးလာပြီးတဲ့ နောက်မှာတော့   သူ့ရဲ့ ခန္ဓာကိုယ် အပြင်အားတွေကလည်း  သာမန် ပြန်လည် ဝင်စားခြင်းနယ်ပယ် အဆင့်၉ ပညာရှင် တစ်ယောက်ထက် သာလွန်သွားခဲ့ပါပြီ။

" တကယ်လို့ ငါ့အနေနဲ့ ခန္ဓာကိုယ်အပြင်အား ကျင့်ကြံမှုကို နောက်ထပ်တစ်ဆင့် မြှင့်တင်ချင်ဆိုရင် အနည်းဆုံး အဆင့်နိမ့်ဝိညာဉ် ကျောက်တုံး ၅၀၀၀၀ လောက် သုံးရဦးမှာပဲ "

လီဖူချန်းက မချိပြုံး ပြုံးလိုက်မိပါတယ်။

အမှန်အတိုင်း ပြောရမယ်ဆိုရင်တော့ ခန္ဓာကိုယ်သန့်စင်ခြင်း လမ်းစဉ်မှာ နယ်ပယ်တစ်ခု အလိုက်  အဆင့်တွေ သတ်သတ်မှတ်မှတ် မခွဲထားပါဘူး။  မင်းရဲ့ အပြင်အားက ပြန်လည် ဝင်စားခြင်း နယ်ပယ်အဆင့် ပညာရှင်တွေ လို အစွမ်းရှိတယ် ဆိုရင်  ပြန်လည် ဝင်စားခြင်းနယ်ပယ် ပညာရှင်ပါပဲ။

လူတစ်ယောက်က သူ့ရဲ့ ခန္ဓာကိုယ်အပြင်အား ကျင့်ကြံမှုအဆင့်ကို သိချင်တယ်ဆိုရင် ချီအတွင်းအား ကျင့်ကြံမှု အဆင့်နဲ့ပဲ ချိန်ထိုးကြည့်ပြီး မှန်းဆ နိုင်ပါတယ်။

***

အန်းကလန်ကတော့  အရောင်းအဝယ်မှာ ဆရာ ကျလွန်းသူတွေပါပဲ။  သူတို့က လီဖူချန်းတို့ ရလာတဲ့ ဆေးပင်တွေကို နှစ်ပတ် အတွင်းမှာတင် အကုန်အစင် ရောင်းချလိုက်နိုင်ပြီး  အဆင့်နိမ့် ဝိညာဉ်ကျောက်တုံး ၂၀၀,၀၀၀ ရအောင် ရှာပေးနိုင်ခဲ့ပါတယ်။

ဒါတောင်မှ သူတို့ဟာ အလျင်လိုနေလို့ပါ။  တကယ်လို့ သူတို့အနေနဲ့ လေလံပွဲတစ်ခု လုပ်ပြီးသာ  ရောင်းလိုက်မယ် ဆိုရင် သည်ထက်တောင် ရနိုင်ပါသေးတယ်။

အဆင့်နိမ့်ဝိညာဉ် ကျောက်တုံး ၂၀၀,၀၀၀ မှာတော့ အန်းကလန်ဟာ သူ့တို့ရမယ့် ခွဲတမ်း ၁၀ရာခိုင်နှုန်းကို နုတ်ယူပြီး ကျန်တဲ့ အဆင့်နိမ့် ဝိညာဉ်ကျောက်တုံး ၁၈၀,၀၀၀ ကို အန်ရှင်းမိန်နဲ့ ပေးအပ်ခဲ့ပါတယ်။

အဲသည် ဝိညာဉ်ကျောက်တုံး ၁၈၀,၀၀၀ ထဲမှာတော့ လီဖူချန်းနဲ့ ကျိုးဟန်က ၃၀ ရာခိုင်နှုန်း ရမှာ ဖြစ်တဲ့အတွက်  တစ်ယောက်ကို အဆင့်နိမ့်ဝိညာဉ် ကျောက်တုံး ၅၄,၀၀၀ စီ ရခဲ့ပါတယ်။

အန်ရှင်းမိန်ကတော့ အဆင့်နိမ့်ဝိညာဉ် ကျောက်တုံး ၂၇,၀၀၀ ရခဲ့ပြီး  လျံတိုင်ယုနဲ့ တုချင်းတို့ကတော့ တစ်ယောက်ကို အဆင့်နိမ့် ဝိညာဉ်ကျောက်တုံး ၂၂,၅၀၀ စီ ရခဲ့ပါတယ်။

