Dark Net ဒါရိုက်တာ၊ တတိယ ခိုလှုံရေးစခန်း
Vol. 15 Ch. 216
Bennett ၏ ဖိတ်ကြားချက်သည် သူ့ယုံကြည်မှု၏ အမှတ်အသားဖြစ်သည်။ ယခုအကြိမ် တွေ့ဆုံသည့်နေရာမှာ Dark Net တည်ဆောက်ခဲ့သော ပထမဆုံး ခိုလှုံရေးစခန်းဖြစ်ပြီး မြောက်ပိုင်းတိုက်ကြီးရှိ လွင်တီးခေါင်တွင်ရှိသော 'Ruins of Lloyd' လွိုက်အပျက်အစီးနယ်မြေ ဟု အမည်ပေးထားသည့် မြို့အပျက်အစီးများတွင် တည်ရှိသည်။ ၎င်းသည် မြောက်ပိုင်းတိုက်ရှိ နိုင်ငံသေတစ်ခု၏ ဘဏ္ဍာရေးဌာနချုပ် ဖြစ်ခဲ့ဖူးသည်။
ဟန်ရှောင်းသည် Bennett ၏ ကိုယ်ပိုင်ရဟတ်ယာဉ်တွင် ထိုင်နေသည်။ ကောင်းကင်ကနေ မြို့ကို ငုံ့ကြည့်သောအခါ ခိုလှုံရေးစခန်း တည်ဆောက်နေသော လုပ်ငန်းစဉ်ကို မြင်လိုက်ရသည်။ သူပထမဆုံးမြင်လိုက်ရတာက မီတာဆယ်ဂဏန်းမြင့်တဲ့ ဧရာမတံတိုင်းကြီးကို တည်ဆောက်နေကြ၏။ မပြီးသေးသော ဧရိယာများတွင် ငြမ်းများပေါ်၌ သံမဏိတုံးများကို တွဲစပ်နေသော အလုပ်သမားများကို မြင်နေရသည်။ နံရံ၏ ကွန်ကရစ်ကို အခြားပစ္စည်းများနှင့် ရောစပ်ထားပြီး ၎င်းကို သတ္တုဖြင့် ပြုလုပ်ထားသည်။ ဟန်ရှောင်း၏ ပရော်ဖက်ရှင်နယ် အသိပညာဖြင့်၊ နံရံသည် အလွန်ခိုင်ခံ့ပြီး သေးငယ်သော ဒုံးပျံများသည် မီးလောင်ဒဏ်ရာများကိုသာ ချန်ထားနိုင်သည်ကို သူသိသည်။ ခံတပ်တစ်ခု၏ စံနှုန်းအတိုင်း တံတိုင်းကို တည်ဆောက်ထားသည်။ အလွန်စျေးကြီးလှ၏။
Dark Net ၏ သင်္ကေတကို ဤမြို့၏ အမည်သစ်နှင့်အတူ အနီရင့်ရောင်ဖြင့် နံရံပေါ်တွင် ခြယ်သထားသည်။
Bennett ခိုလှုံရေးစခန်း ၁။
ရဟတ်ယာဉ်သည် နံရံကိုဖြတ်၍ ပျံသန်းသွားရာ လမ်းများနှင့် စွန့်ပစ်ထားသော အဆောက်အအုံများကို ရှင်းလင်းနေသော ဆောက်လုပ်ရေး စက်ယန္တရားများကို တွေ့ရသည်။ မီးခိုးရောင်ယူနီဖောင်းနှင့် မရေမတွက်နိုင်သော အလုပ်သမားများသည် အဆောက်အဦသစ်အတွက် အုတ်မြစ်ချရန်နှင့် မြို့တော်၏ အပြင်အဆင်ကို စီစဉ်ရန် အလုပ်များကို လုပ်ဆောင်နေကြသည်။ သံမဏိချောင်းများ၊ အုတ်များ၊ သစ်သားနှင့် အခြားစက်မှုလုပ်ငန်းသုံး ဆောက်လုပ်ရေးပစ္စည်းများ၏ အစုအပုံများသည် ကွင်းပြင်ကြီးထဲတွင် ခင်းကျင်းထားပြီး ၎င်းသည် အလွန်ကြီးမားသော ဆောက်လုပ်ရေးလုပ်ငန်းခွင်တစ်ခုနှင့်တူသည်။
