← Chapters

လူသတ်သမားအစစ် - ၆

Vol. 15 Ch. 211

လူသတ်သမားအစစ် - ၆

Vol. 15 Ch. 211

"လုပ်ကြံသတ်ဖြတ်မှုကို ရှာတွေ့ပြီးတာနဲ့ Black Phantom ကို အခင်းဖြစ်ပွားရာနေရာဆီ ခေါ်ဆောင်လာဖို့ မီရီကို လာဘ်ထိုးထားတယ်။ လုပ်ကြံသတ်ဖြတ်မှုမှာ ရုတ်ရုတ်သဲသဲဖြစ်ပြီး နောက်ထပ်သဲလွန်စတွေ ပျောက်ကွယ်သွားအောင် ပဋိပက္ခဖြစ်စေချင်တယ်။ တိုက်ပွဲအတွင်းမှာ မီရီကိုသတ်ဖို့ လူတွေကို မင်းစီစဉ်ပေးထားတယ်။”

ရှောင်ကျင်းသည် အထောက်အထားများစွာကို ဖော်ပြခဲ့သည်။ စုတင်းဟွာသည် နာကျင်မှုကြောင့် မျက်လုံးမှိတ်ပြီး သူ့ကိုယ်သူ တိုးတိုးလေးပြောလိုက်သည်။ "ဒီနေ့ရောက်မယ်ဆိုတာ ငါသိတယ်။ ဖော်ထုတ်ခံလိုက်ရတယ်ဆိုတာ သေခြင်းပဲ။

ထို့နေတင်းဟွာသည် သူ၏လက်ထောက်ကိုကြည့်ကာ "ငါတို့ရဲ့ခေါင်းဆောင်ကို သတ်ခဲ့တယ်၊ ဒါပေမယ့် ငါက ကြိုးကိုင်တဲ့သူ မဟုတ်ဘူး - သူပဲ။ ရိုင်းလင်းက ငါ့ကို အကျိုးကျေးဇူးတွေ အများကြီးပေးခဲ့ပြီး ငါ့ကို ကတိတွေလည်း ပေးခဲ့တဲ့အတွက် သူတို့အတွက် ငါလုပ်ပေးခဲ့တာ။ သူက ငါ့ကို စောင့်ကြည့်ထိန်းချုပ်ဖို့ ရိုင်းလင်းက စေလွှတ်ထားတဲ့ သူလျှိုတစ်ယောက်ပါ၊ ဒီအစီအစဉ်ကိုလည်း သူက အကြံပြုထားတယ်။”

လက်ထောက်က စုတင်းဟွာကို ဒေါသတကြီးကြည့်ကာ "မင်း ရူးသွားပြီလား..."

"အသက်ရှင်ဖို့ နည်းလမ်းရှိတယ်လို့ ထင်နေတာလား" စုတင်းဟွာက သူ့ကို ဖြတ်ပြောလိုက်ပြီး “မင်း ပေးခဲ့တဲ့ အကျိုးကျေးဇူးတွေကြောင့် ငါလုပ်ပေးခဲ့တယ်၊ အခုတော့ ဘာမှအသုံးမဝင်တော့ဘူး။ အခု ငါဖော်ထုတ်ခံရလိုက်ရပြီ၊ ရိုင်းလင်းလည်း လွယ်ကူတဲ့ အချိန် ရှိတော့မှာမဟုတ်ဘူး။”

လက်ထောက်၏ မျက်လုံးများ ရုတ်တရက် ဖြူသွားသည်။ သူ၏နှုတ်ခမ်းများသည် ခရမ်းရောင်သန်းလာပြီး ပါးစပ်မှ အဖြူရောင်အမြှုပ်များ ထွက်လာသည်။ တွန့်လိမ်ရင်းနဲ့ သေဆုံးသွား၏။ စုတင်းဟွာပြောနေတဲ့အချိန်မှာ သူသေချာပေါက် သေတော့မယ်ဆိုတာ သိတဲ့အတွက် သွားကြားမှာရှိတဲ့ အဆိပ်ဆေးတောင့်ကို ကိုက်ခွဲပြီး သတ်သေသွားသည်။ အစောင့်များအားလုံးလည်း သူ့အတိုင်း လိုက်လုပ်ကြ၏။

ရိုင်းလင်းသည် သွေးအေးပြီး သစ္စာရှိသူများဟု လူသိများသောကြောင့် မည်သူမျှ မအံ့သြခဲ့ကြပေ။