သည်ပမာဏကတော့ အားလုံးအတွက် ကျေနပ်စရာပါပဲ။

အဲသည် အတွက် သူတို့ ငါးယောက်စလုံးဟာ သူတို့ရတဲ့ ဝေစုတွေကို ရေတွက်နေရင်းနဲ့ အကျေနပ်ကြီး ကျေနပ်နေခဲ့ပါပြီ။

" ငါ့ဆီမှာ ကျန်နေသေးတဲ့ အဆင့်နိမ့် ဝိညာဉ် ကျောက်တုံးတွေနဲ့ အခုရလာတဲ့ အဆင့် အဆင့်နိမ့်ဝိညာဉ် ကျောက်တုံးတွေနဲ့ ဆိုရင်တော့ ငါရဲ့ ပိုင်ဆိုင်မှုက အဆင့်နိမ့် ဝိညာဉ်ကျောက်တုံး ၉၀,ဝဝဝ နီးပါး ရှိသွားပြီပဲ "

လီဖူချန်းက သူ့ရဲ့ ပိုင်ဆိုင်မှုတွေကို တွက်ချက်နေပါတယ်။

အဆင့်နိမ့် ဝိညာဉ်ကျောက်တုံး ၉၀,၀၀၀။  ဒါက အတော်များတဲ့ ပမာဏတစ်ခုပါ။   ပြန်လည် ဝင်စားခြင်းနယ်ပယ် အဆင့်မြင့်ပိုင်းက ပညာရှင်တွေတောင်မှ လီဖူချန်းလောက် ကြွယ်ဝချမ်းသာမှာ မဟုတ်ပါဘူး။

ကျင့်ကြံခြင်း လောကမှာတော့ အစွမ်းထက်မြက်ခြင်းနဲ့ ချမ်းသာကြွယ်ဝခြင်း တိုက်ရိုက် အချိုး ကျလု နီးပါးပါပဲ။ ပညာရှင် တစ်ယောက်ဟာ ချမ်းသာကြွယ်ဝမှုနဲ့ အစွမ်းထက်မြက်လာအောင် လုပ်နိုင်သလို၊ အစွမ်း ထက်မြက်မှုနဲ့လည်း ချမ်းသာ ကြွယ်ဝလာအောင် လုပ်နိုင်ပါတယ်။

လီဖူချန်း ကိုယ်တိုင်တောင်မှ သူ့ရဲ့   အစွမ်း ထက်မြက်မှုကြောင့် ခရမ်းရောင်ကြယ် တောင်တန်းကနေ အဆင့်နိမ့် ဝိညာဉ်ကျောက်တုံး ၅၄,၀၀၀ ရလာခဲ့တာ မဟုတ်ပါလား။

" အင်း  ...  အခုဆိုရင် ငါလိုအပ်တာဆိုလို့  ငါ့ရဲ့ ခန္ဓာကိုယ် အပြင်အားနဲ့ လိုက်ဖက်တဲ့ လက်နက်ပဲ ရှိတော့တယ်။   အဲသည်အတွက် ပန်းပဲ ဆရာသခင် အရည်ကျို ဆီကို သွားပြီး အကူအညီ တောင်းရမယ် "

ခရမ်းရောင်ပန်း နိုင်ငံတော်မှာက မဟာဆေးပညာရှင် ဆယ်ဦး ရှိသလို  မဟာပန်းပဲပညာရှင် ငါးဦးလည်း ရှိပါတယ်။  အဲသည် မဟာပန်းပဲပညာရှင် ငါးဦးထဲမှာတော့ ဆရာသခင် အရည်ကျို တစ်ယောက်တည်း ကသာ  အပြင်အား လက်နက်တွေကို လက်ရာမြောက်စွာ သွန်းလုပ်နိုင်စွမ်း ရှိတာပါ။  အဲဒါကြောင့် လီဖူချန်းက ဆရာသခင် အရည်ကျိုဆီမှာ အကူအညီ တောင်းဖို့အတွက် ဆုံးဖြတ်လိုက်တာ ဖြစ်ပါတယ်။

တကယ်လို့ လီဖူချန်းနေရာမှာ အခြားလူတစ်ယောက် ဆိုရင်တော့ ခန္ဓာကိုယ်အပြင်အား လက်နက် တစ်ခု ရဖို့အတွက် သည်လောက်အထိ အလုပ်ရှုပ်ခံမှာ မဟုတ်ပါဘူး။