“ဦးလေးက ခိုလှုံရေးစခန်းကို ဦးလေးရဲ့နာမည် နာမည်ပေးထားတယ်။ ဟန်ရှောင်းသည် ပြုံးကာ Bennett ၏ ပုခုံးကို ပုတ်လိုက်သည်။ "ဦးလေးက ဒီလို အရှက်ကင်းမဲ့သူမှန်း ကျွန်တော်မသိဘူး"
Bennett က သူ့ပခုံးပေါ် လက်ဖဝါးကို ပုတ်လိုက်ပြီး “သွားကြရအောင်။ အရာရှိကြီးတွေနဲ့ တွေ့ဆုံဖို့ လိုက်ခဲ့”
"အစည်းအဝေးက ကျွန်တော်နဲ့ ဘာဆိုင်လို့လဲ" ဟန်ရှောင်းက အံ့သြစွာ မေးလိုက်သည်။
Bennett က ခေါင်းယမ်းပြီး ရယ်သည်။ “မင်းလည်း ရာထူးကြီးတဲ့ အရာရှိတစ်ယောက်ပဲ”
ဟန်ရှောင်းမျက်တောင် ပုတ်ခတ်ပုတ်ခတ် ဖြစ်သွားသည်။
Bennett က သူ့လည်ချောင်းကို ရှင်းထုတ်ပြီး “မင်းကို ဒါရိုက်တာတစ်ယောက်ဖြစ်ဖို့ လေးလေးနက်နက် ထောက်ခံထားတယ်။ မင်းငါ့ကို စိတ်ပျက်စေမှာ မဟုတ်ဘူး မဟုတ်လား။"
Dark Net သည် မကြာသေးမီက ၎င်းတို့၏အဆင့်မြင့်အရာရှိများကို ပြန်လည်ဖွဲ့စည်းခဲ့ပြီး အဆင့်အမြင့်ဆုံးမှာ တည်ထောင်သူများဖြစ်သည့် Bennett တို့နှင့် တစ်ဆင့်နိမ့်သူများမှာ ဒါရိုက်တာများဖြစ်ကြသည်။
"ဦးလေး ဘယ်အကြောင်းပြောနေတာလဲ?" ဟန်ရှောင်းက လေးနက်သော မျက်နှာဖြင့် မေးလိုက်သည်။ "ကျွန်တော် ဦးလေးကို ဘယ်တုန်းက စိတ်ပျက်စေလို့လဲ။"
Bennett သည် ရယ်ရမလား ငိုရမလား မသိတော့ပေ။ သူကရှေ့မှ ဦးဆောင်ပြီး ဟန်ရှောင်းသည် ခိုလှုံရေးစခန်းကို အနီးကပ်မြင်ရသည်။
“Bennett ခိုလှုံရေးစခန်း ၁က ငါတို့ရဲ့ စမ်းသပ်မှုပဲ။ ဒီမှာ အရင်းအမြစ်တွေ အများကြီး ထည့်ထားတယ်၊ အဲဒါက တော်တော်လေး တိုးတက်နေတယ်။ အခြေခံပုံစံကို တစ်နှစ်အတွင်း ပြီးအောင်လုပ်သင့်တယ်။ ခိုလှုံရေးစခန်းရဲ့ ပုံစံကို အပိုင်းနည်းနည်း ခွဲထားတယ်။ နေထိုင်သူတွေရဲ့ လိုအပ်ချက်တွေနှင့် ကိုက်ညီအောင် အခြေခံ အဆောက်အအုံတွေ အလုံအလောက် ရှိဖို့၊ ပြင်ပကမ္ဘာတွင် စစ်ဖြစ်ရင်တောင် ခိုလှုံရေးစခန်းမှာ ကိုယ်တိုင် ထောက်ပံ့ပေးနိုင်ဖို့ အပင်နှင့် တိရစ္ဆာန်တွေ၊ ရန်သူတွေကို ခုခံကာကွယ်ဖို့ ခံစစ်အစီအမံတွေ အကုန်လုံးရှိတယ်။
ဘုန်း!