ဟန်ရှောင်းသည် ဘေးနားတွင် ရပ်ကာ သူတို့ကို တားရန် မရည်ရွယ်ဘဲ စောင့်ကြည့်နေခဲ့သည်။ မကြာမီတွင်၊ စုတင်းဟွာတစ်ယောက်သာ အသက်ရှင်လျက် ကျန်နေခဲ့သည်။

ရှောင်ဟိုင်က လှောင်ပြုံးပြီး ပြောလိုက်သည်။ "ကိုယ့်ကိုယ်ကို ကယ်တင်ဖို့ အရမ်းနောက်ကျနေပြီ"

“ငါ အစီအစဉ် မရှိပါဘူး။ သေခြင်းတရားဟာ ငါ့ရဲ့တစ်ခုတည်းသော ရွေးချယ်ခွင့်ဆိုတာ ငါသိတယ်။” စုတင်းဟွာ ခေါင်းယမ်းလိုက်သည်။

ရှောင်ကျင်းက ဖြတ်ပြောပြီး "စုတင်းဟွာ၊ မင်းက အလူမီရာရဲ့ အဖွဲ့ဝင်ဖြစ်ခဲ့တာ တော်တော်ကြာပြီ။ ခေါင်းဆောင်က မင်းကို ကောင်းကောင်းမွန်မွန် ဆက်ဆံခဲ့တယ်၊ မင်းဘာလို့ ဒီလိုလုပ်တာလဲ။"

"ဟားဟားဟား!" စုတင်းဟွာ သည် ရုတ်တရက် ကျယ်လောင်စွာ ရယ်လိုက်ပြီး သူ့မျက်လုံးများမှ မျက်ရည်များပင် ထွက်ကျလာသည်။ သူက လှောင်ပြောင်တဲ့ လေသံနှင့် ပြောလိုက်သည်။ "ဒုတိယခေါင်းဆောင်ရှောင်၊ ဒါက မင်းပြောနေကျ စကားနဲ့ မတူဘူး။ မင်းသွေးက ငါ့ထက် ပိုအေးတာပဲ"

ရှောင်ကျင်းက အမူအရာ ပြောင်းလဲခြင်းမရှိဘဲ ထိခိုက်ခြင်းမရှိသလိုပင်။ ရှောင်ဟိုင်က စုတင်းဟွာကို ပါးရိုက်ပြီး "မင်းက ဖြည်းဖြည်းချင်း သေချင်နေပုံရတယ်။"

တခြားအဖွဲ့တွေ ရောက်လာတာ တော်တော်ကြာနေပြီ ဖြစ်၏။ သူတို့ ဒီမြင်ကွင်းကို ထိတ်လန့်တုန်လှုပ်စွာနဲ့ ကြည့်နေကြသည်။

စုတင်းဟွာ ခဏလောက် ရယ်မောပြီးနောက် ရုတ်တရက် ဝမ်းနည်းစွာဖြင့် "ကျွန်တော် ခေါင်းဆောင်ကို ကိုယ်တိုင် တောင်းပန်ပါ့မယ်"

ရှောင်ဟိုင်သည် ညှဉ်းပန်းနှိပ်စက်မှုဆိုင်ရာ ကိရိယာအစုံအလင်ကို ထုတ်ယူလိုက်ပြီး အေးစက်စွာပြောလိုက်သည်။ "ဒါဆို မင်းဘာပြောရမလဲ စဉ်းစားဖို့ အချိန်အများကြီးရပြီ"

“လုံလောက်ပြီ၊ သူ ဝန်ခံပြီးပြီ။ သူ့ကို ပြန်ခေါ်လာပြီးတော့ စစ်ဆေးမေးမြန်းမယ်” မြောက်ပိုင်းအဖွဲ့မှ အရာရှိတစ်ဦးက ပြောသည်။ စုတင်းဟွာသည် မြောက်ပိုင်းအဖွဲ့၏ အဆင့်မြင့်အရာရှိတစ်ဦးဖြစ်သောကြောင့် သူ့ကို လူမြင်ကွင်းတွင် စစ်ဆေးမေးမြန်းခြင်းနှင့် ညှဉ်းပန်းနှိပ်စက်ခြင်းသည် မြောက်ပိုင်းအဖွဲ့ကို အရှက်ရစေမည် ဖြစ်သည်။

စုတင်းဟွာသည် မြောက်ပိုင်းအဖွဲ့၏ ရပ်တည်ချက်ကို ကိုယ်စားမပြုသော သစ္စာဖောက်တစ်ဦးဖြစ်သော်လည်း ၎င်းတို့ကို အရှက်ရစေခဲ့သည်။