လူတော်တော်များများဟာ  ခန္ဓာကိုယ်ကို သန့်စင်ခြင်းကို အရန် အနေနဲ့သာ ကျင့်ကြံကြပြီး ချီအတွင်းအား ကျင့်ကြံမှုကိုသာ အဓိကထား ကျင့်ကြံကြတာပါ။  အဲသည်အတွက် သူတို့တွေဟာ ခန္ဓာကိုယ် အပြင်အား လက်နက်တွေ ရခဲ့ရင်တောင်မှ  ကောင်းကောင်းမွန်မွန် အသုံးချနိုင်မှာ မဟုတ်ပါဘူး။  သူတို့တွေ အတွက်ကတော့  ခန္ဓာကိုယ်အပြင်အား လက်နက်တွေဆိုတာက ဘာမှ အသုံးမဝင်တဲ့  လက်နက် တစ်ခုပါပဲ။

လီဖူချန်းကတော့ အခြားသူတွေနဲ့ မတူညီဘဲ ကွဲပြားခြားနား ပါတယ်။ သူက မြေကမ္ဘာအဆင့်မြင့် ခန္ဓာကိုယ်အပြင်အား ကျင့်စဉ်တစ်ခု ဖြစ်တဲ့ ဆင်နဂါးခန္ဓာကိုယ် သွန်းလောင်းခြင်း ပညာရပ်ကို လေ့ကျင့်ထားသူ   တစ်ယောက်ပါ။  တကယ်လို့ လီဖူချန်းဆီမှာသာ ခန္ဓာကိုယ် အပြင်အား လက်နက်တစ်ခု ရှိမနေဘူးဆိုရင် အရမ်း နှမြောစရာ ကောင်းသွားပါလိမ့်မယ်။

ဆရာသခင် အရည်ကျို  ...   ... ။

သူကတော့ အခုလက်ရှိ  ရှီဟွေးရှီ မြို့မှာ အခြေချ နေထိုင်နေတာပါ။  ရှီဟွေးရှီမြို့က ထုံးကျောက် နယ်မြေဒေသရဲ့ အဓိက မြို့တော်ဆိုရင်လည်း မမှားပါဘူး။  ရှီဟွေးရှီ မြို့နဲ့ နန်လင်းမြို့တို့ကတော့ မိုင်ပေါင်း တစ်သောင်းကျော် ကွာဝေးကြပါတယ်။

( note- ရှီဟွေးရှီဆိုတာက တရုတ်လို ထုံးကျောက်လို့ အဓိပ္ပာယ် ရပါတယ်။ )

ထို့နောက်မှာတော့ လီဖူချန်းဟာ အဆင့်၄  ယူနီကွန်းမြင်းကိုစီးပြီး ရှီဟွေးရှီမြို့ကို ထွက်သွားခဲ့ပါပြီ။

"  နောက်ဆုံးတော့ သည်ကောင်က မြို့ထဲကနေ  ထွက်သွားခဲ့ပြီပေါ့ "

သည်ရက်တွေမှာ ဆိုရင် မီးလက်သီး ဖန်လုံက  သူ့လူတွေကို လွှတ်ထားပြီး လီဖူချန်းကို မျက်ခြည်မပြတ်  စောင့်ကြည့် ထားခိုင်းခဲ့တာပါ။ အဲသည်အတွက်လ လီဖူချန်း မြို့ထဲက ထွက်သွားပြီ ဆိုတာနဲ့တစ်ပြိုင်နက် ဖန်လုံဟာ နှောင့်နှေးနေခြင်း မရှိဘဲ   လီဖူချန်းနောက်ကို တန်းပြီး လိုက်လာနိုင်ခဲ့ပါတယ်။

လီဖူချန်းက မာန်ဟုန် မီးတောက် နှလုံးသားဆေးကို သောက်သုံးပြီး သွားရင်လည်း ဖန်လုံက ဂရုစိုက်မှာ မဟုတ်ပါဘူး။  သူက လီဖူချန်းကို ကျောင်းမှန်းကန်မှန်း သိအောင် ဆုံးမရမှ ကျေနပ်မှာပါ။

နန်လင်းမြို့နဲ့ မိုင်ပေါင်း သုံးရာကျော်အကွာကို ရောက်တဲ့အခါမှာတော့   ...

