← Chapters

ကစားသမားများ၏ အတန်းအစားရာထူးတက်ခြင်း

Vol. 15 Ch. 217

ကစားသမားများ၏ အတန်းအစားရာထူးတက်ခြင်း

Vol. 15 Ch. 217

Black Phantom သည် ခိုလှုံရေးစခန်း ၃တွင် တာဝန်ယူရသည့်အချက်ကို ဒါရိုက်တာအများအပြားက မကျေနပ်ကြသော်လည်း ခိုလှုံရေးစခန်း ၃သည် လုပ်သားရှားပါးနေပြီး ဟန်ရှောင်းသည် အလွန်ခက်ခဲသောအလုပ်တစ်ခုကို လက်ခံရရှိကြောင်းကို ၎င်းတို့ကြားသိရသောအခါတွင် ၎င်းတို့၏ ခံစားချက်သည် များစွာပိုကောင်းလာသည်။

လူသစ်များအား ခက်ခဲသောအလုပ်များကို လုပ်ခွင့်ပေးခြင်းသည် မှန်ကန်သောနည်းလမ်းဖြစ်သင့်သည်။

သို့သော်လည်း Bennett သည် ဒါရိုက်တာများကို စုစည်းကာ ချိန်းဆိုထားသည်။

“Black Phantom က ကျွန်တော့်သူငယ်ချင်းပါ၊ သူ့မှာ အတွေ့အကြုံအများကြီး မရှိပါဘူး။ ဒီမှာရှိတဲ့လူတိုင်းဟာ ခိုလှုံရေးစခန်း ၁ဆောက်လုပ်ရာမှာ ပါဝင်ခဲ့ကြတာမို့ ဒါရိုက်တာတစ်ဦးကို Black Phantom ရဲ့ အတိုင်ပင်ခံနဲ့ လက်ထောက်အဖြစ် ခန့်အပ်လိုက်မယ်။”

ဒါရိုက်တာများ အနည်းငယ် ထိတ်လန့်သွားသည်။ ခန့်အပ်ခံရဖို့ မမျှော်လင့်ချင်ဘဲ အားလုံးက မသိမသာ အကြည့်ချင်း ဖလှယ်ကြသည်။

ခိုလှုံရေးစခန်း ၃သို့ သွားခြင်းသည် နယ်ခြားသို့ ပို့ဆောင်ခံရခြင်းကဲ့သို့ပင်။ တစ်လအတွင်း ပံ့ပိုးကူညီမှု တစ်စုံတစ်ရာ ရှိလာမည်မဟုတ်ပေ။ Black Phantom ၏ လက်ထောက်ဖြစ်ခြင်းအတွက် အမှန်ကို အကျိုးအများကြီး မရှိပေ။ တစ်စုံတစ်ဦး၏ လက်အောက်တွင် အလုပ်လုပ်ခြင်းမှာလည်း ဂုဏ်ယူစရာ အများကြီးလည်း မရှိချေ။ အားလုံးကို ခြုံပြောရရင် ဒါဟာ ဆိုးရွားတဲ့အလုပ်တစ်ခုဖြစ်ပြီး သူတို့ဟာ တခြားအခွင့်အရေးတွေကို စောင့်ဆိုင်းနေချင်ကြသည်။

Bennett ၏ ခိုလှုံရေးအစီအစဉ်၏ နောက်ကွယ်မှ ရည်ရွယ်ချက်သည် ကြီးမြတ်မှုနှင့် တရားမျှတမှုကို ဖော်ပြနေသော်လည်း သူ့လက်အောက်ရှိ ဒါရိုက်တာများသည် ထပ်တူမခံစားခဲ့ကြပေ။ ခိုလှုံရေးအစီအစဥ်တွင် သူတို့တွေ့မြင်ခဲ့ရသမျှတို့သည် ၎င်းမှရယူနိုင်သည့် အကျိုးကျေးဇူးများဖြစ်သည်။ သူတို့၏အမြင်တွင်၊ ဤသည်မှာ အာဏာအလှည့်အပြောင်း အသစ်ဖြစ်ပြီး၊ သူတို့သည် ခိုလှုံရေးစခန်းတစ်ခုတွင် တာဝန်ယူနိုင်လျှင် သူတို့၏စကားလုံးများသည် အနာဂတ်တွင် ပိုမိုသက်ရောက်မှု ရှိလာမည်ဖြစ်သည်။