ရှောင်ကျင်းသည် ဟန်ရှောင်းကို စူးစမ်းသော မျက်လုံးများဖြင့် ကြည့်လိုက်သည်။ တခြားသူတွေကလည်း လိုက်ကြည့်ကြတယ်။

Black Phantom သည် အမှုဆင်ခံထားရသောကြောင့် သူ၏ထင်မြင်ချက်သည် အလွန်အရေးကြီး၏။

“လူသတ်သမားအစစ်ကို ရှာတွေ့ပြီ။ အဲဒါကလွဲလို့ တခြားဘာမှ ငါနဲ့မဆိုင်ဘူး” ဟန်ရှောင်းက ပြောလိုက်သည်။ ထို့နောက် လှည့်ထွက်သွားသည်။

…

ဒဲရိုကို လုပ်ကြံသတ်ဖြတ်ခဲ့သည့် တကယ့်လူသတ်သမားကို ရှာတွေ့သွား၏။ အစီအစဥ်တစ်ခုလုံးသည် ရိုင်းလင်း၏ လက်ချက်ဖြစ်ပြီး ဟန်ရှောင်းသည် သံသယကင်းရှင်းသွားခဲ့သည်။

စုတင်းဟွာသည် စစ်ကြောရေးတွင် သေဆုံးသွားသည်။ သူ မသေခင်မှာ သတင်းအချက်အလက် တော်တော်များများကို ဖော်ထုတ်သွား၏။ သူသည် ရိုင်းလင်းအတွက် အလွန်အရေးကြီးသော စစ်တုရင်ရုပ် ဖြစ်ခဲ့ပြီး လုပ်ကြံသတ်ဖြတ်မှုသည် အလူမီရာနှင့် Dark Net အကြား ပဋိပက္ခဖြစ်ပွားစေရန် ဖြစ်သော်လည်း၊ အစီအစဥ် ပျက်စီးသွားသည်။ ဟန်ရှောင်း၏ ခွန်အားသည် မျှော်လင့်ထားသည်ထက် ကျော်လွန်သွားသည်။ Black Phantom ကို ဖမ်းမိမည် သို့မဟုတ် အသတ်ခံရမည်ဟု ထင်ခဲ့ကြပြီး၊ ထိုသို့ဆိုလျှင် အလူမီရာနှင့် Dark Net အကြား အမုန်းတရားများကို အလွယ်တကူ မဖြေရှင်းနိုင်တော့ပေ။ ဟန်ရှောင်းသည် သူတို့ အံ့အားသင့်လောက်အောင် အသာစီးရခဲ့သည်။

စုတင်းဟွာ၏ နှစ်ပေါင်းများစွာ စီစဉ်မှုကြောင့်သာ လုပ်ကြံသတ်ဖြတ်ခြင်းမှာ အောင်မြင်သွား၏။ သူသေဆုံးသွားသောအခါ ရိုင်းလင်းသည် ကြီးမားသော ဆုံးရှုံးမှုကို ခံစားခဲ့ရသည်။

ရှောင်ကျင်းသည် တကယ့်လူသတ်သမားကို ရှာဖွေရာတွင် ကြီးမားသော ပံ့ပိုးကူညီသူဖြစ်သည်။ သူသည် ဂုဏ်သိက္ခာကြီးမားစွာ ရရှိပြီး မူလအဖွဲ့သားများက သူ့ကို မလိုလားသော်လည်း ကျေးဇူးတင်ရမည်ဖြစ်သည်။

အားလုံးပြေလည်သွား၏။ သို့သော်လည်း သူ့သံသယကို ရှင်းလင်းပြီးသော Black Phantom သည် ဆက်နေရန် ဆုံးဖြတ်ခဲ့သည်။ သူ့မှာ ဘာရည်ရွယ်ချက်ရှိလဲဆိုတာ ဘယ်သူမှမသိကြပေ။ အဖွဲ့ခွဲများသည် ဆက်ခံသူ ရွေးကောက်ပွဲနှင့် အလုပ်ရှုပ်နေသောကြောင့် သူ့ကို ဂရုစိုက်ရန် အချိန်မရှိပေ။

အခန်းထဲတွင် ဟန်ရှောင်းသည် မစ်ရှင် [လူသတ်သမားအစစ်] ကို သူ့အင်တာဖေ့စ်ပေါ်တွင် ကြည့်လိုက်သည်။ စုတင်းဟွာ အဖမ်းခံခဲ့ရသော်လည်း မစ်ရှင်တွင် ပါဝင်ခြင်းမရှိပေ။