" မင်းငါ့နောက်ကို သည်လောက်အကြာကြီး ခိုးကြောင်ခိုးဝှက် လိုက်နေရတာ မပင်ပန်းဘူးလား  "

လီဖူချန်းက သူ့ရဲ့ ယူနီကွန်းမြင်းကို ရပ်တန့်စေလိုက်ပြီး လမ်းဘေး တစ်နေရာကို ကြည့်ကာ ပြောလိုက်ပါတယ်။

လီဖူချန်းက သူ့နောက်ကနေ လူတစ်ယောက် နောက်ယောင်ခံ လိုက်လာတာကို အစောကြီးကတည်း ရိပ်မိပြီးသားပါပဲ။  သူက နန်လင်းမြို့နားမှာ   မတိုက်ခိုက်ချင်တဲ့အတွက်  မသိချင်ယောင် ဆောင်နေခဲ့တာပါ။

" ဟက်  ...  ဟက်  ...။  မင်းရဲ့ အသိစိတ်အာရုံက ထင်မှတ် မထားလောက်အောင် ကောင်းနေပါလား။  ဒါပေမဲ့ နှမြောစရာပဲ။  သည်နေ့ကစပြီး မင်းရဲ့ အသိစိတ်အာရုံကို အသုံးပြုလို့ ရမှာ မဟုတ်တော့ဘူး။  နောက်နှစ် သည်အချိန်က မင်းသေပြီးတာ တစ်နှစ်ပြည့်တဲ့နေ့ပဲ  "

အသံနဲ့အတူ ဖန်လုံဟာ လီဖူချန်းရဲ့ အရှေ့ကို ရောက်လာခဲ့ပါပြီ။  သူ့ရဲ့ ခန္ဓာကိုယ် ကနေတော့ ပြင်းထန်လှတဲ့ သတ်ဖြတ်ခြင်း အငွေ့အသက်တွေကို  ထုတ်လွှတ်နေပါတယ်။

ဖန်လုံက ပြန်လည်ဝင်စားခြင်းနယ်ပယ် အဆင့်၇က ပညာရှင် တစ်ယောက်ပါ။  ပြီးတော့ သူက မြေကမ္ဘာအဆင့်နိမ့် အတွင်းအား ကျင့်စဉ်တစ်ခုနဲ့  သိုင်းပညာတစ်ခုကိုလည်း လေ့ကျင့် ထားပါသေးတယ်။   အဲသည်အတွက် သူ့ရဲ့မျက်လုံးထဲမှာတော့ လီဖူချန်းဟာ သေလူတစ်ယောက်နဲ့ မခြားပါဘူး။

" အနာဂတ်ကို ဘယ်သူမှ ကြိုတင် မသိနိုင်ဘူး။  နောက်နှစ် သည်အချိန်က မင်းသေပြီးတာ တစ်နှစ်ပြည့်လည်း ဖြစ်နိုင်တာပဲ "

လီဖူချန်းက  ပြန်ပြောလိုက်ပါတယ်။

" ခွေးမသားလေး     ... သေစမ်း   "

လီဖူချန်းရဲ့ စကားက ဖန်လုံကို ဒေါသ အကြီးအကျယ် ထွက်သွားစေခဲ့ပါပြီ။  အဲသည်အတွက် ဖန်လုံက ဘာစကားမှ ထပ်မပြောတော့ဘဲ  လီဖူချန်းကို လက်သီးနဲ့ ထိုးထည့်လိုက်ပါတယ်။

ဖန်လုံရဲ့ လက်သီးပြင်းအားက  ခြင်္သေ့ရိုင်း သိုင်းတက္ကသိုလ် စွမ်းအင်ရပ်တည်မှု ဇယားရဲ့ အဆင့်၃မှာ ရှိတဲ့ ဗလတောင့်တောင့် လူငယ်ထက်တောင် ပြင်းနေပါသေးတယ်။

သူ့ရဲ့ လက်သီးချက် ထွက်ပေါ်လာတာနဲ့ တစ်ပြိုင်နက် ပတ်ဝန်းကျင် တစ်ခုလုံးဟာ မီးလောင်ပြင်ကြီး တစ်ခုလို ပူလောင် သွားခဲ့ပါပြီ။  အိမ်တစ်လုံးလောက်ရှိတဲ့  မီးတောက် လက်သီးရိပ်ကြီး တစ်ခုဟာလည်း လီဖူချန်းကို ဖိနှိပ်လာခဲ့ပါတယ်။

လီဖူချန်းကတော့ တည်တည်ငြိမ်ငြိမ် ရှိနေဆဲပါပဲ။

" သွားစမ်း "

လီဖူချန်းက လက်သီးချက်တစ်ချက် ထုတ်လိုက်တဲ့ အခါမှာတော့ မဟာဆင်ဝိညာဉ်နဲ့ မဟာကျားဝိညာဉ်ဟာ တစ်ပြိုင်တည်းထွက်ပေါ်လာပြီး ဖန်လုံရဲ့ မီးတောက် လက်သီးရိပ်ကြီးကို  ထိပ်တိုက် ရင်ဆိုင်လိုက်ကြပါတယ်။

ဝုန်း  ...