Bennett သည် ဤအဆင့်မြင့်အရာရှိများ တွေးနေပုံကို သိသော်လည်း အကျိုးအမြတ်များသည် ဒါရိုက်တာများကို အလုပ်ပိုလုပ်ရန် လှုံ့ဆော်ပေးနိုင်သောကြောင့် ရှင်းပြချက်မပေးခဲ့ပါ။ Bennett သည် လူတိုင်းကို မြင့်မြတ်သည်ဟု မမျှော်လင့်ထားပေ။ ဒါက သူ့အစီအစဉ်ရဲ့ တစ်စိတ်တစ်ပိုင်း ဖြစ်သည်။

Bennett ၏ အာရုံစိုက်မှုကို လူများစွာက ဖမ်းစားနိုင်ခြင်းမရှိသော်လည်း ဟန်ရှောင်းသည် ၎င်းတို့ထဲမှ တစ်ဦးဖြစ်သည်။ ဒီလူက တကယ့်ကို သူငယ်ချင်းကောင်း ဖြစ်သည်။ သူဖြစ်ချင်တာက ကူညီဖို့ပင်၊ ဆုလာဘ်တွေအကြောင်း ပြောတုန်းကတောင် အများစုဟာ နောက်ပြောင်တဲ့ပုံစံနှင့် ပြောခဲ့၏ - သူ ဘယ်တုန်းကမှ အတင်းအကြပ် မပြောခဲ့ပေ။

Bennett သည် အမြတ်အစွန်းများကို စိတ်ထဲသိပ်မထားတတ်သူဖြစ်ပြီး ဟန်ရှောင်းသည်လည်း အလားတူ အရည်အသွေးရှိကြောင်း သတိပြုမိသည်။ ထို့ကြောင့် ဟန်ရှောင်းနှင့် ရင်းနှီးမှုကို ခံစားရသည်။

သူက ဟန်ရှောင်း၏ လက်ထောက်အဖြစ် အလွန်အရည်အချင်းရှိသူကို ခန့်အပ်ရန် ဆုံးဖြတ်ခဲ့သည်။

Bennett က ပတ်ပတ်လည်ကို ကြည့်ပြီး "ဟွမ်ယု၊ မင်း Black Phantom ကို ကူညီရမယ်"

ဟွမ်ယုဟုခေါ်သော ကောင်လေး၏ မျက်နှာသည် ချက်ချင်း ကျဆင်းသွားသည်။ သူက မကျေမနပ်နဲ့ ပြန်ဖြေပြီး တခြားဒါရိုက်တာတွေရဲ့ ကျေနပ်နေတဲ့မျက်နှာတွေကို မြင်လိုက်ရပြီး ပိုလို့တောင် မကျေမနပ်ဖြစ်သွားသည်။

Dark Net ၏ ဒါရိုက်တာများထဲတွင် ဟွမ်ယုသည် အလွန်စွမ်းရည်မြင့်မားသူ တစ်ဦးဖြစ်သည်။ ခက်ခက်ခဲခဲ ပြသနာအားလုံးကို ကိုင်တွယ်ဖြေရှင်းရာတွင် ထူးချွန်ပြီး ၎င်းတို့ကို အမြဲသပ်ရပ်စွာ စီစဉ်ပေးသောကြောင့် အရေးကြီးသောကိစ္စရပ်များကို မကြာခဏ အပ်နှင်းခံရသည်။ သို့သော် ယခုတစ်ကြိမ်တွင် သူ့ကို လက်ထောက်တစ်ဦးအဖြစ် Bennett က ခန့်အပ်ခဲ့သည်။ သူ မပျော်ရွှင်သလို လုပ်ချင်စိတ်လည်း မရှိပေ။ အဲဒါက သူ့ကို ကိစ္စတွေကို အလေးအနက်မထားသည့်ဘက်ကို ဦးတည်သွားစေလိမ့်မည်။ သူသည် Black Phantom ကို ပြတ်ပြတ်သားသား ရင်ဆိုင်ပြီး၊ တစ်လကို အလေးအနက်မထားဘဲ ကျော်ဖြတ်ရန် ဆုံးဖြတ်လိုက်သည်။ ဒါက အားလပ်ရက်အဖြစ် သူ့ဖာသာသူ ယူဆလိုက်၏။