ဤအရာသည် မပြီးဆုံးသေးပါ။

ဟန်ရှောင်း၏ မျက်လုံးများတွင် အေးစက်မှုတစ်ခု ပေါ်လာသည်။ အတွေးတစ်ခုက သူ့စိတ်ထဲမှာ ပိုရှင်းသွားသည် ။

…

စုတင်းဟွာကို ဖမ်းပြီး သုံးရက်အကြာတွင် ရှောင်ကျင်းသည် ရှောင်ဟိုင်ကို ခေါ်ဆောင်လာပြီး အလည်အပတ် ရောက်ရှိလာသည်။

"မင်းငါ့ကိုဘာလို့ရှာနေတာလဲ" ဟန်ရှောင်းက မေးသည်။

“ငါက မေးတဲ့သူ ဖြစ်ရမှာ။ မင်း ဒီမှာနေတဲ့ ရည်ရွယ်ချက်က ဘာလဲ။" ရှောင်ကျင်းက ပြန်မေးသည်။

“ငါက နေရင်းထိုင်ရင်း အမှုဆင်ခံရတယ်။ မင်းရဲ့လူတွေက ငါ့ကို သတ်ချင်ကြတယ်။ ငါလျော်ကြေးလိုတယ်။”

ရှောင်ဟိုင်က ထိတ်လန့်ပြီး ဒေါသထွက်သွားသည်။ “ဒါတွေအားလုံးက ရိုင်းလင်းက စီစဉ်ပြီး မင်းက ငါတို့လူတွေတောင် သတ်ပစ်ခဲ့တာ။ လျော်ကြေး ဘယ်လို တောင်းရဲတာလဲ”

"ရိုင်းလင်းက အရမ်းဝေးနေတယ်၊ ဒါကြောင့် မင်းတို့ဆီက ပိုက်ဆံအရင်ယူမယ်"

"မင်း ငါတို့ကို လုယက်နေတာလား!" ရှောင်ဟိုင်က ဒေါသတွေနဲ့ ပြည့်နေတယ်။

“အဲဒါမှန်တယ်။” ဟန်ရှောင်းက တည်ငြိမ်စွာ ခေါင်းညိတ်လိုက်သည်။ သူက ရှောင်ဟိုင်ကို လှောင်ပြောင်သလို ကြည့်ပြီး "အဲဒါကို မင်းဘာလုပ်နိုင်မှာလဲ"

ရှောင်ကျင်းက ဒေါသထွက်နေသော ရှောင်ဟိုင်ကို ပြန်ဆွဲလိုက်သည်၊ ထို့နောက် စာရွက်တစ်ရွက်ပေါ်တွင် နံပါတ်တစ်ခုရေးပြီး "မင်းကို ငါကိုယ်တိုင် လျော်ကြေးပေးမယ်။ ဒီပမာဏက လုံလောက်သလား"

ဟန်ရှောင်းက တစ်ချက်ကြည့်လိုက်ပြီး "လက်ခံလို့ရပါတယ်"

ရှောင်ဟိုင် စိတ်ပျက်သွားသည်။ ရှောင်ကျင်းသည် အဘယ်ကြောင့် ပေးရန် ဆန္ဒရှိသည်ကို သူနားမလည်ပေ။ သူ့မျက်လုံးထဲမှာတော့ လုံးဝ မလိုအပ်ပေ။

"မင်းငါ့ကိုရှာတဲ့ နောက်ထပ်အကြောင်းပြချက် ရှိသေးတယ်မဟုတ်လား" ဟန်ရှောင်းသည် သူ့ခြေထောက်များကို ချိတ်လိုက်သည်။

“တကယ်ပဲ၊ မင်းအကူအညီကို ငါတောင်းစရာရှိတယ်။ ဒဲရိုကွယ်လွန်သွားပြီး ခေါင်းဆောင်ရာထူး လစ်လပ်သွားပြီ။ အလူမီရာက ကြီးမားတဲ့ မိသားစုဖြစ်သောကြောင့် ခေါင်းဆောင်တစ်ဦးရှိဖို့ လိုတယ်။ နှစ်ရက်တာကာလအတွင်းမှာ အဆင့်မြင့်အရာရှိကြီးတွေရဲ့ ဆန္ဒမဲနဲ့ ပြည်တွင်းရွေးကောက်ပွဲကို ကျင်းပလိမ့်မယ်။ မူလအဖွဲ့မှ တော့ဒ်၊ ကျွန်းနီအဖွဲ့မှ စဲချီနှင့် မြောက်ပိုင်းအဖွဲ့မှ အိန်ဂျယ်တန် - အားလုံးက အားကောင်းတဲ့ ပြိုင်ဖက်တွေ။ ဒဲရိုသေဆုံးမှုကို စုံစမ်းစစ်ဆေးဖို့ ငါအာရုံစိုက်နေချိန်မှာ သူတို့က အဆင့်မြင့်အရာရှိတွေကို ချဉ်းကပ်ပြီး မဲဆွယ်ပြီးသွားပြီ။ အခု ငါက အခွင့်မသာတော့ဘူး၊ မင်း ငါ့ကို ကူညီပေးနိုင်မယ်လို့ မျှော်လင့်တယ်” ရှောင်ကျင်းက အလေးအနက် ပြောလိုက်သည်။