မြေပြင်ဟာ ပေါက်ကွဲထွက်သွားပြီး အပူလှိုင်းတွေဟာ တစ်လှိုင်းပြီး တစ်လှိုင်း ဖြာထွက် လာခဲ့ပါတယ်။

" မျိုးမစစ်ကလေး  ...  ငါမင်းကို အထင်သေးလိုက် မိတာပဲ "

ဖန်လုံးရဲ့ မျက်လုံးထဲမှာတော့  အံ့သြရိပ်တွေ ထွက်ပေါ်လာခဲ့ပါပြီ။

" ကြည့်ရတာ မင်းက လေပဲ ကျယ်တတ်တဲ့ ပုံပါလား "

လီဖူချန်းက သူ့ရဲ့ လက်သီးပေါ်မှာ စွဲကပ်နေတဲ့ မီးတွေကို ငြိမ်းသတ်နေရင်းနဲ့  ဖန်လုံကို လှောင်ပြောင် လိုက်ပါတယ်။

မီးတောက်လက်သီး ဖန်လုံက သူ့ရဲ့ ဘွဲ့ထူးနဲ့ ကိုက်ညီတယ်လို့ ပြောရမှာပါပဲ။  သူ့ရဲ့  မီးတောက် လက်သီး ဆန္ဒဟာ တကယ်ကိုမှ အားကောင်း လှပါတယ်။  တကယ်လို့ လီဖူချန်းဆီမှာသာ နေမင်းဇော အဟုန် ချီအတွင်းအားနဲ့ မီးတောက်စွမ်းအားသာ မရှိခဲ့ဘူးဆိုရင်တော့  သည်မီးလက်သီးရိပ်ကြီးကို ဘယ်လိုမှ ခုခံနိုင်မှာ မဟုတ်ပါဘူး။

" ဟားဟားဟား  ...။  မျိုးမစစ်ကလေး   ... မင်းက မင်းကိုယ်မင်း အရမ်း အထင်ကြီးနေတာပဲ။   ငါက မင်းရဲ့ အားနည်းချက်ကို မသိင်နိုင်ဘူးလို့ ထင်နေတာလား။    အစောပိုင်းက လက်သီးချက် အရဆိုရင် မင်းက အနီးကပ် တိုက်ခိုက်မှုမှာ ပိုအားကောင်းတာဆိုတာ အသိသာကြီးပဲ။  ငါ့ရဲ့  သည်တိုက်ခိုက်မှုကို မင်းဘယ်လို ခုခံမလဲ ဆိုတာ ကြည့်ရသေးတာပေါ့ "

စကားဆုံးတာနဲ့ တစ်ပြိုင်နက် ဖန်လုံဟာ  ကောင်းကင်ပေါ်ကို ခုန်တက်လိုက်ပြီး  သိုင်းကွက်တစ်ကွက် ထုတ်လိုက်ပါတော့တယ်။

ဖန်း  ...  ဖန်း  ... ဖန်း  ... ဖန်း  ...

မီးတောင်လက်သီးရိပ် တစ်ရာဟာ  ကောင်းကင်ကနေ လီဖူချန်းဆီကို ကျဆင်းလာခဲ့ပါပြီ။

ဒါက မီးမိုးကြီး ရွာချလာသလိုပါပဲ။

လီဖူချန်းရဲ့ လက်သီးချက်က သည်မီးတောက် လက်သီးတွေကို  မခုခံနိုင်ခဲ့ပါဘူး။  သူက မီးတောက် လက်သီး အချို့ကို ဖျက်ဆီး နိုင်ခဲ့ပေမယ့်လည်း ကောင်းကင်ပေါ်ကနေ ကျဆင်းလာတဲ့  မီးတောက် လက်သီး  အရေအတွက်ဟာ  သူဖျက်ဆီးနိုင်တဲ့ အရေအတွက်ထက်ကို   များပြားလွန်းနေပါတယ်။

ရှဲ  ... ရဲှ  ... ရှဲ  ...