…

ရှေးခေတ်စစ်ပွဲအတွင်း အခြားသူများ၏ စိတ်ထဲတွင် ခိုလှုံရေးအစီအစဉ်များ ပေါ်လာခဲ့ဖူးသည်။ ထိုအချိန်က နိုင်ငံပေါင်းစုံက စစ်ပွဲနှင့် အလုပ်ရှုပ်နေချိန်တွင် လူများစွာ အိုးအိမ်များ ဆုံးရှုံးကာ လမ်းများပေါ်တွင် သွားလာနေကြသည်။ ထို့ကြောင့် သီးသန့်အဖွဲ့တစ်ဖွဲ့သည် စစ်ဘေးဒုက္ခသည်များကို စရိတ်စကဖြင့် ကူညီပေးကာ ခိုလှုံရေးစခန်းများ ဆောက်လုပ်ပေးခဲ့သည်။ ၎င်းသည် ကနဦးတွင် အောင်မြင်ခဲ့ပြီး လူထောင်ပေါင်းများစွာကို ကာကွယ်ခဲ့သည်။

သို့သော်လည်း အရင်းအမြစ်များ ပြတ်လပ်မှုကြောင့် ဒုက္ခသည်များထံ ဖြန့်ဝေပေးသည့် အစားအစာမှာ အကန့်အသတ်များ ရှိလာသဖြင့် ၎င်းတို့ကြားတွင် မပျော်မရွှင် ဖြစ်လာခဲ့ရသည်။

လူသားများသည် အထူးသဖြင့် စစ်ပွဲများအတွင်းတွင် ရောင့်ရဲမှု မရှိနိုင်ဘဲ သူတစ်ပါးကို ပျက်စီးစေလိုသည့် စိတ်ကူးအနည်းငယ်ကပင် အကန့်အသတ်မရှိ ကျယ်ပြန့်လာနိုင်သည်။

ထိုဒုက္ခသည်များသည် သူတို့လိုအပ်နေတဲ့အချိန်တွေမှာ သူတို့ကို ကူညီပေးခဲ့တဲ့သူတွေကို မေ့လျော့ပြီး ပြန်လည်တိုက်ခိုက်ခဲ့ကြသည်။ နောက်ဆုံးတွင် ၎င်းတို့သည် ခိုလှုံရေးစခန်းကို သိမ်းပိုက်ကာ မူလပိုင်ရှင်များကို သတ်ဖြတ်ပစ်ခဲ့ကြသည်။

ဒီလိုဖရိုဖရဲ လောကကြီးမှာ ဒီလိုမျိုးတွေ မကြာခဏ ကြုံရ၏။ ခိုလှုံရေးစခန်းတွေက အလုပ်အလုပ်မဖြစ်ခြင်း မဟုတ်သော်လည်း ရှေးခေတ်က ခွင့်မပြုခဲ့ပေ။ တိုက်ဆိုင်စွာပင်၊ ရှေးခေတ်က ခိုလှုံရေးစခန်းကို ဖန်တီးခဲ့သူမှာ Bennett ၏ သူငယ်ချင်းဖြစ်သည်။ Bennett သည် ထိုအကြံကို မည်သည့်အခါကမျှ မစွန့်လွှတ်ခဲ့ဘဲ ယခုအချိန်သည် မှန်ကန်သည်ဟု သူခံစားရသည်။

ဟန်ရှောင်းသည် ဤဇာတ်ကြောင်းနှင့် ရင်းနှီးသည်။ Bennett ၏ ခိုလှုံရေးစခန်း အစီအစဉ် အောင်မြင်ကြောင်း သူသိပြီး ၎င်းသည် နှင်းဘောလုံးကဲ့သို့ ကြီးထွားလာသည်။ မြို့များရှိ လူများပင်လျှင် ခိုလှုံရေးစခန်းသို့ ပြောင်းရွှေ့လိုကြသည်။ နိူင်ငံတစ်ခုဖြစ်လာရန် လမ်းကြောင်းပေါ်ရောက်လုနီးပါး အောင်မြင်ခဲ့ပြီး နိုင်ငံ၆နိုင်ငံအတွင်း အချက်ပေးသံများ ဖြစ်ပေါ်စေသည်။ ဗားရှင်း ၂.၀ တွင် [ဗီဇပြောင်းလဲခြင်း ဘေးအန္တရာယ်] မဖြစ်ခဲ့ပါက၊ နိုင်ငံ၆နိုင်ငံသည် ခိုလှုံရေးစခန်းများကိုပင် ရန်လိုလာပေမည်။