အရှေ့ဘက်ရှိ စွန့်ပစ်ထားသော အဆောက်အအုံတစ်ခု ပြိုကျပြီး ထိုဧရိယာအတွင်း ဖုန်မှုန့်များ ပြည့်နှက်နေသည်။
ဟန်ရှောင်းက ဖုန်မှုန့်တွေကို ဝှေ့ယမ်းပြီး အံ့သြစွာ ပြောလိုက်သည်။ "ဒီခိုလှုံရေးစခန်းက မင်းအတွက် အများကြီး ကုန်ကျလိမ့်မယ်"
“နိုင်ငံ၆နိုင်ငံရဲ့ အရင်းအမြစ်တွေက ခိုလှုံရေးစခန်း နှစ်နေရာကနေ ၃နေရာအထိပဲ ထောက်ပံ့ပေးနိုင်တယ်” Bennett က လက်ကိုနောက်ပစ်ရင်း ပြောလိုက်သည်။ “ငါရဲ့ အစီအစဉ်က တိုက်ကြီးတစ်ခုလုံးမှာ အနည်းဆုံး ခိုလှုံရေးစခန်း ၃ ခုကနေ ၅ ခု ဆောက်ဖို့ပဲ။
"ဒါက အရမ်းကုန်ကျလိမ့်မယ်"
"ငါတို့ရဲ့ လူမှုအဖွဲ့အစည်းကို ထိန်းသိမ်းစောင့်ရှောက်ဖို့ ဤငွေပမာဏက မပြောပလောက်ပါဘူး။"
"ဝိုး၊ ဦးလေးရဲ့ ခေါင်းပေါ်မှာ ရောင်ခြည်တော်စက်ဝန်းကို မြင်နေရပြီ" ဟန်ရှောင်းက လှောင်ပြောင်လိုက်သည်။
Bennett ၏ နှုတ်ခမ်းများ တွန့်သွား၏။
ခံတပ်သစ်ကို ရောက်ပြီးနောက် Dark Net ၏ ဒါရိုက်တာများသည် အစည်းအဝေးခန်းမ၌ စုရုံးကြသည်။ Bennett နှင့် ဟန်ရှောင်း ဝင်လာသောအခါတွင် သူတို့သည် မတ်တတ်ထပြီး အနည်းငယ် ဦးညွှတ်ကာ လေးစားမှုကို ပြကြသည်။
Black Phantom သည် ၎င်း၏ ခွန်အားကို ပြသခဲ့ပြီး ယခု Dark Net ၏ ထိပ်တန်း တိုက်ခိုက်ရေးအင်အား ဖြစ်လာသည်။ Bennett ၏ ပံ့ပိုးကူညီမှုဖြင့် ဟန်ရှောင်း၏ ရာထူးသည် ၎င်းတို့ အဆင့်နှင့် တူညီကြောင်း ရောက်ရှိလာသည့် အဆင့်မြင့် အရာရှိများအားလုံး သဘောတူညီခဲ့ကြသည်။
အဆင့်မြင့်အရာရှိများသည် ခိုလှုံရေးစခန်း ၁၏ တိုးတက်မှုကို တစ်လှည့်စီ အစီရင်ခံကြပြီး Bennett သည် သူတို့ကို ဖြေရှင်းပြီးသောအခါ၊ "ခိုလှုံရေးစခန်း ၁က လက်တွေ့ဖြစ်နိုင်ကြောင်း သက်သေပြပြီးပြီ။ သတင်းစကားက ထုတ်လွှင့်ပြီးသွားပြီ။ သတင်းစကားကြားတဲ့ လှည့်လည်သွားလာသူ အများအပြားက အကာအကွယ်ယူဖို့ လာကြတယ်။ နေထိုင်သူ များလာလေလေ ဆောက်လုပ်ရေးက အရှိန်အဟုန်နဲ့ တိုးလာနိုင်တယ်။
“တစ်ချိန်တည်းမှာပဲ၊ ခိုလှုံရေးစခန်း တည်ဆောက်မှုလုပ်ငန်းစဉ်မှာ ပါဝင်ဖို့ သူတို့ကို အလုပ်အကိုင်အခွင့်အလမ်းတွေ ပေးစွမ်းနိုင်မယ်၊ ဒါက စည်းလုံးညီညွတ်မှုကို အားကောင်းစေလိမ့်မယ်။ လာမည့်လတွေမှာ ခိုလှုံရေးသတင်းတွေ ပြန့်နှံ့လာတာနဲ့အမျှ လှည့်လည်သွားလာသူတွေ ပိုများလာမည်လို့ ငါ ကြိုမြင်နေတယ်။