လီဖူချန်းရဲ့ ပတ်ပတ်လည်  ၈မီတာ အတွင်းမှာတော့ မီးပင်လယ်ကြီးတစ်ခု  ဖြစ်တည် လာခဲ့ပါပြီ။ လီဖူချန်းအနေနဲ့ သည်မီးပင်လယ်ကြီးကို တစ်ခုခုလုပ်မှ ရပါတော့မယ်။  မဟုတ်လို့ကတော့ သူဟာ လောင်ကျွမ်းပြီး သေရတော့မှာပါ။

" မရတော့ဘူး။  ငါ့ရဲ့ ဝှက်ဖဲတွေကို ထုတ်သုံးမှ ရတော့မယ် "

" ကောင်းကင် ပျက်သုဉ်းခြင်း ဓားသိုင်း "

လီဖူချန်းက သူ့ရဲ့  နေမင်းဇောအဟုန် ချီအတွင်းအားတွေကို ပြောင်းလဲခြင်းကိုးပါး ချီအတွင်းအားတွေ အဖြစ် ပြောင်းလဲစေလိုက်ပြီး သွေးနီဓားကို ဆွဲထုတ်ကာ တိုက်ခိုက် လိုက်ပါတယ်။

ဟူး  ... ဟူး  ... ဟူး  ...

အားကောင်းလွန်းလှတဲ့ ဓားချီတွေဟာ ဖြစ်တည်လာခဲ့ပါပြီ။  ထို့နောက်မှာတော့ အဲသည် ဓားချီတွေဟာ လီဖူချန်းကို ဗဟိုပြုကာ စက်ဝိုင်း ပုံသဏ္ဌာန် လည်ပတ်သွားပြီး   မီးပင်လယ်ကြီးကို ငြိမ်းသတ် လိုက်ပါတယ်။

ထို့နောက်မှာတော့ လီဖူချန်းက ဖန်လုံကို အနီးကပ် တိုက်ခိုက်ဖို့ အတွက် ကောင်းကင်ပေါ်ကို ခုန်တက် သွားခဲ့ပါတယ်။

" ကြက်သွေးရောင် မီးတောက်နတ်ဘုရား လက်သီး "

ဖန်လုံက လီဖူချန်းကို အနီးကပ် တိုက်ခိုက်ခွင့် မပေးပါဘူး။ သူက အပေါ်စီးကနေ  လီဖူချန်းကို  အားကုန်သုံးပြီး ထိုးချ လိုက်ပါတယ်။

ဒါပေမဲ့လည်း လီဖူချန်းရဲ့  ဓားချက်က သူထင်ထားတာထက်တောင်မှ အားကောင်း နေပါသေးတယ်။

ရွှမ်း  ...

ဖန်လုံရဲ့ မီးတောက်လက်သီးကတော့ နှစ်ပိုင်း ပြတ်သွားခဲ့ပါပြီ။

" မ  ... မဖြစ်နိုင်ဘူး။  မင်းရဲ့ ဓားချက်က ဘယ်လိုလုပ်ပြီး သည်လောက်အထိ  အားကောင်း နေရတာလဲ "

ဖန်လုံရဲ့ မျက်နှာအမူအရာက အရင်လို ယုံကြည်မှုအပြည့် ရှိနေတဲ့ဟန်  မရှိတော့ပါဘူး။

" လောကပေါ်မှာ မင်းမသိသေးတဲ့ အရာတွေ အများကြီး ရှိနေသေးတယ်ကွ။  သေဖို့သာ ပြင်ထား လိုက်တော့ "

ပြောင်းလဲခြင်းကိုးပါး ခရမ်းရောင်ချီ နတ်ဘုရား အတွင်းအားကျင့်စဉ်နဲ့ ကောင်းကင် ပျက်သုဉ်းခြင်း ဓားသိုင်းက အနည်းဆုံးတော့  မြေကမ္ဘာ အဆင့်မြင့် ပညာရပ်အဆင့်မှာ ရှိတဲ့ ပညာရပ်တွေပါ။  အဲသည်အတွက် လီဖူချန်းအနေနဲ့  ကျင့်ကြံခြင်းအဆင့်၅ဆင့်ကွာတဲ့ ဖန်လုံကို သာသာယာယာ အနိုင်ယူနိုင်စွမ်း ရှိပါတယ်။

ရွှမ်း  ...