ခိုလှုံရေးစခန်းများသည် ဗားရှင်း ၂.၀ တွင်သာ ၎င်းတို့ကို အပြည့်အဝအသုံးချခဲ့သည်။ ထိုအချိန်တွင် သူတို့သည် သူတို့၏ နာမည်နှင့်အညီ နေထိုင်လာသည်ဟု ယူဆကြသည်။

“ငါက အခု ခိုလှုံရေးစခန်း (၃) မှာ တာဝန်ယူနေတယ်။ ဒီတစ်ခါတော့ ပင်မဇာတ်ကြောင်းရဲ့ အစိတ်အပိုင်းကြီးတစ်ခုပဲ။ ငါ့အတွက် သတ်မှတ်ထားတဲ့ လူအင်အားက မလုံလောက်ပေမယ့် ငါ့မှာ ကစားသမားတွေ ရှိနေသေးတယ်။”

ဟန်ရှောင်းသည် [ခိုလှုံရေးစခန်း] မစ်ရှင်ကို မည်ကဲ့သို့လုပ်ဆောင်ရမည်ကို လွန်ခဲ့သည့် အချိန်အတော်ကြာကတည်းက စဉ်းစားထားပြီးဖြစ်သည်။

ရဟတ်ယာဉ်တစ်စင်း ခိုလှုံရေးစခန်း ၁တွင် ဆင်းသက်လာသည်။ ဓားရူးနှင့် Bun-hit-dog က ထွက်လာကာ စူးစမ်းချင်စိတ်ဖြင့် လှည့်ကြည့်လိုက်သည်။ သူတို့သည် ဟန်ရှောင်းကို မြင်လိုက်သည်နှင့် တပြိုင်နက် သူတို့၏ မျက်နှာများပေါ်တွင် အပြုံးများဖြင့် ပြေးလာကြသည်။

ဓါးရူးမှာ မေးစရာမေးခွန်းတွေ အများကြီးရှိပေမယ့် ဘေးမှာရပ်နေတဲ့ ဟောက်ထျန်းကို တွေ့လိုက်သောအခါ မေးခွန်းအားလုံးက သူ့စိတ်ထဲမှာ ပျောက်ရှသွား၏။

"နတ်ဘုရား - နတ်ဘုရားအဆင့် ကစားသမား ဟောက်ထျန်း" သူက အံ့သြစွာ အော်လိုက်သည်။

ဟောက်ထျန်းက သူ့ကို မှုန်ကုပ်ကုပ်လေးကြည့်ပြီး ဘာမှပြန်မပြောဘဲ အေးဆေးပင်။

"အား... ဒဏ္ဍာရီ!" Bun-hit-dog က မျက်လုံးပြူးပြီး "လျှို့ဝှက်ဇာတ်လမ်းကို အစပျိုးခဲ့တာလား" သူက မေးလိုက်သည်။

ဟောက်ထျန်းက ခေါင်းကို လှည့်ကာ ပြန်မဖြေပေ။

ဒဏ္ဍာရီက ဘယ်လိုတောင် အေးစက်စက်နိုင်တာလဲ။ Bun-hit-dog သည် စကားမပြောနိုင်တော့ပေ၊ ဓါးရူးကမှ ပိုကောင်းသေးသည်။

ထိုအချိန်တွင် ဝက်ဝံလေးက အသံထွက်လာသည်။

ဟောက်ထျန်းသည် ချက်ချင်း ရှေ့သို့ ပြေးသွားကာ ဝက်ဝံကလေးကို ကောက်ကိုင်လိုက်သည်။ မျက်နှာပေါ်မှ လေးနက်မှုဖြင့် သူ့နောက်ကျောမှ တစ်ရှူးများကို ထုတ်ယူလိုက်သည်။