"ငါက ဘာလို့ ကူညီရမှာလဲ"

"မင်းရဲ့သံသယတွေကို ရှင်းရှင်းလင်းလင်းဖြစ်အောင် ငါကူညီပေးနိုင်ခဲ့လို့ ကျေးဇူးပြုပြီး ငါ့ကိုကူညီပါ"

"ငါ ဆုတစ်ခုလိုတယ်" ဟန်ရှောင်းက အေးစက်စွာပြောသည်။

“ကျေးဇူးကန်းလိုက်တာ။ အဖေ့ကြောင့်သာ မဟုတ်ရင် မင်းက အကြီးမားဆုံး သံသယဖြစ်နေတုန်းပဲ။ အရမ်းရောင့်တက်မလာနဲ့!" ရှောင်ဟိုင်က သည်းမခံနိုင်ဘဲ ဒေါသနှင့် အော်လိုက်သည်။

ဟန်ရှောင်းက သူ့ကိုကြည့်ကာ တည်ငြိမ်စွာပြောသည်။ "မင်းတို့ကို မသတ်တာ ငါ့ကို ကျေးဇူးတင်ရမယ်၊ မဟုတ်ရင် မင်းတို့အားလုံး အလောင်းဖြစ်နေပြီ။ "

ရှောင်ဟိုင်၏ အမူအရာသည် တုန်လှုပ်သွားပြီး ဒေါသပြင်းစွာ ထွက်သွားသည်။ ဟန်ရှောင်း၏ သဘောထားကြောင့် သူ့တစ်ကိုယ်လုံး တုန်ခါနေ၏။ သူသည် ရှောင်ကျင်းကိုသာ ကြည့်နေနိုင်ပြီး သူ့အဖေက သူ့ကို တရားမျှတမှု ပေးမည်ဟု မျှော်လင့်နေ၏။ သို့သော် သူသည် စိတ်ပျက်သွားရသည်။ ရှောင်ကျင်းသည် တချိန်လုံး ငြိမ်သက်နေသည်။

"မင်းဘယ်လောက်လိုချင်လဲ?"

ဟန်ရှောင်းက သူ့မေးစေ့ကို ကိုင်လိုက်ပြီး စာရွက်ကို ညွှန်ပြကာ "ဒါရဲ့ သုံးဆ"

“မင်း ရူး…” ရှောင်ဟိုင်အံ့ဩသွားသည်။ ဒီတောင်းဆိုမှုက တရားလွန်လွန်းသည်။

သို့သော်လည်း ရှောင်ကျင်းသည် တုံ့ဆိုင်းမနေဘဲ လက်ခံလိုက်သည်။ "ပြဿနာမရှိဘူး"

"အဖေ!" ရှောင်ဟိုင်က မယုံကြည်နိုင်စွာ အော်လိုက်သည်။ ရှောင်ကျင်းအဘယ်ကြောင့် ဟန်ရှောင်းစကားကို ဆက်နားထောင်နေမှန်း သူ နားမလည်နိုင်ပေ။ “သူ့ဆီကနေ အကူအညီတောင်းတာ အဆင်မပြေဘူး။ အပြင်လူက ရွေးကောက်ပွဲတွေကို ဝင်စွက်ဖက်လို့မရဘူး။ သူဘယ်လောက်ပဲ အားကောင်းနေပါစေ ပြည်တွင်းအစည်းအဝေးမှာ သူ့မှာ ရာထူးမရှိဘူး!” ရှောင်ဟိုင်က အလျင်စလို ပြောလိုက်သည်။

"ငါ့မှာ နည်းလမ်းရှိတယ်" ရှောင်ကျင်းက အေးစက်စွာ ပြန်ဖြေသည်။ "မစ္စတာ Black Phantom၊ မင်း ငါတို့ ရှောင်အဖွဲ့နဲ့ လက်တွဲဖို့ ဆန္ဒရှိလား။"

ရှောင်အဖွဲ့နဲ့ လက်တွဲတာလား။ ဒါ ဘာကိုဆိုလိုတာလဲ?