ဖန်လုံရဲ့ လက်မောင်းပေါ်မှာတော့ ဓားဒဏ်ရာတစ်ခု ဖြစ်ပေါ်လာခဲ့ပါပြီ။

"  မူလမီးတောက် ချပ်ဝတ်တန်ဆာ လာစမ်း "

ဖန်လုံက ရွေးချယ်စရာ မရှိတော့တဲ့အတွက် သူ့ရဲ့ သက်စောင့်ပညာရပ်ကို ထုတ်သုံးလိုက်ပါတယ်။

သူ့ရဲ့ ခန္ဓာကိုယ်ကိုတော့ မီးတောက်အလွှာတစ်ခုက လွှမ်းခြုံသွားခဲ့ပါပြီ။

ဖန်လုံက မြေကမ္ဘာအဆင့်နိမ့် ပညာရပ်တွေဖြစ်တဲ့ ကြက်သွေးရောင် မီးတောက်နတ်ဘုရား အတွင်းအား ကျင့်စဉ်နဲ့ ကြက်သွေးရောင် မီးတောက်နတ်ဘုရား လက်သီးသိုင်းကို လေ့ကျင့်ထားခဲ့တာပါ။  ကြက်သွေးရောင် မီးတောက်နတ်ဘုရား အတွင်းအားကျင့်စဉ်ရဲ့ အမြင့်ဆုံးအဆင့်ကို ရောက်သွားတဲ့ ပညာရှင်ဟာ  သူ့ရဲ့ ခန္ဓာကိုယ်ကို မီးတောက်တွေနဲ့ လွှမ်းခြုံစေပြီး ခုခံမှုကို တစ်ဆင့် မြှင့်တင်ပေးနိုင်စွမ်း ရှိပါတယ်။

ရွှမ်း  ...  ရွှမ်း  ...  ရွှမ်း  ...  ရွှမ်း  ...

နှမြောစရာပါပဲ။ လီဖူချန်းရဲ့ ကောင်းကင်ပျက်သုဉ်းခြင်း ဓားသိုင်းက အင်မတန် အစွမ်းထွက်နေတဲ့ အတွက် ဓားချက် အနည်းငယ် အတွင်းမှာပဲ ဖန်လုံရဲ့ မူလမီးတောက် ချပ်ဝတ်တန်ဆာဟာ ပျက်စီး သွားခဲ့ပါပြီ။

" သေလိုက်တော့ "

ထို့နောက်မှာတော့ လီဖူချန်းဟာ  ဖန်လုံရဲ့ ဘယ်ဘက်ရင်အုံထဲကို   ဓားနဲ့ ထိုးသွင်း လိုက်ပါတော့တယ်။

ဘန်း  ...

ပေါက်ကွဲသံကြီး တစ်ခုနဲ့အတူ  ဖန်လုံဟာ တစ်စစီ ဖြစ်သွားခဲ့ပါပြီ။ အကောင်းပကတိ ဆိုလို့ လက်အိတ်တစ်စုံ၊ ချပ်ဝတ်တန်ဆာတစ်ခုနဲ့  အနီရောင် သိုလှောင်အိတ် တစ်ခုသာ ကျန်နေခဲ့ပါတယ်။

" လခွီးပဲ  ...။  ငါ့ရဲ့  ပြောင်းလဲခြင်းကိုးပါး ခရမ်းရောင်ချီအတွင်းအားတွေက ကုန်သွားတာလား "

လီဖူချန်းက ဖန်လုံကို သတ်နိုင်ခဲ့ပေလည်း မပျော်နိုင်တော့ပါဘူး။  ဘာဖြစ်လို့လဲဆိုတော့ သူ့ရဲ့ ပြောင်းလဲခြင်း ကိုးပါး ခရမ်းရောင်ချီ အတွင်းအားတွေဟာ တဖြည်းဖြည်း  ပျောက်ကွယ် သွားလို့ပါပဲ။  လီဖူချန်းက  အသိစိတ်အာရုံနဲ့  သူ့ရဲ့နောက်ကျောကို ဆန်းစစ်လိုက်တဲ့ အခါမှာတော့ စိတ်ပျက်လက်ပျက် ဖြစ်သွားမိခဲ့ပါတယ်။

သူ့ရဲ့ ကျောပြင်ပေါ်က ပြောင်းလဲခြင်း ကိုးပါး ခရမ်းရောင်ချီ နတ်ဘုရား အင်းကွက်ကတော့ ဘယ်အချိန် ကတည်းက ပျောက်သွားမှန်းမသိ ပျောက်သွားခဲ့ပါပြီ။