“ခိုလှုံရေးစခန်းတွေ ဆောက်တာက မြန်မြန်စဖို့ လိုတယ်။ ခိုလှုံရေးစခန်း ၂ နဲ့ ၃ ကို ချက်ချင်း စတင်ဆောက်လုပ်ဖို့ ဆုံးဖြတ်လိုက်ပါပြီ”
အဆင့်မြင့်အရာရှိများက အကြည့်ချင်းဖလှယ်ကြပြီး တစ်ယောက်က မဝံ့မရဲ မေးသည်။ “မစ္စတာ Bennett၊ ဒါက အလျင်စလိုဖြစ်နေတာ မဟုတ်ဘူးလား။ ဘာလို့ ခိုလှုံရေးစခန်း ၁ ပြီးအောင် မစောင့်ကြတာလဲ။
“ဘာလို့လဲဆိုတော့ ငါတို့မှာ အချိန်သိပ်မရှိဘူး။ တိုးတက်မှုကို အရှိန်မြှင့်ဖို့ လိုတယ်။”
“ခိုလှုံရေးစခန်း ၂ က တာဝန်ခံတစ်ယောက် လိုတယ်။ ခိုလှုံရေးစခန်း နှစ်ခုကို ဘယ်သူက တာဝန်ယူမှာလဲ။”
"ရှီနာက ခိုလှုံရေးစခန်း ၂ ကို တာဝန်ယူလိမ့်မယ်။" Bennett က ပြောလိုက်သည်။ ရှီနာသည် လက်ရှိတွင် Dark Net ၏ အမြင့်ဆုံး ဒါရိုက်တာဖြစ်ပြီး အကြီးတန်းအရာရှိများစွာမှ အကြံပြုထားသည်။ ဟုတ်ပါတယ်၊ ဒီဆုံးဖြတ်ချက်ကို ဘယ်သူမှ မကန့်ကွက်ကြပေ။
"ခိုလှုံရေးစခန်း ၃ အတွက် Black Phantom က တာဝန်ယူလိမ့်မယ်။"
ဟန်ရှောင်း၏ မျက်ခုံးပင့်လာသည်။ Bennett သည် သူ့ကို ဤမျှလောက်ယုံကြည်ပြီး ခိုလှုံရေးစခန်းတစ်ခုလုံးကို တာဝန်ယူခွင့်ပေးမည်ဟု သူမမျှော်လင့်ခဲ့ပေ။ ဤအရာ၏ စွမ်းအားသည် အလွန်ကြီးမား၏။
ဒါရိုက်တာတွေလည်း အံ့သြသွားသည်။
Black Phantom သည် ယခုမှ အဆင့်မြင့်အရာရှိတစ်ဦးဖြစ်လာပြီး ယခု အရေးကြီးသောကိစ္စရပ်ကို တာဝန်ယူဆောင်ရွက်နေပြီ ဖြစ်သည်။ အတော်များများက သူဒီလိုလုပ်ဖို့ လုံလောက်အောက် စီနီယာ မကျဘူးလို့ ထင်နေကြသည်။ ဒါရိုက်တာ တော်တော်များများက ကန့်ကွက်ချင်ပေမယ့် Bennett ကတော့ သူတို့ရဲ့ အတွေးတွေကို မြင်နိုင်၏။ ရိုးရိုးရှင်းရှင်း စကားလေးတစ်ခွန်းက ပါးစပ်များကို ပိတ်သွားစေသည်။
“ခိုလှုံရေးစခန်းတစ်ခုစီတိုင်းကို စောင့်ရှောက်ဖို့ ထူးကဲသော ခွန်အားရှိသူ လိုအပ်သည်။ မင်းတို့ရဲ့ လက်အောက်ငယ်သားတွေက Black Phantom ထက် ပိုအားကောင်းတယ်လို့ ယုံကြည်တယ်ဆိုရင်၊ လွတ်လွတ်လပ်လပ် ကန့်ကွက်ပါ။”