ဟောက်ထျန်းအဘယ်ကြောင့် စကားမပြောချင်သည်ကို နှစ်ယောက်သား ရုတ်တရက် နားလည်သွားသည်။ သူတို့သည် နောက်သို့ ခြေလှမ်းအနည်းငယ် နောက်သို့ ဆုတ်သွားကြသည်။ အနံ့က တကယ်ဆိုး၏။

ဟောက်ထျန်း၏ လေးနက်သော အမူအရာနှင့် ကျွမ်းကျင်သော အပြုအမူကို မြင်လိုက်ရသောအခါ ဓါးရူးသည် သူ့အပေါ် လေးစားမှု ခံစားခဲ့ရသည်။ တကယ့် ဒဏ္ဍာရီ အစစ်ပင်၊ သူ့အမူအရာတောင် မပြောင်းဘူး။

ကစားသမားများကြား ပထမဆုံးတွေ့ဆုံမှုသည် ဟန်ရှောင်းအတွက် အလွန်အေးချမ်းခဲ့သည်။

သူက Bun-hit-dog ကို ကြည့်တယ်။ ဤ 'သတင်းထောက်' သည် သူလုပ်မည့်အရာအတွက် အသုံးတည့်မည်ဖြစ်သည်။

…

သုံးရက်အကြာ…

"ပထမအဆင့် အတန်းအစား ရာထူးတိုးတက်မှုအတွက် ကစားသမား [အဖြူရောင်မျက်နှာဖုံး] ကို ဂုဏ်ပြုပါသည်။"

ကစားသမားတိုင်းသည် ၎င်းတို့၏ အင်တာဖေ့စ်မှ အသိပေးချက်တစ်ခု ရရှိခဲ့သည်။ အဆင့်ခေါင်းဆောင်စာရင်းဘုတ်များတွင် အဆင် ၂၁ သို့ ရောက်ရှိသည့် ပထမဆုံးကစားသမားမှာ White Mask ‘အဖြူရောင်မျက်နှာဖုံး’ ဖြစ်ပြီး နိုင်ငံခြားကစားသမားဖြစ်သည်။ သူသည် ဖိုရမ်များတွင် သူ၏အတန်းအစားတိုးတက်မှုပြီးနောက် အပြောင်းအလဲများကို မျှဝေခဲ့သည်။

ရေပင်လယ်ဂြိုလ်ရှိ ကစားသမားများသည် [စွမ်းအင်လေ့ကျင့်ရေးနည်းစနစ်] အတန်းအစားတိုးတက်မှုနှင့်အတူ အလိုအလျောက် နိုးထလာမည်ဖြစ်ကြောင်း ရုတ်တရက် တွေ့ရှိခဲ့သည်။

အစပိုင်းမှာ လူတွေက သံသယတွေရှိခဲ့ပေမယ့် အတန်းအစားထဲရှိ ကစားသမားတွေ ပိုများလာတာနဲ့အမျှ လူတိုင်းက သူတို့၏ အတန်းအစားတိုးတက်လာပြီးနောက် ဒီစွမ်းရည်ကို နိုးကြားလာလိမ့်မယ်ဆိုတာ သက်သေပြခဲ့ကြသည်။

ရေပင်လယ်ဂြိုလ်ရှိ ကစားသမားများ အံ့အားသင့်သွားကြသည်။ သူတို့ အတွေ့အကြုံအမှတ်များ သုံးစွဲပြီး သင်ယူခဲ့ရတဲ့ စွမ်းရည်သည် တကယ်တော့ အတန်းအစားတိုးတက်ပြီးရင် အလိုအလျောက် နိုးကြားလာမယ့် စွမ်းရည်တစ်ခုဖြစ်နေသည်။