" နေစမ်းပါဦး။   ငါ့ရဲ့ ကောင်းကင်ပျက်သုဉ်းခြင်း ဓားအင်းကွက်ကော "

လီဖူချန်းက သူ့ရဲ့ လက်ကောက်ဝတ်ကို အလျင်အမြန် ငုံ့ကြည့်လိုက်မိပါတယ်။

တော်သေးတယ်လို့ ဆိုရမှာပါပဲ။  သူ့ရဲ့ လက်ကောက်ဝတ်မှာရှိနေတဲ့  ကောင်းကင်ပျက်သုဉ်းခြင်း ဓားအင်းကွက်ကတော့ ပျောက်ကွယ်သွားခြင်း မရှိသေးပါဘူး။  ဒါပေမဲ့လည်း အတော်လေးတော့ မှေးမှိန် နေခဲ့ပါပြီ။  နောက်ထပ် အကြိမ်အနည်းငယ် အသုံးပြုလိုက်မယ် ဆိုရင်တော့ သည်ကောင်းကင် ပျက်သုဉ်းခြင်း ဓားအင်းကွက်ကလည်း ပျောက်ကွယ်သွားတော့မယ့် အခြေအနေမှာ ရှိပါတယ်။

" ကြည့်ရတာတော့  အနာဂတ်မှာ ကိုယ့်အားကိုယ်ကိုး ရတော့မယ့်ပုံပဲ "

ထို့နောက်မှာတော့ လီဖူချန်းဟာ ဖန်လုံကျန်ခဲ့တဲ့ ပစ္စည်းတွေကို ကောက်ယူ လိုက်ပါတော့တယ်။

" ဟင်  ...  ဒါက "

တကယ့်ကို စိတ်ကျေနပ်စရာပါပဲ။ ဖန်လုံရဲ့ သိုလှောင်အိတ်ထဲမှာတော့ အဆင့်နိမ့် ဝိညာဉ်ကျောက်တုံး သုံးသောင်းကျော်နဲ့ အလယ်အလတ်အဆင့် ဝိညာဉ်ကျောက်တုံး ငါးတုံး ရှိနေပါတယ်။

" ကောင်းတယ်။  သည်အလယ်အလတ် အဆင့် ဝိညာဉ်ကျောက်တုံး ငါးတုံးနဲ့ ဆိုရင်တော့ ပြန်လည်ဝင်စားခြင်း နယ်ပယ်ကို ချိုးဖောက်ဝင်ရောက်တဲ့နေရာမှာ ဘာအခက်အခဲမှ ရှိတော့မှာ မဟုတ်ဘူး "

စိတ်နှလုံးဝိညာဉ် ဆေးရည်နဲ့ ဝိညာဉ်သန့်စင်ဆေးလုံးက စိတ်ဝိညာဉ် အခြေအနေကိုသာ တိုးတက် စေနိုင်တာပါ။  သည်ဆေးနှစ်မျိုးနဲ့တော့ လီဖူချန်းဟာ  ပြန်လည်ဝင်စားခြင်း နယ်ပယ် အဆင့်၃ကို  ချိုးဖောက် ဝင်ရောက်ဖို့ အတွက် ယုံကြည်ချက် မရှိတာ အမှန်ပါပဲ။  ဒါပေမဲ့ အခုတော့ အခြေအနေတွေက ပြောင်းလဲ သွားခဲ့ပါပြီ။  သည်အလယ်အလတ်အဆင့် ဝိညာဉ်ကျောက်တုံး ငါးတုံးနဲ့ဆိုရင်တော့  သူ့အနေနဲ့  ပြန်လည် ဝင်စားခြင်းနယ်ပယ် အဆင့်၃ကို  မချိုးဖောက်၊ မဝင်ရောက်နိုင်စရာ ဘာအကြောင်းမှ မရှိပါဘူး။

" ရှီဟွေးရှီမြို့ကို ရောက်မှ အဆင့်တက်တာ ကောင်းမယ် "

အဆင့်တက်တဲ့နေရာမှာ လုံခြုံစိတ်ချရမှုက အရေးကြီးတဲ့ အတွက် လီဖူချန်းဟာ ရှီဟွေးရှီမြို့ကို ရောက်မှ အဆင့်တက်ဖို့ အတွက် ဆုံးဖြတ်လိုက်ပါတယ်။

***

All Chapters