ဟန်ရှောင်းက မျက်ခုံးပင့်ကာ စိတ်ဝင်တစား မေးသည်။ "ဘာကိုဆိုလိုတာလဲ"

“ငါနဲ့ ဝါစဉ်တူအဖြစ် ငါ့ မိသားစုနဲ့ လက်တွဲပါ။ ငါ့သားသမီးတွေက မင်းရဲ့ မွေးစားသားသမီးတွေ ဖြစ်လိမ့်မယ်”

လေထုသည် ရုတ်တရက် ထူးဆန်းလာ၏။

ရှောင်ဟိုင်မှာ လဲကျလုနီးပါး တုန်လှုပ်သွားသည်။ သူ လုံးဝ ထိတ်လန့်သွား၏။ ရှောင်ကျင်းက ဒီအကြောင်း သူ့ကို တစ်ခါမှ မဆွေးနွေးဖူးပေ၊ အခု ရုတ်တရက် သူ့မှာ မွေးစားအဖေ ရှိတော့မှာလား။

"ဘာကြီး...၊ မင်းဒီလိုလုပ်နိုင်လား" ဟန်ရှောင်း၏ မျက်လုံးများ ပြူးသွားသည်။ ရှောင်ကျင်း၏ အရှက်မဲ့မှု အဆင့်သည် သူ့မျှော်လင့်ချက်ထက် ကျော်လွန်သွား၏။ "ဒီလို ကလေးဆန်တဲ့နည်းလမ်းက အလုပ်ဖြစ်ပါ့မလား"

“နိုင်ငံရေးဆိုတာ အမြဲတမ်း ကလေးဆန်တယ်” ရှောင်ကျင်းက အေးစက်စွာ ပြန်ဖြေသည်။ "မင်း ရှောင်အဖွဲ့ကို ဝင်နေသရွေ့ မင်းပြည်တွင်းအစည်းအဝေးတွေ တက်နိုင်တယ်။ မင်းရဲ့ခွန်အားက မင်းရဲ့စွမ်းအားကို ကိုယ်စားပြုပြီး မင်းပေါ်လာသရွေ့တော့ ဒါဟာ ခြိမ်းခြောက်မှုကို ကိုယ်စားပြုလိမ့်မယ်။ ဒါပေမယ့် အဲဒီအချိန်မှာ မင်းက ရှောင်အဖွဲ့၏ အစိတ်အပိုင်းတစ်ခုဖြစ်လိမ့်မည်၊ ဆိုလိုတာက သင်သည် အပြင်ဘက်က ခြိမ်းခြောက်မှုမဟုတ်ဘူး။ တခြားအဖွဲ့တွေက အကြောက်တရားနဲ့ အလိုအလျောက် လက်လျှော့သွားကြလိမ့်မယ်။”

မိသားစုဝင်တစ်ဦးနှင့် ပြင်ပလူတစ်ဦး၏ ခွန်အားကိုပြသသည့် အဓိပ္ပာယ်မှာ မတူညီပေ။ တစ်ခုက ပြင်ပခြိမ်းခြောက်မှု တစ်ခုဖြစ်ပြီး မကျေနပ်မှုများကိုသာ ဆွဲဆောင်နိုင်သော်လည်း၊ ၎င်းသည် မိသားစုဝင်ဖြစ်ပါက ရှောင်ကျင်း၏စွမ်းအားသည် အလွန်ကြီးထွားလာပြီး ခြုံငုံကြည့်လျှင် အလူမီရာအတွက် ခိုင်မာသောမဟာမိတ်တစ်ဦး ရရှိထားသည်ဟု ဆိုလိုခြင်းဖြစ်သည်။ မိသားစုအတွက် ကြီးမားသော ပံ့ပိုးကူညီမှုကို ဆိုလိုသည်။ ရှောင်ကျင်းသည် နှစ်ပေါင်းများစွာ စုဆောင်းရယူခဲ့သော စွမ်းအားနှင့် ဒဲရိုကို လုပ်ကြံသည့် တကယ့်လူသတ်သမားကို ရှာဖွေခြင်းဖြင့် မကြာသေးမီက ရရှိခဲ့သော ဂုဏ်သိက္ခာအရ အခြားအဖွဲ့များသည် အမြော်အမြင်ကြီးစွာ လက်လျှော့ကြလိမ့်မည်။