Black Phantom ထက် အားကောင်းတာလား။ ဒါရိုက်တာတွေက ခါးသီးစွာ ရယ်လိုက်ကြသည်။ Bennett နှင့် အနားယူပြီးသော အခြားနှစ်ဦးမှလွဲ၍ Dark Net တစ်ခုလုံးတွင် Black Phantom ကို မည်သူမျှ အနိုင်မယူနိုင်ပေ။
Bennett သည် ဆုံးဖြတ်ချက်ကို မည်သူမျှ မကန့်ကွက်သောကြောင့် အစည်းအဝေးကို အဆုံးသတ်လိုက်ကြသည်။ ဟန်ရှောင်းကို သီးသန့်အစည်းအဝေးခန်းသို့ ခေါ်ဆောင်သွားသည်။ သူတို့က အချိန်အတန်ကြာ စကားပြောနေကြပြီးနောက် ခိုလှုံရေးစခန်း ၃ ၏ တာဝန်ယူသူ ဖြစ်ရခြင်းအတွက် ဆုလာဘ်ရသင့်မသင့်နှင့် ပတ်သက်၍ Bennet နှင့် ဟန်ရှောင်းတို့ စကားအခြေအတင် ငြင်းခုန်ကြတော့သည်။ သူသည် ဟန်ရှောင်း၏ အရှက်အကြောက်မရှိဘဲ ရှုတ်ချသည့်ပုံစံကို ရင်ဆိုင်ခဲ့ပြီး ခိုလှုံရေးစခန်း ၃ ၏ အသေးစိတ်အစီအစဉ်ကို ပြသခဲ့သည်။
“ခိုလှုံရေးစခန်း ၃ ရဲ့ တည်ဆောက်မှုကတော့ အခြေခံအားဖြင့် ပြီးသွားပါပြီ။ အဲဒါရဲ့ တည်နေရာက Graymetal Ruins ‘ဂရေးမက်တယ် အပျက်အစီးနယ်မြေ’မှာ ဖြစ်လိမ့်မည်။"
ဟန်ရှောင်းသည် ထိုနေရာသည် အတော်လေးရင်းနှီးသည်ဟု ထင်ပြီးနောက် ‘ဂရေးမက်တယ် အပျက်အစီးနယ်မြေ’သည် သူ၏လျှို့ဝှက်အခြေစိုက်စခန်းကို ထူထောင်ထားသည့်နေရာဖြစ်ကြောင်း သတိရလိုက်သည်။ ဒါဟာ အတော်လေး တိုက်ဆိုင်တာပဲ။
Bennett သည် ပုံစံကို အတိုချုံးရှင်းပြပြီး ဟန်ရှောင်း၏ မစ်ရှင်မှာ ထိုနေရာကို သွားနေရန်၊ ဆောက်လုပ်ရေးအဖွဲ့ကို စောင့်ကြည့်ရန်၊ အနီးနားတွင် ခြိမ်းခြောက်မှုတစ်စုံတစ်ရာ ပေါ်ပေါက်လာပါက ၎င်းကို သူကိုယ်တိုင် ဖြေရှင်းရန်ဖြစ်သည်။ လိုအပ်ချက် တစ်ခုတည်းသာ ရှိသည် - ခိုလှုံရေးစခန်း ဆောက်လုပ်မှု ပြီးမြောက်စေရန် ဖြစ်သည်။
ဟန်ရှောင်းသည် ငြီးငွေ့စရာကောင်းသော ရှင်းပြချက်ကြောင့် အိပ်ပျော်လုနီးပါး ဖြစ်သွားကာ ထိုအချိန်တွင် အင်တာဖေ့စ်တွင် အသိပေးချက်တစ်ခု ထွက်ပေါ်လာသည်။ ဟန်ရှောင်း ချက်ချင်း နိုးလာ၏။
_____________________
သင်သည် အဖွဲ့အစည်းအသစ် [အနက်ရောင်ကွန်ယက်အဖွဲ့အစည်း] ကို သော့ဖွင့်လိုက်ပါပြီ။ လက်အောက်ခံ [သွေးပဋိညာဉ်အဖွဲ့] ကို တွေ့ရှိခဲ့သည်။ ဆက်ဆံရေးအခြေအနေ - လေးစားမှု (၄၄၅၀/၆၀၀၀) - [လူသတ်သမားခေါင်းဆောင်စာရင်း၏ အဆင့် ၁]