ဒါက မကောင်းတာလား။

ကစားသမား တော်တော်များများက ထိုသို့ မထင်ထားခဲ့ကြပေ။ မြင့်မားသောအဆင့် စွမ်းရည်ကို ကြိုတင်လေ့လာခြင်းသည် မကောင်းသည့်ပုံမပေါ်ဘဲ၊ ၎င်းသည် ကြီးထွားမှုစွမ်းရည်တစ်ခုဖြစ်ပြီး ၎င်းသည် အလွန်ကောင်းမွန်သော အကျိုးသက်ရောက်မှုတစ်ခု ရှိသည်။ အဆင့်နိမ့်စဉ်အတွင်း ၎င်းသည် တစ်ဦးတစ်ယောက်၏ ခွန်အားကို ကြီးမားစွာ တိုးမြင့်စေနိုင်သည်။ တည်နေရာအသစ်များကို ရှာဖွေနေသော ဤကစားသမားများအတွက် အလွန်အသုံးဝင်၏။

တကယ်ခံစားရတဲ့သူတွေကတော့ အဆင့် ၁၈ ဒါမှမဟုတ် ၁၉ မှာသာ သင်ယူခဲ့သည့် မြောက်ပိုင်းတိုက်ကြီးမှာရှိတဲ့ ကစားသမားများ ဖြစ်သည်။ သူတို့သည် အတန်းအစား တိုးတက်သည်နှင့် မကြာခင် နိုးထလာနိုင်မယ့် စွမ်းရည်အတွက် သူတို့ရဲ့ပိုက်ဆံတွေကို အလဟသဖြုန်းတီးခဲ့ကြ၏။ သူတို့စိတ်ထဲတွင် ဝမ်းနည်းခြင်းများနှင့် ပြည့်နှက်နေသည်။

အချိန်အတော်ကြာ စိတ်ဓာတ်ကျနေခဲ့သော တောင်ပိုင်းတိုက်ကြီးရှိ ကစားသမားများသည် ၎င်းတို့သည် ကံအဆိုးဆုံးမဟုတ်ကြောင်း ရုတ်တရက်သိလိုက်ကြပြီး ရုတ်တရက် ပို၍ပျော်ရွှင်လာကြသည်။

[စွမ်းအင်လေ့ကျင့်ရေးနည်းစနစ်] ၏ အမှန်တရားကို ထုတ်ဖော်ခဲ့သော်ငြား အဆင့်နိမ့်ကစားသမားများစွာသည် ဤစွမ်းရည်ကို ကြိုတင်ပြီး လေ့လာသင်ယူရကျိုးနပ်သည်ဟု ယူဆနေကြဆဲဖြစ်သည်။

ထို့ကြောင့် အန်ဒရီရာကစားသမားအများအပြားသည် ဟန်ရှောင်းရောက်ရှိလာခြင်းကို စောင့်မျှော်နေကြဆဲဖြစ်သော်လည်း ၎င်းတို့ရင်ဆိုင်ရမည့်အရာမှာ ထိတ်လန့်ခြင်းသာဖြစ်သည်။

Black Phantom က တောင်ပိုင်းတိုက်ကြီးကို ပြန်သွားပြီ။

သူ အန်ဒရီရာကို မသွားတော့ဘူး။

ဟန်ရှောင်းသည် အနောက်တိုက်နှင့် မြောက်ပိုင်းတိုက်တွင်ရှိစဉ် အန်ဒရီရာရှိ ကစားသမားများက ၎င်းတို့သည် နောက်ဆုံးလူများဖြစ်လာမည်ဟု မျှော်မှန်းခဲ့ကြသော်လည်း အမှန်တရားမှာ ရက်စက်လွန်းသည်။ ဟန်ရှောင်းသည် ထိုနေရာကို လုံးဝမသွားပေ။

သူတို့၏ မျှော်လင့်ချက်သည် စိတ်ပျက်စရာဖြစ်ခဲ့ရသည်။ အန်ဒရီရာရှိ ကစားသမားများမှာ ဝမ်းနည်းမှုတွေ ပြည့်နှက်နေ၏။

ဖိုရမ်များရှိ ရေပင်လယ်ဂြိုလ်ကဏ္ဍသည် အပူရှိန်တက်နေ၏။ အခြားဂြိုလ်များမှ နိုင်ငံခြားကစားသမားများပင် ဝင်ရောက်လာကြသည်။ သို့သော် အန်ဒရီရာရှိ ကစားသမားများသည် ဘာမှပြောစရာမရှိပေ။