ယခုအချိန်အထိ ဟန်ရှောင်းသည် အခြေအနေတစ်ခုလုံး၏ အခြေခံခန့်မှန်းချက်ကို ရရှိထားပြီးဖြစ်သည်။ သူက ပြုံးပြီး "ရှောင်အဖွဲ့ထဲဝင်တာ ဘာအကျိုးကျေးဇူးမှ မတွေ့ဘူး၊ ဘာလို့ လုပ်ရမှာလဲ"

"မင်း ရှောင်အဖွဲ့ထဲဝင်ပြီး ငါက မိသားစုခေါင်းဆောင် ဖြစ်လာရင် အလူမီရာက မင်းရဲ့မဟာမိတ် ဖြစ်လာလိမ့်မယ်။"

"ခေါင်းဆောင်ဖြစ်လာဖို့ မင်းက အရာရာကို ပေးဆပ်လိုစိတ်ရှိပုံရတယ်။" ဟန်ရှောင်းရယ်မောလိုက်သည်။ "ကောင်းပြီ၊ ငါ ရှောင်အဖွဲ့ထဲဝင်မယ်၊ ပြီးတော့ မင်းသားသမီးတွေရဲ့ မွေးစားအဖေ ဖြစ်လာရမှာပေါ့" သူက နောက်ပြောင်ပြီး ပြောလိုက်သည်။

ရှောင်ဟိုင်မှာ ဒေါသအရမ်းထွက်ပြီး စိတ်လွတ်သွား၏။ သူက ဟန်ရှောင်း၏ မွေးစားသားဖြစ်ရန် အကျိုးခံစားခွင့် ပေးခဲ့ရသည်။ သူအရင်က ဒီလိုရှက်စရာကောင်းတဲ့အခြေအနေမျိုးမှာ တစ်ခါမှမကြုံဖူးပေ၊ သူ့ကို စိတ်အဆိုးဆုံးက ရှောင်ကျင်းက တကယ်ကို သဘောတူခဲ့၏။ သူ့အဖေ ဦးနှောက်ဆေးကြောခံလိုက်ရတယ်လို့ သံသယဝင်လာသည်။

ဟန်ရှောင်းသည် ရှောင်ဟိုင်ကိုကြည့်ကာ လှောင်ပြောင်ရယ်မောလိုက်ရင် "လာ၊ မင်းငါ့ကို မွေးစားအဖေလို့ခေါ်တာ နားထောင်ရအောင်"

ရှောင်ဟိုင်၏ မျက်နှာသည် စိမ်းပုပ်သွား၏။ သူက မာနကြီးသူမို့ ဒါက သေခြင်းထက် ဆိုးဝါးတဲ့ ကံကြမ္မာပင်။ သို့သော်လည်း ရှောင်ကျင်း၏ တင်းမာသော မျက်နှာကို မြင်လိုက်ရပြီး ဒေါသကို အစွမ်းကုန် ထိန်းကာ၊ အံကြိတ်နေသော သွားများဖြင့် စကားလုံးများကို အတင်းညှစ်ထုတ်လိုက်သည်။

"မွေးစားအဖေ။"

ဟန်ရှောင်းက သူ့နားကို နှိုက်ပြီး ကျီစားသည်။ “ငါ ရှင်းရှင်းလင်းလင်း မကြားရဘူး”

"မွေးစားအဖေ!" ရှောင်ဟိုင်က အော်လိုက်တယ်။ သူသည် ခွန်အားများစွာကို အသုံးပြု၍ သွားများထဲမှ သွေးများထွက်လာပြီး အရသာသည် ပါးစပ်ထဲသို့ ပြည့်သွားသည် ။

"ဟီးဟီး လိမ္မာတဲ့ကောင်လေး" ဟန်ရှောင်းသည် သူ့နှလုံးသားထဲတွင် ရယ်မောခြင်းကို မထိန်းနိုင်ပေ။ သူ၏ မူလခန္ဓာကိုယ်မှာ ရှောင်ဟိုင်၏ ညီဖြစ်သည်။ ရှောင်ဟိုင်သာ အမှန်ကိုသိရင် ဘယ်လိုတွေးလိမ့်မလဲ။

ရှောင်ကျင်းက သူ့လက်ကို ဆန့်တန်းပြီး "မင်းနဲ့ လက်တွဲဖို့ မျှော်လင့်နေပါတယ်"