[အနက်ရောင်ကွန်ယက်အဖွဲ့အစည်း] ကနဦးဆက်ဆံရေး - ရင်းနှီးခြင်း (၂၂၂၅/၃၀၀၀) – [ဒါရိုက်တာ]
_____________________
ဟန်ရှောင်းသည် Dark Net ၏အဆင့်မြင့်အရာရှိတစ်ဦးဖြစ်လာရခြင်း၏ တစ်စိတ်တစ်ပိုင်းမှာ Bennett ကြောင့်ဖြစ်သည်။ ကစားသမားတစ်ဦးသည် Dark Net တွင် မြင့်မားသောရာထူးကို ရယူလိုပါက၊ ဆက်ဆံရေးသည် အနည်းဆုံး သူကောင်းပြုခြင်း အဆင့် ရှိရန်လိုအပ်ပြီး၊ အဆင့်မြင့်အရာရှိတစ်ဦးဖြစ်လာရန်၊ ၎င်းသည် အနည်းဆုံး ' ရိုသေလေးစားခြင်း ' ဖြစ်ရပေမည်။ သို့သော်၊ ဟန်ရှောင်းအတွက် ကြိုတင်လိုအပ်ချက်မှာ ထိုမျှမတင်းကြပ်ပေ၊ NPC ဖြစ်ခြင်း၏ အကျိုးကျေးဇူးတစ်ခုဖြစ်သည်။ အင်တာဖေ့စ်ရှိ တင်းကျပ်သော လိုအပ်ချက်များဖြင့် ၎င်းကို ကန့်သတ်ထားခြင်းမရှိပေ။
_____________________
သင်သည် အဆင့်-A မစ်ရှင် [ခိုလှုံရေးစခန်း အစီအစဉ် - ခိုလှုံရေးစခန်း ၃] ကို အစပျိုးလိုက်ပြီ။
_____________________
မစ်ရှင်လိုအပ်ချက်တွေကို မြင်တော့ ဟန်ရှောင်းပြုံးလိုက်သည်။ သူမျှော်လင့်ထားသည့်အတိုင်း ဖြစ်၏။ ခိုလှုံရေးစခန်း ၃ ၏ တာဝန်ယူသူအနေဖြင့် သူ၏မစ်ရှင်မှာ ဆောက်လုပ်ရေးဖြစ်ပြီး မစ်ရှင်အမျိုးအစားမှာလည်း လိုအပ်ချက်များ ဆယ်ခုခန့် ခွဲခြားထားသော စီးရီးမစ်ရှင်တစ်ခုလည်းဖြစ်သည်။ ၎င်းတို့တစ်ခုစီသည် ဆောက်လုပ်ရေး ဒီဇိုင်းပုံစံ၏ အစိတ်အပိုင်းတစ်ခုဖြစ်သည်။ ဆောက်လုပ်ပြီးစီးခဲ့သော အစိတ်အပိုင်းတိုင်းအတွက် လိုအပ်ချက်တစ်ခုအား ဖြည့်ဆည်းပြီးသည်ဟု ထည့်သွင်းစဉ်းစားမည်ဖြစ်သည်။ ထိုအထဲတွင် ကာကွယ်ရေးအစီအမံများ၊ လူနေရပ်ကွက်များ၊ အခြေစိုက်စခန်းများ၊ အဆောက်အအုံများ၊ အပျက်အစီးများကို သန့်ရှင်းရေးလုပ်ခြင်း၊ စိုက်ခင်းများ၊ လယ်မြေများနှင့် အခြားအရာများစွာ ပါဝင်သည်။ ထိုအရာက မြို့ကို ပြုပြင်မွမ်းမံနေသလိုပင်။
မမျှော်လင့်ထားသော အခြေအနေတစ်ခု ပေါ်ပေါက်လာပါက ၎င်းကို ဖြေရှင်းရန် လုံး၀ တာဝန်ယူရမည်ဖြစ်ပြီး၊ အဆင့်သတ်မှတ်ချက်သည် အခြေအနေနှင့် ရလဒ်များပေါ်မူတည်၍ နိမ့်သည် သို့မဟုတ် မြင့်သည်ဟူ၍ ရှိနိုင်ကြောင်း မစ်ရှင်က အသိပေးထားသည်။