ဂိမ်းကို တရားဝင် ဖြန့်ချီခြင်းသည် နှစ်လနီးပါးရှိပြီဖြစ်သည်။ အစောဆုံးကစားသမားများ၏ ပျမ်းမျှအဆင့်သည် ၂၀ နီးပါးဖြစ်သည်။ ကစားသမားသစ်များ ပိုများလာကာ ဂိမ်းတွင်ပါဝင်လာသည်နှင့်အမျှ ရေပင်လယ်ဂြိုလ်တွင် ကစားသမားအရေအတွက်သည် သိန်းနှင့်ချီရှိလာခဲ့ပြီး ကြီးထွားနေဆဲဖြစ်သည်။ အဆင့်မြင့်ကစားသမားများသည် ၎င်းတို့၏ဂြိုလ်များ၏ ဇာတ်ကြောင်းတွင် ဖြည်းညှင်းစွာ ဝင်ရောက်စွက်ဖက်လာကာ သမိုင်း၊ ပတ်ဝန်းကျင်ကို စူးစမ်းလေ့လာပြီး ပင်မဇာတ်ကြောင်းတွင် ပါဝင်လာကြသည်။

ရေပင်လယ်ဂြိုလ်အတွက်လည်း အလားတူပင်။ အထူးယူနစ်အဖြစ် နိုင်ငံ၆နိုင်ငံမှ ကစားသမားများကို ခေါ်ယူမှုသည် ပိုများလာသည်။ ကစားသမားများသည် NPCs ထံမှ ဂျာမီနယ်အဖွဲ့အစည်းကို ဆန့်ကျင်သည့် နိုင်ငံ၆နိုင်ငံ စစ်ဆင်ရေးခရီးသည် အချိန်မရွေး စတင်မည်ကို ကြားသိခဲ့ရသည်။

သို့သော်၊ စစ်ဆင်ရေးမစ်ရှင်အတွက် ကြိုတင်လိုအပ်ချက်များနှင့်ပြည့်မီရန် ၎င်းတို့၏ အဆင့်များသည် မမြင့်မားကြောင်းကို အင်တာဖေ့စ်မှ အသိပေးထားသည်၊ ဆိုလိုသည်မှာ ၎င်းတို့သည် စစ်ဆင်ရေးတွင်ပါဝင်ရန် စစ်တပ်နောက်သို့လိုက်သော်လည်း အများစုမှာ ဆုလာဘ်များရရှိမည် မဟုတ်ပေ။

အရေးအကြီးဆုံးမှာ လက်ရှိ ကစားသမားတွေရဲ့ အင်အားကို စစ်တပ်က အလွယ်တကူ သတ်ပစ်နိုင်၏။

ဤသည်မှာ ဟန်ရှောင်း၏ ပင်မဇာတ်ကြောင်းကို ရှေ့သို့ပို့ဆောင်ခြင်း၏ အကျိုးသက်ရောက်မှု ဖြစ်သည်။ ကစားသမားများသည် သူတို့ ပိုသန်မာလာပြီး စစ်ပွဲထဲ ချက်ချင်းဝင်ရမည့် အချိန်ကို ဆုံးရှုံးခဲ့ရသည်။

ထို့အပြင်၊ ရေပင်လယ်ဂြိုလ်၏အဖွဲ့အစည်းများသည် ကစားသမားများ ပြန်လည်ရှင်သန်နိုင်သည့် အကြိမ်အရေအတွက် ကန့်သတ်ချက်ရှိကြောင်း နောက်ဆုံးသတိပြုမိခဲ့ပြီး ၎င်းတို့ကို ပိုမိုသက်တောင့်သက်သာဖြစ်စေသည်။ အနည်းဆုံး ဂြိုဟ်သားတွေမှာ အပြစ်အနာအဆာတွေ ရှိတယ်လို့ သူတို့ ခံစားခဲ့ရ၏။ သူတို့သည် ယခင်ကဲ့သို့ မစိုးရိမ်ကြဘဲ ဂြိုဟ်သားများကို အထူးကြေးစားစစ်သားများအဖြစ် စတင်ယူဆလာကြသည်။

ထိုအချိန်တွင် Bun-hit-dog ၏ 'Galaxy စူးစမ်းလေ့လာရေးဂျာနယ်' အပိုင်းသစ် ထွက်ရှိလာတော့သည်။

All Chapters