ဟန်ရှောင်းက လက်ဆွဲနှုတ်ဆက်တာကို လက်ခံလိုက်သည်။

ရှောင်မိသားစု၏ သားအဖနှစ်ယောက် မတ်တပ်ရပ်ကာ ထွက်သွားကြပြီး စကားတစ်ခွန်းမှ မပြောကြပေ။

ရှောင်အဖွဲ့၏ အိမ်သို့ပြန်လာပြီးနောက် ရှောင်ဟိုင်သည် သူ့မေးခွန်းများကို မထိန်းနိုင်တော့ပေ။ "အဖေ၊ ဘာလို့ဒီလိုလုပ်တာလဲ"

ရှောင်ကျင်းက သူ့မျက်နှာတွင် ဘာအမူအရာမရှိဘဲ “Black Phantom က ငါထင်တာထက် ပိုလောဘကြီးတယ်။ သူ့သံသယတွေကို ရှင်းပစ်နိုင်ရင် သူ့ကို ကျေးဇူးတင်နိုင်မယ်လို့ ထင်ခဲ့ပေမယ့် သူနဲ့ လက်တွဲဖို့ အများကြီး သုံးရလိမ့်မယ်လို့ မမျှော်လင့်ထားခဲ့ဘူး။ ဘာပဲဖြစ်ဖြစ် ထိုက်တန်ပါတယ်။ အနည်းဆုံး ငါတို့က Black Phantom ကို ချဉ်းကပ်ပြီး သူ့အကူအညီကို ရယူနိုင်တဲ့ တစ်ခုတည်းသောအဖွဲ့ဖြစ်တယ်။ ငါခေါင်းဆောင်ဖြစ်လာတဲ့အခါ ဒီဆုံးရှုံးမှုတွေကို လွယ်လွယ်ကူကူနဲ့ ပြန်ဖြည့်နိုင်မှာပါ"

"သဘောပေါက်ပြီ၊ အဖေ ခေါင်းဆောင်ဖြစ်လာရင် Black Phantom ကို ဂရုစိုက်စရာ မလိုတော့ဘူး။" ရှောင်ဟိုင် သဘောပေါက်သွားသည်။

ရှောင်ကျင်းသည် ရုတ်တရက် သူ့သားကို လှည့်ကြည့်ကာ တင်းကျပ်သော အသံဖြင့် "မင်းမှားတယ်။ ငါခေါင်းဆောင်ဖြစ်လာပြီးရင် Black Phantom ရဲ့ စည်းကမ်းချက်တွေကို ဖြည့်ဆည်းရန် ပိုတောင် လိုအပ်သေးတယ်။ တစ်ယောက်ယောက်က သူတို့ အသုံးဝင်မှု ပြီးသွားတဲ့အခါ ထိန်းချုပ်ဖို့ ကြိုးစားတာက ကိုယ်ကိုယ်ကိုယ် သတ်သေတာပဲ။ ဒီကမ္ဘာက သန်မာတဲ့သူတွေ ရှင်သန်ပြီး အားနည်းတဲ့သူတွေ အစားခံရတဲ့ ကမ္ဘာဖြစ်တယ်။ Black Phantom က သူ့ခွန်အားနဲ့ အထွတ်အထိပ်မှာ ရပ်တည်နေတယ်။ သူ့ရဲ့ ကိုယ်ပိုင်အင်အားက အဖွဲ့အစည်းတစ်ခုလိုတောင် ခြိမ်းခြောက်နိုင်စွမ်းရှိတယ်။ Black Phantom က စာအုပ်တွေပေါ်မှာ ရှောင်အဖွဲ့ရဲ့ တစ်စိတ်တစ်ပိုင်းဖြစ်နေသရွေ့၊ ငါတို့က သူ့ကိုအားကိုးနိုင်ပြီး၊ အခြားအဖွဲ့တွေက စည်းကျော်ရဲမှာ မဟုတ်ဘူး။ မင်းရဲ့ နှလုံးသားထဲမှာ ဒီအချက်ကို မင်းလက်မခံဘူးဆိုတာ ငါသိပါတယ်၊ ဒါပေမယ့် မင်းစိတ်လိုက်မာန်ပါ မလုပ်ဘဲ ငါ့ရဲ့ အစီအစဉ်ကို မဖျက်စီးပါနဲ့။"

ရှောင်ဟိုင်က သူ့နှလုံးသားထဲမှာ မလိုလားမှုတွေ ရှိနေသော်လည်း အံတင်းတင်းကြိတ်ပြီး လက်ခံလိုက်ရသည်။

“ဟုတ်ကဲ့ အဖေ”

All Chapters