လိုအပ်ချက်များ ပိုများလေ၊ ပြီးမြောက်မှု အဆင့် မြင့်မားလေဖြစ်သည်။ အဆင့်သတ်မှတ်မှုအပေါ် အခြေခံ၍ ဆုများ ပေးအပ်မည်ဖြစ်သည်။
ကစားသမားများအတွက်၊ ၎င်းတို့သည် ဤပင်မဇာတ်ကြောင်းကို ပုံမှန်အတိုင်းလုပ်ဆောင်နိုင်သော်လည်း ၎င်းတို့၏ အခြေအနေမှာ ဟန်ရှောင်းနှင့် လုံးဝကွဲပြားသည်။ ကစားသမားများသည် အနိမ့်ဆုံးအဆင့် သို့မဟုတ် အလယ်တန်းအဆင့် ဝန်ထမ်းများထံမှ မတူညီသော မစ်ရှင်များကို ထမ်းဆောင်ရပြီး ဘေးဘက်မစ်ရှင်များမှ တည်ဆောက်မှုတွင် ပါဝင်ဆောင်ရွက်ရမည်။ အခြားတစ်ဖက်တွင်၊ ဟန်ရှောင်းသည် ဘေးထွက်မစ်ရှင်များနှင့် ပင်မဇာတ်ကြောင်းမစ်ရှင်များ အပါအဝင် အလုံးစုံမစ်ရှင်ကို ရရှိထားသည်။ ၎င်းသည် အစီအစဉ်၏ အဓိကအဖွဲ့ဝင်တစ်ဦးဖြစ်လာခြင်း၏ အကျိုးကျေးဇူးဖြစ်သည်။ သူလုပ်ဆောင်ရမည့်အရာအပေါ် အလွန်ရှင်းလင်းစွာ သိရှိထား၏။
ထို့ပြင် သူ့၏ဆုကြေးက ကစားသမားတွေထက် အများကြီး ကြီးမား၏။ ကစားသမားများ ပြီးမြောက်ခဲ့သော မစ်ရှင်အပိုင်းအစများကို တည်ဆောက်မှု၏ တစ်စိတ်တစ်ပိုင်းအဖြစ် အဆုံးတွင် သတ်မှတ်မည်ဖြစ်ပြီး၊ သူ၏ လိုအပ်ချက်များကို သွယ်ဝိုက်၍ဖြစ်စေ ဖြည့်ဆည်းပေးမည်ဖြစ်သည်။ အစောပိုင်းက ဖော်ပြခဲ့သည့်အတိုင်း တူညီသောမစ်ရှင်အတွက် လိုအပ်ချက်သည် ၎င်းကို လုပ်ဆောင်နေသူအပေါ်အခြေခံ၍ပင် ကွဲပြားနိုင်ပြီး၊ ဟန်ရှောင်းနှင့် Dark Net ၏ အထူးဆက်ဆံရေးဖြင့် အကျိုးကျေးဇူးများစွာရှိသော ဤမစ်ရှင်ကို ရရှိခဲ့သည်။
"ဒါပေမယ့်၊ ပြဿနာတချို့ရှိတယ်။" Bennett သည် သူ၏လည်ချောင်းကို ရှင်းထုတ်ပြီး "ရန်ပုံငွေ ကန့်သတ်ချက်တွေကြောင့်၊ အရင်းအမြစ်များကို ခိုလှုံရေးစခန်း ၁ နဲ့ ၂ မှာ စုစည်းထားတယ်။ ဒါကြောင့် ခိုလှုံရေးစခန်း ၃ ကို တည်ဆောက်ဖို့ မင်းနဲ့ လက်တွဲလုပ်ဆောင်မည့်သူ အများကြီးရှိမှာ မဟုတ်ဘူး။”
"ဘယ်လောက်ရှိလဲ?" ဟန်ရှောင်း ရုတ်တရက် စိတ်ထဲမကောင်းသလို ခံစားလိုက်ရသည်။ ခိုလှုံရေးစခန်း ၁တွင် အလုပ်သမား သောင်းနှင့်ချီရှိသောကြောင့် သူသည်လည်း အလားတူ လုပ်သားအင်အား လိုအပ်မည်ဖြစ်သည်။
"၁၀၀၀ လောက်..."
ဟန်ရှောင်းက "မင်းငါ့ကို နောက်နေတာလား" ဟူသော အမူအရာဖြင့် မျက်လုံးမှေး၍ ကြည့်လိုက်သည်။
"အဓိကကတော့ ရန်ပုံငွေစီးဆင်းမှုဟာ သူ့ရဲ့ဦးတည်ရာကို မရောက်နိုင်လို့ပါပဲ" Bennett က အားတောင့်အားနာနှင့် ပြောသည်။ “ဒါက ပထမလမှာပါပဲ။ နောက်ပိုင်းမှာ မင်းကိုကူညီဖို့ နောက်ထပ်လူတွေကို ငါတို့ ငှားမယ်။"
ဟန်ရှောင်းသည် သူ့ရင်ခွင်ပေါ်တွင် အိပ်နေသော ဝက်ဝံလေးကို ယူပြီး Bennett ဆီသို့ ပစ်ချလိုက်သည်။ ဝက်ဝံလေးသည် ဆိုဖာပေါ် ဇောက်ထိုးလှဲကျသွားပြီး နောက်ဆုံးတွင် မျက်လုံးများကို ဖြည်းညှင်းစွာဖွင့်လိုက်သည်။
“သူ့ကိုရိုက်။” ဟန်ရှောင်းက Bennett ကို ညွှန်ပြသည်။
ဝက်ဝံလေးသည် စိတ်ရှုပ်ထွေးစွာဖြင့် မျက်တောင်ခတ်လိုက်ပြီး ဟန်ရှောင်း၏ လက်ချောင်းကို အချိန်အကြာကြီး စိုက်ကြည့်ပြီးနောက် နားလည်သွားသည်။ ထို့နောက် ပြန်လှည့်ကာ Bennett ၏ ဘယ်ဘက်ပါးကို ရိုက်လိုက်သည်။
Bennett ဟက်ဟက်ပက်ပက် ရယ်မောလိုက်သည်။ သူက ဝက်ဝံလေးရဲ့ အမွေးထူတဲ့ ဖင်ကိုပွတ်ကာ ဘေးကို တွန်းလိုက်ပြီး "ဒါက ခက်ခဲမှန်း သိပါတယ်၊ ဒါပေမယ့် မင်းက ငါ့ကို ကူညီနိုင်တဲ့ တစ်ဦးတည်းသောလူပဲ။ တခြားဘယ်သူမှ လုပ်နိုင်စွမ်းမရှိဘူး”
ဟန်ရှောင်းက ခဏလောက် စဉ်းစားကာ ခေါင်းညိတ်ပြပြီး "စိတ်မပူပါနဲ့၊ တစ်လအတွင်း အခြေခံပုံစံကို ကျွန်တော် တည်ဆောက်နိုင်မှာပါ။"
ခိုလှုံရေးစခန်း ၃ အတွက် Bennett ၏ လိုအပ်ချက်များသည် အလွန်နည်းပါးပါသည်။ ဆောက်လုပ်ရေးက တည်ငြိမ်ပြီး အပျက်အစီးတွေကို တစ်လအတွင်း သန့်ရှင်းရေး လုပ်ထားသရွေ့တော့ လုံလောက်သည်။ သူသည် ဟန်ရှောင်း၏ စကားကို ဟာသအဖြစ် မှတ်ယူကာ လုံးဝ အတည်မယူခဲ့ပေ။
"စကားမစပ်၊ ကျွန်တော့်မှာ နောက်ထပ်လိုအပ်ချက်တစ်ခုရှိတယ်" ဟန်ရှောင်းက ပြောသည်။
"အဲဒါဘာလဲ?" Bennett က ပြန်ပြောသည်။
ဟန်ရှောင်းက ရယ်ပြီး "ခိုလှုံရေးစခန်း ၃ ကို ကျွန်တော့်နာမည်ပေးရမယ်"
Bennett က အဲဒါကို လုပ်ထားပြီးသားဆိုတော့၊ ယန္တရားပညာရှင်ကြီး ဟန်ရှောင်းက ဒီလိုအခွင့်အရေးမျိုး ဘာလို့မရရမှာလဲ။ ခိုလှုံရေးစခန်းကို မိမိ၏ အမည်ပေးခြင်းဖြင့်၊ ၎င်းသည် ခိုင်မာသော ရေရှည်အကျိုးသက်ရောက်မှုကို သေချာပေါက် ဖန်တီးနိုင်မည်ဖြစ်သည်။